Part 20
#Unicode
"ငါ့အတွင်းရေးမှူးကို ရွေးခိုင်းလိုက် "
Jisooရဲ့ စကားကြောင့် Jennieမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်
Jisooနဲ့ Joohyunမှာလည်း Jennieရဲ့ ရွေးချယ်မှု အဖြေကို စောင့်နေကြသည်
Jennie သက်ပြင်းချပြီး Joohyun ဘက်ကို လှည့်ကာ Joohyun ရဲ့ လက်ကို ကိုင်လိုက်သည်
Joohyunရဲ့ လက်ကို Jennieက ကိုင်လိုက်သောကြောင့် Jisoo နည်းနည်းတော့ လန့်နေသည်
သူ ငါ့ကို မရွေးဘဲ Joohyunကို ရွေးမလို့လား!
"Joohyunnie "
"Jennie "
"အရင်ပြန်နှင့်လိုက်နော် Jenက CEOကို ဆေးထည့်ပြီးရင် လိုက်လာခဲ့ပါမယ်"
Joohyunရဲ့ လက်နှစ်ဖက်ကို ဆုပ်ကိုင်ပြီး Jennie ပြောလိုက်သည်
Jennie ဘာလို့ Joohyun အပေါ်နူးနူးညံ့ညံ့နဲ့ နှစ်သိမ့်ပေးနေသလို ပြောနေလည်းဆိုတာ Jennieကိုယ်တိုင်လည်း နားမလည်....Joohyunက ဘာလို့ သူ့ကို ဒီလိုဆက်ဆံနေတယ်ဆိုတာလည်း Jennie နားမလည်ပေ
Joohyunက သူငယ်ချင်းမို့လို့ Jennieကို စိတ်ပူနေတာ မဟုတ်လား!
Jisooက သူ့ကို အနိုင်နဲ့ပိုင်းသွားသလို ခံစားရလို့ Joohyun သက်ပြင်းချမိလိုက်သည်
"အင်းပါ တို့ စောင့်နေပါမယ် "
Jennieရဲ့ လက်ကို ကိုင်ပြီး Joohyun နမ်းလိုက်သောကြောင့် Jisooရော Jennieပါ အံ့သြသွားရသည်
Jisooက မျက်မှောင်ကြုတ်ကာ Jennieကို ကြည့်နေပေမယ့် Jennieကတော့ ဆေးသေတ္တာဘူးကို ယူကာ Jisooရဲ့ လက်ကို ကိုင်ပြီး ဆေးထည့်ပေးနေသည်
"ကဲ ဆေးလိမ်းပြီးသွားပြီ "
Jennieမှာ သူမကို စိုက်ကြည့်နေတဲ့ Jisooရဲ့ အကြည့်တွေကို ရှောင်ပြီး ပြောလိုက်သည်
Jisooမှာ ဘာမှမပြောဘဲ Jennieကိုဘဲ စိုက်ကြည့်နေသေကြောင့် Jennie အနေရခက်လာသည်
"ဘာလို့ ကြည့်နေတာလည်း "
"မင်းနဲ့ Joohyun က ဘာတွေလည်း "
"Jenတို့က သူငယ်ချင်းတွေလေ..."
Jennieရဲ့ အဖြေကြောင့် Jisooမှာ မျက်ခုံးပင့်သွားတယ်
"တကယ်လား သူ့ကြည့်ရတာက မင်းကို ကြိုက်နေတဲ့ပုံဘဲနော် Jennie "
"Jenလည်း သူ့ကို သဘောကျပါတယ် "
Jennieရဲ့ စကားကြောင့် Jisoo စိတ်တိုသွားပြီး Jennieရဲ့ လက်မောင်းကို ဆောင့်ဆွဲလိုက်သည်
"ဘာ မင်းက ငါ့အမ ဝမ်းကွဲကို သဘောကျနေတာ ဟုတ်လား "
"ဟုတ်တယ်လေ သူငယ်ချင်းတွေက တစ်ယောက်ကိုတစ်ယောက် သဘောကျလို့ သူငယ်ချင်းဖြစ်လာတာ မဟုတ်ဘူးလား Jenသာ သူ့ကို သဘောမကျရင် Jen သူငယ်ချင်းဖြစ်လာမှာ မဟုတ်ဘူးလေ"
Jennieရဲ့ စကားကြောင့် Jisoo overလုပ်မိတဲ့ သူ့ကိုယ်သူ စိတ်တိုသွားပြီး ရိုက်ချင်စိတ် ဖြစ်လာသည်
"အော်.... အင်း "
"ဆေးထည့်ပြီးပြီဆိုတော့ jen သွားတော့မယ်နော် တစ်ခုခုလိုရင် ဖုန်းဆက်ခေါ်လိုက်ပါ "
Jennie ပြောပြီး ထရပ်တော့ Jisooက သူမရဲ့လက်ကို လှမ်းဆွဲသည်
"တစ်ခုခုလိုလို့လား CEO '
Jennie ကမေးပေမယ့် Jisoo ကတော့ သူမကိုသာ စိုက်ကြည့်နေသည်
ဆေးထည့်ပေးကတည်းက သူမကို စိုက်ကြည့်နေတဲ့ Jisooကို Jennie သတိထားမိသည် ယခုလည်း ဘာကြောင့်ထပ်ပြီး စိုက်ကြည့်နေမှန်း Jennie သဘောမပေါက်ပေ
"ဘာ ဘာမှမဟုတ်ဘူး သွားတော့ "
"ဟုတ် CEO "
Jisooကို Jennie နှုတ်ဆက်ပြီး အခန်းအပြင်ဘက်ကို ထွက်သွားသည်
Jennie ထွက်သွားတဲ့အခါမှ Jisoo သက်ပြင်းအကြီးကြီးချလိုက်သည်
Jisoo စိတ်တွေ ရှုပ်ထွေးနေသည် Jennie ကို ဒီတိုင်းလွှတ်ထားလို့ မဖြစ်သလို Jennieက သူမကိုထပ်ပြီး အရူးလုပ်မှာလည်း ကြောက်သည်
Jennieကို ဒီတိုင်းလွှတ်ထားလို့မဖြစ်မှန်းလည်း တစ်စုံတစ်ယောက်က ခြိမ်းခြောက်နေတယ် ဟုတ်ပါတယ် သူမရဲ့ အမဝမ်းကွဲ Joohyunက JisooကိုJennieနဲ့ ပတ်သက်ပြီး ကြောက်အောင် ခြိမ်းခြောက်နေတယ်
Joohyunက Jennieကို ကြိုက်နေမှန်း Jisoo သိသည်.....Joohyunဆိုတဲ့ တစ်ယောက်က သူသဘောကျနှစ်သက်တဲ့ အရာကို ရအောင်ယူတတ်တဲ့သူမှန်း Jisooသိလို့ စိတ်ပူနေမိသည်
Jennieကလည်း Joohyunကို သဘောကျတယ်ပြောလို့ သူ့လက်ထဲကနေ Jennieကို Joohyun လုယူသွားမှာ ကြောက်နေသည်
"Fuck ဘဲ Jennie နဲ့ငါက ဘာမှမဟုတ်တော့တာကို ငါက ဘာဖြစ်နေတာလည်း "
Jisoo စိတ်တွေရှုပ်ထွေးလာပြီး အရမ်းစိတ်တိုလာလို့ သူမဘေးနားက ဆေးသေတ္တာဘူးကို လွှင့်ပစ်ပြီး ကျိန်ဆဲလိုက်သည်
"နင့်ဘဝကို ထပ်ပြီး သူ ဖျက်စီးတာ လက်မခံနဲ့ Jisoo သူလိုချင်တာ ရပြီးရင် သူက နင့်ကို နာကျင်အောင်လုပ်ပြီး ထပ်ထားသွားမှာ Jisooရ..."
Jisoo သူ့ကိုယ်သူ ပြောရင်း သတိပေးရင်း သူ့ပါးပေါ်သို့ မျက်ရည်တွေကျလာသည်
နောက်တစ်နေ့ကိုရောက်သောအခါ Jennie တည်ခိုးဆောင်အပြင်ဘက်ကို ထွက်လာရင်း ကမ်းစပ်နားတွင် ရပ်နေတဲ့ Jisoo ကို တွေ့ရလေသည်
Jennie သက်သာလားမေးဖို့ Jisooဆီ သွားပေမယ့် Jaeheeက ရောက်လာပြီး Jisooရဲ့ လက်မောင်းကို ကောက်တွဲလိုက်သောကြောင့် Jennieရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားတယ်
"Jaehee ဘာလုပ်တာလည်း "
"နေ့လည်စာ သွားစားရအောင် ဗိုက်ဆာနေတယ် မဟုတ်လား "
"ငါ... မဆာဘူး နင့်ဘာသာနင် သွားစားလိုက် "
Jisoo ငြင်းပြီး သူမ အခန်းဘက် သွားမယ်လုပ်စဥ် သူမတို့ကို ရပ်ကြည့်နေတဲ့ Jennieကို မြင်သောအခါ Jisoo ချက်ချင်း Jaeheeရဲ့ လက်ကို တွဲလိုက်သည်
"Ok သွားစားကြစို့ "
Jisooရဲ့ အပြုအမူကြောင့် Jaeheeမှာ ပျော်သွားပေမယ့် Jennieမှာတော့ ရင်ထဲ ဆစ်ခနဲ နာကျင်သွားရသည်
"Hey Jen. ..."
Joohyunရဲ့ အသံကြောင့် Jennie သူမရဲ့ မျက်ရည်တွေကို အမြန်သုတ်ပစ်လိုက်သည်
"နေ့လည်စာ သွားစားရအောင် '
Joohyunအပြင် Chaelisa ပါ ရောက်လာသည်
"Jen ဗိုက်မဆာ"
"လာပါ Jenရယ် သူတို့နှစ်ယောက်ကြား ငါတစ်ယောက်တည်း Thirdwheel ဖြစ်ပြီး အထီးမကျန်ချင်လို့ "
Joohyun ပြောပြီး Jennieရဲ့ လက်ကိုကောက်တွဲခေါ်လာသောကြောင့် Jennie ငြင်းမရဘဲ လိုက်သွားလိုက်သည်
Jisooမှာ Jaehee နဲ့ အတူ နေ့လည်စာ မစားချင်ပေမယ့်လည်း Jennieကြောင့်သာ လိုက်စားရသောကြောင့် စိတ်မပါလက်မပါစွာဖြင့် နေ့လည်စာ စားနေသည်
ထိုစဥ် Lisa ရဲ့ ရယ်သံကို ကြားရသောကြောင့် Jisoo ထမင်းစားနေရာက မော့ကြည့်တော့ Joohyunရဲ့ လက်ကို တွဲပြီး ရယ်မောကာ ဆိုင်ထဲ ဝင်လာတဲ့ Jennieကို တွေ့ရလေသည်
Jisooမှာ ဒေါသတွေ ထောင်းခနဲထွက်သွားသည်
Joohyunနဲ့ Jisoo အကြည့်ချင်းဆုံသွားတော့ Joohyunမှာ Jisooကို မဲ့ပြုံးပြုံးပြသောကြောင့် Jisooမှာ တူကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်
Jaeheeပြောတဲ့ စကားတွေကို Jisoo မကြားတော့ပေ အာရုံက Joohyunတို့ဆီ ရောက်နေသည်
Jennieမှာ Lisaရဲ့ဟာသကို ရယ်မောရင်း သူမကို စိုက်ကြည့်နေတဲ့ Jisooကို မြင်တော့ လန့်ပြီး တုန်သွားသည်
Jisooမှာ Jennieနဲ့ အကြည့်ချင်းဆုံသွားတော့ မဲ့ပြုံးပြုံးပြီး Jaeheeကို ဟင်းခွံ့ကျွေးလေသည်
Jaeheeကတော့ ဘာမှမသိဘဲ Jisooက ခွံ့ကျွေးလို့ ပျော်ပြီး စားလိုက်သည်
Jisooမှာ ဟင်းခွံ့ကျွေးသည့်အပြင် Jaehee နှုတ်ခမ်းထောင့်က ထမင်းစေ့ကိုပါ လက်နဲ့သေချာဖယ်ပေးနေသည်
Jennieမှာ စောနကတည်းက ထိန်းထားရတဲ့ ငိုချင်စိတ်ကို လွှတ်ချမိတော့မှာမို့ Joohyun ရဲ့ လက်ကို ဖြုတ်ချပြီး စားသောက်ဆိုင်ထဲက ထွက်ပြေးသွားလေသည်
"Jennie Jennie "
Joohyunမှာ Jennie ရဲ့ နောက်ကို ပြေးလိုက်သွားပြီး Chaelisaတို့မှာတော့ ထူးဆန်းတဲ့ အခြေအနေကြားထဲ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ကျန်ခဲ့လေသည်
#Tbc
Happy birthday ပါ Wuri CEO Kim Jisoo❤🎂
#zawgyi
"ငါ့အတြင္းေရးမႉးကို ေ႐ြးခိုင္းလိုက္ "
Jisooရဲ႕ စကားေၾကာင့္ Jennieမွာ ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္
Jisooနဲ႕ Joohyunမွာလည္း Jennieရဲ႕ ေ႐ြးခ်ယ္မႈ အေျဖကို ေစာင့္ေနၾကသည္
Jennie သက္ျပင္းခ်ၿပီး Joohyun ဘက္ကို လွည့္ကာ Joohyun ရဲ႕ လက္ကို ကိုင္လိုက္သည္
Joohyunရဲ႕ လက္ကို Jennieက ကိုင္လိုက္ေသာေၾကာင့္ Jisoo နည္းနည္းေတာ့ လန့္ေနသည္
သူ ငါ့ကို မေ႐ြးဘဲ Joohyunကို ေ႐ြးမလို႔လား!
"Joohyunnie "
"Jennie "
"အရင္ျပန္ႏွင့္လိုက္ေနာ္ Jenက CEOကို ေဆးထည့္ၿပီးရင္ လိုက္လာခဲ့ပါမယ္"
Joohyunရဲ႕ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္ၿပီး Jennie ေျပာလိုက္သည္
Jennie ဘာလို႔ Joohyun အေပၚႏူးႏူးညံ့ညံ့နဲ႕ ႏွစ္သိမ့္ေပးေနသလို ေျပာေနလည္းဆိုတာ Jennieကိုယ္တိုင္လည္း နားမလည္....Joohyunက ဘာလို႔ သူ႕ကို ဒီလိုဆက္ဆံေနတယ္ဆိုတာလည္း Jennie နားမလည္ေပ
Joohyunက သူငယ္ခ်င္းမို႔လို႔ Jennieကို စိတ္ပူေနတာ မဟုတ္လား!
Jisooက သူ႕ကို အနိုင္နဲ႕ပိုင္းသြားသလို ခံစားရလို႔ Joohyun သက္ျပင္းခ်မိလိုက္သည္
"အင္းပါ တို႔ ေစာင့္ေနပါမယ္ "
Jennieရဲ႕ လက္ကို ကိုင္ၿပီး Joohyun နမ္းလိုက္ေသာေၾကာင့္ Jisooေရာ Jennieပါ အံ့ၾသသြားရသည္
Jisooက မ်က္ေမွာင္ၾကဳတ္ကာ Jennieကို ၾကည့္ေနေပမယ့္ Jennieကေတာ့ ေဆးေသတၱာဘူးကို ယူကာ Jisooရဲ႕ လက္ကို ကိုင္ၿပီး ေဆးထည့္ေပးေနသည္
"ကဲ ေဆးလိမ္းၿပီးသြားၿပီ "
Jennieမွာ သူမကို စိုက္ၾကည့္ေနတဲ့ Jisooရဲ႕ အၾကည့္ေတြကို ေရွာင္ၿပီး ေျပာလိုက္သည္
Jisooမွာ ဘာမွမေျပာဘဲ Jennieကိုဘဲ စိုက္ၾကည့္ေနေသေၾကာင့္ Jennie အေနရခက္လာသည္
"ဘာလို႔ ၾကည့္ေနတာလည္း "
"မင္းနဲ႕ Joohyun က ဘာေတြလည္း "
"Jenတို႔က သူငယ္ခ်င္းေတြေလ..."
Jennieရဲ႕ အေျဖေၾကာင့္ Jisooမွာ မ်က္ခုံးပင့္သြားတယ္
"တကယ္လား သူ႕ၾကည့္ရတာက မင္းကို ႀကိဳက္ေနတဲ့ပုံဘဲေနာ္ Jennie "
"Jenလည္း သူ႕ကို သေဘာက်ပါတယ္ "
Jennieရဲ႕ စကားေၾကာင့္ Jisoo စိတ္တိုသြားၿပီး Jennieရဲ႕ လက္ေမာင္းကို ေဆာင့္ဆြဲလိုက္သည္
"ဘာ မင္းက ငါ့အမ ဝမ္းကြဲကို သေဘာက်ေနတာ ဟုတ္လား "
"ဟုတ္တယ္ေလ သူငယ္ခ်င္းေတြက တစ္ေယာက္ကိုတစ္ေယာက္ သေဘာက်လိဳ႕ သူငယ္ခ်င္းျဖစ္လာတာ မဟုတ္ဘူးလား Jenသာ သူ႕ကို သေဘာမက်ရင္ Jen သူငယ္ခ်င္းျဖစ္လာမွာ မဟုတ္ဘူးေလ"
Jennieရဲ႕ စကားေၾကာင့္ Jisoo overလုပ္မိတဲ့ သူ႕ကိုယ္သူ စိတ္တိုသြားၿပီး ရိုက္ခ်င္စိတ္ ျဖစ္လာသည္
"ေအာ္.... အင္း "
"ေဆးထည့္ၿပီးၿပီဆိုေတာ့ jen သြားေတာ့မယ္ေနာ္ တစ္ခုခုလိုရင္ ဖုန္းဆက္ေခၚလိုက္ပါ "
Jennie ေျပာၿပီး ထရပ္ေတာ့ Jisooက သူမရဲ႕လက္ကို လွမ္းဆြဲသည္
"တစ္ခုခုလိုလို႔လား CEO '
Jennie ကေမးေပမယ့္ Jisoo ကေတာ့ သူမကိုသာ စိုက္ၾကည့္ေနသည္
ေဆးထည့္ေပးကတည္းက သူမကို စိုက္ၾကည့္ေနတဲ့ Jisooကို Jennie သတိထားမိသည္ ယခုလည္း ဘာေၾကာင့္ထပ္ၿပီး စိုက္ၾကည့္ေနမွန္း Jennie သေဘာမေပါက္ေပ
"ဘာ ဘာမွမဟုတ္ဘူး သြားေတာ့ "
"ဟုတ္ CEO "
Jisooကို Jennie ႏႈတ္ဆက္ၿပီး အခန္းအျပင္ဘက္ကို ထြက္သြားသည္
Jennie ထြက္သြားတဲ့အခါမွ Jisoo သက္ျပင္းအႀကီးႀကီးခ်လိဳက္သည္
Jisoo စိတ္ေတြ ရႈပ္ေထြးေနသည္ Jennie ကို ဒီတိုင္းလႊတ္ထားလို႔ မျဖစ္သလို Jennieက သူမကိုထပ္ၿပီး အ႐ူးလုပ္မွာလည္း ေၾကာက္သည္
Jennieကို ဒီတိုင္းလႊတ္ထားလို႔မျဖစ္မွန္းလည္း တစ္စုံတစ္ေယာက္က ၿခိမ္းေျခာက္ေနတယ္ ဟုတ္ပါတယ္ သူမရဲ႕ အမဝမ္းကြဲ Joohyunက JisooကိုJennieနဲ႕ ပတ္သက္ၿပီး ေၾကာက္ေအာင္ ၿခိမ္းေျခာက္ေနတယ္
Joohyunက Jennieကို ႀကိဳက္ေနမွန္း Jisoo သိသည္.....Joohyunဆိုတဲ့ တစ္ေယာက္က သူသေဘာက်ႏွစ္သက္တဲ့ အရာကို ရေအာင္ယူတတ္တဲ့သူမွန္း Jisooသိလို႔ စိတ္ပူေနမိသည္
Jennieကလည္း Joohyunကို သေဘာက်တယ္ေျပာလို႔ သူ႕လက္ထဲကေန Jennieကို Joohyun လုယူသြားမွာ ေၾကာက္ေနသည္
"Fuck ဘဲ Jennie နဲ႕ငါက ဘာမွမဟုတ္ေတာ့တာကို ငါက ဘာျဖစ္ေနတာလည္း "
Jisoo စိတ္ေတြရႈပ္ေထြးလာၿပီး အရမ္းစိတ္တိုလာလို႔ သူမေဘးနားက ေဆးေသတၱာဘူးကို လႊင့္ပစ္ၿပီး က်ိန္ဆဲလိုက္သည္
"နင့္ဘဝကို ထပ္ၿပီး သူ ဖ်က္စီးတာ လက္မခံနဲ႕ Jisoo သူလိုခ်င္တာ ရၿပီးရင္ သူက နင့္ကို နာက်င္ေအာင္လုပ္ၿပီး ထပ္ထားသြားမွာ Jisooရ..."
Jisoo သူ႕ကိုယ္သူ ေျပာရင္း သတိေပးရင္း သူ႕ပါးေပၚသို႔ မ်က္ရည္ေတြက်လာသည္
ေနာက္တစ္ေန႕ကိုေရာက္ေသာအခါ Jennie တည္ခိုးေဆာင္အျပင္ဘက္ကို ထြက္လာရင္း ကမ္းစပ္နားတြင္ ရပ္ေနတဲ့ Jisoo ကို ေတြ႕ရေလသည္
Jennie သက္သာလားေမးဖို႔ Jisooဆီ သြားေပမယ့္ Jaeheeက ေရာက္လာၿပီး Jisooရဲ႕ လက္ေမာင္းကို ေကာက္တြဲလိုက္ေသာေၾကာင့္ Jennieရဲ႕ ေျခလွမ္းေတြ ရပ္တန့္သြားတယ္
"Jaehee ဘာလုပ္တာလည္း "
"ေန႕လည္စာ သြားစားရေအာင္ ဗိုက္ဆာေနတယ္ မဟုတ္လား "
"ငါ... မဆာဘူး နင့္ဘာသာနင္ သြားစားလိုက္ "
Jisoo ျငင္းၿပီး သူမ အခန္းဘက္ သြားမယ္လုပ္စဥ္ သူမတို႔ကို ရပ္ၾကည့္ေနတဲ့ Jennieကို ျမင္ေသာအခါ Jisoo ခ်က္ခ်င္း Jaeheeရဲ႕ လက္ကို တြဲလိုက္သည္
"Ok သြားစားၾကစို႔ "
Jisooရဲ႕ အျပဳအမူေၾကာင့္ Jaeheeမွာ ေပ်ာ္သြားေပမယ့္ Jennieမွာေတာ့ ရင္ထဲ ဆစ္ခနဲ နာက်င္သြားရသည္
"Hey Jen. ..."
Joohyunရဲ႕ အသံေၾကာင့္ Jennie သူမရဲ႕ မ်က္ရည္ေတြကို အျမန္သုတ္ပစ္လိုက္သည္
"ေန႕လည္စာ သြားစားရေအာင္ '
Joohyunအျပင္ Chaelisa ပါ ေရာက္လာသည္
"Jen ဗိုက္မဆာ"
"လာပါ Jenရယ္ သူတို႔ႏွစ္ေယာက္ၾကား ငါတစ္ေယာက္တည္း Thirdwheel ျဖစ္ၿပီး အထီးမက်န္ခ်င္လို႔ "
Joohyun ေျပာၿပီး Jennieရဲ႕ လက္ကိုေကာက္တြဲေခၚလာေသာေၾကာင့္ Jennie ျငင္းမရဘဲ လိုက္သြားလိုက္သည္
Jisooမွာ Jaehee နဲ႕ အတူ ေန႕လည္စာ မစားခ်င္ေပမယ့္လည္း Jennieေၾကာင့္သာ လိုက္စားရေသာေၾကာင့္ စိတ္မပါလက္မပါစြာျဖင့္ ေန႕လည္စာ စားေနသည္
ထိုစဥ္ Lisa ရဲ႕ ရယ္သံကို ၾကားရေသာေၾကာင့္ Jisoo ထမင္းစားေနရာက ေမာ့ၾကည့္ေတာ့ Joohyunရဲ႕ လက္ကို တြဲၿပီး ရယ္ေမာကာ ဆိုင္ထဲ ဝင္လာတဲ့ Jennieကို ေတြ႕ရေလသည္
Jisooမွာ ေဒါသေတြ ေထာင္းခနဲထြက္သြားသည္
Joohyunနဲ႕ Jisoo အၾကည့္ခ်င္းဆုံသြားေတာ့ Joohyunမွာ Jisooကို မဲ့ၿပဳံးၿပဳံးျပေသာေၾကာင့္ Jisooမွာ တူကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားသည္
Jaeheeေျပာတဲ့ စကားေတြကို Jisoo မၾကားေတာ့ေပ အာ႐ုံက Joohyunတို႔ဆီ ေရာက္ေနသည္
Jennieမွာ Lisaရဲ႕ဟာသကို ရယ္ေမာရင္း သူမကို စိုက္ၾကည့္ေနတဲ့ Jisooကို ျမင္ေတာ့ လန့္ၿပီး တုန္သြားသည္
Jisooမွာ Jennieနဲ႕ အၾကည့္ခ်င္းဆုံသြားေတာ့ မဲ့ၿပဳံးၿပဳံးၿပီး Jaeheeကို ဟင္းခြံ႕ေကြၽးေလသည္
Jaeheeကေတာ့ ဘာမွမသိဘဲ Jisooက ခြံ႕ေကြၽးလို႔ ေပ်ာ္ၿပီး စားလိုက္သည္
Jisooမွာ ဟင္းခြံ႕ေကြၽးသည့္အျပင္ Jaehee ႏႈတ္ခမ္းေထာင့္က ထမင္းေစ့ကိုပါ လက္နဲ႕ေသခ်ာဖယ္ေပးေနသည္
Jennieမွာ ေစာနကတည္းက ထိန္းထားရတဲ့ ငိုခ်င္စိတ္ကို လႊတ္ခ်မိေတာ့မွာမို႔ Joohyun ရဲ႕ လက္ကို ျဖဳတ္ခ်ၿပီး စားေသာက္ဆိုင္ထဲက ထြက္ေျပးသြားေလသည္
"Jennie Jennie "
Joohyunမွာ Jennie ရဲ႕ ေနာက္ကို ေျပးလိုက္သြားၿပီး Chaelisaတို႔မွာေတာ့ ထူးဆန္းတဲ့ အေျခအေနၾကားထဲ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္ကာ က်န္ခဲ့ေလသည္
#tbc
Happy birthday ပါ Wuri CEO Kim Jisoo🎂❤
Bạn đang đọc truyện trên: Truyen3h.Co