Truyen3h.Co

CEO Kim

Part 21

KimFany059

#unicode

Jennie ငိုပြီး စားသောက်ဆိုင်က ထွက်လာခဲ့သည်

သူမအခန်းထဲ ဝင်ဖို့ တံခါးဖွင့်နေစဥ် Joohyunက ရောက်လာပြီး Jennieကို ဆွဲဖက်သည်

"Joohyun... ကျေးဇူးပြုပြီး ထွက်သွားပေးပါ Jen တစ်ယောက်တည်းနေချင်လို့ပါ "

Jennieက ရုန်းပေမယ့် Joohyunမှာ Jennieကို တင်းတင်းကြပ်ကြပ်ကို ထပ်ပြီး ဖက်ထားသည်

"Joohyunnie.... နော်လို့ Jen တစ်ယောက်တည်း နေချင်လို့ ခဏလောက် ထွက်သွားပေးပါနော် "

Joohyunမှာ Jennieဘေးနား ရှိနေပေးပြီး Jennieကို နှစ်သိမ့်ပေးချင်ပေမယ့် Jennieမှာ တစ်ယောက်တည်းနေချင်တယ် ပြောသောကြောင့် တောင်းဆိုသောကြောင့် Joohyun သက်ပြင်းချကာ Jennieကို လွှတ်လိုက်သည်

"ဒါဆို ငါသွားပြီနော် အကယ်၍ တစ်ခုခုဖြစ်ရင် ဖုန်းဆက်ခေါ်လိုက်နော် "

Joohyun ပြောပြီး လှည့်ထွက်လာစဥ် အဆောင်ရှေ့မှာ ရပ်နေတဲ့ Jisooကို တွေ့ရလေသည်

Jisooမှာ ခံစားချက်မရှိတဲ့ မျက်နှာနဲ့ Joohyunကို ကြည့်နေသည်

Joohyunကတော့ Jennie ကို ငိုအောင်လုပ်ထားတဲ့ တရားခံမို့ စိတ်တိုပြီး Jisoo ဆီ ပြေးသွားသည်

Jisooရဲ့ အင်ကျီကော်လံကို ဆောင့်ဆွဲပြီး

"Fuck off Jisoo "

"နင် ငါ့ကို လာအော်စရာမလိုဘူး Joohyun "

Jisooပြောပြီး Joohyun ကို ဆောင့်တွန်းလိုက်သည်

ထို့နောက် လှည့်ပြန်ဖို့ လုပ်တော့ Joohyun ရဲ့ စကားကြောင့် Jisoo ရဲ့ ခြေလှမ်းတွေ ရပ်သွားလေသည်

"နင်သိလား Jisoo နင်က Jennie အမြဲ ငိုအောင်လုပ်တယ်...ဒါပေမယ့် ငါကတော့ Jennieကို အမြဲ ပျော်အောင်ထားပေးနိုင်တယ် "

Joohyunရဲ့ စကားကြောင့် Jisoo အံကြိတ်ပြီး ထွက်သွားသည်

Jennie ငိုရင်း ပင်ပန်းလို့ အိပ်ပျော်သွားသည် နိုးလာလို့ နာရီကို ကြည့်တော့ ညနေခြောက်နာရီခွဲနေပြီ....

အခန်းထဲမှာလည်း တစ်ယောက်တည်းမို့ Chaeyoungတို့နဲ့ Joohyunကို လိုက်ရှာဖို့ Jennie ထွက်လာခဲ့သည်

အဆောင်နဲ့မလှမ်းမကမ်းတွင် ငါးတွေ ကင်နေကြတဲ့ Joohyunတို့ကို တွေ့လေသည်

"Joohyun "

"Jennie. ...အဆင်ပြေရဲ့လား တစ်ခုခုစားချင်လား ဗိုက်ဆာနေလား ငါးကင်စားမလားဟင် "

သူမကို စိတ်ပူပြီး မေးခွန်းတွေ တရစပ်မေးနေတဲ့ Joohyunကို Jennie ပြုံးပြပြီး ခေါင်းခါပြသည်

"Jen အဆင်ပြေပါတယ် စိတ်မပူနဲ့တော့နော် "

Joohyunရဲ့ ပခုံးကို ကိုင်ပြီး Jennie ပြောလိုက်သည်

"တစ်ခုခု ကူညီစရာရှိလား Jen ဘာကူညီပေးစရာလိုလည်း "

"ဟင့်အင်း စားစရာသောက်စရာအကုန်ပြင်ဆင်ပြီးပြီ ဟိုးမှာ မီးပုံပွဲလုပ်နေတယ် လာသွားကြစို့ Siyeon. ...ကျန်တဲ့ ငါးကင်တွေ ယူလာခဲ့နော် "

Joohyun သူ့လက်အောက်ငယ်သားကို အမိန့်ပေးပြီး Jennieရဲ့ လက်ကို တွဲကာ မီးပုံပွဲဘက် ခေါ်လာသည်

Jennieမှာ Jaeheeနဲ့ Jisoo အတူထိုင်တာ မြင်ပေမယ့် မမြင်ချင်ယောင်ဆောင်ပြီး လွတ်တဲ့ နေရာမှာ ဝင်ထိုင်လိုက်သည်

Joohyunကတော့ Jennieရဲ့ ဘေးနား ဝင်ထိုင်ပြီး သူမရဲ့ coat အင်ကျီကို ချွတ်ကာ Jennieကို ခြုံပေးလိုက်သည်

"ပင်လယ်လေက အေးတယ် ဖျားမှာဆိုးလို့ "

"Gomawo Joohyunnie. ..."

စားစရာတွေ ရောက်လာတော့ Jaeheeမှာ Jisooကို ခွံ့ကျွေးပေမယ့် Jisooက တော့ သူမနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Jennieနဲ့ Joohyunကို ကြည့်နေသည်

Joohyunမှာ ငါးအရိုးတွေကို သေချာနွှာပေးပြီး Jennieကို ခွံ့ကျွေးနေသည်

"Chae. ...ဝိုင်တွေ သိပ်မသောက်နဲ့နော် "

"ဘာလည်း Lisa ရည်းစားတောင်မဖြစ်သေးဘူး ချုပ်ခြယ်ချင်နေတာလား "

Chaeyoung က ရန်တွေ့လိုက်သောကြောင့် Lisa ဇတ်ကလေးပုသွားသည်

"အာ မဟုတ်ပါဘူး Chae ခေါင်းကိုက်မှာဆိုးလို့ပါ "

"ဟွန့် ငါးကင်စားချင်တယ် ခွံ့ကျွေး "

"ဟုတ်ပါပြီ မမလေးရဲ့ နူးညံ့တဲ့အမိန့်တော်အတိုင်းပါ "

"တို့ပြောပါတယ် Jenရယ် Jenအနားရှိမှ ဖြစ်မှာလို့ အဲ့အတွဲက အရမ်းကဲလွန်းတော့ Thirdwheel ဘဝမှာ အဆင်မပြေဘူး "

Joohyunရဲ့ စကားကြောင့် Jennie သဘောကျပြီး ရယ်လိုက်သည်

စားသောက်ပြီးနောက် Lisa မှာ မတ်တပ်ထရပ်လေသည်

"စားပြီးသောက်ပြီးပြီဆိုတော့ သီချင်းဆိုတိုင်း ကစားကြမယ်လေ '

Lisaရဲ့ စကားကို ဝန်ထမ်းတွေမှာ ထောက်ခံပြီး လက်ခုပ်တီးကြသည်

"ဒါပေမယ့် ဒီတိုင်း သီချင်းဆိုရတာ ပျင်းစရာကြီး မဟုတ်လား ဒီတော့ ဒီလိုကွာ ကိုယ့်ဘေးမှာ ရှိတဲ့သူအတွက် သီချင်းဆိုပြရမှာ ငါက ငါ့ဘေးက Chaeyoung အတွက် သီချင်းဆိုပြမယ် ပြီးတော့ Chaeyoungဘေးက Joohyun Unnieက Jennie Unnieအတွက် ဆိုပြရမယ် ဘယ်လိုလည်း ကောင်းတယ်မလား ကိုယ့်ဘေးက လူက ကိုယ့် crushဖြစ်ရင်တော့ ကွက်တိဘဲ ဟိ...CEO Jisoo shii. ...ဒီကစားနည်းကို ခွင့်ပြုပေးနိုင်မလား "

Lisaရဲ့ အိုင်ဒီယာကို Jisoo မကြိုက်ပေမယ့် ဝန်ထမ်းတွေက ထောက်ခံနေသောကြောင့် Jisoo သဘောတူကာ ခွင့်ပြုပေးလိုက်ရသည်

Lisaလည်း ပျော်ပြီး ဂစ်တာကို ယူကာ Chaeyoung အတွက် သီချင်းတစ်ပုဒ်ဆိုပြလေသည်

L is for the way you look at me
O is for the only one I see
V is very, very extraordinary
E is even more than anyone that you adore can

Love is all that I can give to you
Love is more than just a game for two
Two in love can make it
Take my heart and please dont break it
Love was made for me and you. ...

Lisaမှာ Chaeyoungရဲ့ မျက်နှာကို တည့်တည့်ကြည့်ပြီး ဂစ်တာတီးကာ သီချင်းဆိုတော့ Chaeyoungမှာ ရှက်နေသည်

"Aigoo မျက်နှာတွေ နီရဲနေပါလား "

Joohyunက အနားကပ်ပြီး စတော့ Chaeyoung မှာ Joohyunကို ပြန်ရန်တွေ့သည်

"ဝိုင်သောက်ထားလို့ နီရဲတာပါနော် "

"ထားပါတော့ "

Jennieကတော့ Chaeyoungကို ကြည့်ပြီး သဘောကျလို့ ရယ်ရင်း သူ့ဘေးက Joohyunကို တဘုန်းဘုန်းရိုက်လေသည်

Joohyun မှာတော့ နာပေမယ့်လည်း Jennieက ပျော်နေလို့ ကျေနပ်နေသည်

Lisaလည်း ဆိုပြီးသွားရော ဝန်ထမ်းတွေမှာ သူတို့ရဲ့ မန်နေဂျာ Joohyunအလှည့်မို့ အော်ဟစ်ကာ အားပေးကြလေသည်

"Go go Joohyunnie "

Jennieမှာ ကလေးတစ်ယောက်လို လက်သီးလေးဆုပ်ပြီး အားပေးတော့ Joohyun မှာ သဘောကျပြီး ရယ်နေပေမယ့် Jisooကတော့ မျက်မှောင်ကြုတ်ကာ စူပုပ်နေသည်

ငါ့အချစ်က နင်ပျော်ရွှင်ဖို့ အတွက်
သူ့အချစ်ကြောင့် နင် မငိုပါနဲ့ Jen. ...
ငါ့အချစ်ကြောင့် နင် လူတွေ ဝိုင်းမော့ကာ
မေးရင် မေးရင် နင်ပြောကွယ်
ငါဟာလေ ဒုတိယလူ......

Joohyunက ဂစ်တာတီးပြီး သူမ မျက်လုံးကို စိုက်ကြည့်နေကာ ဆိုနေသောကြောင့် Jennie ရင်တွေခုန်ပြီး ရှက်နေသည်

Jisooမှာ Jennie ရှက်နေတာကို ကြည့်ပြီး ဒေါသတွေ ထွက်လာသည်

"Wow... အရမ်းကောင်းတယ် bravo. ..."

"ဂျာကြီးကွ "

ဝန်ထမ်းတွေ အားလုံးက လက်ခုပ်တီးပေမယ့် မတီးဘဲ ဝိုင်သောက်နေသူကား Jisoo ပင် ဖြစ်သည်

ဒီလိုနဲ့ သီချင်းတွေဆိုလာရင်း Jisoo အလှည့်ရောက်တော့ Jisooက ဂစ်တာကို ယူလိုက်သည်

"CEOက Jaeheeအတွက်ဆိုမှာပေါ့ "

ဝန်ထမ်းတစ်ယောက်ရဲ့ စကားကြောင့်Jaeheeက ရင်ခုန်သွားပေမယ့်  Jisoo ခေါင်းခါပြသည်

"မဟုတ်ဘူး.... "

Jisoo ပြောပြီး ဂစ်တာကို စတီးလိုက်သည်

အချိန်တွေအကြာကြီး မင်းနဲ့ငါ ချစ်ခဲ့ကြတယ်
လမ်းခွဲရတယ် ဘယ်သူအချစ်မျိုး
ဘယ်လိုထူးလည်း....
နောက်တစ်ယောက် အသစ်ရှာ
ချစ်သွားလား
ငါခံစားခဲ့ရတဲ့နေ့တွေဟာ
တဖြည်းဖြည်း မင်းအနားရောက်လို့လာမှာ
ငါမြင်နေကျ အရင်လိုအပြုံးတွေ
ပြုံးပြဖို့တော့ မင်း အားတင်းထား.....

Jisooရဲ့ သီချင်းကြောင့် ရယ်မောနေတဲ့ Jennieမှာ အပြုံးတွေပျောက်သွားပြီး ချက်ချင်းထရပ်ကာ ထွက်ပြေးသွားလေသည်

ဝန်ထမ်းတွေမှာ Jennie အပြုအမူကြောင့် ထူးဆန်းနေပေမယ့် Joohyunကတော့ Jennie နောက် လိုက်ဖို့ ထရပ်သည်

သို့သော် ဒီတစ်ခါတော့ သူမ Jisooကို ရှုံးသွားလေသည်

Jisooမှာ ဂစ်တာကို ပစ်ချပြီး Jennie နောက် ပြေးလိုက်သွားသည်

Jennie မှာ ကမ်းစပ်တွင် ရပ်ပြီး ငိုနေစဥ် တစ်စုံတစ်ယောက်က သူမကို ဆွဲဖက်လေသည်

"မငိုပါနဲ့ baby. ...."

#Tbc

#Zawgyi

#unicode

Jennie ငိုၿပီး စားေသာက္ဆိုင္က ထြက္လာခဲ့သည္

သူမအခန္းထဲ ဝင္ဖို႔ တံခါးဖြင့္ေနစဥ္ Joohyunက ေရာက္လာၿပီး Jennieကို ဆြဲဖက္သည္

"Joohyun... ေက်းဇူးျပဳၿပီး ထြက္သြားေပးပါ Jen တစ္ေယာက္တည္းေနခ်င္လို႔ပါ "

Jennieက ႐ုန္းေပမယ့္ Joohyunမွာ Jennieကို တင္းတင္းၾကပ္ၾကပ္ကို ထပ္ၿပီး ဖက္ထားသည္

"Joohyunnie.... ေနာ္လို႔ Jen တစ္ေယာက္တည္း ေနခ်င္လို႔ ခဏေလာက္ ထြက္သြားေပးပါေနာ္ "

Joohyunမွာ Jennieေဘးနား ရွိေနေပးၿပီး Jennieကို ႏွစ္သိမ့္ေပးခ်င္ေပမယ့္ Jennieမွာ တစ္ေယာက္တည္းေနခ်င္တယ္ ေျပာေသာေၾကာင့္ ေတာင္းဆိုေသာေၾကာင့္ Joohyun သက္ျပင္းခ်ကာ Jennieကို လႊတ္လိုက္သည္

"ဒါဆို ငါသြားၿပီေနာ္ အကယ္၍ တစ္ခုခုျဖစ္ရင္ ဖုန္းဆက္ေခၚလိုက္ေနာ္ "

Joohyun ေျပာၿပီး လွည့္ထြက္လာစဥ္ အေဆာင္ေရွ႕မွာ ရပ္ေနတဲ့ Jisooကို ေတြ႕ရေလသည္

Jisooမွာ ခံစားခ်က္မရွိတဲ့ မ်က္ႏွာနဲ႕ Joohyunကို ၾကည့္ေနသည္

Joohyunကေတာ့ Jennie ကို ငိုေအာင္လုပ္ထားတဲ့ တရားခံမို႔ စိတ္တိုၿပီး Jisoo ဆီ ေျပးသြားသည္

Jisooရဲ႕ အင္က်ီေကာ္လံကို ေဆာင့္ဆြဲၿပီး

"Fuck off Jisoo "

"နင္ ငါ့ကို လာေအာ္စရာမလိုဘူး Joohyun "

Jisooေျပာၿပီး Joohyun ကို ေဆာင့္တြန္းလိုက္သည္

ထို႔ေနာက္ လွည့္ျပန္ဖို႔ လုပ္ေတာ့ Joohyun ရဲ႕ စကားေၾကာင့္ Jisoo ရဲ႕ ေျခလွမ္းေတြ ရပ္သြားေလသည္

"နင္သိလား Jisoo နင္က Jennie အၿမဲ ငိုေအာင္လုပ္တယ္...ဒါေပမယ့္ ငါကေတာ့ Jennieကို အၿမဲ ေပ်ာ္ေအာင္ထားေပးနိုင္တယ္ "

Joohyunရဲ႕ စကားေၾကာင့္ Jisoo အံႀကိတ္ၿပီး ထြက္သြားသည္

Jennie ငိုရင္း ပင္ပန္းလို႔ အိပ္ေပ်ာ္သြားသည္ နိုးလာလို႔ နာရီကို ၾကည့္ေတာ့ ညေနေျခာက္နာရီခြဲေနၿပီ....

အခန္းထဲမွာလည္း တစ္ေယာက္တည္းမို႔ Chaeyoungတို႔နဲ႕ Joohyunကို လိုက္ရွာဖို႔ Jennie ထြက္လာခဲ့သည္

အေဆာင္နဲ႕မလွမ္းမကမ္းတြင္ ငါးေတြ ကင္ေနၾကတဲ့ Joohyunတို႔ကို ေတြ႕ေလသည္

"Joohyun "

"Jennie. ...အဆင္ေျပရဲ႕လား တစ္ခုခုစားခ်င္လား ဗိုက္ဆာေနလား ငါးကင္စားမလားဟင္ "

သူမကို စိတ္ပူၿပီး ေမးခြန္းေတြ တရစပ္ေမးေနတဲ့ Joohyunကို Jennie ၿပဳံးျပၿပီး ေခါင္းခါျပသည္

"Jen အဆင္ေျပပါတယ္ စိတ္မပူနဲ႕ေတာ့ေနာ္ "

Joohyunရဲ႕ ပခုံးကို ကိုင္ၿပီး Jennie ေျပာလိုက္သည္

"တစ္ခုခု ကူညီစရာရွိလား Jen ဘာကူညီေပးစရာလိုလည္း "

"ဟင့္အင္း စားစရာေသာက္စရာအကုန္ျပင္ဆင္ၿပီးၿပီ ဟိုးမွာ မီးပုံပြဲလုပ္ေနတယ္ လာသြားၾကစို႔ Siyeon. ...က်န္တဲ့ ငါးကင္ေတြ ယူလာခဲ့ေနာ္ "

Joohyun သူ႕လက္ေအာက္ငယ္သားကို အမိန့္ေပးၿပီး Jennieရဲ႕ လက္ကို တြဲကာ မီးပုံပြဲဘက္ ေခၚလာသည္

Jennieမွာ Jaeheeနဲ႕ Jisoo အတူထိုင္တာ ျမင္ေပမယ့္ မျမင္ခ်င္ေယာင္ေဆာင္ၿပီး လြတ္တဲ့ ေနရာမွာ ဝင္ထိုင္လိုက္သည္

Joohyunကေတာ့ Jennieရဲ႕ ေဘးနား ဝင္ထိုင္ၿပီး သူမရဲ႕ coat အင္က်ီကို ခြၽတ္ကာ Jennieကို ၿခဳံေပးလိုက္သည္

"ပင္လယ္ေလက ေအးတယ္ ဖ်ားမွာဆိုးလို႔ "

"Gomawo Joohyunnie. ..."

စားစရာေတြ ေရာက္လာေတာ့ Jaeheeမွာ Jisooကို ခြံ႕ေကြၽးေပမယ့္ Jisooက ေတာ့ သူမနဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ Jennieနဲ႕ Joohyunကို ၾကည့္ေနသည္

Joohyunမွာ ငါးအရိုးေတြကို ေသခ်ာႏႊာေပးၿပီး Jennieကို ခြံ႕ေကြၽးေနသည္

"Chae. ...ဝိုင္ေတြ သိပ္မေသာက္နဲ႕ေနာ္ "

"ဘာလည္း Lisa ရည္းစားေတာင္မျဖစ္ေသးဘူး ခ်ဳပ္ျခယ္ခ်င္ေနတာလား "

Chaeyoung က ရန္ေတြ႕လိုက္ေသာေၾကာင့္ Lisa ဇတ္ကေလးပုသြားသည္

"အာ မဟုတ္ပါဘူး Chae ေခါင္းကိုက္မွာဆိုးလို႔ပါ "

"ဟြန့္ ငါးကင္စားခ်င္တယ္ ခြံ႕ေကြၽး "

"ဟုတ္ပါၿပီ မမေလးရဲ႕ ႏူးညံ့တဲ့အမိန့္ေတာ္အတိုင္းပါ "

"တို႔ေျပာပါတယ္ Jenရယ္ Jenအနားရွိမွ ျဖစ္မွာလို႔ အဲ့အတြဲက အရမ္းကဲလြန္းေတာ့ Thirdwheel ဘဝမွာ အဆင္မေျပဘူး "

Joohyunရဲ႕ စကားေၾကာင့္ Jennie သေဘာက်ၿပီး ရယ္လိုက္သည္

စားေသာက္ၿပီးေနာက္ Lisa မွာ မတ္တပ္ထရပ္ေလသည္

"စားၿပီးေသာက္ၿပီးၿပီဆိုေတာ့ သီခ်င္းဆိုတိုင္း ကစားၾကမယ္ေလ '

Lisaရဲ႕ စကားကို ဝန္ထမ္းေတြမွာ ေထာက္ခံၿပီး လက္ခုပ္တီးၾကသည္

"ဒါေပမယ့္ ဒီတိုင္း သီခ်င္းဆိုရတာ ပ်င္းစရာႀကီး မဟုတ္လား ဒီေတာ့ ဒီလိုကြာ ကိုယ့္ေဘးမွာ ရွိတဲ့သူအတြက္ သီခ်င္းဆိုျပရမွာ ငါက ငါ့ေဘးက Chaeyoung အတြက္ သီခ်င္းဆိုျပမယ္ ၿပီးေတာ့ Chaeyoungေဘးက Joohyun Unnieက Jennie Unnieအတြက္ ဆိုျပရမယ္ ဘယ္လိုလည္း ေကာင္းတယ္မလား ကိုယ့္ေဘးက လူက ကိုယ့္ crushျဖစ္ရင္ေတာ့ ကြက္တိဘဲ ဟိ...CEO Jisoo shii. ...ဒီကစားနည္းကို ခြင့္ျပဳေပးနိုင္မလား "

Lisaရဲ႕ အိုင္ဒီယာကို Jisoo မႀကိဳက္ေပမယ့္ ဝန္ထမ္းေတြက ေထာက္ခံေနေသာေၾကာင့္ Jisoo သေဘာတူကာ ခြင့္ျပဳေပးလိုက္ရသည္

Lisaလည္း ေပ်ာ္ၿပီး ဂစ္တာကို ယူကာ Chaeyoung အတြက္ သီခ်င္းတစ္ပုဒ္ဆိုျပေလသည္

L is for the way you look at me
O is for the only one I see
V is very, very extraordinary
E is even more than anyone that you adore can

Love is all that I can give to you
Love is more than just a game for two
Two in love can make it
Take my heart and please dont break it
Love was made for me and you. ...

Lisaမွာ Chaeyoungရဲ႕ မ်က္ႏွာကို တည့္တည့္ၾကည့္ၿပီး ဂစ္တာတီးကာ သီခ်င္းဆိုေတာ့ Chaeyoungမွာ ရွက္ေနသည္

"Aigoo မ်က္ႏွာေတြ နီရဲေနပါလား "

Joohyunက အနားကပ္ၿပီး စေတာ့ Chaeyoung မွာ Joohyunကို ျပန္ရန္ေတြ႕သည္

"ဝိုင္ေသာက္ထားလို႔ နီရဲတာပါေနာ္ "

"ထားပါေတာ့ "

Jennieကေတာ့ Chaeyoungကို ၾကည့္ၿပီး သေဘာက်လိဳ႕ ရယ္ရင္း သူ႕ေဘးက Joohyunကို တဘုန္းဘုန္းရိုက္ေလသည္

Joohyun မွာေတာ့ နာေပမယ့္လည္း Jennieက ေပ်ာ္ေနလို႔ ေက်နပ္ေနသည္

Lisaလည္း ဆိုၿပီးသြားေရာ ဝန္ထမ္းေတြမွာ သူတို႔ရဲ႕ မန္ေနဂ်ာ Joohyunအလွည့္မို႔ ေအာ္ဟစ္ကာ အားေပးၾကေလသည္

"Go go Joohyunnie "

Jennieမွာ ကေလးတစ္ေယာက္လို လက္သီးေလးဆုပ္ၿပီး အားေပးေတာ့ Joohyun မွာ သေဘာက်ၿပီး ရယ္ေနေပမယ့္ Jisooကေတာ့ မ်က္ေမွာင္ၾကဳတ္ကာ စူပုပ္ေနသည္

ငါ့အခ်စ္က နင္ေပ်ာ္႐ႊင္ဖို႔ အတြက္
သူ႕အခ်စ္ေၾကာင့္ နင္ မငိုပါနဲ႕ Jen. ...
ငါ့အခ်စ္ေၾကာင့္ နင္ လူေတြ ဝိုင္းေမာ့ကာ
ေမးရင္ ေမးရင္ နင္ေျပာကြယ္
ငါဟာေလ ဒုတိယလူ......

Joohyunက ဂစ္တာတီးၿပီး သူမ မ်က္လုံးကို စိုက္ၾကည့္ေနကာ ဆိုေနေသာေၾကာင့္ Jennie ရင္ေတြခုန္ၿပီး ရွက္ေနသည္

Jisooမွာ Jennie ရွက္ေနတာကို ၾကည့္ၿပီး ေဒါသေတြ ထြက္လာသည္

"Wow... အရမ္းေကာင္းတယ္ bravo. ..."

"ဂ်ာႀကီးကြ "

ဝန္ထမ္းေတြ အားလုံးက လက္ခုပ္တီးေပမယ့္ မတီးဘဲ ဝိုင္ေသာက္ေနသူကား Jisoo ပင္ ျဖစ္သည္

ဒီလိုနဲ႕ သီခ်င္းေတြဆိုလာရင္း Jisoo အလွည့္ေရာက္ေတာ့ Jisooက ဂစ္တာကို ယူလိုက္သည္

"CEOက Jaeheeအတြက္ဆိုမွာေပါ့ "

ဝန္ထမ္းတစ္ေယာက္ရဲ႕ စကားေၾကာင့္Jaeheeက ရင္ခုန္သြားေပမယ့္  Jisoo ေခါင္းခါျပသည္

"မဟုတ္ဘူး.... "

Jisoo ေျပာၿပီး ဂစ္တာကို စတီးလိုက္သည္

အခ်ိန္ေတြအၾကာႀကီး မင္းနဲ႕ငါ ခ်စ္ခဲ့ၾကတယ္
လမ္းခြဲရတယ္ ဘယ္သူအခ်စ္မ်ိဳး
ဘယ္လိုထူးလည္း....
ေနာက္တစ္ေယာက္ အသစ္ရွာ
ခ်စ္သြားလား
ငါခံစားခဲ့ရတဲ့ေန႕ေတြဟာ
တျဖည္းျဖည္း မင္းအနားေရာက္လို႔လာမွာ
ငါျမင္ေနက် အရင္လိုအၿပဳံးေတြ
ၿပဳံးျပဖို႔ေတာ့ မင္း အားတင္းထား.....

Jisooရဲ႕ သီခ်င္းေၾကာင့္ ရယ္ေမာေနတဲ့ Jennieမွာ အၿပဳံးေတြေပ်ာက္သြားၿပီး ခ်က္ခ်င္းထရပ္ကာ ထြက္ေျပးသြားေလသည္

ဝန္ထမ္းေတြမွာ Jennie အျပဳအမူေၾကာင့္ ထူးဆန္းေနေပမယ့္ Joohyunကေတာ့ Jennie ေနာက္ လိုက္ဖို႔ ထရပ္သည္

သို႔ေသာ္ ဒီတစ္ခါေတာ့ သူမ Jisooကို ရႈံးသြားေလသည္

Jisooမွာ ဂစ္တာကို ပစ္ခ်ၿပီး Jennie ေနာက္ ေျပးလိုက္သြားသည္

Jennie မွာ ကမ္းစပ္တြင္ ရပ္ၿပီး ငိုေနစဥ္ တစ္စုံတစ္ေယာက္က သူမကို ဆြဲဖက္ေလသည္

"မငိုပါနဲ႕ baby. ...."

#Tbc

Bạn đang đọc truyện trên: Truyen3h.Co