Part 16
#Zawgyi
"ဘာ..."
"သူ့ကို လိုချင်တာ "
"Fuck you. .."
"သွေး သွေးတွေ "
************************
"Hee "
"CEOရော ပါတယ်ပေါ့ "
"ဘာလို့လည်း"
"ဟင် ဘာလို့လည်း Yeri "
"Jen Unnieနဲ့ CEOက "
#Tbc
#Unicode
"မင်းတို့တွေက တော်တော် ရင်းနှီးနေကြပြီဘဲ..."
Jisooရဲ့ အသံကြောင့် Jennie ထရပ်မိသွားသည်
Jisooမှာ Jennieကို တစ်ချက်ကြည့်ပြီး သူ့အကိုဝမ်းကွဲကို ကြည့်လိုက်သည်
"နောက်ဆုံးတော့ မင်း ရောက်လာပြီလေ ဘာလို့ အရမ်းကြာနေတာလည်း ငါ့မယ် စောင့်ရတာ သေတော့မယ် တော်သေးတာပေါ့ အရမ်းလှတဲ့ အတွင်းရေးမှူးလေးရှိတော့ စကားပြောရတာ အဆင်ကိုပြေလို့ "
Jinwooရဲ့ စကားကြောင့် Jennie ကို Jisoo မျက်စောင်းထိုးပြီး ကြည့်လိုက်သည်
"Oh my god Jinwoo က အဲ့လိုကြီး ပြောစရာလိုလို့လား "
Jennie စိတ်ထဲကနေ Jinwoo ကို မကျေမနပ် ဖြစ်နေမိသည်
"ကဲ ဒါဆိုလည်း ပြောစရာရှိတာတွေ ပြောရအောင် ငါတို့ စကားပြောစရာရှိလို့ အပြင် ခဏထွက်ပေးပါလား Miss Kim "
Jisooမှာ Jennie ကို အပြင်ထွက်ဖို့ မျက်လုံးနဲ့ အချက်ပြလေသည်
Jennie လည်း အအော်မခံရခင် ရုံးခန်းအပြင်ဘက် ထွက်သွားလေသည်
"ကဲ ဒီကို လာရတဲ့အကြောင်းအရင်းက...."
"Woo woo ကိုယ့်အကိုကို နေကောင်းလား လေယာဥ်စီးရတာ အဆင်ပြေလား ဘာညာမမေးဘူး ဆိုးလိုက်တဲ့ ညီမလေး "
Jinwoo စကားတွေကြောင့် Jisoo မျက်မှောင်ကြုတ်ပြီး
"လူကောင်းလေး ပုံစံဖမ်းတာ ရပ်ပြီး ဒီကိုလာရတဲ့အကြောင်း လိုရင်းတိုရှင်းပြောပါလား "
"ဒီကို လာရတဲ့အကြောင်းအရင်းကတော့ company က planတွေအတိုင်း လည်ပတ်ရဲ့လားလို့ မင်းအဖေက သွားကြည့်ခိုင်းလို့ လာကြည့်တာ အခုတော့ ငါ့မှာ မင်းရဲ့ အတွင်းရေးမှူးကြောင့် seoulမှာ အခြေချရတော့မယ် ထင်တယ် "
Jinwooရဲ့ စကားကြောင့် Jisoo စိတ်တိုပြီး လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်
"ဘာ..."
"ကြည့်ရသလောက် ဒီမှာ အားလုံး အဆင်ပြေနေတာဘဲ company က ကောင်းကောင်းလည်ပတ်တယ် မင်းရဲ့ အတွင်းရေးမှူးအချောလေးကလည်း Company အကြောင်း ရှင်းပြထားတယ် "
Jinwoo ပြောပြီး မတ်တပ်ထရပ်ကာ ရုံးခန်းထဲ လမ်းလျှောက်လိုက်သည်
"မင်းက လစာ ကောင်းကောင်းပေးကြောင်း ဒီ company က partnershipတွေ ဘာညာသလကာ သူ ငါ့ကို ပြောပြတယ် "
Jisoo မှာ မျက်မှောင်ကြုတ်ကာ Jinwooကို ကြည့်နေသည်
"ဒါပေမယ့် အခုတော့ အမှန်တိုင်း ပြောရရင် မင်း company ကို ငါ စိတ်မဝင်စားတော့ဘူး တစ်စုံတစ်ခုက ငါ့ အာရုံကို ဖမ်းစားသွားတယ် အာ တစ်စုံတစ်ယောက်လို့ ပြောသင့်လား.....သူ ဘယ်သူလည်း မင်းသိလား "
Jinwooက မေးတော့ Jisooမှာ အံကို ကြိတ်ထားသည် Jinwooကတော့ သူ့အစီအစဥ်တိုင်း ဖြစ်လာပြီဆိုပြီး ပြုံးနေသည်
"မင်းရဲ့ အတွင်းရေးမှူး Jennie Kimဘဲ "
Jinwooမှာ Jennie က Jisoo ရဲ့ ရည်းစားဟောင်းဆိုတာ Jisoo ရဲ့ အဖေ ပြောပြခဲ့လို့ သိပြီးပြီလေ
ဒါပေမယ့် ဒီလောက်ထိ လှမယ်လို့ ထင်မထားခဲ့ဘူးလေ
"ငါ့အတွင်းရေးမှူးဆီက ဘာလိုချင်တာလည်း "
Jisoo ဒေါသသံကို ထိန်းပြီး မေးလိုက်သည်
"သူ့ကို လိုချင်တာ "
Jinwoo ရဲ့ စကားကြောင့် Jisoo ထရယ်လိုက်သည်
Jinwooမှာ Jisoo အပြုအမူကြောင့် အူကြောင်ကြောင်နဲ့ Jisooကို ကြည့်လိုက်သည်
"ငါ့အတွင်းရေးမှူးရဲ့ အလှမှာ မင်းကျဆုံးသွားတာဘဲ ဒီခဏလေးအတောအတွင်းမှာ သူ မင်းကို ဘာများလုပ်လိုက်ပါလိမ့် ဟားဟားဟား "
"ငါတို့ကြားက ကိစ္စမို့လို့ မင်းနဲ့မဆိုင်ပါဘူး Jisoo "
Jisooမှာ မျက်ခုံးပင့်ပြီး ထရပ်လိုက်သည်
"ငါတို့ အပေးအယူ လုပ်ကြမလား Jisoo "
Jinwooမှာ Jisoo ဆီ လျှောက်လာပြီး ပြောလိုက်သည်
"No.. မင်းလို မကောင်းတဲ့ကောင်နဲ့ ဘာအပေးအယူမှ မလုပ်ချင်သလို ငါ့အတွင်းရေးမှူးနဲ့လည်း အပြင်ထွက်ဒိတ်ခွင့် မပေးနိုင်ဘူး "
"မင်း သူ့ကို အခုထိ ချစ်နေသေးတယ် မဟုတ်လား ငါသိပါတယ် Kim Jisoo "
"Kim Jinwoo. ..မင်းရဲ့ ရည်ရွယ်ချက် မသိရလောက်အောင်ထိ ငါမပိန်းသေးဘူး ....မင်း ဘာလို့ ဒီကိုရောက်လာလည်းဆိုတာ ငါသိတယ်.....ငါတို့ကြားက အခြေအနေကို သိချင်ရင် Jennie Kimကို မေးလိုက်....အေး ငါ့ကိုလာမေးရင်တော့ မင်း သေလောက်တဲ့ထိ ကြားချင်လောက်တဲ့ အဖြေတော့ ကြားရမယ် မထင်နဲ့ ....."
Jisoo မဲ့ပြုံးပြုံးပြီး Jinwoo ကို ပြောလိုက်သည်
"ဒီ company ကို ငါ့ဆီကနေ မင်း ယူသွားချင်တာလည်း ငါသိတယ် Jinwoo ဒါကြောင့်မို့ Appaကို ပြန်တိုင်လို့ရအောင် မင်း အမျိုးစုံ ကြိုးခုန်နေတာ come on Jinwoo LAမှာလည်း မင်းရဲ့ Company ရှိနေတာ အဆင်ပြေနေတာဘဲ ဘာလို့ ငါ့အဖေရဲ့ ခွေးပေါက်လေးလို ခိုင်းသမျှ လိုက်လုပ်နေရတာလည်း "
"Kim Jisoo မင်း မိုက်ရိုင်းလိုက်တာ "
Jinwoo စိတ်တိုပြီး Jisoo ကို ပိတ်ထိုးလိုက်သည်
Jisooကတော့ မဲ့ပြုံးပြုံးပြီး Jinwoo ကို ကြည့်နေသည်
"Fuck you. .."
Jinwoo စိတ်တိုပြီး တံခါးကို ဝုန်းခနဲ ဖွင့်ကာ ရုံးခန်းထဲက ထွက်သွားသည်
အပြင်ဘက်က စောင့်နေတဲ့ Jennieမှာ ရုတ်တရက် တံခါး ဖွင့်သံကြောင့် လန့်သွားတယ်
Jinwoo ကို Jennie နှုတ်ဆက်ဖို့ လုပ်ပေမယ့် Jinwoo မှာ ဆဲဆိုရင်း ထွက်သွားတယ်
Jennieလည်း ဘာဖြစ်နေလည်း သိချင်လို့ ရုံးခန်းထဲ ဝင်သွားတယ်
Jisoo နှုတ်ခမ်းထောင့်က သွေးတွေကို တွေ့တော့ Jennie စိတ်ပူသွားတယ်
"သွေး သွေးတွေ "
Jisoo နှုတ်ခမ်းက သွေးတွေကို Jennie သုတ်ပေးမလို့ ရှိသေး Jennieရဲ့ လက်ကို ပုတ်ချပြီး Jisoo ရုံးခန်းထဲက ထွက်သွားသည်
************************
Jennie သက်ပြင်းချနေမိတာ ဆယ်ခါလောက်ရှိနေပြီ
ယခု သူမက break timeမို့ companyရှေ့က မုန့်ဆိုင်ထဲ မုန့်ထိုင်စားနေသည်
အခုတလော Jisooက Jennieကို လျစ်လျူရှူထားသည်... Jisoo ဘာဖြစ်နေတာလည်း Jennieက အမှားလုပ်မိလို့လား မေးပေမယ့် Jisooကတော့ Jennie ဖြစ်တည်မှုကိုပါ လျစ်လျူရှုထားသည်
"Unnie တစ်ယောက်တည်းလား အတူစားရအောင် "
Yeri နဲ့ Chaeyoung ရောက်လာပြီး Jennie ကို နှုတ်ဆက်လိုက်သည်
Yeriက Jennie ဘေးနား ထိုင်ပြီး Chaeyoungက Jennieရှေ့ ထိုင်လိုက်သည်
"တစ်ယောက်တည်းလား Jennie "
"ဟုတ်တယ် Chaeyoung shii Jenမှာ သူငယ်ချင်း မိတ်ဆွေသိပ်မရှိဘူးလေ "
"ဒါများ Unnieရယ် Yeriနဲ့ Chae Unnieတို့က Unnieရဲ့ သူငယ်ချင်း လုပ်ပေးမှာပေါ့ "
"တကယ်လား ကျေးဇူးပါ Yeriလေးရေ "
"ဒါနဲ့ Unnie နောက်တစ်ပတ် Company က camping ထွက်မယ့် အကြောင်း သိပြီးပြီလား "
Yeriမှာ ပလုတ်ပလောင်းနဲ့စားရင်း Jennieကို မေးလိုက်သည်
"Yeri အရင်ဆုံး ပါးစပ်ထဲက မုန့်တွေကုန်မှ စကားပြောပါလား "
Chaeyoung တစ်ယောက် ကလေးဆန်တဲ့ Yeri ကို ဆူလိုက်သည်
"Hee "
Jennieလည်း Chaeyoungနဲ့ Yeriကို ကြည့်ပြီး ရယ်လိုက်သည်
"အင်း သိတယ် လိုက်မယ့်လူတွေရဲ့ စာရင်းက Jen ဆီမှာ ရှိတယ်လေ "
"တကယ်လား Yeriတို့ရောပါလား "
"ပါတယ် Yeri ရယ် Chaeyoungက Joohyun Unnieနဲ့ လိုက်ရမှာ "
"ဝန်ထမ်း ဘယ်လောက်လောက် ပါမလည်းဟင် "
"အလုပ်ကိစ္စတွေရောဆိုတော့ လေးဆယ်လောက်တော့ပါမယ်ထင်တယ် CEOနဲ့ Jen ပါရင် လေးဆယ်ကျော်ပေါ့ "
"CEOရော ပါတယ်ပေါ့ "
Chaeyoungက တအံ့တသြမေးလို့ Jennie အူကြောင်ကြောင် ဖြစ်သွားတယ်
"ဘာလို့လည်း"
"အရင်က ဒီလို tripတွေဆို Joohyunကို လွှတ်တာဘဲ များတယ် သူမလိုက်ဘူး ခုကျ ထူးဆန်းတာ '
"သူ စိတ်ပြောင်းသွားလို့ နေမယ် Chae "
"Jen Unnie ကြောင့်လည်း ဖြစ်နိုင်တာဘဲနော် "
"ဟင် ဘာလို့လည်း Yeri "
"တစ်လောကလေ သူ reception ကောင်တာမှာ လေ Jennie Kimက ငါ့အပိုင်ဆိုပြီး ပြောရင်း သူ့ Partner ကို ထိုးတာလေ.... "
Yeri စကားကြောင့် Jennie အံ့သြသွားတယ်
"Jen Unnieနဲ့ CEOက "
"ဘာမှမဟုတ်ပါဘူး CEOနဲ့ အတွင်းရေးမှူးပါဘဲ "
Yeriမှာ Jennieနဲ့ Jisooကြား တစ်ခုခုရှိနေတာ သိပေမယ့် Jennieရဲ့ Privacy ကို လေးစားလို့ ဘာမှဆက်မပြောဘဲ နေလိုက်သည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co