Truyen3h.Co

CEO Kim

Part 10

KimFany059

#Unicode

"Chuu ဗိုက်ဆာနေတာ မဟုတ်လား Chuu အတွက် မနက်စာသွားဝယ်ပေးမယ်နော် "

Jisoo သူမကို ဖက်လိုက်တုံးက ဗိုက်ထဲမှ မြည်သံတွေကို Jennie ကြားသောကြောင့် မေးလိုက်ခြင်းဖြစ်သည်

"အင်း အလုပ်နောက်ကျနေလို့ မစားလာခဲ့ရဘူး "

Jisooဖြေတော့ Jennie ခေါင်းညိတ်ပြပြီး

"ဒါဆို Jen အခုဘဲ သွားဝယ်လိုက်မယ်နော် "

Jisoo ခေါင်းညိတ်ပြတော့ Jennieမှာ ရုံးခန်းထဲကနေ ထွက်လာခဲ့သည်

Jennie မုန့်သွားဝယ်တဲ့ တစ်လမ်းလုံး Jisooက သူမကို နမ်းတဲ့အကြောင်းတွေးပြီး ပါးစပ်ကနားရွက် တပ်ချိတ်မတတ် ပြုံးနေသည်

Jennie မုန့်ဝယ်ပြီး ပြန်လာတော့ Jisooက မုန့်စားရင်း တစ်ခုခုကို တွေးနေပုံရပြီး ငြိမ်နေသောကြောင့် Jennieမှာ Jisooဆီက ခွင့်ပြုချက် တောင်းလိုက်သည်

"CEO. ....Jenလည်း မနက်စာမစားရသေးလို့ မုန့်သွားဝယ်ချင်လို့ရလား "

"အင်း ရတယ် သွားလေ "

"ဟုတ် "

Jennie cafeကို ရောက်တော့ သူ စားချင်နေတဲ့ မုန့်တွေ ရွေးနေသည်

"သက်သာသွားပြီလား "

သူမအနောက်ကနေ ရုတ်တရက် ရောက်လာပြီး မေးတဲ့ တစ်ယောက်ကြောင့် Jennie လန့်သွားတယ်

"Humm Joohyunကနေ Jenဆို အမြဲ လန့်အောင်လုပ်တာဘဲ "

Jennie နှုတ်ခမ်းစူပြီး ရန်လုပ်တော့ Joohyunမှာ ရယ်ရင်း Jennieရဲ့ ပါးဖောင်းဖောင်းလေးကို လက်နဲ့ဆွဲညှစ်လိုက်သည်

"Jenကိုက တအားကြောက်တတ်နေတာ "

"အရသာရှိတဲ့ မုန့်တွေအများကြီးဘဲ.... Joohyunက ဘာရွေးမှာလည်း "

Jennie မုန့်တွေကြည့်ရင်း ဘာရွေးရမှန်းမသိလို့ Joohyunကို မေးလိုက်သည်

"အင်း ဒီကနေ ဝယ်နေကြ snack မုန့်ထုပ်လေးရှိတယ် "

"ဘာမုန့်လည်းပြောပြ Jen တကယ် ဗိုက်ဆာနေပြီ "

"Come on "

Joohyun မှာ Jennieရဲ့ လက်ကို ဆွဲပြီး ကောင်တာဘက် ခေါ်သွားလေသည်

ထို့နောက် သူစားနေကြ Snackနဲ့ အအေးမှာပြီး Jennieနဲ့အတူ လူရှင်းတဲ့ စားပွဲတွင် ထိုင်လိုက်ကြသည်

မုန့်စားပြီးနောက် Joohyunကို ကျေးဇူး တင်စကားပြောရင်း မုန့်တစ်ချို့ဝယ်ပြီး Companyကို ထွက်လာခဲ့သည်

Companyကို ရောက်တော့ တံခါးမခေါက်ဘဲ ရုံးခန်းထဲ ဝင်လိုက်သည်

သို့သော် မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Jennieမှာ ဒေါသအရမ်းထွက်သွားတယ်

Jaehaeက ငိုပြီး Jisooကို ဖက်ထားပြီး Jisooကတော့ မှင်သေနေတဲ့ မျက်နှာထားနဲ့ ရပ်နေသည်

Jennie စိတ်တိုပြီး Jaehaeကို Jisooဆီကနေ ဆောင့်ဆွဲလိုက်သည်

"သောက်ကောင်မ ဖယ်စမ်း "

Jisooမှာ ဒေါသအရမ်းထွက်နေတဲ့ Jennieကို ကြည့်ပြီး ဘာပြောရမှန်းမသိပေ

"ထပ်ပြီး နင်လား ငါတို့ရဲ့ momentတွေကို ဖျက်စီးပြန်ပြီ "

Jaehaeပြောပြီး Jisoo ကို ထိမယ်လုပ်တော့ Jaehaeရဲ့ လက်ကို Jennie တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်

"နင့်ကို ငါ ပြောပြီးပြီနော် Jaehae "

"တောက်... "

Jaehae အပြင်ပန်းမှာတော့ တောက်ခေါက်လိုက်ပေမယ့် Jennieရဲ့ အရမ်းဒေါသထွက်နေတဲ့ပုံစံကို ကြည့်ပြီး ကြောက်လို့ ရုံးခန်းထဲက ထွက်သွားလိုက်သည်

Jaehaeလည်း ထွက်သွားရော Jennie မှာ မျက်မှောင်ကြုတ်ပြီး Jisooကို ကြည့်လိုက်သည်

"ဘာလည်း "

Jennie အကြည့်ကြောင့် Jisoo နည်းနည်း လန့်သွားတယ်

"သူ ဖက်တာ ဘာလို့ ငြိမ်ခံနေတာလည်း ....သူနဲ့က ဘယ်လိုလည်း ဘာလား"

"ငါ သူ့ကို နင်နဲ့ ပတ်သက်ပြီး ပြောချင်လို့ ခေါ်လိုက်တာ နင့်ကို ဘာလို့ အဲ့လောက်ထိလုပ်ရတာလည်းဆိုပြီး..... သူ့ကို အလုပ်ထုတ်မယ်ပြောတော့ သူက ငါ့ကိုဖက်ပြီး ထပ်မလုပ်တော့ပါဘူးလို့ တောင်းပန်တာ "

"ထပ်ပြီး တစ်ခြားမိန်းကလေးတွေနဲ့ အီစီကလီလုပ်ဖို့ မကြိုးစားနဲ့ Kim Jisoo. ...နင့်ကို ငါရိုက်ချိူးပစ်မှာ "

Jennieရဲ့ စကားကြောင့် Jisoo တဟားဟားနဲ့ရယ်လိုက်သည်

"နင်က ငါ့ကို ခြိမ်းခြောက်နေတာလား ငါကြောက်မယ်ထင်နေတယ်ပေါ့ Jennie "

Jisoo ရဲ့ စကားကြောင့် Jennie နှုတ်ခမ်းစူလိုက်သည်

Jisooမှာ စိတ်ဆိုးနေတဲ့ Jennieရဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်ချင်တဲ့ စိတ်ကို ထိန်းထားရသည်

"တကယ်ပြောနေတာ သူနဲ့ အီစီကလီ မလုပ်ပါနဲ့.... Jen သီးမခံနိုင်လို့ "

"စိတ်မပူပါနဲ့ ငါ သူ့ကို ကစားနေရုံပါ "

"Jen သန့်စင်ခန်း ခဏသွားအုံးမယ် "

Jennieလည်း ထွက်သွားရော Jisooမှာ မဲ့ပြုံးပြုံးလိုက်သည်

"ဘာလို့ Jennie Kimက လှည့်စားရတာ လွယ်နေတာလည်း ငါက သူ့ကို ပြန်ပြီး ချစ်နေပြီလို့ တွေးနေလောက်ပြီ...ငါ့ အသည်းကိုခွဲသွားတဲ့ မင်းကို ငါက ဘာလို့ ပြန်ချစ်ရမှာလည်း Jennie Kim ငပိန်းမရ "

"Miss Kim ဒီမှာပါ "

Jisooတို့ Mr. Leeနဲ့ ချိန်းထားတဲ့ စားသောက်ဆိုင်ကို ရောက်လာကြသည်

Mr. Leeမှာ Jisooကိုလည်း တွေ့ရော လက်ပြကာ ခေါ်လိုက်သည်

သို့သော် Jennieကိုလည်း တွေ့ရော မျက်နှာပျက်သွားတယ်

"Miss Kim တစ်ယောက်တည်း လာမယ်ထင်နေတာ "

"Aww မဟုတ်တာ ကျွန်မက ဘယ်သွားသွား ကျွန်မ အတွင်းရေးမှူးကို ခေါ်နေကြပါ "

"Aww ဒါပေမယ့် စိတ်မရှိပါနဲ့နော် ဒီက အတွင်းရေးမှူးက ဟိုဘက်သွားထိုင်ပေးပါလား ကျွန်တော် နှစ်ယောက်စာဘဲ မှာထားလို့ "

Mr. Leeရဲ့ စကားကြောင့် Jensooတို့ နှစ်ယောက်လုံး မျက်နှာပျက်သွားတယ်

သို့သော်လည်း လုပ်ငန်းစီးပွားဖက်ချင်းမို့ Jisoo ပြုံးပြီး

"Jennie ဟိုဘက် ဝိုင်းသွားထိုင်လိုက်နော် ဗိုက်ဆာရင် စားချင်တာ မှာစားလိုက် ငါရှင်းပေးမယ် "

Jennie လည်း ရွေးချယ်စရာမရှိတာနဲ့ တစ်ဖက်ဝိုင်းတွင် သွားထိုင်လိုက်သည်

Jisooနဲ့ Mr. Leeတို့ ရယ်မောနေတာကြည့်ပြီး Jennie မျက်မှောင်ကြုတ်လိုက်သည်

Jennie သဝန်တိုစိတ်ကို ထိန်းပြီး သူမဖုန်းကို ဆော့နေသည်

Mr. Leeနဲ့ Jisoo စကားပြောပြီး စားသောက်နေကြပေမယ့်် Jennieကတော့ ဘာမှမစားဘဲ အအေးသာမှာသောက်လိုက်သည်

ထိုစဥ် Joohyunဆီက Message ဝင်လာသည်

From Joohyun

ငါ့ manduလေး ဘယ်မှာလည်း...... companyမှာလည်း မတွေ့ဘူးရော် TT

Joohyunရဲ့ messageကြောင့် Jennie ပြုံးသွားသည်

To Joohyun

CEOနဲ့ ကိစ္စလေးရှိလို့ အပြင်သွားနေတာ

From Joohyun

Come back Jen. ..can you come back Jen

Joohyunရဲ့ Message ကြောင့် Jennie ရယ်လိုက်မိသည်

သို့သော် Jisooနဲ့ Mr. Leeကို ကြည့်မိတော့ Jennie ဒေါသထွက်လာသည်

ဘာလို့လည်းဆိုတော့ Mr. Leeက Jisooရဲ့ လက်ကို ကိုင်ထားသောကြောင့် ဖြစ်သည်

Jennie ဖုန်းကို လက်ထဲက ချပြီး Jisooတို့ပြောတဲ့ စကားတွေကို ချောင်းနားထောင်နေသည်

"Miss Kim အချိန်ရရင် ကျွန်တော့်အိမ် လိုက်လည်ပါလား "

Mr. Leeနဲ့ စကားကြောင့် Jennie ဒေါသထွက်ပြီး ထရပ်လိုက်ကာ Jisooတို့ စားပွဲကို သွားလိုက်သည်

"CEO. ...ခဏနေကြ Meeting တစ်ခုရှိသေးတယ်နော် ".

Jennieရဲ့ စကားကြောင့် Jisoo ကြောင်အမ်းအမ်းဖြစ်သွားတယ်

သို့သော် ဟန်မပျက်နေပြီး

"အော် အင်း ကောင်းပြီလေ Mr. Lee နေ့လည်စာအတွက် ကျေးဇူးတင်ပါတယ် ခွင့်ပြုပါအုံး ...."

Mr. Leeကို နှုတ်ဆက်ပြီး Jisooတို့ ထွက်လာကြသည်

"ဘာ meetingရှိတာလည်း နင် ငါ့ကို ကြိုလည်းမပြောဘူး "

ကားထဲတွင် Jennieကို မျက်မှောင်ကြုတ်ကာ Jisooမေးလိုက်သည်

"ဘာ meetingမှ မရှိဘူး အလုပ်ကိစ္စတွေ ပြီးသွားပြီကို အသားယူစကားပြောနေလို့ လာခေါ်တာ "

"ဘာလို့လည်း "

Jennie ဘာမှပြန်မဖြေသောကြောင့် Jisoo သက်ပြင်းချလိုက်သည်

Companyကို ရောက်တော့ Jennieမှာ အရင်ကားပေါ်ကဆင်းသွားပြီး Jisooနဲ့ ဓာတ်လှကားအတူ မစီးချင်သောကြောင့် EXIT လှေကားကနေ အပေါ်တက်သွားသည်

Jisooမှာ Jennieနောက် ပြေးလိုက်ပြီး Jennieရဲ့ လက်ကိုဆောင့်ဆွဲလိုက်သည်

"Jennie. ..ဟင် နင် ဘာလို့ ငိုနေတာလည်း "

Jennie ရဲ့ ပါးပေါ်က မျက်ရည်တွေ မြင်ပြီး Jisoo လန့်သွားတယ်

"Jen. .."

"ငါ သဝန်တိုလို့ ငါ သောက်ရမ်း သဝန်တိုနေလို့ ....ငါ ဘာလို့ သောက်ရမ်းသဝန်တိုရတာလည်း သိလား နင့်လို ငရှုပ်မကို ချစ်မိလို့ သောက်ချီးဘဲ Jisoo "

Jennie အော်ပြီး ဆဲလိုက်တော့ Jisooမှာ Jennieရဲ့ မျက်နှာကို ကိုင်ပြီး Jennieရဲ့ နှုတ်ခမ်းကို ဖိနမ်းလိုက်သည်

#Tbc

#Zawgyi










"အင်း ရတယ် သွားလေ "

"ဟုတ် "


"သက်သာသွားပြီလား "









"Come on "








"သောက်ကောင်မ ဖယ်စမ်း "





"တောက်... "



"ဘာလည်း "




"ထပ်ပြီး တစ်ခြားမိန်းကလေးတွေနဲ့ အီစီကလီလုပ်ဖို့ မကြိုးစားနဲ့ Kim Jisoo. ...နင့်ကို ငါရိုက်ချိုးပစ်မှာ "










"Miss Kim ဒီမှာပါ "













Mr. Leeနဲ့ Jisoo စကားပြောပြီး စားသောက်နေကြပေမယ့် Jennieကတော့ ဘာမှမစားဘဲ အအေးသာမှာသောက်လိုက်သည်


From Joohyun



To Joohyun


From Joohyun
















"ဘာလို့လည်း "






"Jen. .."



#Tbc

Bạn đang đọc truyện trên: Truyen3h.Co