Truyen3h.Co

CEO Kim

Part 26

KimFany059

#unicode

Flashback

Jennie တစ်ယောက် သံဇကာတွေ ကာထားတဲ့ ပြတင်းပေါက်ကနေ အပြင်ဘက်ကို ငေးကြည့်ရင်း သက်ပြင်းချလိုက်သည်

အပြင်ဘက်က ရာသီဥတုက သာယာနေပေမယ့် Jennieရဲ့ စိတ်အခြေအနေကတော့ မုန်တိုင်းသဖွယ် ဆိုးရွားနေသည်

အပြင်ဘက်ကို ငေးကြည့်ရင်း သူမ ထားခဲ့မိတဲ့ သူမ အရမ်းချစ်ရသူကို သတိရမိပြီး Jennie မျက်ရည်တွေ ကျလာသည်

Jisooဆီ ဖုန်းဆက်ပြီး ပိတ်ခံထားရတဲ့ သူမကို လာကယ်ဖို့ အကူအညီတောင်းချင်မိသည် သို့သော် မဖြစ်နိုင်ပါ

Jennie ဖုန်းက အသိမ်းခံရပြီး အခန်းတစ်ခန်းထဲ ပိတ်ခံထားရတယ်လေ

နေ့တိုင်းနေ့တိုင်း Jisooကို Jennie တွေ့ချင်ပေမယ့် သူမအဖေက တွေ့ခွင့်မပေးပါ

သူမကို အခန်းထဲ ပိတ်ထားတာ ရှစ်လ...ကိုးလလောက် ရှိနေပြီ .....

သူမရဲ့ အဖေစကားကိုသာ မယုံကြည်ခဲ့ရင် Jennie အခုလို ပိတ်ခံထားရမယ် အခုလို သူချစ်ရတဲ့ သူနဲ့ ဝေးရမှာ မဟုတ်ဘူးလေ

သူမအဖေက သူမဆီဖုန်းဆက်ပြီး ကင်ဆာဖြစ်နေတယ် နောက်သုံးလနေရင် သေမှာဆိုပြီး ဖုန်းဆက်ပြောလို့ Jennie နယူးဇီလန်ကို လိုက်သွားခဲ့မိတာ

Jennieက သူမ အဖေဆို သိပ်ချစ်တာ...သူမ အမေ ဆုံးသွားပြီးနောက် သူမမှာ မိသားစုဝင်ဆိုလို့ သူမ အဖေဘဲ ရှိတာလေ

ဒါကြောင့် နှစ်ကြိမ် မစဥ်းစားဘဲ လေယာဥ်လက်မှတ် ဖြတ်ပြီး သူမအဖေဆီ သွားခဲ့သည်

နယူးဇီလန်ကို ရောက်တော့ အားလုံးက အလိမ်အညာတွေမှန်း Jennie သိလိုက်ရသည်

သူမ အဖေက ကင်ဆာမဖြစ်တဲ့ အပြင် ကျန်းကျန်းမာမာရှိနေတာကို Jennie တွေ့လိုက်ရသည်

Mr. Kimက သူ့ company ဒေဝါလီခံတော့မှာမို့ Jennieကို ဖုန်းဆက်ခေါ်တယ် ပြောခဲ့သည်

Jennieက သူမ အဖေ company နဲ့ ပတ်သက်ပြီး ဘာမှမသိလို့ koreaကို ပြန်ဖို့ လုပ်လေသည်

သို့သော်လည်း သူမ အဖေက Jennie ကို ဖမ်းကာ အခန်းထဲ သော့ပိတ်ထားသည်.....

Jennie ကတော့ Jisoo သူမကို လိုက်ရှာပါစေ လာကယ်ပါစေ ဆုတောင်းခဲ့ပေမယ့် အခန်းထဲ ပိတ်မိနေခဲ့တာ ကိုးလလောက် ရှိနေပြီလေ

သူမ အဖေကို ပြန်လွှတ်ပေးဖို့ ငိုယိုတောင်းပန်ပေမယ့်မရ....သူမကို ဘာလို့ဖမ်းထားလည်းဆိုတဲ့ အကြောင်းပြချက်လည်း အခုထိ မသိရ.....

တစ်နေ့မှာတော့ အိမ်ဖော်တစ်ယောက်က Jennie ရဲ့ အခန်းတံခါးကို လာဖွင့်ပေးသည်

"Miss Kim. ...သခင်ကြီးက ရုံးခန်းကို လာခဲ့ပါတဲ့.... "

Jennieမှာ သူမကို ပြန်လွှတ်ပေးမယ်ထင်ပြီး မျှော်လင့်ချက်နဲ့ ရုံးခန်းကို သွားလိုက်သည်

ရုံးခန်းထဲရောက်တော့ သူမအဖေနဲ့ သူမထက် ဆယ်နှစ်လောက် အသက်ကြီးတဲ့ အမျိုးသားတစ်ယောက် စကားပြောနေတာကို Jennie တွေ့လိုက်ရသည်

ထိုအမျိူးသားမှာ Jennieကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး လျှာသပ်နေသောကြောင့် Jennie အမြန် အကြည့်လွှဲလိုက်ရသည်

"ဒါဆိုလည်း နောက်နေ့ ထပ်တွေ့ကြမယ်နော် Mr. Shin. .ကျွန်တော် ပြန်ဆက်သွယ်လိုက်ပါမယ်..."

"ကောင်းပြီဗျာ "

Mr. Shinဆိုတဲ့ အမျိုးသားမှာ အခန်းထဲက ထွက်မသွားခင် Jennieကို တစ်ချက် ကြည့်သွားသေးသည်

"Appa ခေါ်တယ်ဆိုလို့ "

"အင်း ဟုတ်တယ် ညည်းကို ပြောစရာရှိလို့ "

Mr. Kimမှာ သူ့စားပွဲခုံပေါ်က ဝိုင်ခွက်ကို ယူသောက်ရင်း ပြောလိုက်သည်

"ခုန အခန်းထဲက ထွက်သွားတဲ့သူကို တွေ့တယ်မလား သူ့ကိုသိလား "

Mr. Kimက မေးတော့ Jennie ခေါင်းခါပြသည်

"ဟုတ်သား ညည်းက ဘယ်လိုသိမှာလည်း သူ့နာမည်က Shin Jeong Minတဲ့ Koreaလူမျိုးဘဲ English စကားလည်း တော်တော် ပြောတတ်တယ် အသက်က သုံးဆယ့်ငါးနှစ်တဲ့ တော်တော်လည်း ချမ်းသာတယ်..."

"အဲ့တာ Chaw. ..Chaw သိစရာလိုလို့လားဟင် '

"လိုတာပေါ့ မကြာခင် ညည်းအမျိုးသား ဖြစ်မယ့်သူလေ "

"ဟင့်အင်း သူ့ကို Chaw လက်မထပ်နိုင်ဘူး..... Jisoo ရှိတယ် "

"Aww ညည်းကို တစ်ချက်လေးတောင် မဆက်သွယ် လာမရှာတဲ့သူကို ဘာလို့ ထုတ်ထုတ်ပြောနေတာလည်း "

"Appaက ဖုန်းသိမ်းထားပြီး အခုလို ပိတ်ထားတာကို သူက ဘယ်လိုရှာနိုင်မှာလည်း "

"ငါ့ကို ပြန်မပြောနဲ့ Jennie Kim. ..ဒေဝါလီခံတော့မယ့် ငါ့ companyကို ကယ်နိုင်ဖို့ ညည်း သူ့ကို Mr. Shinကို လက်ထပ်မှဖြစ်မယ် "

"Companyကို ဒေဝါလီ မခံရအောင် သေချာ ဦးစီးလုပ်လေ .....ဘာလို့ "

ဖြန်း!

Jennie စကားမဆုံးသေး သူမအဖေဆီမှ ပါးရိုက်တာ ခံလိုက်ရသည်

"ငါ့ကို ပြန်မပြောနဲ့ ခွေးမ......တောက်.....အပြင်မှာ လူရှိလား ဒီခွေးမကို သူ့လှောင်အိမ်ထဲ ထည့်လိုက်စမ်း "

Mr. Kim အော်သံကြောင့် Maidနှစ်ယောက်မှာ ရုံးခန်းထဲ ဝင်လာကြပြီး Jennie ကို ဆွဲခေါ်သွားကြသည်

သူမအဖေနဲ့ စကားများပြီး တစ်ပတ်ကြာတော့ maid တစ်ယောက်လာခေါ်သောကြောင့် Jennie အခန်းထဲက ထပ်ထွက်ခွင့်ရလာသည်

Maidရဲ့ ပြောပုံအရ Mr. Shin နဲ့ ဧည့်ခန်းထဲ စကားပြောရမယ်တဲ့လေ

Jennie ရွေးချယ်စရာမရှိတာနဲ့  သက်ပြင်းချပြီး Mr. Shinနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်လိုက်သည်

"ထပ်ပြီး တွေ့ပြန်ပြီနော်....တွေ့ရတာ ဝမ်းသာပါတယ် .."

"ကျွန်မကတော့ ဝမ်းမသာနိုင်ဘူး ရှင် ထွက်သွားပေးပါလား "

"ရော် ကိုယ် အခုမှ ရောက်တာကို ထွက်သွားခိုင်းတာလား ကိုယ့် နာမည်က Shin ...."

"ကျွန်မ မသိချင်ဘူး "

"မသိချင်လို့မရဘူးလေ မကြာခင် မင်း အမျိုးသားဖြစ်မယ့်သူရဲ့ နာမည်တော့ မှတ်ထားရမှာပေါ့ "

"နေပါအုံး ဘယ်သူက ရှင့်ကို လက်ထပ်မယ်လို့ပြောလို့လည်း..."

Jennieရဲ့ စကားကြောင့် Mr. Shinမှာ ရယ်လိုက်သည်

"ဒီမှာ ကျွန်မ အသက်က အခုမှ နှစ်ဆယ်ရှိသေးတယ် ရှင်က အသက်သုံးဆယ်ကျော်နေပြီ '

"အသက်က အဓိက မဟုတ်ပါဘူး အချစ်လေးရဲ့ "

Mr. Shinမှာ ပြောပြီး Jennie ဘေးနား ဝင်ထိုင်သည်

ထို့နောက် Jennie ပေါင်သားတွေကို လက်နဲ့ပွတ်တော့ Jennieမှာ Mr. Shinရဲ့ လက်ကို ဖယ်ချသည်

"ရှင် ဘာလုပ်တာလည်း "

"မင်း ကြိုက်မယ်လို့ ကိုယ် အာမခံရဲပါတယ် "

Mr. Shin ပြောပြီး Jennie ရဲ့ ရင်ဘတ်ကို ကိုင်တော့ Jennieမှာ Mr. Shinကို တွန်းလွှတ်ပြီး သူမအဖေရုံးခန်းဘက် ပြေးသွားလေသည်

"Appa Appa တံခါးဖွင့်ပါအုံး "

Jennieမှာ တံခါးကို တစ်ဘုန်းဘုန်းထုတော့ Mr. Kim တံခါးဖွင့်လာသည်

"သူ သူ Chawကို မုဒိမ်းကျင့်ဖို့ ကြိုးစားနေတယ်..."

Jennieမှာ ဘောင်းဘီအိတ်ထဲ လက်ထည့်ပြီး သူမတို့ဆီ လျှောက်လာတဲ့ Mr. Shinကို လက်ညိုးထိုးပြီး ပြောလေသည်

Mr. Kimမှာ Jennieရဲ့ စကားကြောင့် မျက်မှောင်ကြုတ်သွားတယ်

"မဟုတ်ပါဘူး ခင်ဗျား သမီး အထင်လွဲတာပါ "

"ရှင် ခွေးစကားမပြောနဲ့ ...."

"Jennie ရုံးခန်းထဲ ဝင်နေ"

"A. ..appa "

"အခုချက်ချင်း ရုံးခန်းထဲ ဝင် "

Jennieလည်း သူမအဖေစကား နားထောင်ပြီး ရုံးခန်းထဲ ဝင်ထိုင်လိုက်သည်

ခဏကြာတော့ Mr. Kim တစ်ယောက် ရုံးခန်းထဲ ဝင်လာသည်

"Appa chaw တကယ်ပြောတာ သူ..."

"တော်ပြီ လုံလောက်ပြီ..."

Mr. Kim ပြောပြီး သူ့ပခုံးကို သူနှိပ်လိုက်သည်

"ဇွတ်အတင်း လက်ထပ်ခိုင်းတာမျိုး ညည်းမကြိုက်ဘူးဆိုတာ ငါသိပါတယ် ဒါကြောင့် ညည်းကို Korea ပြန်ခိုင်းမယ်..."

Mr. Kimရဲ့ စကားကြောင့် Jennie အရမ်းပျော်သွားသည်

"Appa "

"ဒါပေမယ့် အဲ့အစား... Mr. Shin နဲ့ လက်မထပ်ချင်ဘူးဆိုရင် ညည်းငါ့ကို တစ်ခုတော့ လုပ်ပေးရမယ် ရော့.....ဒီစာချုပ်မှာ Jisoo ကို လက်မှတ်ထိုးခိုင်းလိုက်.. "

Mr. Kim သူ့စားပွဲခုံပေါ်က စာအိတ်ကို ယူပြီး Jennieကို ပေးလိုက်သည်

Jennie ထိုစာအိတ်ကို ဖွင့်ကြည့်တော့ Jisooက သူ့  Company ကို Mr. Kimအား လွှဲပြောင်းကြောင်း စာချုပ်ပင် ဖြစ်သည်

"ဟင် ဒါ..."

"သူ့ဆီက လက်မှတ်မရဘူးဆိုရင်တော့ Mr. Shinနဲ့ လက်ထပ်ဖို့ ငါ ပြန်ခေါ်မှာ Jennie... "

Jennieမှာ စာချုပ်ကို ကြည့်ရင်း ဒူးထောက်လဲကျသွားသည်

#Tbc

#Zawgyi

Flashback

Jennie တစ္ေယာက္ သံဇကာေတြ ကာထားတဲ့ ျပတင္းေပါက္ကေန အျပင္ဘက္ကို ေငးၾကည့္ရင္း သက္ျပင္းခ်လိဳက္သည္

အျပင္ဘက္က ရာသီဥတုက သာယာေနေပမယ့္ Jennieရဲ႕ စိတ္အေျခအေနကေတာ့ မုန္တိုင္းသဖြယ္ ဆိုး႐ြားေနသည္

အျပင္ဘက္ကို ေငးၾကည့္ရင္း သူမ ထားခဲ့မိတဲ့ သူမ အရမ္းခ်စ္ရသူကို သတိရမိၿပီး Jennie မ်က္ရည္ေတြ က်လာသည္

Jisooဆီ ဖုန္းဆက္ၿပီး ပိတ္ခံထားရတဲ့ သူမကို လာကယ္ဖို႔ အကူအညီေတာင္းခ်င္မိသည္ သို႔ေသာ္ မျဖစ္နိုင္ပါ

Jennie ဖုန္းက အသိမ္းခံရၿပီး အခန္းတစ္ခန္းထဲ ပိတ္ခံထားရတယ္ေလ

ေန႕တိုင္းေန႕တိုင္း Jisooကို Jennie ေတြ႕ခ်င္ေပမယ့္ သူမအေဖက ေတြ႕ခြင့္မေပးပါ

သူမကို အခန္းထဲ ပိတ္ထားတာ ရွစ္လ...ကိုးလေလာက္ ရွိေနၿပီ .....

သူမရဲ႕ အေဖစကားကိုသာ မယုံၾကည္ခဲ့ရင္ Jennie အခုလို ပိတ္ခံထားရမယ္ အခုလို သူခ်စ္ရတဲ့ သူနဲ႕ ေဝးရမွာ မဟုတ္ဘူးေလ

သူမအေဖက သူမဆီဖုန္းဆက္ၿပီး ကင္ဆာျဖစ္ေနတယ္ ေနာက္သုံးလေနရင္ ေသမွာဆိုၿပီး ဖုန္းဆက္ေျပာလို႔ Jennie နယူးဇီလန္ကို လိုက္သြားခဲ့မိတာ

Jennieက သူမ အေဖဆို သိပ္ခ်စ္တာ...သူမ အေမ ဆုံးသြားၿပီးေနာက္ သူမမွာ မိသားစုဝင္ဆိုလို႔ သူမ အေဖဘဲ ရွိတာေလ

ဒါေၾကာင့္ ႏွစ္ႀကိမ္ မစဥ္းစားဘဲ ေလယာဥ္လက္မွတ္ ျဖတ္ၿပီး သူမအေဖဆီ သြားခဲ့သည္

နယူးဇီလန္ကို ေရာက္ေတာ့ အားလုံးက အလိမ္အညာေတြမွန္း Jennie သိလိုက္ရသည္

သူမ အေဖက ကင္ဆာမျဖစ္တဲ့ အျပင္ က်န္းက်န္းမာမာရွိေနတာကို Jennie ေတြ႕လိုက္ရသည္

Mr. Kimက သူ႕ company ေဒဝါလီခံေတာ့မွာမို႔ Jennieကို ဖုန္းဆက္ေခၚတယ္ ေျပာခဲ့သည္

Jennieက သူမ အေဖ company နဲ႕ ပတ္သက္ၿပီး ဘာမွမသိလို႔ koreaကို ျပန္ဖို႔ လုပ္ေလသည္

သို႔ေသာ္လည္း သူမ အေဖက Jennie ကို ဖမ္းကာ အခန္းထဲ ေသာ့ပိတ္ထားသည္.....

Jennie ကေတာ့ Jisoo သူမကို လိုက္ရွာပါေစ လာကယ္ပါေစ ဆုေတာင္းခဲ့ေပမယ့္ အခန္းထဲ ပိတ္မိေနခဲ့တာ ကိုးလေလာက္ ရွိေနၿပီေလ

သူမ အေဖကို ျပန္လႊတ္ေပးဖို႔ ငိုယိုေတာင္းပန္ေပမယ့္မရ....သူမကို ဘာလို႔ဖမ္းထားလည္းဆိုတဲ့ အေၾကာင္းျပခ်က္လည္း အခုထိ မသိရ.....

တစ္ေန႕မွာေတာ့ အိမ္ေဖာ္တစ္ေယာက္က Jennie ရဲ႕ အခန္းတံခါးကို လာဖြင့္ေပးသည္

"Miss Kim. ...သခင္ႀကီးက ႐ုံးခန္းကို လာခဲ့ပါတဲ့.... "

Jennieမွာ သူမကို ျပန္လႊတ္ေပးမယ္ထင္ၿပီး ေမွ်ာ္လင့္ခ်က္နဲ႕ ႐ုံးခန္းကို သြားလိုက္သည္

႐ုံးခန္းထဲေရာက္ေတာ့ သူမအေဖနဲ႕ သူမထက္ ဆယ္ႏွစ္ေလာက္ အသက္ႀကီးတဲ့ အမ်ိဳးသားတစ္ေယာက္ စကားေျပာေနတာကို Jennie ေတြ႕လိုက္ရသည္

ထိုအမ်ိဴးသားမွာ Jennieကို ေျခဆုံးေခါင္းဆုံးၾကည့္ၿပီး လွ်ာသပ္ေနေသာေၾကာင့္ Jennie အျမန္ အၾကည့္လႊဲလိုက္ရသည္

"ဒါဆိုလည္း ေနာက္ေန႕ ထပ္ေတြ႕ၾကမယ္ေနာ္ Mr. Shin. .ကြၽန္ေတာ္ ျပန္ဆက္သြယ္လိုက္ပါမယ္..."

"ေကာင္းၿပီဗ်ာ "

Mr. Shinဆိုတဲ့ အမ်ိဳးသားမွာ အခန္းထဲက ထြက္မသြားခင္ Jennieကို တစ္ခ်က္ ၾကည့္သြားေသးသည္

"Appa ေခၚတယ္ဆိုလို႔ "

"အင္း ဟုတ္တယ္ ညည္းကို ေျပာစရာရွိလို႔ "

Mr. Kimမွာ သူ႕စားပြဲခုံေပၚက ဝိုင္ခြက္ကို ယူေသာက္ရင္း ေျပာလိုက္သည္

"ခုန အခန္းထဲက ထြက္သြားတဲ့သူကို ေတြ႕တယ္မလား သူ႕ကိုသိလား "

Mr. Kimက ေမးေတာ့ Jennie ေခါင္းခါျပသည္

"ဟုတ္သား ညည္းက ဘယ္လိုသိမွာလည္း သူ႕နာမည္က Shin Jeong Minတဲ့ Koreaလူမ်ိဳးဘဲ English စကားလည္း ေတာ္ေတာ္ ေျပာတတ္တယ္ အသက္က သုံးဆယ့္ငါးႏွစ္တဲ့ ေတာ္ေတာ္လည္း ခ်မ္းသာတယ္..."

"အဲ့တာ Chaw. ..Chaw သိစရာလိုလို႔လားဟင္ '

"လိုတာေပါ့ မၾကာခင္ ညည္းအမ်ိဳးသား ျဖစ္မယ့္သူေလ "

"ဟင့္အင္း သူ႕ကို Chaw လက္မထပ္နိုင္ဘူး..... Jisoo ရွိတယ္ "

"Aww ညည္းကို တစ္ခ်က္ေလးေတာင္ မဆက္သြယ္ လာမရွာတဲ့သူကို ဘာလို႔ ထုတ္ထုတ္ေျပာေနတာလည္း "

"Appaက ဖုန္းသိမ္းထားၿပီး အခုလို ပိတ္ထားတာကို သူက ဘယ္လိုရွာနိုင္မွာလည္း "

"ငါ့ကို ျပန္မေျပာနဲ႕ Jennie Kim. ..ေဒဝါလီခံေတာ့မယ့္ ငါ့ companyကို ကယ္နိုင္ဖို႔ ညည္း သူ႕ကို Mr. Shinကို လက္ထပ္မွျဖစ္မယ္ "

"Companyကို ေဒဝါလီ မခံရေအာင္ ေသခ်ာ ဦးစီးလုပ္ေလ .....ဘာလို႔ "

ျဖန္း!

Jennie စကားမဆုံးေသး သူမအေဖဆီမွ ပါးရိုက္တာ ခံလိုက္ရသည္

"ငါ့ကို ျပန္မေျပာနဲ႕ ေခြးမ......ေတာက္.....အျပင္မွာ လူရွိလား ဒီေခြးမကို သူ႕ေလွာင္အိမ္ထဲ ထည့္လိုက္စမ္း "

Mr. Kim ေအာ္သံေၾကာင့္ Maidႏွစ္ေယာက္မွာ ႐ုံးခန္းထဲ ဝင္လာၾကၿပီး Jennie ကို ဆြဲေခၚသြားၾကသည္

သူမအေဖနဲ႕ စကားမ်ားၿပီး တစ္ပတ္ၾကာေတာ့ maid တစ္ေယာက္လာေခၚေသာေၾကာင့္ Jennie အခန္းထဲက ထပ္ထြက္ခြင့္ရလာသည္

Maidရဲ႕ ေျပာပုံအရ Mr. Shin နဲ႕ ဧည့္ခန္းထဲ စကားေျပာရမယ္တဲ့ေလ

Jennie ေ႐ြးခ်ယ္စရာမရွိတာနဲ႕  သက္ျပင္းခ်ၿပီး Mr. Shinနဲ႕ မ်က္ႏွာခ်င္းဆိုင္မွာ ထိုင္လိုက္သည္

"ထပ္ၿပီး ေတြ႕ျပန္ၿပီေနာ္....ေတြ႕ရတာ ဝမ္းသာပါတယ္ .."

"ကြၽန္မကေတာ့ ဝမ္းမသာနိုင္ဘူး ရွင္ ထြက္သြားေပးပါလား "

"ေရာ္ ကိုယ္ အခုမွ ေရာက္တာကို ထြက္သြားခိုင္းတာလား ကိုယ့္ နာမည္က Shin ...."

"ကြၽန္မ မသိခ်င္ဘူး "

"မသိခ်င္လို႔မရဘူးေလ မၾကာခင္ မင္း အမ်ိဳးသားျဖစ္မယ့္သူရဲ႕ နာမည္ေတာ့ မွတ္ထားရမွာေပါ့ "

"ေနပါအုံး ဘယ္သူက ရွင့္ကို လက္ထပ္မယ္လို႔ေျပာလို႔လည္း..."

Jennieရဲ႕ စကားေၾကာင့္ Mr. Shinမွာ ရယ္လိုက္သည္

"ဒီမွာ ကြၽန္မ အသက္က အခုမွ ႏွစ္ဆယ္ရွိေသးတယ္ ရွင္က အသက္သုံးဆယ္ေက်ာ္ေနၿပီ '

"အသက္က အဓိက မဟုတ္ပါဘူး အခ်စ္ေလးရဲ႕ "

Mr. Shinမွာ ေျပာၿပီး Jennie ေဘးနား ဝင္ထိုင္သည္

ထို႔ေနာက္ Jennie ေပါင္သားေတြကို လက္နဲ႕ပြတ္ေတာ့ Jennieမွာ Mr. Shinရဲ႕ လက္ကို ဖယ္ခ်သည္

"ရွင္ ဘာလုပ္တာလည္း "

"မင္း ႀကိဳက္မယ္လို႔ ကိုယ္ အာမခံရဲပါတယ္ "

Mr. Shin ေျပာၿပီး Jennie ရဲ႕ ရင္ဘတ္ကို ကိုင္ေတာ့ Jennieမွာ Mr. Shinကို တြန္းလႊတ္ၿပီး သူမအေဖ႐ုံးခန္းဘက္ ေျပးသြားေလသည္

"Appa Appa တံခါးဖြင့္ပါအုံး "

Jennieမွာ တံခါးကို တစ္ဘုန္းဘုန္းထုေတာ့ Mr. Kim တံခါးဖြင့္လာသည္

"သူ သူ Chawကို မုဒိမ္းက်င့္ဖို႔ ႀကိဳးစားေနတယ္..."

Jennieမွာ ေဘာင္းဘီအိတ္ထဲ လက္ထည့္ၿပီး သူမတို႔ဆီ ေလွ်ာက္လာတဲ့ Mr. Shinကို လက္ညိုးထိုးၿပီး ေျပာေလသည္

Mr. Kimမွာ Jennieရဲ႕ စကားေၾကာင့္ မ်က္ေမွာင္ၾကဳတ္သြားတယ္

"မဟုတ္ပါဘူး ခင္ဗ်ား သမီး အထင္လြဲတာပါ "

"ရွင္ ေခြးစကားမေျပာနဲ႕ ...."

"Jennie ႐ုံးခန္းထဲ ဝင္ေန"

"A. ..appa "

"အခုခ်က္ခ်င္း ႐ုံးခန္းထဲ ဝင္ "

Jennieလည္း သူမအေဖစကား နားေထာင္ၿပီး ႐ုံးခန္းထဲ ဝင္ထိုင္လိုက္သည္

ခဏၾကာေတာ့ Mr. Kim တစ္ေယာက္ ႐ုံးခန္းထဲ ဝင္လာသည္

"Appa chaw တကယ္ေျပာတာ သူ..."

"ေတာ္ၿပီ လုံေလာက္ၿပီ..."

Mr. Kim ေျပာၿပီး သူ႕ပခုံးကို သူႏွိပ္လိုက္သည္

"ဇြတ္အတင္း လက္ထပ္ခိုင္းတာမ်ိဳး ညည္းမႀကိဳက္ဘူးဆိုတာ ငါသိပါတယ္ ဒါေၾကာင့္ ညည္းကို Korea ျပန္ခိုင္းမယ္..."

Mr. Kimရဲ႕ စကားေၾကာင့္ Jennie အရမ္းေပ်ာ္သြားသည္

"Appa "

"ဒါေပမယ့္ အဲ့အစား... Mr. Shin နဲ႕ လက္မထပ္ခ်င္ဘူးဆိုရင္ ညည္းငါ့ကို တစ္ခုေတာ့ လုပ္ေပးရမယ္ ေရာ့.....ဒီစာခ်ဳပ္မွာ Jisoo ကို လက္မွတ္ထိုးခိုင္းလိုက္.. "

Mr. Kim သူ႕စားပြဲခုံေပၚက စာအိတ္ကို ယူၿပီး Jennieကို ေပးလိုက္သည္

Jennie ထိုစာအိတ္ကို ဖြင့္ၾကည့္ေတာ့ Jisooက သူ႕  Company ကို Mr. Kimအား လႊဲေျပာင္းေၾကာင္း စာခ်ဳပ္ပင္ ျဖစ္သည္

"ဟင္ ဒါ..."

"သူ႕ဆီက လက္မွတ္မရဘူးဆိုရင္ေတာ့ Mr. Shinနဲ႕ လက္ထပ္ဖို႔ ငါ ျပန္ေခၚမွာ Jennie... "

Jennieမွာ စာခ်ဳပ္ကို ၾကည့္ရင္း ဒူးေထာက္လဲက်သြားသည္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co