Truyen3h.Co

CEO Kim

Part 40

KimFany059


#zawgyi

#Unicode

Jisoo ခဏ အိပ္ေပ်ာ္သြားၿပီး နိုးလာေတာ့ သူ႕ဖုန္းကို သတိရသြားတယ္

သူ႕ဖုန္း ဘယ္မွာလည္းဆိုတာ Jennieကို ေမးဖို႔ ကုတင္ေပၚကေန အားယူၿပီး Jisoo ဆင္းလာတယ္

Jennie ကေတာ့Jisooရဲ႕ အခန္းေဘးနားက လူနာေစာင့္  ထိုင္ခုံေလးေပၚ ထိုင္ၿပီး ဘယ္ႏွႀကိမ္မွန္းမသိတဲ့ သက္ျပင္းေတြ ခ်မိျပန္သည္

ငိုရလြန္းလို႔ သူမ မ်က္ရည္ေတြ ခမ္းေျခာက္လုမတတ္ျဖစ္ေနၿပီလို႔ Jennie ခံစားမိေနတယ္ေလ

"Jen. .."

Jennie သူမနာမည္ေခၚသံၾကားလို႔ ေမာ့ၾကည့္ေတာ့ Joohyun ျဖစ္ေနသည္

Joohyunက သူမကို ၿပဳံးျပေနေပမယ့္ Jennieကေတာ့ သူမငိုထားတာကို Joohyun မရိပ္မိေအာင္ ေခါင္းကိုငုံ႕ထားသည္

Jennie တိတ္ဆိတ္မႈကို Joohyun သတိထားမိလို႔ Jennieရဲ႕ ေဘးနားကို ဝင္ထိုင္လိုက္သည္

"Jen အဆင္ေျပရဲ႕လား "

Joohyunေမးေတာ့ Jennieမွာ ဘာမွျပန္မေျဖသလို Joohyunကိုလည္း မၾကည့္ဘဲ ေခါင္းသာညိတ္ျပသည္

ယခုခ်ိန္ Joohyun မ်က္ႏွာကိုၾကည့္လိုက္ရင္ Jennie ေသခ်ာေပါက္ငိုမိေနမွာကို သိေနတယ္ေလ

"ငါ နင့္ေဘးနားမွာ အၿမဲရွိေနတယ္ သိလား ငါေျပာရဲတယ္ အားလုံးအဆင္ေျပသြားမွာပါ..."

Jennie ရဲ႕ ပခုံးကို Joohyun ပုတ္ေပးေတာ့ Jennie ငိုခ်င္စိတ္ကို ႏႈတ္ခမ္းကို ဖိကိုက္ထားရင္း ထိန္းထားရသည္

သူမ ငိုတာကို Joohyunကို မျမင္ေစခ်င္လို႔ Jennie အိမ္ကို ျပန္လိုက္ဖို႔ ဆုံးျဖတ္လိုက္သည္

"ငါ သြားေတာ့မယ္ေနာ္ "

Jennie ေျပာၿပီး ထြက္သြားမယ္လုပ္ေတာ့ Joohyunက Jennie ရဲ႕လက္ကို လွမ္းဆြဲလိုက္သည္

Jennie ကို သူမဘက္ ဆြဲလွည့္ေတာ့ Jennie ငိုေနတာကို Joohyun ေတြ႕လိုက္ရသည္

"Jen. ..နင္က သန္မာတဲ့ ေကာင္မေလးပါ ဒီအေျခအေနကို နင္ျဖတ္ေက်ာ္နိုင္ပါတယ္....မငိုပါနဲ႕ Jenရယ္...."

Joohyun ေျပာၿပီး Jennieကို ဆြဲဖက္ကာ ႏွစ္သိမ့္လိုက္သည္

"အရမ္းနာက်င္တာဘဲ Joohyunရယ္ ...ေသမတတ္ ေသလုေအာင္ကို နာက်င္တယ္..."

Jennie မွာ Joohyunရဲ႕ ရင္ခြင္ထဲတြင္ ကေလးတစ္ေယာက္လိုငိုေနေတာ့ Joohyun မွာ Jennieရဲ႕ ေက်ာကုန္းကို ပုတ္ေပးရင္း ႏွစ္သိမ့္ေနသည္

Joohyun သူမကိုယ္တိုင္ နာက်င္ေနေပမယ့္လည္း  Jennie က ႏွစ္သိမ့္မႈလိုအပ္ေနတဲ့ ကေလးတစ္ေယာက္လို ျဖစ္ေနေသာေၾကာင့္ Joohyun သူမႏွလုံးသားကို စေတးၿပီး Jennieကို ႏွစ္သိမ့္ေပးေနသည္

ကိုယ္ခ်စ္တဲ့သူက သူခ်စ္တဲ့ သူေၾကာင့္ နာက်င္ၿပီး သူခ်စ္တဲ့သူအေၾကာင္း ေျပာေနတာဟာ Joohyun အတြက္ ငရဲလိုပင္ ပူေလာင္ေစသည္

Jennieအတြက္ သူမရဲ႕အခ်စ္ေတြက တစ္ေန႕တစ္ျခား တိုးပြားလာေပမယ့္ Jennieရဲ႕ ႏွလုံးသားက Jisooဆီမွာဆိုေတာ့ Joohyun ဘာတတ္နိုင္မွာလဲ... အေဝးကေန ခ်စ္ေပးေန႐ုံနဲ႕ဘဲ Joohyun ေျဖသိမ့္ေနရတယ္

"Joohyun ငါသြားေတာ့မယ္ေနာ္ ငါ့ shift က စေတာ့မယ္ .....ငါ့ကို ႏွစ္သိမ့္ေပးလို႔ ေက်းဇူးတင္ပါတယ္...."

Joohyunကို ဖက္ထားရာက Jennie ရပ္ၿပီး ေျပာေတာ့ Joohyunမွာ ၿပဳံးၿပီး ေခါင္းညိတ္ျပသည္

"အင္းပါ "

Joohyun ေျပာၿပီး Jennie ရဲ႕ နဖူးကို ျဖတ္ခနဲနမ္းလိုက္သည္

"ဂ႐ုစိုက္ေနာ္ Jen"

Joohyun ေျပာေတာ့ Jennie ၿပဳံးၿပီး ေခါင္းညိတ္ျပသည္

Joohyunနဲ႕ Jennie ႏွစ္ေယာက္တည္း တစ္ကမၻာ ျဖစ္ေနစဥ္ Jennieကို ဖုန္းဘယ္နားထားလည္း ေမးဖို႔ အခန္းထဲက ထြက္လာတဲ့ Jisooမွာ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္ၿပီး အခန္းထဲကို ျပန္ဝင္သြားသည္

Joohyunကို Jennie ႏႈတ္ဆက္ၿပီး ထြက္သြားေတာ့ Joohyunလည္း Jisooရဲ႕ အခန္းထဲကို ဝင္လာသည္

ကုတင္ေပၚတြင္ ထိုင္ေနတဲ့ Jisooကို ေတြ႕ေတာ့ Joohyun ၿပဳံးၿပီး ႏႈတ္ဆက္လိုက္သည္

"ဘယ္လိုလည္း ေနေကာင္းရဲ႕လား Jisoo "

Jisooမွာ အေပၚ coat ကို ခြၽတ္ေနတဲ့ Joohyunကို ၾကည့္ၿပီး ဘာလို႔ေဒါသထြက္မိေနမွန္းမသိေပ

"Joohyun. ..."

"အင္း ေျပာေလ "

Joohyun ထိုင္ခုံတြင္ ထိုင္လိုက္ၿပီး Jisooကို ၾကည့္လိုက္သည္

"နင္...Jennieကို ႀကိဳက္ေနတာလား "

Jisoo ေမးခြန္းေၾကာင့္ Joohyun ၿပဳံးၿပီး သူမရဲ႕ ေမးေစ့ကို လက္နဲ႕ပြတ္ရင္း စဥ္းစားဟန္ေဆာင္ေနသည္

Jisooကေတာ့ Joohyunကို စိုက္ၾကည့္ရင္း အေျဖကို ေစာင့္ေနသည္

"ဟင့္အင္း ငါ သူ႕ကို မႀကိဳက္ပါဘူး ငါ သူ႕ကိုခ်စ္တာ "

Jisooနဲ႕ Joohyun တို႔ တစ္ေယာက္ကိုတစ္ေယာက္ သတ္ျဖတ္ေတာ့မယ့္ မ်က္ႏွာထားေတြနဲ႕ စိုက္ၾကည့္ေနၾကသည္

#Tbc

#Unicode

Jisoo ခဏ အိပ်ပျော်သွားပြီး နိုးလာတော့ သူ့ဖုန်းကို သတိရသွားတယ်

သူ့ဖုန်း ဘယ်မှာလည်းဆိုတာ Jennieကို မေးဖို့ ကုတင်ပေါ်ကနေ အားယူပြီး Jisoo ဆင်းလာတယ်

Jennie ကတော့Jisooရဲ့ အခန်းဘေးနားက လူနာစောင့်  ထိုင်ခုံလေးပေါ် ထိုင်ပြီး ဘယ်နှကြိမ်မှန်းမသိတဲ့ သက်ပြင်းတွေ ချမိပြန်သည်

ငိုရလွန်းလို့ သူမ မျက်ရည်တွေ ခမ်းခြောက်လုမတတ်ဖြစ်နေပြီလို့ Jennie ခံစားမိနေတယ်လေ

"Jen. .."

Jennie သူမနာမည်ခေါ်သံကြားလို့ မော့ကြည့်တော့ Joohyun ဖြစ်နေသည်

Joohyunက သူမကို ပြုံးပြနေပေမယ့် Jennieကတော့ သူမငိုထားတာကို Joohyun မရိပ်မိအောင် ခေါင်းကိုငုံ့ထားသည်

Jennie တိတ်ဆိတ်မှုကို Joohyun သတိထားမိလို့ Jennieရဲ့ ဘေးနားကို ဝင်ထိုင်လိုက်သည်

"Jen အဆင်ပြေရဲ့လား "

Joohyunမေးတော့ Jennieမှာ ဘာမှပြန်မဖြေသလို Joohyunကိုလည်း မကြည့်ဘဲ ခေါင်းသာညိတ်ပြသည်

ယခုချိန် Joohyun မျက်နှာကိုကြည့်လိုက်ရင် Jennie သေချာပေါက်ငိုမိနေမှာကို သိနေတယ်လေ

"ငါ နင့်ဘေးနားမှာ အမြဲရှိနေတယ် သိလား ငါပြောရဲတယ် အားလုံးအဆင်ပြေသွားမှာပါ..."

Jennie ရဲ့ ပခုံးကို Joohyun ပုတ်ပေးတော့ Jennie ငိုချင်စိတ်ကို နှုတ်ခမ်းကို ဖိကိုက်ထားရင်း ထိန်းထားရသည်

သူမ ငိုတာကို Joohyunကို မမြင်စေချင်လို့ Jennie အိမ်ကို ပြန်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်

"ငါ သွားတော့မယ်နော် "

Jennie ပြောပြီး ထွက်သွားမယ်လုပ်တော့ Joohyunက Jennie ရဲ့လက်ကို လှမ်းဆွဲလိုက်သည်

Jennie ကို သူမဘက် ဆွဲလှည့်တော့ Jennie ငိုနေတာကို Joohyun တွေ့လိုက်ရသည်

"Jen. ..နင်က သန်မာတဲ့ ကောင်မလေးပါ ဒီအခြေအနေကို နင်ဖြတ်ကျော်နိုင်ပါတယ်....မငိုပါနဲ့ Jenရယ်...."

Joohyun ပြောပြီး Jennieကို ဆွဲဖက်ကာ နှစ်သိမ့်လိုက်သည်

"အရမ်းနာကျင်တာဘဲ Joohyunရယ် ...သေမတတ် သေလုအောင်ကို နာကျင်တယ်..."

Jennie မှာ Joohyunရဲ့ ရင်ခွင်ထဲတွင် ကလေးတစ်ယောက်လိုငိုနေတော့ Joohyun မှာ Jennieရဲ့ ကျောကုန်းကို ပုတ်ပေးရင်း နှစ်သိမ့်နေသည်

Joohyun သူမကိုယ်တိုင် နာကျင်နေပေမယ့်လည်း  Jennie က နှစ်သိမ့်မှုလိုအပ်နေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေသောကြောင့် Joohyun သူမနှလုံးသားကို စတေးပြီး Jennieကို နှစ်သိမ့်ပေးနေသည်

ကိုယ်ချစ်တဲ့သူက သူချစ်တဲ့ သူကြောင့် နာကျင်ပြီး သူချစ်တဲ့သူအကြောင်း ပြောနေတာဟာ Joohyun အတွက် ငရဲလိုပင် ပူလောင်စေသည်

Jennieအတွက် သူမရဲ့အချစ်တွေက တစ်နေ့တစ်ခြား တိုးပွားလာပေမယ့် Jennieရဲ့ နှလုံးသားက Jisooဆီမှာဆိုတော့ Joohyun ဘာတတ်နိုင်မှာလဲ... အဝေးကနေ ချစ်ပေးနေရုံနဲ့ဘဲ Joohyun ဖြေသိမ့်နေရတယ်

"Joohyun ငါသွားတော့မယ်နော် ငါ့ shift က စတော့မယ် .....ငါ့ကို နှစ်သိမ့်ပေးလို့ ကျေးဇူးတင်ပါတယ်...."

Joohyunကို ဖက်ထားရာက Jennie ရပ်ပြီး ပြောတော့ Joohyunမှာ ပြုံးပြီး ခေါင်းညိတ်ပြသည်

"အင်းပါ "

Joohyun ပြောပြီး Jennie ရဲ့ နဖူးကို ဖြတ်ခနဲနမ်းလိုက်သည်

"ဂရုစိုက်နော် Jen"

Joohyun ပြောတော့ Jennie ပြုံးပြီး ခေါင်းညိတ်ပြသည်

Joohyunနဲ့ Jennie နှစ်ယောက်တည်း တစ်ကမ္ဘာ ဖြစ်နေစဥ် Jennieကို ဖုန်းဘယ်နားထားလည်း မေးဖို့ အခန်းထဲက ထွက်လာတဲ့ Jisooမှာ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ပြီး အခန်းထဲကို ပြန်ဝင်သွားသည်

Joohyunကို Jennie နှုတ်ဆက်ပြီး ထွက်သွားတော့ Joohyunလည်း Jisooရဲ့ အခန်းထဲကို ဝင်လာသည်

ကုတင်ပေါ်တွင် ထိုင်နေတဲ့ Jisooကို တွေ့တော့ Joohyun ပြုံးပြီး နှုတ်ဆက်လိုက်သည်

"ဘယ်လိုလည်း နေကောင်းရဲ့လား Jisoo "

Jisooမှာ အပေါ် coat ကို ချွတ်နေတဲ့ Joohyunကို ကြည့်ပြီး ဘာလို့ဒေါသထွက်မိနေမှန်းမသိပေ

"Joohyun. ..."

"အင်း ပြောလေ "

Joohyun ထိုင်ခုံတွင် ထိုင်လိုက်ပြီး Jisooကို ကြည့်လိုက်သည်

"နင်...Jennieကို ကြိုက်နေတာလား "

Jisoo မေးခွန်းကြောင့် Joohyun ပြုံးပြီး သူမရဲ့ မေးစေ့ကို လက်နဲ့ပွတ်ရင်း စဥ်းစားဟန်ဆောင်နေသည်

Jisooကတော့ Joohyunကို စိုက်ကြည့်ရင်း အဖြေကို စောင့်နေသည်

"ဟင့်အင်း ငါ သူ့ကို မကြိုက်ပါဘူး ငါ သူ့ကိုချစ်တာ "

Jisooနဲ့ Joohyun တို့ တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်တော့မယ့် မျက်နှာထားတွေနဲ့ စိုက်ကြည့်နေကြသည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co