Truyen3h.Co

CEO Kim

Part 25

KimFany059

#zawgyi


I Love You Jen


"Hello "


"မဟုတ်ပါဘူး '








*************



"CEOကို တွေ့သေးလားဟင် "


























"Joohyunnie "

"Aww Jennie.... "






"ကျေးဇူးတင်ပါတယ်.... "




ထိုပစ္စည်းမှာ Jennie အဖေပေးထားတဲ့ စာချုပ်ကို ထည့်ထားတဲ့ အိတ်တစ်ခုပင်ဖြစ်သည်







#Tbc

#unicode

Jennie စောင်ကို ခေါင်းမြီးခြုံကာ ငိုရင်း ဖုန်းထဲ Message ဝင်သံကြားလို့ ကြည့်လိုက်တော့ Jisooဆီက ဖြစ်နေသည်

I Love You Jen

Jisooဆီက Message ကို မြင်တော့ Jennie စိတ်မထိန်းနိုင်ဘဲ သူမ အဖေဆီ ဖုန်းဆက်လိုက်သည်

"Hello "

"ဘာလည်း ညတွင်းချင်း လက်မှတ်ထိုးပြီးသွားတာလား မြန်လိုက်တာ "

"မဟုတ်ပါဘူး '

"ဒါဆို ဘာလို့ ငါ့ကို ဖုန်းခေါ်ရတာလည်း "

"Appa. ..chaw လုပ်နိုင်မယ် မထင်ဘူး သူတန်ဖိုးထားရတဲ့ "

"ညည်း စိတ်ဖောက်သွားတာလား Jennie Kim. ...အဲ့မှာ မနေချင်တော့လို့လား ဒီကိုပြန်လာချင်နေတာလား "

"ကျေးဇူးပြုပြီး Appa. ..chawတို့ကို ပျော်ခွင့်ပေးပါလား "

Jennie သူမအဖေအကြောင်း သိပေမယ့် တောင်းပန်နေမိသည်

သို့သော်လည်း သူမ အဖေက ဖုန်းချသွားသောကြောင့် Jennie အော်ဟစ်လိုက်မိသည်

နောက်ဆုံး Jennieမှာ ဖြစ်သမျှ အကုန်လုံးကို သူမကို ယုံကြည်တဲ့ Jisooကို အမှန်တိုင်း ပြောပြဖို့ ဆုံးဖြတ်လိုက်သည်

*************

Jennie မနေ့ညက အိပ်မပျော်တာနဲ့ မနက်ကျ အိပ်ရာထနောက်ကျပြီး အလုပ်နောက်ကျလေသည်

Jennieမှာ ရုံးခန်းထဲ ရောက်တော့ Jisoo အိတ်နဲ့ ဖုန်းကို တွေ့ပေမယ့် Jisooကို မတွေ့ရသောကြောင့် ရုံးခန်း အပြင်ဘက်ကို ထွက်လာသည်

"CEOကို တွေ့သေးလားဟင် "

Jennie ရုံးခန်းရှေ့က ဖြတ်သွားတဲ့ ဝန်ထမ်းတစ်ယောက်ကို မေးလိုက်တော့ Jisoo တစ်ယောက် ခေါင်းမိုးထပ်ကို သွားတာမြင်တယ်လို့ ပြောလို့ Jennie ခေါင်းမိုးထပ်ပေါ် လိုက်သွားသည်

တစ်ဖက်က Jisooမှာလည်း မနေ့ညက Jennieကို ချစ်တယ်လို့ message ပို့မိသောကြောင့် ရှက်ပြီး Jennieနဲ့ မျက်နှာချင်းမဆိုင်ရဲလို့ ခေါင်မိုးထပ်သို့ ရောက်နေခြင်း ဖြစ်သည်

မနေ့ညက Jennie အကြောင်း Jisoo တွေးမိရင်း Jennieကို သူမ ချစ်နေသေးကြောင်း သေချာသိမြင်ပြီးနောက် ထပ်ပြီး Jennie အပေါ် မုန်းသလို ဟန်မဆောင်နိုင်သောကြောင့် Jennieဆီ Jisoo စာပို့လိုက်ခြင်း ဖြစ်သည်

Jennie အကြောင်း တွေးရင်း Jisoo သူမကိုယ်သူမ မသိလိုက်ဘဲ ပြုံးမိသွားတယ်

Jisoo မျက်လုံးကို မှိတ်ထားပြီး သက်ပြင်းချလိုက်သည်

မျက်လုံးကို ပြန်ဖွင့်တဲ့အခါ သူမကို ပြုံးပြီး ကြည့်နေတဲ့ Jennieကို တွေ့ရတော့ Jisoo အံ့သြသွားတယ်

"Jen ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလည်း "

"Ji ပြုံးနေတာလေး မမြင်ရတာတောင် အတော်ကြာပြီ...."

Jisoo ခုန ပြုံးလိုက်မိတာကို သတိရပြီး Jennie စကားကြောင့် ရှက်ကာ သူမလည်ပင်းကို လက်နဲ့ကုတ်လိုက်သည်

"ဒါနဲ့ Jen ဒီကို ဘာလာလုပ်တာလည်း "

"Jiကို တွေ့ချင်လို့ လိုက်လာတာ.... "

Jennie စကားကြောင့် Jisoo ပြုံးလိုက်ပြီး Jisooကို ဆွဲဖက်လိုက်သည်

Jennieမှာ Jisooက သူမကို ဖက်ထားသောကြောင့် ငိုချပစ်ချင်စိတ်ကို ထိန်းထားရသည်

"Jenကို ငါ ချစ်နေသေးတယ်ထင်တယ်...."

"Jenလည်း....Jiကို အရမ်းချစ်တယ်...."

Jisooကို ပြန်ဖက်ရင်း Jennie ပြောလိုက်သည်

ယခုအခြေအနေလေးကို Jennie နှစ်သက်သည်....အချိန်တွေကို ရပ်ထားခွင့်ရရင် ကောင်းမယ်လို့ Jennie စိတ်ထဲတွေးနေမိသည်

"ဒါဆို Jiကို ထပ်ပြီးထားမသွားနဲ့တော့နော်...."

Jisooရဲ့ စကားကို Jennie ပြန်မဖြေနိုင်ဘဲ Jisooကို ခပ်တင်းတင်းသာ ဖက်ထားမိသည်

Jensooတို့ ရုံးခန်းကို ရောက်တော့ Jennieမှာ သူမအဖေ ပေးထားတဲ့ စာချုပ်ကို စားပွဲခုံပေါ် တင်ပြီး Jisoo  အခြေအနေကို အကဲခတ်နေသည်

နေ့လည် မုန့်စားချိန်ရောက်ရင် Jisooကို အမှန်တိုင်းပြောပြဖို့ တွေးလိုက်သည်

"Jen ကိုယ့်အတွက် sandwich လေး ဝယ်ပေးပါလား "

"ဟုတ်ပြီ Jen အခုချက်ချင်း သွားဝယ်လိုက်မယ်နော် "

Jennieမှာ Jisooကို ပြောပြီး ရုံးခန်းထဲကထွက်လာသည်

ဓာတ်လှေကားထဲရောက်တော့ သူမကို ဖွင့်ပြောခဲ့တဲ့ Joohyunနဲ့ တွေ့လေသည်

"Joohyunnie "

"Aww Jennie.... "

"မတွေ့ရတာ သုံးရက်တောင်ရှိပြီ ဘယ်ပျောက်နေတာလဲ... "

"အလုပ်တွေ ရှုပ်နေလို့ ရုံးခန်းထဲကနေတောင် မထွက်ဖြစ်ပါဘူး Jennieကရော အခု ဘယ်သွားမလို့လည်း "

"Jisoo အတွက် မုန့်သွားဝယ်မလို့လေ.... လိုက်ခဲ့ပါလား မုန့်ဝယ်ကျွေးမယ် "

"ဟင့်အင်း တော်ပါပြီ.... အလုပ်များနေလို့ မလိုက်တော့ပါဘူး အဲ့အစား တစ်ခေါက်လောက် စိတ်ပင်ပန်းတာ ပျောက်ဖို့ ဖက်ထားလို့ရမလားဟင်...."

Joohyun စကားကြောင့် Jennieလည်း ခေါင်းညိတ်ပြီး ဖက်ခွင့်ပြုလိုက်သည်

"ကျေးဇူးတင်ပါတယ်.... "

Joohyunမှာ Jennieကို ဖက်ပြီး ကျေးဇူးတင်စကားပြောကာ ဓာတ်လှေကားထဲက ထွက်လာသည်

Jennieက သူမကို သူငယ်ချင်းလို သဘောထားပြီး Jisooအပေါ်ဘဲ စိတ်ရောက်နေမှန်း Joohyun သိနေတယ်လေ....

Jennie မုန့်ဝယ်ပြီး ရုံးခန်းတံခါး ဖွင့်ဖွင့်ချင်း Jisooမှာ သူမကို ပစ္စည်း တစ်ခုနဲ့ ပစ်ပေါက်လေသည်

ထိုပစ္စည်းမှာ Jennie အဖေပေးထားတဲ့ စာချုပ််ကို ထည့်ထားတဲ့ အိတ်တစ်ခုပင်ဖြစ်သည်

"ငါ့ Company ကို အဲ့ဒီလောက်တောင် လိုချင်နေတာလား Jennie Kim "

Jisooရဲ့ ဒေါသအသံကြောင့် Jennie လက်က မုန့်ထုပ် ပြုတ်ကျသွားလေသည်

Jisoo သူမကို အထင်လွဲသွားပြီ....

ဒေါသထွက်နေတဲ့ Jisooကို Jennie ဘယ်လိုရှင်းပြရမလည်းဆိုတာ တွေးလို့မရသလို... Jennie နှလုံးခုန်မြန်လာပြီး ကြောက်ဒူးတွေလည်း တုန်လာသည်

"နင်က ငါ့ယုံကြည်မှုနဲ့ မထိုက်တန်တဲ့ ကောင်မဘဲ ငါ့ကို စောက်ရူးထပ်လုပ်ပြန်ပြီ ငါဆိုတဲ့ ကောင်မကလည်း နွားမ ထပ်ဖြစ်ပြန်ပြီ "

Jisoo အော်လိုက်ပြီး သူ့စားပွဲခုံပေါ်က စာရွက်တွေကို လွှင့်ပစ်လိုက်သည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co