Truyen3h.Co

CEO Kim

Part 11

KimFany059

#unicode

နောက်တစ်နေ့ မနက်တွင် Jennie အလုပ်ကို ခုန်ပေါက်ပြီး လာလေသည်........

ရုံးခန်းထဲ သီချင်းဆိုပြီး သန့်ရှင်းရေးတွေလုပ်....အလုပ်တွေ လုပ်ရင်း Jisoo လာမယ့်အချိန်ကို စိတ်လှုပ်ရှားစွာ စောင့်နေသည်

သို့သော်လည်း အလုပ်ထဲ စိတ်နှစ်လို့မရပေ ဘာလို့ဆို မနေ့က သူမကို နမ်းလိုက်တဲ့ Jisoo နှုတ်ခမ်းလေးကို ခဏခဏမြင်ယောင်နေမိသည်

Jennieကို နမ်းပြီး Jisoo အရင် ရုံးခန်းဘက်ကို ထွက်သွားတယ်..... Jennie လည်း နောက်က လိုက်သွားပေမယ့် Jisooက စကားမပြောဘဲ တစ်ခုခုကို လေးလေးနက်နက်တွေးနေသလိုမျိုးမို့ Jennie ဘာမှမပြောဘဲ ငြိမ်နေရင်း အလုပ်ဆင်းသွားခဲ့သည်

နာရီကို ကြည့်လိုက်တော့ ကိုးနာရီထိုးတော့မယ် Jisoo အခုထိ အလုပ်ကို ရောက်မလာသေး.... အိပ်ရာထနောက်ကျနေတာလား ဒါမှမဟုတ် ကားလမ်းကြပ်နေလို့များလား ...နေမကောင်းလို့ အလုပ်မလာနိုင်တာများလားဆိုပြီး Jennie စိတ်ထဲ မေးခွန်းတွေ အများကြီး ဝင်လာသည်

ကိုးနာရီခွဲတော့ Jennie မနေနိုင်တော့ပေ Jisoo အလုပ်လာမလား မလာဘူးလား ဘာလို့လည်းသိချင်တာနဲ့ Jisoo ရဲ့ အမဝမ်းကွဲရဲ့ ရုံးခန်းကို သွားလိုက်သည်

Knock knock

"Come in ဝင်လာပါ "

Joohyun ခွင့်ပြုချက်ရပြီး Jennie အခန်းထဲ ဝင်သွားလိုက်သည် 

"Oh Jennieပါလား ဘာကိစ္စရှိလို့လည်း "

Joohyun ကြည့်ရတာ အလုပ်များနေပုံပေါ်ပေမယ့် Jennieကိုတော့ ပြုံးပြီး နှုတ်ဆက်ရှာသည်

"Umm မေးစရာရှိလို့ပါ "

"ဘာများလည်း "

Joohyun laptopတွင် စာတွေရိုက်ရင်း မေးလိုက်သည်

"ဟိုလေ CEO အခုထိ အလုပ်မလာသေးလို့ အဲ့တာ Joohyunများ သိမလားလို့ "

"ဒီနေ့ သူ နေမကောင်းလို့ အလုပ်မလာနိုင်ဘူးလို့ ပြောတယ် အဲ့တာကြောင့် အခု သူ့အလုပ်တွေ ငါလုပ်နေရတယ်လေ "

"အာ နှောင့်ယှက်သလိုဖြစ်သွားရင် တောင်းပန်ပါတယ် Joohyun ဒါဆို သွားတော့မယ်နော် "

Joohyunကို နှုတ်ဆက်ပြီး Jennie ထွက်လာခဲ့သည်

Jisooကို မတွေ့ရဘူးဆိုသောကြောင့် Jennie ဝမ်းနည်းပြီး သက်ပြင်းချလိုက်သည်

Jisoo နေမကောင်းဘူးဆိုတာ သိရလို့လည်း စိတ်ပူမိသည် ....Jisoo အိမ်ကိုသွားလည်း သွားချင်သလို Jisoo စိတ်ဆိုးမှာလည်း ကြောက်သည်.....

"Ash အလုပ်ပြီးရင် သွားမယ်ကွာ "

Jennie ဆုံးဖြတ်ချက်ချပြီး သူမ လုပ်စရာရှိတဲ့ အလုပ်တွေကို လုပ်လိုက်သည်

အလုပ်တွေပြီးလို့ နာရီကို ကြည့်တော့ နှစ်နာရီခွဲပြီ.... Joohyunဆီက နေ့တဝက် ခွင့်တောင်းပြီး Jisooဆီ သွားဖို့ Jennie တွေးလိုက်သည်

ထို့ကြောင့် Joohyun ရုံးခန်းသို့ ထွက်လာသည်

Knock knock

"ဝင်ခဲ့ပါ "

"Miss Kim. ..ဟိုလေ နေ့တစ်ဝက် ခွင့်ယူလို့ရလားဟင် "

Joohyunနဲ့ ဘယ်လောက် ရင်းနှီးပါစေ သူမက အထက်လူကြီးမို့ Jennie ရိုရိုသေသေတော့ ပြောရမယ်လေ

"ပုံမှန်အတိုင်းဘဲ ပြောပါ Jennieရ... "

Joohyun ရယ်ပြီး ပြောလိုက်သည်

"ဒါနဲ့ ဘာလို့ နေ့တစ်ဝက်ခွင့်ယူချင်တာလည်း မေးလို့ရလား "

"အာ ခေါင်းတစ်ခြမ်းက တော်တော်လေး ကိုက်နေလို့ အဲ့တာ..... အိမ်ပြန်ပြီး နားချင်တာလေ အလုပ်တွေကတော့ အကုန်ပြီးပြီရယ်.... Joohyun ခွင့်မပေးဘူးဆိုရင်လည်း ရ...."

"မဟုတ်တာ ရပါတယ် အိမ်ပြန်ပြီး အေးဆေးနားလေနော့်.... ဒါနဲ့ လိုက်ပို့ပေးရမလား "

"ရပါတယ် Joohyunကလည်း အလုပ်ရှုပ်နေတာကို အနှောင့်အယှက် မပေးချင်ပါဘူး Jen ဘာသာသွားလိုက်ပါမယ်..... ကျေးဇူးတင်တယ်နော် Joohyun "

Joohyunကို ကျေးဇူးတင်စကားပြောပြီး ရုံးခန်းထဲက ပြေးထွက်သွားတဲ့ Jennieကို ကြည့်ပြီး Joohyun သက်ပြင်းချမိသည်

Jisooရဲ့ အိမ်ရှေ့ကို ရောက်တော့ Jennie ကားရပ်လိုက်သည်

ခေါင်းကိုက်တယ်ဆိုပြီး Joohyun ကို လိမ်ပြောခဲ့ရလို့ Jennie အားနာနေသည် သို့သော်လည်း လိမ်ပြောမှ ဖြစ်မယ့် အခြေအနေမို့လို့ Jennie သက်ပြင်းသာချလိုက်သည်

Jennie ကားပေါ်က ဆင်းပြီး Jisooရဲ့ အိမ်တံခါး bellကို နှိပ်လိုက်သည်

"ဘယ်သူလည်း "

Braနဲ့ ဘောင်းဘီတိုလေး ဝတ်ထားပြီး တံခါးလာဖွင့်တဲ့ Jisooကြောင့် Jennie နှလုံးခုန်မြန်သွားတယ်

Jisoo မှာလည်း သူမအိမ်ရှေ့မှာ Jennieကို တွေ့ရလို့ အံ့သြနေသည်

"နင် ဒီကို ဘာလာလုပ်တာလည်း "

"ဟို ဟိုလေ Chuu နေမကောင်းဘူးဆိုလို့ လာကြည့်တာ "

Jisooရဲ့ ရင်ဘတ်ကို ကြည့်ရင်း တံတွေးမျိုချပြီး Jennie ပြောလိုက်သည်

"ငါ သက်သာတယ်...ဒါကြောင့် သွားတော့ "

Jisoo  တံခါးပိတ်ဖို့ လုပ်ပေမယ့် Jennieက တံခါးမပိတ်ခင် အမြန်လှမ်းဆွဲပြီး အိမ်ထဲသို့ ဝင်လိုက်သည်

"Yah ဘာလုပ်တာလည်း နင် ငါ့အိမ်ထဲ ကျူးကျော်ဝင်လာတာလား "

Jisoo စိတ်တိုတဲ့ လေသံနဲ့ ပြောပေမယ့် စိတ်ထဲမှာတော့ Jennieက သူမကို စိတ်ပူနေတယ်ဆိုတာ သိရလို့ နည်းနည်း ကျေနပ်မိသလို Jennieကို တွေ့ရလို့လည်း စိတ်အနှောင့်အယှက်ဖြစ်နေတယ်လေ ....Jennieကြောင့်ဘဲ ဒီနေ့ Jisoo companyကို မသွားဘဲနေခဲ့တာလေ

Jennieမှာ Jisooနဖူးပေါ် မပြောမဆိုနဲ့ လက်တင်ပြီး စမ်းလိုက်သည်

"နေမကောင်းဘူးဆိုပြီး ကိုယ်လည်း မပူဘူး "

Jennie မျက်ခုံးပင့်ပြီး မေးလိုက်သည်

"ငါ သက်သာသွားပြီလေ "

Jisoo ပြောပြီး ရေခဲသေတ္တာဘက် သွားပြီး ရေသောက်ဖို့ ရေပုလင်းယူလိုက်သည်

"ဒါဆို ဘာလို့ အလုပ်မလာတာလည်း "

Jennie ရေသောက်နေတဲ့ Jisooကို ကြည့်ပြီး နှုတ်ခမ်းစူကာ မေးလိုက်သည်

"ဘာလို့လည်းဆိုတော့ နင့်ကို မမြင်ချင်လို့ ..."

Jisooရဲ့ စကားကြောင့် Jennie ရင်ထဲ နာကျင်သွားသည်

" ဘာ ဘာလို့ Jenကို မမြင်ချင်ရတာလည်း..."

သူမ အခန်းဘက်သွားနေတဲ့ Jisooနောက်ကို လိုက်ပြီး Jennie မေးလိုက်သည်

"ဘာလို့လည်းဆို နင့်ရဲ့ တည်ရှိနေမှုကို စိတ်ပျက်လို့ နင့်အသံကိုမကြားချင်လို့ဘဲ Jennie Kim "

Jisooပြောပြီး ဖုန်းဖွင့်ကာ သူမ ကုတင်ပေါ်တွင် ထိုင်ရင်း ဂိမ်းဆော့နေသည်

"ဒါဆို ဘာလို့ Jenကို နမ်းတာလည်း "

Jisoo ရှောင်နေတဲ့ ဗုံးတစ်လုံးဟာ ရုတ်တရက် Jisooရှေ့ ဝုန်းခနဲ ပြုတ်ကျလာသည်

Jisooကတော့ ပြန်မဖြေဘဲ မကြားချင်ယောင်ဆောင်ပြီး ဂိမ်းဆက်ဆော့နေသည်

Jisoo ကိုယ်တိုင်လည်း သူမ ဘာလို့ Jennie ကို နမ်းခဲ့လည်းဆိုတဲ့ မေးခွန်းမဖြေနိုင်ပေ

တစ်ညလုံး တွေးနေပေမယ့် အဖြေပေါ်မလာသောကြောင့် Jennieကို ရှောင်ဖို့ Jisoo အလုပ်မသွားခြင်း ဖြစ်သည်

Jisooက ပြန်မဖြေဘဲ ဂိမ်းဘဲဆော့နေလို့ Jennie စိတ်တိုပြီး Jisoo လက်ထဲက ဖုန်းကို ဆွဲလုပြီး ကုတင်ပေါ် လွှင့်ပစ်လိုက်သည်

"ဘာလုပ်တာလည်း ဟမ်...နင် ဘာဖြစ်နေတာလည်း.... သောက်ပြဿနာ လာရှာမနေနဲ့.... "

Jisooမှာလည်း Jennie အပြုအမူကြောင့် စိတ်တိုပြီး ထရပ်ကာ Jennieကို နံရံဘက် ဆောင့်တွန်းလိုက်သည်

"ဘာ...သောက်ပြဿနာ ရှာတယ်ဟုတ်လား ဘယ်သူက အရင်ပြဿနာရှာတာလည်း နင်လေ နင်အရင် လာရှာတာ Jisoo "

Jisooကို လက်ညိုးထိုးပြီး Jennie အော်လိုက်သည်

"ငါက သောက်ပြဿနာ ရှာတယ် ဟုတ်လား နင်က အရင် ငါ့အိမ်ထဲ ကျူးကျော်ဝင်လာပြီး ငါက ပြဿနာရှာတယ် ဟုတ်လား "

Jisoo နံရံကို ဘုန်းခနဲ ပိတ်ထိုးပြီး မေးလိုက်သည်

"နင် ငါ့ကို နမ်းပြီး ရှောင်ပြေးနေတာလေ Jisoo. .....နင် တအားတစ်ကိုယ်ကောင်းဆန်တာဘဲ ငါမေးတာကို ဖြေစမ်းပါ နင် ဘာလို့ ငါ့ကို နမ်းရတာလည်း "

"နင်က ငါ့ကို အရှက်ရအောင် လုပ်လို့လေ "

"ဘာ....ငါ ဘာလုပ်လို့လည်း "

"နင် EXIT လှေကားပေါ် အော်ဟစ်နေတာ တစ်ခြားသူတွေကြားမှာဆိုးလို့ နင့်ပါးစပ်ကို ပိတ်ဖို့ တစ်နည်းဘဲ ရှိလို့ ငါနမ်းလိုက်တာ"

"ဘာ...."

"နင် ပြောတဲ့စကားတွေကို သူများကြားမှာဆိုးလို့ ငါ့ image ထိမှာဆိုးလို့ နမ်းရုံဘဲ တစ်ခြား ဘာခံစားချက်မှ မရှိဘူး Jennie "

Jisoo ခေါင်းခါရင်း မဲ့ပြုံးပြုံးပြီး Jennieကို ပြောလိုက်သည်

"ငါ ငါ နင့်ဆီက ဘာတွေ မျှော်လင့်နေမိတာပါလိမ့် "

Jennie မငိုမိအောင် ထိန်းရင်း Jisooကို ပြောလိုက်သည်

Jennie ငိုချင်လာလို့ Jisoo အခန်းထဲကနေ ပြေးထွက်လာပြီး ကားပေါ်ရောက်တော့ ငိုချပစ်လိုက်သည်

#Tbc

#zawgyi

ေနာက္တစ္ေန႕ မနက္တြင္ Jennie အလုပ္ကို ခုန္ေပါက္ၿပီး လာေလသည္........

႐ုံးခန္းထဲ သီခ်င္းဆိုၿပီး သန့္ရွင္းေရးေတြလုပ္....အလုပ္ေတြ လုပ္ရင္း Jisoo လာမယ့္အခ်ိန္ကို စိတ္လႈပ္ရွားစြာ ေစာင့္ေနသည္

သို႔ေသာ္လည္း အလုပ္ထဲ စိတ္ႏွစ္လို႔မရေပ ဘာလို႔ဆို မေန႕က သူမကို နမ္းလိုက္တဲ့ Jisoo ႏႈတ္ခမ္းေလးကို ခဏခဏျမင္ေယာင္ေနမိသည္

Jennieကို နမ္းၿပီး Jisoo အရင္ ႐ုံးခန္းဘက္ကို ထြက္သြားတယ္..... Jennie လည္း ေနာက္က လိုက္သြားေပမယ့္ Jisooက စကားမေျပာဘဲ တစ္ခုခုကို ေလးေလးနက္နက္ေတြးေနသလိုမ်ိဳးမို႔ Jennie ဘာမွမေျပာဘဲ ၿငိမ္ေနရင္း အလုပ္ဆင္းသြားခဲ့သည္

နာရီကို ၾကည့္လိုက္ေတာ့ ကိုးနာရီထိုးေတာ့မယ္ Jisoo အခုထိ အလုပ္ကို ေရာက္မလာေသး.... အိပ္ရာထေနာက္က်ေနတာလား ဒါမွမဟုတ္ ကားလမ္းၾကပ္ေနလို႔မ်ားလား ...ေနမေကာင္းလို႔ အလုပ္မလာနိုင္တာမ်ားလားဆိုၿပီး Jennie စိတ္ထဲ ေမးခြန္းေတြ အမ်ားႀကီး ဝင္လာသည္

ကိုးနာရီခြဲေတာ့ Jennie မေနနိုင္ေတာ့ေပ Jisoo အလုပ္လာမလား မလာဘူးလား ဘာလို႔လည္းသိခ်င္တာနဲ႕ Jisoo ရဲ႕ အမဝမ္းကြဲရဲ႕ ႐ုံးခန္းကို သြားလိုက္သည္

Knock knock

"Come in ဝင္လာပါ "

Joohyun ခြင့္ျပဳခ်က္ရၿပီး Jennie အခန္းထဲ ဝင္သြားလိုက္သည္ 

"Oh Jennieပါလား ဘာကိစၥရွိလို႔လည္း "

Joohyun ၾကည့္ရတာ အလုပ္မ်ားေနပုံေပၚေပမယ့္ Jennieကိုေတာ့ ၿပဳံးၿပီး ႏႈတ္ဆက္ရွာသည္

"Umm ေမးစရာရွိလို႔ပါ "

"ဘာမ်ားလည္း "

Joohyun laptopတြင္ စာေတြရိုက္ရင္း ေမးလိုက္သည္

"ဟိုေလ CEO အခုထိ အလုပ္မလာေသးလို႔ အဲ့တာ Joohyunမ်ား သိမလားလို႔ "

"ဒီေန႕ သူ ေနမေကာင္းလို႔ အလုပ္မလာနိုင္ဘူးလို႔ ေျပာတယ္ အဲ့တာေၾကာင့္ အခု သူ႕အလုပ္ေတြ ငါလုပ္ေနရတယ္ေလ "

"အာ ႏွောင့္ယွက္သလိုျဖစ္သြားရင္ ေတာင္းပန္ပါတယ္ Joohyun ဒါဆို သြားေတာ့မယ္ေနာ္ "

Joohyunကို ႏႈတ္ဆက္ၿပီး Jennie ထြက္လာခဲ့သည္

Jisooကို မေတြ႕ရဘူးဆိုေသာေၾကာင့္ Jennie ဝမ္းနည္းၿပီး သက္ျပင္းခ်လိဳက္သည္

Jisoo ေနမေကာင္းဘူးဆိုတာ သိရလို႔လည္း စိတ္ပူမိသည္ ....Jisoo အိမ္ကိုသြားလည္း သြားခ်င္သလို Jisoo စိတ္ဆိုးမွာလည္း ေၾကာက္သည္.....

"Ash အလုပ္ၿပီးရင္ သြားမယ္ကြာ "

Jennie ဆုံးျဖတ္ခ်က္ခ်ၿပီး သူမ လုပ္စရာရွိတဲ့ အလုပ္ေတြကို လုပ္လိုက္သည္

အလုပ္ေတြၿပီးလို႔ နာရီကို ၾကည့္ေတာ့ ႏွစ္နာရီခြဲၿပီ.... Joohyunဆီက ေန႕တဝက္ ခြင့္ေတာင္းၿပီး Jisooဆီ သြားဖို႔ Jennie ေတြးလိုက္သည္

ထို႔ေၾကာင့္ Joohyun ႐ုံးခန္းသို႔ ထြက္လာသည္

Knock knock

"ဝင္ခဲ့ပါ "

"Miss Kim. ..ဟိုေလ ေန႕တစ္ဝက္ ခြင့္ယူလို႔ရလားဟင္ "

Joohyunနဲ႕ ဘယ္ေလာက္ ရင္းႏွီးပါေစ သူမက အထက္လူႀကီးမို႔ Jennie ရိုရိုေသေသေတာ့ ေျပာရမယ္ေလ

"ပုံမွန္အတိုင္းဘဲ ေျပာပါ Jennieရ... "

Joohyun ရယ္ၿပီး ေျပာလိုက္သည္

"ဒါနဲ႕ ဘာလို႔ ေန႕တစ္ဝက္ခြင့္ယူခ်င္တာလည္း ေမးလို႔ရလား "

"အာ ေခါင္းတစ္ျခမ္းက ေတာ္ေတာ္ေလး ကိုက္ေနလို႔ အဲ့တာ..... အိမ္ျပန္ၿပီး နားခ်င္တာေလ အလုပ္ေတြကေတာ့ အကုန္ၿပီးၿပီရယ္.... Joohyun ခြင့္မေပးဘူးဆိုရင္လည္း ရ...."

"မဟုတ္တာ ရပါတယ္ အိမ္ျပန္ၿပီး ေအးေဆးနားေလေနာ့္.... ဒါနဲ႕ လိုက္ပို႔ေပးရမလား "

"ရပါတယ္ Joohyunကလည္း အလုပ္ရႈပ္ေနတာကို အႏွောင့္အယွက္ မေပးခ်င္ပါဘူး Jen ဘာသာသြားလိုက္ပါမယ္..... ေက်းဇူးတင္တယ္ေနာ္ Joohyun "

Joohyunကို ေက်းဇူးတင္စကားေျပာၿပီး ႐ုံးခန္းထဲက ေျပးထြက္သြားတဲ့ Jennieကို ၾကည့္ၿပီး Joohyun သက္ျပင္းခ်မိသည္

Jisooရဲ႕ အိမ္ေရွ႕ကို ေရာက္ေတာ့ Jennie ကားရပ္လိုက္သည္

ေခါင္းကိုက္တယ္ဆိုၿပီး Joohyun ကို လိမ္ေျပာခဲ့ရလို႔ Jennie အားနာေနသည္ သို႔ေသာ္လည္း လိမ္ေျပာမွ ျဖစ္မယ့္ အေျခအေနမို႔လို႔ Jennie သက္ျပင္းသာခ်လိဳက္သည္

Jennie ကားေပၚက ဆင္းၿပီး Jisooရဲ႕ အိမ္တံခါး bellကို ႏွိပ္လိုက္သည္

"ဘယ္သူလည္း "

Braနဲ႕ ေဘာင္းဘီတိုေလး ဝတ္ထားၿပီး တံခါးလာဖြင့္တဲ့ Jisooေၾကာင့္ Jennie ႏွလုံးခုန္ျမန္သြားတယ္

Jisoo မွာလည္း သူမအိမ္ေရွ႕မွာ Jennieကို ေတြ႕ရလို႔ အံ့ၾသေနသည္

"နင္ ဒီကို ဘာလာလုပ္တာလည္း "

"ဟို ဟိုေလ Chuu ေနမေကာင္းဘူးဆိုလို႔ လာၾကည့္တာ "

Jisooရဲ႕ ရင္ဘတ္ကို ၾကည့္ရင္း တံေတြးမ်ိဳခ်ၿပီး Jennie ေျပာလိုက္သည္

"ငါ သက္သာတယ္...ဒါေၾကာင့္ သြားေတာ့ "

Jisoo  တံခါးပိတ္ဖို႔ လုပ္ေပမယ့္ Jennieက တံခါးမပိတ္ခင္ အျမန္လွမ္းဆြဲၿပီး အိမ္ထဲသို႔ ဝင္လိုက္သည္

"Yah ဘာလုပ္တာလည္း နင္ ငါ့အိမ္ထဲ က်ဴးေက်ာ္ဝင္လာတာလား "

Jisoo စိတ္တိုတဲ့ ေလသံနဲ႕ ေျပာေပမယ့္ စိတ္ထဲမွာေတာ့ Jennieက သူမကို စိတ္ပူေနတယ္ဆိုတာ သိရလို႔ နည္းနည္း ေက်နပ္မိသလို Jennieကို ေတြ႕ရလို႔လည္း စိတ္အႏွောင့္အယွက္ျဖစ္ေနတယ္ေလ ....Jennieေၾကာင့္ဘဲ ဒီေန႕ Jisoo companyကို မသြားဘဲေနခဲ့တာေလ

Jennieမွာ Jisooနဖူးေပၚ မေျပာမဆိုနဲ႕ လက္တင္ၿပီး စမ္းလိုက္သည္

"ေနမေကာင္းဘူးဆိုၿပီး ကိုယ္လည္း မပူဘူး "

Jennie မ်က္ခုံးပင့္ၿပီး ေမးလိုက္သည္

"ငါ သက္သာသြားၿပီေလ "

Jisoo ေျပာၿပီး ေရခဲေသတၱာဘက္ သြားၿပီး ေရေသာက္ဖို႔ ေရပုလင္းယူလိုက္သည္

"ဒါဆို ဘာလို႔ အလုပ္မလာတာလည္း "

Jennie ေရေသာက္ေနတဲ့ Jisooကို ၾကည့္ၿပီး ႏႈတ္ခမ္းစူကာ ေမးလိုက္သည္

"ဘာလို႔လည္းဆိုေတာ့ နင့္ကို မျမင္ခ်င္လို႔ ..."

Jisooရဲ႕ စကားေၾကာင့္ Jennie ရင္ထဲ နာက်င္သြားသည္

" ဘာ ဘာလို႔ Jenကို မျမင္ခ်င္ရတာလည္း..."

သူမ အခန္းဘက္သြားေနတဲ့ Jisooေနာက္ကို လိုက္ၿပီး Jennie ေမးလိုက္သည္

"ဘာလို႔လည္းဆို နင့္ရဲ႕ တည္ရွိေနမႈကို စိတ္ပ်က္လို႔ နင့္အသံကိုမၾကားခ်င္လို႔ဘဲ Jennie Kim "

Jisooေျပာၿပီး ဖုန္းဖြင့္ကာ သူမ ကုတင္ေပၚတြင္ ထိုင္ရင္း ဂိမ္းေဆာ့ေနသည္

"ဒါဆို ဘာလို႔ Jenကို နမ္းတာလည္း "

Jisoo ေရွာင္ေနတဲ့ ဗုံးတစ္လုံးဟာ ႐ုတ္တရက္ Jisooေရွ႕ ဝုန္းခနဲ ျပဳတ္က်လာသည္

Jisooကေတာ့ ျပန္မေျဖဘဲ မၾကားခ်င္ေယာင္ေဆာင္ၿပီး ဂိမ္းဆက္ေဆာ့ေနသည္

Jisoo ကိုယ္တိုင္လည္း သူမ ဘာလို႔ Jennie ကို နမ္းခဲ့လည္းဆိုတဲ့ ေမးခြန္းမေျဖနိုင္ေပ

တစ္ညလုံး ေတြးေနေပမယ့္ အေျဖေပၚမလာေသာေၾကာင့္ Jennieကို ေရွာင္ဖို႔ Jisoo အလုပ္မသြားျခင္း ျဖစ္သည္

Jisooက ျပန္မေျဖဘဲ ဂိမ္းဘဲေဆာ့ေနလို႔ Jennie စိတ္တိုၿပီး Jisoo လက္ထဲက ဖုန္းကို ဆြဲလုၿပီး ကုတင္ေပၚ လႊင့္ပစ္လိုက္သည္

"ဘာလုပ္တာလည္း ဟမ္...နင္ ဘာျဖစ္ေနတာလည္း.... ေသာက္ျပႆနာ လာရွာမေနနဲ႕.... "

Jisooမွာလည္း Jennie အျပဳအမူေၾကာင့္ စိတ္တိုၿပီး ထရပ္ကာ Jennieကို နံရံဘက္ ေဆာင့္တြန္းလိုက္သည္

"ဘာ...ေသာက္ျပႆနာ ရွာတယ္ဟုတ္လား ဘယ္သူက အရင္ျပႆနာရွာတာလည္း နင္ေလ နင္အရင္ လာရွာတာ Jisoo "

Jisooကို လက္ညိုးထိုးၿပီး Jennie ေအာ္လိုက္သည္

"ငါက ေသာက္ျပႆနာ ရွာတယ္ ဟုတ္လား နင္က အရင္ ငါ့အိမ္ထဲ က်ဴးေက်ာ္ဝင္လာၿပီး ငါက ျပႆနာရွာတယ္ ဟုတ္လား "

Jisoo နံရံကို ဘုန္းခနဲ ပိတ္ထိုးၿပီး ေမးလိုက္သည္

"နင္ ငါ့ကို နမ္းၿပီး ေရွာင္ေျပးေနတာေလ Jisoo. .....နင္ တအားတစ္ကိုယ္ေကာင္းဆန္တာဘဲ ငါေမးတာကို ေျဖစမ္းပါ နင္ ဘာလို႔ ငါ့ကို နမ္းရတာလည္း "

"နင္က ငါ့ကို အရွက္ရေအာင္ လုပ္လို႔ေလ "

"ဘာ....ငါ ဘာလုပ္လို႔လည္း "

"နင္ EXIT ေလွကားေပၚ ေအာ္ဟစ္ေနတာ တစ္ျခားသူေတြၾကားမွာဆိုးလို႔ နင့္ပါးစပ္ကို ပိတ္ဖို႔ တစ္နည္းဘဲ ရွိလို႔ ငါနမ္းလိုက္တာ"

"ဘာ...."

"နင္ ေျပာတဲ့စကားေတြကို သူမ်ားၾကားမွာဆိုးလို႔ ငါ့ image ထိမွာဆိုးလို႔ နမ္း႐ုံဘဲ တစ္ျခား ဘာခံစားခ်က္မွ မရွိဘူး Jennie "

Jisoo ေခါင္းခါရင္း မဲ့ၿပဳံးၿပဳံးၿပီး Jennieကို ေျပာလိုက္သည္

"ငါ ငါ နင့္ဆီက ဘာေတြ ေမွ်ာ္လင့္ေနမိတာပါလိမ့္ "

Jennie မငိုမိေအာင္ ထိန္းရင္း Jisooကို ေျပာလိုက္သည္

Jennie ငိုခ်င္လာလို႔ Jisoo အခန္းထဲကေန ေျပးထြက္လာၿပီး ကားေပၚေရာက္ေတာ့ ငိုခ်ပစ္လိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co