Part 39
#Unicode
Jisoo နိုးလာရင် စားဖို့ Jennieမှာ ကြက်သားဆန်ပြုတ်သွားဝယ်နေသည်
Jisooအတွက် ကြက်သားဆန်ပြုတ်ဝယ်ပြီး သူမကတော့ ခေါက်ဆွဲပြုတ်စားဖို့ ခေါက်ဆွဲဘူးလေးပါ Jennie ဝယ်လာသည်
Negative အတွေးတွေ တွေးပြီး Jennie ဝမ်းမနည်ချင်...Jisoo ကိုမာမဝင်ဘဲ သတိပြန်ရလာတာကိုဘဲ Jennie ကျေးဇူးတင်မိနေသည်
မကြာခင် Jisooဟာ သူမနဲ့ ပတ်သက်တာတွေ အစအဆုံး ပြန်မှတ်မိလိမ့်မယ်လို့ Jennie မျှော်လင့်နေ ဆုတောင်းနေမိသည်
ဆေးရုံထဲ ပြန်ဝင်လာပြီး Jisoo အခန်းဆီသို့ Jennie သီချင်းလေး ညည်းပြီး သွားနေသည်
အခန်းထဲ ဝင်ဝင်ချင်း သူမကို အေးစက်တဲ့ အကြည့်တွေနဲ့ ကြည့်နေတဲ့ Jisooကြောင့် Jennie ရင်တွေတုန်လာသည်
သို့သော်လည်း Jennie သူ့ကိုယ်သူ စိတ်ထဲကနေ
ပြန်အားပေးရင်း ကြက်သားဆန်ပြုတ်ကို ပန်းကန်ထဲ Jennie ထည့်လိုက်သည်
"Chu ဗိုက်ဆာနေမှာပေါ့ Jenလေ ဆေးရုံနဲ့ မျက်နှာချင်းဆိုင်က ဆိုင်မှာ ကြက်.."
"မဆာဘူး..."
Jennie ရဲ့ စကားမဆုံးသေး Jisooမှာ ဖြတ်ပြောလိုက်သည်
သို့သော်လည်း Jennieမှာ ကြက်သားဆန်ပြုတ်ပန်းကန်ကို ယူလာပြီး Jisoo ကုတင်ဘေးနားက ထိုင်ခုံတွင် ထိုင်လိုက်သည်
"ငါ ဗိုက်မဆာဘူးလို့ ပြောနေတယ်လေ "
"Jen ခွံ့ကျွေးမယ်လေ "
"ဘာ နင်က ငါ့ကို ဘယ်လိုထင်နေတာလည်း....ဘာမှမစားတတ်တဲ့ ကလေးတစ်ယောက်လို့ ထင်နေတာလား "
Jisoo စကားကြောင့် Jennieမှာ ပြာပြာသလဲနဲ့ ခေါင်းခါလိုက်သည်
"အာ အဲ့လိုမဟုတ်ပါဘူး Chuရယ် "
"ဒါဆို ငါ့မျက်စိရှေ့က ထွက်သွား....
"ဒါပေမယ့် Chuရယ် ဒါလေးစားမှ....အား...."
Jennieမှာ Jisooကို ကြက်သားဆန်ပြုတ် ခွံ့ကျွေးဖို့လုပ်ပေမယ့် Jisoo မှာ Jennieရဲ့ လက်ကို ရိုက်ချသောကြောင့် Jennie တစ်ကိုယ်လုံး ဆန်ပြုတ်ပူတွေဖိတ်ကျသွားသည်
Jennieမှာ ထရပ်လိုက်ပြီး မငိုမိအောင် အံကိုကြိတ်ကာ ခေါင်းညိတ်လိုက်သည်
"အင်းပါ Jen ရှိလို့ မစားချင်ဘူးဆို Jen စားမယ့် ခေါက်ဆွဲလေးပြုတ်ပြီး ထွက်သွားပေးပါမယ်... "
Jennie ထရပ်ပြီး ခေါက်ဆွဲသွားပြုတ်ပေးကာ Jisooကို ခေါက်ဆွဲပြုတ်ဘူးပေးလိုက်သည်
"ရော့ Chu ဒါလေးစားလိုက်နော် Jen ထွက်သွားပေးမယ်..အော် ဒါနဲ့ ဆေးတွေက စားပွဲခုံပေါ် ရှိတယ် စားပြီး သောက်လိုက်နော်...."
မျက်ရည်တွေသုတ်ပြီး အခန်းထဲက ထွက်သွားတဲ့ Jennie ကို ကြည့်ရင်း Jisoo စိတ်မကောင်းဖြစ်နေသည်
"အာ ငါက ဘာလို့ စိတ်မကောင်းဖြစ်နေတာလည်း ငါ့ကိုထားပြီး ထွက်သွားတဲ့သူလေ Jisooရ..."
Jisoo သူ့ကိုယ်သူပြန်ပြောပြီး ခေါက်ဆွဲပြုတ်ကို စားလိုက်သည်
ခဏကြာတော့ တံခါးခေါက်သံကြားလို့ Jennie ထင်နေပေမယ့် သန့်ရှင်းရေး အဒေါ်ကြီး ဖြစ်နေသည်
"ဒီအခန်းထဲက မိန်းကလေးက အခန်းကို သန့်ရှင်းရေးလုပ်ပေးဖို့ ပြောသွားလို့ပါ "
"Aww ဟုတ် ဝင်လာခဲ့ပါ "
သန့်ရှင်းရေးလုပ်နေတဲ့ အဒေါ်ကြီးကို Jisoo ကြည့်ရင်း
"ဟိုလေ ခုနကောင်မလေး အပြင်မှာ ရှိလားဟင် "
"မရှိလောက်ဘူးထင်တယ် ခုန အဒေါ့်ကို ဒီအခန်း သန့်ရှင်းရေးလုပ်ဖို့ ပြောပြီး ထွက်သွားတယ် ကြည့်ရတာ တစ်နေရာသွားငိုနေတာထင်တယ်....အဒေါ့်ကို လာပြောရင်းတောင် သူမျက်ရည်တွေကျနေတာ..."
သန့်ရှင်းရေး အဒေါ်ကြီးရဲ့ စကားကြောင့် Jisoo သက်ပြင်းချလိုက်မိသည်
"ငါ လုပ်တာ တော်တော်လွန်သွားတာလား..."
Jisoo တွေးရင်း ခေါင်းကိုက်လာလို့ ဆေးသောက်ပြီး အိပ်ပစ်လိုက်သည်
******=*
Jisoo နိုးလာတော့ သူမဘေးက ထိုင်ခုံတွင် laptop နဲ့အလုပ်များနေတဲ့ Joohyun ကို တွေ့ရသည်
Jisooမှာ တစ်ခြားသူများ ရှိနေအုံးမလားလို့ အိပ်ရာက ထပြီး အခန်းထဲကို တစ်ချက်ကြည့်ပေမယ့် Joohyunကို သာ တွေ့ရသည်
"သတိရလာပြီလား Jisoo ဘယ်လိုနေသေးလည်း "
Joohyun မှာ laptopကို ပိတ်ပြီး Jisooကို မေးလိုက်သည်
"အင်း Joohyun ငါ ဒီကို ဘယ်လိုဖြစ်လို့ ရောက်လာတာလည်း "
"ဟို နင် တစ်နေ့က အပြင်သွားရင်း ကားလမ်းဖြတ်ကူးတုံး ကားတစ်စီးက ဝင်တိုက်သွားလို့ ဆေးရုံရောက်လာတာ..."
Joohyun ကပြောတော့ Jisoo စဥ်းစားရင်း မျက်မှောင်ကြုတ်နေသည်
"ဘယ်နေ့ကလည်း "
"Sunday. .."
"ငါ ဘာလို့ ဘာမှမမှတ်မိရတာလည်း Joohyun "
"ဆရာဝန်က ပြောတာတော့ နင် ခေါင်းထိမိပြီး မှတ်ဥာဏ်တစ်ချို့ ချို့ယွင်းသွားတယ်တဲ့ ဒါကြောင့်မို့ တစ်ခုခုဆို အရမ်းမစဥ်းစားပါနဲ့ ခေါင်းကိုက်မှာဆိုးလို့တဲ့ '
"Jisoo ဘာမှမမှတ်မိဘူးလားဟင် Jenကို ကယ်လို့ ဒီကိုရောက်လာတာလေ..."
Jennieရဲ့ စကားတွေ ပြန်ကြားယောင်ပြီး Jisoo ခေါင်းတွေ ပေါက်ကွဲထွက်တော့မလို ခံစားလာရလို့ ခေါင်းကို လက်နှစ်ဖက်နဲ့ ကိုင်ကာ အော်ဟစ်လိုက်သည်
Joohyunမှာ Jisoo အပြုအမူကြောင့် လန့်ပြီး ဆရာဝန်ကို ပြေးခေါ်လေသည်
********
Jisoo သတိရလာတော့ သူမ ကုတင်ပေါ်တွင် ခေါင်းလေးတင်ကာ အိပ်ပျော်နေတဲ့ Jennieကို တွေ့ရသည်
Jennie သူမဘေးနားရှိနေတာကို ဝန်ထုပ်ဝန်ပိုးတွေ မဖြစ်စေဘဲ ဘာလို့ သက်တောင့်သက်သာ ရှိပြီး နွေးထွေးနေသလို ခံစားရမှန်း Jisoo မသိပေ
"
Jisooမှာ Jennie မျက်နှာပေါ် ကျနေတဲ့ Jennieရဲ့ ဆံပင်လေးတွေကို ဖယ်ပေးရင်း ပါးဖောင်းဖောင်းလေးပေါ်က မျက်ရည်စီးကြောင်းတွေကို Jisoo သတိထားမိသွားတယ်.....
ထပ်ပြီး ဒီကလေးမလေးဟာ အိပ်နေရင်း ငိုနေခဲ့တာလား....
Jisoo ထိုမျက်ရည်စီးကြောင်းတွေကို ထိတွေ့ရင်း စိတ်မကောင်းဖြစ်သွားရပြန်သည်
"I'm sorry. ..."
Jisoo တောင်းပန်စကားပြောရင်း မျက်ရည်တွေ စီးကျလာသည်
ဘာလို့ သူမ အခုလို မျက်ရည်တွေကျမိနေမှန်း Jisoo မသိပေ
ထိုစဥ် Jennieက ရုတ်တရက်နိုးလာသောကြောင့် Jisoo အမြန် အိပ်ချင်ယောင်ဆောင်လိုက်သည်
Jennie မှာ ခဏအိပ်နေရာက နိုးလာပြီး Jisooကို ကြည့်လိုက်တော့ မျက်ရည်တွေကျနေတာကို တွေ့လိုက်ရသည်
"အယ် ဘာလို့ငိုနေတာလည်း Chuu အိမ်မက်ဆိုးတွေ မက်နေလို့လား.... "
Jennie ပြောရင်း တစ်ရှူးတွေနဲ့ Jisooရဲ့ မျက်ရည်တွေကို သုတ်ပေးနေသည်
"ခဏနေ night shift ရှိလို့ ခုချိန် Chu သတိရလာရင် ကောင်းမှာဘဲ.... အလုပ်ကို မသွားခင် Jenကို ကြည့်တဲ့ Chuရဲ့ အေးစက်စက် မျက်ဝန်းတွေကို မြင်သွားချင်လို့ပါ...."
Jennie ပြောရင်း Jisooရဲ့ လက်ဖမိုးလေးကို နမ်းလိုက်သည်
"စိတ်ပူလိုက်တာ Chuuရယ် မနေ့ မနက်ကတည်းက Chuu အိပ်ပျော်နေတာ ခုထိ....Joohyun ဖုန်းဆက်တုံးကဆို Jenမှာ စိတ်ပူလွန်းလို့ Flash ထက်မြန်တဲ့ ပြေးနှုန်းနဲ့ ပြေးလာရတာ သိလား....Joohyunက ပြောတယ် Chu ထပ်ပြီး ခေါင်းကိုက်နေတာဆိုပြီး...Jenတို့ အကြောင်းတွေ ချက်ချင်းမမှတ်မိလည်း ရတာမို့ ဘာမှမစဥ်းစားပါနဲ့ Chu ကျန်းမာရေးက အရေးကြီးဆုံးမို့ Jen စောင့်နိုင်ပါတယ်..."
Jennie ပြောပြီး Jisooရဲ့ ပါးလေးကို နမ်းပြန်သည်
အိပ်ချင်ယောင်ဆောင်နေရတဲ့ Jisooမှာ ကြာလာရင် Jennieကြောင့် နှလုံးရောဂါ ရတော့မှာမို့ အမြန်မျက်လုံးဖွင့်လိုက်သည်
"Chu နိုးပြီလား...ဗိုက်ဆာနေလား Jen ဘာဝယ်ပေး "
"ပါးစပ်ပိတ်ထားပေး Jennie ငါ နင့်အသံကြားရတာ နားညည်းတယ်..."
"Chu. ."
"ပြီးတော့ အခန်းထဲက ထွက်သွားပေး နင့်မျက်နှာ ငါမမြင်ချင်ဘူး "
"Jenက Chuကို စောင့်ရှောက်..."
"ငါ စကားကို နှစ်ခါမပြောချင်ဘူး Jennie "
"ကောင်းပါပြီ ဒါဆို အရှေ့မှာ Jen ရှိနေမယ် တစ်ခုခုဆို ခေါ်လိုက်ပါ "
Jennie သက်ပြင်းချပြီး အခန်းထဲကထွက်သွားတော့ Jisooမှာ Jennieရဲ့ အဝတ်အစားကိုကြည့််ပြီး တစ်နေရာရာမှာ ရင်းနှီးနေသလို မြင်ဖူးသလို ခံစားနေရသည်
Jennie ဝတ်လာတဲ့ အဝတ်အစားက သူမတို့ accident ဖြစ်တုံးက ဝတ်ထားတဲ့ အဝတ်အစားပင်ဖြစ်သည်
#tbc
#zawgyi
Jisoo နိုးလာရင္ စားဖို႔ Jennieမွာ ၾကက္သားဆန္ျပဳတ္သြားဝယ္ေနသည္
Jisooအတြက္ ၾကက္သားဆန္ျပဳတ္ဝယ္ၿပီး သူမကေတာ့ ေခါက္ဆြဲျပဳတ္စားဖို႔ ေခါက္ဆြဲဘူးေလးပါ Jennie ဝယ္လာသည္
Negative အေတြးေတြ ေတြးၿပီး Jennie ဝမ္းမနည္ခ်င္...Jisoo ကိုမာမဝင္ဘဲ သတိျပန္ရလာတာကိုဘဲ Jennie ေက်းဇူးတင္မိေနသည္
မၾကာခင္ Jisooဟာ သူမနဲ႕ ပတ္သက္တာေတြ အစအဆုံး ျပန္မွတ္မိလိမ့္မယ္လို႔ Jennie ေမွ်ာ္လင့္ေန ဆုေတာင္းေနမိသည္
ေဆး႐ုံထဲ ျပန္ဝင္လာၿပီး Jisoo အခန္းဆီသို႔ Jennie သီခ်င္းေလး ညည္းၿပီး သြားေနသည္
အခန္းထဲ ဝင္ဝင္ခ်င္း သူမကို ေအးစက္တဲ့ အၾကည့္ေတြနဲ႕ ၾကည့္ေနတဲ့ Jisooေၾကာင့္ Jennie ရင္ေတြတုန္လာသည္
သို႔ေသာ္လည္း Jennie သူ႕ကိုယ္သူ စိတ္ထဲကေန
ျပန္အားေပးရင္း ၾကက္သားဆန္ျပဳတ္ကို ပန္းကန္ထဲ Jennie ထည့္လိုက္သည္
"Chu ဗိုက္ဆာေနမွာေပါ့ Jenေလ ေဆး႐ုံနဲ႕ မ်က္ႏွာခ်င္းဆိုင္က ဆိုင္မွာ ၾကက္.."
"မဆာဘူး..."
Jennie ရဲ႕ စကားမဆုံးေသး Jisooမွာ ျဖတ္ေျပာလိုက္သည္
သို႔ေသာ္လည္း Jennieမွာ ၾကက္သားဆန္ျပဳတ္ပန္းကန္ကို ယူလာၿပီး Jisoo ကုတင္ေဘးနားက ထိုင္ခုံတြင္ ထိုင္လိုက္သည္
"ငါ ဗိုက္မဆာဘူးလို႔ ေျပာေနတယ္ေလ "
"Jen ခြံ႕ေကြၽးမယ္ေလ "
"ဘာ နင္က ငါ့ကို ဘယ္လိုထင္ေနတာလည္း....ဘာမွမစားတတ္တဲ့ ကေလးတစ္ေယာက္လို႔ ထင္ေနတာလား "
Jisoo စကားေၾကာင့္ Jennieမွာ ျပာျပာသလဲနဲ႕ ေခါင္းခါလိုက္သည္
"အာ အဲ့လိုမဟုတ္ပါဘူး Chuရယ္ "
"ဒါဆို ငါ့မ်က္စိေရွ႕က ထြက္သြား....
"ဒါေပမယ့္ Chuရယ္ ဒါေလးစားမွ....အား...."
Jennieမွာ Jisooကို ၾကက္သားဆန္ျပဳတ္ ခြံ႕ေကြၽးဖို႔လုပ္ေပမယ့္ Jisoo မွာ Jennieရဲ႕ လက္ကို ရိုက္ခ်ေသာေၾကာင့္ Jennie တစ္ကိုယ္လုံး ဆန္ျပဳတ္ပူေတြဖိတ္က်သြားသည္
Jennieမွာ ထရပ္လိုက္ၿပီး မငိုမိေအာင္ အံကိုႀကိတ္ကာ ေခါင္းညိတ္လိုက္သည္
"အင္းပါ Jen ရွိလို႔ မစားခ်င္ဘူးဆို Jen စားမယ့္ ေခါက္ဆြဲေလးျပဳတ္ၿပီး ထြက္သြားေပးပါမယ္... "
Jennie ထရပ္ၿပီး ေခါက္ဆြဲသြားျပဳတ္ေပးကာ Jisooကို ေခါက္ဆြဲျပဳတ္ဘူးေပးလိုက္သည္
"ေရာ့ Chu ဒါေလးစားလိုက္ေနာ္ Jen ထြက္သြားေပးမယ္..ေအာ္ ဒါနဲ႕ ေဆးေတြက စားပြဲခုံေပၚ ရွိတယ္ စားၿပီး ေသာက္လိုက္ေနာ္...."
မ်က္ရည္ေတြသုတ္ၿပီး အခန္းထဲက ထြက္သြားတဲ့ Jennie ကို ၾကည့္ရင္း Jisoo စိတ္မေကာင္းျဖစ္ေနသည္
"အာ ငါက ဘာလို႔ စိတ္မေကာင္းျဖစ္ေနတာလည္း ငါ့ကိုထားၿပီး ထြက္သြားတဲ့သူေလ Jisooရ..."
Jisoo သူ႕ကိုယ္သူျပန္ေျပာၿပီး ေခါက္ဆြဲျပဳတ္ကို စားလိုက္သည္
ခဏၾကာေတာ့ တံခါးေခါက္သံၾကားလို႔ Jennie ထင္ေနေပမယ့္ သန့္ရွင္းေရး အေဒၚႀကီး ျဖစ္ေနသည္
"ဒီအခန္းထဲက မိန္းကေလးက အခန္းကို သန့္ရွင္းေရးလုပ္ေပးဖို႔ ေျပာသြားလို႔ပါ "
"Aww ဟုတ္ ဝင္လာခဲ့ပါ "
သန့္ရွင္းေရးလုပ္ေနတဲ့ အေဒၚႀကီးကို Jisoo ၾကည့္ရင္း
"ဟိုေလ ခုနေကာင္မေလး အျပင္မွာ ရွိလားဟင္ "
"မရွိေလာက္ဘူးထင္တယ္ ခုန အေဒၚ့ကို ဒီအခန္း သန့္ရွင္းေရးလုပ္ဖို႔ ေျပာၿပီး ထြက္သြားတယ္ ၾကည့္ရတာ တစ္ေနရာသြားငိုေနတာထင္တယ္....အေဒၚ့ကို လာေျပာရင္းေတာင္ သူမ်က္ရည္ေတြက်ေနတာ..."
သန့္ရွင္းေရး အေဒၚႀကီးရဲ႕ စကားေၾကာင့္ Jisoo သက္ျပင္းခ်လိဳက္မိသည္
"ငါ လုပ္တာ ေတာ္ေတာ္လြန္သြားတာလား..."
Jisoo ေတြးရင္း ေခါင္းကိုက္လာလို႔ ေဆးေသာက္ၿပီး အိပ္ပစ္လိုက္သည္
******=*
Jisoo နိုးလာေတာ့ သူမေဘးက ထိုင္ခုံတြင္ laptop နဲ႕အလုပ္မ်ားေနတဲ့ Joohyun ကို ေတြ႕ရသည္
Jisooမွာ တစ္ျခားသူမ်ား ရွိေနအုံးမလားလို႔ အိပ္ရာက ထၿပီး အခန္းထဲကို တစ္ခ်က္ၾကည့္ေပမယ့္ Joohyunကို သာ ေတြ႕ရသည္
"သတိရလာၿပီလား Jisoo ဘယ္လိုေနေသးလည္း "
Joohyun မွာ laptopကို ပိတ္ၿပီး Jisooကို ေမးလိုက္သည္
"အင္း Joohyun ငါ ဒီကို ဘယ္လိုျဖစ္လို႔ ေရာက္လာတာလည္း "
"ဟို နင္ တစ္ေန႕က အျပင္သြားရင္း ကားလမ္းျဖတ္ကူးတုံး ကားတစ္စီးက ဝင္တိုက္သြားလို႔ ေဆး႐ုံေရာက္လာတာ..."
Joohyun ကေျပာေတာ့ Jisoo စဥ္းစားရင္း မ်က္ေမွာင္ၾကဳတ္ေနသည္
"ဘယ္ေန႕ကလည္း "
"Sunday. .."
"ငါ ဘာလို႔ ဘာမွမမွတ္မိရတာလည္း Joohyun "
"ဆရာဝန္က ေျပာတာေတာ့ နင္ ေခါင္းထိမိၿပီး မွတ္ဥာဏ္တစ္ခ်ိဳ႕ ခ်ိဳ႕ယြင္းသြားတယ္တဲ့ ဒါေၾကာင့္မို႔ တစ္ခုခုဆို အရမ္းမစဥ္းစားပါနဲ႕ ေခါင္းကိုက္မွာဆိုးလို႔တဲ့ '
"Jisoo ဘာမွမမွတ္မိဘူးလားဟင္ Jenကို ကယ္လို႔ ဒီကိုေရာက္လာတာေလ..."
Jennieရဲ႕ စကားေတြ ျပန္ၾကားေယာင္ၿပီး Jisoo ေခါင္းေတြ ေပါက္ကြဲထြက္ေတာ့မလို ခံစားလာရလို႔ ေခါင္းကို လက္ႏွစ္ဖက္နဲ႕ ကိုင္ကာ ေအာ္ဟစ္လိုက္သည္
Joohyunမွာ Jisoo အျပဳအမူေၾကာင့္ လန့္ၿပီး ဆရာဝန္ကို ေျပးေခၚေလသည္
********
Jisoo သတိရလာေတာ့ သူမ ကုတင္ေပၚတြင္ ေခါင္းေလးတင္ကာ အိပ္ေပ်ာ္ေနတဲ့ Jennieကို ေတြ႕ရသည္
Jennie သူမေဘးနားရွိေနတာကို ဝန္ထုပ္ဝန္ပိုးေတြ မျဖစ္ေစဘဲ ဘာလို႔ သက္ေတာင့္သက္သာ ရွိၿပီး ႏြေးေထြးေနသလို ခံစားရမွန္း Jisoo မသိေပ
"
Jisooမွာ Jennie မ်က္ႏွာေပၚ က်ေနတဲ့ Jennieရဲ႕ ဆံပင္ေလးေတြကို ဖယ္ေပးရင္း ပါးေဖာင္းေဖာင္းေလးေပၚက မ်က္ရည္စီးေၾကာင္းေတြကို Jisoo သတိထားမိသြားတယ္.....
ထပ္ၿပီး ဒီကေလးမေလးဟာ အိပ္ေနရင္း ငိုေနခဲ့တာလား....
Jisoo ထိုမ်က္ရည္စီးေၾကာင္းေတြကို ထိေတြ႕ရင္း စိတ္မေကာင္းျဖစ္သြားရျပန္သည္
"I'm sorry. ..."
Jisoo ေတာင္းပန္စကားေျပာရင္း မ်က္ရည္ေတြ စီးက်လာသည္
ဘာလို႔ သူမ အခုလို မ်က္ရည္ေတြက်မိေနမွန္း Jisoo မသိေပ
ထိုစဥ္ Jennieက ႐ုတ္တရက္နိုးလာေသာေၾကာင့္ Jisoo အျမန္ အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္
Jennie မွာ ခဏအိပ္ေနရာက နိုးလာၿပီး Jisooကို ၾကည့္လိုက္ေတာ့ မ်က္ရည္ေတြက်ေနတာကို ေတြ႕လိုက္ရသည္
"အယ္ ဘာလို႔ငိုေနတာလည္း Chuu အိမ္မက္ဆိုးေတြ မက္ေနလို႔လား.... "
Jennie ေျပာရင္း တစ္ရႉးေတြနဲ႕ Jisooရဲ႕ မ်က္ရည္ေတြကို သုတ္ေပးေနသည္
"ခဏေန night shift ရွိလို႔ ခုခ်ိန္ Chu သတိရလာရင္ ေကာင္းမွာဘဲ.... အလုပ္ကို မသြားခင္ Jenကို ၾကည့္တဲ့ Chuရဲ႕ ေအးစက္စက္ မ်က္ဝန္းေတြကို ျမင္သြားခ်င္လို႔ပါ...."
Jennie ေျပာရင္း Jisooရဲ႕ လက္ဖမိုးေလးကို နမ္းလိုက္သည္
"စိတ္ပူလိုက္တာ Chuuရယ္ မေန႕ မနက္ကတည္းက Chuu အိပ္ေပ်ာ္ေနတာ ခုထိ....Joohyun ဖုန္းဆက္တုံးကဆို Jenမွာ စိတ္ပူလြန္းလို႔ Flash ထက္ျမန္တဲ့ ေျပးႏႈန္းနဲ႕ ေျပးလာရတာ သိလား....Joohyunက ေျပာတယ္ Chu ထပ္ၿပီး ေခါင္းကိုက္ေနတာဆိုၿပီး...Jenတို႔ အေၾကာင္းေတြ ခ်က္ခ်င္းမမွတ္မိလည္း ရတာမို႔ ဘာမွမစဥ္းစားပါနဲ႕ Chu က်န္းမာေရးက အေရးႀကီးဆုံးမို႔ Jen ေစာင့္နိုင္ပါတယ္..."
Jennie ေျပာၿပီး Jisooရဲ႕ ပါးေလးကို နမ္းျပန္သည္
အိပ္ခ်င္ေယာင္ေဆာင္ေနရတဲ့ Jisooမွာ ၾကာလာရင္ Jennieေၾကာင့္ ႏွလုံးေရာဂါ ရေတာ့မွာမို႔ အျမန္မ်က္လုံးဖြင့္လိုက္သည္
"Chu နိုးၿပီလား...ဗိုက္ဆာေနလား Jen ဘာဝယ္ေပး "
"ပါးစပ္ပိတ္ထားေပး Jennie ငါ နင့္အသံၾကားရတာ နားညည္းတယ္..."
"Chu. ."
"ၿပီးေတာ့ အခန္းထဲက ထြက္သြားေပး နင့္မ်က္ႏွာ ငါမျမင္ခ်င္ဘူး "
"Jenက Chuကို ေစာင့္ေရွာက္..."
"ငါ စကားကို ႏွစ္ခါမေျပာခ်င္ဘူး Jennie "
"ေကာင္းပါၿပီ ဒါဆို အေရွ႕မွာ Jen ရွိေနမယ္ တစ္ခုခုဆို ေခၚလိုက္ပါ "
Jennie သက္ျပင္းခ်ၿပီး အခန္းထဲကထြက္သြားေတာ့ Jisooမွာ Jennieရဲ႕ အဝတ္အစားကိုၾကည့္္ၿပီး တစ္ေနရာရာမွာ ရင္းႏွီးေနသလို ျမင္ဖူးသလို ခံစားေနရသည္
Jennie ဝတ္လာတဲ့ အဝတ္အစားက သူမတို႔ accident ျဖစ္တုံးက ဝတ္ထားတဲ့ အဝတ္အစားပင္ျဖစ္သည္
#tbc
Bạn đang đọc truyện trên: Truyen3h.Co