Truyen3h.Co

CEO Kim

Part 13

KimFany059

#

"Chuuကဘဲ Jenကို နာကျင်အောင်လုပ်တာ ....."

ဓာတ်လှေကားထဲ ခေါင်းလေးငုံ့ပြီးပြောတဲ့ Jennie စကားကြောင့် Jisoo စိတ်မကောင်းဖြစ်သွားတယ်

"ငါ တောင်းပန်ပါတယ်...."

တကယ်ဆို Jisoo ပျော်နေသင့်တာလေ သူ့ကြောင့် Jennie က နာကျင်နေရတာကို သူ ပျော်နေရမှာလေ....ဒါပေမယ့် သူ့ခံစားချက်တွေက ဆန့်ကျင်ဘက်ဖြစ်နေတယ်

Jennieကို Jisoo ဖက်မလိုလုပ်နေချိန် ရုတ်တရက် ဓာတ်လှေကားတံခါးပွင့်သွားတယ်

ဒါကြောင့်မို့ Jennieရဲ့ လက်ကောက်ဝတ်ကို Jisoo ညင်ညင်သာသာကိုင်ပြီး ရုံးခန်းဘက် ခေါ်သွားသည်

"ခဏ ဒီရှေ့မှာဘဲ ရပ်နေ "

ရုံးခန်းတံခါးရှေ့မှာဘဲ ရပ်ခိုင်းတဲ့ Jisoo စကားကြောင့် Jennie ကြောင်သွားသည်

သို့သော်လည်း Jisoo စကားနားထောင်ပြီး တံခါးပေါက်ရှေ့ရပ်နေသည်

Jisooမှာ စားပွဲပေါ်က သူမ ပိုက်ဆံအိတ်ရယ် ကားသော့ရယ် ယူပြီး ရုံးခန်းထဲက ထွက်လာသည်

ထို့နောက် Jennie လက်ကို ပြန်တွဲပြီး Company အပြင်ဘက်ခေါ်သွားသည်

Jennieမှာ အလုပ်ချိန်လည်း မပြီးသေးဘဲ Jisooက အလုပ်ကထွက်လာလို့ မျက်မှောင်ကြုတ်ကာ စဥ်းစားနေသည်

"Chuu. ..ဘယ်သွားနေတာလည်း "

"ငါ့အိမ် "

Jisoo စကားကြောင့် Jennie လန့်သွားသည်

"လုပ်စရာအလုပ်တွေ ကျန်သေးတယ်လေ "

"စိတ်ပူမနေနဲ့ ကားပေါ်တက် "

Jennieမှာ ဒီနေ့ Jisooရဲ့ meetingကို ဖျက်စီးမိလို့ အားနာပြီး ဘာမှဆက်မပြောဘဲ ကားပေါ်တက်လိုက်သည်

Jisooက ဒီ meetingအတွက် တက်ကြွနေတာကို Jennieက ဖျက်စီးမိသလိုဖြစ်သွားလို့ စိတ်မကောင်းတော့ ဖြစ်မိသည်

Jennie သက်ပြင်းချပြီး ကားပြတင်းပေါက်ကို မှီလိုက်သည် .....မှီးရင်း တွေးရင်း အိပ်ပျော်သွားတဲ့ Jennieကို Jisoo ကားမောင်းရင်း တစ်ချက် ကြည့်လိုက်သည်

"Hey Jen ငါတို့ရောက်ပြီ..... "

Jisoo အသံကြောင့် Jennie နိုးလာပြီး မျက်လုံး ဖွင့်ဖွင့်ချင်း သူ့မျက်နှာနား Jisoo မျက်နှာကကပ်နေလို့ လန့်ပြီး ထလိုက်တဲ့အခါ Jisooနဖူးနဲ့ တိုက်မိသွားသည်

"အား နာလိုက်တာ "

Jisoo သူ့နဖူးကို ကိုင်ရင်း အော်လိုက်သည်

"နင်က ငါ့မျက်နှာနားကပ်နေတာကိုး ငါကလန့်သွားတာကို "

"အေးပါ အေးပါ "

Jisooပြောပြီး Jennieရဲ့ ပါးကိုဆွဲညှစ်လိုက်သည်

Jensooတို့ ကားပေါ်က ဆင်းပြီး Jisoo အိမ်ထဲ ဝင်လာကြသည်

Jisoo မှာ Jennieကို သူမအခန်းထဲ ခေါ်လာသည်

"ခဏထိုင်အုံးနော် ငါ ရေချိုးလိုက်အုံးမယ်"

Jisoo ပြောပြီး ရေချိုးခန်းထဲ ဝင်သွားတော့ Jennie မှာ အခန်းထဲ Tvဖွင့်ပြီး ထိုင်ကြည့်နေသည်

ရုတ်တရက် ခုန သူမကြောင့် Jisoo နဖူးခိုက်မိသွားတာ သတိရပြီး ဆေးလိမ်းပေးဖို့ ဆေးသေတ္တာဘူး သွားရှာသည်

ဆေးသေတ္တာဘူး ယူလာပြီး Jisooရဲ့ ကုတင်ပေါ်ထိုင်ရင်း အတိတ်ကနေ့တွေကို Jennie ပြန်တွေးမိသွားသည်

"ဟူး ငါသာ....... သူ့ကို မထားခဲ့ရင် ခုချိန် ငါတို့ အရမ်းပျော်စရာကောင်းတဲ့ relationshipလေး ပိုင်ဆိုင်နေမှာ....."

Jisooရေချိုးပြီး ထွက်လာတော့ မျက်နှာလေး ညှိုးနေတဲ့ Jennieကို တွေ့လိုက်ရသည်

"Aww Chuu ရေချိုးပြီးပြီလား "

Bathrobe ခရမ်းရောင်လေးဝတ်ထားတဲ့ Jisooကို မြင်တော့ Jennie အတွေးတွေပျက်သွားသည်

"ချိုးပြီးပြီ....ဘာတွေ တွေးနေတာလည်း ငူငိုင်လို့ "

"အာ......ခုန...ခုနက Chuuကိုလေ နဖူး နဖူး ခိုက်မိအောင်လုပ်မိလို့ အဲ့တာ ဆေးထည့်ပေးရမလား တွေးနေတာ "

သူမတွေးနေတာတွေကို Jisooကို မသိစေချင်လို့ Jennie လိမ်ပြောလိုက်သည်

Jisooလည်း ခေါင်းညိတ်ပြီး Jennieဘေးနား ဝင်ထိုင်လိုက်သည်

"ဒါဆိုလည်း လိမ်းပေးလေ "

Jisoo သူ့ နဖူးက ဆံပင်လေး သပ်ပြီး Jennieရှေ့ကို မျက်နှာလေးတိုးပေးလိုက်သည်

Jennie လည်း ဒဏ်ကြေလိမ်းဆေးကို Jisooနဖူးတွင် သေချာလိမ်းပေးလေသည်

Jisooမှာ သူမကို မျက်တောင်မခတ်ဘဲ ကြည့်နေသောကြောင့် Jennie ရှက်လာသည်

"ဘာလို့ Jenကို စိုက်ကြည့်နေတာလည်း ...ဆေးလိမ်းပြီးပြီ "

Jennieပြောပြီး ဆေးဘူးကို ဆေးသေတ္တာထဲထည့်ပြီး ထရပ်လိုက်သည်

ထို့နောက် ဆေးသေတ္တာဘူးကို ယူခဲ့တဲ့နေရာဆီ ပြန်သွားထားမယ်လုပ်တော့ Jisooက ရုတ်တရက် ထရပ်ပြီး Jennieရဲ့ ခါးကို ဖက်လိုက်သည်

"Chuu ဘာလုပ်တာလည်း '

"Back Hugလေ....အနောက်ကနေ ဖက်တာ ဘာလို့လည်း "

Jisoo စကားနဲ့အပြုအမူတွေကြောင့် Jennie အရင်က Jisoo ဟင်းချက်နေချိန် သူမ အနောက်ကနေ ခါးကိုသိုင်းဖက်ခဲ့ချိန်တွေကို သတိရပြီး ငိုလေသည်

"Jennie ဘာလို့ငိုနေတာလည်း "

Jennie ငိုနေတာကို Jisoo သတိထားမိပြီး မေးလိုက်သည်

"ဟင့်အင်း ဘာမှမဟုတ်ဘူး "

Jisooမှာ Jennie ငိုနေတာ သိပေမယ့် ဘာမှဆက်မမေးတော့ဘဲ Jennie ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်

ထို့နောက် Jennieရဲ့ ဆံပင်လေးကို ဖွဖွလေးနမ်းလိုက်သည်

"လာ ရုပ်ရှင်ကြည့်ရအောင် "

Jisoo ကုတင်ပေါ် လှဲအိပ်ပြီး ရုပ်ရှင် လိုင်းတွေရွေးနေသည်

Jennie မှာ မျက်ရည်တွေ သုတ်ပြီး ကုတင်ပေါ်တက်လာကာ Jisoo လက်မောင်းပေါ်တွင် ခေါင်းအုံးအိပ်လိုက်သည်

"Chuu. ..Jen တောင်းပန်ပါတယ် "

"ဘာလို့လည်း "

"ခုနက Jenကြောင့် Chuu အရေးကြီးဆုံး Meeting ပျက်သွားတာလေ..."

"အာ အဲ့အတွက် စိတ်မကောင်းဖြစ်မနေနဲ့ တစ်ခြား Partner တွေရှိသေးတာဘဲ "

Jennie ရဲ့လက်မောင်းကို ပွတ်ပြီး Jisoo ပြောလိုက်သည်


"နောက်တစ်ခါ စကတ်မဝတ်နဲ့တော့ ဘောင်းဘီဘဲဝတ်တော့ ဘာဘောင်းဘီဖြစ်ဖြစ်ရတယ် အလုပ်လာတိုင်း ဘောင်းဘီဘဲဝတ်လာရမယ် နားလည်လား "

Jisooပြောပြီး အေးလာလို့ စောင်ခြုံလိုက်သည်

"Yes Sir. .."

Jennie သမ်းပြီး ပြောလိုက်သည်

"ဝှား အိပ်ချင်လိုက်တာ.... Chuu သီချင်းဆိုပြ "

"မဆိုပြပါဘူး "

"လုပ်ပါ..."

Puppy Eyes လေးနဲ့သူမကို ကြည့်နေတဲ့ Jennieကြောင့် Jisoo သက်ပြင်းချလိုက်သည်

ထို့နောက် Jisoo ချောင်းဟန့်ပြီး သီချင်းဆိုပြလေသည် Jennie ကတော့ Jisoo လက်မောင်းပေါ်တွင် ကလေးလေးတစ်ယောက်လို အိပ်ပျော်သွားလေသည်

#Tbc

#Zawgyi

"Chuuကဘဲ Jenကို နာက်င္ေအာင္လုပ္တာ ....."

ဓာတ္ေလွကားထဲ ေခါင္းေလးငုံ႕ၿပီးေျပာတဲ့ Jennie စကားေၾကာင့္ Jisoo စိတ္မေကာင္းျဖစ္သြားတယ္

"ငါ ေတာင္းပန္ပါတယ္...."

တကယ္ဆို Jisoo ေပ်ာ္ေနသင့္တာေလ သူ႕ေၾကာင့္ Jennie က နာက်င္ေနရတာကို သူ ေပ်ာ္ေနရမွာေလ....ဒါေပမယ့္ သူ႕ခံစားခ်က္ေတြက ဆန့္က်င္ဘက္ျဖစ္ေနတယ္

Jennieကို Jisoo ဖက္မလိုလုပ္ေနခ်ိန္ ႐ုတ္တရက္ ဓာတ္ေလွကားတံခါးပြင့္သြားတယ္

ဒါေၾကာင့္မို႔ Jennieရဲ႕ လက္ေကာက္ဝတ္ကို Jisoo ညင္ညင္သာသာကိုင္ၿပီး ႐ုံးခန္းဘက္ ေခၚသြားသည္

"ခဏ ဒီေရွ႕မွာဘဲ ရပ္ေန "

႐ုံးခန္းတံခါးေရွ႕မွာဘဲ ရပ္ခိုင္းတဲ့ Jisoo စကားေၾကာင့္ Jennie ေၾကာင္သြားသည္

သို႔ေသာ္လည္း Jisoo စကားနားေထာင္ၿပီး တံခါးေပါက္ေရွ႕ရပ္ေနသည္

Jisooမွာ စားပြဲေပၚက သူမ ပိုက္ဆံအိတ္ရယ္ ကားေသာ့ရယ္ ယူၿပီး ႐ုံးခန္းထဲက ထြက္လာသည္

ထို႔ေနာက္ Jennie လက္ကို ျပန္တြဲၿပီး Company အျပင္ဘက္ေခၚသြားသည္

Jennieမွာ အလုပ္ခ်ိန္လည္း မၿပီးေသးဘဲ Jisooက အလုပ္ကထြက္လာလို႔ မ်က္ေမွာင္ၾကဳတ္ကာ စဥ္းစားေနသည္

"Chuu. ..ဘယ္သြားေနတာလည္း "

"ငါ့အိမ္ "

Jisoo စကားေၾကာင့္ Jennie လန့္သြားသည္

"လုပ္စရာအလုပ္ေတြ က်န္ေသးတယ္ေလ "

"စိတ္ပူမေနနဲ႕ ကားေပၚတက္ "

Jennieမွာ ဒီေန႕ Jisooရဲ႕ meetingကို ဖ်က္စီးမိလို႔ အားနာၿပီး ဘာမွဆက္မေျပာဘဲ ကားေပၚတက္လိုက္သည္

Jisooက ဒီ meetingအတြက္ တက္ႂကြေနတာကို Jennieက ဖ်က္စီးမိသလိုျဖစ္သြားလို႔ စိတ္မေကာင္းေတာ့ ျဖစ္မိသည္

Jennie သက္ျပင္းခ်ၿပီး ကားျပတင္းေပါက္ကို မွီလိုက္သည္ .....မွီးရင္း ေတြးရင္း အိပ္ေပ်ာ္သြားတဲ့ Jennieကို Jisoo ကားေမာင္းရင္း တစ္ခ်က္ ၾကည့္လိုက္သည္

"Hey Jen ငါတို႔ေရာက္ၿပီ..... "

Jisoo အသံေၾကာင့္ Jennie နိုးလာၿပီး မ်က္လုံး ဖြင့္ဖြင့္ခ်င္း သူ႕မ်က္ႏွာနား Jisoo မ်က္ႏွာကကပ္ေနလို႔ လန့္ၿပီး ထလိုက္တဲ့အခါ Jisooနဖူးနဲ႕ တိုက္မိသြားသည္

"အား နာလိုက္တာ "

Jisoo သူ႕နဖူးကို ကိုင္ရင္း ေအာ္လိုက္သည္

"နင္က ငါ့မ်က္ႏွာနားကပ္ေနတာကိုး ငါကလန့္သြားတာကို "

"ေအးပါ ေအးပါ "

Jisooေျပာၿပီး Jennieရဲ႕ ပါးကိုဆြဲညွစ္လိုက္သည္

Jensooတို႔ ကားေပၚက ဆင္းၿပီး Jisoo အိမ္ထဲ ဝင္လာၾကသည္

Jisoo မွာ Jennieကို သူမအခန္းထဲ ေခၚလာသည္

"ခဏထိုင္အုံးေနာ္ ငါ ေရခ်ိဳးလိုက္အုံးမယ္"

Jisoo ေျပာၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားေတာ့ Jennie မွာ အခန္းထဲ Tvဖြင့္ၿပီး ထိုင္ၾကည့္ေနသည္

႐ုတ္တရက္ ခုန သူမေၾကာင့္ Jisoo နဖူးခိုက္မိသြားတာ သတိရၿပီး ေဆးလိမ္းေပးဖို႔ ေဆးေသတၱာဘူး သြားရွာသည္

ေဆးေသတၱာဘူး ယူလာၿပီး Jisooရဲ႕ ကုတင္ေပၚထိုင္ရင္း အတိတ္ကေန႕ေတြကို Jennie ျပန္ေတြးမိသြားသည္

"ဟူး ငါသာ....... သူ႕ကို မထားခဲ့ရင္ ခုခ်ိန္ ငါတို႔ အရမ္းေပ်ာ္စရာေကာင္းတဲ့ relationshipေလး ပိုင္ဆိုင္ေနမွာ....."

Jisooေရခ်ိဳးၿပီး ထြက္လာေတာ့ မ်က္ႏွာေလး ညွိုးေနတဲ့ Jennieကို ေတြ႕လိုက္ရသည္

"Aww Chuu ေရခ်ိဳးၿပီးၿပီလား "

Bathrobe ခရမ္းေရာင္ေလးဝတ္ထားတဲ့ Jisooကို ျမင္ေတာ့ Jennie အေတြးေတြပ်က္သြားသည္

"ခ်ိဳးၿပီးၿပီ....ဘာေတြ ေတြးေနတာလည္း ငူငိုင္လို႔ "

"အာ......ခုန...ခုနက Chuuကိုေလ နဖူး နဖူး ခိုက္မိေအာင္လုပ္မိလို႔ အဲ့တာ ေဆးထည့္ေပးရမလား ေတြးေနတာ "

သူမေတြးေနတာေတြကို Jisooကို မသိေစခ်င္လို႔ Jennie လိမ္ေျပာလိုက္သည္

Jisooလည္း ေခါင္းညိတ္ၿပီး Jennieေဘးနား ဝင္ထိုင္လိုက္သည္

"ဒါဆိုလည္း လိမ္းေပးေလ "

Jisoo သူ႕ နဖူးက ဆံပင္ေလး သပ္ၿပီး Jennieေရွ႕ကို မ်က္ႏွာေလးတိုးေပးလိုက္သည္

Jennie လည္း ဒဏ္ေၾကလိမ္းေဆးကို Jisooနဖူးတြင္ ေသခ်ာလိမ္းေပးေလသည္

Jisooမွာ သူမကို မ်က္ေတာင္မခတ္ဘဲ ၾကည့္ေနေသာေၾကာင့္ Jennie ရွက္လာသည္

"ဘာလို႔ Jenကို စိုက္ၾကည့္ေနတာလည္း ...ေဆးလိမ္းၿပီးၿပီ "

Jennieေျပာၿပီး ေဆးဘူးကို ေဆးေသတၱာထဲထည့္ၿပီး ထရပ္လိုက္သည္

ထို႔ေနာက္ ေဆးေသတၱာဘူးကို ယူခဲ့တဲ့ေနရာဆီ ျပန္သြားထားမယ္လုပ္ေတာ့ Jisooက ႐ုတ္တရက္ ထရပ္ၿပီး Jennieရဲ႕ ခါးကို ဖက္လိုက္သည္

"Chuu ဘာလုပ္တာလည္း '

"Back Hugေလ....အေနာက္ကေန ဖက္တာ ဘာလို႔လည္း "

Jisoo စကားနဲ႕အျပဳအမူေတြေၾကာင့္ Jennie အရင္က Jisoo ဟင္းခ်က္ေနခ်ိန္ သူမ အေနာက္ကေန ခါးကိုသိုင္းဖက္ခဲ့ခ်ိန္ေတြကို သတိရၿပီး ငိုေလသည္

"Jennie ဘာလို႔ငိုေနတာလည္း "

Jennie ငိုေနတာကို Jisoo သတိထားမိၿပီး ေမးလိုက္သည္

"ဟင့္အင္း ဘာမွမဟုတ္ဘူး "

Jisooမွာ Jennie ငိုေနတာ သိေပမယ့္ ဘာမွဆက္မေမးေတာ့ဘဲ Jennie ကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားသည္

ထို႔ေနာက္ Jennieရဲ႕ ဆံပင္ေလးကို ဖြဖြေလးနမ္းလိုက္သည္

"လာ ႐ုပ္ရွင္ၾကည့္ရေအာင္ "

Jisoo ကုတင္ေပၚ လွဲအိပ္ၿပီး ႐ုပ္ရွင္ လိုင္းေတြေ႐ြးေနသည္

Jennie မွာ မ်က္ရည္ေတြ သုတ္ၿပီး ကုတင္ေပၚတက္လာကာ Jisoo လက္ေမာင္းေပၚတြင္ ေခါင္းအုံးအိပ္လိုက္သည္

"Chuu. ..Jen ေတာင္းပန္ပါတယ္ "

"ဘာလို႔လည္း "

"ခုနက Jenေၾကာင့္ Chuu အေရးႀကီးဆုံး Meeting ပ်က္သြားတာေလ..."

"အာ အဲ့အတြက္ စိတ္မေကာင္းျဖစ္မေနနဲ႕ တစ္ျခား Partner ေတြရွိေသးတာဘဲ "

Jennie ရဲ႕လက္ေမာင္းကို ပြတ္ၿပီး Jisoo ေျပာလိုက္သည္


"ေနာက္တစ္ခါ စကတ္မဝတ္နဲ႕ေတာ့ ေဘာင္းဘီဘဲဝတ္ေတာ့ ဘာေဘာင္းဘီျဖစ္ျဖစ္ရတယ္ အလုပ္လာတိုင္း ေဘာင္းဘီဘဲဝတ္လာရမယ္ နားလည္လား "

Jisooေျပာၿပီး ေအးလာလို႔ ေစာင္ၿခဳံလိုက္သည္

"Yes Sir. .."

Jennie သမ္းၿပီး ေျပာလိုက္သည္

"ဝွား အိပ္ခ်င္လိုက္တာ.... Chuu သီခ်င္းဆိုျပ "

"မဆိုျပပါဘူး "

"လုပ္ပါ..."

Puppy Eyes ေလးနဲ႕သူမကို ၾကည့္ေနတဲ့ Jennieေၾကာင့္ Jisoo သက္ျပင္းခ်လိဳက္သည္

ထို႔ေနာက္ Jisoo ေခ်ာင္းဟန့္ၿပီး သီခ်င္းဆိုျပေလသည္ Jennie ကေတာ့ Jisoo လက္ေမာင္းေပၚတြင္ ကေလးေလးတစ္ေယာက္လို အိပ္ေပ်ာ္သြားေလသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co