Part 19
#Unicode
Jennieတို့ သူမတို့ သွားနေတဲ့ tripနေရာကို ရောက်တော့ ရယ်မောပြီး ကားပေါ်က ဆင်းလာကြသည်
Lisaရဲ့ ကျေးဇူးကြောင့် တစ်လမ်းလုံး ကားပေါ်မှာ ရယ်သံတွေ ပြည့်နှက်ခဲ့တယ်လေ
Jennie ကားပေါ်ကနေ အထုပ်အပိုးတွေနဲ့ ဆင်းလာတော့ Joohyunက Jennie ရဲ့ အဝတ်အိတ်ကို ကောက်ယူသည်
"Joohyun "
"ကူသယ်ပေးမယ်လေ ငါက ကျောပိုးအိတ်တစ်လုံးစာဘဲ ယူလာတာ သယ်စရာမရှိဘူးရယ် "
"ကျေးဇူးတင်ပါတယ် Joohyun "
Jennieမှာ Joohyunကို ကျေးဇူးတင်စကားပြောပြီး သူမတို့ တည်းရမယ့်နေရာကို လျှောက်သွားကြသည်
ပတ်ဝန်းကျင်ရဲ့ လှပတဲ့ မြင်ကွင်းလေးတွေကို Jennie ကြည့်ရင်း စိတ်ထဲ အေးချမ်းနေမိသည်
သူမတို့အခု Beach Resort ကို ရောက်နေတာလေ ပင်လယ်လှိုင်းသံတွေ အငွေ့အသက်တွေကြား Jennie တကယ် စိတ်ညစ်စရာတွေ ခဏမေ့ပြီး အေးချမ်းနေမိသည်
ဒါပေမယ့် ရုတ်တရက် Jisooကို သတိရပြီး လိုက်ရှာမိသည်
သိပ်မရှာလိုက်ရ ကမ်းစပ်တွင် ဟာဝိုင်ရီ အဝတ်အစားလေး ဝတ်ပြီး လမ်းလျှောက်နေတဲ့ Jisooကို Jennie တွေ့လိုက်ရသည်
Jisooကို Jennie ပြုံးပြီး ကြည့်နေတုံး ရုတ်တရက် Jaehee ရောက်လာပြီး Jisooရဲ့ လက်မောင်းကို ကောက်တွဲလိုက်သောကြောင့် Jennie အပြုံးတွေ ပျောက်ကွယ်သွားသည်
Jisooဆီက တုံ့ပြန်မှုကို စောင့်နေပေမယ့် Jisoo က Jaehee ကို ဘာမှမလုပ်ဘဲ ငြိမ်နေသောကြောင့် Jennie မျက်နှာပျက်သွားသည်
"Unnie "
သူမလက်ကို ရုတ်တရက် လာတွဲတဲ့ Yeriကြောင့် Jennie လန့်သွားသည်
"အမလေး လန့်လိုက်တာ Yeriရယ် "
"Jaeheeကလေ CEOနဲ့ဆို အရမ်းအီစီကလီ လုပ်တာနော် ...CEOကလည်း Jaeheeကို အဲ့လို လုပ်ခွင့်ပေးထားတယ်နော် သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုတော့ တစ်ခုခုဘဲ Unnieရော အဲ့လို တွေးမိတယ်မလား "
"နင်က ဘာလို့ အဲ့လိုတွေးပြီး ဘာလို့ ငါ့လာမေးနေတာလည်း Yeri "
"Unnieက CEOနား အမြဲ ရှိနေတော့ တစ်ခုခုများ သိနေမလားလို့ မေးကြည့်တာပါ "
"မသိဘူးလေ "
Jennie ဘာမှဆက်မပြောတော့ဘဲ Jisooတို့ အီစီကလီကို မမြင်ချင်လို့ ထွက်လာခဲ့သည်
ဝန်ထမ်းအားလုံး သူတို့တည်းခိုစရာနေရာမှာ ပစ္စည်းတွေ ချပြီးနားနေစဥ် Jisooက တစ်ခုခုကို ရှင်းပြစရာရှိလို့ဆိုပြီး လူစုခိုင်းသည်
Jennie လည်း Jisooကို တွေ့ရဖို့ ရှေ့ဆုံးကနေ ရောက်အောင် ပစ္စည်းတွေချပြီး ပြေးသွားသည်
"အားလုံးဘဲ ပျော်ချင်ကြတယ်ဆိုတာ သိပါတယ် ပျော်စရာခရီးထက် အလုပ်ကိစ္စအနေနဲ့ ခရီးထွက်လာတာဆိုတာ အားလုံး သိတယ်မဟုတ်လား..."
Jisooရဲ့ စကားကြောင့် ဝန်ထမ်းတွေ ခေါင်းညိတ်ပြသည်
"ဒါပေမယ့် အခုလုပ်နေတဲ့ အလုပ်ကိစ္စတွေပြီးရင် တန်းမပြန်ဘဲ တစ်ရက်ထပ်နေခိုင်းမယ် မင်းတို့ အားလုံး စိတ်ကြိုက်ပျော်လို့ရအောင်လို့ "
"Yeah "
Jisoo စကားကြောင့် ဝန်ထမ်းတွေမှာ လက်ခုပ်တီးကြတဲ့သူတွေနဲ့ ထခုန်ကြတဲ့သူတွေနဲ့ ပျော်နေကြသည်
Jisooမှာ သူ့ဝန်ထမ်းတွေက သူ့ကို ချီးကျူးတဲ့ စကားတွေကို ပြုံးပြီး နားထောင်ရင်း သူမကို ပြုံးကြည့်နေတဲ့ Jennieကို တွေ့တော့ ချက်ချင်း မျက်နှာလွှဲသွားသည်
"Monkey. ..ငါ့ကို အဲ့သစ်သားတုံးပေး "
Chaeyoungရဲ့ စကားကြောင့် Lisaမှာ အမြန် သူ့ရှေ့က သစ်သားတုံးကို ယူပြီး Chaeyoungကို ပေးလိုက်သည်
Chaeyoungတို့မှာ သဘာဝပတ်ဝန်းကျင် ပုံစံအတိုင်း ကျွန်းပေါ် တွင် ဖန်တီးနေပြီး Jennieမှာတော့ Joohyunတို့နဲ့အတူ ကျွန်းပေါ်တွင် ပန်းသီးခူးနေသည်
Jennie မှာ ပန်းသီးကို ခုန်ခူးရင်း လဲကျမလို ဖြစ်သွားစဥ် သူမရဲ့ အနောက်မှာ ရှိတဲ့ Joohyunက Jennieကို လှမ်းဖမ်းလိုက်သည်
Joohyun ရဲ့ ရင်ခွင်ထဲ Jennie ပြုတ်ကျသွားပြီး နှစ်ယောက်သား တစ်ယောက်မျက်လုံးကို တစ်ယောက် စိုက်ကြည့်နေကြသည်
Joohyunရဲ့ မျက်နှာက ရှေ့သို့ ဖြည်းဖြည်းချင်းတိုးလာစဥ် Jisooရဲ့ အော်သံကို ကြားလိုက်ရသည်
Jennie ချက်ချင်း Joohyun ဆီက အမြန်ထလာပြီး Jisooကို လှည့်ကြည့်တော့ Jisooမှာ မြေကြီးပေါ်တွင် လဲကျနေသည်
ဝန်ထမ်းတွေပြောတာတော့ ပန်းသီးကို ခုန်ခူးရင်း ပြုတ်ကျတယ်ဆိုဘဲ
Lisaမှာ အမြန် Jisooကို ဆွဲထူပြီး ကုန်းပိုးလိုက်သည်
"Lisa သူ့ကို သူ့အခန်းပို့ပေးပါ "
Jennieရဲ့ စကားကို Lisa ခေါင်းညိတ်ပြပြီး Jisoo ကို ကုန်းပိုးခေါ်သွားလေသည်
Jennieမှာ စိတ်ပူပြီး Lisaတို့နောက် လိုက်သွားတော့ Joohyunလည်း Jennie နောက်ကို လိုက်သွားသည်
Jaeheeက Jisooနောက်ကို လိုက်မယ်လုပ်တော့ Chaeyoungက Jaehae ရဲ့ ရှေ့တွင် ပိတ်ရပ်လိုက်သည်
"Jaehee shii ကိုယ့်အလုပ်ကို ပြီးအောင်လုပ်ပါ "
Chaeyoungကို Jaehee အထွန့်တက်လို့မရဘူးလေ Chaeyoung က ဒီ Project ရဲ့ ခေါင်းဆောင်ကိုး
ဒါကြောင့်မို့ Jaehee သက်ပြင်းချပြီး သူမလုပ်စရာ ရှိတာဆက်လုပ်နေသည်
Chaeyoungနဲ့ Yeriမှာ အောင်နိုင်သူပီပီ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ပြလိုက်ကြသည်
Jisooရဲ့ အခန်းထဲ ရောက်တော့ Lisaမှာ ကုတင်ပေါ်သို့ Jisooကို တင်ပေးလိုက်သည်
"ကျေးဇူး Lisa နင်တို့ သွားလို့ရပြီ "
Jisooက နှင်ထုတ်တော့ Lisaနဲ့ Joohyunမှာ ထွက်သွားဖို့ လုပ်ပေမယ့် Jennieကတော့ ကုတင်ဘေးနား ရပ်နေသည်
"Unnie သွားမယ်လေ "
Lisaက သွားဖို့ လာခေါ်ပေမယ့် Jennieကတော့ ခေါင်းခါပြပြီး
"နင်တို့ သွားနှင့်ပါ ငါ CEOကို ဆေးထည့် "
"ထည့်ပေးစရာမလိုဘူး ငါ့ဘာသာငါ ထည့်နိုင်တယ် "
Jisooရဲ့ လေသံမာမာနဲ့ စကားကြောင့် Lisaတို့မှာ ဘာပြန်ပြောရမှန်းမသိပေ
"ရပါတယ် Jen ထည့်ပေး "
"နင် သောက်နားကန်းနေတာလား ငါ့ဘာသာငါ ထည့်နိုင်တယ်လို့ ပြောနေတယ်လေ နင်က ငါ့စကားကို "
Jisoo စကားမဆုံးသေး တံခါးပေါက်နားရောက်နေပြီဖြစ်တဲ့ Joohyunမှာ ချက်ချင်း Jennie ဆီ ရောက်လာပြီး Jennieရဲ့ လက်ကို တွဲလိုက်သည်
Jisooမှာ Jennieရဲ့လက်ကို ကောက်တွဲတဲ့ သူ့အစ်မ ဝမ်းကွဲကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်
"သူ့ဘာသာသူ လုပ်ပါစေ လာ သွားမယ် Jen "
"Joohyun. ...Jen က သူ့ကို ဂရုစိုက်ရမှာလေ ရပါတယ် Joohyunnie ဘာသာ အရင်သွားနှင့်ပါ "
Jennie ပြောပြီး Joohyunလက်ကို ဖယ်ပေမယ့် Joohyunက သူ့လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်
"သူ့ဘာသာသူ လုပ်နိုင်တယ်တဲ့ Jen သွားမယ် လာစမ်းပါ"
Jisooမှာ သူ့ရှေ့ Jennieကို အရမ်းကာကွယ်ပေးနေတဲ့ Joohyunကို အံကြိတ်ကာ ကြည့်နေသည်
Lisaကတော့ ညီအစ်မနှစ်ယောက် ချကြတော့မှာကို မကြည့်ရဲလို့ အခန်းထဲက ထွက်သွားသည်
"သူက ငါ့အတွင်းရေးမှူးဘဲ ငါ့ကို ဂရုစိုက်ရမှာပေါ့ Joohyun. ..."
Jisooရဲ့ စကားကြောင့် Joohyun မျက်မှောင်ကြုတ်ပြီး Jisooကို ကြည့်နေသည်
"နင်ဘဲ ကိုယ့်ဘာသာကိုယ် ဆေးထည့်နိုင်တယ်ဆို အခုကျ တစ်မျိုးပြောပြန်ပြီ "
Jennieမှာ Jisooနဲ့ Joohyunကြား ဘာလုပ်ရမလည်း မသိ ဖြစ်နေသည်
Joohyunကလည်း Jennieရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပြီး Jisooကို ကြည့်နေသလို Jisooကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အံကြိတ်ကာ Joohyun ကို ကြည့်နေသည်
#Tbc
#Zawgyi
Jennieတို႔ သူမတို႔ သြားေနတဲ့ tripေနရာကို ေရာက္ေတာ့ ရယ္ေမာၿပီး ကားေပၚက ဆင္းလာၾကသည္
Lisaရဲ႕ ေက်းဇူးေၾကာင့္ တစ္လမ္းလုံး ကားေပၚမွာ ရယ္သံေတြ ျပည့္ႏွက္ခဲ့တယ္ေလ
Jennie ကားေပၚကေန အထုပ္အပိုးေတြနဲ႕ ဆင္းလာေတာ့ Joohyunက Jennie ရဲ႕ အဝတ္အိတ္ကို ေကာက္ယူသည္
"Joohyun "
"ကူသယ္ေပးမယ္ေလ ငါက ေက်ာပိုးအိတ္တစ္လုံးစာဘဲ ယူလာတာ သယ္စရာမရွိဘူးရယ္ "
"ေက်းဇူးတင္ပါတယ္ Joohyun "
Jennieမွာ Joohyunကို ေက်းဇူးတင္စကားေျပာၿပီး သူမတို႔ တည္းရမယ့္ေနရာကို ေလွ်ာက္သြားၾကသည္
ပတ္ဝန္းက်င္ရဲ႕ လွပတဲ့ ျမင္ကြင္းေလးေတြကို Jennie ၾကည့္ရင္း စိတ္ထဲ ေအးခ်မ္းေနမိသည္
သူမတို႔အခု Beach Resort ကို ေရာက္ေနတာေလ ပင္လယ္လွိုင္းသံေတြ အေငြ႕အသက္ေတြၾကား Jennie တကယ္ စိတ္ညစ္စရာေတြ ခဏေမ့ၿပီး ေအးခ်မ္းေနမိသည္
ဒါေပမယ့္ ႐ုတ္တရက္ Jisooကို သတိရၿပီး လိုက္ရွာမိသည္
သိပ္မရွာလိုက္ရ ကမ္းစပ္တြင္ ဟာဝိုင္ရီ အဝတ္အစားေလး ဝတ္ၿပီး လမ္းေလွ်ာက္ေနတဲ့ Jisooကို Jennie ေတြ႕လိုက္ရသည္
Jisooကို Jennie ၿပဳံးၿပီး ၾကည့္ေနတုံး ႐ုတ္တရက္ Jaehee ေရာက္လာၿပီး Jisooရဲ႕ လက္ေမာင္းကို ေကာက္တြဲလိုက္ေသာေၾကာင့္ Jennie အၿပဳံးေတြ ေပ်ာက္ကြယ္သြားသည္
Jisooဆီက တုံ႕ျပန္မႈကို ေစာင့္ေနေပမယ့္ Jisoo က Jaehee ကို ဘာမွမလုပ္ဘဲ ၿငိမ္ေနေသာေၾကာင့္ Jennie မ်က္ႏွာပ်က္သြားသည္
"Unnie "
သူမလက္ကို ႐ုတ္တရက္ လာတြဲတဲ့ Yeriေၾကာင့္ Jennie လန့္သြားသည္
"အမေလး လန့္လိုက္တာ Yeriရယ္ "
"Jaeheeကေလ CEOနဲ႕ဆို အရမ္းအီစီကလီ လုပ္တာေနာ္ ...CEOကလည္း Jaeheeကို အဲ့လို လုပ္ခြင့္ေပးထားတယ္ေနာ္ သူတို႔ႏွစ္ေယာက္ၾကားမွာ တစ္ခုခုေတာ့ တစ္ခုခုဘဲ Unnieေရာ အဲ့လို ေတြးမိတယ္မလား "
"နင္က ဘာလို႔ အဲ့လိုေတြးၿပီး ဘာလို႔ ငါ့လာေမးေနတာလည္း Yeri "
"Unnieက CEOနား အၿမဲ ရွိေနေတာ့ တစ္ခုခုမ်ား သိေနမလားလို႔ ေမးၾကည့္တာပါ "
"မသိဘူးေလ "
Jennie ဘာမွဆက္မေျပာေတာ့ဘဲ Jisooတို႔ အီစီကလီကို မျမင္ခ်င္လို႔ ထြက္လာခဲ့သည္
ဝန္ထမ္းအားလုံး သူတို႔တည္းခိုစရာေနရာမွာ ပစၥည္းေတြ ခ်ၿပီးနားေနစဥ္ Jisooက တစ္ခုခုကို ရွင္းျပစရာရွိလို႔ဆိုၿပီး လူစုခိုင္းသည္
Jennie လည္း Jisooကို ေတြ႕ရဖို႔ ေရွ႕ဆုံးကေန ေရာက္ေအာင္ ပစၥည္းေတြခ်ၿပီး ေျပးသြားသည္
"အားလုံးဘဲ ေပ်ာ္ခ်င္ၾကတယ္ဆိုတာ သိပါတယ္ ေပ်ာ္စရာခရီးထက္ အလုပ္ကိစၥအေနနဲ႕ ခရီးထြက္လာတာဆိုတာ အားလုံး သိတယ္မဟုတ္လား..."
Jisooရဲ႕ စကားေၾကာင့္ ဝန္ထမ္းေတြ ေခါင္းညိတ္ျပသည္
"ဒါေပမယ့္ အခုလုပ္ေနတဲ့ အလုပ္ကိစၥေတြၿပီးရင္ တန္းမျပန္ဘဲ တစ္ရက္ထပ္ေနခိုင္းမယ္ မင္းတို႔ အားလုံး စိတ္ႀကိဳက္ေပ်ာ္လို႔ရေအာင္လို႔ "
"Yeah "
Jisoo စကားေၾကာင့္ ဝန္ထမ္းေတြမွာ လက္ခုပ္တီးၾကတဲ့သူေတြနဲ႕ ထခုန္ၾကတဲ့သူေတြနဲ႕ ေပ်ာ္ေနၾကသည္
Jisooမွာ သူ႕ဝန္ထမ္းေတြက သူ႕ကို ခ်ီးက်ဴးတဲ့ စကားေတြကို ၿပဳံးၿပီး နားေထာင္ရင္း သူမကို ၿပဳံးၾကည့္ေနတဲ့ Jennieကို ေတြ႕ေတာ့ ခ်က္ခ်င္း မ်က္ႏွာလႊဲသြားသည္
"Monkey. ..ငါ့ကို အဲ့သစ္သားတုံးေပး "
Chaeyoungရဲ႕ စကားေၾကာင့္ Lisaမွာ အျမန္ သူ႕ေရွ႕က သစ္သားတုံးကို ယူၿပီး Chaeyoungကို ေပးလိုက္သည္
Chaeyoungတို႔မွာ သဘာဝပတ္ဝန္းက်င္ ပုံစံအတိုင္း ကြၽန္းေပၚ တြင္ ဖန္တီးေနၿပီး Jennieမွာေတာ့ Joohyunတို႔နဲ႕အတူ ကြၽန္းေပၚတြင္ ပန္းသီးခူးေနသည္
Jennie မွာ ပန္းသီးကို ခုန္ခူးရင္း လဲက်မလို ျဖစ္သြားစဥ္ သူမရဲ႕ အေနာက္မွာ ရွိတဲ့ Joohyunက Jennieကို လွမ္းဖမ္းလိုက္သည္
Joohyun ရဲ႕ ရင္ခြင္ထဲ Jennie ျပဳတ္က်သြားၿပီး ႏွစ္ေယာက္သား တစ္ေယာက္မ်က္လုံးကို တစ္ေယာက္ စိုက္ၾကည့္ေနၾကသည္
Joohyunရဲ႕ မ်က္ႏွာက ေရွ႕သို႔ ျဖည္းျဖည္းခ်င္းတိုးလာစဥ္ Jisooရဲ႕ ေအာ္သံကို ၾကားလိုက္ရသည္
Jennie ခ်က္ခ်င္း Joohyun ဆီက အျမန္ထလာၿပီး Jisooကို လွည့္ၾကည့္ေတာ့ Jisooမွာ ေျမႀကီးေပၚတြင္ လဲက်ေနသည္
ဝန္ထမ္းေတြေျပာတာေတာ့ ပန္းသီးကို ခုန္ခူးရင္း ျပဳတ္က်တယ္ဆိုဘဲ
Lisaမွာ အျမန္ Jisooကို ဆြဲထူၿပီး ကုန္းပိုးလိုက္သည္
"Lisa သူ႕ကို သူ႕အခန္းပို႔ေပးပါ "
Jennieရဲ႕ စကားကို Lisa ေခါင္းညိတ္ျပၿပီး Jisoo ကို ကုန္းပိုးေခၚသြားေလသည္
Jennieမွာ စိတ္ပူၿပီး Lisaတို႔ေနာက္ လိုက္သြားေတာ့ Joohyunလည္း Jennie ေနာက္ကို လိုက္သြားသည္
Jaeheeက Jisooေနာက္ကို လိုက္မယ္လုပ္ေတာ့ Chaeyoungက Jaehae ရဲ႕ ေရွ႕တြင္ ပိတ္ရပ္လိုက္သည္
"Jaehee shii ကိုယ့္အလုပ္ကို ၿပီးေအာင္လုပ္ပါ "
Chaeyoungကို Jaehee အထြန့္တက္လို႔မရဘူးေလ Chaeyoung က ဒီ Project ရဲ႕ ေခါင္းေဆာင္ကိုး
ဒါေၾကာင့္မို႔ Jaehee သက္ျပင္းခ်ၿပီး သူမလုပ္စရာ ရွိတာဆက္လုပ္ေနသည္
Chaeyoungနဲ႕ Yeriမွာ ေအာင္နိုင္သူပီပီ တစ္ေယာက္ကို တစ္ေယာက္ မ်က္စပစ္ျပလိုက္ၾကသည္
Jisooရဲ႕ အခန္းထဲ ေရာက္ေတာ့ Lisaမွာ ကုတင္ေပၚသို႔ Jisooကို တင္ေပးလိုက္သည္
"ေက်းဇူး Lisa နင္တို႔ သြားလို႔ရၿပီ "
Jisooက ႏွင္ထုတ္ေတာ့ Lisaနဲ႕ Joohyunမွာ ထြက္သြားဖို႔ လုပ္ေပမယ့္ Jennieကေတာ့ ကုတင္ေဘးနား ရပ္ေနသည္
"Unnie သြားမယ္ေလ "
Lisaက သြားဖို႔ လာေခၚေပမယ့္ Jennieကေတာ့ ေခါင္းခါျပၿပီး
"နင္တို႔ သြားႏွင့္ပါ ငါ CEOကို ေဆးထည့္ "
"ထည့္ေပးစရာမလိုဘူး ငါ့ဘာသာငါ ထည့္နိုင္တယ္ "
Jisooရဲ႕ ေလသံမာမာနဲ႕ စကားေၾကာင့္ Lisaတို႔မွာ ဘာျပန္ေျပာရမွန္းမသိေပ
"ရပါတယ္ Jen ထည့္ေပး "
"နင္ ေသာက္နားကန္းေနတာလား ငါ့ဘာသာငါ ထည့္နိုင္တယ္လို႔ ေျပာေနတယ္ေလ နင္က ငါ့စကားကို "
Jisoo စကားမဆုံးေသး တံခါးေပါက္နားေရာက္ေနၿပီျဖစ္တဲ့ Joohyunမွာ ခ်က္ခ်င္း Jennie ဆီ ေရာက္လာၿပီး Jennieရဲ႕ လက္ကို တြဲလိုက္သည္
Jisooမွာ Jennieရဲ႕လက္ကို ေကာက္တြဲတဲ့ သူ႕အစ္မ ဝမ္းကြဲကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနသည္
"သူ႕ဘာသာသူ လုပ္ပါေစ လာ သြားမယ္ Jen "
"Joohyun. ...Jen က သူ႕ကို ဂ႐ုစိုက္ရမွာေလ ရပါတယ္ Joohyunnie ဘာသာ အရင္သြားႏွင့္ပါ "
Jennie ေျပာၿပီး Joohyunလက္ကို ဖယ္ေပမယ့္ Joohyunက သူ႕လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားသည္
"သူ႕ဘာသာသူ လုပ္နိုင္တယ္တဲ့ Jen သြားမယ္ လာစမ္းပါ"
Jisooမွာ သူ႕ေရွ႕ Jennieကို အရမ္းကာကြယ္ေပးေနတဲ့ Joohyunကို အံႀကိတ္ကာ ၾကည့္ေနသည္
Lisaကေတာ့ ညီအစ္မႏွစ္ေယာက္ ခ်ၾကေတာ့မွာကို မၾကည့္ရဲလို႔ အခန္းထဲက ထြက္သြားသည္
"သူက ငါ့အတြင္းေရးမႉးဘဲ ငါ့ကို ဂ႐ုစိုက္ရမွာေပါ့ Joohyun. ..."
Jisooရဲ႕ စကားေၾကာင့္ Joohyun မ်က္ေမွာင္ၾကဳတ္ၿပီး Jisooကို ၾကည့္ေနသည္
"နင္ဘဲ ကိုယ့္ဘာသာကိုယ္ ေဆးထည့္နိုင္တယ္ဆို အခုက် တစ္မ်ိဳးေျပာျပန္ၿပီ "
Jennieမွာ Jisooနဲ႕ Joohyunၾကား ဘာလုပ္ရမလည္း မသိ ျဖစ္ေနသည္
Joohyunကလည္း Jennieရဲ႕ လက္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ၿပီး Jisooကို ၾကည့္ေနသလို Jisooကလည္း လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ၿပီး အံႀကိတ္ကာ Joohyun ကို ၾကည့္ေနသည္
#Tbc
Bạn đang đọc truyện trên: Truyen3h.Co