Part 35
#unicode
Jisooဆီက ချစ်တယ်ဆိုတဲ့ စကားကို ကြားပြီးနောက်မှာတော့ Jennie တစ်ယောက် အရင်က Jisoo သူမကို ပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်လာသည်
"နင်က သိုက်တူးသမားဘဲ
ဘယ်မျက်နှာနဲ့များ ငါ့ company မှာ လာလုပ်ရဲတာလည်း
အရှက်မရှိလိုက်တာ ဘယ်လိုမိန်းမမျိုးလည်း
Jisooက နင့်ကို ငွေမက်တဲ့ မိန်းမလို့ဘဲ မြင်တာ
Jisooက နင့်ဘက်ကို တစ်ချက်လေးတောင် မကြည့်ဘဲ သူ့ရဲ့တစ်ဖက်သတ် အမြင်နဲ့ ဆုံးဖြတ်ခဲ့တာ
ငါ နင့်အပေါ် ချစ်တဲ့စိတ် ရှိသေးတယ် ထင်ခဲ့တာ ဒါပေမယ့် ငါ အထင်နဲ့ အမြင်လွဲသွားပုံရပါတယ် နင့်လို မိန်းမမျိုးအပေါ် ဒီတစ်သက် ခံစားချက်ရှိလာမယ် မထင်ဘူး
သူ နင့်ကို ဘယ်တော့မှ ချစ်လာမှ မဟုတ်ဘူး Jennie.... သူ့မျက်လုံးထဲ နင့်ကို အမှိုက်လိုဘဲ မြင်နေတာ
ရော့ ဒီမှာ နင် တအားလိုချင်နေတဲ့ ပိုက်ဆံ ဒါတွေ ယူပြီး ထွက်သွား ဘယ်တော့မှ ငါ့ရှေ့ပေါ်မလာနဲ့
သူက နင့်ကို မုန်းနေတာ Jennie သူက နင့်ကို ဖျက်စီးခဲ့တာ Jennie. ...သူ ပြောသမျှက အလိမ်အညာချည်းဘဲ ... အဲ့တာအပြင် သူက နင့်အပေါ် ဖောက်ပြန်ခဲ့တာ
Jennie ငိုနေတာမြင်တော့ Jisoo အရမ်းလန့်သွားတယ်
"Jendeuk. ..."
Jisooက မျက်ရည်တွေ သုတ်ပေးဖို့ လုပ်တော့ Jennie မှာ ရှောင်လိုက်သည်
"ဘာလို့လည်း..."
Jisooမှာ Jennieရဲ့ မျက်နှာလေးကို ကိုင်မယ်လုပ်တော့ Jennieမှာ Jisooရဲ့ လက်ကို ရိုက်ချသည်
"Jendeukie "
"ပြောချင်သလို ငါ့ကိုပြောခဲ့ပြီးမှ ......နင် ပြောသမျှ ခံခဲ့ရတဲ့ ငါက ဘာမှမဖြစ်ခဲ့သလို နင့်ကို ခွင့်လွှတ်ပေးရမယ်လို့ ထင်နေတာလား နင် ငါ့ကိုချစ်တယ်လို့ ပြောလိုက်တာနဲ့ ငါက အရာအားလုံး မေ့ပြီး နင့်ကို ပြန်ချစ်မယ်လို့ ထင်နေတာလား "
Jennie ဆိုင်ထဲက လူတွေကို ဂရုမစိုက်တော့ဘဲ ပေါက်ကွဲလေသည်
အတိတ်တွေဟာ သူမနောက်ကို အိမ်မက်ဆိုးတစ်ခုလို လိုက်နေတော့ သူမ နှလုံးသားထဲက ဒဏ်ရာဟာ အခုထိ အနာမကျက်သေးပေ
Jisoo ပြောခဲ့တဲ့ စကားတွေ ပြန်ကြားယောင်လာတိုင်း Jennie နှလုံးသားတစ်ခုလုံး နာကျင်ရပြီး သွေးထွက်လာသလို ခံစားရသည်
"ငါလို မိန်းမမျိုးကို နင် ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူးဆို Jisoo. ...နင် အရင်က အဲ့လိုပြောခဲ့တာလေ ခုကျတော့ ငါ့ကို ချစ်တယ်တဲ့လား နင်ပြောသမျှ ငါယုံမယ်ထင်နေတာလား... "
Jennie ပြောတဲ့စကားတွေကြောင့် Jisooမှာ ဘာပြန်ပြောရမှန်းမသိ ဖြစ်နေသည်
"အဲ့စကားတွေအတွက် ငါ တောင်းပန်ပါတယ် Jendeuk. ..ဒါပေမယ့် ငါ နင့်ကို တကယ်ချစ်တာပါ "
"ငါ့ကို တကယ်ချစ်ရင် နင် ဖောက်ပြန်စရာ အကြောင်းမရှိဘူး Jisoo "
"မဟုတ်ဘူး Jen အဲ့တုံးက..."
"နင်တို့ ရုံးခန်းထဲ ဖြစ်ချင်သလို ဖြစ်နေတာကို ငါ့မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာကိုတောင် နင်က ဘာငြင်းချင်သေးတာလည်း Jisoo fuckဘဲ "
Jennieမှာ Jisooကို အော်ဆဲပြီး ဆိုင်ထဲကနေ ပြေးထွက်သွားတယ်
Jisooကတော့ ကောင်တာထဲ Jennie ပြောတဲ့ စကားတွေကြား သူမကိုယ် သူမ အပြစ်တင်နေမိသည်
အဲ့နေ့က Jennie သူမ companyကို ပြန် လာမယ်ဆိုတာ သိလို့ သူမနာကျင်သလို Jennieကို နာကျင်စေချင်ခဲ့လို့ Jaeheeနဲ့ make outလုပ်နေတဲ့ ပုံစံ ဟန်ဆောင်ခဲ့တာပါ
အခုတော့ အခါနှောင်းသွားပေမယ့် သူမ လုပ်ရပ်တွေအတွက် Jisoo နောင်တရနေမိသည်
Jennieနဲ့ သူမကြား ပြဿနာဖြစ်ပြီးနောက် Wendy မှာ cafeဆိုင်ကို မလာဖို့ Jennieကို အချိန်ပေးဖို့ ပြောသောကြောင့် Jisooမှာ Cafeဆိုင်ကို မသွားမိအောင် ထိန်းထားရသည်
သို့သော်လည်း Jennieကို သေလောက်အောင် သတိရနေ လွမ်းနေ တွေ့ချင်နေသောကြောင့် Jennieရဲ့ တိုက်ခန်းကို သွားဖို့ ဆုံးဖြတ်လိုက်သည်
Jisoo ကားပေါ်ကို ရောက်တော့ ရုတ်တရက် ဖုန်းမြည်လာသည်
"Hello "
"ဟုတ် Miss. Kim ဟိုတစ်လောက ခင်ဗျား စုံစမ်းခိုင်းတဲ့ Mr. Kimဘက်ကဆိုတာလေ...."
တစ်ဖက်က စကားကြောင့် Jisoo ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်
ဟုတ်ပါတယ် Jennieရဲ့ အဖေအကြောင်းနဲ့ Mr. Shin ရဲ့ အကြောင်းကို Jisooက ငွေပေးပြီး စုံစမ်းနေခဲ့တာ ကြာပါပြီ
"ဘာထူးခြားပြီလည်း "
"ဟုတ် သူ့နာမည်က Shin Seung Ho ပါ နယူးဇီလန်က businessman တစ်ယောက်ဖြစ်တဲ့အပြင် Korea လူမျိုးလည်း ဟုတ်ပါတယ်"
"ဟုတ်ပြီ ကျေးဇူးဘဲ bankထဲ ငွေလွှဲလိုက်မယ် "
Jisoo ပြောပြီး ဖုန်းချကာ တစ်ခြားတစ်ယောက်စီ ဖုန်းထပ်ခေါ်လိုက်သည်
"Hello Miss Kim "
"Shin Seung Hoတဲ့ "
"သိပါပြီ ကျွန်တော် လှုပ်ရှားလိုက်ပါမယ် "
"Ok "
Jisoo ဖုန်းချပြီး ကားစက်နှိုးကာ Wendyပြောပြတဲ့ Jennie တိုက်ခန်းသို့ မောင်းထွက်လာသည်
Ting Tong. ...
Bellသံကြောင့် Jennie တံခါးထဖွင့်လိုက်တော့ Jisoo ဖြစ်နေသည်
"Hi Jendeuk "
"ငါ့လို သိုက်တူးသမားဆီကို ဘာလာလုပ်တာလည်း Jisoo "
"ဟို စကားပြောစရာရှိလို့ "
"ဘာလည်း အရင်တစ်ခါကလို ငါ့မျက်နှာကို ပိုက်ဆံနဲ့ ပေါက်မလို့လား "
"မဟုတ်ပါဘူး Jendeukie ရယ်..."
"နင်သိလား Jisoo. ..နင်မရှိဘဲ ငါနေနိုင်သွားပြီ ဒါကြောင့်မို့ နင်လည်း ငါ့ကို လိုက်တွယ်ကပ်မနေဘဲ ငါမရှိဘဲ နေနိုင်အောင် ကြိုးစားပါ "
"မရဘူး ငါ နေကြည့်ဖူးတယ် နေလို့မရဘူး Jendeuk "
"မရလည်း နေနိုင်အောင်နေပါ Miss Kim Jisoo shii "
Jennie ပြောပြီး တံခါးပိတ်သွားတော့ Jisoo သက်ပြင်းချပြီး တိုက်ခန်းရှေ့တွင် ငုတ်တုတ်ထိုင်ချလိုက်သည်
ခဏကြာသောအခါ Jennie ရဲ့ အိမ်တံခါးဖွင့်သံကြောင့် Jisoo ပျော်သွားသည်
"အပြင်သွားမလို့လား Jendeuk "
"နင်နဲ့ဆိုင်လို့လား "
"ကိုယ် လိုက်ပို့ပေးရမလား Jendeuk "
"သေလိုက် "
Jisooကို ရန်လုပ်ပြီး Jennie သူတို့ရပ်ကွက်ထဲက မိဘမဲ့ဂေဟာသို့ ထွက်လာခဲ့သည်
Jisooမှာလည်း Jennieနောက်ကနေ လိုက်သွားသည်
"ငါ့နောက် ဘာလို့လိုက်လာတာလည်း "
Jennie မှာ လမ်းလျှောက်ရင်း သူမနောက်ကို လိုက်လာတဲ့ Jisooကို ရန်လုပ်လိုက်သည်
"လိုက်ခွင့်မရှိဘူးလား "
"မရှိဘူး ...ကောင်းကောင်းပြောတုံး လှည့်ပြန်နော် မဟုတ်ရင် ငါတွေ့တဲ့ကောင်နဲ့ နင့်ရှေ့ make out လုပ်ပြမှာ Jisoo "
Jennie ရဲ့ စကားကြောင့် Jisoo ဒေါသထွက်သွားပြီး တောက်ခေါက်လိုက်သည်
ထိုအခါမှ Jennie သူစကားပြောတာ လွန်သွားမှန်းသိပြီး Jisooကို တောင်းပန်လိုက်သည်
"Sorry ခုန ငါစကားပြောတာ တော်တော်လွန်သွားတယ်....နင် လိုက်ချင်လိုက်ပါ သဘောဘဲ "
Jennie ပြောပြီး ဆက်လျှောက်သွားတော့ Jisoo သက်ပြင်းထပ်ချရင်း ခေါင်းခါရမ်းကာ Jennieနောက်ကို လိုက်သွားသည်
#Tbc
မနက်ဖြန် အားလုံး အဆင်ပြေကြပါစေ တစ်ခုခုဆို လူစုမကွဲစေနဲ့နော် အဖမ်းမခံရအောင် ပြေးစရာရှိရင်ပြေး ကာကွယ်စရာရှိရင် ကာကွယ်ကြပါ Fighting all
#zawgyi
"နင်က သိုက်တူးသမားဘဲ
"Jendeuk. ..."
"ဘာလို့လည်း..."
"Jendeukie "
"မဟုတ်ဘူး Jen အဲ့တုံးက..."
"Hello "
"ဘာထူးခြားပြီလည်း "
"Hello Miss Kim "
"Shin Seung Hoတဲ့ "
"Ok "
Ting Tong. ...
"Hi Jendeuk "
"နင်နဲ့ဆိုင်လို့လား "
"သေလိုက် "
#Tbc
Bạn đang đọc truyện trên: Truyen3h.Co