Truyen3h.Co

CEO Kim

Part 23

KimFany059

#Zawgyi
















"Good Morning Jennie "



"ဟုတ် Miss. Kim "


"Jennie "


"Joohyun. .."

Jennieက Joohyunကို ပြုံးပြပေမယ့် Joohyunကတော့ ရုပ်တည်နဲ့ Jennieဆီ လျှောက်လာသည်





"ဘာ ဘာဖြစ်လို့လည်း '














Jisooမှာ Jennie အပေါ် အိုဗာဖြစ်နေတဲ့ Joohyun ကို ပိတ်ထိုးပစ်ချင်စိတ် ထိန်းထားရသည်






ထိုအခါမှ Jennie အသိစိတ်ပြန်ဝင်ပြီး ကြည့်လိုက်တော့ Joohyun က သဲသောင်ပြင်ပေါ် လဲကျပြီး Jisooက Joohyunပေါ် တက်ခွကာ Joohyun မျက်နှာကို ထိုးလေသည်







Joohyun နှာခေါင်းက သွေးတွေ စီးကျလာတာ Jennie တွေ့လိုက်တော့ Jisooကို အားနဲ့ Jennie ဆောင့်တွန်းလေသည်


"အဲ့မှာ ခဏထိုင်နေအုံး Jen ချက်ချင်း ပြန်လာခဲ့မယ် "








"Jennie ခုနကပြောတာကလေ "


"မဟုတ်ဘူး ကိုယ်အတည်ပြောနေတာ မင်းကို သဘောကျတယ် Jennie..."

"Joo. ...joohyun. ..."







"Jisoo "

"ထွက်သွား "



ဝုန်း!!

"Jisoo "













"ဒါဆို ငါ့ကိုနမျး "


"ဘာလည်း မနမ်းချင်ဘူး..."

Jisooရဲ့ စကားမဆုံးသေး Jisooရဲ့ မျက်နှာကို ကိုင်ပြီး Jennieမှာ အသည်းပုံနှုတ်ခမ်းလေးကို နမ်းလေသည်


#Tbc

#unicode

Jennie အိပ်ရာက နိုးလာလို့ မျက်လုံးဖွင့်လိုက်သောအခါ သူမနဲ့ မျက်နှာချင်းဆိုင်တွင် သူမကို ဖက်ပြီး အိပ်ပျော်နေတဲ့ Jisooကို တွေ့ရလေသည်

"Oh my god ငါက သူ့အခန်းထဲ ဘယ်လိုလုပ်ရောက်နေတာလည်း "

Jennieမှာ Jisooနိုးမှာဆိုးလို့ မအော်မိအောင် စိတ်ထဲကနေ ရေရွတ်ရင်း  မနေ့က အကြောင်းတွေ ပြန်တွေးမိနေသည်

"ဟုတ်သားဘဲ ငါ ကမ်းစပ်မှာ သူ့ပခုံးကို မှီရင်း အိပ်ပျော်သွားတာ...."

Jennie တွေးမိပြီး သူမခါးကို ဖက်ထားတဲ့ Jisooရဲ့ လက်ကို ဖြည်းဖြည်းချင်း ဖယ်ဖို့ ကြိုးစားလေသည်

"Come on Jennie နင်လုပ်နိုင်ပါတယ်.... Jisoo မနိုးအောင် ဖြည်းဖြည်းချင်းလုပ်...."

Jennie စိတ်ထဲကနေ သူ့ကိုယ်သူ အားပေးပြီး သူမခါးကို ဖက်ထားတဲ့ Jisooရဲ့ လက်ကို ဖြည်းဖြည်းချင်း  ဖယ်လိုက်သည်

ထို့နောက် နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ Jisooရဲ့ မျက်နှာလေးကို စိုက်ကြည့်ရင်း

"အဲ့ဒီ အသည်းပုံ နှုတ်ခမ်းလေးကလေ အရမ်းဆွဲဆောင်မှုရှိတာဘဲ "

Jennie ရေရွတ်ရင်း Jisoo ရဲ့ အသည်းပုံနှုတ်ခမ်းလေးကို ပြွတ်ခနဲ နမ်းမိသွားသည်

"အယ် သေပြီ သူ မနိုးခင် အမြန်ပြေးမှ "

Jennie သူ စိတ်လွတ်ပြီး နမ်းမိသွားတာကို သတိထားမိမိချင်း ကုတင်ပေါ်က ဆင်းပြီး Jisoo အခန်းထဲက ထွက်ပြေးသွားလေသည်

အခန်းတံခါးပိတ်သံကို ကြားသောအခါ Jisoo မျက်လုံးဖွင့်လိုက်ပြီး ပြုံးလိုက်မိသည်

သူမက Jennie မနိုးခင်ကတည်းက နိုးပြီး Jennieကို စိုက်ကြည့်နေခဲ့တာလေ....Jennie နိုးလာတော့ သူမ ကြည့်နေတာ မသိသာအောင် အိပ်ချင်ယောင်ဆောင်နေခဲ့တာ.....

Jennie နမ်းသွားတဲ့ သူမနှုတ်ခမ်းလေးကို Jisoo ကိုင်ကြည့်ရင်း....

"Good Morning Jennie "

ဒီနေ့က trip နောက်ဆုံးနေ့မို့ ကမ်းစပ်မှာ အလှဆင်ထားတာတွေ Jennieတို့ ပြန်ဖြုတ်နေကြသည်

"အဲ့ပစ္စည်းတွေကို ကြိုးနဲ့သေချာစည်းပြီး ကားနောက်ခန်းထဲ ထည့်လိုက်နော် "

"ဟုတ် Miss. Kim "

ဝန်ထမ်းတွေမှာ Jennie ရဲ့ စကားကို နားထောင်ပြီး ခေါင်းညိတ်ပြကြသည်

"Jennie "

Joohyunရဲ့ ခေါ်သံကြောင့် Jennie လှည့်ကြည့်တော့ Joohyunက သူမကို မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေသည်

"Joohyun. .."

Jennieက Joohyunကို ပြုံးပြပေမယ့် Joohyunကေတာ့ ရုပ်တည်နဲ့ Jennieဆီ လျှောက်လာသည်

ထို့နောက် Jennieရဲ့ လက်ကို Joohyun ဆောင့်ဆွဲလိုက်သည်

"Joohyun ဘာ ဘာဖြစ်တာလည်း "

"မနေ့က နင် ဘယ်မှာ အိပ်ခဲ့တာလည်း "

Joohyun ရဲ့ မေးခွန်းကြောင့် Jennie လန့်သွားပြီး ဘာဖြေရမှန်းမသိ ဖြစ်နေသည်

"ဘာ ဘာဖြစ်လို့လည်း '

"နင့်အခန်းဖော်က မေးတာတော့ နင် မနေ့ညက ပြန်မလာဘူးတဲ့ "

"Chaeyoungတို့ဆီ သွားအိပ် "

"Chaeyoungက Lisa နဲ့အိပ်နေတာ Yeriကလည်း နင် သူ့ဆီမလာဘူး ပြောတယ် Jennie "

Joohyunက ပိတ်ပြောသောကြောင့် Jennie ဘယ်လိုဆက်ပြီး လိမ်ရမှန်းမသိ ဖြစ်သွားတယ်

Joohyunက ဘာဖြစ်နေတာလည်း သူ့အပြုအမူတွေက အရမ်း ထူးဆန်းနေတယ်

"အဲ့ဒီတော့ မနေ့ညက နင် ဘယ်မှာ သွားအိပ်နေတာလည်း Jennie "

Joohyunရဲ့ မေးခွန်းကို ဘာဖြေရမှန်း မသိသောကြောင့် Jennie တိတ်ဆိတ်နေသည်

"မနေ့ညက သူ ငါ့အခန်းထဲမှာ ရှိနေတာ "

ရုတ်တရက် ရောက်လာတဲ့ Jisooကြောင့် Jennie လန့်သွားသည်

Joohyunရဲ့ မျက်လုံးကို Jennie ကြည့်လိုက်တော့ အလိုမကျဒေါသထွက်နေတာကို တွေ့လိုက်ရသည်

Joohyunနဲ့ အကြည့်ချင်းဆုံသွားတော့ Jennie ခေါင်းငုံ့ထားမိသည်

"မနေ့ညက သူ ဘယ်မှာရှိရှိ ဘယ်မှာအိပ်အိပ် နင်နဲ့ဘာဆိုင်လို့ ဂရုစိုက်နေတာလည်း Joohyun "

Jisooရဲ့ မေးခွန်းကြောင့် Jisoo ရဲ့ မျက်လုံးကို Joohyun စိုက်ကြည့်လိုက်သည်

Jisooမွာ Jennie အပေါ် အိုဗာဖြစ်နေတဲ့ Joohyun ကို ပိတ်ထိုးပစ်ချင်စိတ် ထိန်းထားရသည်

Joohyunကတော့ ပြုံးပြီး

"Jennie ငါ့မျက်လုံးကိုကြည့် "

Joohyun စကားကြောင့် Jennie ခေါင်းမော့ပြီး Joohyun မျက်လုံးကို ကြည့်လိုက်တော့

"ကိုယ် မင်းကို သဘောကျတယ် Jennie "

Joohyunရဲ့ စကားကြောင့် Jennie အံ့သြပြီး ကျောက်ရုပ်ဖြစ်သွားစဉ် Jisooကတော့ စိတ်မထိန်းနိုင်တော့လို့ Joohyunကို ပြေးထိုးလေသည်

ထိုအခါမှ Jennie အသိစိတ်ပြန်ဝင်ပြီး ကြည့်လိုက်တော့ Joohyun က သဲသောင်ပြင်ပေါ် လဲကျပြီး Jisooက Joohyun အပေါ် တက်ခွကာ Joohyun မျက်နှာကို ထိုးလေသည်

Joohyunကလည်း လဲကျနေရာကနေ Jisooကို ပြန်ထိုးပြီး တွန်းလွှတ်လိုက်သည်

"ဘာဖြစ်ချင်နေတာလည်း Jisoo"

"နင့်ကို သတ်ချင်နေတာ Joohyun "

Jisoo ပြောပြီး Joohyun ဆံပင်ကို ဆောင့်ဆွဲလေသည်

"Jisoo တော်တော့... Joohyun မလုပ်နဲ့တော့ "

Jennie ဝင်တားပေမယ့် မရ Jisooနဲ့ Joohyunမှာ တစ်ယောက် ဆံပင်ကို တစ်ယောက် ကျွတ်ထွက်သွားအောင် ဆောင့်ဆွဲ နေကြသည်

Joohyun နှာခေါင်းက သွေးတွေ စီးက်လာတာ Jennie တွေ့လိုက်တော့ Jisooကို အားနဲ့ Jennie ဆောင့်တွန်းလေသည်

Jisooမှာ ဒေါသထွက်ပြီး Joohyunကို ရိုက်ဖို့လုပ်စဉ် ဝန်ထမ်းတွေနဲ့ Lisaတို့က ရောက်လာပြီး Jisooကို ဆွဲခေါ်သွားကြသည်

"အဲ့မွာ ခဏထိုင်နေအုံး Jen ချက်ချင်း ပြန်လာခဲ့မယ် "

Joohyunကို ထိုင်ခုံတွင် ထိုင်ခိုင်းပြီး Jennie ဆေးဆိုင်ကို ပြေးသွားသည်

ထို့နောက် ရေဘူးရယ် ဆေးနဲ့ဂွမ်းတွေ ဝယ်လာပြီး Joohyunဆီ ပြန်လာသည်

Joohyun နှာခေါင်းက သွေးတွေကို ရေနဲ့ဆေးပစ်ပြီး တစ်ရှူးနဲ့သုတ်ပေးလေသည်

ထို့နောက် သွေးဆက်မထွက်လာအောင် Joohyunရဲ့ နှာခေါင်းပေါက်ထဲ Jennie ဂွမ်းလေးတွေ ထည့်ပေးထားသည်

"သွေးမတိတ်ခင်ထိ ဒီလိုခဏနေပေးနော် Joohyun "

Jennie ပြောရင်း Joohyunနဲ့ အကြည့်ချင်းဆုံသွားတော့ ခုန Joohyunပြောတဲ့ စကားကို ပြန်ကြားယောင်မိပြီး ချက်ချင်း အကြည့်လွှဲလိုက်သည်

"ဆေးလည်းထည့်ပြီးပြီဆိုတော့ Jen သွားတော့မယ်နော် "

"Jennie ခုနကပြောတာကလေ "

"အာ သိပါတယ် Jisooကို စိတ်တိုအောင် လုပ်ချင်လို့ပြောတာ မဟုတ်လား "

"မဟုတ္ဘူး ကိုယ်အတည်ပြောနေတာ မင်းကို သဘောကျတယ် Jennie..."

"Joo. ...joohyun. ..."

"ရပါတယ် မင်းဆီက အဖြေ ကိုယ်မလိုချင်သေးပါဘူး ကိုယ် မင်းကို သဘောကျတယ်ဆို တာဘဲ သိစေချင်တာ ...ဒါကြောင့်မို့ နောက်ပိုင်း ကိုယ့်ကိုတွေ့ရင် ရှောင်မနေပါနဲ့နော် "

"အင်းပါ မရှောင်ပါဘူး... ဆေးထည့်ပြီးပြီမို့ Jen သွားတော့မယ်နော် "

သူမကို ပြုံးပြပြီး လှည့်ထွက်သွားတဲ့ Jennie ကို Joohyun ကြည့်ပြီး အသည်းတွေ ကြေမွသွားသလို ခံစားရသည်.....

Jennieကတော့ Jisooရဲ့ အခန်းကို ပြေးသွားလေသည်

"Jisoo. ...Jisoo တံခါးဖွင့်ပါအုံး "

Jisooရဲ့ အခန်းတံခါးကို ထုပြီး Jennie အော်လိုက်သည်

"Jisoo "

"ထွက်သွား "

အခန်းထဲကနေ Jisooရဲ့ အော်သံကို ကြားတော့ Jennie ခေါင်းခါပြီး ပြန်အော်လိုက်သည်

"မထွက်သွားနိုင်ပါဘူး... တံခါးဖွင့်ပါ Jisoo "

ဝုန်း!!

"Jisoo "

Jisoo အခန်းတံခါးလည်း ဖွင့်ရော Jennieမှာ အခန်းထဲ ဝင်သွားလေသည်

"နင့်ချစ်သူဆီ သွားလေ ဘာလို့ ငါ့ဆီလာနေတာလည်း "

"Joohyunက Jen ချစ်သူ မဟုတ်ပါဘူး Jisooရယ်...."

Jennie ပြောရင်း Jisooကို ကြည့်တော့ Jisoo မျက်နှာတွင် Joohyun ကုတ်ထားတဲ့ လက်သည်းရာကို တွေ့လိုက်ရသည်

"အာ မျက်နှာမှာ ဒဏ်ရာရထားတာဘဲ Jenဆေးထည့်ပေးမယ် "

"Joohyunကို ဆေးထည့်ပေးပြီးပြီ မဟုတ်လား"

"အင်း သူ့နှာခေါင်းက သွေးထွက်နေလို့ "

"တွေ့လား မင်းက ငါ့ထက် သူ့ကို ဦးစားပေးတာ "

Jisooရဲ့ ကလေးဆန်တဲ့ စကားကြောင့် Jennie ရယ်ချင်စိတ်ကို ထိန်းထားရသည်

"ကလေးမဆန်ပါနဲ့ Jiရယ်....ကဲပါ သူ့ကို ဦးစားပေးမိသလို ဖြစ်လို့ Jen တောင်းပန်ပါတယ်နော် စိတ်မဆိုးပါနဲ့ "

"ငါ့ဆီက ခွင့်လွှတ်မှုကို လိုချင်တယ်ပေါ့ "

Jisooမေးတော့ Jennie ခေါင်းညိတ်ပြသည်

"ဒါဆို ငါ့ကိုနမ်း "

Jisooရဲ့ စကားကြောင့် Jennie အံ့သြသွားသည်

"ဘာလည်း မနမ်းချင်ဘူး..."

Jisooရဲ့ စကားမဆုံးသေး Jisooရဲ့ မျက်နှာကို ကိုင်ပြီး Jennieမွာ အသည်းပုံနှုတ်ခမ်းလေးကို နမ်းလေသည်

Jisooကလည်း Jennie ရဲ့ အနမ်းကို ပြင်းပြင်းရှရှ ပြန်လည်တုံ့ပြန်လိုက်သည်

#tbc

Bạn đang đọc truyện trên: Truyen3h.Co