Part 4
#Unicode
"Good Morning Miss Jennie Kim "
Companyထဲ ဝင်ဝင်ချင်း ဧည့်ကြိုကောင်တာကနေ သူမကို နှုတ်ဆက်လိုက်တဲ့ Yeriကို Jennie ပြန်နှုတ်ဆက်လိုက်သည်
"Good Morning ပါ.. .. "
Jennie ဝန်ထမ်းတွေကိုပါ ပြုံးပြနှုတ်ဆက်ပြီး ဓာတ်လှေကားထဲဝင်လိုက်သည်
ဓာတ်လှေကားထဲမှ မှန်ထဲက သူမပုံရိပ်ကို သူမ ပြန်ကြည့်ပြီး Jennie သက်ပြင်းချလိုက်သည်
သူမ မနေ့ကလို မဖြစ်ချင်လို့ ဒီနေ့ အဆင်ပြေပြေလုပ်နိုင်ဖို့ ဆုတောင်းနေသည်
Flashback
Jennie ရုံးခန်းထဲက ထွက်လာပြီး ဖြတ်သွားဖြတ်လာ ဝန်ထမ်းတစ်ယောက်ကို အကူအညီတောင်းလိုက်သည်
"ဟိုလေ သန့်ရှင်းရေး အဒေါ်ကြီးကို တွေ့မိသေးလားရှင့် "
"အိမ်သာဘက်မှာ တွေ့မိတယ် Miss "
"ကျေးဇူးပါ...."
Jennie သန့်ရှင်းရေးအဒေါ်ကြီးကို သွားရှာပြီး ခေါ်လာခဲ့သည်
သန့်ရှင်းရေး အဒေါ်ကြီးနဲ့ Jennie ရုံးခန်းထဲကို ပြန်ဝင်လာတော့ Jisoo ချောင်းဟန့်ပြီး
"အဒေါ်ကြီး အဲ့ကြမ်းတိုက်ဝတ်ကို သူ့ပေးလိုက်ပါ သူရှုပ်ထားတာ သူရှင်းလိမ့်မယ် "
သန့်ရှင်းရေး အဒေါ်ကြီးမှာ Jennieကို အားနာပေမယ့် CEO စကားမလွန်ဆန်ရဲလို့ ကြမ်းသုတ်ဝတ်ကို Jennieအား ပေးလိုက်သည်
Jennieလည်း အဒေါ်ကြီးကို ပြုံးပြပြီး ကြမ်းသုတ်ဝတ်ယူလိုက်သည်
ထို့နောက် ကြမ်းပြင်ပေါ်က ကော်ဖီတွေကို Jennie ဆောင့်ကြောင့်လေးထိုင်ပြီး အဝတ်စုတ်နဲ့ သုတ်နေသည်
"အလုပ်ကို သေချာလုပ်ရင် အခုလို ဖြစ်မှာ မဟုတ်ဘူးနော် ငါ အစကတည်းက သတိပေးပြီးသားကို နားမထောင်တာ ခံလေ "
Jennieကတော့ ဘာမှမပြောဘဲ ကြမ်းသာသုတ်နေသည်
"အခုမှ အစရှိသေးတယ်နော် Jennie Kim. ...ငါကတော့ မင်းကို ငရဲမှာနေရသလို ခံစားရအောင် ဒီထက် ပိုလုပ်အုံးမှာ "
Jennie ကြမ်းသုတ်ရာက ရပ်ပြီး သူမကို ကြည့်နေတဲ့ Jisooနဲ့ အကြည့်ချင်းဆုံလိုက်သည်
"Chuu ဘာဘဲ လုပ်လုပ် ငါက ထပ်ပြီး ထားသွားမှာမဟုတ်ဘူး "
Jennie ရဲ့ စကားကြောင့် Jisoo ရင်ခုန်သွားပေမယ့် အပြင်မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ပြီး Jennieကို ငေါက်လိုက်သည်
"စကားများမနေနဲ့ ဆက်သုတ်လေ "
End of Flashback
Jennie ဓာတ်လှေကားထဲက ထွက်လာပြီး Jisoo ရုံးခန်းထဲ ဝင်သွားသည်
ကော်ဖီခွက်လေးကို စားပွဲခုံပေါ်တင်ပြီး Jisoo စားပွဲခုံပေါ်က ရှုပ်ပွနေတဲ့ စာရွက်စာတမ်းတွေကို သပ်သပ်ရက်ရပ် ပြန်စီလိုက်သည်
စားပွဲခုံပေါ်ရှင်းပြီးနောက် Jisooရဲ့ အံဆွဲထဿအံဆွဲထဲက စာအုပ်တွေကို သေချာစီပေးလေသည်
Jisooက စာအုပ်ဖတ်ရတာ ဝါသနာပါတယ်လေ
Jennie မှာ ယခု သူမကိုယ်သူမ အိမ်ကိုရှင်းလင်းနေတဲ့ အိမ်ရှင်မလို ခံစားနေရသည်
သီချင်းလေး ညည်းပြီး အံဆွဲတစ်ခုပြီးတစ်ခု ရှင်းရင်း အောက်ဆုံးအံဆွဲကို ဖွင့်လိုက်တော့ ဘောင်လေးနဲ့ထည့်ထားတဲ့ သူမတို့ ဓာတ်ပုံလေးကို တွေ့လိုက်ရသည်
Jennie ဓာတ်ပုံလေးကြည့်ပြီး မျက်ရည်တွေဝဲလာသည်
Jisooနဲ့ သူမ တစ်နှစ်ပြည့် anniversary တုံးက ရိုက်ထားတဲ့ပုံလေးကို Jisooက အခုထိ သိမ်းထားတုံးတဲ့လား
ပုံလေးကို ကြည့်ပြီး Jennie အတိတ်ကို သတိရသွားတယ်
အရင်တုံးက Jisooက Jennie ကို တော်တော်ချစ်ပြီး ဂရုစိုက်ခဲ့တာလေ ယခုလို မဟုတ်....
အချိန်တွေသာ ပြန်ရစ်လို့ရမယ်ဆိုရင် ဘာဘဲဖြစ်နေပါစေ Jisooဘေးနားက ထွက်မသွားဖို့ Jennie ရွေးချယ်ချင်သည်
ယခုတော့ Jisoo က သူမကို စိတ်နာနေပြီ....
ဒါပေမယ့် Jennie Positive တွေဘဲ တွေးပြီး ပျော်အောင်နေရမယ်လေ ဘာလို့ဆို Jisooက Jennieရဲ့ စိတ်ရှည်မှုနဲ့ Jisooအပေါ်ထားတဲ့ အချစ်က တကယ်ဟုတ်မဟုတ်ဆိုတာ သိချင်လို့ စမ်းသပ်နေတာလည်း ဖြစ်နိုင်တာဘဲ
"ဘာလုပ်နေတာလည်း Jennie Kim "
ရုတ်တရက်ရောက်လာတဲ့ Jisooကြောင့် Jennie လန့်ပြီးတုန်သွားကာ လက်ထဲက ဓာတ်ပုံဘောင်လေးမှာ ပြုတ်ကျပြီး တစ်စစီဖြစ်သွားတယ်
"တောင်း တောင်းပန်ပါတယ် "
Jisooမှာ Jennieဆီ လျှောက်လာပြီး
"ဘာလို့ သောက်တလွဲတွေချည်း လုပ်နေတာလည်း Jennie Kim ....."
"တကယ်တောင်းပန် ....အား "
Jennieမှာ Jisoo ကို မော့ကြည့်ပြီး တောင်းပန်ရင်း လက်ကို ဖန်ကွဲရှသွားသည်
Jisooမှာ အောက်ကိုငုံ့လာတော့ Jennie သူမ လက်ကို ဂရုစိုက်တယ်လို့တွေးမိပေမယ့် Jisooကတော့ သူမနဲ့ Jennie ဓာတ်ပုံကို ကောက်ယူပြီး တစစီစုတ်ဖြဲလိုက်သည်
ထို့နောက် ကြမ်းပြင်ပေါ်ကို Jisoo လွှင့်ပစ်လိုက်သည်
Jennieမှာ တစ်စစီဖြစ်သွားတဲ့ သူမတို့ဓာတ်ပုံအပိုင်းအစတွေကို လိုက်ကောက်ရင်း မျက်ရည်တွေ ကျလာသည်
Jisoo ဘယ်လိုများ လုပ်ရက်တာလည်း...... သူမတို့ တစ်နှစ်ပြည့်အမှတ်တရ ပုံလေးကို ဒီတိုင်း စုတ်ဖြဲရက်တယ်တဲ့လား
"အဲ့အမှိုက်တွေ အမှိုက်ပုံးထဲ သွားပစ်လိုက် "
Jisoo အမိန့်ပေးပြီး သူ့ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်
Jennieလည်း ဓာတ်ပုံအပိုင်းအစတွေကို သူမဘောင်းဘီအိတ်ထဲ ထည့်ပြီး Jisooကို နှုတ်ဆက်ကာ အခန်းထဲက ထွက်သွားသည်
ထို့နောက် လက်က ဖန်ကွဲရှရာ ဒဏ်ရာကို သန့်စင်ခန်းဘက် ရေသွားဆေးရင်း Joohyunနဲ့ တွေ့လေသည်
"Jennie good Morning ဟင် နင့်လက်ညိုးက သွေးတွေ "
"Good morning Joohyun ဟုတ်တယ် ဖန်ကွဲရှလို့ အဲ့တာ ရေလာဆေးတာ "
"မဖြစ်သေးပါဘူး လာ ငါ့ရုံးခန်းထဲ လိုက်ခဲ့ ဆေးထည့်ပေးမယ်..."
Jennie ငြင်းချိန်မရ Joohyunမှာ သူမ လက်ကိုဆွဲပြီး ခေါ်သွားသည်
"ဒါ Joohyunieရဲ့ ရုံးခန်းလား...တနေ့ကကျ... Chaeyoungတို့ဌာနမှာလားလို့ "
"ဟုတ်တယ် ဒါ ငါ့ရုံးခန်း မနေ့က ခဏ ကိစ္စ ရှိလို့ အဲ့ရောက်နေတာ "
Joohyun ဖြေရင်း ဆေးသေတ္တာဘူးကို ဖွင့်လိုက်သည်
Jennieရဲ့ လက်ကို ရေစိုတစ်ရှူးနဲ့ သေချာသုတ်ပေးပြီး ဆေးထည့်ပေးလေသည်
Jennieက စပ်ပြီး တစ်ကိုယ်လုံး တုန်သွားတော့ Joohyun မှာ ပြုံးပြီး Jennie လက်ကို တဖူးဖူး မှုတ်ပေးလေသည်
Jennieမှာ Joohyun အပြုအမူကြောင့် ရှက်ပြီး မျက်နှာလေးနီရဲသွားတယ်
"ရပါတယ် Joohyunရ အဲ့လောက်ထိ လုပ်ပေးစရာမလိုပါဘူး "
"Manduလေးကတော့ ရှက်နေတာလား shy shy shy "
Joohyunကစတော့ Jennieမှာ ရယ်ပြီး Joohyunကို ရိုက်လိုက်သည်
Joohyunက Jennieလက်ကို ဖမ်းကိုင်လိုက်စဥ်
" Jennie Kim နင်က ငါ့အတွင်းရေးမှူးလား Joohyun အတွင်းရေးမှူးလား ...."
Jisoo အသံကြောင့် ရယ်မောနေတဲ့ Joohyunတို့နှစ်ယောက် လန့်သွားသည်
#tbc
#Zawgyi
"Good Morning Miss Jennie Kim "
Companyထဲ ဝင္ဝင္ခ်င္း ဧည့္ႀကိဳေကာင္တာကေန သူမကို ႏႈတ္ဆက္လိုက္တဲ့ Yeriကို Jennie ျပန္ႏႈတ္ဆက္လိုက္သည္
"Good Morning ပါ.. .. "
Jennie ဝန္ထမ္းေတြကိုပါ ၿပဳံးျပႏႈတ္ဆက္ၿပီး ဓာတ္ေလွကားထဲဝင္လိုက္သည္
ဓာတ္ေလွကားထဲမွ မွန္ထဲက သူမပုံရိပ္ကို သူမ ျပန္ၾကည့္ၿပီး Jennie သက္ျပင္းခ်လိဳက္သည္
သူမ မေန႕ကလို မျဖစ္ခ်င္လို႔ ဒီေန႕ အဆင္ေျပေျပလုပ္နိုင္ဖို႔ ဆုေတာင္းေနသည္
Flashback
Jennie ႐ုံးခန္းထဲက ထြက္လာၿပီး ျဖတ္သြားျဖတ္လာ ဝန္ထမ္းတစ္ေယာက္ကို အကူအညီေတာင္းလိုက္သည္
"ဟိုေလ သန့္ရွင္းေရး အေဒၚႀကီးကို ေတြ႕မိေသးလားရွင့္ "
"အိမ္သာဘက္မွာ ေတြ႕မိတယ္ Miss "
"ေက်းဇူးပါ...."
Jennie သန့္ရွင္းေရးအေဒၚႀကီးကို သြားရွာၿပီး ေခၚလာခဲ့သည္
သန့္ရွင္းေရး အေဒၚႀကီးနဲ႕ Jennie ႐ုံးခန္းထဲကို ျပန္ဝင္လာေတာ့ Jisoo ေခ်ာင္းဟန့္ၿပီး
"အေဒၚႀကီး အဲ့ၾကမ္းတိုက္ဝတ္ကို သူ႕ေပးလိုက္ပါ သူရႈပ္ထားတာ သူရွင္းလိမ့္မယ္ "
သန့္ရွင္းေရး အေဒၚႀကီးမွာ Jennieကို အားနာေပမယ့္ CEO စကားမလြန္ဆန္ရဲလို႔ ၾကမ္းသုတ္ဝတ္ကို Jennieအား ေပးလိုက္သည္
Jennieလည္း အေဒၚႀကီးကို ၿပဳံးျပၿပီး ၾကမ္းသုတ္ဝတ္ယူလိုက္သည္
ထို႔ေနာက္ ၾကမ္းျပင္ေပၚက ေကာ္ဖီေတြကို Jennie ေဆာင့္ေၾကာင့္ေလးထိုင္ၿပီး အဝတ္စုတ္နဲ႕ သုတ္ေနသည္
"အလုပ္ကို ေသခ်ာလုပ္ရင္ အခုလို ျဖစ္မွာ မဟုတ္ဘူးေနာ္ ငါ အစကတည္းက သတိေပးၿပီးသားကို နားမေထာင္တာ ခံေလ "
Jennieကေတာ့ ဘာမွမေျပာဘဲ ၾကမ္းသာသုတ္ေနသည္
"အခုမွ အစရွိေသးတယ္ေနာ္ Jennie Kim. ...ငါကေတာ့ မင္းကို ငရဲမွာေနရသလို ခံစားရေအာင္ ဒီထက္ ပိုလုပ္အုံးမွာ "
Jennie ၾကမ္းသုတ္ရာက ရပ္ၿပီး သူမကို ၾကည့္ေနတဲ့ Jisooနဲ႕ အၾကည့္ခ်င္းဆုံလိုက္သည္
"Chuu ဘာဘဲ လုပ္လုပ္ ငါက ထပ္ၿပီး ထားသြားမွာမဟုတ္ဘူး "
Jennie ရဲ႕ စကားေၾကာင့္ Jisoo ရင္ခုန္သြားေပမယ့္ အျပင္မွာ ဘာမွမျဖစ္သလို ဟန္ေဆာင္ၿပီး Jennieကို ေငါက္လိုက္သည္
"စကားမ်ားမေနနဲ႕ ဆက္သုတ္ေလ "
End of Flashback
Jennie ဓာတ္ေလွကားထဲက ထြက္လာၿပီး Jisoo ႐ုံးခန္းထဲ ဝင္သြားသည္
ေကာ္ဖီခြက္ေလးကို စားပြဲခုံေပၚတင္ၿပီး Jisoo စားပြဲခုံေပၚက ရႈပ္ပြေနတဲ့ စာ႐ြက္စာတမ္းေတြကို သပ္သပ္ရက္ရပ္ ျပန္စီလိုက္သည္
စားပြဲခုံေပၚရွင္းၿပီးေနာက္ Jisooရဲ႕ အံဆြဲထႆအံဆြဲထဲက စာအုပ္ေတြကို ေသခ်ာစီေပးေလသည္
Jisooက စာအုပ္ဖတ္ရတာ ဝါသနာပါတယ္ေလ
Jennie မွာ ယခု သူမကိုယ္သူမ အိမ္ကိုရွင္းလင္းေနတဲ့ အိမ္ရွင္မလို ခံစားေနရသည္
သီခ်င္းေလး ညည္းၿပီး အံဆြဲတစ္ခုၿပီးတစ္ခု ရွင္းရင္း ေအာက္ဆုံးအံဆြဲကို ဖြင့္လိုက္ေတာ့ ေဘာင္ေလးနဲ႕ထည့္ထားတဲ့ သူမတို႔ ဓာတ္ပုံေလးကို ေတြ႕လိုက္ရသည္
Jennie ဓာတ္ပုံေလးၾကည့္ၿပီး မ်က္ရည္ေတြဝဲလာသည္
Jisooနဲ႕ သူမ တစ္ႏွစ္ျပည့္ anniversary တုံးက ရိုက္ထားတဲ့ပုံေလးကို Jisooက အခုထိ သိမ္းထားတုံးတဲ့လား
ပုံေလးကို ၾကည့္ၿပီး Jennie အတိတ္ကို သတိရသြားတယ္
အရင္တုံးက Jisooက Jennie ကို ေတာ္ေတာ္ခ်စ္ၿပီး ဂ႐ုစိုက္ခဲ့တာေလ ယခုလို မဟုတ္....
အခ်ိန္ေတြသာ ျပန္ရစ္လို႔ရမယ္ဆိုရင္ ဘာဘဲျဖစ္ေနပါေစ Jisooေဘးနားက ထြက္မသြားဖို႔ Jennie ေ႐ြးခ်ယ္ခ်င္သည္
ယခုေတာ့ Jisoo က သူမကို စိတ္နာေနၿပီ....
ဒါေပမယ့္ Jennie Positive ေတြဘဲ ေတြးၿပီး ေပ်ာ္ေအာင္ေနရမယ္ေလ ဘာလို႔ဆို Jisooက Jennieရဲ႕ စိတ္ရွည္မႈနဲ႕ Jisooအေပၚထားတဲ့ အခ်စ္က တကယ္ဟုတ္မဟုတ္ဆိုတာ သိခ်င္လို႔ စမ္းသပ္ေနတာလည္း ျဖစ္နိုင္တာဘဲ
"ဘာလုပ္ေနတာလည္း Jennie Kim "
႐ုတ္တရက္ေရာက္လာတဲ့ Jisooေၾကာင့္ Jennie လန့္ၿပီးတုန္သြားကာ လက္ထဲက ဓာတ္ပုံေဘာင္ေလးမွာ ျပဳတ္က်ၿပီး တစ္စစီျဖစ္သြားတယ္
"ေတာင္း ေတာင္းပန္ပါတယ္ "
Jisooမွာ Jennieဆီ ေလွ်ာက္လာၿပီး
"ဘာလို႔ ေသာက္တလြဲေတြခ်ည္း လုပ္ေနတာလည္း Jennie Kim ....."
"တကယ္ေတာင္းပန္ ....အား "
Jennieမွာ Jisoo ကို ေမာ့ၾကည့္ၿပီး ေတာင္းပန္ရင္း လက္ကို ဖန္ကြဲရွသြားသည္
Jisooမွာ ေအာက္ကိုငုံ႕လာေတာ့ Jennie သူမ လက္ကို ဂ႐ုစိုက္တယ္လို႔ေတြးမိေပမယ့္ Jisooကေတာ့ သူမနဲ႕ Jennie ဓာတ္ပုံကို ေကာက္ယူၿပီး တစစီစုတ္ၿဖဲလိုက္သည္
ထို႔ေနာက္ ၾကမ္းျပင္ေပၚကို Jisoo လႊင့္ပစ္လိုက္သည္
Jennieမွာ တစ္စစီျဖစ္သြားတဲ့ သူမတို႔ဓာတ္ပုံအပိုင္းအစေတြကို လိုက္ေကာက္ရင္း မ်က္ရည္ေတြ က်လာသည္
Jisoo ဘယ္လိုမ်ား လုပ္ရက္တာလည္း...... သူမတို႔ တစ္ႏွစ္ျပည့္အမွတ္တရ ပုံေလးကို ဒီတိုင္း စုတ္ၿဖဲရက္တယ္တဲ့လား
"အဲ့အမွိုက္ေတြ အမွိုက္ပုံးထဲ သြားပစ္လိုက္ "
Jisoo အမိန့္ေပးၿပီး သူ႕ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္
Jennieလည္း ဓာတ္ပုံအပိုင္းအစေတြကို သူမေဘာင္းဘီအိတ္ထဲ ထည့္ၿပီး Jisooကို ႏႈတ္ဆက္ကာ အခန္းထဲက ထြက္သြားသည္
ထို႔ေနာက္ လက္က ဖန္ကြဲရွရာ ဒဏ္ရာကို သန့္စင္ခန္းဘက္ ေရသြားေဆးရင္း Joohyunနဲ႕ ေတြ႕ေလသည္
"Jennie good Morning ဟင္ နင့္လက္ညိုးက ေသြးေတြ "
"Good morning Joohyun ဟုတ္တယ္ ဖန္ကြဲရွလို႔ အဲ့တာ ေရလာေဆးတာ "
"မျဖစ္ေသးပါဘူး လာ ငါ့႐ုံးခန္းထဲ လိုက္ခဲ့ ေဆးထည့္ေပးမယ္..."
Jennie ျငင္းခ်ိန္မရ Joohyunမွာ သူမ လက္ကိုဆြဲၿပီး ေခၚသြားသည္
"ဒါ Joohyunieရဲ႕ ႐ုံးခန္းလား...တေန႕ကက်... Chaeyoungတို႔ဌာနမွာလားလို႔ "
"ဟုတ္တယ္ ဒါ ငါ့႐ုံးခန္း မေန႕က ခဏ ကိစၥ ရွိလို႔ အဲ့ေရာက္ေနတာ "
Joohyun ေျဖရင္း ေဆးေသတၱာဘူးကို ဖြင့္လိုက္သည္
Jennieရဲ႕ လက္ကို ေရစိုတစ္ရႉးနဲ႕ ေသခ်ာသုတ္ေပးၿပီး ေဆးထည့္ေပးေလသည္
Jennieက စပ္ၿပီး တစ္ကိုယ္လုံး တုန္သြားေတာ့ Joohyun မွာ ၿပဳံးၿပီး Jennie လက္ကို တဖူးဖူး မႈတ္ေပးေလသည္
Jennieမွာ Joohyun အျပဳအမူေၾကာင့္ ရွက္ၿပီး မ်က္ႏွာေလးနီရဲသြားတယ္
"ရပါတယ္ Joohyunရ အဲ့ေလာက္ထိ လုပ္ေပးစရာမလိုပါဘူး "
"Manduေလးကေတာ့ ရွက္ေနတာလား shy shy shy "
Joohyunကစေတာ့ Jennieမွာ ရယ္ၿပီး Joohyunကို ရိုက္လိုက္သည္
Joohyunက Jennieလက္ကို ဖမ္းကိုင္လိုက္စဥ္
" Jennie Kim နင္က ငါ့အတြင္းေရးမႉးလား Joohyun အတြင္းေရးမႉးလား ...."
Jisoo အသံေၾကာင့္ ရယ္ေမာေနတဲ့ Joohyunတို႔ႏွစ္ေယာက္ လန့္သြားသည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co