Truyen3h.Co

CEO Kim

Part 15

KimFany059

#Unicode

Jennie company ကို ရောက်တော့ company ဝန်ထမ်းတွေမှာ ပျာယာခတ်နေကြတာကို တွေ့ရပြန်သည်

"ထပ်ပြီး ဘာဖြစ်ကြတာလည်းမသိဘူး "

Jennie တိုးတိုးလေး ရေရွတ်ပြီး company ထဲ ဝင်လာသည်

ဝန်ထမ်းတွေ ပြောစကား Jennie ကြားမိသလောက် Jisoo ရဲ့ ဆွေမျိုးတစ်ယောက် ဒီ company ကို လာမယ်ဆိုလားဘဲ...Jisoo ရဲ့ အဖေများလား

ရုံးခန်းထဲ Jennie ရောက်တော့ Jisooက အရင် ရောက်နှင့်နေပြီး အလုပ်ရှုပ်နေတဲ့ ပုံပေါ်သည်

Jennie ကော်ဖီခွက်ကို Jisoo စားပွဲခုံပေါ် တင်ပေးလိုက်ပြီး သူမ စားပွဲခုံဘက် လျှောက်လာသည်

Jisoo ကို လှမ်းကြည့်တော့ ဖုန်းပြောရင်း စိတ်တိုနေတာ တွေ့လိုက်ရသည်

ဘယ်သူ လာမှာမို့ ဒီလောက် Jisoo စိတ်ရှူပ်နေလည်း သိချင်တာနဲ့ မေးကြည့်လိုက်သည်

"ဘယ်သူလာမှာလည်းဟင် "

Jisoo ဖုန်းချရင်း Jennieရဲ့ မေးခွန်းကြောင့် မျက်မှောင်ကြုတ်လိုက်သည်

"မင်းရဲ့ clipboard ကို ကြည့်လေ အဲ့မှာ ရေးမထားဘူးလား ဘာလို့ ငါ့ကို လာမေးနေတာလည်း "

Jennie ကို ဟောက်ပြီး Jisoo အလုပ်ပြန်လုပ်လိုက်သည်

Jennieလည်း Jisoo က သူမကို လာဟောက်လို့ မျက်နှာ ရှုံ့မဲ့ပြီး clipboard ကို ကြည့်လိုက်သည်

Kim Jinwoo

Jennie နာမည်ကို ဖတ်ကြည့်ပြီး မျက်ခုံးတွန့်သွားသည် ဘယ်သူများလည်း နာမည်ကတော့ သူမ ရင်းနှီးတဲ့ နာမည် မဟုတ်ပေမယ့် Jisoo နဲ့ မျိုးနွယ်နာမည်ချင်းက တူနေသည်

Jisooကို Jinwoo အကြောင်း မေးမလို့ရှိသေး ရုံးခန်းတံခါးကို ဝန်ထမ်းတစ်ယောက်က လာခေါက်သည်

"ဝင်ခဲ့..."

"နောက် မိနစ်သုံးဆယ်နေရင် လေဆိပ်ကို Mr. Kim Jinwoo ရောက်လာမယ်လို့ ပြောပါတယ် CEO "

ဝန်ထမ်းရဲ့ စကားကြောင့် Jisoo လုပ်လက်စ အလုပ်ကို ရပ်လိုက်သည်

"Mr. Kim Jinwooကို သွားကြိုဖို့ တစ်ယောက်ယောက်ကို ..."

"ငါ့အတွင်းရေးမှူးကို သွားကြိုခိုင်းလိုက်မယ် "

Jisoo ရဲ့ စကားကြောင့် Jisooကို Jennie လှမ်းကြည့်လိုက်သည်

Jisooက Jennieကို မျက်ခုံးပင့်ပြတော့ Jisooကို Jennie မျက်စောင်းထိုးလိုက်သည်

ထို့နောက် ဘာမှမတတ်နိုင်လို့ သက်ပြင်းချပြီး ထရပ်လိုက်သည်

"ကျွန်တော့်နောက် လိုက်ခဲ့ပါ Miss Kim "

Jennieလည်း ခေါင်းညိတ်ပြပြီး ဝန်ထမ်းနောက် လိုက်သွားသည်

Jennie တို့ ထွက်သွားတော့ Jisoo သူမ အင်ကျီကြယ်သီးတစ်လုံးကို ဆွဲဖြုတ်ပြီး အသက်ဝဝရှူလိုက်သည် မိုးလင်းကတည်းက သူမ စိတ်ရှုပ်နေရတာလေ

ထိုစဥ် ထပ်ပြီး ဖုန်းဝင်လာသောကြောင့် ဖုန်းခေါ်တဲ့သူကို မကြည့်ဘဲ Jisoo ဖုန်းကိုင်ပြီး အော်လိုက်သည်

"ဘာလည်း "

"ဘာတွေ စိတ်တိုနေတာလည်း သမီးရဲ့ ဟားဟားဟား "

တစ်ဖက်က သူမ အဖေရဲ့ ရယ်သံကြောင့် Jisoo ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်နေသည်

"ဒါနဲ့ သမီးရဲ့ အကိုဝမ်းကွဲရော ရောက်ပြီလား "

"လေဆိပ်မှာ ရောက်နေပြီ ဒါနဲ့ ဘာလို့ သူ့ကို ဒီခေါ်ရတာလည်း Appa. ..companyကလည်း ကောင်းကောင်းလည်ပတ်နေတာကို ပြီးကျ Joohyunလည်း ဒီမှာ ရှိနေတာဘဲ "

"ဘယ်လို....အခု သမီးကို ထားသွားတဲ့ ကောင်မလေးပြန်ရောက်လာပြီ မဟုတ်လား ထပ်ပြီး ရူးကြောင်ကြောင်တွေ မလုပ်နိုင်ဘူးလေ သမီး အာမခံနိုင်လား...."

Jisoo သူမအဖေရဲ့ စကားကြောင့် ဘာမှမပြောနိုင်ပေ

"တွေ့လား Appa စကားကို သမီး ပြန်ပြီး မချေပနိုင်ဘူး ထပ်ပြီး ဟိုကလေးမ အရူးလုပ်တာ ငြိမ်ခံနေအုံးမှာဘဲ "

သူမ အဖေရဲ့ စကားကြောင့် Jisoo လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည် သူမအဖေ ပြောတာလည်း မမှားဘူးလေ Jennieဆီမှာ Jisoo ထပ်ပြီး အရည်ပျော်ကျနေပြီလေ

"သူ့ ထောက်ချောက်ထဲ ခုန်ဆင်းမနေနဲ့ ကလေးလည်း မဟုတ်တော့ဘူးနော် Kim Jisoo "

"သမီး မလုပ်တော့ပါဘူး "

"သမီး စကားတည်ပါစေနော် Appa သတိထပ်ပေးတယ်နော် "

Jisoo အဖေ သတိပေးပြီး ဖုန်းချလိုက်သည်

Jisoo သူမဖုန်းကို စားပွဲခုံပေါ် ပစ်တင်ပြီး မျက်လုံးမှိတ်ထားမိသည်

သူမ အဖေပြောတာလည်း မမှားပါ ...Jennie အရူးထပ်လုပ်တာကို Jisoo ငြိမ်ခံနေလို့မရဘူးလေ ဒါပေမယ့်....Jennieနဲ့ ပတ်သက်ရင် ဘာလို့ Jisoo ရင်တွေ အခုထိ ခုန်နေရတာလည်း

Jisoo သက်ပြင်းချပြီး သူ့နှလုံးသားထက် သူ့စိတ်နောက် သူ့ဦးနှောက်နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်

"Miss Kim လေဆိပ်မှာ ကြိုရမယ့် Kim Jinwoo ပုံစံ ပြောပြမယ်နော် အရပ်က ငါးပေ ရှစ်လက်မရှိပြီး အသက်သုံးဆယ် အာ အသက်သုံးဆယ်သာပြောတယ် သူ့ပုံစံက အသားဖြူဖြူနုနုဖက်ဖက်လေး ...သူ့ကို ကြိုခဲ့ပြီး company အကြောင်း မေးရင် ကောင်းကောင်းမွန်မွန်လေး ဖြေခဲ့ပါ လေဆိပ်ချိန် နောက်ကျမှာဆိုးလို့ သွားတော့နော် "

Jennieလည်း အူကြောင်ကြောင်နဲ့ ကားပေါ် ပါသွားသည်

Company အကြောင်း မေးရင် သူမက ဘာဖြေရမလည်း Jennie မသိ

" Jisooက ချောပြီး လစာကောင်းကောင်းပေးတယ် ပြောရမလား မဟုတ်သေးပါဘူးဟယ် "

Jennie တစ်ယောက်တည်း လေ့ကျင့်ရင်း ခေါင်းတစ်ခါခါနဲ့ လေဆိပ်ထဲ ရောက်လာသည်

"Miss Kim က မင်းလား "

လည်သာဂျာကင်ဝတ်ထားပြီး မျက်မှန်အမည်းတပ်ထားတဲ့ အမျိုးသားတစ်ယောက်က Jennie ရှေ့ ရပ်ပြီး မေးလိုက်သည်

"ဟုတ်ပါတယ် ပြောစရာရှိရင် နောက်မှ ဆက်သွယ်ပါနော် ကျွန်မ အလုပ်ရှုပ်နေလို့ "

Jennie ပြောပြီး သွားမယ်လုပ်တော့ အမျိူးသားတစ်ယောက်က Jennie သွားမယ့် လမ်းကို ပိတ်လိုက်သည်

"ရှင် ဘာလုပ်တာလည်း "

"လေဆိပ်မှာ ဧည့်သည် လာကြိုတာ မဟုတ်လား "

"ဟုတ်တယ်လေ ရှင်နဲ့ ဘာဆိုင်လို့ မေးရတာလည်း "

"ကိုယ်က မင်းရဲ့ဧည့်သည်ဆိုရင်ရော "

ထိုအမျိူးသားရဲ့ စကားကြောင့် Jennieမှာ အမျိုးသားကို သေချာကြည့်လိုက်သည်

အသားဖြူဖြူ အရပ်က ငါးပေကျော်....

Jennie companyက ဝန်ထမ်းပြောတဲ့ စကားကို ပြန်သတိရပြီး မျက်လုံးပြူးသွားတယ်

"ရှင် ရှင်က Kim Jin. ..."

"ဟုတ်ပါတယ် Jinwooပါဗျာ...မင်း လာကြိုတဲ့ Kim Jinwoo "

"အာ သေပြီ Jennieရေ နင်လုပ်လိုက်ရင် စောက်တလွဲ "

Jennie စိတ်ထဲကနေ သူမကိုယ်သူမ ကျိန်ဆဲလိုက်သည်

"ခုနကအတွက် တောင်းပန်ပါတယ်နော် "

"ရပါတယ် ဖြစ်တတ်ပါတယ် "

Jennie က တောင်းပန်တော့ Jinwooမှာ ပြုံးပြီး ပြောလိုက်သည်

"ကျေးဇူးတင်ပါတယ် ...ဒါဆို CEOဆီ ခေါ်သွားပေးမယ်နော် "

ကားပေါ်တွင် Jennie တစ်ယောက် Jinwooကို ဘယ်ကနေ စပြီး စကားပြောရမလည်း တွေးနေသည်

တွေးနေရင်း companyသို့ ရောက်လာကြသည်

Companyထဲ ဝင်တော့ ဝန်ထမ်းတွေမှာ Jinwooတို့ကို အရိုအသေပေးပြီး နှုတ်ဆက်လိုက်သည်

"ကျွန်မတို့ company က Asian companyတွေထဲ Partnership အများဆုံးဆိုတာ သိတယ်မလား Mr. Kim "

"ဒါပေါ့ Jisoo overseasက companyတွေမှာလည်း ရှယ်ယာတွေအများကြီး ဝင်ထားတယ် မဟုတ်လား "

Jinwoo စကားကြောင့် Jennie တိတ်ဆိတ်သွားတယ်

"မင်း မသိဘူးလား "

"အာ ကျွန်မက ဒီ companyမှာ အလုပ်ဝင်တာ မကြာသေးတော့ တစ်ချို့အကြောင်းတွေကျ မသိသေးဘူး "

"Aww အလုပ်ဝင်တာ ဘယ်လောက်ရှိပြီလည်း "

"သုံးလေးပတ်လောက်တော့ ရှိပြီထင်တယ် "

"မင်း အဖြေတွေကလည်း မတိကျလိုက်တာ "

Jinwoo စကားကြောင့် Jennie ခေါင်းငုံ့သွားသည်

"ကဲ မင်းရဲ့ CEO အကြောင်း ပြောပါအုံး "

"Jisooက တကယ် သူဌေးကောင်းပါ ဝန်ထမ်းတွေကို လစာလည်း ကောင်းကောင်းပေးတယ် သူကိုယ်တိုင်က အစ အလုပ်ကြိုးစာပြတယ် "

"နေပါအုံး မင်းက သူ့ကို နာမည်တပ်ခေါ်တာလား ဝန်ထမ်းတွေက သူ့ကို နာမည် တပ်ခေါ်ရင် Jisoo က မကြိုက်ဘူးနော် "

"ဟီး သူရှေ့မှာတော့ မခေါ်ရဲပါဘူး "

Jisooရဲ့ ရုံးခန်းထဲ ရောက်သောအခါ

"ခဏထိုင်ပါအုံး CEOက meeting ရှိလို့ သွားတက်တယ် ခဏနေ ပြန်လာမှာပါ ကော်ဖီသောက်မလားဟင်"

"အင်း တစ်ခွက်လောက် "

Jennie လည်း Jinwoo အတွက် ကော်ဖီဖျော်ပေးလေသည်

Jinwoo ကော်ဖီသောက်ရင်း သူ့ဘေးနား မတ်တပ်ရပ်နေတဲ့ Jennieကို ကြည့်လိုက်သည်

"မင်းမှာ ကောင်လေးရှိလား "

Jinwoo ရဲ့ မေးခွန်းကြောင့် Jennie မျက်လုံး ပြူးသွားသည်

"ရှင် "

"အာ တစ်မျိူးမထင်ပါနဲ့ ကိုယ်တို့ကြား တိတ်ဆိတ်နေလို့ သက်တောင့်သက်သာဖြစ်အောင် ပေးတာပါ "

"တအား သက်တောင့်သက်သာ ဖြစ်သွားတာဘဲရှင် "

Jennie စကားကြောင့် Jinwoo ရယ်လိုက်သည်

"ကျွန်မမှာ ကောင်လေးမရှိပါဘူး "

Jinwooမှာ Jennie မေးခွန်းကြောင့် မျက်ခုံးပင့်သွားတယ်

"ဟင် မင်းလို ချောပြီး လှတဲ့ ကောင်မလေးမှာ ကောင်လေးမရှိဘူး ဟုတ်လား "

"ဟုတ်တယ် မထားတာ "

"အပျိုကြီး လုပ်မလို့လား "

Jinwooရဲ့ စကားကြောင့် Jennie ရယ်လိုက်သည်

"မတ်တပ်ရပ်နေရတာ ညောင်းမှာပေါ့ လာထိုင်လေ "

Jennieလည်း Jinwooနဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်

"ရှင်က ပျော်ပျော်နေတတ်တာဘဲ "

"အင်း ဟုတ်တယ် ငါ့ ညီမဝမ်းကွဲက ငါ့ထက်ပိုပျော်ပျော်နေသေး "

"ဟင် ညီမဝမ်းကွဲရှိတာလား "

"Kim Jisooက ငါ့ညီမဝမ်းကွဲလေ "

Jinwoo ရဲ့ စကားကြောင့် Jennie အံ့သြ သွားတယ်

"ဟင် တကယ်လား "

"ဒါပေါ့ "

"ဒါကြောင့် Kim မျိုးနွယ်ချင်းတူပါတယ် တွေးနေတာ "

"မျိုးနွယ်ချင်းတူရုံတင် မဟုတ်ဘူး ချောတာလှတာ အရပ်ပုတာ အစ တူတယ် "

Jinwoo ရဲ့ စကားကြောင့် Jennie သဘောကျပြီး ရယ်လိုက်သည်

"မင်းတို့တွေက တော်တော် ရင်းနှီးနေကြပြီဘဲ "

Jisooရဲ့ အသံကြောင့် Jennie လန့်ပြီး ထရပ်လိုက်သည်

#Tbc

#zawgyi









"ဘယ်သူလာမှာလည်းဟင် "





Kim Jinwoo



"ဝင်ခဲ့..."












"ဘာလည်း "










"သမီး မလုပ်တော့ပါဘူး "











"Miss Kim က မင်းလား "



Jennie ပြောပြီး သွားမယ်လုပ်တော့ အမျိုးသားတစ်ယောက်က Jennie သွားမယ့် လမ်းကို ပိတ်လိုက်သည်

"ရှင် ဘာလုပ်တာလည်း "




ထိုအမျိုးသားရဲ့ စကားကြောင့် Jennieမှာ အမျိုးသားကို သေချာကြည့်လိုက်သည်



"ရှင် ရှင်က Kim Jin. ..."





"ရပါတယ် ဖြစ်တတ်ပါတယ် "









"မင်း မသိဘူးလား "












"အင်း တစ်ခွက်လောက် "





"ရှင် "

"အာ တစ်မျိုးမထင်ပါနဲ့ ကိုယ်တို့ကြား တိတ်ဆိတ်နေလို့ သက်တောင့်သက်သာဖြစ်အောင် ပေးတာပါ "






"ဟုတ်တယ် မထားတာ "










"ဟင် တကယ်လား "

"ဒါပေါ့ "






#Tbc

Bạn đang đọc truyện trên: Truyen3h.Co