Truyen3h.Co

CEO Kim

Part 22

KimFany059

#unicode

"မငိုပါနဲ့တော့ baby. ..."

Jennieမှာ သူမကို ဖက်ထားတဲ့ သူမရင်းနှီးတဲ့ သူရဲ့ ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့ကာ ငိုလေသည်

"Jen. ..jenရဲ့ နှလုံးသားက အရမ်းနာကျင်နေတယ်..."

Jisooမှာ အရမ်းငိုနေတဲ့ ကလေးရဲ့ မျက်နှာပေါ်က မျက်ရည်တွေကို သုတ်ပေးနေသည်

သို့သော်လည်း Jennieက အငိုမတိတ်သောကြောင့် Jisooမှာ သက်ပြင်းချပြီး Jennieကို တင်းတင်းကြပ်ကြပ် ဖက်ထားလေသည်

"မငိုနဲ့တော့လေ Jenရယ်..."

Jisooက ချော့နေသော်လည်း Jennie မှာ အတိတ်တုံးက Jisooကို ထားခဲ့ရတဲ့အကြောင်းတွေရော....နောက် အနာဂတ်မှာ Jisooကို ထားခဲ့ရမယ့်အကြောင်းတွေရော တွေးရင်း တွေးရင်း အငိုမတိတ်နိုင်ဘဲ ပိုလို့သာ ငိုမိနေသည်

"အငိုသန်တဲ့ ကလေးလေးဘဲ "

Jisooမှာ ဖက်ထားရာက ခွာပြီး Jennie ရဲ့ မျက်နှာပေါ်ကျနေတဲ့ ဆံပင်တွေကို နားရွက်နောက်သို့ ပို့ပေးလိုက်သည်

ထို့နောက် Jennieရဲ့ မျက်နှာလေးကို ကိုင်ပြီး နဖူးကို Jisooက နမ်းလိုက်သောကြောင့် Jennie မှာ အံ့သြသွားလေသည်

Jennieရဲ့ ဦးနှောက်က Jisooဆီက ထွက်သွားဖို့ သတိပေးနေပေမယ့် သူ့နှလုံးသားကတော့ Jisooဆီက ရုန်းမရပေ .....နှလုံးသားကဘဲ ထပ်ပြီး အနိုင်ယူသွားတယ်

Jennie မျက်ရည်တွေကြားကနေ Jisooရဲ့ မျက်ဝန်းတွေကို ကြည့်ပြီး အဖြေရှာနေသည်

Jisooရဲ့ မျက်ဝန်းတွေထဲ စိုးရိမ်မှုတွေကို Jennie တွေ့နေရသည်

Jennie ထပ်ပြီး မျက်ရည်တွေကျလာပြန်သောကြောင့် Jisooမှာ သူ့ဘောင်းဘီအိတ်ထဲက လက်ကိုင်ပုဝါနဲ့ မျက်ရည်တွေကို သုတ်ပေးလေသည်

"မငိုပါနဲ့တော့ Jenရယ်....နော် "

"Ji. ....Jen ကြောက်တယ်..."

Jennie ထပ်ပြီး Jisoo ကို ထားသွားရမှာ ကြောက်နေသည်

Jennie ထပ်ပြီး Jisoo သူမကို မုန်းသွားမှာ ကြောက်နေသည်

"မကြောက်ပါနဲ့ Jenရယ် ကိုယ် ဒီမှာ ရှိနေတာဘဲလေ နော် "

"မဟုတ်ဘူး Jen ဖြစ်နေတာတွေ Ji နားမလည်ဘူး "

"ဒါဆို ကိုယ် နားလည်အောင် ရှင်းပြလေ.... ရှင်းပြပေးလေ....."

Jisooက သူမ ပြောတဲ့စကားတွေကို ယုံကြည်တဲ့ အကြည့်နဲ့ ကြည့်နေသောကြောင့် Jennie ခေါင်းခါလိုက်သည်.... ဘယ်လိုလုပ် Jisooကို ရှင်းပြနိုင်မှာလည်း

"ဟင့်အင်း Jenကို သွားခွင့်ပေးပါ "

Jennieမှာ သူမ လက်နှစ်ဖက်ကို ကိုင်ထားတဲ့ Jisooလက်တွေကို ဖယ်ပေမယ့် Jisooက Jennie လက်တွေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်

"ကိုယ် မင်းကိုထပ်ပြီး လက်မလွှတ်နိုင်ဘူး Jen "

Jisooရဲ့ စကားကြောင့် Jennie ကျောက်ရုပ်ဖြစ်သွားသလို Jisooမှာလည်း သူ့ပါးစပ်ကနေ အဲ့ဒီစကား ရုတ်တရက်ထွက်သွားလို့ အံ့သြမိသွားတယ်

"Ji. ..jisoo. .....ဘာပြောလိုက်တာလည်းဟင်."

Jisoo ဘာပြန်ပြောရမှန်းမသိလို့ တိတ်ဆိတ်နေသည်

Jisoo သူ့ခံစားချက်တွေနဲ့သူ ရှုပ်ထွေးနေတယ်

Jennieကို လက်လွှတ်လိုက်ရမှာ ကြောက်သည် Joohyunနောက် ပါသွားမှာကိုလည်း အရမ်းကြောက်သည်

Joohyunက တော်တော်လေး လက်သွက်လာတယ်.... လူအများရှေ့မှာတင် Jennieကို ကြည့်ပြီး သီချင်းဆိုရဲတယ်

Joohyunကို ကြည့်တဲ့ Jennieရဲ့ အကြည့်တွေလည်း မကြိုက်ဘူး....

Jennie သူမကို ထပ်ပြီး ထားသွားမှာလည်း ကြောက်နေတယ်......

Jisoo ခံစားချက်မျိုးစုံကြားမှာ စိတ်တွေ တအား ရှုပ်လာလို့ သက်ပြင်းချလိုက်သည်

"ဒီမှာ ခဏထိုင်ရအောင်...."

Jisoo ပြောပြီး သဲသောင်ပြင်ပေါ် ထိုင်ချလိုက်သည်

Jennieလည်း သက်ပြင်းချပြီး Jisooဘေးနား ထိုင်လိုက်သည်

"ကိုယ်ချစ်တဲ့သူနဲ့အတူရှိရဖို့ တစ်ကိုယ်ကောင်းဆန်တာရယ် ကိုယ်မချစ်တဲ့သူနဲ့ အတူရှိဖို့ ဘယ်ဟာကိုရွေးချယ်မလည်း Ji. ..."

Jennieရဲ့ မေးခွန်းကြောင့် Jennieကို Jisoo ကြည့်လိုက်သည်

"Jenကို ဂရုမစိုက်ပါနဲ့ Ji စိတ်ထဲရှိတာ ဖြေပါ "

"အင်း ကိုယ်ကတော့ ကိုယ်ချစ်တဲ့သူနဲ့ အတူရှိရဖို့တစ်ကိုယ်ကောင်းဆန်တာကို ရွေးမယ် "

Jisoo တစ်ချက်စဥ်းစားပြီး ဖြေလိုက်သည်

"အဲ့လိုကျ...ကိုယ်ချစ်တဲ့သူဆီက...အမုန်းခံရမှာပေါ့ "

"ဟင်...Jen  ဘာပြောတာလည်း နားမလည်ဘူး "

"ဘာမှမဟုတ်ပါဘူး.....Ji နားမလည်ပါဘူး "

"နားမလည်လို့ဘဲ Jenကို မေးနေတာလေ....Jen က ကိုယ်နားမလည်တဲ့ စကားတွေဘဲ ပြောနေတယ် ဘာဖြစ်လို့လည်း

"ဘာမှမဖြစ်ပါဘူး.... Ji. ....ဟိုလေ...Jiရဲ့ ပခုံးပေါ်မှာ ခဏ မှီလို့ရလား "

Jennie မှာ puppy eyeလေးနဲ့ မေးတော့ Jisoo ခေါင်းညိတ်ပြသည်

"ရပါတယ် အိပ်လေ...."

Jisooဆီက ခွင့်ပြုချက်ရတော့ Jisooရဲ့ ပခုံးပေါ် Jennie မှီလိုက်သည်.....

"အခုလို Ji ပခုံးပေါ် မှီပြီး မအိပ်ရတာ ဘယ်လောက်ကြာပြီလည်း "

Jisooကတော့ ဘာစကားမှမပြောဘဲ ပင်လယ်ကြီးကိုသာ ငေးကြည့်နေသည်

ဖြစ်နိုင်ရင် အခုအချိန်လေးကို Jennie ရပ်ထားချင်မိသည်.......... ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာ...Jennie မတွေးချင်တော့ပေ

Jisoo ဘေးနားရှိနေလို့ Jisoo ပခုံးပေါ် မှီအိပ်ရလို့ နွေးထွေးလုံခြုံသလို ခံစားရပြီး Jennie...... အိပ်ပျော်သွားလေသည်

ဆယ်မိနစ်လောက်ကြာတော့ Jennieဆီက ဘာအသံမှ မကြားရလို့ ကြည့်လိုက်တော့ Jennieမှာ အိပ်ပျော်နေသည်

"Aigoo ငိုထားရလွန်းလို့ ပင်ပန်းပြီး အိပ်ပျော်သွားတာ နေမယ် "

Jisoo ပြောပြီး ထရပ်ကာ အိပ်ပျော်နေတဲ့ Jennie ကို ပွေ့ချီလိုက်သည်

ထို့နောက် သူမအခန်းထဲသို့ Jennieကို ခေါ်လာသည်

Jennieကို ကုတင်ပေါ် တင်လိုက်ပြီး Jisooကတော့ ကုတင်ပေါ်မှာ တက်ထိုင်လိုက်သည်

သူမ ကုတင်ပေါ်အိပ်ပျော်နေတဲ့ Jennieလေးကို Jisoo စိုက်ကြည့်နေမိသည်....

ငါ သူ့ကိုချစ်နေသေးတာလား.....သူ့ကို.....ဒုတိယ အခွင့်အရေး ပေးသင့်လား....သူ Joohyunနောက် ပါသွားမှာကိုလည်း ငါကြောက်တယ် .... ..ငါကြောက်တယ် ငါ့ကို သူ ထပ်ပြီး ထားသွားမှာကို ကြောက်တယ်....... Jennie နင်က တကယ် ငါ့ရဲ့ အကြောက်တရားဘဲ

Jisoo စိတ်တွေရှုပ်လို့ သက်ပြင်းချပြီး Jennieဘေးနား ဝင်အိပ်လိုက်သည်

ငါ့ကို ထပ်ပြီး ထားမသွားပါနဲ့တော့ဟာ.....

Jennieရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းပြီး Jisoo ပြောလိုက်သည်....ထို့နောက် သူမရင်ခွင်ထဲ တိုးဝင်လာတဲ့ Jennieကို ဖက်ပြီး Jisoo အိပ်လိုက်သည်

#Tbc

#Zawgyi

"မငိုပါနဲ႕ေတာ့ baby. ..."

Jennieမွာ သူမကို ဖက္ထားတဲ့ သူမရင္းႏွီးတဲ့ သူရဲ႕ ရင္ခြင္ထဲ ေခါင္းေလးတိုးေဝွ႕ကာ ငိုေလသည္

"Jen. ..jenရဲ႕ ႏွလုံးသားက အရမ္းနာက်င္ေနတယ္..."

Jisooမွာ အရမ္းငိုေနတဲ့ ကေလးရဲ႕ မ်က္ႏွာေပၚက မ်က္ရည္ေတြကို သုတ္ေပးေနသည္

သို႔ေသာ္လည္း Jennieက အငိုမတိတ္ေသာေၾကာင့္ Jisooမွာ သက္ျပင္းခ်ၿပီး Jennieကို တင္းတင္းၾကပ္ၾကပ္ ဖက္ထားေလသည္

"မငိုနဲ႕ေတာ့ေလ Jenရယ္..."

Jisooက ေခ်ာ့ေနေသာ္လည္း Jennie မွာ အတိတ္တုံးက Jisooကို ထားခဲ့ရတဲ့အေၾကာင္းေတြေရာ....ေနာက္ အနာဂတ္မွာ Jisooကို ထားခဲ့ရမယ့္အေၾကာင္းေတြေရာ ေတြးရင္း ေတြးရင္း အငိုမတိတ္နိုင္ဘဲ ပိုလို႔သာ ငိုမိေနသည္

"အငိုသန္တဲ့ ကေလးေလးဘဲ "

Jisooမွာ ဖက္ထားရာက ခြာၿပီး Jennie ရဲ႕ မ်က္ႏွာေပၚက်ေနတဲ့ ဆံပင္ေတြကို နား႐ြက္ေနာက္သို႔ ပို႔ေပးလိုက္သည္

ထို႔ေနာက္ Jennieရဲ႕ မ်က္ႏွာေလးကို ကိုင္ၿပီး နဖူးကို Jisooက နမ္းလိုက္ေသာေၾကာင့္ Jennie မွာ အံ့ၾသသြားေလသည္

Jennieရဲ႕ ဦးႏွောက္က Jisooဆီက ထြက္သြားဖို႔ သတိေပးေနေပမယ့္ သူ႕ႏွလုံးသားကေတာ့ Jisooဆီက ႐ုန္းမရေပ .....ႏွလုံးသားကဘဲ ထပ္ၿပီး အနိုင္ယူသြားတယ္

Jennie မ်က္ရည္ေတြၾကားကေန Jisooရဲ႕ မ်က္ဝန္းေတြကို ၾကည့္ၿပီး အေျဖရွာေနသည္

Jisooရဲ႕ မ်က္ဝန္းေတြထဲ စိုးရိမ္မႈေတြကို Jennie ေတြ႕ေနရသည္

Jennie ထပ္ၿပီး မ်က္ရည္ေတြက်လာျပန္ေသာေၾကာင့္ Jisooမွာ သူ႕ေဘာင္းဘီအိတ္ထဲက လက္ကိုင္ပုဝါနဲ႕ မ်က္ရည္ေတြကို သုတ္ေပးေလသည္

"မငိုပါနဲ႕ေတာ့ Jenရယ္....ေနာ္ "

"Ji. ....Jen ေၾကာက္တယ္..."

Jennie ထပ္ၿပီး Jisoo ကို ထားသြားရမွာ ေၾကာက္ေနသည္

Jennie ထပ္ၿပီး Jisoo သူမကို မုန္းသြားမွာ ေၾကာက္ေနသည္

"မေၾကာက္ပါနဲ႕ Jenရယ္ ကိုယ္ ဒီမွာ ရွိေနတာဘဲေလ ေနာ္ "

"မဟုတ္ဘူး Jen ျဖစ္ေနတာေတြ Ji နားမလည္ဘူး "

"ဒါဆို ကိုယ္ နားလည္ေအာင္ ရွင္းျပေလ.... ရွင္းျပေပးေလ....."

Jisooက သူမ ေျပာတဲ့စကားေတြကို ယုံၾကည္တဲ့ အၾကည့္နဲ႕ ၾကည့္ေနေသာေၾကာင့္ Jennie ေခါင္းခါလိုက္သည္.... ဘယ္လိုလုပ္ Jisooကို ရွင္းျပနိုင္မွာလည္း

"ဟင့္အင္း Jenကို သြားခြင့္ေပးပါ "

Jennieမွာ သူမ လက္ႏွစ္ဖက္ကို ကိုင္ထားတဲ့ Jisooလက္ေတြကို ဖယ္ေပမယ့္ Jisooက Jennie လက္ေတြကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားသည္

"ကိုယ္ မင္းကိုထပ္ၿပီး လက္မလႊတ္နိုင္ဘူး Jen "

Jisooရဲ႕ စကားေၾကာင့္ Jennie ေက်ာက္႐ုပ္ျဖစ္သြားသလို Jisooမွာလည္း သူ႕ပါးစပ္ကေန အဲ့ဒီစကား ႐ုတ္တရက္ထြက္သြားလို႔ အံ့ၾသမိသြားတယ္

"Ji. ..jisoo. .....ဘာေျပာလိုက္တာလည္းဟင္."

Jisoo ဘာျပန္ေျပာရမွန္းမသိလို႔ တိတ္ဆိတ္ေနသည္

Jisoo သူ႕ခံစားခ်က္ေတြနဲ႕သူ ရႈပ္ေထြးေနတယ္

Jennieကို လက္လႊတ္လိုက္ရမွာ ေၾကာက္သည္ Joohyunေနာက္ ပါသြားမွာကိုလည္း အရမ္းေၾကာက္သည္

Joohyunက ေတာ္ေတာ္ေလး လက္သြက္လာတယ္.... လူအမ်ားေရွ႕မွာတင္ Jennieကို ၾကည့္ၿပီး သီခ်င္းဆိုရဲတယ္

Joohyunကို ၾကည့္တဲ့ Jennieရဲ႕ အၾကည့္ေတြလည္း မႀကိဳက္ဘူး....

Jennie သူမကို ထပ္ၿပီး ထားသြားမွာလည္း ေၾကာက္ေနတယ္......

Jisoo ခံစားခ်က္မ်ိဳးစုံၾကားမွာ စိတ္ေတြ တအား ရႈပ္လာလို႔ သက္ျပင္းခ်လိဳက္သည္

"ဒီမွာ ခဏထိုင္ရေအာင္...."

Jisoo ေျပာၿပီး သဲေသာင္ျပင္ေပၚ ထိုင္ခ်လိဳက္သည္

Jennieလည္း သက္ျပင္းခ်ၿပီး Jisooေဘးနား ထိုင္လိုက္သည္

"ကိုယ္ခ်စ္တဲ့သူနဲ႕အတူရွိရဖို႔ တစ္ကိုယ္ေကာင္းဆန္တာရယ္ ကိုယ္မခ်စ္တဲ့သူနဲ႕ အတူရွိဖို႔ ဘယ္ဟာကိုေ႐ြးခ်ယ္မလည္း Ji. ..."

Jennieရဲ႕ ေမးခြန္းေၾကာင့္ Jennieကို Jisoo ၾကည့္လိုက္သည္

"Jenကို ဂ႐ုမစိုက္ပါနဲ႕ Ji စိတ္ထဲရွိတာ ေျဖပါ "

"အင္း ကိုယ္ကေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႕ အတူရွိရဖို႔တစ္ကိုယ္ေကာင္းဆန္တာကို ေ႐ြးမယ္ "

Jisoo တစ္ခ်က္စဥ္းစားၿပီး ေျဖလိုက္သည္

"အဲ့လိုက်...ကိုယ္ခ်စ္တဲ့သူဆီက...အမုန္းခံရမွာေပါ့ "

"ဟင္...Jen  ဘာေျပာတာလည္း နားမလည္ဘူး "

"ဘာမွမဟုတ္ပါဘူး.....Ji နားမလည္ပါဘူး "

"နားမလည္လို႔ဘဲ Jenကို ေမးေနတာေလ....Jen က ကိုယ္နားမလည္တဲ့ စကားေတြဘဲ ေျပာေနတယ္ ဘာျဖစ္လို႔လည္း

"ဘာမွမျဖစ္ပါဘူး.... Ji. ....ဟိုေလ...Jiရဲ႕ ပခုံးေပၚမွာ ခဏ မွီလို႔ရလား "

Jennie မွာ puppy eyeေလးနဲ႕ ေမးေတာ့ Jisoo ေခါင္းညိတ္ျပသည္

"ရပါတယ္ အိပ္ေလ...."

Jisooဆီက ခြင့္ျပဳခ်က္ရေတာ့ Jisooရဲ႕ ပခုံးေပၚ Jennie မွီလိုက္သည္.....

"အခုလို Ji ပခုံးေပၚ မွီၿပီး မအိပ္ရတာ ဘယ္ေလာက္ၾကာၿပီလည္း "

Jisooကေတာ့ ဘာစကားမွမေျပာဘဲ ပင္လယ္ႀကီးကိုသာ ေငးၾကည့္ေနသည္

ျဖစ္နိုင္ရင္ အခုအခ်ိန္ေလးကို Jennie ရပ္ထားခ်င္မိသည္.......... ေရွ႕ဆက္ဘာျဖစ္မယ္ဆိုတာ...Jennie မေတြးခ်င္ေတာ့ေပ

Jisoo ေဘးနားရွိေနလို႔ Jisoo ပခုံးေပၚ မွီအိပ္ရလို႔ ႏြေးေထြးလုံၿခဳံသလို ခံစားရၿပီး Jennie...... အိပ္ေပ်ာ္သြားေလသည္

ဆယ္မိနစ္ေလာက္ၾကာေတာ့ Jennieဆီက ဘာအသံမွ မၾကားရလို႔ ၾကည့္လိုက္ေတာ့ Jennieမွာ အိပ္ေပ်ာ္ေနသည္

"Aigoo ငိုထားရလြန္းလို႔ ပင္ပန္းၿပီး အိပ္ေပ်ာ္သြားတာ ေနမယ္ "

Jisoo ေျပာၿပီး ထရပ္ကာ အိပ္ေပ်ာ္ေနတဲ့ Jennie ကို ေပြ႕ခ်ီလိုက္သည္

ထို႔ေနာက္ သူမအခန္းထဲသို႔ Jennieကို ေခၚလာသည္

Jennieကို ကုတင္ေပၚ တင္လိုက္ၿပီး Jisooကေတာ့ ကုတင္ေပၚမွာ တက္ထိုင္လိုက္သည္

သူမ ကုတင္ေပၚအိပ္ေပ်ာ္ေနတဲ့ Jennieေလးကို Jisoo စိုက္ၾကည့္ေနမိသည္....

ငါ သူ႕ကိုခ်စ္ေနေသးတာလား.....သူ႕ကို.....ဒုတိယ အခြင့္အေရး ေပးသင့္လား....သူ Joohyunေနာက္ ပါသြားမွာကိုလည္း ငါေၾကာက္တယ္ .... ..ငါေၾကာက္တယ္ ငါ့ကို သူ ထပ္ၿပီး ထားသြားမွာကို ေၾကာက္တယ္....... Jennie နင္က တကယ္ ငါ့ရဲ႕ အေၾကာက္တရားဘဲ

Jisoo စိတ္ေတြရႈပ္လို႔ သက္ျပင္းခ်ၿပီး Jennieေဘးနား ဝင္အိပ္လိုက္သည္

ငါ့ကို ထပ္ၿပီး ထားမသြားပါနဲ႕ေတာ့ဟာ.....

Jennieရဲ႕ ပါးေဖာင္းေဖာင္းေလးကို နမ္းၿပီး Jisoo ေျပာလိုက္သည္....ထို႔ေနာက္ သူမရင္ခြင္ထဲ တိုးဝင္လာတဲ့ Jennieကို ဖက္ၿပီး Jisoo အိပ္လိုက္သည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co