Truyen3h.Co

CEO Kim

Part 18

KimFany059

#Unicode

"Ms. Kim ငါ မေးထားတဲ့ Fileက ဘယ်မှာလည်း "

Jisooမှာ computerမှာ Typing ရိုက်ရင်း အလုပ်ရှုပ်နေတဲ့ သူမရဲ့ အတွင်းရေးမှူးကို မေးလိုက်သည်

"Ah တောင်းပန်ပါတယ် Jen မေ့သွားလို့ "

Jennie ထိုင်နေရာက ထလိုက်တော့ Jisooမှာ စိတ်တိုပြီး စားပွဲခုံကို ဘုန်းခနဲ ရိုက်လိုက်သည်

"အဲ့ file အကြောင်း မေးထားတာ ကြာပြီလေ အဲ့တာကို နင်က မေ့နေတယ်တဲ့လား...အလုပ်ကို သေချာမလုပ်နိုင်ဘူးလား Jennie Kim  "

"တောင်း တောင်းပန်ပါတယ်Jen အခုချက်ချင်း သွား ယူပေးပါမယ်"

Jennieမှာ Jisooဆီက ထပ်အအော်မခံချင်လို့ ရုံးခန်းထဲက အမြန်ပြေးထွက်သွားပြီး Fileကို သွားယူလေသည်

Jisooမှာ Jennie ကို အစောပိုင်းကတည်း စိတ်တိုပြီး နားမကြားတဲ့ သူတစ်ယောက်လို အော်ဟစ်နေသည်

Jennieကို အလုပ်ကိုလည်း အေးဆေးပေးမလုပ်ခိုင်း တစ်ချိန်လုံး အော်ဟစ်ဆူပူနေသည်

Jisoo ဘာလို့အခုလို ဖြစ်နေလည်းဆိုတာ Jennieနားမလည်ပေ

မနေ့ကလည်း Jisooကို စိတ်တိုအောင် Jennie ဘာမှလုပ်မထား ပြောမထားတာကို Jisooက ဘာတွေ စိတ်တိုနေလည်းဆိုတာ Jennie စဥ်းစားမရပေ

မနေ့က ဘယ်သူနဲ့ ဖုန်းပြောနေတာလည်းလို့ Jisooမေးတုံးက Jennie ချက်ချင်းဘဲ သူငယ်ချင်းလို့ ဖြေပြီး စကားလမ်းကြောင်း လွှဲပစ်လို့ စိတ်ဆိုးနေတာလားဆိုပြီး Jennie တွေးမိနေသည်

အဲ့တာလေးကို စိတ်ဆိုးစရာလားလို့ Jennie မေးချင်ပေမယ့် Jisooက သူမကို အော်မှာ ကြောက်လို့ Jennie မမေးရဲပေ...

Jisoo ယူခိုင်းတဲ့ file ကို Jennie ယူပြီး ပြန်လာစဥ် ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်မိလေသည်

"တောင်းပန်ပါတယ် မမြင်လို့ ဟင် Jaehee "

Jisoo ရုံးခန်းထဲက ထွက်လာတဲ့ ကောင်မလေးကို ဝင်တိုက်မိလို့ တောင်းပန်ပြီး ကြည့်လိုက်တော့ Jaehee ဖြစ်နေသည်

What the fuck ဒီကောင်မက Jisoo ရုံးခန်းထဲက ဘာလို့ ထွက်လာတာလည်း!!

Jennie တွေးနေစဥ် Jaeheeက မဲ့ပြုံးပြုံးပြီး Jennie ကို နှုတ်ဆက်လိုက်သည်

"ငါ့ကို သတိရနေတာလား ..."

"သေလိုက်လေ "

"ဟင်းဟင်း "

"လုပ်စရာအလုပ်တွေ ရှိသေးလို့ ငါနင်နဲ့ ရန်မဖြစ်နိုင်သေးဘူး Jaehee "

"နေပါအုံး Jennieရ....အင်းပါ နင်မအားဘူးဆိုလည်း မနက်ဖြန် tripမှာ တွေ့ကြမယ်နော် "

"နေပါအုံး မနက်ဖြန်သွားမယ် Trip စာရင်း ထဲ နင်မပါပါဘူးး "

"ခုနဘဲ ငါလိုက်လို့ရလားလို့ CEOကို သွားမေးတာ သူက ခွင့်ပြုလို့ လိုက်တာ ဘာဖြစ်လည်း...မနက်ဖြန်တွေ့မယ်နော် Jennie Kim "

နေပါအုံး! Jisooက သူ့ကို လိုက်ဖို့ ခွင့်ပြုတယ် ဟုတ်လား...မနေ့က meetingမှာ လူသုံးဆယ်ဘဲ ခေါ်မယ် လိုက်ရမယ်လို့ confirm ဖြစ်သွားတာကို Jisooက ဘာလို့ Jaeheeကို ခေါ်ဖို့ သဘောတူရတာလည်း  ....ကျစ် မနက်ဖြန် Jisoo အနား Jaehee မကပ်အောင်လုပ်ရမယ်

Jennie fileကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး စိတ်ထဲ ကြိမ်းဝါးလိုက်သည်

Jennie ရုံးခန်းထဲ ဝင်ဝင်ချင်း Jisooဆီက အအော်ခံရပြန်သည်

"ဘာလို့ အဲ့လောက်ကြာနေရတာလည်း "

"တောင်းပန်ပါတယ် ဓာတ်လှေကားစောင့်နေရလို့ပါ "

Jennie တောင်းပန်ပြီး fileကို Jisoo စားပွဲပေါ် တင်ကာ သူမထိုင်ခုံဘက်ပြန်သွားသည်

Jennieမှာ အလုပ်သာလုပ်နေရသည် Jisoo က ဘာလို့ Jaeheeကို tripမှာ လိုက်ဖို့ လက်ခံရလည်းဆိုတာ အရမ်းသိချင်လို့ မေးချင်စိတ်ကို ထိန်းထားရသည်

Jaehee လိုက်သင့်မလိုက်သင့် ဆုံးဖြတ်ရအောင် Jennieက CEO မဟုတ်ဘူးဆိုတာ သိပေမယ့် Jaeheeကို ဂရုမစိုက်တဲ့ Jisooက အခုတော့ Jaeheeကို လိုက်ခွင့်ပေးလိုက်တော့ Jennie စိတ်မကောင်းတော့ဖြစ်မိသည်

Jennie သက်ပြင်းချပြီး အလုပ်ကိုသာ အာရုံစိုက် လုပ်ဖို့ တွေးလိုက်သည်

Jennie အလုပ်လုပ်ရင်း laptopက နာရီကို ကြည့်တော့ ည ခုနှစ်နာရီထိုးတော့မည်

Jisoo အလုပ်ဆင်းချိန်မို့ Jennie ထရပ်ပြီး သတိပေးလိုက်သည်

"CEO ည ခုနှစ်နာရီထိုးပါတော့မယ် အလုပ်ဆင်းချိန်ရောက်ပါတော့မယ် "

Jisoo ခေါင်းညိတ်ပြီး လုပ်လက်စအလုပ်ကို လက်စသတ်လိုက်သည်

ထို့နောက် Jisoo သူ့အိတ်ကို လွယ်ပြီး အိမ်ပြန်ဖို့ ရုံးခန်းအပြင်ကို ထွက်သွားသည်

Jennieကတော့ Jisoo ရဲ့ စားပွဲခုံပေါ်က စာရွက်စာတမ်းတွေကို သွားရောက် သိမ်းဆည်းနေသည်..

"ဟင် Jisooရဲ့ ဖုန်း ကျန်ခဲ့တာဘဲ "

ခဏကြာတော့ Jisoo ရုံးခန်းထဲ ပြန်ဝင်လာသည်

စားပွဲခုံပေါ်က ဖုန်းကို Jisoo ကောက်ယူသွားပြီး

"အိမ်ကို သေချာပြန် "

"ဟုတ် CEO "

Jennieမှာ Jisooက သူမကို ဂရုစိုက်သောကြောင့် အရမ်းပျော်သွားပြီး ပြုံးပြလိုက်သည်

"အင်း သွားပြီ "

Jisoo နှုတ်ဆက်ပြီး ရုံးခန်းထဲက ထွက်သွားလေသည်

Jennieမှာ စားပွဲပေါ်က စာရွက်စာတမ်းတွေကို ရှင်းလင်းပြီး အိမ်ပြန်ဖို့ ပြင်လေသည်

Jennie company က ထွက်လာပြီး ဘတ်စ်ကား စီးကာ သူမ အိမ်ကို ပြန်သွားလေသည်

Jisooက သူမရဲ့ ဖုန်းကို မေ့ကျန်ခဲ့ချင်ယောင်ဆောင်ပြီး ရုံးခန်းထဲ ဝင်လာကာ Jennieကို အိမ်ပြန်ဖို့ သေချာမှာကြားခဲ့တာကို Jennie သိခဲ့ရင်

သူမပါသွားတဲ့ ဘတ်စ်ကားနောက် Jisooရဲ့ ကားက အနောက်ကနေ လိုက်လာကြည့်ခဲ့တာကို Jennie သိခဲ့မယ်ဆိုရင်....

Jennie အိမ်ပြန်ရောက်တော့ မနက်ဖြန် အတွက် အဝတ်အစားတွေ ပစ္စည်းတွေ မုန့်တွေ ပြင်ဆင်လေသည်

Jennieမှာ Jisoo နဲ့ ခရီးအတူထွက်ဖို့ စိတ်လှုပ်ရှားပြီး အိပ်မပျော်နိုင် ဖြစ်နေသည်

~~~~~~~~~~~~~~~~~~~~

Alarm မြည်သံကြောင့် Jennie အိပ်ရာက နိုးလာသည်

ခရီးထွက်ဖို့ conpany အရောက် ချိန်းထားတာ မနက် ရှစ်နာရီ အခု မနက် ခုနှစ်နာရီဆိုတော့ Jennie အိပ်ရာက ထပြီး ရေချိုးကာ မနက်စာမစားဘဲ အမြန် company ကို အထုပ်တွေနဲ့ ထွက်လာသည်

Jennie စိတ်လောနေပါတယ်ဆိုမှ ကားလမ်းတွေကလည်း ပိတ်နေသေးသည်

နာရီကို ငုံ့ကြည့်တော့ ရှစ်နာရီထိုးဖို့ ဆယ်မိနစ်သာလိုတော့သည်

Jennie တက္ကစီ သမားကိုအမြန် မောင်းခိုင်းရင်း Companyကို ရောက်လာသည်

"Jennie နင်နောက်ကျနေတာလား"

Chaeyoungက လှမ်းနှုတ်ဆက်တော့ Jennie ခေါင်းညိတ်ပြသည်

"CEOရော "

"သူတို့ကားက အရင်ထွက်သွားပြီ ငါတို့က Joohyun ကားနဲ့ လိုက်ရမှာ "

"ဘာ..."

Jisooက သူမကို မစောင့်ဘဲ ထွက်သွားလို့ Jennie စိတ်တိုပြီး ဝမ်းနည်းသွားသည်

"ဒါနဲ့ Jaeheeကရော "

"CEOတို့ ကားနဲ့ ပါသွားပြီလေ "

"ဘာ...."

Jennie ဒေါသတွေ ထွက်လွန်းလို့ အိပ်ရာထနောက်ကျတဲ့ သူမကိုယ်သူမ စိတ်ထဲကနေ ကျိန်ဆဲမိသည်

"လာ Jen ငါ့ဘေးနား လာထိုင်လေ "

Joohyunက သူမဘေးနား လာထိုင်ခိုင်းသောကြောင့် Jennie အားနာလို့ သွားထိုင်လိုက်သည်

"လူစုံပြီလား "

"လာပြီ လာပြီ ခဏ "

မုန့်ထုပ်တွေကိုင်ပြီး ကားဘက်ပြေးလာသူက Lisa. ....

Lisa အသက်ပြင်းပြင်း ရှုပြီး ​ကားပေါ်တက်ကာ Chaeyoung ဘေး ဝင်ထိုင်လိုက်သည်

"နင်က ဘာလာလုပ်တာလည်း Lisa"

"နင်နဲ့ ခရီးအတူလိုက်ချင်လို့ Jisooကို ခွင့်တောင်းခဲ့တာလေ"

သူမဆီ နေ့တိုင်း ချောင်းပေါက်မတတ် လာချောင်းတဲ့ Lisaကြောင့် Chaeyoung သက်ပြင်းချလိုက်သည်

"ဒီမှာ နင် ကားမူးရင် စားဖို့ အချဥ်တွေ ချိုချဥ်တွေ ဝယ်လာတယ် မနက်စာစားခဲ့လား ငါ ပေါင်မုန့်တွေ ဝယ်လာတယ် "

Lisa ပြောပြီး သူမ အိတ်ထဲက မုန့်တွေ ထုတ်လိုက်သည်

Jennieကတော့ သူမဘေးနား အကဲပိုနေတဲ့ Lisaကို ကြည့်ပြီး ခရီးတစ်လျှောက် နားညည်းမျက်စိနောက်တော့မယ်ဆိုတာ သိနေပြီလေ

#Tbc

#zawgyi

#Unicode



















"ငါ့ကို သတိရနေတာလား ..."

"သေလိုက်လေ "

"ဟင်းဟင်း "























"အိမ်ကို သေချာပြန် "

"ဟုတ် CEO "


"အင်း သွားပြီ "








~~~~~~~~~~~~~~~~~~~~








"CEOရော "


"ဘာ..."


"ဒါနဲ့ Jaeheeကရော "


"ဘာ...."




"လူစုံပြီလား "

"လာပြီ လာပြီ ခဏ "









#Tbc

Bạn đang đọc truyện trên: Truyen3h.Co