Truyen3h.Co

CEO Kim

Part 27

KimFany059

#Unicode

Jennieကို ကြည့်နေတဲ့ Jisooရဲ့ အကြည့်တွေက ကြောက်စရာကောင်းလွန်းသည်

Jisoo စိတ်တွေတိုလွန်းလို့ သူ့ဘေးက အရာတွေကို ဖျက်စီးပစ်ချင်စိတ်ကို မည်သည့်စကားလုံးနဲ့မှ ဖော်ပြလို့မရပေ

သူမ ထပ်ပြီး အရူးလုပ်ခံရပြန်ပြီလေ

သူမ အဖေက သတိပေးခဲ့ပေမယ့် သူမကတော့ Jennie ကို လှည့်စားခွင့် ပေးခဲ့ပြန်ပြီ

Jisoo ပေါက်ကွဲပစ်ချင်တယ် သူ့ဘေးနားမှာ ရှိတဲ့အရာအားလုံးကို လွှင့်ပစ်ချင်သည်

နံရံတွေကို ပိတ်ထိုးပြီး အော်ပစ်လိုက်ချင်ပေမယ့် ဒေါသထွက်လွန်းလို့ လှုပ်ရှားလို့ကို မရပေ

"Ji Jisoo ငါ ရှင်းပြပါရစေ "

Jisooဆီ Jennie တိုးလာတော့ Jisooမှာ အနောကျို ဆုတ်သွားသည်

"ငါ့အနားကို မလာနဲ့ Jennie Kim ငါနင့်ကို ပြောနေတယ်နော် "

Jisoo အနောက်ကို ဆုတ်သွားပြီး အော်ဟစ်လိုက်သည်

"Jisoo ငါ ရှင်းပြတာကို နားထောင်ပေးပါအုံး "

"ဒီကောင်မကတော့ တောက် "

Jisoo ကျိန်ဆဲပြီး သူ့စားပွဲခုံပေါ်က ဖန်ခွက်နဲ့ Jennie အနောက်က နံရံကို လှမ်းပေါက်လိုက်သည်

Jennieကတော့ သူမ နားနှစ်ဖက်ကို လက်နဲ့ ပိတ်ပြီး ငိုနေသည်

"ဒီိလို ဖြစ်လာမယ်ဆိုတာ သိနေတယ် ငါ သိနေခဲ့တာ ငါ့သံသယတွေက မှန်နေတာဘဲ နင်က ငါ့ထက် ငါ့ပိုက်ဆံတွေကို လိုချင်နေတာဘဲ ...နင်က တကယ့် သိုက်တူးမဘဲ အကြံစည်တွေနဲ့ ငါ့ဆီ ပြန်လာတာ မရှက်ဘူးလား တောက် "

Jisoo အော်ပြီး သူမစားပွဲခုံကို လက်နဲ့ထုလိုက်သည်

"နင်က ဘယ်လိုမိန်းကလေးမျိုးလည်း
အရှက်မရှိလိုက်တာ "

Jisooရဲ့ စကားတွေက Jennieရဲ့ ရင်ဘတ်ကို ဓားနဲ့မွှန်းနေသလို ခံစားစေရသည်

"နင့်ကိုယ်နင် မရှက်ဘူးလား Jennie... ငါ... ငါကတော့ နင့်အပေါ် ခံစားချက်တွေ ရှိသေးတယ်လို့ ထင်ခဲ့တာ အခုတော့ သေချာသွားပြီ နင်လို ကောင်မမျိုးကို ငါက ...ကဲ ပိုက်ဆံလိုချင်တာ မဟုတ်လား ရော့ "

Jisoo သူ့ပိုက်ဆံအိတ်ကို ဖွင့်ပြီး ပိုက်ဆံတွေကို ယူကာ Jennieရဲ့ မျက်နှာကို ပစ်ပေါက်လိုက်သည်

Jennieမှာ Jisoo သူမအပေါ်ကို ဒီလောက်ထိ လုပ်ရက်မယ် မထင်ထားပေ...

Jennie ဒူးထောက်လဲကျသွားတယ်...Jisoo စိတ်ဆိုးသင့်တာ မှန်ပေမယ့် ဒီလောက်ထိက လွန်တယ် မဟုတ်လား

Jisoo ရုံးခန်းထဲက ထွက်သွားမယ်လုပ်တော့ Jennieက Jisooရဲ့ ခြေထောက်ကို လှမ်းဖက်ပြီး ဆွဲထားသည်

"ဒါဘာလုပ်တာလည်း "

"ငါ ရှင်းပြတာကို နားထောင်ပါအုံး Jisooရယ်..."

"ဘာမှ နားမထောင်နိုင်ဘူး ငါ ပြန်လာရင် နင့်ပစ္စည်းတွေရော နင့်မျက်နှာရော မမြင်ချင်ဘူး ကြားလား..အေး မသွားသေးဘဲ ရှိနေရင် ရဲတွေနဲ့ ဆွဲထုတ်မှာ "

Jisoo ပြောပြီး Jennieဆီက ရုန်းကာ ရုံးခန်းထဲက ထွက်သွားသည်

Jennieကတော့ ဖန်ကွဲစတွေ စာရွက်တွေကြား ဒူးထောက်ပြီး ငိုနေသည်

Jisoo ပြောတော့ သူမကို ယုံပါတယ်တဲ့ အခုတော့ ဖြေရှင်းချက်လေးတောင် နားမထောင်ဘဲ သူမကို နှင်ထုတ်နေသည်

Jennie ငိုရင်း ထရပ်ကာ သူမ ပစ္စည်းတွေကို သိမ်းလိုက်သည်

Jisoo ပြန်မလာခင် သူမ companyကနေ ထွက်သွားမှ ဖြစ်မှာလေ...မဟုတ်ရင် ရဲတွေက သူမကို ဆွဲထုတ်သွားလိမ့်မယ်....

Jennie ပစ္စည်းတွေ သိမ်းပြီးနောက် ရုံးခန်းကို တစ်ချက်ကြည့်လိုက်သည်

သူမနဲ့ Jisooရဲ့ အမှတ်တရတွေ ရှိခဲ့တဲ့ ရုံးခန်းကြီးကို Jennie လွမ်းနေရတော့မယ်.....

Jennie ရုံးခန်းက ထွက်လာပြီး ဝန်ထမ်းတွေကိုတော့ ဟန်ဆောင်ပြုံးကာ နှုတ်ဆက်လိုက်သည်

"Jen Unnie ငါတို့ နေ့လည်စာ သွားစားရင် ဆိုင်အသစ်တစ်ခု တွေ့ထားတယ် အဲ့ဆိုင်သွား...."

Jennie ဓာတ်လှေကားထဲ ဝင်ဝင်ချင်း Chaeyoungနဲ့ တွေ့လေသည်

"Sorry Chaeyoung. ..ငါ လိုက်မစားနိုင်တော့ဘူး "

"ဘာလို့လည်း....'

"CEOက ငါ့ကို အလုပ်ဖြုတ်လိုက်ပြီ "

Jennieရဲ့ စကားကြောင့် Chaeyoung မှာ အံ့သြသွားလေသည်

Jennieကတော့ Chaeyoung ဘာမှမပြောနိုင်ခင် ဓာတ်လှေကားထဲက အမြန်ပြန်ထွက်ပြီး EXIT လှေကားကနေ ဆင်းပြေးသွားသည်

***********
"အားနာပါတယ် Miss.. CEOက Missကို အထဲဝင်ခွင့်မပေးဖို့ ပြောထားပါတယ် "

နောက်တစ်နေ့ရောက်တော့ Jennieမှာ Jisooကို နောက်ထပ်တစ်ခေါက် ရှင်းပြခွင့်ရဖို့ ကြိုးစားရန် companyကို လာပြန်သည်

ဒီတစ်ခါမှာတော့ လုံခြုံရေးတွေက Jennieကို ဝင်ခွင့်မပေးဘဲ တားထားသည်

"ဒါနောက်ဆုံးအကြိမ်ပါ သူ့ကိုပြောစရာရှိလို့ပါ မကြာပါဘူး "

"တကယ် အားနာပါတယ် Missကို ဝင်ခွင့်ပေးရင် ကျွန်တော်တို့ အလုပ်ပြုတ်မှာမို့လို့ပါ "

လုံခြုံရေးတွေမှာ ပြောပြီး Jennieကို ဆွဲထုတ်မယ်လုပ်တော့ Joohyun ရောက်လာသည်

"ဒါ ဘာလုပ်တာလည်း Jennieကို လွှတ်ပေးလိုက် "

"Joohyunnie "

"ဗျာ ကျွန်တော်တို့ အလုပ်ပြုတ်...."

"ငါ လွှတ်ခိုင်းတာလို့ ပြောလိုက်...."

လုံခြုံရေးတွေမှာ သူမကို လွှတ်ပေးတော့ Jennie မှာ Joohyun ကို ဖက်ကာ ကျေးဇူးတင်စကားပြောလိုက်သည်

"တကယ် ကျေးဇူးတင်ပါတယ် Joohyunnie "

"ရပါတယ် Jenလေးရယ်...သူ Jenကို နာကျင်အောင်လုပ်ရင် တို့ကို ဖုန်းဆက်လိုက်နော် ချက်ချင်း ရောက်လာပေးမယ် "

Jennieရဲ့ ကျောပြင်လေးကို ပုတ်ပေးပြီး Joohyunပြောလိုက်သည်....Jennieကို အခုလို ပုံစံနဲ့ မြင်ရတာ Joohyun ရင်ထဲ နာကျင်စေပြီး ငိုချင်စိတ်ကို ထိန်းထားရသည်

Jennieမှာ Joohyun ကို ကျေးဇူးတင်စကားပြောပြီး Jisooရဲ့ ရုံးခန်းကို သွားလိုက်သည်

ရုံးခန်းတံခါးကို ဖွင့်မယ်လုပ်တော့ Moan သံတွေကြားလိုက်ရသောကြောင့် Jennie လန့်သွားတယ်

စိတ်ကိုထိန်းကာ Jennie ရုံးခန်းတံခါးကို ဖွင့်လိုက်သောအခါ.....

Jaeheeက Jisoo ပေါင်ပေါ် တက်ထိုင်ပြီး Jisooကတော့ Jaeheeရဲ့ ရင်ဘတ်တွေကို နမ်းနေသည်.....

Jennie ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လဲကျမလိုဖြစ်သွားတယ်....

Jennie ငိုချင်စိတ်ကို ထိန်းပြီး လက်ခုပ်တီးလိုက်သည်

"ဘယ်လောက်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းလည်း "

Jennie စကားကြောင့် Jisooတို့ makeout လုပ်နေရာက ရပ်သွားသည်

Jaeheeက Jisoo ပေါင်ပေါ်က ဖယ်လိုက်တော့ အင်ကျီကြယ်သီးတွေ ပြုတ်ပြီး ဖရိုဖရဲနဲ့ ဖြစ်နေတဲ့ Jisoo ကို တွေ့ရလေသည်

Jennie မှာ သူမထပ်ငိုမိတော့မှာ သိလို့ Jisoo ရုံးခန်းကနေ အမြန် EXIT လှေကားဘက်ကို ပြေးသွားလေသည်

Jennie အားလုံးနဲ့ တိုက်ခိုက်ပြီး ဒီကို ပြန်လာတာက အခုလို ဖြစ်ဖို့တဲ့လား....

Jennieကတော့ အရူးမီးဝိုင်းဖြစ်နေချိန် Jisooကတော့ နောက်တစ်ယောက်နဲ့ .....

"မင်း ဒီကို ဘာလာလုပ်တာလည်း "

Jisoo သူမလက်ကို လှမ်းဆွဲသောကြောင့် Jennie ရုန်းလိုက်သည်

"ဖြေလေ မင်းကို မလာဖို့ ပြောထားတာကို ဘာလာလုပ်တာလည်း "

"ဟိုစာချုပ်တွေကို မီးရှို့ထားတယ် စိတ်မပူဖို့လာပြောတာပါ "

"Aww. ..."

"Jisoo ငါ နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခုမေးချင်တယ် "

"မေးလေ "

"နင် ငါ့ကို ယုံတယ်ဆိုပြီး ဘာဂါစားတဲ့နေ့က ပြောခဲ့တာလေ "

"အဲ့တာ ငါ လျှောက်ပြောတာ....မယုံနဲ့..."

Jisooရဲ့ စကားကြောင့် Jennie မျက်ရည်တွေ ကြားက ပြုံးလိုက်သည်

"အော် ကောင်းပါပြီ..... ဒါဆို ငါတို့ နောက်ထပ် ဘယ်တော့မှ ထပ်မတွေ့ရဖို့ မျှော်လင့်ပါတယ်...နင်ဖြစ်စေချင်တဲ့အတိုင်း နင့်ဘေးက ငါထွက်သွား ပေးပါမယ်...."

Jennieမှာ Jisooကို နှုတ်ဆက်ပြီး companyကနေ ထွက်လာခဲ့သည်

သူမကို သူမအဖေ လက်ထဲက.....အတင်းအဓမ္မလက်ထပ်မယ့်ရန်ကနေ Jisoo ကယ်ပေးမယ်ဆိုပြီး တွေးခဲ့တာက... ကလေးတစ်ယောက်ရဲ့ အတွေးနဲ့ တူနေခဲ့တာပါလား....

#tbc

#Zawgyi

Jennieကို ၾကည့္ေနတဲ့ Jisooရဲ႕ အၾကည့္ေတြက ေၾကာက္စရာေကာင္းလြန္းသည္

Jisoo စိတ္ေတြတိုလြန္းလို႔ သူ႕ေဘးက အရာေတြကို ဖ်က္စီးပစ္ခ်င္စိတ္ကို မည္သည့္စကားလုံးနဲ႕မွ ေဖာ္ျပလို႔မရေပ

သူမ ထပ္ၿပီး အ႐ူးလုပ္ခံရျပန္ၿပီေလ

သူမ အေဖက သတိေပးခဲ့ေပမယ့္ သူမကေတာ့ Jennie ကို လွည့္စားခြင့္ ေပးခဲ့ျပန္ၿပီ

Jisoo ေပါက္ကြဲပစ္ခ်င္တယ္ သူ႕ေဘးနားမွာ ရွိတဲ့အရာအားလုံးကို လႊင့္ပစ္ခ်င္သည္

နံရံေတြကို ပိတ္ထိုးၿပီး ေအာ္ပစ္လိုက္ခ်င္ေပမယ့္ ေဒါသထြက္လြန္းလို႔ လႈပ္ရွားလို႔ကို မရေပ

"Ji Jisoo ငါ ရွင္းျပပါရေစ "

Jisooဆီ Jennie တိုးလာေတာ့ Jisooမွာ အေနာက်ိဳ ဆုတ္သြားသည္

"ငါ့အနားကို မလာနဲ႕ Jennie Kim ငါနင့္ကို ေျပာေနတယ္ေနာ္ "

Jisoo အေနာက္ကို ဆုတ္သြားၿပီး ေအာ္ဟစ္လိုက္သည္

"Jisoo ငါ ရွင္းျပတာကို နားေထာင္ေပးပါအုံး "

"ဒီေကာင္မကေတာ့ ေတာက္ "

Jisoo က်ိန္ဆဲၿပီး သူ႕စားပြဲခုံေပၚက ဖန္ခြက္နဲ႕ Jennie အေနာက္က နံရံကို လွမ္းေပါက္လိုက္သည္

Jennieကေတာ့ သူမ နားႏွစ္ဖက္ကို လက္နဲ႕ ပိတ္ၿပီး ငိုေနသည္

"ဒီိလို ျဖစ္လာမယ္ဆိုတာ သိေနတယ္ ငါ သိေနခဲ့တာ ငါ့သံသယေတြက မွန္ေနတာဘဲ နင္က ငါ့ထက္ ငါ့ပိုက္ဆံေတြကို လိုခ်င္ေနတာဘဲ ...နင္က တကယ့္ သိုက္တူးမဘဲ အႀကံစည္ေတြနဲ႕ ငါ့ဆီ ျပန္လာတာ မရွက္ဘူးလား ေတာက္ "

Jisoo ေအာ္ၿပီး သူမစားပြဲခုံကို လက္နဲ႕ထုလိုက္သည္

"နင္က ဘယ္လိုမိန္းကေလးမ်ိဳးလည္း
အရွက္မရွိလိုက္တာ "

Jisooရဲ႕ စကားေတြက Jennieရဲ႕ ရင္ဘတ္ကို ဓားနဲ႕မႊန္းေနသလို ခံစားေစရသည္

"နင့္ကိုယ္နင္ မရွက္ဘူးလား Jennie... ငါ... ငါကေတာ့ နင့္အေပၚ ခံစားခ်က္ေတြ ရွိေသးတယ္လို႔ ထင္ခဲ့တာ အခုေတာ့ ေသခ်ာသြားၿပီ နင္လို ေကာင္မမ်ိဳးကို ငါက ...ကဲ ပိုက္ဆံလိုခ်င္တာ မဟုတ္လား ေရာ့ "

Jisoo သူ႕ပိုက္ဆံအိတ္ကို ဖြင့္ၿပီး ပိုက္ဆံေတြကို ယူကာ Jennieရဲ႕ မ်က္ႏွာကို ပစ္ေပါက္လိုက္သည္

Jennieမွာ Jisoo သူမအေပၚကို ဒီေလာက္ထိ လုပ္ရက္မယ္ မထင္ထားေပ...

Jennie ဒူးေထာက္လဲက်သြားတယ္...Jisoo စိတ္ဆိုးသင့္တာ မွန္ေပမယ့္ ဒီေလာက္ထိက လြန္တယ္ မဟုတ္လား

Jisoo ႐ုံးခန္းထဲက ထြက္သြားမယ္လုပ္ေတာ့ Jennieက Jisooရဲ႕ ေျခေထာက္ကို လွမ္းဖက္ၿပီး ဆြဲထားသည္

"ဒါဘာလုပ္တာလည္း "

"ငါ ရွင္းျပတာကို နားေထာင္ပါအုံး Jisooရယ္..."

"ဘာမွ နားမေထာင္နိုင္ဘူး ငါ ျပန္လာရင္ နင့္ပစၥည္းေတြေရာ နင့္မ်က္ႏွာေရာ မျမင္ခ်င္ဘူး ၾကားလား..ေအး မသြားေသးဘဲ ရွိေနရင္ ရဲေတြနဲ႕ ဆြဲထုတ္မွာ "

Jisoo ေျပာၿပီး Jennieဆီက ႐ုန္းကာ ႐ုံးခန္းထဲက ထြက္သြားသည္

Jennieကေတာ့ ဖန္ကြဲစေတြ စာ႐ြက္ေတြၾကား ဒူးေထာက္ၿပီး ငိုေနသည္

Jisoo ေျပာေတာ့ သူမကို ယုံပါတယ္တဲ့ အခုေတာ့ ေျဖရွင္းခ်က္ေလးေတာင္ နားမေထာင္ဘဲ သူမကို ႏွင္ထုတ္ေနသည္

Jennie ငိုရင္း ထရပ္ကာ သူမ ပစၥည္းေတြကို သိမ္းလိုက္သည္

Jisoo ျပန္မလာခင္ သူမ companyကေန ထြက္သြားမွ ျဖစ္မွာေလ...မဟုတ္ရင္ ရဲေတြက သူမကို ဆြဲထုတ္သြားလိမ့္မယ္....

Jennie ပစၥည္းေတြ သိမ္းၿပီးေနာက္ ႐ုံးခန္းကို တစ္ခ်က္ၾကည့္လိုက္သည္

သူမနဲ႕ Jisooရဲ႕ အမွတ္တရေတြ ရွိခဲ့တဲ့ ႐ုံးခန္းႀကီးကို Jennie လြမ္းေနရေတာ့မယ္.....

Jennie ႐ုံးခန္းက ထြက္လာၿပီး ဝန္ထမ္းေတြကိုေတာ့ ဟန္ေဆာင္ၿပဳံးကာ ႏႈတ္ဆက္လိုက္သည္

"Jen Unnie ငါတို႔ ေန႕လည္စာ သြားစားရင္ ဆိုင္အသစ္တစ္ခု ေတြ႕ထားတယ္ အဲ့ဆိုင္သြား...."

Jennie ဓာတ္ေလွကားထဲ ဝင္ဝင္ခ်င္း Chaeyoungနဲ႕ ေတြ႕ေလသည္

"Sorry Chaeyoung. ..ငါ လိုက္မစားနိုင္ေတာ့ဘူး "

"ဘာလို႔လည္း....'

"CEOက ငါ့ကို အလုပ္ျဖဳတ္လိုက္ၿပီ "

Jennieရဲ႕ စကားေၾကာင့္ Chaeyoung မွာ အံ့ၾသသြားေလသည္

Jennieကေတာ့ Chaeyoung ဘာမွမေျပာနိုင္ခင္ ဓာတ္ေလွကားထဲက အျမန္ျပန္ထြက္ၿပီး EXIT ေလွကားကေန ဆင္းေျပးသြားသည္

***********
"အားနာပါတယ္ Miss.. CEOက Missကို အထဲဝင္ခြင့္မေပးဖို႔ ေျပာထားပါတယ္ "

ေနာက္တစ္ေန႕ေရာက္ေတာ့ Jennieမွာ Jisooကို ေနာက္ထပ္တစ္ေခါက္ ရွင္းျပခြင့္ရဖို႔ ႀကိဳးစားရန္ companyကို လာျပန္သည္

ဒီတစ္ခါမွာေတာ့ လုံၿခဳံေရးေတြက Jennieကို ဝင္ခြင့္မေပးဘဲ တားထားသည္

"ဒါေနာက္ဆုံးအႀကိမ္ပါ သူ႕ကိုေျပာစရာရွိလို႔ပါ မၾကာပါဘူး "

"တကယ္ အားနာပါတယ္ Missကို ဝင္ခြင့္ေပးရင္ ကြၽန္ေတာ္တို႔ အလုပ္ျပဳတ္မွာမို႔လို႔ပါ "

လုံၿခဳံေရးေတြမွာ ေျပာၿပီး Jennieကို ဆြဲထုတ္မယ္လုပ္ေတာ့ Joohyun ေရာက္လာသည္

"ဒါ ဘာလုပ္တာလည္း Jennieကို လႊတ္ေပးလိုက္ "

"Joohyunnie "

"ဗ်ာ ကြၽန္ေတာ္တို႔ အလုပ္ျပဳတ္...."

"ငါ လႊတ္ခိုင္းတာလို႔ ေျပာလိုက္...."

လုံၿခဳံေရးေတြမွာ သူမကို လႊတ္ေပးေတာ့ Jennie မွာ Joohyun ကို ဖက္ကာ ေက်းဇူးတင္စကားေျပာလိုက္သည္

"တကယ္ ေက်းဇူးတင္ပါတယ္ Joohyunnie "

"ရပါတယ္ Jenေလးရယ္...သူ Jenကို နာက်င္ေအာင္လုပ္ရင္ တို႔ကို ဖုန္းဆက္လိုက္ေနာ္ ခ်က္ခ်င္း ေရာက္လာေပးမယ္ "

Jennieရဲ႕ ေက်ာျပင္ေလးကို ပုတ္ေပးၿပီး Joohyunေျပာလိုက္သည္....Jennieကို အခုလို ပုံစံနဲ႕ ျမင္ရတာ Joohyun ရင္ထဲ နာက်င္ေစၿပီး ငိုခ်င္စိတ္ကို ထိန္းထားရသည္

Jennieမွာ Joohyun ကို ေက်းဇူးတင္စကားေျပာၿပီး Jisooရဲ႕ ႐ုံးခန္းကို သြားလိုက္သည္

႐ုံးခန္းတံခါးကို ဖြင့္မယ္လုပ္ေတာ့ Moan သံေတြၾကားလိုက္ရေသာေၾကာင့္ Jennie လန့္သြားတယ္

စိတ္ကိုထိန္းကာ Jennie ႐ုံးခန္းတံခါးကို ဖြင့္လိုက္ေသာအခါ.....

Jaeheeက Jisoo ေပါင္ေပၚ တက္ထိုင္ၿပီး Jisooကေတာ့ Jaeheeရဲ႕ ရင္ဘတ္ေတြကို နမ္းေနသည္.....

Jennie ထိုျမင္ကြင္းကို ျမင္လိုက္ရေသာအခါ လဲက်မလိုျဖစ္သြားတယ္....

Jennie ငိုခ်င္စိတ္ကို ထိန္းၿပီး လက္ခုပ္တီးလိုက္သည္

"ဘယ္ေလာက္ၾကည္ႏူးစရာေကာင္းတဲ့ ျမင္ကြင္းလည္း "

Jennie စကားေၾကာင့္ Jisooတို႔ makeout လုပ္ေနရာက ရပ္သြားသည္

Jaeheeက Jisoo ေပါင္ေပၚက ဖယ္လိုက္ေတာ့ အင္က်ီၾကယ္သီးေတြ ျပဳတ္ၿပီး ဖရိုဖရဲနဲ႕ ျဖစ္ေနတဲ့ Jisoo ကို ေတြ႕ရေလသည္

Jennie မွာ သူမထပ္ငိုမိေတာ့မွာ သိလို႔ Jisoo ႐ုံးခန္းကေန အျမန္ EXIT ေလွကားဘက္ကို ေျပးသြားေလသည္

Jennie အားလုံးနဲ႕ တိုက္ခိုက္ၿပီး ဒီကို ျပန္လာတာက အခုလို ျဖစ္ဖို႔တဲ့လား....

Jennieကေတာ့ အ႐ူးမီးဝိုင္းျဖစ္ေနခ်ိန္ Jisooကေတာ့ ေနာက္တစ္ေယာက္နဲ႕ .....

"မင္း ဒီကို ဘာလာလုပ္တာလည္း "

Jisoo သူမလက္ကို လွမ္းဆြဲေသာေၾကာင့္ Jennie ႐ုန္းလိုက္သည္

"ေျဖေလ မင္းကို မလာဖို႔ ေျပာထားတာကို ဘာလာလုပ္တာလည္း "

"ဟိုစာခ်ဳပ္ေတြကို မီးရွို႔ထားတယ္ စိတ္မပူဖို႔လာေျပာတာပါ "

"Aww. ..."

"Jisoo ငါ ေနာက္ဆုံးအေနနဲ႕ ေမးခြန္းတစ္ခုေမးခ်င္တယ္ "

"ေမးေလ "

"နင္ ငါ့ကို ယုံတယ္ဆိုၿပီး ဘာဂါစားတဲ့ေန႕က ေျပာခဲ့တာေလ "

"အဲ့တာ ငါ ေလွ်ာက္ေျပာတာ....မယုံနဲ႕..."

Jisooရဲ႕ စကားေၾကာင့္ Jennie မ်က္ရည္ေတြ ၾကားက ၿပဳံးလိုက္သည္

"ေအာ္ ေကာင္းပါၿပီ..... ဒါဆို ငါတို႔ ေနာက္ထပ္ ဘယ္ေတာ့မွ ထပ္မေတြ႕ရဖို႔ ေမွ်ာ္လင့္ပါတယ္...နင္ျဖစ္ေစခ်င္တဲ့အတိုင္း နင့္ေဘးက ငါထြက္သြား ေပးပါမယ္...."

Jennieမွာ Jisooကို ႏႈတ္ဆက္ၿပီး companyကေန ထြက္လာခဲ့သည္

သူမကို သူမအေဖ လက္ထဲက.....အတင္းအဓမၼလက္ထပ္မယ့္ရန္ကေန Jisoo ကယ္ေပးမယ္ဆိုၿပီး ေတြးခဲ့တာက... ကေလးတစ္ေယာက္ရဲ႕ အေတြးနဲ႕ တူေနခဲ့တာပါလား....

#tbc

Bạn đang đọc truyện trên: Truyen3h.Co