Part 12
#UNICODE
မနေ့က ကိစ္စတွေ မတွေးမိအောင် အားတင်းထားပြီး Jennie အလုပ်ကို ရောက်လာခဲ့သည်
Jisooအတွက် ဝယ်လာတဲ့ ကော်ဖီခွက်လေးကို စားပွဲပေါ်တင်ပြီး သီချင်းလေး ညည်းကာ သန့်ရှင်းရေး လုပ်နေသည်
"နင့်အပေါ်ထားတဲ့ ငါ့အချစ်တွေက ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူး ...."
ထိုစဥ် Jisooက ရုတ်တရက် ရုံးခန်းထဲ ရောက်လာပြီး သူမကို ကြည့်နေသည်
"အာ နင့်ကို ရည်ညွှန်းဆိုတာ မဟုတ်ဘူးနော် "
"ငါက ဘာပြောနေလို့လည်း.... "
Jisoo မဲ့ပြုံးပြုံးပြီး သူမ စားပွဲခုံဘက် သွားထိုင်လိုက်သည်
"ကဲ ဒီနေ့ ငါ့ အချိန်ဇယား ပြော "
"နောက် နာရီဝက်ကျော် နေရင် Mr. Smith နဲ့ Meeting ရှိပါတယ် CEO "
Jennie ပြောတာ နားထောင်ပြီး Jisoo ခေါင်းညိတ်လိုက်သည်
Mr. Smith က သူမ companyရဲ့ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံသူ ဖြစ်သောကြောင့် Jisoo အဆင်သင့် ဖြစ်နေဖို့ လိုတယ်လေ
"Jennie လိုအပ်တာတွေ အဆင်သင့် ပြင်ထားပါ "
"Nae "
Jennieမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို စီစဥ်ပြင်ဆင်နေသည်
"တွေ့ရတာ ဝမ်းသာပါတယ် Mr. Smith "
Jisooမှာ Mr. Smithကို ဦးညွှတ်ပြီး နှုတ်ဆက်လေသည်
"တွေ့ရတာ ဝမ်းသာပါတယ် Mrs. Kim "
Jisooနဲ့ လက်ဆွဲပြီး Mr. Smith နှုတ်ဆက်လေသည်
Mr. Smithမှာ Jisoo နဲ့ လက်ဆွဲပြီး နှုတ်ဆက်ရင်း Jisoo ဘေးနားက စကတ်တိုတိုနဲ့ Jennie အပေါ် အကြည့်တွေ ရောက်လာသည်
"ဒါဆို Mr. Smith Meeting စကြတော့မလား "
Jisooမှာ meeting စလုပ်ဖို့အတွက် ယုံကြည်ချက်ရှိနေသည်
Mr. Smithမှာ Jennie ဘေးနားဝင်ထိုင်ပြီး Jennie ကို ပြုံးပြနေသောကြောင့် Jennieမှာ နေရခက်နေသည်
Jisooကတော့ Mr. Smithနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်
ထို့နောက် Jisooမှာ ထရပ်ပြီး သူမတို့ company လည်ပတ်ပုံနဲ့ ရှယ်ယာတွေအကြောင်း ရှင်းပြနေသည်
Jisooရဲ့ Serious ဖြစ်နေတဲ့ မျက်နှာအမူအရာက အရမ်း ဆွဲဆောင်မှု ရှိလွန်းသည်
Jennie မှာ Jisooကို ငေးကြည့်နေရင်း သူမ ပေါင်ပေါ်လက်တစ်ဖက် ရောက်လာသောကြောင့် လန့်သွားသည်
Jennie ငုံ့ကြည့်တော့ Mr. Smithရဲ့ လက်ဖြစ်နေပြီး Mr. Smithကတော့ သူမဟုတ်သလို Jisooကို ကြည့်နေသည်
Jennieမှာ ထရိုက်ချင်ပေမယ့် Jisooကြောင့် စိတ်လျော့ပြီး Mr. Smithရဲ့ လက်ကို ဖယ်လိုက်သည်
ခဏကြာတော့ Mr. Smith လက်က ပေါင်ပေါ်တင်မဟုတ် ပေါင်ကြားထဲပါ ရောက်လာသောကြောင့် Jennie သီးမခံနိုင်တော့ဘဲ ထရပ်ကာ Mr. Smith ကို ပါးရိုက်လိုက်သည်
"သေခါနီးနေပြီ ရိက္ခာယူချင်သေးတာလား "
Meeting Roomထဲက လူတွေရဲ့ အာရုံတွေဟာ Jennieအပေါ် ရောက်လာကြသည်
Jisoo ကလည်း မျက်မှောင်ကြုတ်ပြီး Jennieကို ကြည့်နေသည်
"Miss Kim.... မင်းရဲ့ အတွင်းရေးမှူးက ဘာဖြစ်တာလည်း ငါလည်း ဘာမှမလုပ်ဘဲ ငါ့ကို ထရိုက်တယ် "
Mr. Smith မှာ ဘာမှမသိတဲ့ပုံစံ ဟန်ဆောင်ပြီး Jisooကို ပြောလိုက်သည်
Jisooမှာ Jennieဆီ လျှောက်လာပြီး Jennieလက်ကို ဆောင့်ဆွဲလိုက်သည်
"ကျွန်မကို မိနစ်အနည်းငယ် ပေးပါ သူနဲ့စကားပြောစရာရှိလို့ "
Jisooမှာ Jennie လက်ကိုဆောင့်ဆွဲပြီး သူမ ရုံးခန်းထဲ ခေါ်သွားတယ်
"နင် ဘာလုပ်လိုက်တာလည်း bitch. ..ဒီ meetingအတွက် ငါ ဘယ်လောက် စိတ်နှစ်ပြီး ပြင်ဆင်ထားရလည်းဆိုတာ မသိဘူးလားဟမ်....."
Jennie လက်မောင်းနှစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဆွဲညှစ်ပြီး Jisoo အော်လိုက်သည်
"ငါ ငါ တောင်းပန်ပါတယ် "
"လုပ်ချင်တာ လုပ်ပြီးမှ ဘာလို့ လာတောင်းပန်နေတာလည်း နင်တကယ် သောက်ပြဿနာ အရမ်းရှာတာဘဲ Jennie Kim ....သိက္ခာရှိရှိ ခဏလေးတောင် မနေနိုင်ဘူးလား စရိုက်ဆန်ပြမှ ဖြစ်မှာလား "
Jisooရဲ့ စကားတွေကြောင့်Jennie ဝမ်းနည်းလာပြီး မျက်ရည်တွေကျလာသည်
"ငါ ငါတောင်းပန်ပါတယ် နောက် ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ် "
"မတည်တဲ့ ကတိတွေ ငါမလိုချင်ဘူး နင် ဘာလို့ အဲ့လိုလုပ်ရလည်းဆိုတာကို ဖြေ နင် ဘာလို့ Mr. Smithကို ရိုက်ရတာလည်း "
Jennieမှာ ဘာမှမပြောဘဲ ခေါင်းငုံ့ထားတယ်
"Jennie Kim ငါမေးတာကို ဖြေစမ်း "
"သူက ငါ့ကို လာထိလို့ ...ပထမတစ်ခါ ငါ့ပေါင်ကို လာကိုင်တုံးက နင့်ကြောင့် ငါ သီးခံပြီး ဖယ်ခဲ့တာ အဲ့တာကို သူက ထပ်ပြီး ငါ့ပေါင်ကြားထဲ လက်လာထည့်တယ်လေ ငါ ဆက်ပြီး သီးခံရမှာလား သူ ကိုင်တာကို ငြိမ်ခံနေရမှာလား "
Jennie ပြန်အော်လိုက်တဲ့ စကားကြောင့် Jisoo အံ့သြသွားတယ်
"ဘာ..."
"အဲ့တာကြောင့် ငါ ရိုက်မိတာပါ တောင်းပန်...."
Jennie စကားမဆုံးသေး Jisoo မှာ Jennieကို ထားခဲ့ပြီး ရုံးခန်းထဲက ထွက်သွားတယ်
Jennieရဲ့ စကားကိုကြားရတော့ Jisoo သူ့ဒေါသကို သူမထိန်းနိုင်...ဓာတ်လှေကားထဲ တောက်ခေါက်ရင်း အံကြိတ်ထားတယ်
ထိုစဥ် ရုတ်တရက် ဖုန်းမြည်လာသည်
"ဘာလည်း "
"C. ..CEO. ...reception ကပါ Mr. Smithက Partner shipကို cancel ပြီး ပြန်တော့မယ်လို့ ပြောနေလို့ပါ "
Jisoo အော်သံကြောင့် Reception က ကောင်မလေးမှာ လန့်သွားပြီး စကားတွေထစ်ကုန်သည်
"ငါ သူ့ကို ပေးစရာလက်ဆောင်လေးရှိလို့ ခဏစောင့်ပေးလို့ ပြောလိုက် ငါအခုလာနေပြီ "
ဓာတ်လှေကားလည်း ပွင့်ရော Jisoo ဓာတ်လှေကားထဲက ထွက်လာသည်
Reception က ကောင်မလေးနဲ့ စကားပြောပြီး ရယ်မောနေတဲ့ Mr. Smithကြောင့် Jisoo စိတ်ပိုပြီး တိုလာတယ်
"တောက် သူက Jennieကို လုပ်ချင်သလိုလုပ်ထားတာတောင် အားမနာဘဲ ရယ်မောနေနိုင်တယ် ငါနဲ့တွေ့ကြသေးတာပေါ့ "
Mr. Smithမှာ Jisooလည်း မြင်ရော ပြုံးပြီး
"Miss Kim "
ဖြန်း
ရုတ်တရက် Mr.Smith ကို ပါးရိုက်လိုက်တဲ့ Jisooကြောင့် Mr. Smith အပြင် companyက လူတွေမှာ အံ့သြပြီး လန့်သွားကြသည်
"ဒါ ဘာလုပ် "
ဖြန်း
Mr. Smith စကားမဆုံးသေး Jisooမှာ ထပ်ပြီး ပါးရိုက်ပြန်သည်
"ဘာလုပ်တာလည်း ဟုတ်လား ငါ့ အတွင်းရေးမှူးကို ထိချင်သလိုထိတဲ့ တဏှာရူးကောင်က ခွေးစကားပြောနေတာလား "
"မင်း မင်း...."
"ရှင့် companyနဲ့ ရှေ့လျှောက် စာချုပ်ချုပ်ဖို့ အစီအစဥ်မရှိတော့ဘူး.... လုံခြုံရေးတွေ အဲ့အမှိုက်ကို ဆွဲထုတ်သွားစမ်း ငါ့ရှေ့ ဆက်မြင်နေရရင် သတ်မိလိမ့်မယ် "
"CEO. .."
ဓာတ်လှေကားထဲက ပြေးထွက်လာတဲ့ Jennie အသံကြောင့် Jisoo လှည့်ကြည့်လိုက်သည်
"ထိခိုက်မိသွားသေးလားဟင် "
Jisoo ခေါင်းခါပြပြီး Jennieကို ကြည့်လိုက်သည်
"ငါ ဘာမှမဖြစ်ပါဘူး နောက်တစ်ခါ နင့်ကို မတော်တရော်လုပ်ဖို့ ကြိုးစားတာတွေ နာကျင်အောင်လုပ်တဲ့သူတွေရှိရင် ငါ့ကိုပြော......အားလုံးဘဲ..... ငါ့အတွင်းရေးမှူး Jennie Kim ကို စကားလုံးတွေနဲ့ နာကျင်အောင်လုပ်တာဖြစ်ဖြစ် ကိုယ်ထိလက်ရောက် စော်ကားတဲ့ သူတွေအားလုံး အလုပ် ထွက်ရမယ်လို့ သိထားပါ "
Jisoo ပြောပြီး Jennie လက်ကို တွဲကာ ရုံးခန်းကို ပြန်သွားသည်
#Tbc
#Zawgyi
မေန႕က ကိစၥေတြ မေတြးမိေအာင္ အားတင္းထားၿပီး Jennie အလုပ္ကို ေရာက္လာခဲ့သည္
Jisooအတြက္ ဝယ္လာတဲ့ ေကာ္ဖီခြက္ေလးကို စားပြဲေပၚတင္ၿပီး သီခ်င္းေလး ညည္းကာ သန့္ရွင္းေရး လုပ္ေနသည္
"နင့္အေပၚထားတဲ့ ငါ့အခ်စ္ေတြက ဘယ္ေတာ့မွ ရပ္တန့္မွာ မဟုတ္ဘူး ...."
ထိုစဥ္ Jisooက ႐ုတ္တရက္ ႐ုံးခန္းထဲ ေရာက္လာၿပီး သူမကို ၾကည့္ေနသည္
"အာ နင့္ကို ရည္ၫႊန္းဆိုတာ မဟုတ္ဘူးေနာ္ "
"ငါက ဘာေျပာေနလို႔လည္း.... "
Jisoo မဲ့ၿပဳံးၿပဳံးၿပီး သူမ စားပြဲခုံဘက္ သြားထိုင္လိုက္သည္
"ကဲ ဒီေန႕ ငါ့ အခ်ိန္ဇယား ေျပာ "
"ေနာက္ နာရီဝက္ေက်ာ္ ေနရင္ Mr. Smith နဲ႕ Meeting ရွိပါတယ္ CEO "
Jennie ေျပာတာ နားေထာင္ၿပီး Jisoo ေခါင္းညိတ္လိုက္သည္
Mr. Smith က သူမ companyရဲ႕ အေရးႀကီးတဲ့ ရင္းႏွီးျမႇုပ္ႏွံသူ ျဖစ္ေသာေၾကာင့္ Jisoo အဆင္သင့္ ျဖစ္ေနဖို႔ လိုတယ္ေလ
"Jennie လိုအပ္တာေတြ အဆင္သင့္ ျပင္ထားပါ "
"Nae "
Jennieမွာ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြကို စီစဥ္ျပင္ဆင္ေနသည္
"ေတြ႕ရတာ ဝမ္းသာပါတယ္ Mr. Smith "
Jisooမွာ Mr. Smithကို ဦးၫႊတ္ၿပီး ႏႈတ္ဆက္ေလသည္
"ေတြ႕ရတာ ဝမ္းသာပါတယ္ Mrs. Kim "
Jisooနဲ႕ လက္ဆြဲၿပီး Mr. Smith ႏႈတ္ဆက္ေလသည္
Mr. Smithမွာ Jisoo နဲ႕ လက္ဆြဲၿပီး ႏႈတ္ဆက္ရင္း Jisoo ေဘးနားက စကတ္တိုတိုနဲ႕ Jennie အေပၚ အၾကည့္ေတြ ေရာက္လာသည္
"ဒါဆို Mr. Smith Meeting စၾကေတာ့မလား "
Jisooမွာ meeting စလုပ္ဖို႔အတြက္ ယုံၾကည္ခ်က္ရွိေနသည္
Mr. Smithမွာ Jennie ေဘးနားဝင္ထိုင္ၿပီး Jennie ကို ၿပဳံးျပေနေသာေၾကာင့္ Jennieမွာ ေနရခက္ေနသည္
Jisooကေတာ့ Mr. Smithနဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္သည္
ထို႔ေနာက္ Jisooမွာ ထရပ္ၿပီး သူမတို႔ company လည္ပတ္ပုံနဲ႕ ရွယ္ယာေတြအေၾကာင္း ရွင္းျပေနသည္
Jisooရဲ႕ Serious ျဖစ္ေနတဲ့ မ်က္ႏွာအမူအရာက အရမ္း ဆြဲေဆာင္မႈ ရွိလြန္းသည္
Jennie မွာ Jisooကို ေငးၾကည့္ေနရင္း သူမ ေပါင္ေပၚလက္တစ္ဖက္ ေရာက္လာေသာေၾကာင့္ လန့္သြားသည္
Jennie ငုံ႕ၾကည့္ေတာ့ Mr. Smithရဲ႕ လက္ျဖစ္ေနၿပီး Mr. Smithကေတာ့ သူမဟုတ္သလို Jisooကို ၾကည့္ေနသည္
Jennieမွာ ထရိုက္ခ်င္ေပမယ့္ Jisooေၾကာင့္ စိတ္ေလ်ာ့ၿပီး Mr. Smithရဲ႕ လက္ကို ဖယ္လိုက္သည္
ခဏၾကာေတာ့ Mr. Smith လက္က ေပါင္ေပၚတင္မဟုတ္ ေပါင္ၾကားထဲပါ ေရာက္လာေသာေၾကာင့္ Jennie သီးမခံနိုင္ေတာ့ဘဲ ထရပ္ကာ Mr. Smith ကို ပါးရိုက္လိုက္သည္
"ေသခါနီးေနၿပီ ရိကၡာယူခ်င္ေသးတာလား "
Meeting Roomထဲက လူေတြရဲ႕ အာ႐ုံေတြဟာ Jennieအေပၚ ေရာက္လာၾကသည္
Jisoo ကလည္း မ်က္ေမွာင္ၾကဳတ္ၿပီး Jennieကို ၾကည့္ေနသည္
"Miss Kim.... မင္းရဲ႕ အတြင္းေရးမႉးက ဘာျဖစ္တာလည္း ငါလည္း ဘာမွမလုပ္ဘဲ ငါ့ကို ထရိုက္တယ္ "
Mr. Smith မွာ ဘာမွမသိတဲ့ပုံစံ ဟန္ေဆာင္ၿပီး Jisooကို ေျပာလိုက္သည္
Jisooမွာ Jennieဆီ ေလွ်ာက္လာၿပီး Jennieလက္ကို ေဆာင့္ဆြဲလိုက္သည္
"ကြၽန္မကို မိနစ္အနည္းငယ္ ေပးပါ သူနဲ႕စကားေျပာစရာရွိလို႔ "
Jisooမွာ Jennie လက္ကိုေဆာင့္ဆြဲၿပီး သူမ ႐ုံးခန္းထဲ ေခၚသြားတယ္
"နင္ ဘာလုပ္လိုက္တာလည္း bitch. ..ဒီ meetingအတြက္ ငါ ဘယ္ေလာက္ စိတ္ႏွစ္ၿပီး ျပင္ဆင္ထားရလည္းဆိုတာ မသိဘူးလားဟမ္....."
Jennie လက္ေမာင္းႏွစ္ဖက္ကို တင္းတင္းၾကပ္ၾကပ္ ဆြဲညွစ္ၿပီး Jisoo ေအာ္လိုက္သည္
"ငါ ငါ ေတာင္းပန္ပါတယ္ "
"လုပ္ခ်င္တာ လုပ္ၿပီးမွ ဘာလို႔ လာေတာင္းပန္ေနတာလည္း နင္တကယ္ ေသာက္ျပႆနာ အရမ္းရွာတာဘဲ Jennie Kim ....သိကၡာရွိရွိ ခဏေလးေတာင္ မေနနိုင္ဘူးလား စရိုက္ဆန္ျပမွ ျဖစ္မွာလား "
Jisooရဲ႕ စကားေတြေၾကာင့္Jennie ဝမ္းနည္းလာၿပီး မ်က္ရည္ေတြက်လာသည္
"ငါ ငါေတာင္းပန္ပါတယ္ ေနာက္ ထပ္မလုပ္ေတာ့ပါဘူးလို႔ ကတိေပးပါတယ္ "
"မတည္တဲ့ ကတိေတြ ငါမလိုခ်င္ဘူး နင္ ဘာလို႔ အဲ့လိုလုပ္ရလည္းဆိုတာကို ေျဖ နင္ ဘာလို႔ Mr. Smithကို ရိုက္ရတာလည္း "
Jennieမွာ ဘာမွမေျပာဘဲ ေခါင္းငုံ႕ထားတယ္
"Jennie Kim ငါေမးတာကို ေျဖစမ္း "
"သူက ငါ့ကို လာထိလို႔ ...ပထမတစ္ခါ ငါ့ေပါင္ကို လာကိုင္တုံးက နင့္ေၾကာင့္ ငါ သီးခံၿပီး ဖယ္ခဲ့တာ အဲ့တာကို သူက ထပ္ၿပီး ငါ့ေပါင္ၾကားထဲ လက္လာထည့္တယ္ေလ ငါ ဆက္ၿပီး သီးခံရမွာလား သူ ကိုင္တာကို ၿငိမ္ခံေနရမွာလား "
Jennie ျပန္ေအာ္လိုက္တဲ့ စကားေၾကာင့္ Jisoo အံ့ၾသသြားတယ္
"ဘာ..."
"အဲ့တာေၾကာင့္ ငါ ရိုက္မိတာပါ ေတာင္းပန္...."
Jennie စကားမဆုံးေသး Jisoo မွာ Jennieကို ထားခဲ့ၿပီး ႐ုံးခန္းထဲက ထြက္သြားတယ္
Jennieရဲ႕ စကားကိုၾကားရေတာ့ Jisoo သူ႕ေဒါသကို သူမထိန္းနိုင္...ဓာတ္ေလွကားထဲ ေတာက္ေခါက္ရင္း အံႀကိတ္ထားတယ္
ထိုစဥ္ ႐ုတ္တရက္ ဖုန္းျမည္လာသည္
"ဘာလည္း "
"C. ..CEO. ...reception ကပါ Mr. Smithက Partner shipကို cancel ၿပီး ျပန္ေတာ့မယ္လို႔ ေျပာေနလို႔ပါ "
Jisoo ေအာ္သံေၾကာင့္ Reception က ေကာင္မေလးမွာ လန့္သြားၿပီး စကားေတြထစ္ကုန္သည္
"ငါ သူ႕ကို ေပးစရာလက္ေဆာင္ေလးရွိလို႔ ခဏေစာင့္ေပးလို႔ ေျပာလိုက္ ငါအခုလာေနၿပီ "
ဓာတ္ေလွကားလည္း ပြင့္ေရာ Jisoo ဓာတ္ေလွကားထဲက ထြက္လာသည္
Reception က ေကာင္မေလးနဲ႕ စကားေျပာၿပီး ရယ္ေမာေနတဲ့ Mr. Smithေၾကာင့္ Jisoo စိတ္ပိုၿပီး တိုလာတယ္
"ေတာက္ သူက Jennieကို လုပ္ခ်င္သလိုလုပ္ထားတာေတာင္ အားမနာဘဲ ရယ္ေမာေနနိုင္တယ္ ငါနဲ႕ေတြ႕ၾကေသးတာေပါ့ "
Mr. Smithမွာ Jisooလည္း ျမင္ေရာ ၿပဳံးၿပီး
"Miss Kim "
ျဖန္း
႐ုတ္တရက္ Mr.Smith ကို ပါးရိုက္လိုက္တဲ့ Jisooေၾကာင့္ Mr. Smith အျပင္ companyက လူေတြမွာ အံ့ၾသၿပီး လန့္သြားၾကသည္
"ဒါ ဘာလုပ္ "
ျဖန္း
Mr. Smith စကားမဆုံးေသး Jisooမွာ ထပ္ၿပီး ပါးရိုက္ျပန္သည္
"ဘာလုပ္တာလည္း ဟုတ္လား ငါ့ အတြင္းေရးမႉးကို ထိခ်င္သလိုထိတဲ့ တဏွာ႐ူးေကာင္က ေခြးစကားေျပာေနတာလား "
"မင္း မင္း...."
"ရွင့္ companyနဲ႕ ေရွ႕ေလွ်ာက္ စာခ်ဳပ္ခ်ဳပ္ဖို႔ အစီအစဥ္မရွိေတာ့ဘူး.... လုံၿခဳံေရးေတြ အဲ့အမွိုက္ကို ဆြဲထုတ္သြားစမ္း ငါ့ေရွ႕ ဆက္ျမင္ေနရရင္ သတ္မိလိမ့္မယ္ "
"CEO. .."
ဓာတ္ေလွကားထဲက ေျပးထြက္လာတဲ့ Jennie အသံေၾကာင့္ Jisoo လွည့္ၾကည့္လိုက္သည္
"ထိခိုက္မိသြားေသးလားဟင္ "
Jisoo ေခါင္းခါျပၿပီး Jennieကို ၾကည့္လိုက္သည္
"ငါ ဘာမွမျဖစ္ပါဘူး ေနာက္တစ္ခါ နင့္ကို မေတာ္တေရာ္လုပ္ဖို႔ ႀကိဳးစားတာေတြ နာက်င္ေအာင္လုပ္တဲ့သူေတြရွိရင္ ငါ့ကိုေျပာ......အားလုံးဘဲ..... ငါ့အတြင္းေရးမႉး Jennie Kim ကို စကားလုံးေတြနဲ႕ နာက်င္ေအာင္လုပ္တာျဖစ္ျဖစ္ ကိုယ္ထိလက္ေရာက္ ေစာ္ကားတဲ့ သူေတြအားလုံး အလုပ္ ထြက္ရမယ္လို႔ သိထားပါ "
Jisoo ေျပာၿပီး Jennie လက္ကို တြဲကာ ႐ုံးခန္းကို ျပန္သြားသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co