Part 32
#unicode
နေသာတဲ့ နေ့လေးတွင် Jennie တစ်ယောက် coffee ဆိုင်တွင် customer တွေနဲ့ အလုပ်ရှုပ်နေသည်
ဒီလိုသာယာတဲ့ နေ့လေးမှာ မကောင်းဆိုးဝါးတစ်ယောက် သူမရဲ့ သာယာတဲ့နေ့လေးကို မဖျက်စီးဖို့ မျှော်လင့််နေပေမယ့် ဆုတောင်းနေပေမယ့်
"Good Morning ပါ Jendeukie လေးရေ.....meeting တစ်ခုကြောင့် နောက်ကျသွားတယ် sorryပါ "
နောက်ဆုံးတော့ Jennie Kimရဲ့ ဆုတောင်းမပြည့်ခဲ့ပါ ....Jisoo တစ်ယောက် သူမရှေ့ ရောက်လာတယ်လေ
"ဘယ်သူက မေးလို့ ဖြေနေတာလည်း "
Jennie မျက်မှောင်ကြုတ်ကာ ပြောတော့ Jisooမှာ နှုတ်ခမ်းလေး စူသွားသည်
"အဲ့လိုကြီး မျက်မှောင်ကြုတ်ရဘူးလေ ကိုယ်က Jenရဲ့ အပြုံးလေးနဲ့ နေ့တစ်နေ့တာကို အစပြုမလို့ပါဆို....ပြီးတော့ customer ကို ပြုံးပြုံးလေးနဲ့ ဆက်ဆံရမှာလေ Jen မျက်မှောင်ကြုတ်တာ မြင်ပြီး တခြားသူတွေပါ လန့်သွားရင် ဘယ်လိုလုပ်မလည်း "
Jisooရဲ့ စကားကြောင့် Jennieမှာ မျက်လုံးပြူးပြီး Jisooကို ပြုံးပြလေသည်
"အာ...နည်းနည်းကြောက်ဖို့ ကောင်းပေမယ့် ချစ်စရာကောင်းပါတယ် "
Jisoo မျက်လုံးတစ်ဖက်မှိတ်ပြပြီး ပြောတော့ Jennieမှာ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်
Customer တွေက သူတို့စားစရာရှိတာ အာရုံစိုက်စားပြီး အချင်းချင်း စကားပြောနေတာတွေ့တော့ အခွင့်အရေးကို လက်လွှတ်မခံဘဲ Jisooကို လက်ခလယ်ထောင်ပြပြီး ဆဲလိုက်သည်
"Fuck you "
"Yah အဲ့လက်ခလယ်က ဘာလို့ထောင်ပြတာလည်း ခုချ..."
Jisoo အသံတိုးတိုးနဲ့ပြောပေမယ့် Jennieမှာ လင်ဗန်းနဲ့ ကာပြီး ထပ်ဆဲပြန်သည်
"Fuck you "
"မဆဲစမ်းနဲ့ Jendeuk. ..ရုပ်လေးက ချစ်စရာကောင်းနေပြီ ဘာလို့ ဆဲနေရတာလည်း "
"Fuck you fuck you fuck you fuck you "
Jisooက ဆူလိုက်ပေမယ့် Jennieက ထပ်ပြီး မရပ်မနားဆဲနေသောကြောင့် Jisoo မျက်မှောင်ကြုတ်ကာ ကောင်တာထဲ ဝင်လာသည်
Jisooက ရုတ်တရက် ကောင်တာထဲ ဝင်လာသောကြောင့် Jennie လန့်သွားလေသည်
"Yah ဘာလို့ ကောင်တာထဲ ဝင်လာတာလည်း ပြန်ထွက် "
Jennie က နှင်ထုတ်ပေမယ့် Jisooက ရှေ့ကို ပိုတိုးလာသောကြောင့် Jennie နောက်ကို ဖြည်းဖြည်းချင်းဆုတ်သွားရသည်
"ငါ ငါ ပြောနေတယ်နော် ရှေ့ဆက်တိုးမလာနဲ့ တိုးလာရင် ကန်ပစ်မှာနော် "
"ထပ်ပြီး ဆဲအုံးမှာလား Jendeuk "
"ငါ့ကို ဘာလုပ် ညာလုပ်ဆိုပြီး အမိန့်လာမပေးနဲ့ ..."
"ထပ်ပြီး ဆဲအုံးမှာလား Jendukie လေးရေ..."
Jisoo မျက်နှာက Jennieရဲ့ မျက်နှာနားသို့ နီးကပ်လာသည်
"မဆဲတော့ဘူး မဆဲတော့ဘူး ဟုတ်ပြီလား ကျေနပ်ပြီမလား ထွက်သွား get out "
"လိမ်မာတယ် ခွေးပေါက်လေး "
Jennieရဲ့ စကားကြောင့် Jisooမှာ ပြုံးပြီး Jennieရဲ့ ခေါင်းလေးကို ပုတ်လိုက်သည်
Jennie မှာ သူမခေါင်းပေါ်က Jisooလက်ကို ရိုက်ချပြီး စိတ်ထဲမှာတော့ ကျိန်ဆဲနေသည်
Jisoo ကောင်တာထဲက ထွက်သွားမှ Jennie သက်ပြင်းချမိသည်
Jisoo ကောင်တာထဲ ရောက်လာကတည်းက အဆက်မပြတ် တဒုတ်ဒုတ်နဲ့ ခုန်တာ မြန်နေတဲ့ သူမနှလုံးသားလေးလည်း အခုမှ နည်းနည်း ငြိမ်သွားသည်
Jisoo ကောင်တာအပြင်ကို ရောက်တော့ သူမ coatကို ချွတ်လိုက်သည်
Kitchenထဲက Nayeon ထွက်လာပြီး Jisooကို ခါးဝတ်စည်းလေးပေးလေသည်
Jisooမှာ ခါးဝတ်စည်းလေးကို ခါးမှာ ပတ်နေစဥ် Jennie ကတော့ Jisoo လုပ်နေတဲ့ပုံစံကို နားမလည်တဲ့ပုံနဲ့ ကြည့်နေသည်
"Nayeon အဲ့တာ staffတွေ အတွက်လေ "
"အင်းလေ ဒီနေ့ customer တွေများနေလို့ Jisooက ကူညီပေးမယ်လို့ ခုန Boss ကဖုန်းဆက်တယ် Yejiကလည်း နားတော့ အကူအညီရတာပေါ့ဟ "
"အခုကစပြီး Jendeukie ကို ကူညီပေးမယ့် အချိန်ပိုင်းအလုပ်သမား Kim Jisooပါရှင့် Jendeukieလေးရဲ့ လက်ထောက်ဖို့ စိတ်ကြိုက်ခိုင်းပါ "
"အခုချက်ချင်း ဆိုင်ထဲက ထွက်သွားလိုက်ပါ "
Jennie ပြောပြီး ကောင်တာထဲက ထွက်ကာ customer ကို ကြိုဆိုလိုက်သည်
Jisooကတော့ သက်ပြင်းချလိုက်ပေမယ့် လက်မလျော့ဖို့ ဆုံးဖြတ်ထားသည်
သူမချစ်တဲ့ Jennie ကိုတော့ လက်လွတ်မခံနိုင်ဘူးလေ
"Table 9က မှာထားတာ ရပါပြီ "
Kitchenထဲက Nayeonအသံကြောင့် Jennie အော်ဒါသွားယူမလို့ရှိသေး Jisooက အမြန် ဗန်းနဲ့ ပန်းကန်တွေကို ကောက်ယူထည့်သွားသည်
"မှာထားတာ ရပါပြီ...."
Jisooမှာ table 9သို့ မှာထားတာတွေ သွားချပေးနေသည်
Table 9က ကောင်လေးနှစ်ယောက်မှာ သူတို့စားပွဲပေါ်သို့ စားစရာတွေ လာချပေးနေတဲ့ Jisooကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်
"ဟိုလေ အမနာမည်သိလို့ရလားဟင်"
Jisooမှာ သူမကို လာကြောင်နေတဲ့ကောင်တွေကို ဘုကလန့်ပြောချင်ပေမယ့် customer တွေကို မလေးမစားလုပ်ရမလားဆိုပြီး Jennieက ဆူမှာကိုလည်း ကြောက်ရသေးသည်
"Kim.... "
"Hey Jerk ဘာလို့ အဲ့လောက်ကြာနေတာလည်း "
Jennieက ရုတ်တရက်ရောက်လာပြီး ကယ်လိုက်သောကြောင့် Jisoo စိတ်သက်သာရာရသွားတယ်
"ဘာလို့ သူ့ကို Jerkလို့ ခေါ်တာလည်း သူ့မှာ နာမည် ရှိတယ်မဟုတ်ဘူးလား...Kim. ... "
"Kim Jerkလေ သူ့နာမည်က ဟုတ်တယ်မလား Jerk "
Jennie စကားကြောင့် Jisooမှာ ခေါင်းအမြန်ညိမ့်ပြပြီး ထောက်ခံလိုက်သည်
"ဒါဆိုလည်း အမ Kim Jerk ကျွန်တော့်ကို ဖုန်းနံပါတ်ပေးလို့ရလားဟင် "
"Sorryပါ မောင်လေးရေ အမတို့ ဝန်ထမ်းတွေရဲ့ ဖုန်းနံပါတ်ကို customer တွေကို ပေးခွင့်မရှိပါဘူးနော် အေးဆေးသုံးဆောင်ပါနော် "
Jennie ပြောပြီး Jisooကို ဆွဲခေါ်လာသည်
"Jendeuk "
"အီစီကလီမလုပ်ဘဲ အလုပ်ကို သေချာလုပ်လို့မရဘူးလား "
"Jendeukie လေးက သဝန်တိုနေတာလား "
"သဝန်တိုစရာ ဘာရှိလို့လည်း "
"စိတ်မပူပါနဲ့ ကိုယ်က Jendeukie လေးကိုဘဲ ကြည့်နေတာ only look at you "
"သစ္စာဖောက်တွေရဲ့ လက်သုံးစကားပေါ့ရှင် "
"အာ Jendeukကလည်း "
Jisoo ဆက်ပြောမလို့ရှိသေး ဖုန်းဝင်လာသောကြောင့် ဖုန်းကိုင်လိုက်သည်
"Hello "
"CEO. ..Mr. Deing က CEOကို တွေ့ချင်လို့ပါတဲ့ "
"ကျစ် အဲ့ companyက ငါ့ attentionကို တော်တော်လိုချင်နေတာဘဲ"
အလုပ်ကိစ္စနဲ့ ဖုန်းပြောနေတဲ့ Jisooကို Jennie ကြည့်နေမိသည်
Jisooက ကျန်တဲ့ အချိန် ခပ်ပြောင်ပြောင် နဲ့ အမြဲ ပြုံးနေတဲ့သူဆိုပေမယ့် အလုပ်ကိစ္စနဲ့ ပတ်သက်ရင် အရမ်းအလေးအနက်ထားသည်
အလုပ်ကိစ္စနဲ့ ပတ်သက်ပြီး Jisoo Serious ဖြစ်နေရင် အရမ်းကြည့်လို့ကောင်းတယ်ဆိုတာ Jennie မငြင်းနိုင်ပေ
Jisoo မှာ ဆိုင်ထဲက ဆူညံနေလို့ ဆိုင်အပြင်ခဏထွက်ပြီး ဖုန်းပြောလိုက်သည်
ဖုန်းပြောပြီး ပြန်ဝင်လာတော့ စားပွဲခုံတွေ လိုက်သုတ်နေတဲ့ Jennieကို Jisooတွေ့ရသည်
နဖူးပေါ်က ချွေးတွေကို လက်နဲ့သုတ်နေတဲ့ Jennieကို တွေ့တော့ Jisoo သူ့ဘောင်းဘီအိတ်ထဲက လက်ကိုင်ပုဝါကို ထုတ်ပြီး Jennieဆီ သွားလိုက်သည်
ထို့နောက် Jennie လက်ကို ဆွဲပြီး သူမ မျက်နှာပေါ်က ချွေးစက်တွေကို Jisoo လက်ကိုင်ပုဝါနဲ့ သုတ်ပေးနေသည်....
သူမကို ဂရုတစိုက် ချွေးသုတ်ပေးနေတဲ့ Jisooကို ကြည့်ပြီး Jisooဆီ ထပ်ပြီး Fall in love မဖြစ်ဖို့ Jennie သူမကိုယ်သူမ သတိပေးနေရသည်
#tbc
Readerတို့ရေ ညရေးညတာမှာ ဂရုစိုက်ပြီး နေကြပါဗျိူ့ ထောင်ထွက်တွေ ခွေးတွေ သောင်းကျန်းနေကြတယ် တခုခုဆို vdရိုက် liveလွှင့် သံပုံးတီးကြပါဗျို့
#zawgyi
ေနသာတဲ့ ေန႕ေလးတြင္ Jennie တစ္ေယာက္ coffee ဆိုင္တြင္ customer ေတြနဲ႕ အလုပ္ရႈပ္ေနသည္
ဒီလိုသာယာတဲ့ ေန႕ေလးမွာ မေကာင္းဆိုးဝါးတစ္ေယာက္ သူမရဲ႕ သာယာတဲ့ေန႕ေလးကို မဖ်က္စီးဖို႔ ေမွ်ာ္လင့္္ေနေပမယ့္ ဆုေတာင္းေနေပမယ့္
"Good Morning ပါ Jendeukie ေလးေရ.....meeting တစ္ခုေၾကာင့္ ေနာက္က်သြားတယ္ sorryပါ "
ေနာက္ဆုံးေတာ့ Jennie Kimရဲ႕ ဆုေတာင္းမျပည့္ခဲ့ပါ ....Jisoo တစ္ေယာက္ သူမေရွ႕ ေရာက္လာတယ္ေလ
"ဘယ္သူက ေမးလို႔ ေျဖေနတာလည္း "
Jennie မ်က္ေမွာင္ၾကဳတ္ကာ ေျပာေတာ့ Jisooမွာ ႏႈတ္ခမ္းေလး စူသြားသည္
"အဲ့လိုႀကီး မ်က္ေမွာင္ၾကဳတ္ရဘူးေလ ကိုယ္က Jenရဲ႕ အၿပဳံးေလးနဲ႕ ေန႕တစ္ေန႕တာကို အစျပဳမလို႔ပါဆို....ၿပီးေတာ့ customer ကို ၿပဳံးၿပဳံးေလးနဲ႕ ဆက္ဆံရမွာေလ Jen မ်က္ေမွာင္ၾကဳတ္တာ ျမင္ၿပီး တျခားသူေတြပါ လန့္သြားရင္ ဘယ္လိုလုပ္မလည္း "
Jisooရဲ႕ စကားေၾကာင့္ Jennieမွာ မ်က္လုံးျပဴးၿပီး Jisooကို ၿပဳံးျပေလသည္
"အာ...နည္းနည္းေၾကာက္ဖို႔ ေကာင္းေပမယ့္ ခ်စ္စရာေကာင္းပါတယ္ "
Jisoo မ်က္လုံးတစ္ဖက္မွိတ္ျပၿပီး ေျပာေတာ့ Jennieမွာ ပတ္ဝန္းက်င္ကို တစ္ခ်က္ၾကည့္လိုက္သည္
Customer ေတြက သူတို႔စားစရာရွိတာ အာ႐ုံစိုက္စားၿပီး အခ်င္းခ်င္း စကားေျပာေနတာေတြ႕ေတာ့ အခြင့္အေရးကို လက္လႊတ္မခံဘဲ Jisooကို လက္ခလယ္ေထာင္ျပၿပီး ဆဲလိုက္သည္
"Fuck you "
"Yah အဲ့လက္ခလယ္က ဘာလို႔ေထာင္ျပတာလည္း ခုခ်..."
Jisoo အသံတိုးတိုးနဲ႕ေျပာေပမယ့္ Jennieမွာ လင္ဗန္းနဲ႕ ကာၿပီး ထပ္ဆဲျပန္သည္
"Fuck you "
"မဆဲစမ္းနဲ႕ Jendeuk. ..႐ုပ္ေလးက ခ်စ္စရာေကာင္းေနၿပီ ဘာလို႔ ဆဲေနရတာလည္း "
"Fuck you fuck you fuck you fuck you "
Jisooက ဆူလိုက္ေပမယ့္ Jennieက ထပ္ၿပီး မရပ္မနားဆဲေနေသာေၾကာင့္ Jisoo မ်က္ေမွာင္ၾကဳတ္ကာ ေကာင္တာထဲ ဝင္လာသည္
Jisooက ႐ုတ္တရက္ ေကာင္တာထဲ ဝင္လာေသာေၾကာင့္ Jennie လန့္သြားေလသည္
"Yah ဘာလို႔ ေကာင္တာထဲ ဝင္လာတာလည္း ျပန္ထြက္ "
Jennie က ႏွင္ထုတ္ေပမယ့္ Jisooက ေရွ႕ကို ပိုတိုးလာေသာေၾကာင့္ Jennie ေနာက္ကို ျဖည္းျဖည္းခ်င္းဆုတ္သြားရသည္
"ငါ ငါ ေျပာေနတယ္ေနာ္ ေရွ႕ဆက္တိုးမလာနဲ႕ တိုးလာရင္ ကန္ပစ္မွာေနာ္ "
"ထပ္ၿပီး ဆဲအုံးမွာလား Jendeuk "
"ငါ့ကို ဘာလုပ္ ညာလုပ္ဆိုၿပီး အမိန့္လာမေပးနဲ႕ ..."
"ထပ္ၿပီး ဆဲအုံးမွာလား Jendukie ေလးေရ..."
Jisoo မ်က္ႏွာက Jennieရဲ႕ မ်က္ႏွာနားသို႔ နီးကပ္လာသည္
"မဆဲေတာ့ဘူး မဆဲေတာ့ဘူး ဟုတ္ၿပီလား ေက်နပ္ၿပီမလား ထြက္သြား get out "
"လိမ္မာတယ္ ေခြးေပါက္ေလး "
Jennieရဲ႕ စကားေၾကာင့္ Jisooမွာ ၿပဳံးၿပီး Jennieရဲ႕ ေခါင္းေလးကို ပုတ္လိုက္သည္
Jennie မွာ သူမေခါင္းေပၚက Jisooလက္ကို ရိုက္ခ်ၿပီး စိတ္ထဲမွာေတာ့ က်ိန္ဆဲေနသည္
Jisoo ေကာင္တာထဲက ထြက္သြားမွ Jennie သက္ျပင္းခ်မိသည္
Jisoo ေကာင္တာထဲ ေရာက္လာကတည္းက အဆက္မျပတ္ တဒုတ္ဒုတ္နဲ႕ ခုန္တာ ျမန္ေနတဲ့ သူမႏွလုံးသားေလးလည္း အခုမွ နည္းနည္း ၿငိမ္သြားသည္
Jisoo ေကာင္တာအျပင္ကို ေရာက္ေတာ့ သူမ coatကို ခြၽတ္လိုက္သည္
Kitchenထဲက Nayeon ထြက္လာၿပီး Jisooကို ခါးဝတ္စည္းေလးေပးေလသည္
Jisooမွာ ခါးဝတ္စည္းေလးကို ခါးမွာ ပတ္ေနစဥ္ Jennie ကေတာ့ Jisoo လုပ္ေနတဲ့ပုံစံကို နားမလည္တဲ့ပုံနဲ႕ ၾကည့္ေနသည္
"Nayeon အဲ့တာ staffေတြ အတြက္ေလ "
"အင္းေလ ဒီေန႕ customer ေတြမ်ားေနလို႔ Jisooက ကူညီေပးမယ္လို႔ ခုန Boss ကဖုန္းဆက္တယ္ Yejiကလည္း နားေတာ့ အကူအညီရတာေပါ့ဟ "
"အခုကစၿပီး Jendeukie ကို ကူညီေပးမယ့္ အခ်ိန္ပိုင္းအလုပ္သမား Kim Jisooပါရွင့္ Jendeukieေလးရဲ႕ လက္ေထာက္ဖို႔ စိတ္ႀကိဳက္ခိုင္းပါ "
"အခုခ်က္ခ်င္း ဆိုင္ထဲက ထြက္သြားလိုက္ပါ "
Jennie ေျပာၿပီး ေကာင္တာထဲက ထြက္ကာ customer ကို ႀကိဳဆိုလိုက္သည္
Jisooကေတာ့ သက္ျပင္းခ်လိဳက္ေပမယ့္ လက္မေလ်ာ့ဖို႔ ဆုံးျဖတ္ထားသည္
သူမခ်စ္တဲ့ Jennie ကိုေတာ့ လက္လြတ္မခံနိုင္ဘူးေလ
"Table 9က မွာထားတာ ရပါၿပီ "
Kitchenထဲက Nayeonအသံေၾကာင့္ Jennie ေအာ္ဒါသြားယူမလို႔ရွိေသး Jisooက အျမန္ ဗန္းနဲ႕ ပန္းကန္ေတြကို ေကာက္ယူထည့္သြားသည္
"မွာထားတာ ရပါၿပီ...."
Jisooမွာ table 9သို႔ မွာထားတာေတြ သြားခ်ေပးေနသည္
Table 9က ေကာင္ေလးႏွစ္ေယာက္မွာ သူတို႔စားပြဲေပၚသို႔ စားစရာေတြ လာခ်ေပးေနတဲ့ Jisooကို မ်က္ေတာင္မခတ္ဘဲ ၾကည့္ေနသည္
"ဟိုေလ အမနာမည္သိလို႔ရလားဟင္"
Jisooမွာ သူမကို လာေၾကာင္ေနတဲ့ေကာင္ေတြကို ဘုကလန့္ေျပာခ်င္ေပမယ့္ customer ေတြကို မေလးမစားလုပ္ရမလားဆိုၿပီး Jennieက ဆူမွာကိုလည္း ေၾကာက္ရေသးသည္
"Kim.... "
"Hey Jerk ဘာလို႔ အဲ့ေလာက္ၾကာေနတာလည္း "
Jennieက ႐ုတ္တရက္ေရာက္လာၿပီး ကယ္လိုက္ေသာေၾကာင့္ Jisoo စိတ္သက္သာရာရသြားတယ္
"ဘာလို႔ သူ႕ကို Jerkလို႔ ေခၚတာလည္း သူ႕မွာ နာမည္ ရွိတယ္မဟုတ္ဘူးလား...Kim. ... "
"Kim Jerkေလ သူ႕နာမည္က ဟုတ္တယ္မလား Jerk "
Jennie စကားေၾကာင့္ Jisooမွာ ေခါင္းအျမန္ညိမ့္ျပၿပီး ေထာက္ခံလိုက္သည္
"ဒါဆိုလည္း အမ Kim Jerk ကြၽန္ေတာ့္ကို ဖုန္းနံပါတ္ေပးလို႔ရလားဟင္ "
"Sorryပါ ေမာင္ေလးေရ အမတို႔ ဝန္ထမ္းေတြရဲ႕ ဖုန္းနံပါတ္ကို customer ေတြကို ေပးခြင့္မရွိပါဘူးေနာ္ ေအးေဆးသုံးေဆာင္ပါေနာ္ "
Jennie ေျပာၿပီး Jisooကို ဆြဲေခၚလာသည္
"Jendeuk "
"အီစီကလီမလုပ္ဘဲ အလုပ္ကို ေသခ်ာလုပ္လို႔မရဘူးလား "
"Jendeukie ေလးက သဝန္တိုေနတာလား "
"သဝန္တိုစရာ ဘာရွိလို႔လည္း "
"စိတ္မပူပါနဲ႕ ကိုယ္က Jendeukie ေလးကိုဘဲ ၾကည့္ေနတာ only look at you "
"သစၥာေဖာက္ေတြရဲ႕ လက္သုံးစကားေပါ့ရွင္ "
"အာ Jendeukကလည္း "
Jisoo ဆက္ေျပာမလို႔ရွိေသး ဖုန္းဝင္လာေသာေၾကာင့္ ဖုန္းကိုင္လိုက္သည္
"Hello "
"CEO. ..Mr. Deing က CEOကို ေတြ႕ခ်င္လို႔ပါတဲ့ "
"က်စ္ အဲ့ companyက ငါ့ attentionကို ေတာ္ေတာ္လိုခ်င္ေနတာဘဲ"
အလုပ္ကိစၥနဲ႕ ဖုန္းေျပာေနတဲ့ Jisooကို Jennie ၾကည့္ေနမိသည္
Jisooက က်န္တဲ့ အခ်ိန္ ခပ္ေျပာင္ေျပာင္ နဲ႕ အၿမဲ ၿပဳံးေနတဲ့သူဆိုေပမယ့္ အလုပ္ကိစၥနဲ႕ ပတ္သက္ရင္ အရမ္းအေလးအနက္ထားသည္
အလုပ္ကိစၥနဲ႕ ပတ္သက္ၿပီး Jisoo Serious ျဖစ္ေနရင္ အရမ္းၾကည့္လို႔ေကာင္းတယ္ဆိုတာ Jennie မျငင္းနိုင္ေပ
Jisoo မွာ ဆိုင္ထဲက ဆူညံေနလို႔ ဆိုင္အျပင္ခဏထြက္ၿပီး ဖုန္းေျပာလိုက္သည္
ဖုန္းေျပာၿပီး ျပန္ဝင္လာေတာ့ စားပြဲခုံေတြ လိုက္သုတ္ေနတဲ့ Jennieကို Jisooေတြ႕ရသည္
နဖူးေပၚက ေခြၽးေတြကို လက္နဲ႕သုတ္ေနတဲ့ Jennieကို ေတြ႕ေတာ့ Jisoo သူ႕ေဘာင္းဘီအိတ္ထဲက လက္ကိုင္ပုဝါကို ထုတ္ၿပီး Jennieဆီ သြားလိုက္သည္
ထို႔ေနာက္ Jennie လက္ကို ဆြဲၿပီး သူမ မ်က္ႏွာေပၚက ေခြၽးစက္ေတြကို Jisoo လက္ကိုင္ပုဝါနဲ႕ သုတ္ေပးေနသည္....
သူမကို ဂ႐ုတစိုက္ ေခြၽးသုတ္ေပးေနတဲ့ Jisooကို ၾကည့္ၿပီး Jisooဆီ ထပ္ၿပီး Fall in love မျဖစ္ဖို႔ Jennie သူမကိုယ္သူမ သတိေပးေနရသည္
#tbc
Readerတို႔ေရ ညေရးညတာမွာ ဂ႐ုစိုက္ၿပီး ေနၾကပါဗ်ိဴ႕ ေထာင္ထြက္ေတြ ေခြးေတြ ေသာင္းက်န္းေနၾကတယ္ တခုခုဆို vdရိုက္ liveလႊင့္ သံပုံးတီးၾကပါဗ်ိဳ႕
Bạn đang đọc truyện trên: Truyen3h.Co