Truyen3h.Co

CEO Kim

Part 24

KimFany059

#unicode

"Jen ငါ့အတွက် ကော်ဖီ ဝယ်ပေးပါလား "

Jisoo စာရင်းတွေကြည့်ရင်း ကော်ဖီသောက်ချင်လာလို့ Jennieကို ကော်ဖီ ဝယ်ခိုင်းလေသည်

"Yes Sir "

Jennieမှာ စစ်သားတွေလို အလေးပြုပြီး ရုံးခန်းထဲကနေ ထွက်သွားသည်

Jennie အပြုအမူကို ကြည့်ပြီး အလုပ်တွေနဲ့ဖိအားများနေတဲ့ Jisooမှာ ပြုံးမိသွားတယ်

Jennieကလည်း ဓာတ်လှေကားထဲတွင် tripက ပြန်လာတဲ့နေ့တုံးက အကြောင်းကို ပြန်တွေးနေသည်

Flashback

Jisooမှာ ဆိုးလ်ကို ပြန်မယ့်နေ့တွင် အဆောင်ပိုင်ရှင်နဲ့ စကားတွေပြောနေသည်

Jennieကတော့ ဝန်ထမ်းတွေကို ပစ္စည်းတွေ သေချာစစ်ဖို့ မှာနေသည်

မှာနေရင်း Jisooကို Jennie လှမ်းကြည့်တော့ Jisooမှာ Jennieကို မျက်စိမှိတ်ပြလေသည်

Jisoo အပြုအမူကြောင့် Jennieမှာ ရင်တွေခုန်သွားလေသည်

ပစ္စည်းတွေ အကုန်ကားပေါ်တင်ပြီး ဝန်ထမ်းအားလုံး ကားပေါ်တက်ချိန် Jennieလည်း Lisa တို့ရှိတဲ့ ကားပေါ်တက်ဖို့ လုပ်တော့ Jisooက သူမကို လှမ်းခေါ်သည်

"Jennie "

"ဟုတ် CEO ဘာလုပ်ပေးရမလည်း.... "

Jennieမှာ Jisooဆီသို့ ပြေးသွားလေသည်

"လာ နင်က ငါ့ကားနဲ့ လိုက်ရမယ် "

Jisooရဲ့ စကားကြောင့် Jaeheeမှာ မျက်နှာပျက်သွားသည်

"ကားပေါ်မှာ လူတွေပြည့်နေတယ်လေ CEO. ..Jennie လိုက်ဖို့ အဆင်မပြေဘူးထင်တယ် "

"အင်း သိတယ် ဒါကြောင့် နင်က တစ်ခြားကားနဲ့လိုက်သွား Jaehee "

Jisoo စကားကြောင့် Jennie ပျော်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရသည်

"မသွားချင်ပါဘူး "

"ငါ့စကားကို နားမထောင်တာလား Jaehee "

Jisooက လေသံမာမာနဲ့ ပြောလို့ Jaeheeမှာ သူမရဲ့အထုပ်ကို ဆွဲပြီး ကားပေါ်က ဆင်းသွားလေသည်

"Jennie ကားပေါ်တက် ...."

Jennieကို ကားပေါ်တက်ခိုင်းပြီး Jisooမှာ Jennie ဘေးနား ဝင်ထိုင်လိုက်သည်

"ဘာလို့ ဘောင်းဘီအတိုဝတ်ထားတာလည်း "

"ဟို ..."

Jennie ဘာမှမပြောခင် Jisooမှာ သူ့လည်သာဂျာကင်ကို ချွတ်ပြီး Jennie ပေါင်ပေါ်သို့ ခြုံပေးလေသည်

ထို့နောက် Jennieကို ပြုံးပြပြီး Jennie ပခုံးပေါ်တွင် မှီအိပ်လိုက်သည်

End of Flashback

"Wendyရေ.... Black coffee တစ်ခွက် နဲ့ ဘာဂါတစ်လုံးလုပ်ပေးပါ "

"Jisoo အတွက်လား "

"ဟုတ်တယ် "

"Okay ခဏစောင့် "

Jennieမှာ အော်ဒါစောင့်နေစဥ် ဆိုင်ထဲ ကောင်မလေးတစ်ယောက် ဝင်လာသည်

"Joy.... "

"Jennie "

Jennieမှာ သူမ သူငယ်ချင်းဟောင်း Joyကို တွေ့ပြီး ပျော်လို့ ပြေးဖက်လေသည်

"Jennie မတွေ့ရတာ အတော်ကြာရောပေါ့ "

"ဟုတ်ပါ့ ငါ့မှာ နင့်ကို သတိရနေတာ...."

"ဘာသတင်းမှ မကြားရဘဲ koreaကနေ ပျောက်သွားတာ ဘယ်လိုဖြစ်ရတာလည်း ပြောပါအုံး "

"ပြောရရင်တော့ အရှည်ကြီးဘဲ နောက်မှ ဖုန်းဆက်ပြောမယ်လေ "

"ရှည်လည်း ရတယ်ပြော ငါ အလုပ်မရှိဘူး အားနေတာ "

Jennieမှာ Joyကို အမှန်တိုင်းပြောပြရမလား တွေးနေစဥ် Wendy ရောက်လာသည်

"Jennie နင်မှာထားတာတွေ ရောက်လာပြီ ဟင် အချစ်လေး ဘယ်ချိန်က ရောက်နေတာလည်း "

Wendyမှာ Joyကို အချစ်လေးလို့ ခေါ်သောကြောင့် Jennieမှာ အံ့သြသွားတယ်

"နင်တို့က ချစ်သူတွေလား "

"ဟုတ်တယ် Jennie ငါတို့က တွဲနေကြတာ နင်တို့ကရော "

"ငါက Joy ရဲ့ သူငယ်ချင်းလေ အမလေး ကမ္ဘာကြီးက ကျဥ်းကျဥ်းလေးနော် "

"ကမ္ဘာကြီးက ကျဥ်းတာ ကျယ်တာအသာထား နင်ပြောမယ့် စကားဆက်ပြော Jennie "

"အာ... Jisooက စောင့်နေတာမို့ သွားတော့မယ်နော် "

"နေပါအုံး မသွားခင် နင့်ဖုန်းနံပါတ် ပေး...ဒါမှ နင့်ကို လိုက်ဖမ်းလို့ရမှာ "

Jennieရဲ့ လက်ကို ဆွဲပြီး Joy မှာ ဖုန်းနံပါတ်တောင်းလိုက်သည်

Jennieလည်း သူ့ဖုန်းနံပါတ်ကို ပေးပြီး ဆိုင်ထဲကနေ အမြန်ထွက်သွားသည်

"သူတို့က ပြန်တွဲနေကြတာလား Wen "

Joyက မေးတော့ Wendyက မသိဘူးဆိုပြီး ခေါင်းခါပြသည်

"Ji ကော်ဖီရပြီ ဘာဂါပါ အစစ်ဝယ်လာတယ် "

ရုံးခန်းထဲ ဝင်လာတဲ့ Jennieကို Jisoo မော့ကြည့်ပြီး ခေါင်းညိတ်ပြသည်

"အရင်ဆုံး ကော်ဖီနဲ့ မုန့်လာစားပါအုံး ပြီးမှ စာရင်းတွေ ပြန်ကြည့်လေနော် လာပါ CEOကလည်း တအား အလုပ်တွေ ကြိုးစားနေတာဘဲ "

Jennieမှာ မုန့်တွေကို စားပွဲခုံပေါ် တင်ပြီး ထိုင်ခုံတွင် အလုပ်လုပ်နေတဲ့ Jisooကို ဆွဲခေါ်လေသည်

Jisooလည်း Jennieနောက် ပါလာပြီး ဆိုဖာတွင် ထိုင်လိုက်သည်

Jisooကို ကော်ဖီပေးပြီး Jennieမှာ ဟမ်ဘာဂါဘူးကို ဖွင့်လိုက်သည်

"ရော့ ဘာဂါလည်း စား...'

"ကိုယ့်ဘာသာကိုယ် လုပ်တတ်ပါတယ် Jenရ.... "

"အဲ့တာက တော်တော်အရေးပါလို့လားဟင် "

Jennieရဲ့ မေးခွန်းကို နားမလည်တဲ့ Jisooမှာ ကော်ဖီသောက်ရင်း Jennieကို ကြည့်နေသည်

"Jen ဘာမေးတာလည်း "

"ဟိုလေ Jen မေးတာက ဒီ company ဒီအလုပ်တွေနဲ့ ဝန်ထမ်းတွေက Jiအတွက် ဘယ်လောက်အရေးပါလည်းလို့ "

Jennieမှာ မေးရင်း လည်ချောင်းတွေ ခြောက်လာသလို ခံစားရသည်

Jisooမှာ Jennieကို တစ်ချက်ကြည့်ပြီး ကော်ဖီကို တစ်ငုံသောက်လိုက်သည်

ထို့နောက် Jennie မေးခွန်းကို ပြန်ဖြေလိုက်သည်

"အရေးပါတာပေါ့ ဒီ companyကို ထိန်းသိမ်းရဖို့ဆို ဘာလုပ်ရလုပ်ရ လုပ်ရဲတယ် "

"ဘာလို့လည်း "

"ကိုယ့်အဘိုးက သူ့သွေးနဲ့ချွေးနဲ့ ဒီ company ကို တည်ထောင်ခဲ့လို့လေ.....သူမသေခင်က ဒီ company ကို သေချာ ဂရုစိုက်ပါမယ်လို့ ကတိလည်း ပေးထားလို့ ဒါကြောင့်မို့ ဒီ companyကို အထိခိုက်မခံနိုင်တာ "

Jisoo ပြောပြီး ဟမ်ဘာဂါကို ကိုက်လိုက်သည်

Jennieကတော့ ခေါင်းညိတ်ပြီး Jisoo နှုတ်ခမ်းထောင့်က ပေနေတဲ့ မယောနိစ့်တွေကို တစ်ရှူးနဲ့ သုတ်ပေးလေသည်

"Ji. .."

"ဟင်...'

"Jenကို ယုံလားဟင် "

Jennieက မေးတော့ Jisooမှာ Jennieရဲ့ မျက်လုံးကို သေချာစိုက်ကြည့်ပြီး ခေါင်းညိတ်ပြသည်

"Jenကို အမြဲ ယုံကြည်ပေးပါနော် "

Jennie ပြောပြီး Jisooကို ဖက်လိုက်သည်

************

Jennie အလုပ်ကနေ အိမ်ကို ပြန်ရောက်တော့ ရေချိုးပြီး ကုတင်ပေါ်တွင် လှဲအိပ်နေသည်

ထိုစဥ် ဖုန်းဝင်လာလို့ Jisoo ဆက်တယ်ထင်ပြီး အမြန်ကိုင်လိုက်ပေမယ့် သူမ အဖေဖြစ်နေသည်

"အခြေအနေ ဘယ်လိုလည်း "

"ဟို ဘာမေးတာလည်း မသိဘူး "

"ဘယ်လို ရူးကြောင်ကြောင် ဖြစ်နေတာလည်း ညည်းအခုထိ ဘာမှမလုပ်ရသေးဘူးလား "

"ဟို Chaw သူ့ဆီက ယုံကြည်မှုတော့ ရပါပြီ "

"အင်း ညည်းလုပ်နိုင်မယ်လို့ ငါသိပြီးသားပါ စာရွက်စာတမ်းတွေ ရော "

"သူ့ကို အခုထိ မပြရသေးဘူး "

"ဘာ အခုထိ မပြရသေးဘူး ဟုတ်လား ညည်းကို အချိန်တွေအများကြီး ပေးထားတာကို ဘာတွေ လုပ်နေတာလည်း ငါ့ စိတ်ရှည်မှုကို စမ်းသပ်နေတာလား "

"မဟုတ်ပါဘူး "

"မနက်ဖြန် သူ့ကို ချက်ချင်း စာရွက်စာတမ်းတွေမှာ လက်မှတ်ထိုးခိုင်းရင်ထိုးခိုင်း ညည်းမလုပ်နိုင်ရင်တော့ ငါ့လူတွေကို လွှတ်ပြီး ဒီကို ပြန်ခေါ်လာခိုင်းမှာနော် "

Jennieမှာ သူမအဖေရဲ့ စကားကြောင့် လန့်ပြီး မျက်ရည်တွေကျလာသည်

"အာ အဲ့ အဲ့လို မလုပ်ပါနဲ့ Chaw အကောင်းဆုံး ကြိုးစားပါမယ် "

Jennieရဲ့ စကားကြောင့် သူမ အဖေမှာ ဖုန်းထဲကနေ ရယ်လိုက်သည်

"ကောင်းပြီ မနက်ဖြန် နောက်ဆုံးနော် "

Jennieမှာ သူမ အဖေ ဖုန်းချသွားတော့ စောင်ကို ခေါင်းမြီးခြုံကာ ငိုလေသည်

"Jisooရဲ့ ယုံကြည်မှုကို အခွင့်ရေးယူပြီး ငါထပ်ပြီး...ငါထပ်ပြီး သူ့နောက်ကျောကို ဓားနဲ့ထိုးရအုံးမယ်.......Jen တောင်းပန်ပါတယ် Jisooရယ်.  '

#tbc

#zawgyi



"Yes Sir "




Flashback






"Jennie "








"မသွားချင်ပါဘူး "



"Jennie ကားပေါ်တက် ...."



"ဟို ..."



End of Flashback


"Jisoo အတွက်လား "

"ဟုတ်တယ် "

"Okay ခဏစောင့် "


"Joy.... "

"Jennie "


























"ရော့ ဘာဂါလည်း စား...'




"Jen ဘာမေးတာလည်း "






"ဘာလို့လည်း "




"Ji. .."

"ဟင်...'

"Jenကို ယုံလားဟင် "




************



"အခြေအနေ ဘယ်လိုလည်း "







"မဟုတ်ပါဘူး "








#tbc

Bạn đang đọc truyện trên: Truyen3h.Co