Part 17
#unicode
Jennie မုန့်စားပြီး ရုံးခန်းထဲ ဝင်လာတော့ Jisoo ရဲ့ စားပွဲပေါ်မှာ အအေးဗူး မုန့်တွေ မှောက်ပြီး ရှုပ်ပွနေတာကို တွေ့လိုက်ရသည်
Jisoo နှုတ်ခမ်းထောင့်မှာလည်း အချဥ်ရည်တွေက ပေနေတာကို Jennie တွေ့လိုက်ရပြန်သည်
သူက ဆယ်နှစ်သမီးလား ကြည့်အုံး ပေပွရှုပ်ပွလို့
"ဘာတွေ ဖြစ်နေတာလည်း ရှုပ်ပွနေတာဘဲ "
Jisooဆီ Jennie လျှောက်သွားတော့ စားပွဲခုံဘေးမှာလည်း အအေးတွေက ကြမ်းပြင်ပေါ် ကျနေတာ တွေ့ရပြန်သည်
ထို့အပြင် Jisoo လက်မှာလည်း အချဥ်ရည်တွေ ပေပွနေသည်
"ဟို ငါ အချဥ်ထုတ်ကို ဖောက်လိုက်တာ အအေးဘူးကို လက်နဲ့တိုက်မိပြီး အောက်ကို မှောက်ကျသွားတာ "
Jisooမှာ အဆူခံရတဲ့ ကလေးတစ်ယောက် သူမ အမေကို ရှင်းပြနေသလို Jennieကို ရှင်းပြနေသည်
Jennieမှာ အရှုပ်အပွတွေကြားက ကလေးတစ်ယောက်လို ဖြစ်နေတဲ့ Jisooကို ကြည့်ပြီး ရယ်လေသည်
"Jen ရှင်းပေးမယ် ဒီမှာဘဲ ထိုင်နေ "
Jennie ပြောပြီး ရုံးခန်းအပြင်ကို ထွက်သွားသည်
ထို့နောက် ရေပုံးနဲ့ တဘတ်နှစ်ထည်ယူလာပြီး Jennie ဒူးထောက်ကာ အအေးကြောင့် ကြမ်းပြင်စေးကပ်မနေအောင် ရေနဲ့စွတ်ပြီး တိုက်လေသည်
Jisoo ချော်မလဲအောင် သဘတ်အခြောက်နဲ့ ကြမ်းပြင်ကိုသုတ်ပေးလေသည်
ဒီအချိန် ရုံးခန်းထဲ တစ်ယောက်ယောက်ဝင်လာလို့ကတော့ Jensooတို့ကို အထင်လွဲတစ်မျိုးမြင်ကြအုံးမှာ သေချာပါတယ်
Jisooမှာ Jennieကို ကြည့်ပြီး နှလုံးခုန်မြန်လာလို့ အမြန် တစ်ခြားဘက်ကို လှည့်လိုက်သည်
Jennie ရေပုံးနဲ့တဘတ်တွေ ယူပြီး ရုံးခန်းအပြင်ထွက်သွားမှ Jisoo သက်ပြင်းချမိသွားတယ်
"ဟူး.... "
ခဏကြာတော့ Jennie ပြန်ရောက်လာပြီး Jisoo မျက်နှာကို ကိုင်လိုက်သည်
Jennie အပြုအမူကြောင့် Jisoo လန့်သွားတယ်
Jennieကတော့ တစ်ရှူးနဲ့ Jisooရဲ့ နှုတ်ခမ်းဘေးနားက အချဥ်ရည်တွေကို သုတ်ပေးနေသည်
အချဥ်ရည်တွေကို သုတ်ပေးရင်း Jisoo ရဲ့ အသည်းပုံနှုတ်ခမ်းလေးကို Jennie ငေးကြည့်နေမိသည်
Jisooကလည်း Jennie နှုတ်ခမ်းကို ကြည့်ရင်း တစ်နေ့က EXIT လှေကားမှာ သူမတို့ နမ်းနေခဲ့တဲ့အကြောင်း ပြန်တွေးမိသွားသည်
နှစ်ယောက်သား ကိုယ့်ကိုကိုယ်တောင် မသိလိုက်ကြဘဲ မျက်နှာတွေဟာ တဖြည်းဖြည်း တိုးလာပြီး နမ်းလုဆဲဆဲ ဖြစ်နေသည်
Jisoo အသက်ရှူသံတွေက Jennie မျက်နှာကို ရိုက်ခတ်နေသည် Jennieကလည်း Jisoo နမ်းမယ့်အချိန် မျက်လုံးလေးမှိတ်ကာ စောင့်နေသည်
"Jisoo Unnie ....Oh shit အချိန်မှားပြီး ဝင်လာတာဘဲ "
အသံတစ်သံကြောင့် Jensooတို့ လန့်ပြီး ခွာလိုက်ကြသည် Jisooကဆို Jennieကိုတောင် တွန်းလိုက်သေးသည်
Jennie မှာ တံခါးဘက်ကိုကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်က ရုံးခန်းအပြင် ပြန်ထွက်သွားတာ တွေ့ပြီး အနောက်ကနေ လိုက်သွားသည်
"Lisa! "
Jensoo တို့ နမ်းမလိုမြင်ကွင်းကြောင့် ရှက်သွားတဲ့ ကောင်မလေးမှာ တစ်ခြားသူမဟုတ် Lisa ဖြစ်နေသည်
"Jennie Unnie! "
Lisaမှာ Jennie ကို တွေ့တော့ ပျော်ပြီး ဖက်လိုက်သည်
"Aigoo ငါတို့ အငယ်လေးကို သတိရနေတာ "
Jennieလည်း Lisaကို ပြန်ဖက်ပြီး ပြောလိုက်သည်
Lisa ဆိုတာ Jisooရဲ့ ကျောင်းတုံးက ဂျူနီယာသူငယ်ချင်းလေ Jisooနဲ့လည်း ခင်သလို Jennieနဲ့လည်း ရင်းနှီးသည်
"အဟမ်း "
ချောင်းဟန့်သံကြောင့် Jennie လန့်ပြီး Lisaကို ဖက်ထားရာမှ လွှတ်လိုက်သည်
အနောက်ကို လှည့်ကြည့်တော့ Jisooက လက်နောက်ပစ်ကာ သူမကို မျက်မှောင်ကြုတ်ပြီး ကြည့်နေသည်
"Lisa လာ အထဲဝင်လေ "
ရုံးခန်းထဲ Lisa ဝင်လာတော့ Jisooမှာ
"Lisa ဒီကို ဘာလာလုပ်တာလည်း "
"ဒီနား ဖြတ်သွားရင်း Jisoo Unnieကို သတိရလို့ လမ်းကြုံဝင်လာတာ .....အမလေး ဝင်ဝင်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒီက အင်နိုးစန့်လေးမှာ လန့်ဖြန့်သွား "
Lisa စကားကြောင့် Jennie ရယ်လိုက်ပေမယ့် Jisooမှာ ခေါင်းခါနေသည်
"လူလိမ် လျှောက်ပြောနေတယ် ကြည့် နင် ငါ့ကို သတိရတာထက် ငါ့ဝန်ထမ်းတစ်ယောက်ကို ငမ်းချင်လို့ လာတာ မဟုတ်လား "
Jisooရဲ့ စကားကြောင့် Lisa ရှက်သွားပြီး မျက်နှာလေးနီရဲလာတယ်
"ဟယ် Lisa နင် companyက တစ်ယောက်ယောက်ကို ကြိုက်နေတာလား "
Jennieမေးတော့ ရှက်နေတဲ့ Lisaမှာ ခေါင်းညိတ်ပြသည်
"Wow ငါတို့ Lisaလေးတောင် အရွယ်ရောက်လာပြီဘဲ ကံကောင်းတဲ့ သူက ဘယ်သူများလည်း "
Lisaရဲ့ ဆံပင်လေးကို လက်နဲ့သပ်ပြီး ပြောနေတဲ့ Jennieကို Jisooကတော့ မျက်မှောင်ကြုတ်ကာ ကြည့်နေသည်
"အာ သူက "
"Chaeyoungလေ "
Jisoo ဖြတ်ပြီးပြောလိုက်သောကြောင့် Lisaမှာ Jisooကို မျက်စောင်းထိုးကာ ကြည့်နေသည်
"Omo Chaeyoungကို နင်က ကြိုက်တာလား Chaeyoungက တကယ် လှတဲ့ကောင်မလေးတော့ နင် တကယ်ရွေးတတ်တယ်နော် လူဇိုးမ "
Lisa ပခုံးကို ရိုက်ပြီး ပြောနေတဲ့ Jennieကို Jisoo တစ်ယောက် သိပ် မကြည်ချင်တော့ပေ
"Lisa likes Chaeyoung Lalisa like Chaeyoung "
Jennieမှာ ရှက်နေတဲ့ ကောင်မလေးကို စနေသည်
"ဒါပေမယ့် Chaeyoungက Chawကို မကြိုက်ဘူးလေ "
Lisaရဲ့ ဝမ်းနည်းနေတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ Jennie စိတ်မကောင်း ဖြစ်သွားတယ်
"Jen Unnie ကူညီပေးရမလား Lisa... Chaeyoungနဲ့ Unnieက ရင်းနှီးတယ် "
Jennieရဲ့ စကားကြောင့် Lisa မျက်လုံးလေး အရောင်တောက်သွားသည်
"တကယ်လား Jen Unnie. ...Chaw ကို ကူညီပေးမှာလား "
"ဒါပေါ့ "
"အား ပျော်လိုက်တာ Jen Unnieက အကောင်းဆုံးဘဲ "
Lisaမှာ ပျော်ပြီး Jennie ကို ဖက်လိုက်တော့ Jisoo သက်ပြင်းချမိသည်
ခါတိုင်း Lisa လာလည်တာကို Jisoo ဘာမှမဖြစ်ပေမယ့် ဒီနေ့တော့ Lisa ဒီကိုရောက်နေတာ Jisoo သဘောမကျပေ
စိတ်ထဲ ခိုးလိုးခုလုဖြစ်နေသည်.....Jennieရဲ့ attentionကို Lisa ရလို့ ဖြစ်ကောင်းဖြစ်လိမ့်မည်....
Lisa ဘယ်တော့ပြန်မှာလည်း
Jennieနဲ့ ရယ်မောပြီး စကားပြောနေတဲ့ Lisa ကို ကြည့်ပြီး Jisoo တိုးတိုးလေး ရေရွတ်လိုက်သည်
"ကဲ chaw ပြန်တော့မယ် Unnieတို့ ...."
Lisa ပြောပြီး Jisoo ဆီ လျှောက်လာကာ Jisoo ကို ဖက်လိုက်သည်
ထို့နောက် Jennieကို ဖက်မယ်လုပ်တော့ Lisa လက်ကို Jisoo အမြန်ဆွဲပြီး
"လာ နင့်ကို ကားပါကင်ထိ လိုက်ပို့ပေးမယ် များနေပြီ နင် "
Jisooမှာ နောက်ဆုံးစကားကို Lisa မကြားအောင် တိုးတိုးလေးပြောလိုက်သည်
Lisooတို့ ရုံးခန်းအပြင် ထွက်သွားတော့ Jennieမှာ မှန်ပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေသည်
ထိုစဥ် ဖုန်းဝင်လာသည်
"Hello Appa "
"Jisoo လက်မှတ်ထိုးပြီလား "
"Chaw ဘာမှမလုပ်ရသေးဘူး "
"ဘာပြောတယ် နင့်ကို ငါ အချိန်ပေးထားတာ မလုံလောက်ဘူးလား Jennie Kim "
"အခုမှ Jisooရဲ့ ယုံကြည်မှု ရအောင် ကြိုးစားနေတုံးရှိပါသေးတယ် "
"ငါ နင့်ကို တစ်ပတ်တိတိ အချိန်ထပ်ပေးမယ် ငါဖုန်းထပ်ဆက်တဲ့အခါ တိကျတဲ့အဖြေဘဲ လိုချင်တယ် "
"တစ်ပတ် ဟုတ်လား တစ်ပတ်ဆိုတာ Chaw. .."
"ငါ့ကို အထွန့်လာမတက်နဲ့ Jennie တစ်ပတ်နော် တစ်ပတ် ဒါဘဲ Jennie "
"နေပါအုံး "
Jennieမှာ အော်လိုက်ပေမယ့် သူမ အဖေက ဖုန်းချသွားသည်
"မင်း ဘယ်သူနဲ့ ဖုန်းပြောနေတာလည်း "
Jisooရဲ့ အသံကြောင့် Jennie လိပ်ပြာလွှင့်မတတ် လန့်သွားသည်
#Tbc
#zawgyi
Jennie မုန့္စားၿပီး ႐ုံးခန္းထဲ ဝင္လာေတာ့ Jisoo ရဲ႕ စားပြဲေပၚမွာ အေအးဗူး မုန့္ေတြ ေမွာက္ၿပီး ရႈပ္ပြေနတာကို ေတြ႕လိုက္ရသည္
Jisoo ႏႈတ္ခမ္းေထာင့္မွာလည္း အခ်ဥ္ရည္ေတြက ေပေနတာကို Jennie ေတြ႕လိုက္ရျပန္သည္
သူက ဆယ္ႏွစ္သမီးလား ၾကည့္အုံး ေပပြရႈပ္ပြလို႔
"ဘာေတြ ျဖစ္ေနတာလည္း ရႈပ္ပြေနတာဘဲ "
Jisooဆီ Jennie ေလွ်ာက္သြားေတာ့ စားပြဲခုံေဘးမွာလည္း အေအးေတြက ၾကမ္းျပင္ေပၚ က်ေနတာ ေတြ႕ရျပန္သည္
ထို႔အျပင္ Jisoo လက္မွာလည္း အခ်ဥ္ရည္ေတြ ေပပြေနသည္
"ဟို ငါ အခ်ဥ္ထုတ္ကို ေဖာက္လိုက္တာ အေအးဘူးကို လက္နဲ႕တိုက္မိၿပီး ေအာက္ကို ေမွာက္က်သြားတာ "
Jisooမွာ အဆူခံရတဲ့ ကေလးတစ္ေယာက္ သူမ အေမကို ရွင္းျပေနသလို Jennieကို ရွင္းျပေနသည္
Jennieမွာ အရႈပ္အပြေတြၾကားက ကေလးတစ္ေယာက္လို ျဖစ္ေနတဲ့ Jisooကို ၾကည့္ၿပီး ရယ္ေလသည္
"Jen ရွင္းေပးမယ္ ဒီမွာဘဲ ထိုင္ေန "
Jennie ေျပာၿပီး ႐ုံးခန္းအျပင္ကို ထြက္သြားသည္
ထို႔ေနာက္ ေရပုံးနဲ႕ တဘတ္ႏွစ္ထည္ယူလာၿပီး Jennie ဒူးေထာက္ကာ အေအးေၾကာင့္ ၾကမ္းျပင္ေစးကပ္မေနေအာင္ ေရနဲ႕စြတ္ၿပီး တိုက္ေလသည္
Jisoo ေခ်ာ္မလဲေအာင္ သဘတ္အေျခာက္နဲ႕ ၾကမ္းျပင္ကိုသုတ္ေပးေလသည္
ဒီအခ်ိန္ ႐ုံးခန္းထဲ တစ္ေယာက္ေယာက္ဝင္လာလို႔ကေတာ့ Jensooတို႔ကို အထင္လြဲတစ္မ်ိဳးျမင္ၾကအုံးမွာ ေသခ်ာပါတယ္
Jisooမွာ Jennieကို ၾကည့္ၿပီး ႏွလုံးခုန္ျမန္လာလို႔ အျမန္ တစ္ျခားဘက္ကို လွည့္လိုက္သည္
Jennie ေရပုံးနဲ႕တဘတ္ေတြ ယူၿပီး ႐ုံးခန္းအျပင္ထြက္သြားမွ Jisoo သက္ျပင္းခ်မိသြားတယ္
"ဟူး.... "
ခဏၾကာေတာ့ Jennie ျပန္ေရာက္လာၿပီး Jisoo မ်က္ႏွာကို ကိုင္လိုက္သည္
Jennie အျပဳအမူေၾကာင့္ Jisoo လန့္သြားတယ္
Jennieကေတာ့ တစ္ရႉးနဲ႕ Jisooရဲ႕ ႏႈတ္ခမ္းေဘးနားက အခ်ဥ္ရည္ေတြကို သုတ္ေပးေနသည္
အခ်ဥ္ရည္ေတြကို သုတ္ေပးရင္း Jisoo ရဲ႕ အသည္းပုံႏႈတ္ခမ္းေလးကို Jennie ေငးၾကည့္ေနမိသည္
Jisooကလည္း Jennie ႏႈတ္ခမ္းကို ၾကည့္ရင္း တစ္ေန႕က EXIT ေလွကားမွာ သူမတို႔ နမ္းေနခဲ့တဲ့အေၾကာင္း ျပန္ေတြးမိသြားသည္
ႏွစ္ေယာက္သား ကိုယ့္ကိုကိုယ္ေတာင္ မသိလိုက္ၾကဘဲ မ်က္ႏွာေတြဟာ တျဖည္းျဖည္း တိုးလာၿပီး နမ္းလုဆဲဆဲ ျဖစ္ေနသည္
Jisoo အသက္ရႉသံေတြက Jennie မ်က္ႏွာကို ရိုက္ခတ္ေနသည္ Jennieကလည္း Jisoo နမ္းမယ့္အခ်ိန္ မ်က္လုံးေလးမွိတ္ကာ ေစာင့္ေနသည္
"Jisoo Unnie ....Oh shit အခ်ိန္မွားၿပီး ဝင္လာတာဘဲ "
အသံတစ္သံေၾကာင့္ Jensooတို႔ လန့္ၿပီး ခြာလိုက္ၾကသည္ Jisooကဆို Jennieကိုေတာင္ တြန္းလိုက္ေသးသည္
Jennie မွာ တံခါးဘက္ကိုၾကည့္လိုက္ေတာ့ ေကာင္မေလးတစ္ေယာက္က ႐ုံးခန္းအျပင္ ျပန္ထြက္သြားတာ ေတြ႕ၿပီး အေနာက္ကေန လိုက္သြားသည္
"Lisa! "
Jensoo တို႔ နမ္းမလိုျမင္ကြင္းေၾကာင့္ ရွက္သြားတဲ့ ေကာင္မေလးမွာ တစ္ျခားသူမဟုတ္ Lisa ျဖစ္ေနသည္
"Jennie Unnie! "
Lisaမွာ Jennie ကို ေတြ႕ေတာ့ ေပ်ာ္ၿပီး ဖက္လိုက္သည္
"Aigoo ငါတို႔ အငယ္ေလးကို သတိရေနတာ "
Jennieလည္း Lisaကို ျပန္ဖက္ၿပီး ေျပာလိုက္သည္
Lisa ဆိုတာ Jisooရဲ႕ ေက်ာင္းတုံးက ဂ်ဴနီယာသူငယ္ခ်င္းေလ Jisooနဲ႕လည္း ခင္သလို Jennieနဲ႕လည္း ရင္းႏွီးသည္
"အဟမ္း "
ေခ်ာင္းဟန့္သံေၾကာင့္ Jennie လန့္ၿပီး Lisaကို ဖက္ထားရာမွ လႊတ္လိုက္သည္
အေနာက္ကို လွည့္ၾကည့္ေတာ့ Jisooက လက္ေနာက္ပစ္ကာ သူမကို မ်က္ေမွာင္ၾကဳတ္ၿပီး ၾကည့္ေနသည္
"Lisa လာ အထဲဝင္ေလ "
႐ုံးခန္းထဲ Lisa ဝင္လာေတာ့ Jisooမွာ
"Lisa ဒီကို ဘာလာလုပ္တာလည္း "
"ဒီနား ျဖတ္သြားရင္း Jisoo Unnieကို သတိရလို႔ လမ္းႀကဳံဝင္လာတာ .....အမေလး ဝင္ဝင္ခ်င္း ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ ဒီက အင္နိုးစန့္ေလးမွာ လန့္ျဖန့္သြား "
Lisa စကားေၾကာင့္ Jennie ရယ္လိုက္ေပမယ့္ Jisooမွာ ေခါင္းခါေနသည္
"လူလိမ္ ေလွ်ာက္ေျပာေနတယ္ ၾကည့္ နင္ ငါ့ကို သတိရတာထက္ ငါ့ဝန္ထမ္းတစ္ေယာက္ကို ငမ္းခ်င္လို႔ လာတာ မဟုတ္လား "
Jisooရဲ႕ စကားေၾကာင့္ Lisa ရွက္သြားၿပီး မ်က္ႏွာေလးနီရဲလာတယ္
"ဟယ္ Lisa နင္ companyက တစ္ေယာက္ေယာက္ကို ႀကိဳက္ေနတာလား "
Jennieေမးေတာ့ ရွက္ေနတဲ့ Lisaမွာ ေခါင္းညိတ္ျပသည္
"Wow ငါတို႔ Lisaေလးေတာင္ အ႐ြယ္ေရာက္လာၿပီဘဲ ကံေကာင္းတဲ့ သူက ဘယ္သူမ်ားလည္း "
Lisaရဲ႕ ဆံပင္ေလးကို လက္နဲ႕သပ္ၿပီး ေျပာေနတဲ့ Jennieကို Jisooကေတာ့ မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနသည္
"အာ သူက "
"Chaeyoungေလ "
Jisoo ျဖတ္ၿပီးေျပာလိုက္ေသာေၾကာင့္ Lisaမွာ Jisooကို မ်က္ေစာင္းထိုးကာ ၾကည့္ေနသည္
"Omo Chaeyoungကို နင္က ႀကိဳက္တာလား Chaeyoungက တကယ္ လွတဲ့ေကာင္မေလးေတာ့ နင္ တကယ္ေ႐ြးတတ္တယ္ေနာ္ လူဇိုးမ "
Lisa ပခုံးကို ရိုက္ၿပီး ေျပာေနတဲ့ Jennieကို Jisoo တစ္ေယာက္ သိပ္ မၾကည္ခ်င္ေတာ့ေပ
"Lisa likes Chaeyoung Lalisa like Chaeyoung "
Jennieမွာ ရွက္ေနတဲ့ ေကာင္မေလးကို စေနသည္
"ဒါေပမယ့္ Chaeyoungက Chawကို မႀကိဳက္ဘူးေလ "
Lisaရဲ႕ ဝမ္းနည္းေနတဲ့ မ်က္ႏွာေလးကို ျမင္လိုက္ရေတာ့ Jennie စိတ္မေကာင္း ျဖစ္သြားတယ္
"Jen Unnie ကူညီေပးရမလား Lisa... Chaeyoungနဲ႕ Unnieက ရင္းႏွီးတယ္ "
Jennieရဲ႕ စကားေၾကာင့္ Lisa မ်က္လုံးေလး အေရာင္ေတာက္သြားသည္
"တကယ္လား Jen Unnie. ...Chaw ကို ကူညီေပးမွာလား "
"ဒါေပါ့ "
"အား ေပ်ာ္လိုက္တာ Jen Unnieက အေကာင္းဆုံးဘဲ "
Lisaမွာ ေပ်ာ္ၿပီး Jennie ကို ဖက္လိုက္ေတာ့ Jisoo သက္ျပင္းခ်မိသည္
ခါတိုင္း Lisa လာလည္တာကို Jisoo ဘာမွမျဖစ္ေပမယ့္ ဒီေန႕ေတာ့ Lisa ဒီကိုေရာက္ေနတာ Jisoo သေဘာမက်ေပ
စိတ္ထဲ ခိုးလိုးခုလုျဖစ္ေနသည္.....Jennieရဲ႕ attentionကို Lisa ရလို႔ ျဖစ္ေကာင္းျဖစ္လိမ့္မည္....
Lisa ဘယ္ေတာ့ျပန္မွာလည္း
Jennieနဲ႕ ရယ္ေမာၿပီး စကားေျပာေနတဲ့ Lisa ကို ၾကည့္ၿပီး Jisoo တိုးတိုးေလး ေရ႐ြတ္လိုက္သည္
"ကဲ chaw ျပန္ေတာ့မယ္ Unnieတို႔ ...."
Lisa ေျပာၿပီး Jisoo ဆီ ေလွ်ာက္လာကာ Jisoo ကို ဖက္လိုက္သည္
ထို႔ေနာက္ Jennieကို ဖက္မယ္လုပ္ေတာ့ Lisa လက္ကို Jisoo အျမန္ဆြဲၿပီး
"လာ နင့္ကို ကားပါကင္ထိ လိုက္ပို႔ေပးမယ္ မ်ားေနၿပီ နင္ "
Jisooမွာ ေနာက္ဆုံးစကားကို Lisa မၾကားေအာင္ တိုးတိုးေလးေျပာလိုက္သည္
Lisooတို႔ ႐ုံးခန္းအျပင္ ထြက္သြားေတာ့ Jennieမွာ မွန္ျပတင္းေပါက္ကေန အျပင္ကို ေငးၾကည့္ေနသည္
ထိုစဥ္ ဖုန္းဝင္လာသည္
"Hello Appa "
"Jisoo လက္မွတ္ထိုးၿပီလား "
"Chaw ဘာမွမလုပ္ရေသးဘူး "
"ဘာေျပာတယ္ နင့္ကို ငါ အခ်ိန္ေပးထားတာ မလုံေလာက္ဘူးလား Jennie Kim "
"အခုမွ Jisooရဲ႕ ယုံၾကည္မႈ ရေအာင္ ႀကိဳးစားေနတုံးရွိပါေသးတယ္ "
"ငါ နင့္ကို တစ္ပတ္တိတိ အခ်ိန္ထပ္ေပးမယ္ ငါဖုန္းထပ္ဆက္တဲ့အခါ တိက်တဲ့အေျဖဘဲ လိုခ်င္တယ္ "
"တစ္ပတ္ ဟုတ္လား တစ္ပတ္ဆိုတာ Chaw. .."
"ငါ့ကို အထြန့္လာမတက္နဲ႕ Jennie တစ္ပတ္ေနာ္ တစ္ပတ္ ဒါဘဲ Jennie "
"ေနပါအုံး "
Jennieမွာ ေအာ္လိုက္ေပမယ့္ သူမ အေဖက ဖုန္းခ်သြားသည္
"မင္း ဘယ္သူနဲ႕ ဖုန္းေျပာေနတာလည္း "
Jisooရဲ႕ အသံေၾကာင့္ Jennie လိပ္ျပာလႊင့္မတတ္ လန့္သြားသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co