Truyen3h.Co

CEO Kim

Part 28

KimFany059


#unicode

"သူ စာချုပ်မှာ လက်မှတ်မထိုးဘူး Appa "

Jennie ငိုထားရလွန်းလို့ အသံတွေက အက်ကွဲနေသည်

တစ်ဖက်က သူမအဖေ သက်ပြင်းချသံကိုလည်း Jennie ကြားလိုက်ရသည်

Jennie အခု သူမ တိုက်ခန်းမှာ Jisooက လက်မှတ်မထိုးပေးကြောင်း သူမအဖေကို ပြောနေတာလေ

"အဲ့တော့ ညည်းက ငါ ဘာမှမဟုတ်တာလေးအတွက် အချိန်တွေ အလကား အကုန်ခံရကြောင်း ပြောပြနေတာပေါ့လေ "

Jennieမှာ သူမ အဖေစကားကို ဘာမှပြန်မပြောနိုင်လို့ မတုံ့ပြန်ဘဲ တိတ်ဆိတ်နေသည်.....

"ဒါဆို ညည်း ဒီကို ပြန်လာ...."

"Chaw အဲ့ဒီကို ပြန်မလာနိုင်ဘူး..အခုရော နောက်ရော ဘယ်တော့မှ ပြန်မလာဘူး Appa  "

Jennie နယူးဇီလန်ကို ပြန်မသွားနိုင်ကြောင်း သူမအဖေကို ပြတ်ပြတ်သားသားပြောလိုက်သည်

နယူးဇီလန်ကို သွားပြီး သူများ ထိန်းချုပ်တာ ခံနေရတဲ့ဘဝမှာ Jennie မနေနိုင်ဘူးလေ

Jennie အမိန့်နာခံရပြီး ပြောသမျှလိုက်လုပ်နေရတဲ့ ဘဝကြီးကို ငြီးငွေ့နေပြီ

"ငါက ညည်းကို မလာခိုင်းဘဲနေမယ် ထင်နေတာလား "

"Chaw ဂရုမစိုက်ဘူး Chaw သေချာဆုံးဖြတ်ချက် ချပြီးသွားပြီ Appa စကားကြောင့် Chaw ဆုံးဖြတ်ချက်ကို ပြင်မှာ မဟုတ်ပါဘူး ပြီးတော့ စကားနားမထောင်ဘဲ ကလန်ကဆန်လုပ်မိလို့ တောင်းပန်ပါတယ် "

သူမ အဖေ company အတွက် Jennie အားနာစိတ်မကောင်းဖြစ်ပေမယ့် မချစ်တဲ့သူနဲ့တော့ Jennie လက်မထပ်နိုင်ဘူးလေ

"ညည်း ရူးနေတာလား ဒါမှမဟုတ် ညည်းကိုညည်း အရမ်းအထင်ကြီးလွန်းနေတာလား....Koreaကို ပြန်ရောက်ပြီဆိုပြီး ငါ့ကို မလေးမစားလုပ်နေတာလား "

Jennie သက်ပြင်းချပြီး သူ့နှုတ်ခမ်းကို သူဖိကိုက်ထားမိသည်

Mr. Shinက သူမကို မုဒိမ်းကျင့်ဖို့ ကြိုးစားတယ်ဆိုတာ ဘယ်အချိန်ကျမှ သူမအဖေက နားလည်ပေးနိုင်မှာလည်း

"Appa chawနဲ့ ပေးစားမယ့်သူက chawကို မုဒိမ်းကျင့်ဖို့ ကြိုးစားခဲ့တယ်ဆိုတာ ဘာလို့ အခုထိ မယုံကြည်ပေးနိုင်တာလည်း..."

"ဇီဇာကြောင်နေတာ ရပ်လိုက်စမ်းပါ Jennie Kimရယ် ညည်းလို မိန်းမချင်း ကြိုက်တဲ့ ကောင်မကို ဘယ်ယောက်ျားက လက်ထပ်ချင်မှာလည်း ညည်းရဲ့ ကောင်မကတောင် ညည်းကို လက်ခံလို့လား စွန့်ပစ်လိုက်ပြီ မဟုတ်ဘူးလား "

Mr. Kimရဲ့ စကားကြောင့် Jennie ထိန်းထားရတဲ့ မျက်ရည်တွေ ကျလာသည်

"Appa သမီးကို ဘယ်လို ပြောရက်တာလည်း "

"ညည်းက ငါ့သမီးအရင်း မဟုတ်ဘူး Jennie ညည်းအမေ အမှားကြောင့် ဖြစ်လာရတာ "

Mr. Kimရဲ့ စကားကြောင့် Jennie အသက်ရှူရပ်သွားမလို ခံစားရသည်

Mr. Kim ဒီလောက်ထိ သူမအပေါ် ရက်စက်နေတာက သမီးအရင်းမဟုတ်လို့ သူများဆီ ရောင်းစားရက်တာပေါ့....

"ညည်းက တကယ် အသုံးမကျ အသုံးမဝင်တဲ့ ကောင်မဘဲ ကောင်းပြီ ဒီကို ပြန်မလာနဲ့ Koreaမှာ နေချင်သပဆို နေစမ်း ညည်း ဘဝကြီး စုတ်ပြတ်သွားအောင် ငါလုပ်ပြမယ်...."

Jennie မှာ Mr. Kimရဲ့ ရက်စက်တဲ့ စကားတွေ ထပ်မကြားချင်တော့လို့ ဖုန်းကို အမြန်ချပစ်သည်

ထို့နောက် ရေချိုးခန်းထဲ ဝင်ပြီး ရေပန်းဖွင့်ကာ ရေပန်းအောက်ထဲ ငိုနေလေသည်

Jennie တစ်ယောက်တည်း အရမ်းမွန်းကြပ်ပြီး ထင်ရာလျှောက်လုပ်မိမှာဆိုးလို့ Joyဆီ ဖုန်းဆက်လိုက်သည်....

လမ်းဘေးက ဆိုဂျူဆိုင်တွင် Jennie တစ်ယောက် သူမ သူငယ်ချင်း Joyကို အရက်သောက်ရင်း သူမ အကြောင်းတွေ သူမအဖေက ဘယ်လို ခြိမ်းခြောက်ခဲ့ကြောင်းတွေ ပြောပြပြီး Jisooကလည်း သူမကို အထင်လွဲသွားပြီး လမ်းခွဲသွားကြောင်း  ပြောရင်း ငိုလေသည်

"Omo အဲ့လိုတွေ ဖြစ်ခဲ့မှန်းမသိဘူး စိတ်မကောင်းလိုက်တာ Jennieရယ်....."

Joyမှာ  Jennie ပြောတာတွေ နားထောင်ပြီး စိတ်မကောင်းဖြစ်နေသည်

"Jisoo ကလည်း သေချာရှင်းပြတာကို နားမထောင်ဘူး...... "

"ငါနဲ့တွေ့တဲ့အခါ သေချာပြောပြကြည့်လိုက်ပါမယ် မငိုနဲ့တော့နော် Jennie. .မသောက်နဲ့တော့ နင်များနေပြီ လာ ပြန်လိုက်ပို့ပေးမယ် "

မူးနေတဲ့ Jennieကို တွဲပြီး ကားထဲထည့်ကာ Joyမှာ အိမ်လိပ်စာကို မေးပြီး ပြန်လိုက်ပို့ပေးလေသည်

Jennie တိုက်ခန်းရှေ့ကို ရောက်တော့ Jennieရဲ့ ပစ္စည်းတွေအားလုံး အပြင်ဘက်ထုတ်ထားတာကို တွေ့ပြီး Jennie မျက်လုံးပြူးသွားသည်

"Aunty Goo ဘာလို့ Chaw ပစ္စည်းတွေ အပြင်ဘက် ထုတ်ထားတာလည်း "

"အခုကစပြီး Jennieကို အန်တီ တိုက်ခန်းထပ်မငှားတော့ပါဘူး "

"ဒါပေမယ့် Chawက သုံးလစာ ထပ်ပြီး စာချူပ်ချူပ်ထားတယ်လေ ...."

"စာချုပ်ဖိုး အန်တီ ပြန်ပေးပါမယ် အခုက Jennieကို တိုက်ခန်းက နှင်ချဖို့ အမိန့်ရထားလို့ပါ "

တိုက်ခန်းပိုင်ရှင်ရဲ့ စကားကြောင့် သူမအဖေရဲ့ လက်ချက်ဆိုတာ Jennie သဘောပေါက်သွားသည်

တိုက်ခန်းပေါက်ဝတွင် Jennie က ထိုင်ငိုနေတော့ Joyမှာ စိတ်မကောင်းဖြစ်ပြီး Jennieရဲ့ ပခုံးကို ပုတ်ပေးသည်

"ဒီပြဿနာထဲ နင့်ကို ဆွဲထည့်မိလို့ အားနာပါတယ် Joy "

Jennie ငိုရှိုက်ရင်း ပြောတော့ Joyက ခေါင်းခါပြသည်

"အားနာစရာမလိုပါဘူး Jennieရယ် ငါက နင့် အခင်ဆုံး သူငယ်ချင်းဘဲကို နင် ငါ့တိုက်ခန်းမှာ နေလည်း ဘာမှမဖြစ်ဘူးရယ် နော် အဆင်ပြေပါတယ် "

"တကယ် အားနာပါတယ် Joyရယ် ငါ အလုပ်အမြန်ရှာပြီး နင့်တိုက်ခန်းကနေ ပြောင်းပေးမယ်နော် "

"အမလေး ပြောင်းစရာမလိုပါဘူး ဟယ် နင် ကြိုက်သလောက် ကြိုက်သလိုနေလို့ရတယ် နော် "

"မဟုတ်တာ နင်က ငါ့ကို တော်တော်လေး ကူညီပေးထားပါတယ် ငါ...ငါက ငါ့ခြေထောက်ပေါ်  ငါ ရပ်တည်ကြည့်ချင်တယ်..."

"အင်းပါ ကောင်းပါပြီ ဒါဆိုလည်း နင်တစ်ခုခုဖြစ်ရင် ငါအမြဲ ရှိတယ်ဆိုတာ သတိရပေးနော် "

Joy ပြောတော့ Jennie မျက်ရည်တွေ သုတ်ပြီး ခေါင်းညိတ်ပြသည်

"Hello onlineမှာ မော်ဒယ်လိုတယ်ဆိုပြီး ကြော်ငြာထားတာတွေ့လို့ပါ chawမှာ အတွေ့အကြုံရှိပါတယ် "

Jennieမှာ  company တစ်ခုက Reception တွင် မန်နေဂျာကို ပြုံးပြီးပြောလေသည်

မန်နေဂျာမှာ အရမ်းလှတဲ့ Jennieကို ကြည့်ရင်း သဘောကျနေသည်

"ဟုတ်ပါတယ်ဗျာ့ ကိုယ်တို့ companyက မော်ဒယ်ရှာနေတာလေ....ဒါနဲ့ ညီမလေး နာမည်က "

"Jennie Kim ပါ "

Jennieမှာ အလုပ်ရတော့မှာမို့ အရမ်းပျော်နေသည်

"Humm. .."

Jennieရဲ့ နာမည်ကို ကြားတော့ မန်နေဂျာမှာ ခေါင်းကို ကုတ်ရင်း အီလည်လည်ဖြစ်နေသည်

"ဟိုလေ စိတ်မကောင်းပေမယ့် အခုမှ သတိရတယ်....မော်ဒယ်မလိုတော့ဘူးလို့ CEOက ခုန ကျွန်တော့်ကို ဖုန်းဆက်ပြောထားတာ....အားနာလိုက်တာ "

"ဟင် ခုနပြောတော့ လိုတယ်ဆို "

"CEOက ဖုန်းဆက်ပြောထားတာကို ကျွန်တော် မေ့နေလို့ အားနာပါတယ်နော် "

Jennieလည်း သက်ပြင်းချပြီး ထို companyကနေ ထွက်လာသည်

ထပ်ပြီး လက်မလျော့ဘဲ တစ်ခြားအလုပ်ကို ရှာဖို့ ဆုံးဖြတ်လိုက်သည်

"စိတ်မကောင်းပါဘူး ကျွန်တော်တို့ ဝန်ထမ်းထပ်မခေါ်တော့ဘူးဗျာ့ "

Jennie ထပ်ပြီး အငြင်းခံရလို့ သက်ပြင်းချလိုက်မိသည်

Seoul တစ်မြို့လုံးအနှံ့ company စားသောက်ဆိုင် အထည်ဆိုင်တွေက အစ Jennie ကို အလုပ်ခန့်ဖို့ ငြင်းပယ်နေကြသည်

လူလိုတယ် လူခေါ်တယ် ပြောပြီး Jennie နာမည်ကြားတာနဲ့ ချက်ချင်း လူမလိုတော့ကြောင်း ပြောတဲ့သူနဲ့ နောက်မှဆက်သွယ်ပါမယ်ဆိုပြီး ငြင်းကြသည်

Jennie စိတ်ပျက်လက်ပျက်နဲ့ ထိုင်ခုံမှာ ထိုင်လိုက်သည်

ဗိုက်ထဲက တဂွီဂွီကြားရသောကြောင့် အလုပ်လိုက်ရှာရင်း Jennie နေ့လည်စာမစားရသေးတာကို သတိရသွားတယ်

Jennie စိတ်ပျက်လက်ပျက်နဲ့ Joyရဲ့ တိုက်ခန်းကို ပြန်လာခဲ့သည်

"ပြန်လာပြီလား Jennie ငါ နေ့လည်စာ ချက်ပေးထားတယ် "

"Joy ငါအခုထိ အလုပ်မရသေးဘူး အကုန်လုံးက ငါ့ကို ငြင်းလွှတ်ကြတယ်ဟာ "

Jennie ပြောပြီး ငိုတော့ Joyမှာ သူ့လက်ကို အဝတ်နဲ့သုတ်ပြီး Jennieကို ဖက်ကာ နှစ်သိမ့်လေသည်

"မငိုပါနဲ့ Jennieရယ် ငါအလုပ်ကူရှာပေးမယ်လေ နော် ကတိပေးတယ် "

*******

"CEO ဒီနေ့ ချိန်းထားတာ ရှိ...."

"ဖျက်လိုက် "

"ဗျာ "

"ငါ ထပ်ပြောရအုံးမှာလား "

"မ မဟုတ်ပါဘူး CEO "

တစ်ခြားဌာနက ဝန်ထမ်းတစ်ယောက်မှာ  Jisoo အော်သံကြောင့် လန့်ပြီး ရုံးခန်းထဲက ထွက်သွားသည်

Jisoo သူ့ဆံပင်တွေကို လက်နဲ့ထိုးဖွပြီး သက်ပြင်းချလိုက်သည်

ရုံးခနထဲက Jennie ထိုင်နေကြ စားပွဲခုံကို Jisoo လှမ်းကြည့်နေမိသည်

ဒီနေ့နဲ့ဆို Jennieကို မတွေ့ရတာ Jennie အသံကို မကြားရတာ တစ်လရှိပြီလေ.....

တစ်လရှိနေပေမယ့် Jisooအတွက် တစ်နှစ်လောက် ဖြစ်နေသလို ခံစားရသည်

Knock Knock

"ဝင်ခဲ့ပါ...."

"CEO. ..အတွင်းရေးမှူး အသစ်ရှာသင့်တယ်လို့ ထင်ပါတယ်.....အခု "

"ထွက်သွား "

HR အမျိူးသားမှာ Jisoo အော်သံကြောင့် သက်ပြင်းချပြီး ထွက်သွားသည်

Jisoo ရင်တွေပူလာလို့ စားပွဲခုံပေါ်က ရေဘူးကို ယူကာသောက်လိုက်သည်

အတွင်းရေးမှူးအသစ်ကို Jisoo မရှာချင်....Jennie နေရာကို ဘယ်သူနဲ့မှ Jisoo အစားမထိုးနိုင်တဲ့ပုံစံလား....အသစ်ထပ်မရှာချင်သေးတဲ့ ပုံစံလားဆိုတာ Jisoo အသိဆုံးပင်

Jisoo coffeeသောက်ချင်လာတာနဲ့ သူ့သူငယ်ချင်း Wendyဆိုင်ကို ထွက်လာခဲ့သည်

Wendyဆိုင်ကို ရောက်တော့ Joyနဲ့ Wendy စကားပြောနေတာကို တွေ့ရသည်

Joyတို့မှာ စကားကို အာရုံစိုက်ပြောနေသောကြောင့် Jisoo ဝင်လာမှန်းမသိပေ

"ငါ့ကို ကူညီပေးပါ Wen. ..ငါ့ကို ချစ်တယ်မလား..."

"ဘာ ကူညီပေးရမှာလည်း "

"Jennieနဲ့ ပတ်သက်ပြီး.... "

Jisooမှာ Jennie နာမည်ကြားလို့ စိတ်လှုပ်ရှားသွားတယ်

#Tbc

#zawgyi

"သူ စာခ်ဳပ္မွာ လက္မွတ္မထိုးဘူး Appa "

Jennie ငိုထားရလြန္းလို႔ အသံေတြက အက္ကြဲေနသည္

တစ္ဖက္က သူမအေဖ သက္ျပင္းခ်သံကိုလည္း Jennie ၾကားလိုက္ရသည္

Jennie အခု သူမ တိုက္ခန္းမွာ Jisooက လက္မွတ္မထိုးေပးေၾကာင္း သူမအေဖကို ေျပာေနတာေလ

"အဲ့ေတာ့ ညည္းက ငါ ဘာမွမဟုတ္တာေလးအတြက္ အခ်ိန္ေတြ အလကား အကုန္ခံရေၾကာင္း ေျပာျပေနတာေပါ့ေလ "

Jennieမွာ သူမ အေဖစကားကို ဘာမွျပန္မေျပာနိုင္လို႔ မတုံ႕ျပန္ဘဲ တိတ္ဆိတ္ေနသည္.....

"ဒါဆို ညည္း ဒီကို ျပန္လာ...."

"Chaw အဲ့ဒီကို ျပန္မလာနိုင္ဘူး..အခုေရာ ေနာက္ေရာ ဘယ္ေတာ့မွ ျပန္မလာဘူး Appa  "

Jennie နယူးဇီလန္ကို ျပန္မသြားနိုင္ေၾကာင္း သူမအေဖကို ျပတ္ျပတ္သားသားေျပာလိုက္သည္

နယူးဇီလန္ကို သြားၿပီး သူမ်ား ထိန္းခ်ဳပ္တာ ခံေနရတဲ့ဘဝမွာ Jennie မေနနိုင္ဘူးေလ

Jennie အမိန့္နာခံရၿပီး ေျပာသမွ်လိုက္လုပ္ေနရတဲ့ ဘဝႀကီးကို ၿငီးေငြ႕ေနၿပီ

"ငါက ညည္းကို မလာခိုင္းဘဲေနမယ္ ထင္ေနတာလား "

"Chaw ဂ႐ုမစိုက္ဘူး Chaw ေသခ်ာဆုံးျဖတ္ခ်က္ ခ်ၿပီးသြားၿပီ Appa စကားေၾကာင့္ Chaw ဆုံးျဖတ္ခ်က္ကို ျပင္မွာ မဟုတ္ပါဘူး ၿပီးေတာ့ စကားနားမေထာင္ဘဲ ကလန္ကဆန္လုပ္မိလို႔ ေတာင္းပန္ပါတယ္ "

သူမ အေဖ company အတြက္ Jennie အားနာစိတ္မေကာင္းျဖစ္ေပမယ့္ မခ်စ္တဲ့သူနဲ႕ေတာ့ Jennie လက္မထပ္နိုင္ဘူးေလ

"ညည္း ႐ူးေနတာလား ဒါမွမဟုတ္ ညည္းကိုညည္း အရမ္းအထင္ႀကီးလြန္းေနတာလား....Koreaကို ျပန္ေရာက္ၿပီဆိုၿပီး ငါ့ကို မေလးမစားလုပ္ေနတာလား "

Jennie သက္ျပင္းခ်ၿပီး သူ႕ႏႈတ္ခမ္းကို သူဖိကိုက္ထားမိသည္

Mr. Shinက သူမကို မုဒိမ္းက်င့္ဖို႔ ႀကိဳးစားတယ္ဆိုတာ ဘယ္အခ်ိန္က်မွ သူမအေဖက နားလည္ေပးနိုင္မွာလည္း

"Appa chawနဲ႕ ေပးစားမယ့္သူက chawကို မုဒိမ္းက်င့္ဖို႔ ႀကိဳးစားခဲ့တယ္ဆိုတာ ဘာလို႔ အခုထိ မယုံၾကည္ေပးနိုင္တာလည္း..."

"ဇီဇာေၾကာင္ေနတာ ရပ္လိုက္စမ္းပါ Jennie Kimရယ္ ညည္းလို မိန္းမခ်င္း ႀကိဳက္တဲ့ ေကာင္မကို ဘယ္ေယာက္်ားက လက္ထပ္ခ်င္မွာလည္း ညည္းရဲ႕ ေကာင္မကေတာင္ ညည္းကို လက္ခံလို႔လား စြန့္ပစ္လိုက္ၿပီ မဟုတ္ဘူးလား "

Mr. Kimရဲ႕ စကားေၾကာင့္ Jennie ထိန္းထားရတဲ့ မ်က္ရည္ေတြ က်လာသည္

"Appa သမီးကို ဘယ္လို ေျပာရက္တာလည္း "

"ညည္းက ငါ့သမီးအရင္း မဟုတ္ဘူး Jennie ညည္းအေမ အမွားေၾကာင့္ ျဖစ္လာရတာ "

Mr. Kimရဲ႕ စကားေၾကာင့္ Jennie အသက္ရႉရပ္သြားမလို ခံစားရသည္

Mr. Kim ဒီေလာက္ထိ သူမအေပၚ ရက္စက္ေနတာက သမီးအရင္းမဟုတ္လို႔ သူမ်ားဆီ ေရာင္းစားရက္တာေပါ့....

"ညည္းက တကယ္ အသုံးမက် အသုံးမဝင္တဲ့ ေကာင္မဘဲ ေကာင္းၿပီ ဒီကို ျပန္မလာနဲ႕ Koreaမွာ ေနခ်င္သပဆို ေနစမ္း ညည္း ဘဝႀကီး စုတ္ျပတ္သြားေအာင္ ငါလုပ္ျပမယ္...."

Jennie မွာ Mr. Kimရဲ႕ ရက္စက္တဲ့ စကားေတြ ထပ္မၾကားခ်င္ေတာ့လို႔ ဖုန္းကို အျမန္ခ်ပစ္သည္

ထို႔ေနာက္ ေရခ်ိဳးခန္းထဲ ဝင္ၿပီး ေရပန္းဖြင့္ကာ ေရပန္းေအာက္ထဲ ငိုေနေလသည္

Jennie တစ္ေယာက္တည္း အရမ္းမြန္းၾကပ္ၿပီး ထင္ရာေလွ်ာက္လုပ္မိမွာဆိုးလို႔ Joyဆီ ဖုန္းဆက္လိုက္သည္....

လမ္းေဘးက ဆိုဂ်ဴဆိုင္တြင္ Jennie တစ္ေယာက္ သူမ သူငယ္ခ်င္း Joyကို အရက္ေသာက္ရင္း သူမ အေၾကာင္းေတြ သူမအေဖက ဘယ္လို ၿခိမ္းေျခာက္ခဲ့ေၾကာင္းေတြ ေျပာျပၿပီး Jisooကလည္း သူမကို အထင္လြဲသြားၿပီး လမ္းခြဲသြားေၾကာင္း  ေျပာရင္း ငိုေလသည္

"Omo အဲ့လိုေတြ ျဖစ္ခဲ့မွန္းမသိဘူး စိတ္မေကာင္းလိုက္တာ Jennieရယ္....."

Joyမွာ  Jennie ေျပာတာေတြ နားေထာင္ၿပီး စိတ္မေကာင္းျဖစ္ေနသည္

"Jisoo ကလည္း ေသခ်ာရွင္းျပတာကို နားမေထာင္ဘူး...... "

"ငါနဲ႕ေတြ႕တဲ့အခါ ေသခ်ာေျပာျပၾကည့္လိုက္ပါမယ္ မငိုနဲ႕ေတာ့ေနာ္ Jennie. .မေသာက္နဲ႕ေတာ့ နင္မ်ားေနၿပီ လာ ျပန္လိုက္ပို႔ေပးမယ္ "

မူးေနတဲ့ Jennieကို တြဲၿပီး ကားထဲထည့္ကာ Joyမွာ အိမ္လိပ္စာကို ေမးၿပီး ျပန္လိုက္ပို႔ေပးေလသည္

Jennie တိုက္ခန္းေရွ႕ကို ေရာက္ေတာ့ Jennieရဲ႕ ပစၥည္းေတြအားလုံး အျပင္ဘက္ထုတ္ထားတာကို ေတြ႕ၿပီး Jennie မ်က္လုံးျပဴးသြားသည္

"Aunty Goo ဘာလို႔ Chaw ပစၥည္းေတြ အျပင္ဘက္ ထုတ္ထားတာလည္း "

"အခုကစၿပီး Jennieကို အန္တီ တိုက္ခန္းထပ္မငွားေတာ့ပါဘူး "

"ဒါေပမယ့္ Chawက သုံးလစာ ထပ္ၿပီး စာခ်ဴပ္ခ်ဴပ္ထားတယ္ေလ ...."

"စာခ်ဳပ္ဖိုး အန္တီ ျပန္ေပးပါမယ္ အခုက Jennieကို တိုက္ခန္းက ႏွင္ခ်ဖိဳ႕ အမိန့္ရထားလို႔ပါ "

တိုက္ခန္းပိုင္ရွင္ရဲ႕ စကားေၾကာင့္ သူမအေဖရဲ႕ လက္ခ်က္ဆိုတာ Jennie သေဘာေပါက္သြားသည္

တိုက္ခန္းေပါက္ဝတြင္ Jennie က ထိုင္ငိုေနေတာ့ Joyမွာ စိတ္မေကာင္းျဖစ္ၿပီး Jennieရဲ႕ ပခုံးကို ပုတ္ေပးသည္

"ဒီျပႆနာထဲ နင့္ကို ဆြဲထည့္မိလို႔ အားနာပါတယ္ Joy "

Jennie ငိုရွိုက္ရင္း ေျပာေတာ့ Joyက ေခါင္းခါျပသည္

"အားနာစရာမလိုပါဘူး Jennieရယ္ ငါက နင့္ အခင္ဆုံး သူငယ္ခ်င္းဘဲကို နင္ ငါ့တိုက္ခန္းမွာ ေနလည္း ဘာမွမျဖစ္ဘူးရယ္ ေနာ္ အဆင္ေျပပါတယ္ "

"တကယ္ အားနာပါတယ္ Joyရယ္ ငါ အလုပ္အျမန္ရွာၿပီး နင့္တိုက္ခန္းကေန ေျပာင္းေပးမယ္ေနာ္ "

"အမေလး ေျပာင္းစရာမလိုပါဘူး ဟယ္ နင္ ႀကိဳက္သေလာက္ ႀကိဳက္သလိုေနလို႔ရတယ္ ေနာ္ "

"မဟုတ္တာ နင္က ငါ့ကို ေတာ္ေတာ္ေလး ကူညီေပးထားပါတယ္ ငါ...ငါက ငါ့ေျခေထာက္ေပၚ  ငါ ရပ္တည္ၾကည့္ခ်င္တယ္..."

"အင္းပါ ေကာင္းပါၿပီ ဒါဆိုလည္း နင္တစ္ခုခုျဖစ္ရင္ ငါအၿမဲ ရွိတယ္ဆိုတာ သတိရေပးေနာ္ "

Joy ေျပာေတာ့ Jennie မ်က္ရည္ေတြ သုတ္ၿပီး ေခါင္းညိတ္ျပသည္

"Hello onlineမွာ ေမာ္ဒယ္လိုတယ္ဆိုၿပီး ေၾကာ္ျငာထားတာေတြ႕လို႔ပါ chawမွာ အေတြ႕အႀကဳံရွိပါတယ္ "

Jennieမွာ  company တစ္ခုက Reception တြင္ မန္ေနဂ်ာကို ၿပဳံးၿပီးေျပာေလသည္

မန္ေနဂ်ာမွာ အရမ္းလွတဲ့ Jennieကို ၾကည့္ရင္း သေဘာက်ေနသည္

"ဟုတ္ပါတယ္ဗ်ာ့ ကိုယ္တို႔ companyက ေမာ္ဒယ္ရွာေနတာေလ....ဒါနဲ႕ ညီမေလး နာမည္က "

"Jennie Kim ပါ "

Jennieမွာ အလုပ္ရေတာ့မွာမို႔ အရမ္းေပ်ာ္ေနသည္

"Humm. .."

Jennieရဲ႕ နာမည္ကို ၾကားေတာ့ မန္ေနဂ်ာမွာ ေခါင္းကို ကုတ္ရင္း အီလည္လည္ျဖစ္ေနသည္

"ဟိုေလ စိတ္မေကာင္းေပမယ့္ အခုမွ သတိရတယ္....ေမာ္ဒယ္မလိုေတာ့ဘူးလို႔ CEOက ခုန ကြၽန္ေတာ့္ကို ဖုန္းဆက္ေျပာထားတာ....အားနာလိုက္တာ "

"ဟင္ ခုနေျပာေတာ့ လိုတယ္ဆို "

"CEOက ဖုန္းဆက္ေျပာထားတာကို ကြၽန္ေတာ္ ေမ့ေနလို႔ အားနာပါတယ္ေနာ္ "

Jennieလည္း သက္ျပင္းခ်ၿပီး ထို companyကေန ထြက္လာသည္

ထပ္ၿပီး လက္မေလ်ာ့ဘဲ တစ္ျခားအလုပ္ကို ရွာဖို႔ ဆုံးျဖတ္လိုက္သည္

"စိတ္မေကာင္းပါဘူး ကြၽန္ေတာ္တို႔ ဝန္ထမ္းထပ္မေခၚေတာ့ဘူးဗ်ာ့ "

Jennie ထပ္ၿပီး အျငင္းခံရလို႔ သက္ျပင္းခ်လိဳက္မိသည္

Seoul တစ္ၿမိဳ႕လုံးအႏွံ႕ company စားေသာက္ဆိုင္ အထည္ဆိုင္ေတြက အစ Jennie ကို အလုပ္ခန့္ဖို႔ ျငင္းပယ္ေနၾကသည္

လူလိုတယ္ လူေခၚတယ္ ေျပာၿပီး Jennie နာမည္ၾကားတာနဲ႕ ခ်က္ခ်င္း လူမလိုေတာ့ေၾကာင္း ေျပာတဲ့သူနဲ႕ ေနာက္မွဆက္သြယ္ပါမယ္ဆိုၿပီး ျငင္းၾကသည္

Jennie စိတ္ပ်က္လက္ပ်က္နဲ႕ ထိုင္ခုံမွာ ထိုင္လိုက္သည္

ဗိုက္ထဲက တဂြီဂြီၾကားရေသာေၾကာင့္ အလုပ္လိုက္ရွာရင္း Jennie ေန႕လည္စာမစားရေသးတာကို သတိရသြားတယ္

Jennie စိတ္ပ်က္လက္ပ်က္နဲ႕ Joyရဲ႕ တိုက္ခန္းကို ျပန္လာခဲ့သည္

"ျပန္လာၿပီလား Jennie ငါ ေန႕လည္စာ ခ်က္ေပးထားတယ္ "

"Joy ငါအခုထိ အလုပ္မရေသးဘူး အကုန္လုံးက ငါ့ကို ျငင္းလႊတ္ၾကတယ္ဟာ "

Jennie ေျပာၿပီး ငိုေတာ့ Joyမွာ သူ႕လက္ကို အဝတ္နဲ႕သုတ္ၿပီး Jennieကို ဖက္ကာ ႏွစ္သိမ့္ေလသည္

"မငိုပါနဲ႕ Jennieရယ္ ငါအလုပ္ကူရွာေပးမယ္ေလ ေနာ္ ကတိေပးတယ္ "

*******

"CEO ဒီေန႕ ခ်ိန္းထားတာ ရွိ...."

"ဖ်က္လိုက္ "

"ဗ်ာ "

"ငါ ထပ္ေျပာရအုံးမွာလား "

"မ မဟုတ္ပါဘူး CEO "

တစ္ျခားဌာနက ဝန္ထမ္းတစ္ေယာက္မွာ  Jisoo ေအာ္သံေၾကာင့္ လန့္ၿပီး ႐ုံးခန္းထဲက ထြက္သြားသည္

Jisoo သူ႕ဆံပင္ေတြကို လက္နဲ႕ထိုးဖြၿပီး သက္ျပင္းခ်လိဳက္သည္

႐ုံးခနထဲက Jennie ထိုင္ေနၾက စားပြဲခုံကို Jisoo လွမ္းၾကည့္ေနမိသည္

ဒီေန႕နဲ႕ဆို Jennieကို မေတြ႕ရတာ Jennie အသံကို မၾကားရတာ တစ္လရွိၿပီေလ.....

တစ္လရွိေနေပမယ့္ Jisooအတြက္ တစ္ႏွစ္ေလာက္ ျဖစ္ေနသလို ခံစားရသည္

Knock Knock

"ဝင္ခဲ့ပါ...."

"CEO. ..အတြင္းေရးမႉး အသစ္ရွာသင့္တယ္လို႔ ထင္ပါတယ္.....အခု "

"ထြက္သြား "

HR အမ်ိဴးသားမွာ Jisoo ေအာ္သံေၾကာင့္ သက္ျပင္းခ်ၿပီး ထြက္သြားသည္

Jisoo ရင္ေတြပူလာလို႔ စားပြဲခုံေပၚက ေရဘူးကို ယူကာေသာက္လိုက္သည္

အတြင္းေရးမႉးအသစ္ကို Jisoo မရွာခ်င္....Jennie ေနရာကို ဘယ္သူနဲ႕မွ Jisoo အစားမထိုးနိုင္တဲ့ပုံစံလား....အသစ္ထပ္မရွာခ်င္ေသးတဲ့ ပုံစံလားဆိုတာ Jisoo အသိဆုံးပင္

Jisoo coffeeေသာက္ခ်င္လာတာနဲ႕ သူ႕သူငယ္ခ်င္း Wendyဆိုင္ကို ထြက္လာခဲ့သည္

Wendyဆိုင္ကို ေရာက္ေတာ့ Joyနဲ႕ Wendy စကားေျပာေနတာကို ေတြ႕ရသည္

Joyတို႔မွာ စကားကို အာ႐ုံစိုက္ေျပာေနေသာေၾကာင့္ Jisoo ဝင္လာမွန္းမသိေပ

"ငါ့ကို ကူညီေပးပါ Wen. ..ငါ့ကို ခ်စ္တယ္မလား..."

"ဘာ ကူညီေပးရမွာလည္း "

"Jennieနဲ႕ ပတ္သက္ၿပီး.... "

Jisooမွာ Jennie နာမည္ၾကားလို႔ စိတ္လႈပ္ရွားသြားတယ္

#Tbc

Bạn đang đọc truyện trên: Truyen3h.Co