Truyen3h.Co

CEO Kim

Part 31

KimFany059

#unicode

"ဘာမှာမလည်း Madam. .."

"ကိုယ်တို့ စကားပြောဖို့ လိုနေပြီ Jen "

Jennieမှာ ဘာမှပြန်မပြောဘဲ ထိုအမျိုးသမီးရဲ့ မျက်လုံးကို  သွေးအေးအေးနဲ့ စိုက်ကြည့်လိုက်သည်

"Order မှာဖို့ စဥ်းစားနေရတယ်ဆိုရင် ဘေးကိုဖယ်ပေးပါရှင် ..."

"နေပါအုံး ကိုယ် ရှင်းပြစရာတွေ အများကြီး ရှိနေ "

"ဖယ်ပေးပါရှင် next customer လာခဲ့ပါရှင့် "

Jennieမှာ Jisooရဲ့ စကားကို ဆုံးအောင်မပြောစေဘဲ ဖြတ်ပစ်လိုက်သည်

Jisooမှာ Jennieကို စိုက်ကြည့်နေပေမယ့် Jennieမှာတော့ ချက်ချင်း အကြည့်လွှဲလိုက်သည်

Jennieမှာ မျက်လုံးကို ခဏမှိတ်ပြီး သက်ပြင်းချလိုက်သည်

Jennieမှာ ပေါက်ကွဲပစ်ချင်စိတ်တွေ ဖြစ်လာသည်

Jisooကို မေ့ဖို့ ကြိုးစားပြီး အလုပ်တွေ ဖိလုပ်နေတဲ့အချိန်ကျမှ Jisooက သူမရှေ့ ထပ်ပြီး ပေါ် လာပြန်သည်

အရင်ကလို Jisoo သူမကို နာကျင်အောင်လုပ်တာကို Jennie ခွင့်မပြုနိုင်

Jennie ထပ်ပြီး Jisooကြောင့် နာကျင်ပြီး မငိုချင်တော့လို့ သူမကိုယ်သူမ ကြံ့ခိုင်အောင် ကြိုးစားခဲ့သည်

သူမကို သစ္စာဖောက်ခဲ့တဲ့ Jisooကို Jennie ထပ်မချစ်နိုင်တော့ပါ

Yejiနဲ့ နေရာချင်းချိန်းပြီးနောက် Jennieက စားပွဲထိုး ဝိတ်တာလုပ်ရသည်

သို့သော် Jennie သယ်ရမည့် မုန့်ဗန်းတွေကို Jisooက အမြန်ဆွဲဆွဲလုပြီး ဧည့်သည်တွေဆီ သွားချပေးသည်

Jennieမှာ Jisooရဲ့ မျက်နှာကို လင်ဗန်းနဲ့ ရိုက်ပစ်ချင်စိတ်တွေ ပေါ်လာသည်

"ပိုက်ဆံရှင်းမယ် "

စားပွဲနံပါတ်ခုနှစ်က ပိုက်ဆံရှင်းမယ်ဆိုတဲ့ စကားကြားတော့ Jennie မှာ ဘောက်ချာယူပြီး စားပွဲနံပါတ်ခုနှစ်သို့ သွားလေသည်

Jennie ပိုက်ဆံကို ကောင်တာမှာ သွားအပ်စဥ် Jisooမှာ စားပွဲနံပါတ် ခုနှစ်က ပန်းကန်တွေ သယ်လာသည်

"Jendeukie.... "

Jisooရဲ့ အသံကြောင့် Jennie မျက်မှောင်ကြုတ်ကာ Jisooကို ကြည့်လိုက်သည်

"ဘာလည်း မုန့်မှာတော့မှာလား မှာစရာရှိတာမှာ စားစရာရှိတာ စားပြီး အမြန်ပြန်တော့ "

Jennieရဲ့ စကားကြောင့် Jisoo ခေါင်းငုံ့ထားမိသည်

Jennie က သူမကို အလွယ်တကူနဲ့ ပြန်မလက်ခံဘူးဆိုတာ Jisoo သိပါတယ်....

Jennie ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်အောင် Jisooပြောဆို ပြုမူ နှိပ်စက်ခဲ့တယ်လေ

သူမ လုပ်ရက်တွေ အပြောဆိုတွေအတွက် Jennie သူမကို အရမ်းမုန်းနေမယ်ဆိုတာ Jisoo သိနေတယ်လေ

သူမရဲ့ အပြစ်ရှိတယ်ဆိုတဲ့ စိတ်ကြောင့် Jennie ကို စိတ်ကျေနပ်တဲ့အထိ Jisoo တောင်းပန်ချင်သည်

"ကိုယ် တောင်းပန်ပါတယ် Jendeukie.... "

Jisooရဲ့ တောင်းပန်စကားကြောင့် Jennie ခနဲ့တဲ့ရယ်သံနဲ့ ရယ်လိုက်သည်

"ကျွန်မက တောင်းပန်တာလိုချင်တာ မဟုတ်ပါဘူး အော်ဒါစောင့်နေတာပါ...."

Jennie စိတ်ပျက်တဲ့အသံနဲ့ ပြောတော့ Jisoo သက်ပြင်းချလိုက်သည်

"အမေရိကန်နိုတစ်ခွက်ပေးပါ "

"ကောင်းပြီး ဒီမှာဘဲ ငြိမ်ငြိမ်ထိုင်နေပါ ကျွန်မနောက် ထပ်လိုက်မယ်ဆို လင်ဗန်းနဲ့ ဆော်မှာနော် "

Jennieရဲ့ စကားကြောင့် Jisoo သဘောကျပြီး ရယ်လိုက်မိသည် တကယ်ဘဲ သူမ ချစ်ခဲ့ရတဲ့ Savage Jendeukie လေးက မပြောင်းလဲသေးဘူးဘဲ

"ရော့ ကော်ဖီ သောက်ပြီးရင် ပြန် "

သူမရှေ့ စူပုပ်ပုပ်နဲ့ ကော်ဖီလာချပေးတဲ့ ကောင်မလေးကို Jisoo ပြုံးကြည့်ပြီး

"ပြန်ဘူးကွာ "

Jisoo စကားကြောင့် Jennie ဘာမှ ရန်မလုပ်ဘဲ ထွက်လာသည်

Jennie သွားသမျှ လုပ်သမျှကို Jisoo မေးထောက်ပြီး ထိုင်ကြည့်နေသည်

"ဘာလို့ လူကို လိုက်ကြည့်နေတာလည်း "

Jennieက ရန်လုပ်တော့ Jisoo ပြုံးပြုံးကြီးနဲ့ ပြန်ဖြေလိုက်သည်

"လှလို့..."

"အခုချိန်မှာ ရှင့်ရဲ့ တော်ကီတွေက ကျွန်မကို ရင်ခုန်စေမှာ မဟုတ်တော့ဘူး "

Jisoo ကို ပြောပြီး Jennie လုပ်စရာရှိတဲ့ အလုပ်တွေ ပြန်လုပ်နေသည်

"ကျေးဇူးတင်ပါတယ် နောက်လည်းထပ်လာခဲ့ပါအုံး "

Jennie ဆိုင်ပေါက်ထိ ဧည့်သည်တွေကို ပြန်လိုက်ပို့ပေးပြီး နှုတ်ဆက်လိုက်သည်

Jennie ပန်းကန်တွေကို သိမ်းမယ်လုပ်တော့ Jisooက အကုန်သိမ်းပြီးတဲ့အပြင် ဘယ်ကရလာမှန်းမသိတဲ့ အဝတ်စနဲ့ စားပွဲတွေ လိုက်သုတ်နေသည်

"ဟဲ့ Kim Jisoo "

"ပြောလေ Bae "

"ဘာ baeလည်း "

Jennieမှာ သူမကို baeလို့ခေါ်လို့ Jisooကို ရိုက်လေသည်

"အား နာတယ်နော် "

Jisoo နှုတ်ခမ်းစူပြီး ပြောတော့ Jennieမှာ မျက်မှောင်ကြုတ်ကာ

"နင် ပေးတဲ့ နာကျင်မှုတွေနဲ့ ယှဥ်ရင် ဒါက ဘာမှမဟုတ်ဘူး အိုဗာလုပ်တာလျော့  Kim Jisoo shii ပြီးတော့ ဒီမှာ ငါက အလုပ်လုပ်နေတာ နင်နဲ့ကစားနေတာ မဟုတ်ဘူး Jisoo "

"ကိုယ် ကစားဖို့လာတာ မဟုတ်ဘူး Jen "

"ဒါဆို ပြန်လိုက်ပါတော့ နင့်မျက်နှာမြင်ရတာ ငါ စိတ်ပင်ပန်းလွန်းလို့ "

"Jen ကြိုက်သလိုပြောလို့ရပါတယ် ဒါပေမယ့် ကိုယ်ကတော့ နောက်ဆုတ်မှာ မဟုတ်ဘူးနော် Jendeukie လေးကို ကိုယ့်အပိုင်ဖြစ်အောင် ပြန်လုပ်မှာ "

Jennie ရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး Jisoo ပြောလိုက်သည်

"လဲသေလိုက် "

Jisooကို ပြန်ပြောပြီး Jennie မီးဖိုခန်းထဲ ဝင်သွားသည်

Jennie အလုပ်ပြီးနောက် အိမ်ပြန်မယ်လုပ်တော့ Jisooက သူမရဲ့ လက်ကို လှမ်းဆွဲသည်

"ဘာလုပ်တာလည်း "

"တစ်နေကုန် စောင့်ပေးထားတဲ့ ကိုယ့်ကို စကားပြောခွင့်လေးတော့ ပေးပါ Jenရာ...."

"ကောင်းပြီ ဆယ်မိနစ်အချိန်ပေးမယ် ဆယ်မိနစ်အတွင်း ပြောစရာရှိတာပြော "

"ဟိုလေ ကိုယ်ပြောခဲ့တဲ့စကားတွေ ကိုယ် လုပ်ခဲ့တဲ့အပြုအမူတွေအတွက် တောင်းပန်ပါတယ်နော် ....ကိုယ့် စကားတွေ အပြုအမူတွေပြန်တွေးပြီးတော့လည်း နောင်တရနေပါပြီ ..."

Jisooက တောင်းပန်နေပေမယ့် Jennie က လမ်းမပေါ်က ဖြတ်သွားဖြတ်လာ ကားတွေသာ ကြည့်နေသည်

"အဲ့တုံးက Jenက ကိုယ့် companyကို ကိုယ့်ဆီက လုယူသွားမယ်ထင်ခဲ့လို့ ကိုယ့်စိတ်ကို ကိုယ် မထိန်းနိုင်ဘဲ ဖြစ်ခဲ့တာပါ ...."

Jisooက တောင်းပန်နေပေမယ့် Jennieကတော့ စိတ်ထဲကနေ သူမ ဒီဆိုင်မှာ လုပ်နေကြောင်း Joohyunပြောတာလား Wendy ပြောတာလားဆိုတာ အဖြေရှာနေသည်

"Jenရဲ့ အဖေက တစ်ခြားသူနဲ့ ဇွတ်အတင်းပေးစားဖို့ လုပ်နေတာကို ကိုယ့်ကို ဘာလို့မပြောတာလည်း Jendeukie ရယ် ..."

"နင်ကရော ငါ့ကို ရှင်းပြခွင့်ပေးခဲ့လို့လား "

Jennieရဲ့ မေးခွန်းကြောင့် Jisoo တိတ်ဆိတ်သွားသည်

"ကိုယ် တောင်းပန်ပါတယ် "

"ရပါတယ် တောင်းပန်စရာမလိုပါဘူး ဘာလို့လည်းဆို ငါက နင့်ခံစားချက်တွေ အမြင်ဘာညာကို ထပ်ပြီး ဂရုစိုက်တော့မှာ မဟုတ်လို့လေ ..."

"Jendeuk. .."

"ဘာလို့ အဲ့လို ဂရုမစိုက်တော့တာလည်း သိလား.... နင့်ကို မချစ်တော့လို့ဘဲ Kim Jisoo "

Jennie ပြောပြီး လှည့်ထွက်သွားပေမယ့် Jisooကတော့ Jennieရဲ့ နောက်ကျောကို ရပ်ကြည့်နေရင်း မျက်ရည်တွေကျလာသည်

#tbc

ဒီလိုအခြေအနေမှာ အားလုံး တစ်နေကုန် အပြင်ထွက် တိုက်ပွဲဝင် လိုင်းပေါ်က keyboard fighterတွေ ခဏတဖြုတ် စိတ်ပင်ပန်းတာ ပျောက်စေလိုပျောက်စေငှားဆိုပြီး ကျွန်တော် ညပိုင်းလေးမှာ  အမြန် Ficရေးပြီး အမြဲ updateပေးနေတာပါ ကျွန်တော်က ပုံမှန်ဆို မနက် ၁၁နာရီမှာ အမြဲ fic ဒိတ်နေကြဆိုတာ သတိထားမိကြမှာပါ နေ့တိုင်း fic ရေးပေး​နေတာ တိုင်းပြည်ရေးကို ဂရုမစိုက်လိို့ မဟုတ်ဘူး အားလုံးကို စိတ်အပန်းပြေစေချင်လို့ ရေးပေးနေတယ်ဆိုတာ သိစေချင်လို့ပါ စာရှည်သွားရင် sorryပါဗျာ့ 🖤

#zawgyi

"ဘာမွာမလည္း Madam. .."

"ကိုယ္တို႔ စကားေျပာဖို႔ လိုေနၿပီ Jen "

Jennieမွာ ဘာမွျပန္မေျပာဘဲ ထိုအမ်ိဳးသမီးရဲ႕ မ်က္လုံးကို  ေသြးေအးေအးနဲ႕ စိုက္ၾကည့္လိုက္သည္

"Order မွာဖို႔ စဥ္းစားေနရတယ္ဆိုရင္ ေဘးကိုဖယ္ေပးပါရွင္ ..."

"ေနပါအုံး ကိုယ္ ရွင္းျပစရာေတြ အမ်ားႀကီး ရွိေန "

"ဖယ္ေပးပါရွင္ next customer လာခဲ့ပါရွင့္ "

Jennieမွာ Jisooရဲ႕ စကားကို ဆုံးေအာင္မေျပာေစဘဲ ျဖတ္ပစ္လိုက္သည္

Jisooမွာ Jennieကို စိုက္ၾကည့္ေနေပမယ့္ Jennieမွာေတာ့ ခ်က္ခ်င္း အၾကည့္လႊဲလိုက္သည္

Jennieမွာ မ်က္လုံးကို ခဏမွိတ္ၿပီး သက္ျပင္းခ်လိဳက္သည္

Jennieမွာ ေပါက္ကြဲပစ္ခ်င္စိတ္ေတြ ျဖစ္လာသည္

Jisooကို ေမ့ဖို႔ ႀကိဳးစားၿပီး အလုပ္ေတြ ဖိလုပ္ေနတဲ့အခ်ိန္က်မွ Jisooက သူမေရွ႕ ထပ္ၿပီး ေပၚ လာျပန္သည္

အရင္ကလို Jisoo သူမကို နာက်င္ေအာင္လုပ္တာကို Jennie ခြင့္မျပဳနိုင္

Jennie ထပ္ၿပီး Jisooေၾကာင့္ နာက်င္ၿပီး မငိုခ်င္ေတာ့လို႔ သူမကိုယ္သူမ ႀကံ့ခိုင္ေအာင္ ႀကိဳးစားခဲ့သည္

သူမကို သစၥာေဖာက္ခဲ့တဲ့ Jisooကို Jennie ထပ္မခ်စ္နိုင္ေတာ့ပါ

Yejiနဲ႕ ေနရာခ်င္းခ်ိန္းၿပီးေနာက္ Jennieက စားပြဲထိုး ဝိတ္တာလုပ္ရသည္

သို႔ေသာ္ Jennie သယ္ရမည့္ မုန့္ဗန္းေတြကို Jisooက အျမန္ဆြဲဆြဲလုၿပီး ဧည့္သည္ေတြဆီ သြားခ်ေပးသည္

Jennieမွာ Jisooရဲ႕ မ်က္ႏွာကို လင္ဗန္းနဲ႕ ရိုက္ပစ္ခ်င္စိတ္ေတြ ေပၚလာသည္

"ပိုက္ဆံရွင္းမယ္ "

စားပြဲနံပါတ္ခုႏွစ္က ပိုက္ဆံရွင္းမယ္ဆိုတဲ့ စကားၾကားေတာ့ Jennie မွာ ေဘာက္ခ်ာယူၿပီး စားပြဲနံပါတ္ခုႏွစ္သို႔ သြားေလသည္

Jennie ပိုက္ဆံကို ေကာင္တာမွာ သြားအပ္စဥ္ Jisooမွာ စားပြဲနံပါတ္ ခုႏွစ္က ပန္းကန္ေတြ သယ္လာသည္

"Jendeukie.... "

Jisooရဲ႕ အသံေၾကာင့္ Jennie မ်က္ေမွာင္ၾကဳတ္ကာ Jisooကို ၾကည့္လိုက္သည္

"ဘာလည္း မုန့္မွာေတာ့မွာလား မွာစရာရွိတာမွာ စားစရာရွိတာ စားၿပီး အျမန္ျပန္ေတာ့ "

Jennieရဲ႕ စကားေၾကာင့္ Jisoo ေခါင္းငုံ႕ထားမိသည္

Jennie က သူမကို အလြယ္တကူနဲ႕ ျပန္မလက္ခံဘူးဆိုတာ Jisoo သိပါတယ္....

Jennie ကို စိတ္ပိုင္းဆိုင္ရာ ထိခိုက္ေအာင္ Jisooေျပာဆို ျပဳမူ ႏွိပ္စက္ခဲ့တယ္ေလ

သူမ လုပ္ရက္ေတြ အေျပာဆိုေတြအတြက္ Jennie သူမကို အရမ္းမုန္းေနမယ္ဆိုတာ Jisoo သိေနတယ္ေလ

သူမရဲ႕ အျပစ္ရွိတယ္ဆိုတဲ့ စိတ္ေၾကာင့္ Jennie ကို စိတ္ေက်နပ္တဲ့အထိ Jisoo ေတာင္းပန္ခ်င္သည္

"ကိုယ္ ေတာင္းပန္ပါတယ္ Jendeukie.... "

Jisooရဲ႕ ေတာင္းပန္စကားေၾကာင့္ Jennie ခနဲ႕တဲ့ရယ္သံနဲ႕ ရယ္လိုက္သည္

"ကြၽန္မက ေတာင္းပန္တာလိုခ်င္တာ မဟုတ္ပါဘူး ေအာ္ဒါေစာင့္ေနတာပါ...."

Jennie စိတ္ပ်က္တဲ့အသံနဲ႕ ေျပာေတာ့ Jisoo သက္ျပင္းခ်လိဳက္သည္

"အေမရိကန္နိုတစ္ခြက္ေပးပါ "

"ေကာင္းၿပီး ဒီမွာဘဲ ၿငိမ္ၿငိမ္ထိုင္ေနပါ ကြၽန္မေနာက္ ထပ္လိုက္မယ္ဆို လင္ဗန္းနဲ႕ ေဆာ္မွာေနာ္ "

Jennieရဲ႕ စကားေၾကာင့္ Jisoo သေဘာက်ၿပီး ရယ္လိုက္မိသည္ တကယ္ဘဲ သူမ ခ်စ္ခဲ့ရတဲ့ Savage Jendeukie ေလးက မေျပာင္းလဲေသးဘူးဘဲ

"ေရာ့ ေကာ္ဖီ ေသာက္ၿပီးရင္ ျပန္ "

သူမေရွ႕ စူပုပ္ပုပ္နဲ႕ ေကာ္ဖီလာခ်ေပးတဲ့ ေကာင္မေလးကို Jisoo ၿပဳံးၾကည့္ၿပီး

"ျပန္ဘူးကြာ "

Jisoo စကားေၾကာင့္ Jennie ဘာမွ ရန္မလုပ္ဘဲ ထြက္လာသည္

Jennie သြားသမွ် လုပ္သမွ်ကို Jisoo ေမးေထာက္ၿပီး ထိုင္ၾကည့္ေနသည္

"ဘာလို႔ လူကို လိုက္ၾကည့္ေနတာလည္း "

Jennieက ရန္လုပ္ေတာ့ Jisoo ၿပဳံးၿပဳံးႀကီးနဲ႕ ျပန္ေျဖလိုက္သည္

"လွလို႔..."

"အခုခ်ိန္မွာ ရွင့္ရဲ႕ ေတာ္ကီေတြက ကြၽန္မကို ရင္ခုန္ေစမွာ မဟုတ္ေတာ့ဘူး "

Jisoo ကို ေျပာၿပီး Jennie လုပ္စရာရွိတဲ့ အလုပ္ေတြ ျပန္လုပ္ေနသည္

"ေက်းဇူးတင္ပါတယ္ ေနာက္လည္းထပ္လာခဲ့ပါအုံး "

Jennie ဆိုင္ေပါက္ထိ ဧည့္သည္ေတြကို ျပန္လိုက္ပို႔ေပးၿပီး ႏႈတ္ဆက္လိုက္သည္

Jennie ပန္းကန္ေတြကို သိမ္းမယ္လုပ္ေတာ့ Jisooက အကုန္သိမ္းၿပီးတဲ့အျပင္ ဘယ္ကရလာမွန္းမသိတဲ့ အဝတ္စနဲ႕ စားပြဲေတြ လိုက္သုတ္ေနသည္

"ဟဲ့ Kim Jisoo "

"ေျပာေလ Bae "

"ဘာ baeလည္း "

Jennieမွာ သူမကို baeလို႔ေခၚလို႔ Jisooကို ရိုက္ေလသည္

"အား နာတယ္ေနာ္ "

Jisoo ႏႈတ္ခမ္းစူၿပီး ေျပာေတာ့ Jennieမွာ မ်က္ေမွာင္ၾကဳတ္ကာ

"နင္ ေပးတဲ့ နာက်င္မႈေတြနဲ႕ ယွဥ္ရင္ ဒါက ဘာမွမဟုတ္ဘူး အိုဗာလုပ္တာေလ်ာ့  Kim Jisoo shii ၿပီးေတာ့ ဒီမွာ ငါက အလုပ္လုပ္ေနတာ နင္နဲ႕ကစားေနတာ မဟုတ္ဘူး Jisoo "

"ကိုယ္ ကစားဖို႔လာတာ မဟုတ္ဘူး Jen "

"ဒါဆို ျပန္လိုက္ပါေတာ့ နင့္မ်က္ႏွာျမင္ရတာ ငါ စိတ္ပင္ပန္းလြန္းလို႔ "

"Jen ႀကိဳက္သလိုေျပာလို႔ရပါတယ္ ဒါေပမယ့္ ကိုယ္ကေတာ့ ေနာက္ဆုတ္မွာ မဟုတ္ဘူးေနာ္ Jendeukie ေလးကို ကိုယ့္အပိုင္ျဖစ္ေအာင္ ျပန္လုပ္မွာ "

Jennie ရဲ႕ မ်က္လုံးတည့္တည့္ကို စိုက္ၾကည့္ၿပီး Jisoo ေျပာလိုက္သည္

"လဲေသလိုက္ "

Jisooကို ျပန္ေျပာၿပီး Jennie မီးဖိုခန္းထဲ ဝင္သြားသည္

Jennie အလုပ္ၿပီးေနာက္ အိမ္ျပန္မယ္လုပ္ေတာ့ Jisooက သူမရဲ႕ လက္ကို လွမ္းဆြဲသည္

"ဘာလုပ္တာလည္း "

"တစ္ေနကုန္ ေစာင့္ေပးထားတဲ့ ကိုယ့္ကို စကားေျပာခြင့္ေလးေတာ့ ေပးပါ Jenရာ...."

"ေကာင္းၿပီ ဆယ္မိနစ္အခ်ိန္ေပးမယ္ ဆယ္မိနစ္အတြင္း ေျပာစရာရွိတာေျပာ "

"ဟိုေလ ကိုယ္ေျပာခဲ့တဲ့စကားေတြ ကိုယ္ လုပ္ခဲ့တဲ့အျပဳအမူေတြအတြက္ ေတာင္းပန္ပါတယ္ေနာ္ ....ကိုယ့္ စကားေတြ အျပဳအမူေတြျပန္ေတြးၿပီးေတာ့လည္း ေနာင္တရေနပါၿပီ ..."

Jisooက ေတာင္းပန္ေနေပမယ့္ Jennie က လမ္းမေပၚက ျဖတ္သြားျဖတ္လာ ကားေတြသာ ၾကည့္ေနသည္

"အဲ့တုံးက Jenက ကိုယ့္ companyကို ကိုယ့္ဆီက လုယူသြားမယ္ထင္ခဲ့လို႔ ကိုယ့္စိတ္ကို ကိုယ္ မထိန္းနိုင္ဘဲ ျဖစ္ခဲ့တာပါ ...."

Jisooက ေတာင္းပန္ေနေပမယ့္ Jennieကေတာ့ စိတ္ထဲကေန သူမ ဒီဆိုင္မွာ လုပ္ေနေၾကာင္း Joohyunေျပာတာလား Wendy ေျပာတာလားဆိုတာ အေျဖရွာေနသည္

"Jenရဲ႕ အေဖက တစ္ျခားသူနဲ႕ ဇြတ္အတင္းေပးစားဖို႔ လုပ္ေနတာကို ကိုယ့္ကို ဘာလို႔မေျပာတာလည္း Jendeukie ရယ္ ..."

"နင္ကေရာ ငါ့ကို ရွင္းျပခြင့္ေပးခဲ့လို႔လား "

Jennieရဲ႕ ေမးခြန္းေၾကာင့္ Jisoo တိတ္ဆိတ္သြားသည္

"ကိုယ္ ေတာင္းပန္ပါတယ္ "

"ရပါတယ္ ေတာင္းပန္စရာမလိုပါဘူး ဘာလို႔လည္းဆို ငါက နင့္ခံစားခ်က္ေတြ အျမင္ဘာညာကို ထပ္ၿပီး ဂ႐ုစိုက္ေတာ့မွာ မဟုတ္လို႔ေလ ..."

"Jendeuk. .."

"ဘာလို႔ အဲ့လို ဂ႐ုမစိုက္ေတာ့တာလည္း သိလား.... နင့္ကို မခ်စ္ေတာ့လို႔ဘဲ Kim Jisoo "

Jennie ေျပာၿပီး လွည့္ထြက္သြားေပမယ့္ Jisooကေတာ့ Jennieရဲ႕ ေနာက္ေက်ာကို ရပ္ၾကည့္ေနရင္း မ်က္ရည္ေတြက်လာသည္

#tbc

ဒီလိုအေျခအေနမွာ အားလုံး တစ္ေနကုန္ အျပင္ထြက္ တိုက္ပြဲဝင္ လိုင္းေပၚက keyboard fighterေတြ ခဏတျဖဳတ္ စိတ္ပင္ပန္းတာ ေပ်ာက္ေစလိုေပ်ာက္ေစငွားဆိုၿပီး ကြၽန္ေတာ္ ညပိုင္းေလးမွာ  အျမန္ Ficေရးၿပီး အၿမဲ updateေပးေနတာပါ ကြၽန္ေတာ္က ပုံမွန္ဆို မနက္ ၁၁နာရီမွာ အၿမဲ fic ဒိတ္ေနၾကဆိုတာ သတိထားမိၾကမွာပါ ေန႕တိုင္း fic ေရးေပးေနတာ တိုင္းျပည္ေရးကို ဂ႐ုမစိုက္လိို႔ မဟုတ္ဘူး အားလုံးကို စိတ္အပန္းေျပေစခ်င္လို႔ ေရးေပးေနတယ္ဆိုတာ သိေစခ်င္လို႔ပါ စာရွည္သြားရင္ sorryပါဗ်ာ့
🖤

Bạn đang đọc truyện trên: Truyen3h.Co