Truyen3h.Co

CEO Kim

Part 9

KimFany059

#Unicode

Jennieမှာ ထုံးစံအတိုင်းပင် Jisoo ရဲ့ စားပွဲကို ရှင်းလင်းပြီး ကော်ဖီခွက်လေးတင်ပေးထားသည်

ဒီနေ့ သူမ ငါးမိနစ်လောက်နောက်ကျပေမယ့် ကံကောင်းသည်မှာ Jisooလည်း အလုပ်ကို ရောက်မလာသေးပါ

Jennie အလုပ်နောက်ကျနေလို့ မနက်စာတောင် မစားခဲ့ရသေးဘူးလေ

သို့သော်လည်း သူမ စားပွဲတွင် ထိုင်ပြီး အလုပ်တွေစလုပ်လေသည် မနေ့က သတိလစ်သွားပြီး နေ့တစ်ဝက်အနားယူလိုက်ရတော့ အလုပ်တွေက ပုံနေတယ်လေ

Jisooရဲ့ အတွင်းရေးမှူး လုပ်ရတာ လွယ်တော့မလွယ်ပေ သူ့ရဲ့ အချိန်ဇယားတွေ အကုန်ဆွဲထားမှတ်ထားရသည်...သူနဲ့ပတ်သက်တဲ့ ဖုန်းတွေလည်း ပြန်ဖြေရသည် ...Meetingနဲ့ ပတ်သက်တာတွေလည်း စီစဥ်ရသေးသည် ထိုသို့များစွာသော အလုပ်တွေကြောင့်လည်း မနေ့က Jennie သတိမေ့သွားရခြင်း ဖြစ်သည်

တစ်ဖက်က Jisooမှာလည်း တစ်စုံတစ်ယောက်ကြောင့် ညက အိပ်မပျော်လို့ မနက်ကျ အိပ်ရာထ နောက်ကျပြီး အလုပ်နောက်ကျလေသည်

Jisoo သူ အလုပ်နောက်မကျတဲ့ပုံနဲ့ companyထဲ ခပ်တည်တည်နဲ့ ဝင်လာသည်

ဝန်ထမ်းတွေက သူ့ကိုနှုတ်ဆက်တဲ့အခါ ပြန်မကြည့်ဘဲ ခေါင်းသာငြိမ့်ပြသည်

ထို့နောက် သူမရဲ့ သီးသန့်ဓာတ်လှေကားကို စီးရင်း ရုံးခန်းကို သွားသည်

လက်မှာ ပတ်ထားတဲ့ rolex နာရီကို ကြည့်တော့ မိနစ်နှစ်ဆယ်တောင် နောက်ကျနေမှန်း သိလိုက်ရသည်

"Shit. ..."

ဓာတ်လှေကား တံခါးလည်း ပွင့်ရော Jisoo ရုံးခန်းဘက်ကို တစ်စုံတစ်ယောက်နဲ့ တွေ့ရဖို့ ခပ်သွက်သွက် လျှောက်လာသည်

ရုံးခန်းတံခါး ဖွင့်မယ့်အချိန် ဘာလို့ သူမ စိတ်လှုပ်ရှားနေမှန်း Jisoo မသိပေ

Jisooလည်း ရုံးခန်းထဲ ဝင်လာရော Jennieမှာ မတ်တပ်ထရပ်ပြီး နှုတ်ဆက်လိုက်သည်

"Good Morning.... "

သို့သော်လည်း Jisooနဲ့ အကြည့်ချင်း မဆုံချင်လို့ Jisoo သူ့စားပွဲခုံဘက် ရောက်တဲ့အထိ ခေါင်းကိုသာ ငုံ့ထားသည်

Jisooမှာ သူမနဲ့ အကြည့်ချင်း မဆုံဘဲ ခေါင်းငုံ့ထားတဲ့ Jennieကြောင့် မျက်မှောင်ကြုတ်သွားတယ်

သို့သော်လည်း ဘာမှမဖြစ်တဲ့ပုံနဲ့ သူမ စားပွဲခုံဘက် သွားလိုက်သည်

Jisoo ထိုင်ခုံတွင် ထိုင်ပြီး Jennieကို လှမ်းကြည့်တော့ Jennie မှာ ချက်ချင်း အကြည့်လွှဲသွားသည်

Jisooမှာ သူ့ရဲ့ အလုပ်ကိုတောင် အာရုံစိုက် မလုပ်နိုင် Jennieကိုသာ ခဏခဏလှမ်းကြည့်နေသည်

ပုံမှန်ဆို စကားများနေကြ Jennieက စာရိုက်ရင်းတောင် သူမကို လှမ်းပြီး စနောက်တတ်တဲ့ Jennieက ယခု ငြိမ်နေသောကြောင့် Jisoo အလိုမကျ ဖြစ်နေတယ်

Jisooမှာ Jennieကို ခဏခဏ လှမ်းကြည့်ပေမယ့် Jennieက တစ်ချက်လေးတောင် ပြန်မကြည့်သောကြောင့် Jisoo စိတ်ရှုပ်လာပြီး သူမရဲ့ အင်ကျီကြယ်သီးတစ်လုံးကို ဖြုတ်လိုက်သည်

Jennieကို စိုက်ကြည့်နေသောအခါမှ ပုံမှန် လက်တို ပခုံးပေါ်တာလေးတွေ ဝတ်တတ်တဲ့ ကောင်မလေးက ယခု လက်ရှည်ဝတ်ထားသည့် အပြင် ဆံပင်ကိုပါ ချထားသေးသည်

"Jennie "

"Nae CEO "

Jisooခေါ်သံကြောင့် Jennie မတ်တပ်ထရပ်လိုက်သည်

"ဒီနေ့အတွက် ငါ့ Schedule က ဘာလည်း "

Jennie မှာ clipboardကို ယူပြီး ဖတ်လိုက်သည်

"Board of Directorsတွေနဲ့ မနက်ဆယ်နာရီမှာ meetingရှိပါတယ် ပြီးတော့ Mr. Leeနဲ့ business meeting ရှိပါတယ် သူက CEOနဲ့တွေ့ဖို့ စားသောက်ဆိုင်တစ်ခုမှာ သီးသန့် booking လုပ်ထားပါတယ်တဲ့ "

Jennie စာဖတ်ရင်း မျက်မှောင်ကြုတ်သွားတယ်

Jennie ချက်ချင်း အမူအရာပြန်ထိန်းလိုက်ပေမယ့် jisooက သူမဆီလျှောက်လာနေတာကို တွေ့လိုက်သည်

"နင် ငါ့ကို ရှောင်နေတာလား "

Jisoo သူမရှေ့ လာရပ်ပြီး မေးတော့ Jennie မှာ သူမရဲ့ ယောင်ကိုင်းနေတဲ့ မျက်နှာကို မမြင်စေချင်လို့ ခေါင်းငုံ့ထားသည်

"မ မဟုတ်ပါဘူး "

Jisoo မှာ စိတ်မရှည်တော့တာနဲ့ Jennieရဲ့ မေးစေ့ကို ဆွဲကိုင်မော့လိုက်သည်

"C CEO ဘာလုပ်တာလည်း "

"ငြိမ်ငြိမ်နေ "

Jisoo ပြောပြီး ကျန်ရှိနေတဲ့ လက်တစ်ဖက်က Jennieရဲ့ မျက်နှာရှေ့မှာ ကျနေတဲ့ ဆံပင်တွေကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်သည်

Jisooမှာ Jennieရဲ့ ပါးဖောင်းဖောင်းလေးက ညိုမဲယောင်ကိုင်းနေတာ မြင်လိုက်ရတော့ မျက်လုံးပြူးသွားသည်

"နင့် မျက်နှာက ဘာဖြစ်တာလည်း "

Jennieရဲ့ မျက်နှာက ဒဏ်ရာကို  ဖွဖွလေးကိုင်ပြီး Jisoo မေးလိုက်သည်

အစင်းရာတွေပါ တွေ့သောကြောင့် Jisoo ပိုပြီး စိတ်တိုလာတယ်

Jennieမှာ Jisooရဲ့ လက်ကို ရိုက်ချလိုက်သည်

"CEOနဲ့ မဆိုင်ပါဘူး "

Jisooမှာ စိတ်တိုပြီး Jennie လက်မောင်းကို ဆောင့်ဆွဲလိုက်သည်

"Ahh "

Jisooမှာ သူမ ခပ်ပြင်းပြင်းနဲ့ ဆောင့်ဆွဲတာ မဟုတ်တာတောင် Jennieက ဘာလို့နာပြီး အော်လိုက်မှန်းမသိပေ

သံသယရှိလာတာနဲ့ Jennie လက်ရှည်ကို ချွတ်ခိုင်းတော့ လက်မောင်းကလည်း အစင်းရာတွေနဲ့ ယောင်ကိုင်းနေတာကို တွေ့ရသည်

"What the fuck ဘယ်သူလုပ်တာလည်း.... "

"ဘာမှမဟုတ်ပါဘူး "

"ငါ မေးနေတယ် ဖြေစမ်း Jennie ဘယ်သူလုပ်တာလည်း "

Jisoo အော်လိုက်ပေမယ့် Jennieမှာ မဖြေဘဲ တိတ်ဆိတ်နေသည်

Jisooကို Jaeheeလုပ်တာကို ပြောရင်ကောင်းမလား မပြောဘဲနေလိုက်ရမလားလို့ Jennie တွေဝေနေသည်

"Jennie Kim"

"Jenကို မယုံဘူးမလား ဘာလို့ လာဂရုစိုက်ပြနေတာလည်း'

မနေ့က လူကြားထဲ သူမကို အော်ခဲ့တဲ့အကြောင်း ပြန်မြင်ယောင်လာပြီး သူတောင်မသိလိုက်ဘဲ Jennie မျက်ရည်ကျလာသည်

နောက်ဆုံးတော့ Jisooတစ်ယောက် Jennieရဲ့ ဒဏ်ရာတွေက ဘယ်ကရလာလည်းဆိုတာ သိသွားပြီလေ

"မနေ့က Jaehee လုပ်တာလား "

Jennie ဘာမှမပြောဘဲ ငြိမ်နေတော့ Jisooမှာ Jennieရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးလေသည်

"နင် ပြောတာကို ငါယုံပါတယ် "

Jisoo ပြောပြီး Jennie ရဲ့ နဖူးကို နမ်းလိုက်ကာ ဆွဲဖက်လေသည်

Jennieမှာ Jisooဆီက အနမ်းခံရတဲ့အပြင် အဖက်ခံရသောကြောင့် အရမ်း အံ့သြသွားတယ်

တုံ့ဆိုင်းမနေဘဲ Jisooကို ချက်ချင်း Jennie ပြန်ဖက်လိုက်သည်

"နင်  လိမ်ညာပြောနေရင်တောင် နင်ပြောသမျှ အကုန် ငါမျက်စိမှိတ် ယုံပါတယ် Jennie Kim "

#TBC

#zawgyi

Jennieမွာ ထုံးစံအတိုင္းပင္ Jisoo ရဲ႕ စားပြဲကို ရွင္းလင္းၿပီး ေကာ္ဖီခြက္ေလးတင္ေပးထားသည္

ဒီေန႕ သူမ ငါးမိနစ္ေလာက္ေနာက္က်ေပမယ့္ ကံေကာင္းသည္မွာ Jisooလည္း အလုပ္ကို ေရာက္မလာေသးပါ

Jennie အလုပ္ေနာက္က်ေနလို႔ မနက္စာေတာင္ မစားခဲ့ရေသးဘူးေလ

သို႔ေသာ္လည္း သူမ စားပြဲတြင္ ထိုင္ၿပီး အလုပ္ေတြစလုပ္ေလသည္ မေန႕က သတိလစ္သြားၿပီး ေန႕တစ္ဝက္အနားယူလိုက္ရေတာ့ အလုပ္ေတြက ပုံေနတယ္ေလ

Jisooရဲ႕ အတြင္းေရးမႉး လုပ္ရတာ လြယ္ေတာ့မလြယ္ေပ သူ႕ရဲ႕ အခ်ိန္ဇယားေတြ အကုန္ဆြဲထားမွတ္ထားရသည္...သူနဲ႕ပတ္သက္တဲ့ ဖုန္းေတြလည္း ျပန္ေျဖရသည္ ...Meetingနဲ႕ ပတ္သက္တာေတြလည္း စီစဥ္ရေသးသည္ ထိုသို႔မ်ားစြာေသာ အလုပ္ေတြေၾကာင့္လည္း မေန႕က Jennie သတိေမ့သြားရျခင္း ျဖစ္သည္

တစ္ဖက္က Jisooမွာလည္း တစ္စုံတစ္ေယာက္ေၾကာင့္ ညက အိပ္မေပ်ာ္လို႔ မနက္က် အိပ္ရာထ ေနာက္က်ၿပီး အလုပ္ေနာက္က်ေလသည္

Jisoo သူ အလုပ္ေနာက္မက်တဲ့ပုံနဲ႕ companyထဲ ခပ္တည္တည္နဲ႕ ဝင္လာသည္

ဝန္ထမ္းေတြက သူ႕ကိုႏႈတ္ဆက္တဲ့အခါ ျပန္မၾကည့္ဘဲ ေခါင္းသာၿငိမ့္ျပသည္

ထို႔ေနာက္ သူမရဲ႕ သီးသန့္ဓာတ္ေလွကားကို စီးရင္း ႐ုံးခန္းကို သြားသည္

လက္မွာ ပတ္ထားတဲ့ rolex နာရီကို ၾကည့္ေတာ့ မိနစ္ႏွစ္ဆယ္ေတာင္ ေနာက္က်ေနမွန္း သိလိုက္ရသည္

"Shit. ..."

ဓာတ္ေလွကား တံခါးလည္း ပြင့္ေရာ Jisoo ႐ုံးခန္းဘက္ကို တစ္စုံတစ္ေယာက္နဲ႕ ေတြ႕ရဖို႔ ခပ္သြက္သြက္ ေလွ်ာက္လာသည္

႐ုံးခန္းတံခါး ဖြင့္မယ့္အခ်ိန္ ဘာလို႔ သူမ စိတ္လႈပ္ရွားေနမွန္း Jisoo မသိေပ

Jisooလည္း ႐ုံးခန္းထဲ ဝင္လာေရာ Jennieမွာ မတ္တပ္ထရပ္ၿပီး ႏႈတ္ဆက္လိုက္သည္

"Good Morning.... "

သို႔ေသာ္လည္း Jisooနဲ႕ အၾကည့္ခ်င္း မဆုံခ်င္လို႔ Jisoo သူ႕စားပြဲခုံဘက္ ေရာက္တဲ့အထိ ေခါင္းကိုသာ ငုံ႕ထားသည္

Jisooမွာ သူမနဲ႕ အၾကည့္ခ်င္း မဆုံဘဲ ေခါင္းငုံ႕ထားတဲ့ Jennieေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားတယ္

သို႔ေသာ္လည္း ဘာမွမျဖစ္တဲ့ပုံနဲ႕ သူမ စားပြဲခုံဘက္ သြားလိုက္သည္

Jisoo ထိုင္ခုံတြင္ ထိုင္ၿပီး Jennieကို လွမ္းၾကည့္ေတာ့ Jennie မွာ ခ်က္ခ်င္း အၾကည့္လႊဲသြားသည္

Jisooမွာ သူ႕ရဲ႕ အလုပ္ကိုေတာင္ အာ႐ုံစိုက္ မလုပ္နိုင္ Jennieကိုသာ ခဏခဏလွမ္းၾကည့္ေနသည္

ပုံမွန္ဆို စကားမ်ားေနၾက Jennieက စာရိုက္ရင္းေတာင္ သူမကို လွမ္းၿပီး စေနာက္တတ္တဲ့ Jennieက ယခု ၿငိမ္ေနေသာေၾကာင့္ Jisoo အလိုမက် ျဖစ္ေနတယ္

Jisooမွာ Jennieကို ခဏခဏ လွမ္းၾကည့္ေပမယ့္ Jennieက တစ္ခ်က္ေလးေတာင္ ျပန္မၾကည့္ေသာေၾကာင့္ Jisoo စိတ္ရႈပ္လာၿပီး သူမရဲ႕ အင္က်ီၾကယ္သီးတစ္လုံးကို ျဖဳတ္လိုက္သည္

Jennieကို စိုက္ၾကည့္ေနေသာအခါမွ ပုံမွန္ လက္တို ပခုံးေပၚတာေလးေတြ ဝတ္တတ္တဲ့ ေကာင္မေလးက ယခု လက္ရွည္ဝတ္ထားသည့္ အျပင္ ဆံပင္ကိုပါ ခ်ထားေသးသည္

"Jennie "

"Nae CEO "

Jisooေခၚသံေၾကာင့္ Jennie မတ္တပ္ထရပ္လိုက္သည္

"ဒီေန႕အတြက္ ငါ့ Schedule က ဘာလည္း "

Jennie မွာ clipboardကို ယူၿပီး ဖတ္လိုက္သည္

"Board of Directorsေတြနဲ႕ မနက္ဆယ္နာရီမွာ meetingရွိပါတယ္ ၿပီးေတာ့ Mr. Leeနဲ႕ business meeting ရွိပါတယ္ သူက CEOနဲ႕ေတြ႕ဖို႔ စားေသာက္ဆိုင္တစ္ခုမွာ သီးသန့္ booking လုပ္ထားပါတယ္တဲ့ "

Jennie စာဖတ္ရင္း မ်က္ေမွာင္ၾကဳတ္သြားတယ္

Jennie ခ်က္ခ်င္း အမူအရာျပန္ထိန္းလိုက္ေပမယ့္ jisooက သူမဆီေလွ်ာက္လာေနတာကို ေတြ႕လိုက္သည္

"နင္ ငါ့ကို ေရွာင္ေနတာလား "

Jisoo သူမေရွ႕ လာရပ္ၿပီး ေမးေတာ့ Jennie မွာ သူမရဲ႕ ေယာင္ကိုင္းေနတဲ့ မ်က္ႏွာကို မျမင္ေစခ်င္လို႔ ေခါင္းငုံ႕ထားသည္

"မ မဟုတ္ပါဘူး "

Jisoo မွာ စိတ္မရွည္ေတာ့တာနဲ႕ Jennieရဲ႕ ေမးေစ့ကို ဆြဲကိုင္ေမာ့လိုက္သည္

"C CEO ဘာလုပ္တာလည္း "

"ၿငိမ္ၿငိမ္ေန "

Jisoo ေျပာၿပီး က်န္ရွိေနတဲ့ လက္တစ္ဖက္က Jennieရဲ႕ မ်က္ႏွာေရွ႕မွာ က်ေနတဲ့ ဆံပင္ေတြကို နား႐ြက္ေနာက္သို႔ သပ္တင္ေပးလိုက္သည္

Jisooမွာ Jennieရဲ႕ ပါးေဖာင္းေဖာင္းေလးက ညိုမဲေယာင္ကိုင္းေနတာ ျမင္လိုက္ရေတာ့ မ်က္လုံးျပဴးသြားသည္

"နင့္ မ်က္ႏွာက ဘာျဖစ္တာလည္း "

Jennieရဲ႕ မ်က္ႏွာက ဒဏ္ရာကို  ဖြဖြေလးကိုင္ၿပီး Jisoo ေမးလိုက္သည္

အစင္းရာေတြပါ ေတြ႕ေသာေၾကာင့္ Jisoo ပိုၿပီး စိတ္တိုလာတယ္

Jennieမွာ Jisooရဲ႕ လက္ကို ရိုက္ခ်လိဳက္သည္

"CEOနဲ႕ မဆိုင္ပါဘူး "

Jisooမွာ စိတ္တိုၿပီး Jennie လက္ေမာင္းကို ေဆာင့္ဆြဲလိုက္သည္

"Ahh "

Jisooမွာ သူမ ခပ္ျပင္းျပင္းနဲ႕ ေဆာင့္ဆြဲတာ မဟုတ္တာေတာင္ Jennieက ဘာလို႔နာၿပီး ေအာ္လိုက္မွန္းမသိေပ

သံသယရွိလာတာနဲ႕ Jennie လက္ရွည္ကို ခြၽတ္ခိုင္းေတာ့ လက္ေမာင္းကလည္း အစင္းရာေတြနဲ႕ ေယာင္ကိုင္းေနတာကို ေတြ႕ရသည္

"What the fuck ဘယ္သူလုပ္တာလည္း.... "

"ဘာမွမဟုတ္ပါဘူး "

"ငါ ေမးေနတယ္ ေျဖစမ္း Jennie ဘယ္သူလုပ္တာလည္း "

Jisoo ေအာ္လိုက္ေပမယ့္ Jennieမွာ မေျဖဘဲ တိတ္ဆိတ္ေနသည္

Jisooကို Jaeheeလုပ္တာကို ေျပာရင္ေကာင္းမလား မေျပာဘဲေနလိုက္ရမလားလို႔ Jennie ေတြေဝေနသည္

"Jennie Kim"

"Jenကို မယုံဘူးမလား ဘာလို႔ လာဂ႐ုစိုက္ျပေနတာလည္း'

မေန႕က လူၾကားထဲ သူမကို ေအာ္ခဲ့တဲ့အေၾကာင္း ျပန္ျမင္ေယာင္လာၿပီး သူေတာင္မသိလိုက္ဘဲ Jennie မ်က္ရည္က်လာသည္

ေနာက္ဆုံးေတာ့ Jisooတစ္ေယာက္ Jennieရဲ႕ ဒဏ္ရာေတြက ဘယ္ကရလာလည္းဆိုတာ သိသြားၿပီေလ

"မေန႕က Jaehee လုပ္တာလား "

Jennie ဘာမွမေျပာဘဲ ၿငိမ္ေနေတာ့ Jisooမွာ Jennieရဲ႕ မ်က္ႏွာေပၚက မ်က္ရည္ေတြကို သုတ္ေပးေလသည္

"နင္ ေျပာတာကို ငါယုံပါတယ္ "

Jisoo ေျပာၿပီး Jennie ရဲ႕ နဖူးကို နမ္းလိုက္ကာ ဆြဲဖက္ေလသည္

Jennieမွာ Jisooဆီက အနမ္းခံရတဲ့အျပင္ အဖက္ခံရေသာေၾကာင့္ အရမ္း အံ့ၾသသြားတယ္

တုံ႕ဆိုင္းမေနဘဲ Jisooကို ခ်က္ခ်င္း Jennie ျပန္ဖက္လိုက္သည္

"နင္  လိမ္ညာေျပာေနရင္ေတာင္ နင္ေျပာသမွ် အကုန္ ငါမ်က္စိမွိတ္ ယုံပါတယ္ Jennie Kim "

#TBC

Bạn đang đọc truyện trên: Truyen3h.Co