Part 37
#Unicode
Jennie တစ်ယောက် ခွဲစိတ်ခန်းရှေ့တွင် ငုတ်တုတ်လေး ထိုင်ကာ တရှုံ့ရှုံနဲ့ ငိုနေသည်
သွေးအိုင်ထဲက Jisooကို မြင်ပြီး Jennie လဲကျလုမတတ်ဖြစ်ခဲ့သည်
ကားသမားက မောင်းထွက်ပြေးသွားသောကြောင့် ဘေးနားက လူတွေရဲ့ အကူအညီနဲ့ Jennie ဆေးရုံကို ရောက်လာခဲ့ခြင်း ဖြစ်သည်
သူမပေါင်ပေါ်က Jisooရဲ့ ကွဲအက်နေတဲ့ ဖုန်းကိုကြည့်ပြီး Jennie အပြစ်ရှိသလို ခံစားရသည်
သူမကြောင့် Jisoo အခုလို ဖြစ်ရတာဆိုပြီး Jennie သူမကိုယ်သူမ အပြစ်တင်နေမိသည်
သူမသာ ကားလမ်းကို ဖြတ်မကူးမိရင် Jisoo အခုလိုဖြစ်မှာမဟုတ်ဘူးလို့ တွေးနေမိသည်
"Jennie နင်က တကယ့် ပြဿနာဘဲ...Jisooသာ တစ်ခုခုဖြစ်သွားခဲ့ရင် နင့်ကို ခွင့်မလွှတ်ဘူး Jennie ထိုက်ထိုက်တန်တန် အပြစ်ပေးရမယ် "
Jisooသာ တစ်ခုခုဖြစ်သွားခဲ့ရင် Jennie သူမကိုယ်သူမ သတ်သေဖို့အထိ စဥ်းစားနေမိသည်
"Jennie. .."
Joohyunမှာ ရုပ်ရှင်ကြည့်နေရင်း Jennieဆီက ဖုန်းကို လက်ခံရရှိပြီး ဆေးရုံကို ရောက်လာခဲ့ခြင်း ဖြစ်သည်
Jennieမှာ သူမနာမည်ခေါ်သံကြားလို့ ကြည့်လိုက်တော့ သူမကို စိတ်ပူတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ Joohyunကို တွေ့ရလေသည်
Joohyunကို မြင်တော့ Jennie ထရပ်လိုက်ပေမယ့် ခြေထောက်တွေက ပျော့ခွေပြီး လဲကျမလိုဖြစ်သွားသောကြောင့် Joohyunမှာ Jennieကို အမြန် လှမ်းဖမ်းရသည်
"Joohyun. ..ငါ့အမှားပါ....ငါ့ကြောင့် Jisoo ခုလိုဖြစ်ရတာ ငါ့ကြောင့် Jisoo ခွဲစိတ်ခန်းထဲမှာ အရေးပေါ်အခြေအနေ ဖြစ်နေရတာ တကယ်ဆို Jisoo နေရာမှာ ငါဖြစ်သင့်တာ ငါက ကားတိုက်ခံရပြီး ပွဲချင်းပြီး သေသွားရမှာ "
"Jenရာ ဘာတွေ လျှောက်ပြောနေတာလည်း စိတ်ထိန်းစမ်းပါ "
Joohyunမှာ တုန်ရီနေတဲ့ Jennieကို ဖက်ပြီး ကျောလေးကို ပုတ်ပေးကာ နှစ်သိမ့်ပေးနေသည်
"စိတ်လျော့ Jen. ...အဲ့တာ Jenရဲ့ အမှားကြောင့် ဖြစ်ရတာ မဟုတ်ပါဘူး "
Joohyunက နှစ်သိမ့်ပေးပေမယ့် Jennieမှာ ငိုရင်း ခေါင်းခါပြီး ငြင်းသည်
"အဲ့တာ ငါ့ကြောင့် ငါ့ကြောင့်လို့ Oh God! တကယ်ဆို သေမင်းနဲ့တိုက်ခိုက်ပြီး အသက်လုရမှာ ငါဖြစ်သင့်တာ Jisoo မဖြစ်ရဘူး ငါ ဖြစ်ရမှာ Joohyun ရယ် "
"မဟုတ်ဘူးလေ Jenကို တစ်ခုခုဖြစ်မှာဆိုးလို့ သူက အခုလို စွန့်စားခဲ့တာကို Jenက ဘာလို့ သေချင်တယ်ဘဲ ပြောနေရတာလည်း..."
Joohyunရဲ့ စကားကြောင့် Jennie သူမကိုယ်သူမ ပိုပြီး အပြစ်တင်မိလာသည်
"ဘာလို့လည်း ဘာလို့ သူအခုလို မိုက်ရူးရဲဆန်ရတာလည်း "
"ဘာလို့လည်းဆိုတော့ Jisooက နင့်ကို ချစ်လို့ပေါ့ ..."
Joohyunရဲ့ စကားကြောင့် Jennie ပိုပြီး ငိုမိလာသည်
"သူက Jenကို ချစ်လို့ အခုလို အန္တရာယ်ကြားက Jenကို ကယ်တင်ခဲ့တာ..ဒါကြောင့်မို့ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့နော် "
Jennie ရဲ့ ကျောလေးကို ပုတ်ပေးရင်း Joohyun ပြောလိုက်သည်
"ကဲ ထိုင်လိုက်အုံးနော် "
Jennie ထိုင်ချလိုက်တော့ Jennieရဲ့ ဘောင်းဘီဟာ ပြဲပြီး ဒူးခေါင်းမှာ သွေးတွေစွန်းနေတာကို joohyun တွေ့လိုက်ရသည်
Joohyunလည်း သက်ပြင်းချပြီး ဘာမှ မပြောဘဲ Jennieဆီက ထွက်လာခဲ့သည်
Jennieကတော့ လက်ဝါးနဲ့ မျက်နှာကို အုပ်ငိုရင်း Jisooကို ကယ်တင်ပေးဖို့ ဘုရားသခင်ထံ ဆုတောင်းနေမိသည်
ခဏကြာတော့ အိတ်တစ်လုံးနဲ့ Joohyun ပြန်ရောက်လာပြီး Jennieရှေ့ ဆောင့်ကြောင့်ထိုင်လိုက်သည်
ထို့နောက် Jennieရဲ့ ပြဲနေတဲ့ ဘောင်းဘီစကို အိတ်ထဲက ကတ်ကြေးသေးသေးလေးနဲ့ ညှပ်ဖြဲလိုက်သည်
ပြီးနောက် wet Tissue နဲ့ Jennie ဒူးခေါင်းက သွေးတွေကို သုတ်လိုက်သည်
ဂွမ်းမှာ ဆေးထည့်ပြီး Jennieရဲ့ အနာကို လိမ်းပေးရင်း လေမှုတ်ပေးနေသည်
"ကျေး ကျေးဇူးတင်ပါတယ် Joohyun "
သူမကို ဆေးထည့်ပေးတဲ့ Joohyunကို ကျေးဇူးတင်စကား ပြောလိုက်စဥ် ခွဲစိတ်ခန်းထဲက ထွက်လာတဲ့ ဆရာဝန်ကြောင့် Jennie အမြန်ထရပ်လိုက်သည်
"ဆရာ Jisoo အခြေအနေက ဘယ်လိုနေလည်းဟင် သူ အဆင်ပြေရဲ့လား ခု သူ့ကို တွေ့လို့ရလားဟင် ..."
Jennieက မေးခွန်းတွေ တရပ်စပ်မေးပေမယ့် ဆရာဝန်က သက်ပြင်းချလိုက်သောကြောင့် Jennie ပိုပြီး စိတ်ပူလာသည်
"သူက အခုလောလောဆယ် သတိလစ်နေတုံးဘဲ သတိပြန်ရလာတဲ့အခါ ဘယ်လိုအခြေအနေ ဖြစ်လာမယ်ဆိုတာ ကျွန်တော်တို့ သေသေချာချာ အာမမခံနိုင်ပါဘူး သူ မကြာခင် သတိပြန်ရလာမှာပါ အဲ့ကျမှ အခြေအနေကို သိရမှာပါ "
"Chaw သူ့ကို တွေ့လို့ရလားဟင် "
"အခု လူနာအခန်းကို ရွေ့လိုက်ပြီဆိုတော့ တွေ့လို့ရပါတယ် "
ဆရာဝန်ဆီက ခွင့်ပြုချက်ရတာနဲ့ Jennieမှာ Jisoo ရှိတဲ့ အခန်းဆီ ပြေးသွားလေသည်
Jisooရဲ့ အခန်းထဲလည်းရောက်ရော ခေါင်းမှာ ပတ်တီးစည်းထားပြီး လက်မှာ ဆေးတွေသွင်းထားရတဲ့ Jisoo ကို ကုတင်ပေါ်မှာ မြင်လိုက်ရတော့ Jennie အသည်းတစ်ခုလုံး စုတ်ပြတ်ကြေမွသွားသလို ခံစားရသည်
Jennieမှာ အော်ငိုပြီး Jisoo ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်
Joohyun မှာတော့ Jennieကိုကြည့်ပြီး ရင်တွေ နာလို့ မျက်နှာလွှဲထားမိသည်
"ဘာလို့ ခုလို ရူးမိုက်ရတာလည်း Jenကို သေသေရှင်ရှင် ပစ်ထားလိုက်လေ.... Jenကလေ အမြဲ... Jenက အမြဲ Chuကို နာကျင်အောင် လုပ်နေတာ..."
"Jen. ..နင် ပင်ပန်းနေပြီ အိမ်ပြန်ပြီး ခဏနားလိုက်ပါလား "
"ဟင့်အင်း မပြန်ချင်ဘူး သူ့အနားမှာ နေချင်တယ် သူသတိရတဲ့အထိ စောင့်ချင်တယ် Joohyun "
"မဟုတ်ဘူးလေ Jen. ..Jisooကို ငါစောင့်ရှောက်လိုက်ပါမယ် Jenလည်း ထိခိုက်ထားတာဘဲ ပင်ပန်းနေမှာပေါ့ '
"ဒါပေမယ့် "
"ငါပြောတာ နားထောင်ပါ Jisooကို စောင့်ရှောက်ချင်တယ်ဆို ခု Jen နားမှဖြစ်မယ်...မဟုတ်ရင် Jenက လူရောစိတ်ရော ပင်ပန်းပြီး လဲကျသွားလိမ့်မယ် ဒါကြောင့်မို့ ဒီနေ့တစ်ရက်တော့ အိမ်ပြန်ပြီး သေချာနားလိုက်ပါ မနက်ဖြန်မှ ပြန်လာလေနော် "
Jennieလည်း Joohyunပြောတာ ဖြစ်သင့်လို့ သက်ပြင်းချပြီး လက်ခံလိုက်သည်
"ဒါဆို Jen ပြန်တော့မယ်နော် "
"ငါ လိုက်ပို့ပေးမယ်လေ "
"ဟင့်အင်း bus ကားစီးပြီး ပြန်လိုက်မယ် Joohyun က သူ့ကိုဘဲ သေချာကြည့်ပေးပါနော် "
Joohyunမှာ သက်ပြင်းချပြီး အခန်းထဲက ထွက်သွားတဲ့ Jennieရဲ့ ကျောပြင်ကို ငေးကြည့်နေမိသည်
Jennieမှာ ငူငူငိုင်ငိုင်နဲ့ အိမ်ပြန်လာတုံး ဖုန်းမြည်သံကြောင့် Jisoo သတိရလာလို့ Joohyun ဖုန်းဆက်တာလားလို့ ပျော်သွားပေမယ့် ဖုန်းခေါ်သူမှာ သူမအဖေဖြစ်နေလို့ Jennie စိတ်ပျက်ပျက်နဲ့ ဖုန်းချပစ်လိုက်သည်
နှစ်ရက်ရှိသွားပြီ....Jisoo သတိမရသေးဘဲ ကုတင်ပေါ်မှာ သတိမေ့နေတာ နှစ်ရက်ရှိသွားပြီလေ
Jennie ဆေးရုံကိုလာတော့ Jisooဘေးနား ထိုင်ပြီး စာဖတ်နေတဲ့ Joohyunကို တွေ့ရသည်
"Joohyun ပြန်လို့ရပြီနော်..."
Jennie နဲ့ Joohyun မှာ တစ်လှည့်စီ တာဝန်ယူပြီး ဆေးရုံစောင့်ပေးနေတာလေ
"Ok Jennie ဂရုစိုက်နော် တစ်ခုခုဆို ငါ့ဆီ ဖုန်းဆက် "
Joohyun က ပြောတော့ Jennieမှာ ခေါင်းညိတ်ပြသည်
Joohyun လည်း Jennieရဲ့ နဖူးကို နမ်းလိုက်ပြီး ဆေးရုံကနေထွက်လာသည်
Jisoo ကားမတော်တဆမှု ဖြစ်လို့ အခုဆို companyကို Joohyun ကဘဲ ကြီးကြပ်နေရတယ်လေ
"ဘယ်အချိန်မှ သတိရလာမှာလည်းဟာ...Chuရဲ့ အမလေ နေ့တိုင်း ဆေးရုံလာစောင့်ပေးနေတာ မနှုတ်ဆက်ဘူးလား သူ့ကို ...ပြီးတော့ မနေ့က Chuရဲ့ အဖေလည်း လာသွားတယ် သူကြာကြာ နေမသွားပေမယ့် Jenကိုတော့ အပြစ်တင်သွားတယ်....ဟုတ်ပါတယ် သူအပြစ်တင်သင့်ပါတယ် Jen အမှားပါ...Jenကြောင့် Chu ခုလိုဖြစ်ရတာ....Jenကို....အခွင့်အရေး ထပ်ပေးတဲ့အနေနဲ့ အမြန် သတိရလာပါတော့...Chuကို အရမ်းလွမ်းနေပြီ ..."
Jisooကို ရေဝတ်တိုက်ပေးရင်း Jennie ပြောကာ ငိုနေပေမယ့် Jisooကတော့ ခုထိ သတိမရသေးပေ
#Tbc
အားလုံးဖတ်ချင်နေကြမှာသိလို့ လိုင်းဖြတ်တဲ့အချိန်ရော မီးဖြတ်ထားတဲ့အချိန်မှာပါ ကြိုးစား ရေးထားတာပါ ❤ အားလုံးဘဲ ခက်ခဲပင်ပန်းတဲ့ အခြေအနေကြားမှာ အားတင်းထားကြပါလို့
#Zawgyi
Jennie တစ္ေယာက္ ခြဲစိတ္ခန္းေရွ႕တြင္ ငုတ္တုတ္ေလး ထိုင္ကာ တရႈံ႕ရႈံနဲ႕ ငိုေနသည္
ေသြးအိုင္ထဲက Jisooကို ျမင္ၿပီး Jennie လဲက်လဳမတတ္ျဖစ္ခဲ့သည္
ကားသမားက ေမာင္းထြက္ေျပးသြားေသာေၾကာင့္ ေဘးနားက လူေတြရဲ႕ အကူအညီနဲ႕ Jennie ေဆး႐ုံကို ေရာက္လာခဲ့ျခင္း ျဖစ္သည္
သူမေပါင္ေပၚက Jisooရဲ႕ ကြဲအက္ေနတဲ့ ဖုန္းကိုၾကည့္ၿပီး Jennie အျပစ္ရွိသလို ခံစားရသည္
သူမေၾကာင့္ Jisoo အခုလို ျဖစ္ရတာဆိုၿပီး Jennie သူမကိုယ္သူမ အျပစ္တင္ေနမိသည္
သူမသာ ကားလမ္းကို ျဖတ္မကူးမိရင္ Jisoo အခုလိုျဖစ္မွာမဟုတ္ဘူးလို႔ ေတြးေနမိသည္
"Jennie နင္က တကယ့္ ျပႆနာဘဲ...Jisooသာ တစ္ခုခုျဖစ္သြားခဲ့ရင္ နင့္ကို ခြင့္မလႊတ္ဘူး Jennie ထိုက္ထိုက္တန္တန္ အျပစ္ေပးရမယ္ "
Jisooသာ တစ္ခုခုျဖစ္သြားခဲ့ရင္ Jennie သူမကိုယ္သူမ သတ္ေသဖို႔အထိ စဥ္းစားေနမိသည္
"Jennie. .."
Joohyunမွာ ႐ုပ္ရွင္ၾကည့္ေနရင္း Jennieဆီက ဖုန္းကို လက္ခံရရွိၿပီး ေဆး႐ုံကို ေရာက္လာခဲ့ျခင္း ျဖစ္သည္
Jennieမွာ သူမနာမည္ေခၚသံၾကားလို႔ ၾကည့္လိုက္ေတာ့ သူမကို စိတ္ပူတဲ့ မ်က္လုံးေတြနဲ႕ ၾကည့္ေနတဲ့ Joohyunကို ေတြ႕ရေလသည္
Joohyunကို ျမင္ေတာ့ Jennie ထရပ္လိုက္ေပမယ့္ ေျခေထာက္ေတြက ေပ်ာ့ေခြၿပီး လဲက်မလိုျဖစ္သြားေသာေၾကာင့္ Joohyunမွာ Jennieကို အျမန္ လွမ္းဖမ္းရသည္
"Joohyun. ..ငါ့အမွားပါ....ငါ့ေၾကာင့္ Jisoo ခုလိုျဖစ္ရတာ ငါ့ေၾကာင့္ Jisoo ခြဲစိတ္ခန္းထဲမွာ အေရးေပၚအေျခအေန ျဖစ္ေနရတာ တကယ္ဆို Jisoo ေနရာမွာ ငါျဖစ္သင့္တာ ငါက ကားတိုက္ခံရၿပီး ပြဲခ်င္းၿပီး ေသသြားရမွာ "
"Jenရာ ဘာေတြ ေလွ်ာက္ေျပာေနတာလည္း စိတ္ထိန္းစမ္းပါ "
Joohyunမွာ တုန္ရီေနတဲ့ Jennieကို ဖက္ၿပီး ေက်ာေလးကို ပုတ္ေပးကာ ႏွစ္သိမ့္ေပးေနသည္
"စိတ္ေလ်ာ့ Jen. ...အဲ့တာ Jenရဲ႕ အမွားေၾကာင့္ ျဖစ္ရတာ မဟုတ္ပါဘူး "
Joohyunက ႏွစ္သိမ့္ေပးေပမယ့္ Jennieမွာ ငိုရင္း ေခါင္းခါၿပီး ျငင္းသည္
"အဲ့တာ ငါ့ေၾကာင့္ ငါ့ေၾကာင့္လို႔ Oh God! တကယ္ဆို ေသမင္းနဲ႕တိုက္ခိုက္ၿပီး အသက္လုရမွာ ငါျဖစ္သင့္တာ Jisoo မျဖစ္ရဘူး ငါ ျဖစ္ရမွာ Joohyun ရယ္ "
"မဟုတ္ဘူးေလ Jenကို တစ္ခုခုျဖစ္မွာဆိုးလို႔ သူက အခုလို စြန့္စားခဲ့တာကို Jenက ဘာလို႔ ေသခ်င္တယ္ဘဲ ေျပာေနရတာလည္း..."
Joohyunရဲ႕ စကားေၾကာင့္ Jennie သူမကိုယ္သူမ ပိုၿပီး အျပစ္တင္မိလာသည္
"ဘာလို႔လည္း ဘာလို႔ သူအခုလို မိုက္႐ူးရဲဆန္ရတာလည္း "
"ဘာလို႔လည္းဆိုေတာ့ Jisooက နင့္ကို ခ်စ္လို႔ေပါ့ ..."
Joohyunရဲ႕ စကားေၾကာင့္ Jennie ပိုၿပီး ငိုမိလာသည္
"သူက Jenကို ခ်စ္လို႔ အခုလို အႏၱရာယ္ၾကားက Jenကို ကယ္တင္ခဲ့တာ..ဒါေၾကာင့္မို႔ ကိုယ့္ကိုကိုယ္ အျပစ္မတင္ပါနဲ႕ေနာ္ "
Jennie ရဲ႕ ေက်ာေလးကို ပုတ္ေပးရင္း Joohyun ေျပာလိုက္သည္
"ကဲ ထိုင္လိုက္အုံးေနာ္ "
Jennie ထိုင္ခ်လိဳက္ေတာ့ Jennieရဲ႕ ေဘာင္းဘီဟာ ၿပဲၿပီး ဒူးေခါင္းမွာ ေသြးေတြစြန္းေနတာကို joohyun ေတြ႕လိုက္ရသည္
Joohyunလည္း သက္ျပင္းခ်ၿပီး ဘာမွ မေျပာဘဲ Jennieဆီက ထြက္လာခဲ့သည္
Jennieကေတာ့ လက္ဝါးနဲ႕ မ်က္ႏွာကို အုပ္ငိုရင္း Jisooကို ကယ္တင္ေပးဖို႔ ဘုရားသခင္ထံ ဆုေတာင္းေနမိသည္
ခဏၾကာေတာ့ အိတ္တစ္လုံးနဲ႕ Joohyun ျပန္ေရာက္လာၿပီး Jennieေရွ႕ ေဆာင့္ေၾကာင့္ထိုင္လိုက္သည္
ထို႔ေနာက္ Jennieရဲ႕ ၿပဲေနတဲ့ ေဘာင္းဘီစကို အိတ္ထဲက ကတ္ေၾကးေသးေသးေလးနဲ႕ ညွပ္ၿဖဲလိုက္သည္
ၿပီးေနာက္ wet Tissue နဲ႕ Jennie ဒူးေခါင္းက ေသြးေတြကို သုတ္လိုက္သည္
ဂြမ္းမွာ ေဆးထည့္ၿပီး Jennieရဲ႕ အနာကို လိမ္းေပးရင္း ေလမႈတ္ေပးေနသည္
"ေက်း ေက်းဇူးတင္ပါတယ္ Joohyun "
သူမကို ေဆးထည့္ေပးတဲ့ Joohyunကို ေက်းဇူးတင္စကား ေျပာလိုက္စဥ္ ခြဲစိတ္ခန္းထဲက ထြက္လာတဲ့ ဆရာဝန္ေၾကာင့္ Jennie အျမန္ထရပ္လိုက္သည္
"ဆရာ Jisoo အေျခအေနက ဘယ္လိုေနလည္းဟင္ သူ အဆင္ေျပရဲ႕လား ခု သူ႕ကို ေတြ႕လို႔ရလားဟင္ ..."
Jennieက ေမးခြန္းေတြ တရပ္စပ္ေမးေပမယ့္ ဆရာဝန္က သက္ျပင္းခ်လိဳက္ေသာေၾကာင့္ Jennie ပိုၿပီး စိတ္ပူလာသည္
"သူက အခုေလာေလာဆယ္ သတိလစ္ေနတုံးဘဲ သတိျပန္ရလာတဲ့အခါ ဘယ္လိုအေျခအေန ျဖစ္လာမယ္ဆိုတာ ကြၽန္ေတာ္တို႔ ေသေသခ်ာခ်ာ အာမမခံနိုင္ပါဘူး သူ မၾကာခင္ သတိျပန္ရလာမွာပါ အဲ့က်မွ အေျခအေနကို သိရမွာပါ "
"Chaw သူ႕ကို ေတြ႕လို႔ရလားဟင္ "
"အခု လူနာအခန္းကို ေ႐ြ႕လိုက္ၿပီဆိုေတာ့ ေတြ႕လို႔ရပါတယ္ "
ဆရာဝန္ဆီက ခြင့္ျပဳခ်က္ရတာနဲ႕ Jennieမွာ Jisoo ရွိတဲ့ အခန္းဆီ ေျပးသြားေလသည္
Jisooရဲ႕ အခန္းထဲလည္းေရာက္ေရာ ေခါင္းမွာ ပတ္တီးစည္းထားၿပီး လက္မွာ ေဆးေတြသြင္းထားရတဲ့ Jisoo ကို ကုတင္ေပၚမွာ ျမင္လိုက္ရေတာ့ Jennie အသည္းတစ္ခုလုံး စုတ္ျပတ္ေၾကမြသြားသလို ခံစားရသည္
Jennieမွာ ေအာ္ငိုၿပီး Jisoo ရဲ႕ လက္ကို ဆုပ္ကိုင္လိုက္သည္
Joohyun မွာေတာ့ Jennieကိုၾကည့္ၿပီး ရင္ေတြ နာလို႔ မ်က္ႏွာလႊဲထားမိသည္
"ဘာလို႔ ခုလို ႐ူးမိုက္ရတာလည္း Jenကို ေသေသရွင္ရွင္ ပစ္ထားလိုက္ေလ.... Jenကေလ အၿမဲ... Jenက အၿမဲ Chuကို နာက်င္ေအာင္ လုပ္ေနတာ..."
"Jen. ..နင္ ပင္ပန္းေနၿပီ အိမ္ျပန္ၿပီး ခဏနားလိုက္ပါလား "
"ဟင့္အင္း မျပန္ခ်င္ဘူး သူ႕အနားမွာ ေနခ်င္တယ္ သူသတိရတဲ့အထိ ေစာင့္ခ်င္တယ္ Joohyun "
"မဟုတ္ဘူးေလ Jen. ..Jisooကို ငါေစာင့္ေရွာက္လိုက္ပါမယ္ Jenလည္း ထိခိုက္ထားတာဘဲ ပင္ပန္းေနမွာေပါ့ '
"ဒါေပမယ့္ "
"ငါေျပာတာ နားေထာင္ပါ Jisooကို ေစာင့္ေရွာက္ခ်င္တယ္ဆို ခု Jen နားမွျဖစ္မယ္...မဟုတ္ရင္ Jenက လူေရာစိတ္ေရာ ပင္ပန္းၿပီး လဲက်သြားလိမ့္မယ္ ဒါေၾကာင့္မို႔ ဒီေန႕တစ္ရက္ေတာ့ အိမ္ျပန္ၿပီး ေသခ်ာနားလိုက္ပါ မနက္ျဖန္မွ ျပန္လာေလေနာ္ "
Jennieလည္း Joohyunေျပာတာ ျဖစ္သင့္လို႔ သက္ျပင္းခ်ၿပီး လက္ခံလိုက္သည္
"ဒါဆို Jen ျပန္ေတာ့မယ္ေနာ္ "
"ငါ လိုက္ပို႔ေပးမယ္ေလ "
"ဟင့္အင္း bus ကားစီးၿပီး ျပန္လိုက္မယ္ Joohyun က သူ႕ကိုဘဲ ေသခ်ာၾကည့္ေပးပါေနာ္ "
Joohyunမွာ သက္ျပင္းခ်ၿပီး အခန္းထဲက ထြက္သြားတဲ့ Jennieရဲ႕ ေက်ာျပင္ကို ေငးၾကည့္ေနမိသည္
Jennieမွာ ငူငူငိုင္ငိုင္နဲ႕ အိမ္ျပန္လာတုံး ဖုန္းျမည္သံေၾကာင့္ Jisoo သတိရလာလို႔ Joohyun ဖုန္းဆက္တာလားလို႔ ေပ်ာ္သြားေပမယ့္ ဖုန္းေခၚသူမွာ သူမအေဖျဖစ္ေနလို႔ Jennie စိတ္ပ်က္ပ်က္နဲ႕ ဖုန္းခ်ပစ္လိုက္သည္
ႏွစ္ရက္ရွိသြားၿပီ....Jisoo သတိမရေသးဘဲ ကုတင္ေပၚမွာ သတိေမ့ေနတာ ႏွစ္ရက္ရွိသြားၿပီေလ
Jennie ေဆး႐ုံကိုလာေတာ့ Jisooေဘးနား ထိုင္ၿပီး စာဖတ္ေနတဲ့ Joohyunကို ေတြ႕ရသည္
"Joohyun ျပန္လို႔ရၿပီေနာ္..."
Jennie နဲ႕ Joohyun မွာ တစ္လွည့္စီ တာဝန္ယူၿပီး ေဆး႐ုံေစာင့္ေပးေနတာေလ
"Ok Jennie ဂ႐ုစိုက္ေနာ္ တစ္ခုခုဆို ငါ့ဆီ ဖုန္းဆက္ "
Joohyun က ေျပာေတာ့ Jennieမွာ ေခါင္းညိတ္ျပသည္
Joohyun လည္း Jennieရဲ႕ နဖူးကို နမ္းလိုက္ၿပီး ေဆး႐ုံကေနထြက္လာသည္
Jisoo ကားမေတာ္တဆမႈ ျဖစ္လို႔ အခုဆို companyကို Joohyun ကဘဲ ႀကီးၾကပ္ေနရတယ္ေလ
"ဘယ္အခ်ိန္မွ သတိရလာမွာလည္းဟာ...Chuရဲ႕ အမေလ ေန႕တိုင္း ေဆး႐ုံလာေစာင့္ေပးေနတာ မႏႈတ္ဆက္ဘူးလား သူ႕ကို ...ၿပီးေတာ့ မေန႕က Chuရဲ႕ အေဖလည္း လာသြားတယ္ သူၾကာၾကာ ေနမသြားေပမယ့္ Jenကိုေတာ့ အျပစ္တင္သြားတယ္....ဟုတ္ပါတယ္ သူအျပစ္တင္သင့္ပါတယ္ Jen အမွားပါ...Jenေၾကာင့္ Chu ခုလိုျဖစ္ရတာ....Jenကို....အခြင့္အေရး ထပ္ေပးတဲ့အေနနဲ႕ အျမန္ သတိရလာပါေတာ့...Chuကို အရမ္းလြမ္းေနၿပီ ..."
Jisooကို ေရဝတ္တိုက္ေပးရင္း Jennie ေျပာကာ ငိုေနေပမယ့္ Jisooကေတာ့ ခုထိ သတိမရေသးေပ
#Tbc
အားလုံးဖတ္ခ်င္ေနၾကမွာသိလို႔ လိုင္းျဖတ္တဲ့အခ်ိန္ေရာ မီးျဖတ္ထားတဲ့အခ်ိန္မွာပါ ႀကိဳးစား ေရးထားတာပါ အားလုံးဘဲ ခက္ခဲပင္ပန္းတဲ့ အေျခအေနၾကားမွာ အားတင္းထားၾကပါလို႔
Bạn đang đọc truyện trên: Truyen3h.Co