Truyen3h.Co

CEO Kim

Part 38

KimFany059

#unicode

Jennie တစ်ယောက် အိပ်ပျော်နေရင်း ဖုန်းမြည်သံကြောင့် လန့်နိုးလာသည်

ဖုန်းနာရီကို ကြည့်တော့ နေ့လည်၁၂ ကျော်မှန်းသိပြီး Joohyun က ဖုန်းခေါ်သောကြောင့် အမြန် ကိုင်လိုက်သည်

"Hello Joo "

"Jen. ..Jisoo သတိရလာပြီ "

Joohyunရဲ့ စကားကြောင့် Jennieမှာ အိပ်ချင်မူးတူးဖြစ်နေတာ ပျောက်သွားပြီး အိပ်ရာကနေ ချက်ချင်းထလိုက်သည်

"တကယ်လား Joohyun "

"ဟုတ်တယ် ခုနလေးတင် သတိရလာတာ သူ သတိရချင်းချင်း နင့်ဆီငါ ဖုန်းလှမ်းဆက်တာ ".

"ဟုတ်ပြီ Jen လာခဲ့မယ် ကျေးဇူးတင်ပါတယ် Joohyun "

Jennieမှာ ဖုန်းကို ကုတင်ပေါ် ပစ်တင်ပြီး ရေချိုးခန်းထဲ ပြေးဝင်ကာ ရေအမြန်ချိုးလိုက်သည်

ထို့နောက် bus ကားစီးရင် ကြာမှာဆိုးလို့ Taxiငှားကာ Jisooရှိတဲ့ ဆေးရုံကို ထွက်လာခဲ့သည်

ဆေးရုံကို ရောက်တော့ Jennie မှာ ကားဒရိုင်ဘာဆီက ပြန်အမ်းငွေကို မယူဘဲ ဆေးရုံထဲသို့ ပြေးဝင်သွားသည်

Jisoo အခန်းနားသို့ ရောက်လေ Jennieမှာ စိတ်လှုပ်ရှားလာပြီး အသက်ရှူမဝဖြစ်လာသည်

Jisooက သူအခုလို ဖြစ်ရတာ Jennieကြောင့်ဆိုပြီး အပြစ်တင် စိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလည်းဆိုပြီး Jennie စိတ်ပူနေသည်

Jennie သူမကိုယ် သူမ အားတင်းလိုက်ပြီး Jisooရဲ့ အခန်းတံခါးကို ဖွင့်လိုက်သည်

ကုတင်ပေါ် ထိုင်နေတဲ့ Jisooနဲ့ အကြည့်ချင်းဆုံသွားတဲ့အခါ Jennie နှလုံးခုန်မြန်လာသည်

Jennie ဘာမှမတွေးတော့ဘဲ Jisoo ကို ပြေးဖက်လေသည်

"ဘုရားသခင်ရယ် ကျေးဇူးတင်လိုက်တာ နောက်ဆုံးတော့ နင် သတိရလာပြီပေါ့ Jisoo. .."

Jisoo မှာ Jennieကို ဖယ်တွန်းလိုက်သောကြောင့် Jennie လန့်သွားသည်

"Joohyun သူက ဘာလာလုပ်တာလည်း "

Jisoo မျက်မှောင်ကြုတ်ပြီး စိတ်တိုတဲ့ လေသံနဲ့ ပြောသောကြောင့် Jennie လန့်သွားသည်

Joohyunမှာ Jisoo ရဲ့ မေးခွန်းကို နားမလည်ဘဲအူကြောင်ကြောင်နဲ့ ဖြစ်နေသည်

"Jisoo နင် ဘာပြောလိုက်တာလည်း "

Jennieမှာ သူမကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေတဲ့ Jisooရဲ့ လက်ကို ကိုင်ဖို့လုပ်ပေမယ့် Jisooမှာ Jennieရဲ့ လက်ကို ရိုက်ပစ်သည်

"နင် ငါ့ကို မှတ်မိလား Jisoo "

Joohyunမှာ လန့်ပြီးကြောက်ရွံ့ နေတဲ့ Jennieကို လှမ်းကြည့်ရင်း Jisooကို မေးလိုက်သည်

"မှတ်မိတာပေါ့ ငါ့အမဝမ်းကွဲကို မမှတ်မိရအောင် ငါက အရူးလား "

Jisooက ပြောတော့ Joohyunမှာ Jennieကို လက်ညိုးထိုးပြီး ထပ်မေးပြန်သည်

"ဒါဆို သူ့ကိုရော သိလား "

"သိတာပေါ့ "

Jennieမှာ Jisooက သူမကို မှတ်မိနေသောကြောင့် စိတ်သက်သာရာ ရသွားပေမယ့် Jisooဆက်ပြောတဲ့ စကားကြောင့် မျက်လုံးပြူးသွားသည်

"ငါ့ကို ဘာမှမပြောဘဲ ထားသွားတဲ့ မိန်းမကို သိပ်သိတာပေါ့ "

Jisoo အံကိုကြိတ်ပြီး ပြောတော့ Jisooရဲ့ သူမကိုကြည့်နေတဲ့ အကြည့်တွေကို Jennie ကြောက်နေမိသည်

ရုံးခန်းမှာ သူမတို့ ပြန်တွေ့ခဲ့တုံးက အကြည့်တွေနဲ့ တစ်ပုံစံတည်းလေ

Jennieမှာ ခေါင်းခါရမ်းလိုက်ပြီး

"မဖြစ်နိုင်တာ Jisoo. ..Jenကို စနေတာ မဟုတ်လား Jenကို စိတ်ဆိုးလို့ ခုလိုပြောတာ မဟုတ်လား အဲ့အတွက် Jen တောင်းပန်ပါတယ်နော် အဲ့တာကြောင့်မို့ ခုလိုကြီးတော့ Jenကို မစပါနဲ့ Jisooရယ် "

"Joohyun သူ ဘာသောက်စကားတွေ ပြောနေတာလည်းဟ ...သူ ဘယ်တုံးက ဒီကိုရောက်လာတာလည်း..."

Jisoo အော်သံကြောင့် Joohyun လန့်သွားပြီး ဆရာဝန်ကို ခေါ်ဖို့ ဆုံးဖြတ်ကာ အခန်းထဲက ထွက်သွားသည်

"Jisoo. ..တော်ပါတော့ နင် ငါ့ကို နာကျင်အောင်လုပ်နေတာဘဲ "

Jennieမှာ Jisoo စကားကြောင့် ဝမ်းနည်းပြီး ငိုလေသည်

"Fuck ငါ့ရှေ့ဘာလို့ လာငိုပြနေတာလည်း Joohyun ဘယ်ရောက်သွားလည်း သူ့ကိုဆွဲထုတ်သွားစမ်း "

"Jisoo. ..နင် ဘာမှမမှတ်မိဘူးလားဟင်....Jenကို ကယ်ခဲ့လို့ ဒီဆေးရုံမှာ ရောက်နေတာလေ "

"ထွက်သွား...."

Jisooမှာ အသားကုန် အော်လိုက်တော့ Jennie လန့်ပြီး တုန်သွားသည်

ထိုစဥ် ဆရာဝန်နဲ့ Joohyun တို့ ရောက်လာပြီး Joohyunမှာ Jennieကို အခန်းအပြင်ဘက် ခဏထွက်နေဖို့ ဆွဲခေါ်သွားသည်

ဆရာဝန်နဲ့ Joohyun စကားပြောပြီး Jisooကို စမ်းသပ်နေစဥ် Jennieကတော့ အခန်းအပြင်ဘက်ကနေ မျက်ရည်တွေသုတ်ရင်း ကြည့်နေရသည်

ဆရာဝန်မှာ Jisooကို စမ်းသပ်ပြီးနောက် စိတ်ငြိမ်ဆေးထိုးပေးလိုက်သည်

ဆေးတွေ အစွမ်းနဲ့ Jisoo တစ်ယောက် အိပ်ပျော်သွားတဲ့ အခါမှ ဆရာဝန်နဲ့ Joohyun တို့ အခန်းထဲက ထွက်လာကြသည်

"ဆရာ ဘာဖြစ်တာလည်းဟင် "

Jennieမှာ စိတ်ပူပြီး မေးတော့ ဆရာဝန်မှာ သက်ပြင်းချလိုက်ပြီး ပြန်ဖြေလိုက်သည်

"သူ့အခြေအနေက မှတ်ဥာဏ်တစ်ချို့ ပြန်မေ့သွားတဲ့ အခြေအနေ ဖြစ်နေတယ်..."

ဆရာဝန်ရဲ့ စကားကြောင့် Joohyun အံ့သြသွားတယ်

"ဒါပေမယ့် သူ ကျွန်မတို့ကို မှတ်မိတယ်လေ ဆရာ..."

"မှတ်မိနေပေမယ့် ဒီကတစ်ယောက်ပြောပုံအရ သူ့စိတ်က လက်ရှိဖြစ်ပျက်နေတာကို မမှတ်မိဘဲ အတိတ်ကနေ့တစ်ချို့ဘဲ သူမှတ်မိနေတဲ့ပုံပါဘဲ"

ဆရာဝန်ရဲ့ စကားကြောင့် Jennie လဲကျသွားသည်

ဆရာဝန်ကထွက်သွားတော့ Joohyunမှာ လဲကျသွားတဲ့ Jennieကို ဆွဲထူရင်း နှစ်သိမ့်လိုက်သည်

"Jen. .သူ ပြန်ကောင်းလာတဲ့အထိ စောင့်ပြီး သူနဲ့ဝေးရာမှာ နေသင့်တယ် မဟုတ်ရင် နင်ဘဲ နာကျင်ရလိမ့်မယ် "

Joohyunကပြောတော့ Jennieမှာ ခေါင်းခါပြပြီး

"သူ ပြန်ကောင်းလာတဲ့အထိ သူ့ဘေးနားမှာ နေချင်တယ် Joohyun "

Joohyunလည်း Jennie ခေါင်းမာတာကို သိပြီး ဆက်မပြောဘဲ လွှတ်ပေးလိုက်သည်

Jennieမှာ အခန်းထဲ ဝင်သွားပြီး အိပ်ပျော်နေတဲ့ Jisooရဲ့ လက်ကို ကိုင်လိုက်သည်

"ဘာလို့ ငါတို့နှစ်ယောက် ဆက်ဆံရေးက အရမ်း ခက်ခဲနေရတာလည်း ငါ့ကို တွန်းမထုတ်ပါနဲ့ Jisooရယ်....နင် ငါ့ကို မမှတ်မိတော့လည်း ရပါတယ် နင် ပြန်ကောင်းပြီး အရာအားလုံးကို ပြန်မှတ်မိတဲ့အထိ နင့်ဘေးမှာ စောင့်ရှောက်ခွင့်လေး ပေးပါ "

ကံတရားကြီးကလည်း ကြည့်ပါအုံး.... လွန်ခဲ့တဲ့ တစ်ပတ်လောက်က Jisooကို သူမက တွန်းထုတ်နေခဲ့ပြီး ယခုတော့ သူမက Jisooကို ပြန်တွယ်ကပ်နေရသည်

#Tbc

စမ်းချောင်းက သူငယ်ချင်းတွေအားလုံး သတိထားကြပါနော် 🙌အားလုံး အထိအခိုက်မရှိဘဲ အဆင်​ပြေကြပါစေ 🙌

#zawgyi

Jennie တစ္ေယာက္ အိပ္ေပ်ာ္ေနရင္း ဖုန္းျမည္သံေၾကာင့္ လန့္နိုးလာသည္

ဖုန္းနာရီကို ၾကည့္ေတာ့ ေန႕လည္၁၂ ေက်ာ္မွန္းသိၿပီး Joohyun က ဖုန္းေခၚေသာေၾကာင့္ အျမန္ ကိုင္လိုက္သည္

"Hello Joo "

"Jen. ..Jisoo သတိရလာၿပီ "

Joohyunရဲ႕ စကားေၾကာင့္ Jennieမွာ အိပ္ခ်င္မူးတူးျဖစ္ေနတာ ေပ်ာက္သြားၿပီး အိပ္ရာကေန ခ်က္ခ်င္းထလိုက္သည္

"တကယ္လား Joohyun "

"ဟုတ္တယ္ ခုနေလးတင္ သတိရလာတာ သူ သတိရခ်င္းခ်င္း နင့္ဆီငါ ဖုန္းလွမ္းဆက္တာ ".

"ဟုတ္ၿပီ Jen လာခဲ့မယ္ ေက်းဇူးတင္ပါတယ္ Joohyun "

Jennieမွာ ဖုန္းကို ကုတင္ေပၚ ပစ္တင္ၿပီး ေရခ်ိဳးခန္းထဲ ေျပးဝင္ကာ ေရအျမန္ခ်ိဳးလိုက္သည္

ထို႔ေနာက္ bus ကားစီးရင္ ၾကာမွာဆိုးလို႔ Taxiငွားကာ Jisooရွိတဲ့ ေဆး႐ုံကို ထြက္လာခဲ့သည္

ေဆး႐ုံကို ေရာက္ေတာ့ Jennie မွာ ကားဒရိုင္ဘာဆီက ျပန္အမ္းေငြကို မယူဘဲ ေဆး႐ုံထဲသို႔ ေျပးဝင္သြားသည္

Jisoo အခန္းနားသို႔ ေရာက္ေလ Jennieမွာ စိတ္လႈပ္ရွားလာၿပီး အသက္ရႉမဝျဖစ္လာသည္

Jisooက သူအခုလို ျဖစ္ရတာ Jennieေၾကာင့္ဆိုၿပီး အျပစ္တင္ စိတ္ဆိုးသြားရင္ ဘယ္လိုလုပ္မလည္းဆိုၿပီး Jennie စိတ္ပူေနသည္

Jennie သူမကိုယ္ သူမ အားတင္းလိုက္ၿပီး Jisooရဲ႕ အခန္းတံခါးကို ဖြင့္လိုက္သည္

ကုတင္ေပၚ ထိုင္ေနတဲ့ Jisooနဲ႕ အၾကည့္ခ်င္းဆုံသြားတဲ့အခါ Jennie ႏွလုံးခုန္ျမန္လာသည္

Jennie ဘာမွမေတြးေတာ့ဘဲ Jisoo ကို ေျပးဖက္ေလသည္

"ဘုရားသခင္ရယ္ ေက်းဇူးတင္လိုက္တာ ေနာက္ဆုံးေတာ့ နင္ သတိရလာၿပီေပါ့ Jisoo. .."

Jisoo မွာ Jennieကို ဖယ္တြန္းလိုက္ေသာေၾကာင့္ Jennie လန့္သြားသည္

"Joohyun သူက ဘာလာလုပ္တာလည္း "

Jisoo မ်က္ေမွာင္ၾကဳတ္ၿပီး စိတ္တိုတဲ့ ေလသံနဲ႕ ေျပာေသာေၾကာင့္ Jennie လန့္သြားသည္

Joohyunမွာ Jisoo ရဲ႕ ေမးခြန္းကို နားမလည္ဘဲအူေၾကာင္ေၾကာင္နဲ႕ ျဖစ္ေနသည္

"Jisoo နင္ ဘာေျပာလိုက္တာလည္း "

Jennieမွာ သူမကို မ်က္ေမွာင္ၾကဳတ္ကာ စိုက္ၾကည့္ေနတဲ့ Jisooရဲ႕ လက္ကို ကိုင္ဖို႔လုပ္ေပမယ့္ Jisooမွာ Jennieရဲ႕ လက္ကို ရိုက္ပစ္သည္

"နင္ ငါ့ကို မွတ္မိလား Jisoo "

Joohyunမွာ လန့္ၿပီးေၾကာက္႐ြံ႕ ေနတဲ့ Jennieကို လွမ္းၾကည့္ရင္း Jisooကို ေမးလိုက္သည္

"မွတ္မိတာေပါ့ ငါ့အမဝမ္းကြဲကို မမွတ္မိရေအာင္ ငါက အ႐ူးလား "

Jisooက ေျပာေတာ့ Joohyunမွာ Jennieကို လက္ညိုးထိုးၿပီး ထပ္ေမးျပန္သည္

"ဒါဆို သူ႕ကိုေရာ သိလား "

"သိတာေပါ့ "

Jennieမွာ Jisooက သူမကို မွတ္မိေနေသာေၾကာင့္ စိတ္သက္သာရာ ရသြားေပမယ့္ Jisooဆက္ေျပာတဲ့ စကားေၾကာင့္ မ်က္လုံးျပဴးသြားသည္

"ငါ့ကို ဘာမွမေျပာဘဲ ထားသြားတဲ့ မိန္းမကို သိပ္သိတာေပါ့ "

Jisoo အံကိုႀကိတ္ၿပီး ေျပာေတာ့ Jisooရဲ႕ သူမကိုၾကည့္ေနတဲ့ အၾကည့္ေတြကို Jennie ေၾကာက္ေနမိသည္

႐ုံးခန္းမွာ သူမတို႔ ျပန္ေတြ႕ခဲ့တုံးက အၾကည့္ေတြနဲ႕ တစ္ပုံစံတည္းေလ

Jennieမွာ ေခါင္းခါရမ္းလိုက္ၿပီး

"မျဖစ္နိုင္တာ Jisoo. ..Jenကို စေနတာ မဟုတ္လား Jenကို စိတ္ဆိုးလို႔ ခုလိုေျပာတာ မဟုတ္လား အဲ့အတြက္ Jen ေတာင္းပန္ပါတယ္ေနာ္ အဲ့တာေၾကာင့္မို႔ ခုလိုႀကီးေတာ့ Jenကို မစပါနဲ႕ Jisooရယ္ "

"Joohyun သူ ဘာေသာက္စကားေတြ ေျပာေနတာလည္းဟ ...သူ ဘယ္တုံးက ဒီကိုေရာက္လာတာလည္း..."

Jisoo ေအာ္သံေၾကာင့္ Joohyun လန့္သြားၿပီး ဆရာဝန္ကို ေခၚဖို႔ ဆုံးျဖတ္ကာ အခန္းထဲက ထြက္သြားသည္

"Jisoo. ..ေတာ္ပါေတာ့ နင္ ငါ့ကို နာက်င္ေအာင္လုပ္ေနတာဘဲ "

Jennieမွာ Jisoo စကားေၾကာင့္ ဝမ္းနည္းၿပီး ငိုေလသည္

"Fuck ငါ့ေရွ႕ဘာလို႔ လာငိုျပေနတာလည္း Joohyun ဘယ္ေရာက္သြားလည္း သူ႕ကိုဆြဲထုတ္သြားစမ္း "

"Jisoo. ..နင္ ဘာမွမမွတ္မိဘူးလားဟင္....Jenကို ကယ္ခဲ့လို႔ ဒီေဆး႐ုံမွာ ေရာက္ေနတာေလ "

"ထြက္သြား...."

Jisooမွာ အသားကုန္ ေအာ္လိုက္ေတာ့ Jennie လန့္ၿပီး တုန္သြားသည္

ထိုစဥ္ ဆရာဝန္နဲ႕ Joohyun တို႔ ေရာက္လာၿပီး Joohyunမွာ Jennieကို အခန္းအျပင္ဘက္ ခဏထြက္ေနဖို႔ ဆြဲေခၚသြားသည္

ဆရာဝန္နဲ႕ Joohyun စကားေျပာၿပီး Jisooကို စမ္းသပ္ေနစဥ္ Jennieကေတာ့ အခန္းအျပင္ဘက္ကေန မ်က္ရည္ေတြသုတ္ရင္း ၾကည့္ေနရသည္

ဆရာဝန္မွာ Jisooကို စမ္းသပ္ၿပီးေနာက္ စိတ္ၿငိမ္ေဆးထိုးေပးလိုက္သည္

ေဆးေတြ အစြမ္းနဲ႕ Jisoo တစ္ေယာက္ အိပ္ေပ်ာ္သြားတဲ့ အခါမွ ဆရာဝန္နဲ႕ Joohyun တို႔ အခန္းထဲက ထြက္လာၾကသည္

"ဆရာ ဘာျဖစ္တာလည္းဟင္ "

Jennieမွာ စိတ္ပူၿပီး ေမးေတာ့ ဆရာဝန္မွာ သက္ျပင္းခ်လိဳက္ၿပီး ျပန္ေျဖလိုက္သည္

"သူ႕အေျခအေနက မွတ္ဥာဏ္တစ္ခ်ိဳ႕ ျပန္ေမ့သြားတဲ့ အေျခအေန ျဖစ္ေနတယ္..."

ဆရာဝန္ရဲ႕ စကားေၾကာင့္ Joohyun အံ့ၾသသြားတယ္

"ဒါေပမယ့္ သူ ကြၽန္မတို႔ကို မွတ္မိတယ္ေလ ဆရာ..."

"မွတ္မိေနေပမယ့္ ဒီကတစ္ေယာက္ေျပာပုံအရ သူ႕စိတ္က လက္ရွိျဖစ္ပ်က္ေနတာကို မမွတ္မိဘဲ အတိတ္ကေန႕တစ္ခ်ိဳ႕ဘဲ သူမွတ္မိေနတဲ့ပုံပါဘဲ"

ဆရာဝန္ရဲ႕ စကားေၾကာင့္ Jennie လဲက်သြားသည္

ဆရာဝန္ကထြက္သြားေတာ့ Joohyunမွာ လဲက်သြားတဲ့ Jennieကို ဆြဲထူရင္း ႏွစ္သိမ့္လိုက္သည္

"Jen. .သူ ျပန္ေကာင္းလာတဲ့အထိ ေစာင့္ၿပီး သူနဲ႕ေဝးရာမွာ ေနသင့္တယ္ မဟုတ္ရင္ နင္ဘဲ နာက်င္ရလိမ့္မယ္ "

Joohyunကေျပာေတာ့ Jennieမွာ ေခါင္းခါျပၿပီး

"သူ ျပန္ေကာင္းလာတဲ့အထိ သူ႕ေဘးနားမွာ ေနခ်င္တယ္ Joohyun "

Joohyunလည္း Jennie ေခါင္းမာတာကို သိၿပီး ဆက္မေျပာဘဲ လႊတ္ေပးလိုက္သည္

Jennieမွာ အခန္းထဲ ဝင္သြားၿပီး အိပ္ေပ်ာ္ေနတဲ့ Jisooရဲ႕ လက္ကို ကိုင္လိုက္သည္

"ဘာလို႔ ငါတို႔ႏွစ္ေယာက္ ဆက္ဆံေရးက အရမ္း ခက္ခဲေနရတာလည္း ငါ့ကို တြန္းမထုတ္ပါနဲ႕ Jisooရယ္....နင္ ငါ့ကို မမွတ္မိေတာ့လည္း ရပါတယ္ နင္ ျပန္ေကာင္းၿပီး အရာအားလုံးကို ျပန္မွတ္မိတဲ့အထိ နင့္ေဘးမွာ ေစာင့္ေရွာက္ခြင့္ေလး ေပးပါ "

ကံတရားႀကီးကလည္း ၾကည့္ပါအုံး.... လြန္ခဲ့တဲ့ တစ္ပတ္ေလာက္က Jisooကို သူမက တြန္းထုတ္ေနခဲ့ၿပီး ယခုေတာ့ သူမက Jisooကို ျပန္တြယ္ကပ္ေနရသည္

#Tbc

စမ္းေခ်ာင္းက သူငယ္ခ်င္းေတြအားလုံး သတိထားၾကပါေနာ္ 🙌အားလုံး အထိအခိုက္မရွိဘဲ အဆင္ေျပၾကပါေစ 🙌

Bạn đang đọc truyện trên: Truyen3h.Co