Part 14
#Unicode
"Ahh ပျင်းဖို့ကောင်းလိုက်တာ ..."
Jennie တစ်ယောက် ရုပ်ရှင်ကြည့်ရင်း ရေရွတ်လိုက်သည်
ယခု သူမ တိုက်ခန်းတွင် တစ်ယောက်တည်း ရုပ်ရှင် ကြည့်နေတယ်လေ
ရုပ်ရှင်ထဲ မင်းသားနဲ့မင်းသမီးက ကုတင်ပေါ်မှာ ဖက်အိပ်တဲ့ အပိုင်းကို မြင်တော့ Jennie မနေ့က သူနဲ့ Jisoo တို့ အတွဲတွေလို ပြုမူခဲ့တာ ပြန်တွေးပြီး ကြည်နူးနေသည်
မနေ့က Jennieကို Jisoo အိမ်ပြန်ပို့တော့ မနက်ဖြနိ တစ်ရက်တော့ အလုပ်မလာဘဲ အိမ်မှာ နားနေဖို့ ပြောသည်
Jennie အစက လက်မခံပေမယ့် Jisooက အလုပ်လာရင် အလုပ်ကနေ ဖြုတ်ပစ်မယ်လို့ ပြောလို့ ဒီနေ့ Jennie အလုပ်မသွားရဘဲ အိမ်မှာ ရုပ်ရှင်ကြည့်ရင်း ပျင်းနေတယ်လေ
Jisooနဲ့ မနေ့ကလို နေချင်လို့ Jisoo အိမ်သွားရမလား Jennie တွေးနေပေမယ့် Jisoo ဆူမှာလည်း ကြောက်ရသေးသည်
Jennie မှာ Tvကို ပိတ်ပြီး ဆိုဖာပေါ် လှဲအိပ်လိုက်သည်
ထို့နောက် သူမဖုန်းကို ဖွင့်ရင်း ဖုန်းထဲက နေ့စွဲကို သတိထားမိသွားတယ်
Jan. 2
Jennie ရုတ်တရက် တစ်ခုခုကို သတိရပြီး ထထိုင်လိုက်သည်
"Fuck မနက်ဖြန် Jisooမွေးနေ့ဟ.... ငါ ဘယ်လိုဖြစ်လို့ မေ့နေတာပါလိမ့် သူ့အတွက် မွေးနေ့လက်ဆောင်လည်း မပြင်ဆင်မဝယ်ရသေးဘူး.
..သူ့အတွက် ဘာလက်ဆောင် ဝယ်ပေးရမလည်း..သူက သူဌေးဆိုတော့ ငါပေးတဲ့ လက်ဆောင်တွေ အကုန်ရှိနေမှာ ဘာလုပ်ရမလည်း.... "
Jennie မှာ Jisoo မွေးနေ့အတွက် ဘာဝယ်ပေးရမလည်း တွေးနေစဥ် ရုတ်တရက် ဖုန်းမြည်သံကြောင့် လန့်သွားတယ်
Jisoo ဖုန်းခေါ်တယ်ထင်ပြီး Jennie အမြန် ဖုန်းကိုင်လိုက်ပေမယ့်.... တစ်ဖက်က အသံကြောင့် လန့်သွားတယ်
"အခြေအနေ ဘယ်လိုလည်း "
"အာ Appa ဟိုလေ...."
"အခုထိ ဘာမှမတိုးတက်သေးဘူးလား Jennie "
"ဟို...သူ့ယုံကြည်မှု ရဖို့ ကြိုးစားနေတုံး Appa "
"Korea ကို ပြန်ပို့တယ်ဆိုတာ ဒီလို စောက်အချိန်ဖြုန်းဖို့ မဟုတ်ဘူးနော်.... ငါ ပြောထားတဲ့အချိန်ထိ အဆင်မပြေသေးရင် ညည်း ဘာဖြစ်မယ်ဆိုတာ သိတယ်မလား Jennie"
သူမ အဖေ ဖုန်းချသွားတော့ Jennie သက်ပြင်းချမိသည် Jisooနဲ့ တွေ့ချင်လို့ Korea ကို ပြန်လာချင်လို့သာ သူ့အဖေနဲ့ အပေးအယူ လုပ်ခဲ့ပေမယ့် Jisooကို ထပ်ပြီး နာကျင်အောင် မလုပ်ချင်ပေ
Jennie စိတ်ရှုပ်စရာတွေ ခဏမေ့ပြီး Jisooအတွက် လက်ဆောင်ဝယ်ပေးဖို့ mallကို သွားလေသည်
Mallကို ပတ်နေတာ နှစ်နာရီခွဲကြာနေပြီ အခုထိ Jisooအတွက် လက်ဆောင်က မတွေ့သေး
"နာရီ ဝယ်ပေးရမလား အာ သူ့မှာ နာရီတွေ အများကြီး ရှိနေတာ....ဖုန်းရော...သူ ကိုင်တဲ့ ဖုန်းက နောက်ဆုံးပေါ် ဖုန်းဟ....ကျစ် ဘာပေးရမလည်းမသိဘူး "
Jennie တွေးရင်း ရုတ်တရက် တစ်ခုခုကို သတိရသွားသည်
"သိပြီ အရင်က သူ့ကိုပေးခဲ့တဲ့ လက်ဆောင်လေးပြန်ပေးရမယ် သူလည်း အဲ့တာအရမ်းကြိုက်တာဆိုတော့ "
Jennie တွေးပြီး လိုအပ်တာတွေ ဝယ်ပြီးနောက် mallကနေ ပြန်လာခဲ့သည်
ထို့နောက် အဝတ်အစားလဲပြီး Jisooအတွက် လက်ဆောင်ပြင်ပေးလေသည
နောက်တစ်နေ့ မနက်တွင် Jennie အိပ်ချင်မူးတူးနဲ့ အလုပ်ကို ရောက်လာသည်
ဘာလို့ဆို ညနက်ထိ Jisooအတွက် လက်ဆောင်ပြင်ပေးနေရသောကြောင့် ဖြစ်သည်
Jennieကိုလည်း မြင်ရော Chaeyoung အပါအဝင် Companyက ဝန်ထမ်းတစ်ချို့ပျော်သွားကြသည်
"Jennie ရောက်လာတာနဲ့ အတော်ဘဲ "
Chaeyoungမှာ Jennieရဲ့ လက်ကို ပြေးဆွဲလေသည်
"ဘာဖြစ်လို့လည်း Chaeyoung shii "
"ဒီ Brandအတွက် Chaeတို့ ငှားထားတဲ့ မော်ဒယ်က ကားအက်စီးဒင့် ဖြစ်လို့ မလာနိုင်တော့ဘူး...CEOကလည်း အခုချက်ချင်း မော်ဒယ်အသစ်ရှာခိုင်းနေတာ ဒါပေမယ့် အကုန်လုံးက Schedule ရှိတော့ မလာနိုင်ကြဘူး ....CEOက မော်ဒယ် ရမလာရင် ဒီBrand ကြော်ငြာနဲ့ ပတ်သက်တဲ့ ဝန်ထမ်းအားလုံးကို အလုပ်ဖြုတ်ပစ်မယ်တဲ့..."
"အဲ့တော့ Jenက ဘယ်လို ကူညီပေးရမလည်း "
"Chaeတို့ Brandရဲ့ မော်ဒယ် လုပ်ပေးပါလား "
Chaeyoung ရဲ့ စကားကြောင့် Jennie အံ့သြသွားသည်
"ဒီမှာ ဝန်ထမ်းတွေအများကြီး ရှိနေတာ ပြီးကျ Chaeyoungကလည်း မော်ဒယ်လုပ်လို့ရတာကို ဘာလို့ Jenက.. "
"Jennie အရင်က မော်ဒယ်လုပ်ဖူးတယ် သတင်းကြားလို့ပါ လုပ်ပါ ကူညီပါ Jennieရယ် "
ဝန်ထမ်းအားလုံးကလည်း မျက်နှာငယ်လေးနဲ့ Jennieကို ကြည့်နေသောကြောင့် Jennieလည်း သက်ပြင်းချပြီး ခေါင်းညိတ်ပြလိုက်သည်
"လာ လာ ခဏနေ ပွဲက စတော့မှာ "
Jennieကို ပြင်ဆင်ပေးဖို့ Chaeyoung ဆွဲခေါ်သွားသည်
Jisooမှာ စင်အောက်မှာ ထိုင်ပြီး သူမ company က Brandတွေ ဝတ်ထားတဲ့ Model boyတွေ show လျှောက်ပြတာကို ကြည့်နေသည်
ထိုစဥ် စင်ပေါ်ကို သူမ brand ဝတ်ထားတဲ့ Jennie တစ်ယောက် တက်လာတော့ အရမ်း အံ့သြသွားသည်
"သူက ဘယ်လိုဖြစ်လို့ "
Jennieမှာ ပိုက်ဆံအိတ်လေးကိုင်ပြီး poseမျိူးစုံ လုပ်နေသည်
ထို့နောက် သူမကို စိုက်ကြည့်နေတဲ့ Jisooကို မျက်စိမှိတ်ပြလေသည်
Show ပြီးသွားတဲ့နောက် Jennie အဝတ်အစား ပြန်လဲနေသည်
ထိုစဥ် ဝန်ထမ်းတစ်ယောက်ရောက်လာပြီး
"Miss Kim. ...CEOက အဝတ်အစားအမြန်လဲပြီး သူ့ဆီ လာခဲ့ပါတဲ့ "
ဝန်ထမ်းရဲ့ စကားကြောင့် Jennie စိတ်ပူသွားတယ်
"သူ့ကိုမပြောဘဲ ငါ မော်ဒယ် လုပ်လို့ စိတ်ဆိုးနေတာလား သူ သဘောမကျလို့များလား "
Jennie အတွေးများစွာဖြင့် Jisooရဲ့ ရုံးခန်းရှေ့ရောက်လာသည်
Knock knock
"ဝင်ခဲ့ပါ "
Jisoo ခွင့်ပြုချက်ကြောင့် Jennie ရုံးခန်းထဲ ဝင်သွားလိုက်သည်
"Good Morning CEO "
"Good Morning Miss model "
သူမကို စိုက်ကြည့်နေတဲ့ Jisooကြောင့် Jennie ရှက်ပြီး ခေါင်းငုံ့ထားသည်
Jisooမှာ ဘာမှမပြောဘဲ Jennie ကို စိုက်ကြည့်နေသောကြောင့် Jennie ချောင်းဟန့်ကာ
"ဟိုလေ တစ်ခုခုလိုလို့လား CEO. ..Jenကို အမြန်လာဖို့ ပြောတယ်ဆိုလို့
"အင်း ဟုတ်တယ် "
Jisoo ထိုင်နေရာက ထလာပြီး Jennie ဆီ လျှောက်လာတယ်
ထို့နောက် Jennie ဆံပင်လေးကို နားရွက်နောက်သို့ Jisoo သပ်တင်ပေးပြီး တိုးတိုးလေး ပြောလိုက်သည်
"မင်း ခုန လုပ်သွားတာ အရမ်းတော်တယ် "
"ဒါလေး ပြောဖို့ အမြန်လာဖို့ ငါ့ကိုခေါ်တာလား "
Jisooရဲ့ စကားကြောင့် Jennie စိတ်ထဲတွေးလိုက်သည်
Jennie ဘက်က ကျေးဇူးတင်စကားပြောပြီး ဘာမှဆက်မပြောသောကြောင့် Jisoo မျက်မှောင်ကြုတ်သွားတယ်
"ငါ့ကို ပြောစရာ ဘာမှမရှိဘူးလား "
Jisooရဲ့ စကားကြောင့် Jennie ကြောင်သွားသည်
Jisooကို ဘာပြောရမှာလည်းဆိုပြီး စဥ်းစားနေပေမယ့် အဖြေက ထွက်မလာ
စိတ်မရှည်တဲ့ Jisoo တစ်ယောက် Jennieဆီက သူကြားချင်နေတဲ့ စကားလေး ကြားရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်နေသည်
သို့သော် Jennie ဘက်က ဘာမှမပြောဘဲ တိတ်ဆိတ်နေသောကြောင့် Jisooမှာ Jennie မေ့သွားလောက်ပြီလို့ တွေးမိပြီး သူမ စားပွဲဘက် ပြန်လျှောက်သွားသည်
"Happy Birthday Chuu "
Jennieရဲ့ စကားကြောင့် Jisoo ပျော်ပြီး လှည့်ကြည့်တော့ သူမကို အတောက်ပဆုံးသော အပြုံးလေး ပြုံးပြနေတဲ့ Jennieကို တွေ့ရသည်
"ငါ့မွေးနေ့ကို မေ့သွားပြီ ထင်နေတာ "
"ဘယ်လိုလုပ် မေ့ရမှာလည်း ဒီမှာ လက်ဆောင်တောင် ပြင်လာသေးတယ် "
Jennie ပြောပြီး သူမ လက်ထဲက လက်ဆောင်ထုပ်ကို Jisoo အား ပေးလိုက်သည်
"ဘာများလည်း "
"Jen သန့်စင်ခန်း ခဏသွားအုံးမယ် အဲ့ကျမှ ဖွင့်ကြည့် "
Jennie ပြောပြီး Jisoo နှုတ်ခမ်းကို နမ်းကာ ရုံးခန်းထဲက ထွက်ပြေးသွားသည်
Jisooလည်း ထွက်ပြေးသွားတဲ့ Jennieကို ကြည့်ပြီး ရယ်ကာ လက်ဆောင်ထုပ်ကို ကိုင်ပြီး စားပွဲခုံပေါ် တင်လိုက်သည်
ထို့နောက် ဘာလက်ဆောင်လည်းဆိုပြီး ဖြည်ကြည့်တော့ ကင်ချီဘူးလေး ဖြစ်နေသည်
ဘူးပေါ်တွင်လည်း စာတစ်စောင်ကို အလှတိပ်လေးနဲ့ ကပ်ထားသည်
Jisoo ထိုစာလေးကို ယူပြီး ဖတ်ကြည့်လေသည်
Happy Birthday Jichuu!
ဒီလို နေ့ထူးနေ့မြတ်လေးကို Jenက မေ့နေမယ်လို့ ထင်နေတာလား ဟွန့် မမေ့ပါဘူးနော် မနေ့ကတည်းက Chuuအတွက် လက်ဆောင် ပေးဖို့ mallထဲ ခြေတိုအောင် လျှောက်ပတ်ကြည့်ခဲ့သူပါ Chuu ကို လက်ဆောင်ပေးဖို့ ပစ္စည်းတွေ ကြည့်ပေမယ့် Chuuမှာ ရှိနေမယ်ထင်လို့ ပိုက်ဆံနဲ့ဝယ်ပေးတဲ့ လက်ဆောင်ထက် Jen လက်နဲ့ လုပ်ထားတဲ့ လက်ဆောင်လေး ပေးချင်လို့ အခုလို Hand letter လေး ရေးလိုက်တာ Jen အရင်ကလည်း ဒီလို စာမျိုး ပေးဖူးတယ်လေ Chuu မှတ်မိမလားမသိဘူး ပြီးတော့ Chuuက ကင်ချီကြိုက်တယ်လေ Chuu မွေးနေ့တိုင်း Jenက ကင်ချီလုပ်ကျွေးခဲ့တာလေး သတိရလို့ ခုလို ကင်ချီလုပ်ပေးတာပါ မွေးနေ့မှာ ပျော်ရွှင်ပါစေ Chuu အရမ်းချစ်တယ် သိလား Chuuက Jenကို မုန်းနေတယ်ဆိုတောင် Jenကတော့ Chuu ကို လက်မလျော့ဘဲ အမြဲ ချစ်နေမှာ Chuu အမြဲတမ်း ကျန်းမာပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ် ကင်ချီသိပ်ထားရတော့ လက်မောင်းတွေ နာနေပြီ Chuu ဒါကြောင့်မို့ ဒီလောက်နဲ့ စာရေးတာ ရပ်လိုက်ပြီနော်
အမြဲတမ်း ချစ်နေမယ့်
Jennie ❤
Jennieရေးတဲ့ စာကိုဖတ်ပြီး နှုတ်ခမ်းက နားရွက်ကို တပ်ချိတ်မတက် Jisooပြုံးနေမိသည်
"Damn Jennie Kim ငါ့ကို ရင်ခုန်အောင် လုပ်ပြန်ပြီ "
တစ်ဖက်က အိမ်သာသွားချင်ယောင်ဆောင်ကာ တံခါးပေါက်သေးသေးလေးကနေ ချောင်းကြည့်နေတဲ့ Jennieမှာလည်း Jisoo အပြုံးကို မြင်ပြီး ကျေနပ်ပီတိဖြာနေသည်
#TBC
#zawgyi
"Ahh ပ်င္းဖို႔ေကာင္းလိုက္တာ ..."
Jennie တစ္ေယာက္ ႐ုပ္ရွင္ၾကည့္ရင္း ေရ႐ြတ္လိုက္သည္
ယခု သူမ တိုက္ခန္းတြင္ တစ္ေယာက္တည္း ႐ုပ္ရွင္ ၾကည့္ေနတယ္ေလ
႐ုပ္ရွင္ထဲ မင္းသားနဲ႕မင္းသမီးက ကုတင္ေပၚမွာ ဖက္အိပ္တဲ့ အပိုင္းကို ျမင္ေတာ့ Jennie မေန႕က သူနဲ႕ Jisoo တို႔ အတြဲေတြလို ျပဳမူခဲ့တာ ျပန္ေတြးၿပီး ၾကည္ႏူးေနသည္
မေန႕က Jennieကို Jisoo အိမ္ျပန္ပို႔ေတာ့ မနက္ျဖနိ တစ္ရက္ေတာ့ အလုပ္မလာဘဲ အိမ္မွာ နားေနဖို႔ ေျပာသည္
Jennie အစက လက္မခံေပမယ့္ Jisooက အလုပ္လာရင္ အလုပ္ကေန ျဖဳတ္ပစ္မယ္လို႔ ေျပာလို႔ ဒီေန႕ Jennie အလုပ္မသြားရဘဲ အိမ္မွာ ႐ုပ္ရွင္ၾကည့္ရင္း ပ်င္းေနတယ္ေလ
Jisooနဲ႕ မေန႕ကလို ေနခ်င္လို႔ Jisoo အိမ္သြားရမလား Jennie ေတြးေနေပမယ့္ Jisoo ဆူမွာလည္း ေၾကာက္ရေသးသည္
Jennie မွာ Tvကို ပိတ္ၿပီး ဆိုဖာေပၚ လွဲအိပ္လိုက္သည္
ထို႔ေနာက္ သူမဖုန္းကို ဖြင့္ရင္း ဖုန္းထဲက ေန႕စြဲကို သတိထားမိသြားတယ္
Jan. 2
Jennie ႐ုတ္တရက္ တစ္ခုခုကို သတိရၿပီး ထထိုင္လိုက္သည္
"Fuck မနက္ျဖန္ Jisooေမြးေန႕ဟ.... ငါ ဘယ္လိုျဖစ္လို႔ ေမ့ေနတာပါလိမ့္ သူ႕အတြက္ ေမြးေန႕လက္ေဆာင္လည္း မျပင္ဆင္မဝယ္ရေသးဘူး.
..သူ႕အတြက္ ဘာလက္ေဆာင္ ဝယ္ေပးရမလည္း..သူက သူေဌးဆိုေတာ့ ငါေပးတဲ့ လက္ေဆာင္ေတြ အကုန္ရွိေနမွာ ဘာလုပ္ရမလည္း.... "
Jennie မွာ Jisoo ေမြးေန႕အတြက္ ဘာဝယ္ေပးရမလည္း ေတြးေနစဥ္ ႐ုတ္တရက္ ဖုန္းျမည္သံေၾကာင့္ လန့္သြားတယ္
Jisoo ဖုန္းေခၚတယ္ထင္ၿပီး Jennie အျမန္ ဖုန္းကိုင္လိုက္ေပမယ့္.... တစ္ဖက္က အသံေၾကာင့္ လန့္သြားတယ္
"အေျခအေန ဘယ္လိုလည္း "
"အာ Appa ဟိုေလ...."
"အခုထိ ဘာမွမတိုးတက္ေသးဘူးလား Jennie "
"ဟို...သူ႕ယုံၾကည္မႈ ရဖို႔ ႀကိဳးစားေနတုံး Appa "
"Korea ကို ျပန္ပို႔တယ္ဆိုတာ ဒီလို ေစာက္အခ်ိန္ျဖဳန္းဖို႔ မဟုတ္ဘူးေနာ္.... ငါ ေျပာထားတဲ့အခ်ိန္ထိ အဆင္မေျပေသးရင္ ညည္း ဘာျဖစ္မယ္ဆိုတာ သိတယ္မလား Jennie"
သူမ အေဖ ဖုန္းခ်သြားေတာ့ Jennie သက္ျပင္းခ်မိသည္ Jisooနဲ႕ ေတြ႕ခ်င္လို႔ Korea ကို ျပန္လာခ်င္လို႔သာ သူ႕အေဖနဲ႕ အေပးအယူ လုပ္ခဲ့ေပမယ့္ Jisooကို ထပ္ၿပီး နာက်င္ေအာင္ မလုပ္ခ်င္ေပ
Jennie စိတ္ရႈပ္စရာေတြ ခဏေမ့ၿပီး Jisooအတြက္ လက္ေဆာင္ဝယ္ေပးဖို႔ mallကို သြားေလသည္
Mallကို ပတ္ေနတာ ႏွစ္နာရီခြဲၾကာေနၿပီ အခုထိ Jisooအတြက္ လက္ေဆာင္က မေတြ႕ေသး
"နာရီ ဝယ္ေပးရမလား အာ သူ႕မွာ နာရီေတြ အမ်ားႀကီး ရွိေနတာ....ဖုန္းေရာ...သူ ကိုင္တဲ့ ဖုန္းက ေနာက္ဆုံးေပၚ ဖုန္းဟ....က်စ္ ဘာေပးရမလည္းမသိဘူး "
Jennie ေတြးရင္း ႐ုတ္တရက္ တစ္ခုခုကို သတိရသြားသည္
"သိၿပီ အရင္က သူ႕ကိုေပးခဲ့တဲ့ လက္ေဆာင္ေလးျပန္ေပးရမယ္ သူလည္း အဲ့တာအရမ္းႀကိဳက္တာဆိုေတာ့ "
Jennie ေတြးၿပီး လိုအပ္တာေတြ ဝယ္ၿပီးေနာက္ mallကေန ျပန္လာခဲ့သည္
ထို႔ေနာက္ အဝတ္အစားလဲၿပီး Jisooအတြက္ လက္ေဆာင္ျပင္ေပးေလသည
ေနာက္တစ္ေန႕ မနက္တြင္ Jennie အိပ္ခ်င္မူးတူးနဲ႕ အလုပ္ကို ေရာက္လာသည္
ဘာလို႔ဆို ညနက္ထိ Jisooအတြက္ လက္ေဆာင္ျပင္ေပးေနရေသာေၾကာင့္ ျဖစ္သည္
Jennieကိုလည္း ျမင္ေရာ Chaeyoung အပါအဝင္ Companyက ဝန္ထမ္းတစ္ခ်ိဳ႕ေပ်ာ္သြားၾကသည္
"Jennie ေရာက္လာတာနဲ႕ အေတာ္ဘဲ "
Chaeyoungမွာ Jennieရဲ႕ လက္ကို ေျပးဆြဲေလသည္
"ဘာျဖစ္လို႔လည္း Chaeyoung shii "
"ဒီ Brandအတြက္ Chaeတို႔ ငွားထားတဲ့ ေမာ္ဒယ္က ကားအက္စီးဒင့္ ျဖစ္လို႔ မလာနိုင္ေတာ့ဘူး...CEOကလည္း အခုခ်က္ခ်င္း ေမာ္ဒယ္အသစ္ရွာခိုင္းေနတာ ဒါေပမယ့္ အကုန္လုံးက Schedule ရွိေတာ့ မလာနိုင္ၾကဘူး ....CEOက ေမာ္ဒယ္ ရမလာရင္ ဒီBrand ေၾကာ္ျငာနဲ႕ ပတ္သက္တဲ့ ဝန္ထမ္းအားလုံးကို အလုပ္ျဖဳတ္ပစ္မယ္တဲ့..."
"အဲ့ေတာ့ Jenက ဘယ္လို ကူညီေပးရမလည္း "
"Chaeတို႔ Brandရဲ႕ ေမာ္ဒယ္ လုပ္ေပးပါလား "
Chaeyoung ရဲ႕ စကားေၾကာင့္ Jennie အံ့ၾသသြားသည္
"ဒီမွာ ဝန္ထမ္းေတြအမ်ားႀကီး ရွိေနတာ ၿပီးက် Chaeyoungကလည္း ေမာ္ဒယ္လုပ္လို႔ရတာကို ဘာလို႔ Jenက.. "
"Jennie အရင္က ေမာ္ဒယ္လုပ္ဖူးတယ္ သတင္းၾကားလို႔ပါ လုပ္ပါ ကူညီပါ Jennieရယ္ "
ဝန္ထမ္းအားလုံးကလည္း မ်က္ႏွာငယ္ေလးနဲ႕ Jennieကို ၾကည့္ေနေသာေၾကာင့္ Jennieလည္း သက္ျပင္းခ်ၿပီး ေခါင္းညိတ္ျပလိုက္သည္
"လာ လာ ခဏေန ပြဲက စေတာ့မွာ "
Jennieကို ျပင္ဆင္ေပးဖို႔ Chaeyoung ဆြဲေခၚသြားသည္
Jisooမွာ စင္ေအာက္မွာ ထိုင္ၿပီး သူမ company က Brandေတြ ဝတ္ထားတဲ့ Model boyေတြ show ေလွ်ာက္ျပတာကို ၾကည့္ေနသည္
ထိုစဥ္ စင္ေပၚကို သူမ brand ဝတ္ထားတဲ့ Jennie တစ္ေယာက္ တက္လာေတာ့ အရမ္း အံ့ၾသသြားသည္
"သူက ဘယ္လိုျဖစ္လို႔ "
Jennieမွာ ပိုက္ဆံအိတ္ေလးကိုင္ၿပီး poseမ်ိဴးစုံ လုပ္ေနသည္
ထို႔ေနာက္ သူမကို စိုက္ၾကည့္ေနတဲ့ Jisooကို မ်က္စိမွိတ္ျပေလသည္
Show ၿပီးသြားတဲ့ေနာက္ Jennie အဝတ္အစား ျပန္လဲေနသည္
ထိုစဥ္ ဝန္ထမ္းတစ္ေယာက္ေရာက္လာၿပီး
"Miss Kim. ...CEOက အဝတ္အစားအျမန္လဲၿပီး သူ႕ဆီ လာခဲ့ပါတဲ့ "
ဝန္ထမ္းရဲ႕ စကားေၾကာင့္ Jennie စိတ္ပူသြားတယ္
"သူ႕ကိုမေျပာဘဲ ငါ ေမာ္ဒယ္ လုပ္လို႔ စိတ္ဆိုးေနတာလား သူ သေဘာမက်လိဳ႕မ်ားလား "
Jennie အေတြးမ်ားစြာျဖင့္ Jisooရဲ႕ ႐ုံးခန္းေရွ႕ေရာက္လာသည္
Knock knock
"ဝင္ခဲ့ပါ "
Jisoo ခြင့္ျပဳခ်က္ေၾကာင့္ Jennie ႐ုံးခန္းထဲ ဝင္သြားလိုက္သည္
"Good Morning CEO "
"Good Morning Miss model "
သူမကို စိုက္ၾကည့္ေနတဲ့ Jisooေၾကာင့္ Jennie ရွက္ၿပီး ေခါင္းငုံ႕ထားသည္
Jisooမွာ ဘာမွမေျပာဘဲ Jennie ကို စိုက္ၾကည့္ေနေသာေၾကာင့္ Jennie ေခ်ာင္းဟန့္ကာ
"ဟိုေလ တစ္ခုခုလိုလို႔လား CEO. ..Jenကို အျမန္လာဖို႔ ေျပာတယ္ဆိုလို႔
"အင္း ဟုတ္တယ္ "
Jisoo ထိုင္ေနရာက ထလာၿပီး Jennie ဆီ ေလွ်ာက္လာတယ္
ထို႔ေနာက္ Jennie ဆံပင္ေလးကို နား႐ြက္ေနာက္သို႔ Jisoo သပ္တင္ေပးၿပီး တိုးတိုးေလး ေျပာလိုက္သည္
"မင္း ခုန လုပ္သြားတာ အရမ္းေတာ္တယ္ "
"ဒါေလး ေျပာဖို႔ အျမန္လာဖို႔ ငါ့ကိုေခၚတာလား "
Jisooရဲ႕ စကားေၾကာင့္ Jennie စိတ္ထဲေတြးလိုက္သည္
Jennie ဘက္က ေက်းဇူးတင္စကားေျပာၿပီး ဘာမွဆက္မေျပာေသာေၾကာင့္ Jisoo မ်က္ေမွာင္ၾကဳတ္သြားတယ္
"ငါ့ကို ေျပာစရာ ဘာမွမရွိဘူးလား "
Jisooရဲ႕ စကားေၾကာင့္ Jennie ေၾကာင္သြားသည္
Jisooကို ဘာေျပာရမွာလည္းဆိုၿပီး စဥ္းစားေနေပမယ့္ အေျဖက ထြက္မလာ
စိတ္မရွည္တဲ့ Jisoo တစ္ေယာက္ Jennieဆီက သူၾကားခ်င္ေနတဲ့ စကားေလး ၾကားရဖို႔ စိတ္ရွည္ရွည္နဲ႕ ေစာင့္ေနသည္
သို႔ေသာ္ Jennie ဘက္က ဘာမွမေျပာဘဲ တိတ္ဆိတ္ေနေသာေၾကာင့္ Jisooမွာ Jennie ေမ့သြားေလာက္ၿပီလို႔ ေတြးမိၿပီး သူမ စားပြဲဘက္ ျပန္ေလွ်ာက္သြားသည္
"Happy Birthday Chuu "
Jennieရဲ႕ စကားေၾကာင့္ Jisoo ေပ်ာ္ၿပီး လွည့္ၾကည့္ေတာ့ သူမကို အေတာက္ပဆုံးေသာ အၿပဳံးေလး ၿပဳံးျပေနတဲ့ Jennieကို ေတြ႕ရသည္
"ငါ့ေမြးေန႕ကို ေမ့သြားၿပီ ထင္ေနတာ "
"ဘယ္လိုလုပ္ ေမ့ရမွာလည္း ဒီမွာ လက္ေဆာင္ေတာင္ ျပင္လာေသးတယ္ "
Jennie ေျပာၿပီး သူမ လက္ထဲက လက္ေဆာင္ထုပ္ကို Jisoo အား ေပးလိုက္သည္
"ဘာမ်ားလည္း "
"Jen သန့္စင္ခန္း ခဏသြားအုံးမယ္ အဲ့က်မွ ဖြင့္ၾကည့္ "
Jennie ေျပာၿပီး Jisoo ႏႈတ္ခမ္းကို နမ္းကာ ႐ုံးခန္းထဲက ထြက္ေျပးသြားသည္
Jisooလည္း ထြက္ေျပးသြားတဲ့ Jennieကို ၾကည့္ၿပီး ရယ္ကာ လက္ေဆာင္ထုပ္ကို ကိုင္ၿပီး စားပြဲခုံေပၚ တင္လိုက္သည္
ထို႔ေနာက္ ဘာလက္ေဆာင္လည္းဆိုၿပီး ျဖည္ၾကည့္ေတာ့ ကင္ခ်ီဘူးေလး ျဖစ္ေနသည္
ဘူးေပၚတြင္လည္း စာတစ္ေစာင္ကို အလွတိပ္ေလးနဲ႕ ကပ္ထားသည္
Jisoo ထိုစာေလးကို ယူၿပီး ဖတ္ၾကည့္ေလသည္
Happy Birthday Jichuu!
ဒီလို ေန႕ထူးေန႕ျမတ္ေလးကို Jenက ေမ့ေနမယ္လို႔ ထင္ေနတာလား ဟြန့္ မေမ့ပါဘူးေနာ္ မေန႕ကတည္းက Chuuအတြက္ လက္ေဆာင္ ေပးဖို႔ mallထဲ ေျခတိုေအာင္ ေလွ်ာက္ပတ္ၾကည့္ခဲ့သူပါ Chuu ကို လက္ေဆာင္ေပးဖို႔ ပစၥည္းေတြ ၾကည့္ေပမယ့္ Chuuမွာ ရွိေနမယ္ထင္လို႔ ပိုက္ဆံနဲ႕ဝယ္ေပးတဲ့ လက္ေဆာင္ထက္ Jen လက္နဲ႕ လုပ္ထားတဲ့ လက္ေဆာင္ေလး ေပးခ်င္လို႔ အခုလို Hand letter ေလး ေရးလိုက္တာ Jen အရင္ကလည္း ဒီလို စာမ်ိဳး ေပးဖူးတယ္ေလ Chuu မွတ္မိမလားမသိဘူး ၿပီးေတာ့ Chuuက ကင္ခ်ီႀကိဳက္တယ္ေလ Chuu ေမြးေန႕တိုင္း Jenက ကင္ခ်ီလုပ္ေကြၽးခဲ့တာေလး သတိရလို႔ ခုလို ကင္ခ်ီလုပ္ေပးတာပါ ေမြးေန႕မွာ ေပ်ာ္႐ႊင္ပါေစ Chuu အရမ္းခ်စ္တယ္ သိလား Chuuက Jenကို မုန္းေနတယ္ဆိုေတာင္ Jenကေတာ့ Chuu ကို လက္မေလ်ာ့ဘဲ အၿမဲ ခ်စ္ေနမွာ Chuu အၿမဲတမ္း က်န္းမာၿပီး ေပ်ာ္႐ႊင္ပါေစလို႔ ဆုေတာင္းေပးပါတယ္ ကင္ခ်ီသိပ္ထားရေတာ့ လက္ေမာင္းေတြ နာေနၿပီ Chuu ဒါေၾကာင့္မို႔ ဒီေလာက္နဲ႕ စာေရးတာ ရပ္လိုက္ၿပီေနာ္
အၿမဲတမ္း ခ်စ္ေနမယ့္
Jennie ❤
Jennieေရးတဲ့ စာကိုဖတ္ၿပီး ႏႈတ္ခမ္းက နား႐ြက္ကို တပ္ခ်ိတ္မတက္ Jisooၿပဳံးေနမိသည္
"Damn Jennie Kim ငါ့ကို ရင္ခုန္ေအာင္ လုပ္ျပန္ၿပီ "
တစ္ဖက္က အိမ္သာသြားခ်င္ေယာင္ေဆာင္ကာ တံခါးေပါက္ေသးေသးေလးကေန ေခ်ာင္းၾကည့္ေနတဲ့ Jennieမွာလည္း Jisoo အၿပဳံးကို ျမင္ၿပီး ေက်နပ္ပီတိျဖာေနသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co