Truyen3h.Co

CEO Kim

Part 34

KimFany059

#unicode

ရင်းနှီးတဲ့ ကားပါကင်တစ်ခုတွင် Jisoo တစ်ယောက် သီချင်းလေး ညည်းပြီး ကားပါကင်ထိုးနေသည်

Jennieရဲ့ ဂျူတီပြီးရင် လျှောက်လည်ဖို့ ခေါ်ရမယ်လို့ တွေးရင်း Jisoo သူမ ကားခါးပတ်ကို ဖြုတ်လိုက်သည်

ကားပေါ်က ဆင်းဆင်းချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် Jisooရဲ့ အသည်းပုံနှုတ်ခမ်းပေါ်က အပြုံးတွေ ပျောက်ကွယ်သွားသည်

Cafeဆိုင်ထဲတွင် Jennieနဲ့ Joohyunက မျက်နှာချင်းဆိုင် ထိုင်ကြပြီး စကားပြောရင်း ရယ်မောနေကြသည်

Joohyun နဲ့ စကားပြောရင်း ဖြစ်ပေါ်လာတဲ့ Jennie ရဲ့ အပြုံးတွေကို Jisoo ငေးကြည့်နေမိသည်

Jisoo စိတ်ပြောင်းသွားပြီး ကားပေါ်ကို ပြန်တက်လိုက်သည်

ဒီစိတ်အခြေအနေနဲ့ဆို Joohyunနဲ့ ထိပ်တိုက်တွေ့လို့ မဖြစ်ပေ....ရန်ဖြစ်နေမိမှာ.....Joohyunနဲ့ ရန်ထပ်ဖြစ်ရင် Jennieက သူမကို ပိုမုန်းသွားမှာ Jisoo သိနေသည်

Jisooမှာ စိတ်လှုပ်ရှားနေတဲ့ Jennie. ...သူမရဲ့ အပြုံးကို ဖန်တီးပေးနိုင်သူ တစ်ယောက်တည်းသာ ဖြစ်ချင်မိသည်

Jisoo သူမနှုတ်ခမ်းကို ဖိကိုက်ထားပြီး ပါးပေါ်ကျဆင်းလာတဲ့ မျက်ရည်တွေကို သုတ်လိုက်သည်

Jisoo သူမရဲ့ စိတ်ကို ပြောင်းလိုက်ပြီး ကားပေါ်ကို ပြန်တက်သွားသည်

ယခု စိတ်အခြေအနေနဲ့ cafeဆိုင်ထဲ ဝင်ရင် Joohyunနဲ့ သေချာပေါက် ရန်ဖြစ်ရမည်

ရန်ဖြစ်လျှင် Jennieက သူမကို ပိုမုန်းသွားမှာ သေချာလို့ Jisoo ကားပေါ်တွင် တိတ်ဆိတ်နေမိသည်

မနာလိုမှုတွေ နာကျင်မှုတွေကို Jisoo စိတ်ထိန်းထားပေမယ့် ပေါက်ကွဲလာသောကြောင့် ကားလက်ကိုင်ကို တဘုန်းဘုန်းနဲ့ ထုလေသည်

Jisooရဲ့ အားအင်တွေ ကုန်သွားသလို ခံစားရသည်......အခန်းတံခါး ပိတ်ပြီး အခန်းထဲအောင်းကာ အရက်တွေသောက်ရင်း လေလွင့်ချင်မိသည်။

သို့သော်လည်း.....Company ရှိနေသောကြောင့် သူမစိတ်ကို လျော့ပြီး companyကိုသာ မောင်းထွက်လာသည်

"ငါ မုန်းပေမယ့်လည်း သွားရတော့မယ် Jenရေ..."

Joohyunမှာ သူမရဲ့ နာရီကို ကြည့်ရင်း ပြောလိုက်သည်

"အော် အင်းပါ နောက်မှ ထပ်တွေ့မယ်လေ Joohyunnie "

Jennie သူမရဲ့ ဆံပင်တွေကို သပ်တင်ရင်း ပြောလိုက်သည်

"အင်း တစ်ပတ်လောက်တော့ ကြာမယ်ထင်တယ်..."

Joohyun စိတ်မကောင်းတဲ့ အသံလေးနဲ့ ပြောတော့ Jennie မျက်မှောင်ကြုတ်သွားတယ်

"ဘာလို့လည်း "

"Daeguကို တစ်ခုခုအတွက် ငါ ပြန်သွားရမှာ Jenရ "

"အော် ဒါဆိုလည်း ဂရုစိုက်နော် Joohyunnie "

Jennieကို စိုက်ကြည့်ရင်း Joohyun ပြောလိုက်သည်

Jennie မျက်နှာပေါ် ဝမ်းနည်းမှုတွေကို မြင်ရမလားလို့ Joohyun အကဲခတ်နေပေမယ့် ဘာအရိပ်အယောင်မှ မတွေ့ရသောကြောင့် Joohyun စိတ်မကောင်းဖြစ်သွားတယ်

Joohyun မှာ စကားပြောပြီး ပြန်သွားသောအခါ Jennie စားပွဲခုံတွေကို သုတ်ရင်း တံခါးကို လှမ်းလှမ်းကြည့်နေမိသည်

သို့သော်လည်း ယခုထိ Jisooရဲ့ အရိပ်အယောင်ကို မမြင်ရသောကြောင့် Jennie သက်ပြင်းချမိသည်

"မဟုတ်ဘူး ငါ Jisooကို မျှော်နေတာ မဟုတ်ဘူး ...မဟုတ်သေးပါဘူး ခါတိုင်းဆို ဒီချိန် သူ လာနေကြပါ....အာ သူက သူ့ချစ်လှစွာသော Companyရဲ့ CEOလေ Jennie Kimရ.... အားယားနေတာ မဟုတ်ဘူး ...အဲ့ Companyက ငါ့ထက် အရေးပါလို့ companyကိုဘဲ ရွေးချယ်သွားခဲ့တာလေ...ဘာတွေ မျှော်လင့်နေတာလည်း.... "

Jennie သူ့ကိုယ်သူ သတိပေးရင်း လုပ်စရာရှိတဲ့ အလုပ်တွေ ဆက်လုပ်နေသည်

Jennie dutyသာ ပြီးသွားသည်...Jisooရဲ့ အရိပ်အယောင်ကို မမြင်ရသေးပေ.....

*******

"Americano တစ်ခွက်...."

"သုံးဒေါ်လာပါရှင့် "

Jennie ဇက်ကြောတွေတက်ပြီး ပင်ပန်းနေပေမယ့် သူမရဲ့ ဇက်ကို လက်နဲ့နှိပ်ပြီး နောက် customer တွေကို စောင့်နေသည်

"Jendeuk အဆင်ပြေရဲ့လား "

Jisooရဲ့ အသံကြောင့် Jennie ပျော်သွားပေမယ့် ချက်ချင်း ရုပ်တည်လိုက်ပြီး Jisooကို မုန်းတဲ့ပုံစံနဲ့ မျက်မှောင်ကြုတ်ကာ

"ဒီကို ဘာလာလုပ်တာလည်း "

သူမရှေ့က Jisooကို မေးလိုက်သည်

ဒီတစ်ခါတော့ Jisooမှာ suit ဝတ်စုံဝတ်ထားပြီး လက်မှာလည်း လက်ဆွဲအိတ်တစ်ခုပါနေသည်

"ဟီး ဒီနေ့တော့ Jendeukie ကို မကူညီနိုင်တော့ဘူးထင်တယ် ငါ ဒီမှာ အလုပ်ကိစ္စနဲ့ ချိန်းထားတာ ရှိလို့ "

"ဘာလို့ ဒီနေရာကို လာချိန်းရတာလည်း "

"ဒါမှ Jendeukie ရဲ့ မျက်နှာလေးကို မြင်ရမှာလေ...."

Jisooရဲ့ စကားကြောင့် Jennieဗိုက်ထဲ လိပ်ပြာတွေ အကောင်လိုက် ဝဲသွားသလို ခံစားရသည်

"ငါ့အတွက် Black coffee တစ်ခွက်နော်...Jendeuk... "

Jisooကို Jennie ကြည့်လိုက်တော့ Jisoo မျက်ကွင်းညိုပြီး နှုတ်ခမ်းကလည်း ခြောက်နေတာကို သတိထားမိသည်

"ကျစ် ညမအိပ်ဘဲ အလုပ်လုပ်နေတာလားမသိဘူး..."

Jennie စိတ်ထဲကနေ တွေးနေမိသည်

Jisoo လွတ်နေတဲ့ ခုံမှာ ဝင်ထိုင်ပြီး အိတ်ထဲတွင် ပါလာသော laptopကို  ထုတ်ပြီး အလုပ်များနေသည်

Black coffeeရတော့ Jennie မှာ Jisoo ဆီ သွားပေးလေသည်

"Gomawo Jendeukie "

ကော်ဖီခွက်ချပေးပြီးသော်လည်း Jennieက မသွားသေးဘဲ ရပ်နေသောကြောင့် Jennieကို Jisoo မော့ကြည်လာသည်

"ဘာဖြစ်လို့လည်း Jendeuk "

"ရော့ ဒီနှုတ်ခမ်းအဆီဆိုးထား မဟုတ်ရင် နှုတ်ခမ်းကွဲလိမ့်မယ် နင့်နှုတ်ခမ်းက ခြောက်ကပ်လို့ "

Jennie ပြောပြီး ထွက်သွားတော့ Jisooမှာ နှုတ်ခမ်းနီလေးကို ကိုင်ပြီး ပြုံးမိနေသည်

"အဲ့တာကို cancel ဖို့ ငါ ပြောနေတယ်လေ ငါ့မှယ အရေးကြီးတာတွေ လုပ်စရာရှိသေးတယ် "

Jisoo အသံတိုးတိုးလေး ပြောပြီး စားပွဲခုံတွေ လိုက်သုတ်နေတဲ့ Jennieကို လှမ်းကြည့်မိသည်

"Miss Kim. ..Hello "

Jennieကို ဘယ်လောက်တောင် ငေးကြည့်မိသည်မသိ တစ်ဖက်က ပြောနေတဲ့ စကားတွေကို Jisooမှာ မသိတော့သလို ပြန်လည်းမဖြေနိုင်ပေ

"Hello Miss Kim "

"အေး ပြော..."

နောက်တစ်ခေါက်ထပ်ခေါ်မှ Jisoo သတိပြန်ဝင်လာသည်

"အတွင်းရေးမှူးအသစ်လေ ကျွန်တော် ငှား..."

"နင့်ကို ငှားလို့ ဘယ်သူက ပြောလို့လည်း "

"မဟုတ်ပါဘူး ငှားသင့်တယ်ထင်လို့ပါ "

"နင့်ရဲ့ ထင်မြင်ယူဆချက်ကို ငါမေးလို့လား"

"တောင်း တောင်းပန်ပါတယ်..."

Jisoo ဘာမှထပ်မပြောတဲ့ ဖုန်းချလိုက်သည်

ထို့နောက် Jennieကို လှမ်းကြည့်တော့ Jennieမှာ Ice americano တစ်ခွက်ကို ဗန်းနဲ့သယ်လာသည်

ထိုစဉ် ကောင်လေးတစ်ယောက်မှာ အလျင်လိုပြီး Jennie ကို ဝင်တိုက်မိသွားသည်

ခွမ်း...

Jennieမှာ လဲကျသွားပြီး Ice americano ခွက်ကလည်း ကျကွဲသွားသည်

Jisooမှာ ထိုင်ရာက အမြန် ထပြီး Jennieဆီ ပြေးသွားကာ ဆွဲထူလိုက်သည်

"အဆင်ပြေလား Jen "

"တောင်းပန်ပါတယ် မမြင်လိုက်လို့ "

"မမြင်ရအောင် နင် မျက်လုံးက ဘာဖြစ်နေလို့လည်း တော်သေးတာပေါ့ ကော်ဖီက အပူမဟုတ်လို့...."

"Jisooရယ် သူက တောင်းပန်နေပြီကို ပြဿနာပိုကြီးအောင် မလုပ်ပါနဲ့ဟာ... ရပါတယ်နော် မောင်လေး အမ ဘာမှမဖြစ်ဘူးရယ်  "

Jennieမှာ Jisooကို ပြောပြီး ကောင်လေးကို ပြောတော့ ကောင်လေးမှာ Jennieကို ခေါင်းငုံ့ကာ တောင်းပန်ပြီး ထွက်သွားသည်

Jisooမှာ ဖန်ကွဲစတွေ  လိုက်ကောက်နေတုံး Jennieမှာ ခုနဖြစ်သွားတဲ့ ဆူပူမှုအတွက် customer တွေကို တောင်းပန်လိုက်သည်

ထို့နောက် Jennie ကောင်တာထဲ ဝင်သွားတော့ Jisooမှာ Jennie နောက်လိုက်သွားသည်

"Jen. ..ရော့ ဒီ hoodieလေး ဝတ်ထား.... နင့် uniform က ကော်ဖီတွေ ပေကုန်ပြီ..."

Jisoo သူ့အိတ်ထဲက hoodie တစ်ထည်ထုတ်ပြီး Jennieကို ပေးလိုက်သည်

" ကျေးဇူး "

"ကျေးဇူးတင်စရာမလိုပါဘူး ငါ နင့်ကို ချစ်တယ် Jendeukie "

ကျေးဇူးပြုပြီး တော်ပါတော့ Jisooရယ်...နင့်ရဲ့ gameတွေထဲ ငါ ဆက်ပြီး မပါချင်တော့ဘူး......

Jennie သက်ပြင်းချလိုက်သည်....သူမ ကိုယ်တိုင်လည်း Jisooကြောင့် တင်းခံထားတဲ့ စိတ်တွေ ရှုပ်ထွေးနေသည်......

#tbc

#zawgyi

ရင္းႏွီးတဲ့ ကားပါကင္တစ္ခုတြင္ Jisoo တစ္ေယာက္ သီခ်င္းေလး ညည္းၿပီး ကားပါကင္ထိုးေနသည္

Jennieရဲ႕ ဂ်ဴတီၿပီးရင္ ေလွ်ာက္လည္ဖို႔ ေခၚရမယ္လို႔ ေတြးရင္း Jisoo သူမ ကားခါးပတ္ကို ျဖဳတ္လိုက္သည္

ကားေပၚက ဆင္းဆင္းခ်င္း ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ Jisooရဲ႕ အသည္းပုံႏႈတ္ခမ္းေပၚက အၿပဳံးေတြ ေပ်ာက္ကြယ္သြားသည္

Cafeဆိုင္ထဲတြင္ Jennieနဲ႕ Joohyunက မ်က္ႏွာခ်င္းဆိုင္ ထိုင္ၾကၿပီး စကားေျပာရင္း ရယ္ေမာေနၾကသည္

Joohyun နဲ႕ စကားေျပာရင္း ျဖစ္ေပၚလာတဲ့ Jennie ရဲ႕ အၿပဳံးေတြကို Jisoo ေငးၾကည့္ေနမိသည္

Jisoo စိတ္ေျပာင္းသြားၿပီး ကားေပၚကို ျပန္တက္လိုက္သည္

ဒီစိတ္အေျခအေနနဲ႕ဆို Joohyunနဲ႕ ထိပ္တိုက္ေတြ႕လို႔ မျဖစ္ေပ....ရန္ျဖစ္ေနမိမွာ.....Joohyunနဲ႕ ရန္ထပ္ျဖစ္ရင္ Jennieက သူမကို ပိုမုန္းသြားမွာ Jisoo သိေနသည္

Jisooမွာ စိတ္လႈပ္ရွားေနတဲ့ Jennie. ...သူမရဲ႕ အၿပဳံးကို ဖန္တီးေပးနိုင္သူ တစ္ေယာက္တည္းသာ ျဖစ္ခ်င္မိသည္

Jisoo သူမႏႈတ္ခမ္းကို ဖိကိုက္ထားၿပီး ပါးေပၚက်ဆင္းလာတဲ့ မ်က္ရည္ေတြကို သုတ္လိုက္သည္

Jisoo သူမရဲ႕ စိတ္ကို ေျပာင္းလိုက္ၿပီး ကားေပၚကို ျပန္တက္သြားသည္

ယခု စိတ္အေျခအေနနဲ႕ cafeဆိုင္ထဲ ဝင္ရင္ Joohyunနဲ႕ ေသခ်ာေပါက္ ရန္ျဖစ္ရမည္

ရန္ျဖစ္လွ်င္ Jennieက သူမကို ပိုမုန္းသြားမွာ ေသခ်ာလို႔ Jisoo ကားေပၚတြင္ တိတ္ဆိတ္ေနမိသည္

မနာလိုမႈေတြ နာက်င္မႈေတြကို Jisoo စိတ္ထိန္းထားေပမယ့္ ေပါက္ကြဲလာေသာေၾကာင့္ ကားလက္ကိုင္ကို တဘုန္းဘုန္းနဲ႕ ထုေလသည္

Jisooရဲ႕ အားအင္ေတြ ကုန္သြားသလို ခံစားရသည္......အခန္းတံခါး ပိတ္ၿပီး အခန္းထဲေအာင္းကာ အရက္ေတြေသာက္ရင္း ေလလြင့္ခ်င္မိသည္။

သို႔ေသာ္လည္း.....Company ရွိေနေသာေၾကာင့္ သူမစိတ္ကို ေလ်ာ့ၿပီး companyကိုသာ ေမာင္းထြက္လာသည္

"ငါ မုန္းေပမယ့္လည္း သြားရေတာ့မယ္ Jenေရ..."

Joohyunမွာ သူမရဲ႕ နာရီကို ၾကည့္ရင္း ေျပာလိုက္သည္

"ေအာ္ အင္းပါ ေနာက္မွ ထပ္ေတြ႕မယ္ေလ Joohyunnie "

Jennie သူမရဲ႕ ဆံပင္ေတြကို သပ္တင္ရင္း ေျပာလိုက္သည္

"အင္း တစ္ပတ္ေလာက္ေတာ့ ၾကာမယ္ထင္တယ္..."

Joohyun စိတ္မေကာင္းတဲ့ အသံေလးနဲ႕ ေျပာေတာ့ Jennie မ်က္ေမွာင္ၾကဳတ္သြားတယ္

"ဘာလို႔လည္း "

"Daeguကို တစ္ခုခုအတြက္ ငါ ျပန္သြားရမွာ Jenရ "

"ေအာ္ ဒါဆိုလည္း ဂ႐ုစိုက္ေနာ္ Joohyunnie "

Jennieကို စိုက္ၾကည့္ရင္း Joohyun ေျပာလိုက္သည္

Jennie မ်က္ႏွာေပၚ ဝမ္းနည္းမႈေတြကို ျမင္ရမလားလို႔ Joohyun အကဲခတ္ေနေပမယ့္ ဘာအရိပ္အေယာင္မွ မေတြ႕ရေသာေၾကာင့္ Joohyun စိတ္မေကာင္းျဖစ္သြားတယ္

Joohyun မွာ စကားေျပာၿပီး ျပန္သြားေသာအခါ Jennie စားပြဲခုံေတြကို သုတ္ရင္း တံခါးကို လွမ္းလွမ္းၾကည့္ေနမိသည္

သို႔ေသာ္လည္း ယခုထိ Jisooရဲ႕ အရိပ္အေယာင္ကို မျမင္ရေသာေၾကာင့္ Jennie သက္ျပင္းခ်မိသည္

"မဟုတ္ဘူး ငါ Jisooကို ေမွ်ာ္ေနတာ မဟုတ္ဘူး ...မဟုတ္ေသးပါဘူး ခါတိုင္းဆို ဒီခ်ိန္ သူ လာေနၾကပါ....အာ သူက သူ႕ခ်စ္လွစြာေသာ Companyရဲ႕ CEOေလ Jennie Kimရ.... အားယားေနတာ မဟုတ္ဘူး ...အဲ့ Companyက ငါ့ထက္ အေရးပါလို႔ companyကိုဘဲ ေ႐ြးခ်ယ္သြားခဲ့တာေလ...ဘာေတြ ေမွ်ာ္လင့္ေနတာလည္း.... "

Jennie သူ႕ကိုယ္သူ သတိေပးရင္း လုပ္စရာရွိတဲ့ အလုပ္ေတြ ဆက္လုပ္ေနသည္

Jennie dutyသာ ၿပီးသြားသည္...Jisooရဲ႕ အရိပ္အေယာင္ကို မျမင္ရေသးေပ.....

*******

"Americano တစ္ခြက္...."

"သုံးေဒၚလာပါရွင့္ "

Jennie ဇက္ေၾကာေတြတက္ၿပီး ပင္ပန္းေနေပမယ့္ သူမရဲ႕ ဇက္ကို လက္နဲ႕ႏွိပ္ၿပီး ေနာက္ customer ေတြကို ေစာင့္ေနသည္

"Jendeuk အဆင္ေျပရဲ႕လား "

Jisooရဲ႕ အသံေၾကာင့္ Jennie ေပ်ာ္သြားေပမယ့္ ခ်က္ခ်င္း ႐ုပ္တည္လိုက္ၿပီး Jisooကို မုန္းတဲ့ပုံစံနဲ႕ မ်က္ေမွာင္ၾကဳတ္ကာ

"ဒီကို ဘာလာလုပ္တာလည္း "

သူမေရွ႕က Jisooကို ေမးလိုက္သည္

ဒီတစ္ခါေတာ့ Jisooမွာ suit ဝတ္စုံဝတ္ထားၿပီး လက္မွာလည္း လက္ဆြဲအိတ္တစ္ခုပါေနသည္

"ဟီး ဒီေန႕ေတာ့ Jendeukie ကို မကူညီနိုင္ေတာ့ဘူးထင္တယ္ ငါ ဒီမွာ အလုပ္ကိစၥနဲ႕ ခ်ိန္းထားတာ ရွိလို႔ "

"ဘာလို႔ ဒီေနရာကို လာခ်ိန္းရတာလည္း "

"ဒါမွ Jendeukie ရဲ႕ မ်က္ႏွာေလးကို ျမင္ရမွာေလ...."

Jisooရဲ႕ စကားေၾကာင့္ Jennieဗိုက္ထဲ လိပ္ျပာေတြ အေကာင္လိုက္ ဝဲသြားသလို ခံစားရသည္

"ငါ့အတြက္ Black coffee တစ္ခြက္ေနာ္...Jendeuk... "

Jisooကို Jennie ၾကည့္လိုက္ေတာ့ Jisoo မ်က္ကြင္းညိုၿပီး ႏႈတ္ခမ္းကလည္း ေျခာက္ေနတာကို သတိထားမိသည္

"က်စ္ ညမအိပ္ဘဲ အလုပ္လုပ္ေနတာလားမသိဘူး..."

Jennie စိတ္ထဲကေန ေတြးေနမိသည္

Jisoo လြတ္ေနတဲ့ ခုံမွာ ဝင္ထိုင္ၿပီး အိတ္ထဲတြင္ ပါလာေသာ laptopကို  ထုတ္ၿပီး အလုပ္မ်ားေနသည္

Black coffeeရေတာ့ Jennie မွာ Jisoo ဆီ သြားေပးေလသည္

"Gomawo Jendeukie "

ေကာ္ဖီခြက္ခ်ေပးၿပီးေသာ္လည္း Jennieက မသြားေသးဘဲ ရပ္ေနေသာေၾကာင့္ Jennieကို Jisoo ေမာ့ၾကည္လာသည္

"ဘာျဖစ္လို႔လည္း Jendeuk "

"ေရာ့ ဒီႏႈတ္ခမ္းအဆီဆိုးထား မဟုတ္ရင္ ႏႈတ္ခမ္းကြဲလိမ့္မယ္ နင့္ႏႈတ္ခမ္းက ေျခာက္ကပ္လို႔ "

Jennie ေျပာၿပီး ထြက္သြားေတာ့ Jisooမွာ ႏႈတ္ခမ္းနီေလးကို ကိုင္ၿပီး ၿပဳံးမိေနသည္

"အဲ့တာကို cancel ဖို႔ ငါ ေျပာေနတယ္ေလ ငါ့မွယ အေရးႀကီးတာေတြ လုပ္စရာရွိေသးတယ္ "

Jisoo အသံတိုးတိုးေလး ေျပာၿပီး စားပြဲခုံေတြ လိုက္သုတ္ေနတဲ့ Jennieကို လွမ္းၾကည့္မိသည္

"Miss Kim. ..Hello "

Jennieကို ဘယ္ေလာက္ေတာင္ ေငးၾကည့္မိသည္မသိ တစ္ဖက္က ေျပာေနတဲ့ စကားေတြကို Jisooမွာ မသိေတာ့သလို ျပန္လည္းမေျဖနိုင္ေပ

"Hello Miss Kim "

"ေအး ေျပာ..."

ေနာက္တစ္ေခါက္ထပ္ေခၚမွ Jisoo သတိျပန္ဝင္လာသည္

"အတြင္းေရးမႉးအသစ္ေလ ကြၽန္ေတာ္ ငွား..."

"နင့္ကို ငွားလို႔ ဘယ္သူက ေျပာလို႔လည္း "

"မဟုတ္ပါဘူး ငွားသင့္တယ္ထင္လို႔ပါ "

"နင့္ရဲ႕ ထင္ျမင္ယူဆခ်က္ကို ငါေမးလို႔လား"

"ေတာင္း ေတာင္းပန္ပါတယ္..."

Jisoo ဘာမွထပ္မေျပာတဲ့ ဖုန္းခ်လိဳက္သည္

ထို႔ေနာက္ Jennieကို လွမ္းၾကည့္ေတာ့ Jennieမွာ Ice americano တစ္ခြက္ကို ဗန္းနဲ႕သယ္လာသည္

ထိုစဥ္ ေကာင္ေလးတစ္ေယာက္မွာ အလ်င္လိုၿပီး Jennie ကို ဝင္တိုက္မိသြားသည္

ခြမ္း...

Jennieမွာ လဲက်သြားၿပီး Ice americano ခြက္ကလည္း က်ကြဲသြားသည္

Jisooမွာ ထိုင္ရာက အျမန္ ထၿပီး Jennieဆီ ေျပးသြားကာ ဆြဲထူလိုက္သည္

"အဆင္ေျပလား Jen "

"ေတာင္းပန္ပါတယ္ မျမင္လိုက္လို႔ "

"မျမင္ရေအာင္ နင္ မ်က္လုံးက ဘာျဖစ္ေနလို႔လည္း ေတာ္ေသးတာေပါ့ ေကာ္ဖီက အပူမဟုတ္လို႔...."

"Jisooရယ္ သူက ေတာင္းပန္ေနၿပီကို ျပႆနာပိုႀကီးေအာင္ မလုပ္ပါနဲ႕ဟာ... ရပါတယ္ေနာ္ ေမာင္ေလး အမ ဘာမွမျဖစ္ဘူးရယ္  "

Jennieမွာ Jisooကို ေျပာၿပီး ေကာင္ေလးကို ေျပာေတာ့ ေကာင္ေလးမွာ Jennieကို ေခါင္းငုံ႕ကာ ေတာင္းပန္ၿပီး ထြက္သြားသည္

Jisooမွာ ဖန္ကြဲစေတြ  လိုက္ေကာက္ေနတုံး Jennieမွာ ခုနျဖစ္သြားတဲ့ ဆူပူမႈအတြက္ customer ေတြကို ေတာင္းပန္လိုက္သည္

ထို႔ေနာက္ Jennie ေကာင္တာထဲ ဝင္သြားေတာ့ Jisooမွာ Jennie ေနာက္လိုက္သြားသည္

"Jen. ..ေရာ့ ဒီ hoodieေလး ဝတ္ထား.... နင့္ uniform က ေကာ္ဖီေတြ ေပကုန္ၿပီ..."

Jisoo သူ႕အိတ္ထဲက hoodie တစ္ထည္ထုတ္ၿပီး Jennieကို ေပးလိုက္သည္

" ေက်းဇူး "

"ေက်းဇူးတင္စရာမလိုပါဘူး ငါ နင့္ကို ခ်စ္တယ္ Jendeukie "

ေက်းဇူးျပဳၿပီး ေတာ္ပါေတာ့ Jisooရယ္...နင့္ရဲ႕ gameေတြထဲ ငါ ဆက္ၿပီး မပါခ်င္ေတာ့ဘူး......

Jennie သက္ျပင္းခ်လိဳက္သည္....သူမ ကိုယ္တိုင္လည္း Jisooေၾကာင့္ တင္းခံထားတဲ့ စိတ္ေတြ ရႈပ္ေထြးေနသည္......

#tbc

Bạn đang đọc truyện trên: Truyen3h.Co