Truyen3h.Co

CEO Kim

Part 36

KimFany059

#unicode

"ဟင် ဒါက မိဘမဲ့ကလေးတွေကို ထိန်းသိမ်းတဲ့ ဘုရားကျောင်း မဟုတ်လား "

Jisooမှာ Jennie ဝင်သွားတဲ့ နေရာကို ကြည့်ပြီး အံ့သြနေသည်

"နေပါအုံး သူက ကလေးမွေးစားချင်နေတာလား "

Jisoo တွေးရင်း အထဲကို လိုက်ဝင်လိုက်သည်

"Good Morning Noona Jennie "

ကလေးတွေက Jennieကို ပြေးဖက်တော့ Jennieလည်း ပြုံးပြီး ကလေးတွေကို ပြန်ဖက်လေသည်

"Oh နောက်ထပ် ဧည့်သည်ရှိသေးတာဘဲ "

သီလရှင်ရဲ့ စကားကြောင့် Jennie လှည့်ကြည့်တော့ သူမတို့ကို ပြုံးပြနေတဲ့ Jisooကို တွေ့ရလေသည်

"အမျိုးသမီးငယ်လေးက ဒီကို ဘာလာလုပ်တာလည်း "

သီလရှင်မှာ Jisooဆီ လျှောက်သွားပြီး မေးလိုက်သည်

"သူက Chawနဲ့ ပါလာတာ mother "

Jennieက ဝင်ဖြေတော့ သီလရှင်မှာ ခေါင်းညိတ်ပြပြီး

"Aww သူက သမီးရဲ့ ချစ်သူလား "

"မဟုတ်..."

"မဟုတ်သေးတာပါ Mother.. ဟီး "

Jisooက သီလရှင်ရဲ့ မေးခွန်းကို စပ်ဖြီးဖြီးနဲ့ ဝင်ဖြေတော့ Jennieမှာ Jisooကို မျက်စောင်းထိုးလိုက်သည်

"ဟီးဟီး "

"ကလေးတွေ ဒီကိုလာ....Unnieက ချိုချဥ်တွေ ဝယ်လာတယ် "

Jennie သူ့ပိုက်ဆံအိတ်ထဲက ချိုချဥ်တွေ ဂျယ်လီ တွေကို ထုတ်ပြီး ကလေးတွေကို ဝေပေးတော့ Jisooမှာ Jennie နားကို ကပ်လာသည်

"ဒီကိုလာမယ်ဆိုတာ ကိုယ့်ကို ဘာလို့မပြောတာလည်း ဒီလိုမှန်းသိရင် ကိုယ်လည်း ကလေးတွေအတွက် မုန့်တွေ ဝယ်လာလို့ရတာဘဲကို "

"ဘာလို့ပြောပြရမှာလည်း "

Jisooကို Jennie ရန်လုပ်ပြီး ကလေးတွေကို ဂျယ်လီတွေ ဝေပေးလိုက်သည်

Jisooမှာ ကလေးတွေကို ပြုံးပြီး ဂျယ်လီတွေ ပေးနေတဲ့ Jennieကို ကြည့်ပြီး stressတွေ လျော့သွားသလို ခံစားရသည်

"Aigoo တကယ့် အားဆေးလေးပါဘဲ "

Jennie ကို ကြည့်ပြီး jisoo တိုးတိုးလေး ရေရွတ်လိုက်သည်

ကလေးတွေနဲ့ စကားပြောပြီး ရယ်မောနေတဲ့ Jennieကို Jisoo တိတ်ဆိတ်စွာ စိုက်ကြည့်နေမိသည်

Jisoo ဟိုးအရင်က တွေးခဲ့တာတွေ စိတ်ကူးယဥ်ခဲ့တာတွေကို ပြန်သတိရသွားသည်

အရင်က Jennieနဲ့ ယူပြီးရင် နည်းပညာနဲ့ကလေးယူမယ့် အကြောင်းတွေ Jisooတွေးနေရင်း သူမ ခြေသလုံးကို တစ်ယောက်ယောက်က လာပုတ်သောကြောင့် ငုံ့ကြည့်တော့ ချောကလက်တွေ ပေပွနေတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ရသည်

ထိုကလေးလေးမှာ Jisooကို ချီဖို့ အမူအရာနဲ့ပြောတော့ Jisoo မှာ ပြုံးကာ ကလေးလေးရဲ့ ပါးစပ်က ချောကလက်တွေကို သုတ်ပေးပြီး ချီလိုက်သည်

"မင်းနာမည်က ဘယ်လိုခေါ်လည်း ကောင်လေး "

"Jisoo. .."

"ဟား ငါ့နာမည်နဲ့တူတာဘဲ "

"Noonaက Jennie Noonaရဲ့ ချစ်သူလားဟင် "

"မကြာခင် ဖြစ်လာတော့မှာပါ..."

"Noonaကို ဖက်ထားလို့ရလားဟင် "

"ရတာပေါ့ Jisooလေးရ "

Jisoo ပေါက်စလေးမှာ Jisooရဲ့ လည်ပင်းကို ဖက်ထားလိုက်သည်

"Jennie Noonaက ဒီကို မကြာခဏလာတတ်လား "

"ဟုတ် လာတယ် Noona သူ အလုပ်ဆင်းတဲ့ အချိန်တို့ အလုပ်နားရက်တို့ဆို အမြဲလာတယ် "

"ဟုတ်လား "

Jennieမှာလည်း တစ်ဖက်မှာ ကလေးတွေနဲ့ ရယ်မောရင်း ကလေးကိုချီပြီး စကားပြောကာ ရယ်မောနေတဲ့ Jisooကို ကြည့်မိပြီး နှလုံးခုန်မြန်လာသည်

Jisooက Jennieကို လှမ်းကြည့်တော့ Jennie မှာ ချက်ချင်း အကြည့်လွှဲပစ်လိုက်သည်

သို့သော်လည်း Jisooမှာ Jennie သူမကို စိုက်ကြည့်နေမှန်း သိလို့ သဘောကျစွာ ရယ်လိုက်သည်

"Jennie Unnie သီချင်းဆိုပြပါ "

ဂစ်တာကို ကိုင်ပြီး Jennieကို ပေးတဲ့ ကလေးမလေးတစ်ယောက်ကြောင့် Jennieကို Jisoo လှမ်းကြည့်လိုက်သည်

Jennieလည်း ခေါင်းညိတ်ပြပြီး ဂစ်တာကို စတီးတော့ Jisooမှာ ကလေးကို ချီရင်း Jennieရှိရာကို လျှောက်သွားသည်

You're just too good to be true
Can't take my eyes off of you
You'd be like Heaven to touch
I wanna hold you so much
At long last, love has arrived
And I thank God I'm alive
You're just too good to be true
Can't take my eyes off of you

Jisooမှာ Jennieကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသောကြောင့် Jennie နေရခက်နေသည်

သို့သော်လည်း ကလေးတွေရှေ့ ပေါက်ကရမဖြစ်အောင် စိတ်ကို မနည်းထိန်းထားရသည်

Pardon the way that I stare
There's nothin' else to compare
The sight of you leaves me weak
There are no words left to speak
But if you feel like I feel
Please let me know that it's real
You're just too good to be true
Can't take my eyes off of you

Jisoo မှာ Jennie ဘေးနားသို့ သွားထိုင်လိုက်ပြီး သီချင်းစဆိုလိုက်သည်

I love you, baby
And if it's quite alright
I need you, baby
To warm the lonely night
I love you, baby
Trust in me when I say
Oh, pretty baby
Don't bring me down, I pray
Oh, pretty baby
Now that I've found you, stay
And let me love you, baby
Let me love you

Jisooရဲ့ အသံကို Jennie ကြားရတော့ ရင်ဘတ်တွေ ပေါက်ကွဲထွက်လုမတတ် ခုန်နေသည်

Jennie ဝန်မခံချင်ပေမယ့် Jisooရဲ့ အသံလေး သီချင်းဆိုသံလေးကို အရမ်းသတိရနေတာတော့ အမှန်ပင်

Jisoo သီချင်းဆိုရင်း Jennie ရဲ့ မျက်နှာနားသို့ ကပ်လာသည်

Jensooတို့ နမ်းခါနီးတွင် ကလေးတွေက လက်ခုပ်ထတီးသောကြောင့် Jennieမှာ သတိပြန်ဝင်ပြီး Jisoo ကို တွန်းလွှတ်လိုက်သည်

ထို့နောက် ထိုနေရာကနေ အမြန် အိမ်သာဘက်သို့ ထွက်သွားသည်

Jennie အိမ်သာတံခါးကို သော့ခတ်ပြီး မှန်ထဲက သူမကိုယ်သူမ ပြန်ကြည့်လိုက်သည်

နီရဲနေတဲ့ သူမမျက်နှာကို ကြည့်ပြီး Jisooကို နောက်ထပ်အခွင့်အရေး ထပ်ပေးသင့်လားလို့ Jennie တွေးလိုက်မိသည်

သို့သော်လည်း Jisooက သူမကို ထပ်ပြီး ထားသွားမှာ သူမအသည်းကွဲပြီး ကျန်ခဲ့မှာကိုလည်း Jennie ကြောက်သည်

Jisooကြောင့် ကွဲခဲ့ရတဲ့ အသည်းလေးမှာ ခုထိ အနာမကျက်သေးပေ

Jennie ကိုယ်တိုင် တည်ဆောက်ထားတဲ့ နံရံကိုလည်း Jisooက တဖြည်းဖြည်းနဲ့ ဖြိုဝင်လာသည်

Jennie ကိုယ်တိုင်က Jisooကို ငြင်းဆန်နေပေမယ့်လည်း Jisooကို ချစ်နေသေးတဲ့ သူမကိုယ်သူမတော့ စိတ်ဆိုးနေမိသည်

"ငါ ဘာလုပ်သင့်လည်း....ငါ ဘာလို့ အမြဲတမ်း လွယ်ကူနေရတာလည်း "

"Jennie Unnie "

ကလေးမလေးတစ်ယောက် အသံကြောင့် Jennie ချောင်းဟန့်လိုက်သည်

"လာပြီ ကလေးရေ...'

Jennie အိမ်သာထဲက ထွက်လာတော့ Jisooကို မတွေ့ရတော့ဘဲ သီလရှင်ကိုသာ တွေ့ရသည်

"Mother. ..chawနဲ့ ပါလာတဲ့ တစ်ယောက်ရော "

"သူ အပြင်ထွက်သွားပြီ Jennie. ..သမီးကိုလည်းအပြင်မှာ စောင့်နေပါတယ်ဆိုပြီး ပြောခိုင်းထားတယ် "

"Aww ဟုတ် Mother. .."

"ပြီးတော့ သူ့ကို ကလေးတွေအတွက် အများကြီး လှူဒါန်းပေးလို့ ကျေးဇူးတင်ပါတယ်လို့ ပြောပေးပါအုံး Jennie "

"ဟုတ် mother. ..ဒါဆို သွားခွင့်ပြုပါအုံး... ကလေးတွေရေ Unnie သွားပြီနော် နောက်မှ ထပ်လာခဲ့မယ် "

"Naeee. ..."

ကလေးတွေနဲ့ သီလရှင်ကို နှုတ်ဆက်ပြီး Jennie ထွက်လာတော့ ဖုန်းပြောနေတဲ့ Jisooကို တွေ့ရသည်

Jisoo ဖုန်းပြောရင်း Jennieကို တွေ့တော့ ပြောလက်စကိုရပ်ပြီး ဖုန်းချလိုက်သည်

"Motherက ကလေးတွေအတွက် အများကြီး လှူဒါန်းပေးလို့ ကျေးဇူးတင်ပါတယ်တဲ့ နင် ပိုက်ဆံတွေ လှူခဲ့တာလား Jisoo "

"ဟုတ်တယ် ကလေးတွေအတွက် ထောက်ပံ့ပေးချင်လို့ရယ်.....အယ် ဒါနဲ့ Jendeuk ငိုထားတာလား..."

Jennie မျက်လုံးထောင့်က မျက်ရည်စတွေကို Jisoo သတိထားမိတော့ Jennieရဲ့ မျက်နှာကို Jisoo ကိုင်ရင်း မေးလိုက်သည်

"Leave me alone Jisoo Please.... "

Jennieမှာ Jisooလက်ကို ပုတ်ချပြီး အနောက်ကို ဆုတ်သွားသည်

"Jendeuk "

"ငါ့ကို တစ်ယောက်တည်း ပေးနေလို့ ပြောနေတာ နားမလည်ဘူးလား Jisoo. ..fuckဘဲ ..."

Jisooကို ကျိန်ဆဲပြီး Jennie ဒေါတကြီးနဲ့ တစ်ဖက်က ကားလမ်းကို ဖြတ်ကူးစဥ် ကုန်တင်ကားတစ်စီးက အရှိန်နဲ့ မောင်းလာတာကို Jisooမှာ မြင်ပြီး Jennieဆီ ပြေးသွားသည်

"Jendeuk. ..."

ဒုန်း!

"ဟာ..."

Jennie မှာ လဲကျသွားစဥ် လူထုရဲ့ အော်သံကြောင့် အမြန်ထကြည့်တော့ သွေးအိုင်ထဲ လဲနေတဲ့ Jisooကို တွေ့လိုက်ရသည်

#tbc

#Zawgyi














"မဟုတ်..."



"ဟီးဟီး "














"Jisoo. .."





"ရတာပေါ့ Jisooလေးရ "




"ဟုတ်လား "







I wanna hold you so much
And I thank God I'm alive





I love you, baby
I need you, baby
I love you, baby
Trust in me when I say
Oh, pretty baby
Oh, pretty baby
And let me love you, baby
Let me love you













"Jennie Unnie "


"လာပြီ ကလေးရေ...'




"Aww ဟုတ် Mother. .."



"Naeee. ..."








"Jendeuk "



"Jendeuk. ..."

ဒုန်း!

"ဟာ..."


#tbc

Bạn đang đọc truyện trên: Truyen3h.Co