Truyen3h.Co

CEO Kim

Part 33

KimFany059

#Unicode

"Jen. ..."

ရုတ်တရက် ဆိုင်ထဲ ဝင်လာတဲ့ Joohyunကြောင့် Jennieမှာ Jisooကို တွန်းလွှတ်လိုက်သည်

"အာ Joohyunnie ထင်သလို မဟုတ်ဘူးနော် "

Jennieမှာ Joohyun အထင်မလွဲအောင် အမြန်ဖြေရှင်းပေမယ့် Jisooကတော့ မျက်မှောင်ကြုတ်ကာ Joohyunနဲ့ Jennieကို ကြည့်နေသည်

Joohyunလည်း သက်ပြင်းချပြီး Jennieဆီ လျှောက်လာတော့ Jisooမှာ Jennie ရှေ့က ပိတ်ရပ်လိုက်သည်

"ဘာလုပ်တာလည်း Dude. ..ငါက နင့်လို သူ့ကို နာကျင်အောင် မလုပ်ဘူး ဖယ် "

"Jennie လုံခြုံရေးအရ မဖယ်နိုင်ဘူး "

Jisooရဲ့ စကားကြောင့် Joohyunမှာ ရယ်လိုက်သည်

"အမလေး သူခိုးက လူပြန်ဟစ်နေတယ် အန္တရာယ် ရှိအောင် လုပ်မယ့်သူက နင် ...
ငါမဟုတ်ဘူး Jisoo "

Jisooကို လက်ညိုးထိုးပြီး Joohyun ပြောလိုက်သည်

"နင်က ဘာသိလို့ ငါ့လာပြောနေတာလည်း "

Joohyun ရဲ့ အင်ကျီကော်လံကို ဆောင့်ဆွဲပြီး Jisoo ရန်လုပ်လိုက်သည်

"ဘာမှမသိဘူး ဟုတ်လား နင်က asshole ဆိုတာ ငါသိတယ် Jisoo "

Joohyunပြောပြီး Jisooကို ဆောင့်တွန်းလိုက်သည်

"Fuck. .."

Jisoo ပြန်ရန်လုပ်မယ်လုပ်တော့ Jennieမှာ ဝင်တားရသည်

"တော်ကြပါတော့ ဒီနေရာမှာ လာရန်ဖြစ်မနေနဲ့ ငါ အလုပ်ဖြုတ်ခံရလိမ့်မယ် "

"Sorry "

Jisooနဲ့ Joohyun နှစ်ယောက်မှာ ပြိုင်တူတောင်းပန်ပြီး Jennieရဲ့ ပခုံးနှစ်ဖက်ကို ပြိုင်တူ ကိုင်လိုက်ကြသည်

"Yah Jendeuk ပခုံးပေါ်က နင့်လက်ကို ဖယ်စမ်း Joohyun "

"နင်လည်း ဖယ်လေ အံ့သြဘ "

Jennieမှာ သူ့ရှေ့ ကလေးဆန်ဆန်နှစ်ယောက်ကို ကြည့်ပြီး ခေါင်းခါကာ သက်ပြင်းချလိုက်သည်

"ဒီမှာ နင်တို့နှစ်ယောက် ကလေးဆန်ဆန် ရန်ဖြစ်ကြမယ်ဆို ဆိုင်ထဲက ထွက်သွားကြ ငါ့လာဆွဲမထည့်နဲ့ "

"Sorryပါ Jenရယ် ငါ ဒီကိုလာတာ ရန်ဖြစ်ဖို့ မဟုတ်ပါဘူး ဒီတိုင်း နင့်ကို သတိရလို့လာခဲ့တာပါ "

Joohyunက တောင်းပန်တော့ Jennieမှာ ပြုံးလိုက်သည်

"ရပါတယ် Joohyunnie. ..ဒီတိုင်း Jenက အလုပ်များပြီး နည်းနည်းပင်ပန်းနေလို့ "

"ငါ ကူညီပေးရမလား "

"မလိုပါဘူး ငါ သူ့ကို ကူညီပေးနေတာ နင့်အကူအညီမလိုဘူး "

"ငါက Jennieကို မေးတာ နင့်ကို မမေးဘူး Jisoo "

"ကဲပါ ရန်မဖြစ်ကြပါနဲ့တော့ နှစ်ယောက်လုံး ကူညီပေးကြ ဟုတ်ပြီလား ရန်ဖြစ်ရင်တော့ ဆိုင်က ဆွဲထုတ်မယ် "

နှစ်ယောက်လုံးကို ဘယ်လိုမှ ပြောမရမယ့်အတူတူ သူမကို ကူညီခိုင်းဖို့ Jennie ဆုံးဖြတ်လိုက်တယ်

********

"ဟဲ့ လွှတ်လေ ဒါ ငါ အရင်ကိုင်တာ "

Joohyunမှာ သူ့လင်ဗန်းကို လာယူတဲ့ Jisooကို ရန်လုပ်လိုက်သည်

Jisooကလည်း လင်ဗန်းကို မလွှတ်ဘဲ Joohyunကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်

"ငါ့နောက် လိုက်ပြီး ငါလုပ်သမျှ လိုက်လုပ်မနေနဲ့ Joohyun "

သူမနဲ့ အတူတူ စားပွဲတစ်ခုတည်းကို အဝတ်နဲ့သုတ်နေတဲ့ Joohyunကို Jisoo ပြန်ပြီး ရန်လုပ်ပြန်သည်

Jennieမှာ Joohyunတို့ကို ကြည့်ပြီး သက်ပြင်းသာ အကြိမ်ကြိမ်ချမိနေတော့သည်

"Yah Joohyun "

"ဘာတုံး "

"ကဲ တော်ကြပါတော့ နင်တို့အသက် ဘယ်လောက်ရှိနေပြီလည်း "

"24 "

"25"

"အသက်က နှစ်ဆယ်ကျော်နေပြီကို မူကြိုကလေးတွေလို ရန်ဖြစ်မနေကြပါနဲ့တော့ အကူအညီရမလား အောက်မေ့ပါတယ် ငါ့ကို ခေါင်းကိုက်အောင် ပိုလုပ်နေကြတာဘဲ ...သွား ဆိုင်ထဲက ထွက်သွားကြပါတော့ "

"Miyanhae "

"Sorry "

************

Jennieက သူမတို့ကို ဆူလိုက်သောကြောင့် ချောင်ကျတဲ့ စားပွဲခုံတွင် Joohyunနဲ့ Jisooမှာ Menuကို အလွတ်ရအောင် ထိုင်ဖတ်နေကြသည်

Jennieကို ကူညီပေးချင်ပေမယ့် Jennieမှာ ထိုင်ခုံတွင် ငြိမ်ငြိမ်မထိုင်တဲ့သူကို ဆိုင်က ကန်ထုတ်မယ်လို့ ရာဇသံပေးထားလို့ Jisooတို့မှာ ငြိမ်နေရသည်

"ဘာလို့ Jennieကို ကြိုက်တာလည်း "

"ဘာလို့ ငါက ဖြေရမှာလည်း Jisoo "

Joohyun မဲ့ပြုံးပြုံးပြီး ပြောတော့ Jisoo တိတ်ဆိတ်သွားတယ်

အရင်က အရမ်းချစ်ကြတဲ့ ညီအမနှစ်ယောက်က အခုတော့ မိန်းကလေးတစ်ယောက်ကြောင့် ရန်သူတွေလို ဖြစ်နေကြသည်

"Aww နင်က Jennieရဲ့ ရုပ်ကို ကြည့်ပြီး ကြိုက်တာ မဟုတ်လား..."

Joohyunကို ကြည့်ပြီး Jisoo မေးထောက်ပြောတော့ Joohyunမှာ မျက်မှောင်ကြုတ်သွားတယ်

"ငါ အဲ့လို ပြောလို့လား "

"သူ့ကို ဘာလို့ကြိုက်တယ်ဆိုတာ အကြောင်းပြချက် မပေးနိုင်ကတည်းက သူ့ရုပ်ကြည့်ပြီး ကြိုက်တယ်ဆိုတာ သိသာတယ်လေ "

"အဟက် လူတိုင်း သူ့ရုပ်နဲ့ personality ကြောင့် သဘောကျနိုင်တာဘဲလေ "

"ဒါပေမယ့် သူက ငါ့အပိုင် သူ့ကို ဘယ်သူ့လက်ထဲမှ အပါမခံနိုင်ဘူးဆိုတာ လူတိုင်းကို သိစေချင်တယ် အထူးသဖြင့် ငါ့အမ ဝမ်းကွဲဖြစ်တဲ့ နင် "

"Lol သူက နင့်အပိုင် ဟုတ်လား...သူက နင့်အပိုင် မဟုတ်တော့ဘူးဆိုတာ ဘယ်တော့မှ နင် လက်ခံနိုင်မှာလည်း...အိမ်မက်မက်နေတဲ့ နင့်ကို စိတ်မကောင်းလိုက်တာ Jisooရယ် "

"ဒါဆိုရင် နင်ကရော သူက နင့်ကို ဘယ်တော့မှ ပြန်မကြိုက်ဘူးဆိုတဲ့ အချက်ကို ဘာလို့ လက်မခံသေးတာလည်း "

Jennieကတော့ Jisooတို့ကို ငြိမ်လှပြီထင်နေပေမယ့် Jisooတို့ကတော့ အချင်းချင်း စကားလုံးတွေနဲ့ ထိုးစစ်ဆင်နေ တိုက်ခိုက်နေကြသည်

"Jennieကို ငါ့အပိုင်ဖြစ်အောင် လုပ်ပြမယ် စောင့်ကြည့်နေ Kim Jisoo "

"နင် ပါးစပ်ပိတ်ပြီး ငါတို့နားက ထွက်သွားပေးလို့မရဘူးလား Joohyun "

"Neverဘဲ Jisoo. ..သူက နင့်ရည်းစားဟောင်းလေ ဘာမှမသက်ဆိုင်တော့လို့ ငါ့ကို နင် လာတားစရာမလိုဘူး ...ပြီးတော့ သူက နင့်ကို စိတ်ဆိုးပြီး တွန်းထုတ်နေတာ မဟုတ်ဘူးလား "

"ငါတို့အကြောင်းကို နင် ဘာမှမသိပါဘူး Joohyun "

"ကဲ အလုပ်ရှိသေးလို့ ငါ သွားတော့မယ် bye "

Joohyun ထရပ်ပြီး Jennieဆီ သွားလိုက်သည်

"Jen. ငါ ပြန်တော့မယ်နော် အလုပ်ရှိသေးလို့ .."

"Joohyunnie. .."

"မနက်ဖြန်ကျ ပြန်လာခဲ့မယ်နော် "

"ရပါတယ် အလုပ်များနေတာကို တကူးတကမလာပါနဲ့ "

Jennie ရဲ့ စကားကြောင့် Joohyun ပြုံးလိုက်သည်

"Jen အတွက်ဆို အချိန်ရအောင်ပေးချင်တယ် "

Joohyun စကားကြောင့် Jennie ပြုံးလိုက်စဥ် Joohyunမှာ Jennieရဲ့ ပါးဖောင်းဖောင်းလေးကို ရွတ်ခနဲနမ်းလိုက်သည်

Joohyun အပြုအမူကြောင့် Jennie ရှက်ပြီး မျက်နှာလေး နီရဲသွားပေမယ့် Jisooကတော့ ဒေါသထွက်ပြီး အံကို ကြိတ်ထားလေသည်

"သွားပြီနော် Jen see u. ..."

Jennieမှာ ဘာမှပြန်မပြောနိုင်ဘဲ မျက်လုံးအဝိုင်းသားနဲ့ သူမရင်ဘတ်ကို ကိုင်ကာ ကျောက်ရုပ်လိုဖြစ်နေသည်

Jennie ထိုသို့ ဖြစ်နေတာကို Jisoo မကြိုက်ပေ

သို့သော်လည်း Jisooက ဘာလုပ်နိုင်မှာလည်း သူမက Jennieကို အသည်းခွဲပြီး နှိပ်စက်ခဲ့တော့ complain မတတ်ရဲဘူးလေ.....

အခုပုံစံအရဆို....Jennie တစ်ယောက် Joohyun ကို ကြိုက်သွားခဲ့ရင်...Jisooအတွက် ပွဲသိမ်းသွားပြီလေ....

#Tbc

#Zawgyi

"Jen. ..."

႐ုတ္တရက္ ဆိုင္ထဲ ဝင္လာတဲ့ Joohyunေၾကာင့္ Jennieမွာ Jisooကို တြန္းလႊတ္လိုက္သည္

"အာ Joohyunnie ထင္သလို မဟုတ္ဘူးေနာ္ "

Jennieမွာ Joohyun အထင္မလြဲေအာင္ အျမန္ေျဖရွင္းေပမယ့္ Jisooကေတာ့ မ်က္ေမွာင္ၾကဳတ္ကာ Joohyunနဲ႕ Jennieကို ၾကည့္ေနသည္

Joohyunလည္း သက္ျပင္းခ်ၿပီး Jennieဆီ ေလွ်ာက္လာေတာ့ Jisooမွာ Jennie ေရွ႕က ပိတ္ရပ္လိုက္သည္

"ဘာလုပ္တာလည္း Dude. ..ငါက နင့္လို သူ႕ကို နာက်င္ေအာင္ မလုပ္ဘူး ဖယ္ "

"Jennie လုံၿခဳံေရးအရ မဖယ္နိုင္ဘူး "

Jisooရဲ႕ စကားေၾကာင့္ Joohyunမွာ ရယ္လိုက္သည္

"အမေလး သူခိုးက လူျပန္ဟစ္ေနတယ္ အႏၱရာယ္ ရွိေအာင္ လုပ္မယ့္သူက နင္ ...
ငါမဟုတ္ဘူး Jisoo "

Jisooကို လက္ညိုးထိုးၿပီး Joohyun ေျပာလိုက္သည္

"နင္က ဘာသိလို႔ ငါ့လာေျပာေနတာလည္း "

Joohyun ရဲ႕ အင္က်ီေကာ္လံကို ေဆာင့္ဆြဲၿပီး Jisoo ရန္လုပ္လိုက္သည္

"ဘာမွမသိဘူး ဟုတ္လား နင္က asshole ဆိုတာ ငါသိတယ္ Jisoo "

Joohyunေျပာၿပီး Jisooကို ေဆာင့္တြန္းလိုက္သည္

"Fuck. .."

Jisoo ျပန္ရန္လုပ္မယ္လုပ္ေတာ့ Jennieမွာ ဝင္တားရသည္

"ေတာ္ၾကပါေတာ့ ဒီေနရာမွာ လာရန္ျဖစ္မေနနဲ႕ ငါ အလုပ္ျဖဳတ္ခံရလိမ့္မယ္ "

"Sorry "

Jisooနဲ႕ Joohyun ႏွစ္ေယာက္မွာ ၿပိဳင္တူေတာင္းပန္ၿပီး Jennieရဲ႕ ပခုံးႏွစ္ဖက္ကို ၿပိဳင္တူ ကိုင္လိုက္ၾကသည္

"Yah Jendeuk ပခုံးေပၚက နင့္လက္ကို ဖယ္စမ္း Joohyun "

"နင္လည္း ဖယ္ေလ အံ့ၾသဘ "

Jennieမွာ သူ႕ေရွ႕ ကေလးဆန္ဆန္ႏွစ္ေယာက္ကို ၾကည့္ၿပီး ေခါင္းခါကာ သက္ျပင္းခ်လိဳက္သည္

"ဒီမွာ နင္တို႔ႏွစ္ေယာက္ ကေလးဆန္ဆန္ ရန္ျဖစ္ၾကမယ္ဆို ဆိုင္ထဲက ထြက္သြားၾက ငါ့လာဆြဲမထည့္နဲ႕ "

"Sorryပါ Jenရယ္ ငါ ဒီကိုလာတာ ရန္ျဖစ္ဖို႔ မဟုတ္ပါဘူး ဒီတိုင္း နင့္ကို သတိရလို႔လာခဲ့တာပါ "

Joohyunက ေတာင္းပန္ေတာ့ Jennieမွာ ၿပဳံးလိုက္သည္

"ရပါတယ္ Joohyunnie. ..ဒီတိုင္း Jenက အလုပ္မ်ားၿပီး နည္းနည္းပင္ပန္းေနလို႔ "

"ငါ ကူညီေပးရမလား "

"မလိုပါဘူး ငါ သူ႕ကို ကူညီေပးေနတာ နင့္အကူအညီမလိုဘူး "

"ငါက Jennieကို ေမးတာ နင့္ကို မေမးဘူး Jisoo "

"ကဲပါ ရန္မျဖစ္ၾကပါနဲ႕ေတာ့ ႏွစ္ေယာက္လုံး ကူညီေပးၾက ဟုတ္ၿပီလား ရန္ျဖစ္ရင္ေတာ့ ဆိုင္က ဆြဲထုတ္မယ္ "

ႏွစ္ေယာက္လုံးကို ဘယ္လိုမွ ေျပာမရမယ့္အတူတူ သူမကို ကူညီခိုင္းဖို႔ Jennie ဆုံးျဖတ္လိုက္တယ္

********

"ဟဲ့ လႊတ္ေလ ဒါ ငါ အရင္ကိုင္တာ "

Joohyunမွာ သူ႕လင္ဗန္းကို လာယူတဲ့ Jisooကို ရန္လုပ္လိုက္သည္

Jisooကလည္း လင္ဗန္းကို မလႊတ္ဘဲ Joohyunကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္ေနသည္

"ငါ့ေနာက္ လိုက္ၿပီး ငါလုပ္သမွ် လိုက္လုပ္မေနနဲ႕ Joohyun "

သူမနဲ႕ အတူတူ စားပြဲတစ္ခုတည္းကို အဝတ္နဲ႕သုတ္ေနတဲ့ Joohyunကို Jisoo ျပန္ၿပီး ရန္လုပ္ျပန္သည္

Jennieမွာ Joohyunတို႔ကို ၾကည့္ၿပီး သက္ျပင္းသာ အႀကိမ္ႀကိမ္ခ်မိေနေတာ့သည္

"Yah Joohyun "

"ဘာတုံး "

"ကဲ ေတာ္ၾကပါေတာ့ နင္တို႔အသက္ ဘယ္ေလာက္ရွိေနၿပီလည္း "

"24 "

"25"

"အသက္က ႏွစ္ဆယ္ေက်ာ္ေနၿပီကို မူႀကိဳကေလးေတြလို ရန္ျဖစ္မေနၾကပါနဲ႕ေတာ့ အကူအညီရမလား ေအာက္ေမ့ပါတယ္ ငါ့ကို ေခါင္းကိုက္ေအာင္ ပိုလုပ္ေနၾကတာဘဲ ...သြား ဆိုင္ထဲက ထြက္သြားၾကပါေတာ့ "

"Miyanhae "

"Sorry "

************

Jennieက သူမတို႔ကို ဆူလိုက္ေသာေၾကာင့္ ေခ်ာင္က်တဲ့ စားပြဲခုံတြင္ Joohyunနဲ႕ Jisooမွာ Menuကို အလြတ္ရေအာင္ ထိုင္ဖတ္ေနၾကသည္

Jennieကို ကူညီေပးခ်င္ေပမယ့္ Jennieမွာ ထိုင္ခုံတြင္ ၿငိမ္ၿငိမ္မထိုင္တဲ့သူကို ဆိုင္က ကန္ထုတ္မယ္လို႔ ရာဇသံေပးထားလို႔ Jisooတို႔မွာ ၿငိမ္ေနရသည္

"ဘာလို႔ Jennieကို ႀကိဳက္တာလည္း "

"ဘာလို႔ ငါက ေျဖရမွာလည္း Jisoo "

Joohyun မဲ့ၿပဳံးၿပဳံးၿပီး ေျပာေတာ့ Jisoo တိတ္ဆိတ္သြားတယ္

အရင္က အရမ္းခ်စ္ၾကတဲ့ ညီအမႏွစ္ေယာက္က အခုေတာ့ မိန္းကေလးတစ္ေယာက္ေၾကာင့္ ရန္သူေတြလို ျဖစ္ေနၾကသည္

"Aww နင္က Jennieရဲ႕ ႐ုပ္ကို ၾကည့္ၿပီး ႀကိဳက္တာ မဟုတ္လား..."

Joohyunကို ၾကည့္ၿပီး Jisoo ေမးေထာက္ေျပာေတာ့ Joohyunမွာ မ်က္ေမွာင္ၾကဳတ္သြားတယ္

"ငါ အဲ့လို ေျပာလို႔လား "

"သူ႕ကို ဘာလို႔ႀကိဳက္တယ္ဆိုတာ အေၾကာင္းျပခ်က္ မေပးနိုင္ကတည္းက သူ႕႐ုပ္ၾကည့္ၿပီး ႀကိဳက္တယ္ဆိုတာ သိသာတယ္ေလ "

"အဟက္ လူတိုင္း သူ႕႐ုပ္နဲ႕ personality ေၾကာင့္ သေဘာက်နိဳင္တာဘဲေလ "

"ဒါေပမယ့္ သူက ငါ့အပိုင္ သူ႕ကို ဘယ္သူ႕လက္ထဲမွ အပါမခံနိုင္ဘူးဆိုတာ လူတိုင္းကို သိေစခ်င္တယ္ အထူးသျဖင့္ ငါ့အမ ဝမ္းကြဲျဖစ္တဲ့ နင္ "

"Lol သူက နင့္အပိုင္ ဟုတ္လား...သူက နင့္အပိုင္ မဟုတ္ေတာ့ဘူးဆိုတာ ဘယ္ေတာ့မွ နင္ လက္ခံနိုင္မွာလည္း...အိမ္မက္မက္ေနတဲ့ နင့္ကို စိတ္မေကာင္းလိုက္တာ Jisooရယ္ "

"ဒါဆိုရင္ နင္ကေရာ သူက နင့္ကို ဘယ္ေတာ့မွ ျပန္မႀကိဳက္ဘူးဆိုတဲ့ အခ်က္ကို ဘာလို႔ လက္မခံေသးတာလည္း "

Jennieကေတာ့ Jisooတို႔ကို ၿငိမ္လွၿပီထင္ေနေပမယ့္ Jisooတို႔ကေတာ့ အခ်င္းခ်င္း စကားလုံးေတြနဲ႕ ထိုးစစ္ဆင္ေန တိုက္ခိုက္ေနၾကသည္

"Jennieကို ငါ့အပိုင္ျဖစ္ေအာင္ လုပ္ျပမယ္ ေစာင့္ၾကည့္ေန Kim Jisoo "

"နင္ ပါးစပ္ပိတ္ၿပီး ငါတို႔နားက ထြက္သြားေပးလို႔မရဘူးလား Joohyun "

"Neverဘဲ Jisoo. ..သူက နင့္ရည္းစားေဟာင္းေလ ဘာမွမသက္ဆိုင္ေတာ့လို႔ ငါ့ကို နင္ လာတားစရာမလိုဘူး ...ၿပီးေတာ့ သူက နင့္ကို စိတ္ဆိုးၿပီး တြန္းထုတ္ေနတာ မဟုတ္ဘူးလား "

"ငါတို႔အေၾကာင္းကို နင္ ဘာမွမသိပါဘူး Joohyun "

"ကဲ အလုပ္ရွိေသးလို႔ ငါ သြားေတာ့မယ္ bye "

Joohyun ထရပ္ၿပီး Jennieဆီ သြားလိုက္သည္

"Jen. ငါ ျပန္ေတာ့မယ္ေနာ္ အလုပ္ရွိေသးလို႔ .."

"Joohyunnie. .."

"မနက္ျဖန္က် ျပန္လာခဲ့မယ္ေနာ္ "

"ရပါတယ္ အလုပ္မ်ားေနတာကို တကူးတကမလာပါနဲ႕ "

Jennie ရဲ႕ စကားေၾကာင့္ Joohyun ၿပဳံးလိုက္သည္

"Jen အတြက္ဆို အခ်ိန္ရေအာင္ေပးခ်င္တယ္ "

Joohyun စကားေၾကာင့္ Jennie ၿပဳံးလိုက္စဥ္ Joohyunမွာ Jennieရဲ႕ ပါးေဖာင္းေဖာင္းေလးကို ႐ြတ္ခနဲနမ္းလိုက္သည္

Joohyun အျပဳအမူေၾကာင့္ Jennie ရွက္ၿပီး မ်က္ႏွာေလး နီရဲသြားေပမယ့္ Jisooကေတာ့ ေဒါသထြက္ၿပီး အံကို ႀကိတ္ထားေလသည္

"သြားၿပီေနာ္ Jen see u. ..."

Jennieမွာ ဘာမွျပန္မေျပာနိုင္ဘဲ မ်က္လုံးအဝိုင္းသားနဲ႕ သူမရင္ဘတ္ကို ကိုင္ကာ ေက်ာက္႐ုပ္လိုျဖစ္ေနသည္

Jennie ထိုသို႔ ျဖစ္ေနတာကို Jisoo မႀကိဳက္ေပ

သို႔ေသာ္လည္း Jisooက ဘာလုပ္နိုင္မွာလည္း သူမက Jennieကို အသည္းခြဲၿပီး ႏွိပ္စက္ခဲ့ေတာ့ complain မတတ္ရဲဘူးေလ.....

အခုပုံစံအရဆို....Jennie တစ္ေယာက္ Joohyun ကို ႀကိဳက္သြားခဲ့ရင္...Jisooအတြက္ ပြဲသိမ္းသြားၿပီေလ....

#Tbc

Bạn đang đọc truyện trên: Truyen3h.Co