Part 30
#Unicode
"Joohyun? " (အားလုံးထင်နေကြတာ မှားဘာဒယ်နော် xD)
Jennieမှာ Joohyun ကို တွေ့တော့ ပျော်သွားသလို Joohyun က ဒီနေရာမှာ သူမ အလုပ်လုပ်တာကို ဘယ်လို သိတာလည်းဆိုပြီး တွေးနေသည်
သူမ တစ်ယောက်တည်း လာတာလား ဘယ်သူတွေထပ်ပါလည်းဆိုတာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပေမယ့် ကျေးဇူးတင်စွာဖြင့် ဘယ်သူမှပါမလာပေ
Jennie သက်ပြင်းချပြီး Joohyun ကို ကြည့်လိုက်တော့ Joohyunမှာ Serious ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်
"Jen အလုပ်ဖြုတ် ခံလိုက်ရတာ ဘာလို့မပြောတာလည်း "
နှုတ်ခမ်းလေးစူကာ သူမကို ရန်လုပ်နေတဲ့ Joohyun ကို Jennie ပြုံးပြပြီး ဖက်လိုက်သည်
သူမကို အမြဲ ကူညီပေးခဲ့တဲ့ Joohyunကိုလည်း Jennie သတိရနေခဲ့တာလေ
"တောင်းပန်ပါတယ်....Joohyunnieကို သတိရနေတာ "
Jennieမှာ ပြောပြီး Joohyun ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်
"ရပါတယ် ငါလည်း နင့်ကို သတိရနေတာပါနော် "
Jennieကို ပြန်ဖက်ပြီး Joohyun ပြောလိုက်သည်
"ဒါနဲ့ ဒီကို ဘာလာလုပ်တာလည်းဟင် Jen ဒီမှာ ရှိနေတာကို ဘယ်လိုသိတာလည်း "
Joohyunကို ဖက်ထားရာမှ ခွာပြီး Jennie မေးလိုက်သည်
"တစ်နေ့က Wendyနဲ့ အတူ သောက်ရင်း သူ့ပါးစပ်က Jen ဒီမှာ အလုပ်လုပ်နေကြောင်း မတော်တဆ ပြောထွက်လာတာလေ အဲ့မှာ အစ်မေးရင်း သိလာတာ အဟီး "
"ထားပါတော့ ဘာမှာ မှာလည်း... "
Jennieကမေးတော့ Joohyun Menuကို သေချာကြည့်နေသည်
"အရွက်သုပ်တစ်ပွဲနဲ့ ကိုလာတစ်ဘူးပေး "
"ကောင်းပြီ ခဏစောင့်ပေးနော် "
Joohyunကို ပြုံးပြပြီး Jennie ကောင်တာဘက် သွားလိုက်သည်
Jennie မှာစရာရှိတာမှာပြီး Joohyunကို လှမ်းကြည့်တော့ Joohyunမှာ ဖုန်းနှိပ်ရင်း ပြုံးနေသည်
Joohyun အပြုအမူကြောင့် Jennie တစ်ခုခုကို တွေးမိပြီး စိတ်ပူသွားသည်
Jisooကိုသာ Jennie ဒီမှာ အလုပ်လုပ်နေမှန်း Joohyun ပြောခဲ့ရင်....
"Jennie Unnieရေ....."
"အမလေး လန့်လိုက်တာ Yejiရယ် ဘာလို့ဇွတ်အော်နေ "
" မှာထားတာတွေ ရပြီလို့ ပြောနေတာ Unnie မှ မကြားတာ ဒီမှာ အော်နေတာ အသက်တောင် ပျောက်တော့မယ် "
Yeji စကားကြောင့် Jennieလည်း စပ်ဖြီးဖြီးနဲ့ ပြုံးပြပြီး အရွက်သုပ်နဲ့ အအေးဗူးကို ယူပြီး Joohyunဆီ သွားလိုက်သည်
"မှာထားတာတွေ ရပါပြီ "
Jennie ပြောပြီး ပန်းကန်နဲ့ အအေးဘူးကို Joohyun စားပွဲပေါ် ချပေးလိုက်သည်
"Jen. ..."
Jennie လှည့်ထွက်သွားမယ်လုပ်တော့ Joohyunမှာ Jennieရဲ့ လက်ကို လှမ်းဆွဲသည်
"ခဏစကားပြောလို့ ရလားဟင် ဆယ်မိနစ်လောက်ဘဲ "
Joohyun နှုတ်ခမ်း စူပြီး ပြောတော့ Jennie နည်းနည်း လန့်သွားတယ်
သူ မဖြေချင်တဲ့ မေးခွန်းတွေ Joohyun က မေးမှာကိုလည်း Jennie စိတ်ပူသည်
"Humm ငါ့မှာ ဂျူတီရှိသေးတော့ "
"Yejiဆိုတဲ့ ကောင်မလေးက ရတယ်လို့ လက်ထောင်ပြနေတယ် "
Joohyun တစ်ယောက် Yejiကို လက်ညှိုးထိုးပြတော့ Jennieမှာ အိုကေ signပြကာ လက်ထောင်ပြသနေတဲ့ Yejiကို မျက်စောင်းထိုးလိုက်သည်
" ကောင်း ကောင်းပြီလေ "
Jennieလည်း Joohyun နဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်သည်
"ဟိုလေ Joohyun. ..ငါ ဒီမှာ အလုပ်လုပ်ကြောင်း တစ်ခြားသူတွေကိုပါ ပြောပြထားလားဟင် "
Jennieရဲ့ စကားကြောင့် Joohyun မျက်နှာပျက်သွားတယ်
"ဟို.....ပြောထားတယ် "
"ဘာ...."
Joohyunမှာ Jisooကို ပြောလိုက်ပြီထင်လို့ Jennie လန့်ပြီး အော်လိုက်ကာ စားပွဲခုံကို ရိုက်လိုက်သည်
Jennieကြောင့်လည်း Joohyunမှာ လန့်သွားတယ်
"Chaeyoungနဲ့ Yeriက စိတ်ပူနေလို့ သူတို့ကို ငါ ပြောပြလိုက်တာပါ ငါ ငါ တောင်းပန်ပါတယ် "
Joohyunက မျက်နှာငယ်လေးနဲ့ တောင်းပန်သောကြောင့် Jennie အားနာသွားသည်
"မဟုတ်တာ ငါကလည်း အိုဗာ ဖြစ်မိသွားတာပါ ဒါပေမယ့်လေ Chaeyoungတို့ကို ငါ ဒီမှာ အလုပ်လုပ်နေတာ ဘယ်သူ့ကိုမှ ထပ်မပြောဖို့ ပြောပေးပါနော် ငါ တောင်းဆိုတာပါ "
"စိတ်မပူပါနဲ့ နင့်လျို့ဝှက်ချက်ကို ငါထိန်းပေးပါမယ် "
Joohyunမှာ မျက်စိမှိတ်ပြီး Jennieကို ပြောလိုက်သည်
"ဒီမှာ အဆင်ပြေလား Jen "
"ပတ်ဝန်းကျင် အသစ်မှာ လူအသစ်တွေနဲ့ ဆက်ဆံရတော့ နည်းနည်းတော့ ခက်ခဲတာပေါ့ "
"ဒီဆိုင်မှာ တကယ် လုပ်တော့မှာလား "
"အင်းပေါ့ ငါ ပိုက်ဆံရှာဖို့ လိုတယ်လေ "
"ဒီမှာ လုပ်နေတာ ဘယ်လောက်ကြာပြီလည်း "
Joohyun အရွက်သုပ်စားရင်း မေးလိုက်သည်
"တစ်ပတ်ကျော်ရှိပြီ "
"လစာကရော.....အဆင်ပြေရဲ့လား ငါ Wendyကို ပြောပေးရမလား...."
"ရပါတယ် မပြောပါနဲ့ Wendy ပေးတဲ့ လစာက ငါ့အတွက် တကယ် အဆင်ပြေပါတယ်...."
"အင်း ဒါနဲ့လေ နင့်ကို ဘာလို့ Jisooက အလုပ်ထုတ်ရတာလည်း "
နောက်ဆုံးတော့ Jennie မဖြေချင်တဲ့ မေးခွန်းကို Joohyun တစ်ယောက် မေးလာပြီလေ
"ဟို အလုပ်ရှိသေးလို့ သွားတော့မယ်နော် နောက်မှ တွေ့ကြတာပေါ့ "
Joohyun ဘာမှမပြောနိုင်ခင် Jennieမှာ အမြန် ထိုစားပွဲကနေ ထထွက်လာပြီး Kitchen ထဲ ဝင်သွားသည်
ညနေ Duty ဆင်းတော့ Jennie တစ်ယောက် ဒီနေ့ရတဲ့ မုန့်ဖိုးတွေနဲ့ မုန့်ဝယ်ကာ သူမ ငှားထားတဲ့ တိုက်ခန်းနားက မိဘမဲ့ကလေးတွေကို ထိန်းသိမ်းပေးထားတဲ့ ဘုရားကျောင်းသို့ သွားလေသည်
"Jennie Noona လာပြီဟေ့ "
ကလေးတွေမှာ မုန့်ထုပ်တွေနဲ့ ဘုရားကျောင်းထဲ ဝင်လာတဲ့ Jennieကို ပြေးဖက်ကြလေသည်
"Unnie Soobinကို မဖက်နဲ့ သူ အခုထိ ရေမချိုးရသေးဘူး "
"Yah. .."
Jennieမှာ ကလေးတွေကို ကြည့်ပြီး ရယ်လိုက်သည်
"ကဲပါ ရန်မဖြစ်ကြနဲ့ Unnie မုန့်ဝယ်လာတယ် တူတူစားကြနော် "
Jennie မုန့်ထုပ်တွေကို ကလေးတွေအား ခွဲပေးပြီး ကလေးတွေနဲ့အတူ ဆော့ပေးရင်း ညရောက်မှ အိမ်ပြန်လေသည်
နောက်တစ်နေ့မနက် Jennie စားပွဲထိုး မဟုတ်ဘဲ Nayeonနဲ့ အလှည့်ပြောင်းကာ ကောင်တာတွင် အော်ဒါယူတဲ့ အလုပ်လုပ်ရင်း သူမရှေ့သို့ လာရပ်တဲ့ သူမရင်းနှီးတဲ့.... သူမ ထပ်မတွေ့ချင်တော့တဲ့...... တစ်စုံတစ်ယောက်ကြောင့် Jennieရဲ့ ကမ္ဘာကြီး ခေတ္တခဏ ရပ်တန့်သွားတယ်........
Jennie ဘာလုပ်ရမှန်းမသိ ခေါင်းတွေ ထူပူလာပြီး ကောင်တာကနေ ထွက်ပြေးချင်စိတ် အငွေ့ပျံသွားချင်စိတ် ဖြစ်လာသည်
#TBC
ဒီနေ့ အပြင်ထွက်ကြတဲ့ သူတွေ တာဝန်ကျေပြီး ပင်ပန်းသွားပါပြီဗျာ ❤ မနက်ဖြန်ထွက်မယ့်အခါလည်း အထိအခိုက်မဖြစ်အောင် ဂရုစိုက်ကြပါနော် အပြင်မထွက်ရတဲ့သူတွေလည်း လိုင်းပေါ်ကနေ Information တွေ အဆက်မပြတ် shareပေးပြလို့ တာဝန်ကျေပါတယ် ဆက်လက်တာဝန်ကျေကြရအောင်ဗျာ့❤
#Zawgyi
"Jennie Unnieရေ....."
"မှာထားတာတွေ ရပါပြီ "
"Jen. ..."
" ကောင်း ကောင်းပြီလေ "
"ဟို.....ပြောထားတယ် "
"ဘာ...."
"ဒီမှာ အဆင်ပြေလား Jen "
"တစ်ပတ်ကျော်ရှိပြီ "
"Jennie Noona လာပြီဟေ့ "
"Yah. .."
#TBC
Bạn đang đọc truyện trên: Truyen3h.Co