Truyen3h.Co

CEO Kim

Part 29

KimFany059

#zawgyi


"Madam ဘာယူ..."





"အင်းပါ မပြောဘူး "


















တောက်!


"နင့်အကူအညီလိုတယ်...."

*********







"မပင်ပန်းပါဘူး ရပါတယ် "




















"ဟင်..."


#TBC

#UNICODE

Joyနဲ့ Wendyမှာ Jennie အကြောင်းပြောနေကြသောကြောင့် Jisoo ရောက်လာတာကို အာရုံမရပေ

"Madam ဘာယူ..."

စားပွဲထိုးလာမေးတာကို Jisoo လက်ကာပြပြီး Joyတို့ ပြောစကားကို သေချာနားထောင်နေသည်

"Jennie က ဘာဖြစ်လို့လည်း "

"ငါ သေချာပြောပြမယ် Wen. .ဒါပေမယ့် ဘယ်သူ့ကိုမှ ပြန်မပြောပါနဲ့နော် '

Joyမှာ Jennie အကြောင်း တစ်ခြားသူတွေ သိသွားမှာလည်း စိတ်ပူနေသည်

"အင်းပါ မပြောဘူး "

"Jennie အခု အလုပ်လိုနေတာလေ အဲ့တာ Wenရဲ့ ဒီ Seoul မြို့ထဲက ကော်ဖီဆိုင်တစ်ဆိုင်ဆိုင်မှာ အလုပ်ခန့်ပေးပါလား "

"ဟင်...နင်ပြောချင်တာက ငါ့ ကော်ဖီဆိုင်မှာ သူ့ကို အလုပ်ခန့်ဖို့လား "

"ဟုတ်တယ်....နော် Jennie လေးအတွက် လုပ်ပေးပါ အချစ်ရယ်နော်..."

Wendyရဲ့ မျက်နှာလေးကိုကိုင်ပြီး Joyမှာ နှုတ်ခမ်းလေးစူကာ တောင်းဆိုနေသည်

Jisooမှာ ခိုးနားထောင်ရင်း မေးခွန်းတွေ ပေါ်လာသည်

Jennieက ဘာလို့အလုပ်လိုအပ်နေတာလည်း....ဘာတွေဖြစ်နေတာလည်းဆိုတဲ့ မေးခွန်းတွေ Jisoo ခေါင်းထဲ အသီးသီးဝင်ရောက်လာသည်

"အင်းပါ ဒါပေမယ့် Jennie အဖေက ချမ်းသာတယ် မဟုတ်ဘူးလား သူ့အဖေ companyမှာ ဝင်လုပ်လို့ရတာဘဲကို "

Wendyရဲ့ စကားကြောင့် Joy သက်ပြင်းချလိုက်သည်

"Jennieက သူ့သမီးအရင်း မဟုတ်ဘူးလေ ဒီတော့ Jennieကို အလုပ်မရအောင် သူလိုက်ဖျက်ထားတာလ.....သူ့အဖေ connection တွေကြောင့်ဘယ် company ဘယ်နေရာကမှ Jennieကို အလုပ်လက်မခံဘူး "

Joyရဲ့ စကားကြောင့် Wendy အပါအဝင် Jisoo ပါ အံ့သြသွားတယ်

"သူ ဘာလို့ အဲ့လိုလုပ်ရက်တာလည်း "

Wendyမှာ မယုံနိုင်လောက်အောင် ဖြစ်နေသည်

"အဲ့ထက်ပိုပြီး လူမဆန်တာ ပြောအုံးမယ် သူ့ company ဒေဝါလီခံတော့မှာမို့လို့ Jennieကို လိမ်ညာပြီး နယူးဇီလန် ပြန်ခေါ်တာ Jennie ငါတို့ကို ဘာမှမပြောဘဲ ထွက်သွားတာ အဲ့တာကြောင့်လေ နယူးဇီလန်ကို Jennieလည်း ရောက်ရော ဇွတ် ယောက်ျားပေးစားတာတဲ့....Jennieက ဇွတ်ငြင်းရင်း သူ့အဖေက Jisoo companyကို စာချုပ်နဲ့ ရအောင် မယူနိုင်ရင် အဲ့လူနဲ့ လက်ထပ်ရမယ်လို့ ခြိမ်းခြောက်တာတဲ့ ပြီးတော့ Wendyရယ် အဲ့လူက Jennieကို မုဒိမ်းကျင့်ဖို့ ကြိုးစားသေးတာ "

Joyမှာ ပြောရင်း ဒေါသတွေ ထွက်လာလို့ Wendy ရင်ခွင်ထဲမှာ ငိုလေသည်

Wendyမှာလည်း Joyရဲ့ စကားကြောင့် ဒေါသထွက်သွားသည် Jennieက သူမအတွက် ညီမလေးတစ်ယောက်လိုဘဲလေ

Wendy ထက် ပိုပြီး ဒေါသထွက်နေတဲ့သူက Jisoo. .....ကော်ဖီဆိုင်ထဲက အမြန် ထွက်လာပြီး ကားထဲတွင် တောက်ခေါက်ကာ စီယာတိုင်ကို တဘုန်းဘုန်းနဲ့ ထုလိုက်သည်

Jennieကို ပြောခဲ့မိတဲ့ စကားတွေ ပြန်ကြားယောင်လာ သတိရလာပြီး Jisoo နောင်တတွေရလာသည်

တောက်!

Jisoo တောက်ခေါက်ကာ ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်လိုက်သည်

"နင့်အကူအညီလိုတယ်...."

*********

"ကျေးဇူးတင်ပါတယ် နောက်တစ်ခေါက် ထပ်လာခဲ့ပါအုံးနော် "

Jennieမှာ ပိုက်ဆံရှင်းပြီး ထွက်သွားတဲ့ ဧည့်သည်ကို နှုတ်ဆက်လိုက်သည်

Wendyက သူမကို အလုပ်ခန့်လိုက်သောကြောင့် ယခု Wendy ဆိုင်တွင် Jennie အလုပ်ရနေပြီလေ

ပြန်သွားတဲ့ ဧည့်သည်ရဲ့ စားပွဲဝိုင်းကို Jennie သီချင်းလေးညည်းရင်း သန့်ရှင်းရေးလုပ်နေသည်

"Jennie Unnie ပင်ပန်းနေပြီလား...ခဏသွားနားအုံးလေ.... "

Jennieရဲ့ အတူ စားပွဲထိုးလုပ်တဲ့ ကောင်မလေး Yejiက ပြောလိုက်သည်

"မပင်ပန်းပါဘူး ရပါတယ် "

"မရပါဘူး သွားပါ ခဏနားလိုက်ပါ "

"မနက်စာလည်း စားထားပြီးသားမို့ အားတွေရှိပါတယ် Yejiရ "

"အခုနေ့လည် တစ်နာရီရှိနေပြီလေ နေ့လည်စာစားချိန် ရောက်ပြီ သွားစားလိုက်ပါ Chaw ဒီစားပွဲကို တာဝန်ယူလိုက်ပါမယ် "

Yejiက ပြောပြီး Jennieကို ဇွတ်နှင်လွှတ်သောကြောင့် Jennie လည်း လုပ်လက်စ အလုပ်ကို Yejiဆီ လွှဲပေးလိုက်သည်

Kitchenထဲရောက်တော့ ဝန်ထမ်းတွေအတွက် ထည့်ပေးထားတဲ့ နေ့လည်စာဗန်းထဲက ပန်းကန်တစ်ခုကို Jennie ယူလိုက်သည်

Wendyမှာ တစ်ခြား သူဌေးတွေလို မဟုတ် ဝန်ထမ်းတွေကို နေ့လည်စာ ကောင်းကောင်းမွန်မွန်နဲ့ လောက်လောက်ငှငှကျွေးသည်

Jennie နေ့လည်စာစားရင်း စိတ်ထဲကနေ Wendyကို ကျေးဇူးတင်စကားပြောလိုက်သည်

"Joy ငါလည်း အခု အလုပ်ရနေပြီဆိုတော့လေ တိုက်ခန်းပြန်ရှာမလို့....ငါ့ကို ဒီလက်တလော လက်ခံပေးလို့ တကယ် ကျေးဇူးတင်ပါတယ် "

Jennieရဲ့ စကားကြောင့် Joyမှာ ရုပ်ရှင်ကြည့်ရင်း Jennieကို ကြည့်လိုက်သည်

"အာ နင်ကလည်း မရှာပါနဲ့ ငါ့အိမ်မှာဘဲနေလေ ဘာမှမဖြစ်တာကို "

"မဟုတ်တာ နင့်အကူအညီတွေ အများကြီး ငါ ယူထားတာ ထပ်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်လို့ရယ်..."

"အင်းပါ  ....အကယ်၍ နင် အကူအညီလိုခဲ့ရင် ငါ့ဆီလာခဲ့လေနော်...."

Jennieမှာ Joyနဲ့ စကားတွေပြောပြီးနောက် အခန်းထဲ ဝင်ပြီး အိပ်လိုက်သည်

နောက်တစ်နေ့မနက်တွင် Jennie တစ်ယောက် Wendy cafeဆိုင်တွင် စားပွဲခုံတွေ လိုက်သုတ်နေသည်

ထိုစဥ် ဦးထုပ်အနက်ရောင် ခေါင်းငိုက်ဆောင်းပြီး ဆိုင်ထဲဝင်လာတဲ့ ဧည့်သည်ကို Service ပေးဖို့ သွားလေသည်

"Annyeonghasayo ဘာ မှာမလည်းရှင် "

"Jennie Kimကို မှာလို့ရလား "

Jennieမှာ customer ရဲ့ စကားကြောင့် လန့်သွားသည်

Customer မှာ ဆောင်းထားတဲ့ ဦးထုပ်ကို ဖယ်လိုက်သောအခါ....

"ဟင်..."

Jennie အံ့သြပြီး လက်ထဲက အဝတ်စ ပြုတ်ကျသွားသည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co