Part 3
#unicode
"အလုပ်စဝင်တဲ့ နေ့မှာဘဲ ငါ့ဝန်ထမ်းနဲ့ အီစီကလီ လုပ်နေတယ်ပေါ့ "
Jennie တစ်ယောက် အေးခဲသွားသလို ခံစားရပြီး အသံကြားရာကို ကြည့်တော့ သူမကို မျက်မှောင်ကြုတ်ကာ ကြည့်နေတဲ့ Jisooကို တွေ့ရလေသည်
Jisooရဲ့ အကြည့်တွေကြောင့် Jennieမှာ ဘာမှပြန်မပြောနိုင် မလှုပ်နိုင်ဖြစ်နေသည်
Joohyunကဘဲ Jennie ကြောက်နေတာ သတိထားမိပြီး Jennieရှေ့ကနေ ပိတ်ရပ်လိုက်သည်
"Hey Jisoo. ...Chaeyoung ကို စောင့်ရင်း ...ငါတို့က စကားပြောနေကြတာပါ ...ဘာအီစီကလီမှ လုပ်တာ မဟုတ်ပါဘူး "
Joohyunမှာ Jisoo မျက်နှာကြည့်ပြီး မရယ်မိအောင် စိတ်ထိန်းရင်း ရှင်းပြနေသည်
Jisooကတော့ သူမကို စကားပြောနေတဲ့ Joohyun ကို မကြည့်ဘဲ ခေါင်းငုံ့ကာ ကြမ်းပြင်ကိုသာ ကြည့်နေတဲ့ Jennieကိုဘဲ စိုက်ကြည့်နေသည်
"ကောင်းပြီ ဒါပေမယ့် ကိုယ့်အလုပ်ကို ကိုယ် အာရုံစိုက်လုပ်သင့်တယ် မဟုတ်လား Joohyun shii "
Jisooမှာ Joohyunကို ပြောပေပေမယ့် သူမအကြည့်တွေက Jennieဆီမှာပင်
"ကောင်းပြီလေ ဒါဆို ငါ အလုပ်လုပ်လိုက်အုံးမယ်နော် Mandu. .."
Jennie မျက်နှာလေးက ဖက်ထုပ်လို ဖောင်းဖောင်းအိအိလေးမို့ Manduလို့ Joohyun နာမည်ပြောင်ပေးခေါ်လိုက်ခြင်း ဖြစ်သည်
"Nae Joohyunnie "
Nickname အပြန်အလှန်ခေါ်နေကြတဲ့ နှစ်ယောက်ကို ကြည့်ပြီး မျက်မှောင်ပိုကြုတ်သွားတဲ့ Jisoo ကြောင့် Joohyun တစ်ယောက် ရယ်ချင်စိတ်ကို တော်တော်ထိန်းထားရသည်
ဆက်လက်မထိန်းနိုင်သောကြောင့် အိမ်သာဘက်သို့ Joohyun ထွက်သွားကာ ရယ်လေသည်
Joohyunလည်း ထွက်သွားရော Jennieနဲ့ Jisooကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည်
"ဒါနဲ့ နင်က သူနဲ့ တအား ရင်းနှီးတယ်ပေါ့ ဟုတ်လား "
Jisoo သူမ ဘောင်းဘီအိတ်ကပ်ထဲ လက်ထည့်ပြီး Jennieထိုင်တဲ့ အနားလျှောက်လာသည်
Jennieကတော့ ခုံမှာ ခေါင်းငုံ့ထိုင်နေပေမယ့် သူမ အသိစိတ်ကတော့ Jisooနဲ့ ဝေးရာကို ထွက်ပြေးသွားချင်နေမိသည်
"ငါမေးတာ ဖြေလေ Jennie Kim "
Jisoo ရဲ့ ဒေါသနည်းနည်းပါတဲ့ အသံကြောင့် Jennie မှာ ခေါင်း မငုံ့ထားတော့ဘဲ Jisooကို ကြည့်ပြီး ရှင်းပြလိုက်သည်
"အဲ့လို မဟုတ်ပါဘူး Jenတို့က ဟို...."
"ဟုတ်ဟုတ် မဟုတ်ဟုတ် ငါလည်း ဂရုစိုက်မနေပါဘူး...Chaeyoungနဲ့ တွေ့ပြီးရင် ရုံးခန်းကို ပြန်လာခဲ့...ကြားလား..."
"Nae. ..."
Jisoo အမိန့်ပေးပြီး ထွက်သွားမှ Jennie အသက်ဝဝ ရှူနိုင်တော့သည်
သို့သော်လည်း ခဏနေ Jisoo ရုံးခန်းပြန်သွားရမှာမို့ Jennie သက်ပြင်းချမိပြန်သည်....မတတ်နိုင်ဘူးလေ......Jisooနဲ့ကတော့ တွေ့နေရမှာဘဲ
"Chae ရောက်လာပါပြီ နောက်ကျသွားရင် Sorryနော်..."
ဆံပင်ရွှေရောင်နဲ့ ကောင်မလေးမှာ မုန့်ထုပ်တွေနဲ့ အခန်းထဲ ဝင်လာလေသည်
"Park Chaeyoung လား မသိဘူး"
Jennieမှာ သူမစောင့်နေတဲ့ မိန်းကလေး ဟုတ်မဟုတ် သေချာအောင် မေးလိုက်သည်
"ဟုတ်ပါတယ် စောင့်ရတာ ကြာသွားရင် Sorryနော် Chae ဘာဂါစောင့်နေရလို့ "
Chaeyoung ရဲ့ အပြုံးချိုချိုလေးနဲ့ တောင်းပန်စကားကြောင့် Jennie ပြုံးလိုက်သည်
"ရပါတယ် "
"Ok ဒါဆိုလည်း လုပ်ငန်းစကြတာပေါ့ "
Chaeyoungကတော့ တက်ကြွစွာ ရှင်းပြနေပေမယ့် Jennieကတော့ နားထောင်ရင်း ပင်ပန်းလာသည်
အရပ်ရှည်ရှည် ဆံပင်ရွှေရောင်နဲ့ ကောင်မလေးကတော့ ရောက်ကတည်းက Jennie လုပ်ရမယ့် အလုပ်တွေကို ရှင်းရှင်းလင်းလင်း သိအောင်
စိတ်ရှည်ရှည်နဲ့ သေချာရှင်းပြနေသည်
Jennie အလုပ်ကို ဘယ်အချိန် ရောက်သင့်ကြောင်း Jisooကတော့ ဘယ်အချိန် အလုပ်ကို လာတတ်ကြောင်း Jisoo ရောက်မလာခင် Jennie ဘာလုပ်ထားသင့်ကြောင်းနဲ့ အရေးကြီးတဲ့ fileတွေ ဘယ်နေရာမှာသေချာထားတယ်ဆိုတာ Jennieကို Chaeyoung သေချာရှင်းပြနေသည်
Jennieမှာ အတွင်းရေးမှူး လုပ်ရတာ ခက်ခဲ ပင်ပန်းမှန်း နားထောင်ရင်းနဲ့ သိလာသည် ဒါတောင် သူမ အခုထိ ဘာအလုပ်မှ မလုပ်ရသေးပေ
"ကဲ Ms. Kim. ..ဒါက ဒီနေ့ Schedule ပါ...အလုပ်မဆင်းခင် အကုန်ပြီးအောင်လုပ်ရမယ်နော် "
Jennieမှာ Chaeyoungပေးတဲ့ file တွေ ယူလိုက်ပေမယ့် သူမ သေချာလုပ်နိုင်မလုပ်နိုင် မသေချာဖြစ်နေတယ်
"နောက် တစ်နာရီလောက်နေရင် CEO Kimက Meeting တစ်ခု တက်ရမှာ Chaeသာ ရှင့်နေရာမှာဆို Meeting မစခင် တစ်နာရီအလိုကတည်းက ကြိုသတိပေးမိမှာ ဘာလို့ဆို CEO Kimက နောက်ကျတာမျိုး အရမ်းမုန်းတာလေ .."
"Aww ဟုတ် ဟုတ် ဒါဘဲလားဟင် "
"Yes ဒါပါဘဲ Good luck ပါရှင် "
Jennie သက်ပြင်းချမိသည် ဒီနေ့က သူမရဲ့ ပထမဆုံးအလုပ်စဝင်တဲ့နေ့လေ....Jisooက professional ကျနေချိန် သူမကတော့ အရာအားလုံး ရှုပ်ထွေးသွားအောင် မလုပ်ချင်
Jennie fileထဲက စာရွက်တစ်ချို့ကို ဖတ်ကြည့်နေသည်
- CEO Kimက မနက် ရှစ်နာရီခွဲတိတိ အလုပ်ကို လာတာကြောင့် မင်းကတော့ မနက် ရှစ်နာရီကတည်းက အလုပ်ကိုရောက်နေရပါမယ်
- Meeting ရှိရင် တစ်နာရီကြိုပြီး CEO Kimကို အသိပေး သတိပေးပါ
-CEO Kimရဲ့ ရုံးခန်းကို အမြဲသန့်ရှင်း သပ်ရပ်စွာ ထားပါ
- နေ့လည် သုံးနာရီတိတိမှာဘဲ CEO Kimကို အလုပ်ခဏနားပြီး အဆာပြေမုန့်စားဖို့ သတိပေးပါ ဘာလို့လည်းဆို အလုပ်များနေချိန်မျိုးဆို CEO Kimက သတိမေ့တတ်လို့ပါ
- CEO Kimနဲ့ အာလပသလာပ စကားတွေ ပြောဖို့ မကြိုးစားပါနဲ့ CEO Kimက စကားများတာကို မုန်းတဲ့သူ တစ်ယောက်ပါ
- CEO Kimက skinship မုန်းတဲ့သူမို့ သူနဲ့ ၂မီတာ အကွာမှာနေပါ
- CEO Kimက ည ခုနှစ်နာရီတိတိမှာ အလုပ်ကနေပြန်ပါတယ်
- အတွင်းရေးမှူးဖြစ်တဲ့ မင်းကတော့ CEO Kimရဲ့ ရုံးခန်းကို ရှင်းပြီး fileတွေ သေချာပြန်စီပြီးမှ အလုပ်ကနေပြန်ပါ
Jennieမှာ စာရွက်ထဲက စည်းကမ်းတွေ ဖတ်ပြီး မျက်မှောင်ကြုတ်လိုက်သည် ...Jennie စိတ်ပျက်သွားမယ်လို့ စာဖတ်သူတို့ ထင်နေပါသလား
No ပါ စိတ်မပျက်တဲ့အပြင် Jisooအနား နေ့တိုင်း နီးနီးကပ်ကပ် နေရမှာမို့ Jennie Kimတစ်ယောက် တော်တော်ပျော်နေတာလေ
အိမ်မပြန်ရဘဲ အလုပ်မှာ နေရမယ်ဆိုတောင် Jisoo အနားနေရမှာမို့ Jennie အိမ်တောင် မပြန်ချင်ပေ
Jennie ဓာတ်လှေကားထဲ ဝင်ပြီး Jisoo ရုံးခန်းကိုသွားဖို့ ခလုတ်နှိပ်လိုက်သည်
ထို့နောက် သူမ နာရီကို ရုတ်တရက်ကြည့်မိတော့ 2နာရီ 45မိနစ်တောင် ရှိသွားပြီ
"Oh my god အချိန် အဲ့ဒီလောက်တောင် ရှိသွားတာလား နေပါအုံး နေ့လည်သုံးနာရီဆို Chuuက မုန့်စားတာမဟုတ်လား မုန့်သွားဝယ်အုံးမှ"
Jennie မှာ Jisoo ရုံးခန်းကို မသွားတော့ဘဲ Company နားက Cafeဆိုင်သို့ ထွက်လာခဲ့သည်
Cafeဆိုင်ထဲ ဝင်ဝင်ချင်း Jennie အတိတ်ကို ပြန်သတိရသွားသည်
ဒီ cafeဆိုင်ကို Jisooနဲ့အတူ Jennie လာနေကြလေ ...ဒီ cafeဆိုင်က ကော်ဖီကို Jisoo တော်တော်သဘောကျတာလေ
Jennie ကော်ဖီမှာပြီး ပိုက်ဆံရှင်းဖို့ စောင့်နေစဥ်
"Jennie "
သူမနာမည်ခေါ်သံကြားလို့ ကြည့်တော့ Wendy ကို တွေ့ရသည်
Wendyဆိုသည်မှာ Jisooရဲ့ အခင်ဆုံးသူငယ်ချင်းလေ
"Wendy. ..."
Wendyမှာ Jennieဆီ လျှောက်လာပြီး Jennie ကို ဖက်လိုက်သည်
"နင့်ကို သတိရနေတာ "
"ငါလည်း နင့်ကို သတိရနေတာ ဒါနဲ့ ဘယ်ချိန်က Korea ကို ပြန်ရောက်လာတာလည်း "
"အရင်အပတ်ကဘဲ အခုလေ ငါ Chuuရဲ့ အတွင်းရေးမှူး ဖြစ်နေပြီ ...."
Jennieမှာ Wendyနဲ့စကားပြောရင်း Cafeဆိုင်က နာရီကို ကြည့်မိသွားသည်
"Oh my god နောက်ကျနေပြီဘဲ..Wendyရေ နောက်မှဆက်ပြောမယ်နော် နောက်ကျနေလို့ သွားပြီ "
Jennie ကော်ဖီဘူးလေးနဲ့ ပိုင်မုန့်ကို ယူပြီး companyကို ပြေးသွားတယ်
ဓာတ်လှေကားက မလာသေးတာကြောင့် အရေးပေါ်လှေကားကနေ ပြေးတက်ရင်း
Jennieမှာ Jisoo ရုံးခန်းကို သွားလေသည်
လမ်းတွင် ပြေးရင်း coffeeတွေက Jennieရဲ့ အကြိုက်ဆုံး Channel အင်ကျီပေါ် စွန်းသွားသေးသည်
Jisoo ရုံးခန်းရှေ့ရောက်တော့ Jennie အသက်ဝဝ ရှူပြီး တံခါးခေါက်လိုက်သည်
"ဝင်ခဲ့ "
Jisooရဲ့ အော်သံကြောင့် Jennie ခြေထောက်တွေ ပျော့ခွေလာသလို ခံစားရသည်
သို့သော် အားတင်းပြီး ရုံးခန်းထဲ ဝင်သွားတော့ စာရွက်စာတမ်းတွေကြား စိတ်ရှုပ်နေတဲ့ Jisooကို တွေ့ရသည်
"CEO coffeeရပါပြီ "
Jennie ပြောပြီး စားပွဲခုံပေါ်ကော်ဖီနဲ့ မုန့်တင်တော့ Jisoo မှာ သူမရှေ့က coffeeခွက်နဲ့ မုန့်ကို လက်နဲ့ဖယ်ချလိုက်သည်
"အလုပ်စဝင်တဲ့နေ့မှဘဲ စောင်တလွဲစလုပ်ပြီ.....3နာရီ သုံးမိနစ်ရှိသွားပြီ ငါအချိန်တိကျတာ ကြိုက်တယ်ပြောထားတယ် မဟုတ်ဘူးလား ဒီအမှိုက်တွေ ရှင်းပြီး ထွက်သွား "
Jisooရဲ့ စကားကြောင့် Jennie ဝမ်းနည်းပြီး ငိုချင်လာသောကြောင့် ရုံးခန်းထဲကနေ ပြေးထွက်သွားသည်
#TBC
#zawgyi
"အလုပ္စဝင္တဲ့ ေန႕မွာဘဲ ငါ့ဝန္ထမ္းနဲ႕ အီစီကလီ လုပ္ေနတယ္ေပါ့ "
Jennie တစ္ေယာက္ ေအးခဲသြားသလို ခံစားရၿပီး အသံၾကားရာကို ၾကည့္ေတာ့ သူမကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနတဲ့ Jisooကို ေတြ႕ရေလသည္
Jisooရဲ႕ အၾကည့္ေတြေၾကာင့္ Jennieမွာ ဘာမွျပန္မေျပာနိုင္ မလႈပ္နိုင္ျဖစ္ေနသည္
Joohyunကဘဲ Jennie ေၾကာက္ေနတာ သတိထားမိၿပီး Jennieေရွ႕ကေန ပိတ္ရပ္လိုက္သည္
"Hey Jisoo. ...Chaeyoung ကို ေစာင့္ရင္း ...ငါတို႔က စကားေျပာေနၾကတာပါ ...ဘာအီစီကလီမွ လုပ္တာ မဟုတ္ပါဘူး "
Joohyunမွာ Jisoo မ်က္ႏွာၾကည့္ၿပီး မရယ္မိေအာင္ စိတ္ထိန္းရင္း ရွင္းျပေနသည္
Jisooကေတာ့ သူမကို စကားေျပာေနတဲ့ Joohyun ကို မၾကည့္ဘဲ ေခါင္းငုံ႕ကာ ၾကမ္းျပင္ကိုသာ ၾကည့္ေနတဲ့ Jennieကိုဘဲ စိုက္ၾကည့္ေနသည္
"ေကာင္းၿပီ ဒါေပမယ့္ ကိုယ့္အလုပ္ကို ကိုယ္ အာ႐ုံစိုက္လုပ္သင့္တယ္ မဟုတ္လား Joohyun shii "
Jisooမွာ Joohyunကို ေျပာေပေပမယ့္ သူမအၾကည့္ေတြက Jennieဆီမွာပင္
"ေကာင္းၿပီေလ ဒါဆို ငါ အလုပ္လုပ္လိုက္အုံးမယ္ေနာ္ Mandu. .."
Jennie မ်က္ႏွာေလးက ဖက္ထုပ္လို ေဖာင္းေဖာင္းအိအိေလးမို႔ Manduလို႔ Joohyun နာမည္ေျပာင္ေပးေခၚလိုက္ျခင္း ျဖစ္သည္
"Nae Joohyunnie "
Nickname အျပန္အလွန္ေခၚေနၾကတဲ့ ႏွစ္ေယာက္ကို ၾကည့္ၿပီး မ်က္ေမွာင္ပိုၾကဳတ္သြားတဲ့ Jisoo ေၾကာင့္ Joohyun တစ္ေယာက္ ရယ္ခ်င္စိတ္ကို ေတာ္ေတာ္ထိန္းထားရသည္
ဆက္လက္မထိန္းနိုင္ေသာေၾကာင့္ အိမ္သာဘက္သို႔ Joohyun ထြက္သြားကာ ရယ္ေလသည္
Joohyunလည္း ထြက္သြားေရာ Jennieနဲ႕ Jisooၾကား တိတ္ဆိတ္မႈက ဝင္ေရာက္လာသည္
"ဒါနဲ႕ နင္က သူနဲ႕ တအား ရင္းႏွီးတယ္ေပါ့ ဟုတ္လား "
Jisoo သူမ ေဘာင္းဘီအိတ္ကပ္ထဲ လက္ထည့္ၿပီး Jennieထိုင္တဲ့ အနားေလွ်ာက္လာသည္
Jennieကေတာ့ ခုံမွာ ေခါင္းငုံ႕ထိုင္ေနေပမယ့္ သူမ အသိစိတ္ကေတာ့ Jisooနဲ႕ ေဝးရာကို ထြက္ေျပးသြားခ်င္ေနမိသည္
"ငါေမးတာ ေျဖေလ Jennie Kim "
Jisoo ရဲ႕ ေဒါသနည္းနည္းပါတဲ့ အသံေၾကာင့္ Jennie မွာ ေခါင္း မငုံ႕ထားေတာ့ဘဲ Jisooကို ၾကည့္ၿပီး ရွင္းျပလိုက္သည္
"အဲ့လို မဟုတ္ပါဘူး Jenတို႔က ဟို...."
"ဟုတ္ဟုတ္ မဟုတ္ဟုတ္ ငါလည္း ဂ႐ုစိုက္မေနပါဘူး...Chaeyoungနဲ႕ ေတြ႕ၿပီးရင္ ႐ုံးခန္းကို ျပန္လာခဲ့...ၾကားလား..."
"Nae. ..."
Jisoo အမိန့္ေပးၿပီး ထြက္သြားမွ Jennie အသက္ဝဝ ရႉနိုင္ေတာ့သည္
သို႔ေသာ္လည္း ခဏေန Jisoo ႐ုံးခန္းျပန္သြားရမွာမို႔ Jennie သက္ျပင္းခ်မိျပန္သည္....မတတ္နိုင္ဘူးေလ......Jisooနဲ႕ကေတာ့ ေတြ႕ေနရမွာဘဲ
"Chae ေရာက္လာပါၿပီ ေနာက္က်သြားရင္ Sorryေနာ္..."
ဆံပင္ေ႐ႊေရာင္နဲ႕ ေကာင္မေလးမွာ မုန့္ထုပ္ေတြနဲ႕ အခန္းထဲ ဝင္လာေလသည္
"Park Chaeyoung လား မသိဘူး"
Jennieမွာ သူမေစာင့္ေနတဲ့ မိန္းကေလး ဟုတ္မဟုတ္ ေသခ်ာေအာင္ ေမးလိုက္သည္
"ဟုတ္ပါတယ္ ေစာင့္ရတာ ၾကာသြားရင္ Sorryေနာ္ Chae ဘာဂါေစာင့္ေနရလို႔ "
Chaeyoung ရဲ႕ အၿပဳံးခ်ိဳခ်ိဳေလးနဲ႕ ေတာင္းပန္စကားေၾကာင့္ Jennie ၿပဳံးလိုက္သည္
"ရပါတယ္ "
"Ok ဒါဆိုလည္း လုပ္ငန္းစၾကတာေပါ့ "
Chaeyoungကေတာ့ တက္ႂကြစြာ ရွင္းျပေနေပမယ့္ Jennieကေတာ့ နားေထာင္ရင္း ပင္ပန္းလာသည္
အရပ္ရွည္ရွည္ ဆံပင္ေ႐ႊေရာင္နဲ႕ ေကာင္မေလးကေတာ့ ေရာက္ကတည္းက Jennie လုပ္ရမယ့္ အလုပ္ေတြကို ရွင္းရွင္းလင္းလင္း သိေအာင္
စိတ္ရွည္ရွည္နဲ႕ ေသခ်ာရွင္းျပေနသည္
Jennie အလုပ္ကို ဘယ္အခ်ိန္ ေရာက္သင့္ေၾကာင္း Jisooကေတာ့ ဘယ္အခ်ိန္ အလုပ္ကို လာတတ္ေၾကာင္း Jisoo ေရာက္မလာခင္ Jennie ဘာလုပ္ထားသင့္ေၾကာင္းနဲ႕ အေရးႀကီးတဲ့ fileေတြ ဘယ္ေနရာမွာေသခ်ာထားတယ္ဆိုတာ Jennieကို Chaeyoung ေသခ်ာရွင္းျပေနသည္
Jennieမွာ အတြင္းေရးမႉး လုပ္ရတာ ခက္ခဲ ပင္ပန္းမွန္း နားေထာင္ရင္းနဲ႕ သိလာသည္ ဒါေတာင္ သူမ အခုထိ ဘာအလုပ္မွ မလုပ္ရေသးေပ
"ကဲ Ms. Kim. ..ဒါက ဒီေန႕ Schedule ပါ...အလုပ္မဆင္းခင္ အကုန္ၿပီးေအာင္လုပ္ရမယ္ေနာ္ "
Jennieမွာ Chaeyoungေပးတဲ့ file ေတြ ယူလိုက္ေပမယ့္ သူမ ေသခ်ာလုပ္နိုင္မလုပ္နိုင္ မေသခ်ာျဖစ္ေနတယ္
"ေနာက္ တစ္နာရီေလာက္ေနရင္ CEO Kimက Meeting တစ္ခု တက္ရမွာ Chaeသာ ရွင့္ေနရာမွာဆို Meeting မစခင္ တစ္နာရီအလိုကတည္းက ႀကိဳသတိေပးမိမွာ ဘာလို႔ဆို CEO Kimက ေနာက္က်တာမ်ိဳး အရမ္းမုန္းတာေလ .."
"Aww ဟုတ္ ဟုတ္ ဒါဘဲလားဟင္ "
"Yes ဒါပါဘဲ Good luck ပါရွင္ "
Jennie သက္ျပင္းခ်မိသည္ ဒီေန႕က သူမရဲ႕ ပထမဆုံးအလုပ္စဝင္တဲ့ေန႕ေလ....Jisooက professional က်ေနခ်ိန္ သူမကေတာ့ အရာအားလုံး ရႈပ္ေထြးသြားေအာင္ မလုပ္ခ်င္
Jennie fileထဲက စာ႐ြက္တစ္ခ်ိဳ႕ကို ဖတ္ၾကည့္ေနသည္
- CEO Kimက မနက္ ရွစ္နာရီခြဲတိတိ အလုပ္ကို လာတာေၾကာင့္ မင္းကေတာ့ မနက္ ရွစ္နာရီကတည္းက အလုပ္ကိုေရာက္ေနရပါမယ္
- Meeting ရွိရင္ တစ္နာရီႀကိဳၿပီး CEO Kimကို အသိေပး သတိေပးပါ
-CEO Kimရဲ႕ ႐ုံးခန္းကို အၿမဲသန့္ရွင္း သပ္ရပ္စြာ ထားပါ
- ေန႕လည္ သုံးနာရီတိတိမွာဘဲ CEO Kimကို အလုပ္ခဏနားၿပီး အဆာေျပမုန့္စားဖို႔ သတိေပးပါ ဘာလို႔လည္းဆို အလုပ္မ်ားေနခ်ိန္မ်ိဳးဆို CEO Kimက သတိေမ့တတ္လို႔ပါ
- CEO Kimနဲ႕ အာလပသလာပ စကားေတြ ေျပာဖို႔ မႀကိဳးစားပါနဲ႕ CEO Kimက စကားမ်ားတာကို မုန္းတဲ့သူ တစ္ေယာက္ပါ
- CEO Kimက skinship မုန္းတဲ့သူမို႔ သူနဲ႕ ၂မီတာ အကြာမွာေနပါ
- CEO Kimက ည ခုႏွစ္နာရီတိတိမွာ အလုပ္ကေနျပန္ပါတယ္
- အတြင္းေရးမႉးျဖစ္တဲ့ မင္းကေတာ့ CEO Kimရဲ႕ ႐ုံးခန္းကို ရွင္းၿပီး fileေတြ ေသခ်ာျပန္စီၿပီးမွ အလုပ္ကေနျပန္ပါ
Jennieမွာ စာ႐ြက္ထဲက စည္းကမ္းေတြ ဖတ္ၿပီး မ်က္ေမွာင္ၾကဳတ္လိုက္သည္ ...Jennie စိတ္ပ်က္သြားမယ္လို႔ စာဖတ္သူတို႔ ထင္ေနပါသလား
No ပါ စိတ္မပ်က္တဲ့အျပင္ Jisooအနား ေန႕တိုင္း နီးနီးကပ္ကပ္ ေနရမွာမို႔ Jennie Kimတစ္ေယာက္ ေတာ္ေတာ္ေပ်ာ္ေနတာေလ
အိမ္မျပန္ရဘဲ အလုပ္မွာ ေနရမယ္ဆိုေတာင္ Jisoo အနားေနရမွာမို႔ Jennie အိမ္ေတာင္ မျပန္ခ်င္ေပ
Jennie ဓာတ္ေလွကားထဲ ဝင္ၿပီး Jisoo ႐ုံးခန္းကိုသြားဖို႔ ခလုတ္ႏွိပ္လိုက္သည္
ထို႔ေနာက္ သူမ နာရီကို ႐ုတ္တရက္ၾကည့္မိေတာ့ 2နာရီ 45မိနစ္ေတာင္ ရွိသြားၿပီ
"Oh my god အခ်ိန္ အဲ့ဒီေလာက္ေတာင္ ရွိသြားတာလား ေနပါအုံး ေန႕လည္သုံးနာရီဆို Chuuက မုန့္စားတာမဟုတ္လား မုန့္သြားဝယ္အုံးမွ"
Jennie မွာ Jisoo ႐ုံးခန္းကို မသြားေတာ့ဘဲ Company နားက Cafeဆိုင္သို႔ ထြက္လာခဲ့သည္
Cafeဆိုင္ထဲ ဝင္ဝင္ခ်င္း Jennie အတိတ္ကို ျပန္သတိရသြားသည္
ဒီ cafeဆိုင္ကို Jisooနဲ႕အတူ Jennie လာေနၾကေလ ...ဒီ cafeဆိုင္က ေကာ္ဖီကို Jisoo ေတာ္ေတာ္သေဘာက်တာေလ
Jennie ေကာ္ဖီမွာၿပီး ပိုက္ဆံရွင္းဖို႔ ေစာင့္ေနစဥ္
"Jennie "
သူမနာမည္ေခၚသံၾကားလို႔ ၾကည့္ေတာ့ Wendy ကို ေတြ႕ရသည္
Wendyဆိုသည္မွာ Jisooရဲ႕ အခင္ဆုံးသူငယ္ခ်င္းေလ
"Wendy. ..."
Wendyမွာ Jennieဆီ ေလွ်ာက္လာၿပီး Jennie ကို ဖက္လိုက္သည္
"နင့္ကို သတိရေနတာ "
"ငါလည္း နင့္ကို သတိရေနတာ ဒါနဲ႕ ဘယ္ခ်ိန္က Korea ကို ျပန္ေရာက္လာတာလည္း "
"အရင္အပတ္ကဘဲ အခုေလ ငါ Chuuရဲ႕ အတြင္းေရးမႉး ျဖစ္ေနၿပီ ...."
Jennieမွာ Wendyနဲ႕စကားေျပာရင္း Cafeဆိုင္က နာရီကို ၾကည့္မိသြားသည္
"Oh my god ေနာက္က်ေနၿပီဘဲ..Wendyေရ ေနာက္မွဆက္ေျပာမယ္ေနာ္ ေနာက္က်ေနလို႔ သြားၿပီ "
Jennie ေကာ္ဖီဘူးေလးနဲ႕ ပိုင္မုန့္ကို ယူၿပီး companyကို ေျပးသြားတယ္
ဓာတ္ေလွကားက မလာေသးတာေၾကာင့္ အေရးေပၚေလွကားကေန ေျပးတက္ရင္း
Jennieမွာ Jisoo ႐ုံးခန္းကို သြားေလသည္
လမ္းတြင္ ေျပးရင္း coffeeေတြက Jennieရဲ႕ အႀကိဳက္ဆုံး Channel အင္က်ီေပၚ စြန္းသြားေသးသည္
Jisoo ႐ုံးခန္းေရွ႕ေရာက္ေတာ့ Jennie အသက္ဝဝ ရႉၿပီး တံခါးေခါက္လိုက္သည္
"ဝင္ခဲ့ "
Jisooရဲ႕ ေအာ္သံေၾကာင့္ Jennie ေျခေထာက္ေတြ ေပ်ာ့ေခြလာသလို ခံစားရသည္
သို႔ေသာ္ အားတင္းၿပီး ႐ုံးခန္းထဲ ဝင္သြားေတာ့ စာ႐ြက္စာတမ္းေတြၾကား စိတ္ရႈပ္ေနတဲ့ Jisooကို ေတြ႕ရသည္
"CEO coffeeရပါၿပီ "
Jennie ေျပာၿပီး စားပြဲခုံေပၚေကာ္ဖီနဲ႕ မုန့္တင္ေတာ့ Jisoo မွာ သူမေရွ႕က coffeeခြက္နဲ႕ မုန့္ကို လက္နဲ႕ဖယ္ခ်လိဳက္သည္
"အလုပ္စဝင္တဲ့ေန႕မွဘဲ ေစာင္တလြဲစလုပ္ၿပီ.....3နာရီ သုံးမိနစ္ရွိသြားၿပီ ငါအခ်ိန္တိက်တာ ႀကိဳက္တယ္ေျပာထားတယ္ မဟုတ္ဘူးလား ဒီအမွိုက္ေတြ ရွင္းၿပီး ထြက္သြား "
Jisooရဲ႕ စကားေၾကာင့္ Jennie ဝမ္းနည္းၿပီး ငိုခ်င္လာေသာေၾကာင့္ ႐ုံးခန္းထဲကေန ေျပးထြက္သြားသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co