Truyen3h.Co

CEO Kim

Part 5

KimFany059

#UNICODE

Jisooရဲ့ company မှာ Jennie အလုပ်လုပ်တာတစ်ပတ်ပြည့်သွားပြီ .....

ဝန်ထမ်းတစ်ချို့မှာလည်း Jisooလို ကြမ်းတမ်းတဲ့ CEO အနား သည်းခံပြီး အလုပ်လုပ်နိုင်လို့ Jennieကို အံ့သြနေကြသည်

Jennieလည်း သူ့ကိုယ်သူ ဂုဏ်ယူနေတယ်လေ

Jisooက သူ့ကို ကြမ်းတမ်းတဲ့ စကားတွေနဲ့ တိုက်ခိုက်တိုင်း Jisooကို သူမရဲ့အပြုံးလေးနဲ့ ပြန်လည် ခုခံနိုင်ခဲ့တယ်လေ

ဒါနဲ့ တစ်နေ့က Irene ရုံးခန်းထဲ Jennieကို Jisoo တွေ့တဲ့ အချိန်တုံးက ဘာဆက်ဖြစ်ကြလည်း သိချင်တယ်မလား

Jisoo စကားလုံးတွေနဲ့ မထိုးနှက်တော့ဘဲ အလုပ်တွေ အသေအကြေခိုင်းပြီး Jennieကို နှိပ်စက်တယ်လေ

ဥပမာ coffee ဝယ်ခိုင်းပြီး မတော်တဆ ပြုတ်ကျသွားသလိုလိုနဲ့ နောက်တစ်ခေါက် ထပ်ဝယ်ခိုင်းတယ်

ဘာမှမဟုတ်တဲ့ စာရွက်တွေကို မိတ္ထူဆွဲခိုင်းတယ် ပြီးကျ ဂျေဒိုးနတ်တွေဝယ်လာပြီး companyက လုံခြုံရေးကအစ မန်နေဂျာတွေအဆုံး ဂျေဒိုးနတ်တစ်ယောက်တစ်ခု လိုက်ပေးခိုင်းတယ် ကြည့်ကြပါအုံး CEO Kim Jisoo တစ်ယောက် ဘယ်လောက် ကလေးဆန်နေလည်းဆိုတာ

Jennie coffee ဝယ်လာပြီး Jisoo စားပွဲခုံပေါ် တင်လိုက်သည်

ထို့နောက် ရုံးခန်းကို ရှင်းလင်းပြီးနောက် ရုံးခန်းထောင့်က သူမ စားပွဲခုံလေးတွင် သွားထိုင်လိုက်သည်

ဟုတ်ပါတယ် Jennie တစ်ယောက် ရုံးခန်းအပြင်ဘက် မနေရတော့ဘဲ Jisoo ရုံးခန်းထဲ နေနေရပြီလေ

Jisoo ပြောတာတော့ Jennieကို ခိုင်းချင်လို့ လိုက်ရှာရင် Irene ရုံးခန်းထဲရောက်နေတာများလို့ ရုံးခန်းထဲခေါ်ထားတာပါတဲ့

Jennieကတော့ Jisooကို အချိန်တိုင်း ကြည့်ခွင့်ရသောကြောင့် Jisoo ဘာခိုင်းခိုင်း မငြိုငြင်ဘဲ ပျော်ရွှင်နေတယ်လေ

"Good Morning CEO"

Jisoo ရုံးခန်းထဲ ဝင်လာတော့ Jennie ထရပ်ပြီး နှုတ်ဆက်သည်

Jisooလည်း ပြန်မနှုတ်ဆက်ပေမယ့် ခေါင်းတော့ ညိတ်ပြပြီး သူ့စားပွဲခုံဘက် သွားလိုက်သည်

"Ash Good morning လို့တောင် မနှုတ်ဆက်ဘူး "

Jennieမှာ Jisoo မကြားအောင် တိုးတိုးလေး ရေရွတ်လိုက်သည်

Jisooမှာ Jennie ဝယ်ထားတဲ့ coffee သောက်ရင်း စာရင်းတွေ ကြည့်နေသည်

စာရင်းတွေ စစ်နေရင်း Jisooမှာ တစ်ချက်တစ်ချက် သူမကို ခိုးကြည့်နေတဲ့ ကြောင်မျက်လုံးနဲ့ ကောင်မလေးအကြောင်းလည်း တွေးနေမိသည်

နှစ်နာရီကြာသွားပြီးနောက် ရုံးခန်း စာရိုက်သံက လွဲလို့ ကျန်တဲ့အသံများ တိတ်ဆိတ်နေသည်

နှစ်ယောက်လုံးက မိမိနဲ့ဆိုင်တဲ့ အလုပ်တွေကို အာရုံစိုက် လုပ်နေကြသည်

Jennieကတော့ typingရိုက်ရင်း ညောင်းလို့လက်ကိုဆန့်တန်းကာ အကြောဆန့်နေသည်

ထို့နောက် Jisooကို လှမ်းကြည့်လိုက်တော့ မျက်မှန်တပ်ပြီး မျက်မှောင်ကြုတ်ကာ အလုပ်လုပ်နေတာကို တွေ့ပြီး Jennie မတ်တပ်ရပ်လိုက်သည်

ထို့နောက် Jisooဆီ လျှောက်လာသည် Jisooကတော့ laptopထဲ အာရုံရောက်နေလို့ Jennie ကို သတိမထားမိ

Jennieမှာ Jisooနောက် သွားရပ်ပြီး Jisoo အကြောပြေရန်အတွက် ပခုံးလေးကို နှိပ်ပေးလေသည်

တစ်ဖက်က Jisooမှာလည်း Jennie အပြုအမူကြောင့် အံ့သြသွားရသလို တင်းနေတဲ့အကြောတွေပြေသွားလို့လည်း နေလို့ထိုင်လို့ကောင်းသွားသလို ခံစားရသည်

Jisoo ဝန်မခံချင်ပေမယ့် Jennie နှိပ်ပေးမှုကြောင့် သူမ တော်တော်နေလို့ထိုင်လို့ ကောင်းသွားတာတော့ အမှန်ပင်

"နေလို့ထိုင်လို့ ကောင်းသွားပြီလား.....နောက်ဆို အလုပ် အရမ်းမလုပ်ပါနဲ့ Chuuရယ် "

Jennie စကားကြောင့် Jisoo အသိစိတ်ပြန်ဝင်လာပြီး သူ့စိတ်သူပြန်ထိန်းလိုက်သည်

"ရပ်လိုက် "

Jisoo ချောင်းဟန့်ကာ ပြောလိုက်သည်

Jisooပြောတာကို Jennie နားမလည်ပေ... ဆက်နှိပ်ပေးနေသည်

"ဟင် "

"ငါပြောနေတယ် ရပ်လိုက်လို့ "

Jisoo အော်လိုက်သောကြောင့် Jennie လန့်ပြီး ရပ်သွားသည်

Jisoo ထရပ်ပြီး Jennie ဘက် လှည့်လိုက်သည်

"ငါ့အသားကို ထပ်မထိနဲ့....."

"ပင်ပန်းနေတယ်ထင်လို့ Jenက နှိပ်ပေးတာပါ....အလကားနေ ထိချင်လွန်းလို့ လာထိတယ်ထင်နေတာလား အရူးရဲ့ "

Jisooက bad girlပုံစံဖမ်းပြီး သူမ စေတနာကို အသိအမှတ်မပြုလို့ Jennie စိတ်တိုလို့ အရူးလို့ ပြောလိုက်သည်

"ဘာ ဘာပြောတယ် "

Jisooမှာ Jennieရဲ့ မျက်လုံးကို စိုက်ကြည့်ပြီး မေးလိုက်သည်

Jennieကလည်း အရှုံးမပေးဘဲ မျက်တောင်မခတ်ဘဲ Jisooရဲ့ မျက်လုံးကို စိုက်ကြည့်ပြီး

"အရူးလို့ ပြောတာလေ.... မကြားလိုက်ဘူးလား..."

"ဘာလို့ အရူးလို့ ခေါ်ရတာလည်း ပြောပါအုံး "

နှစ်ယောက်လုံးမှာ အရှုံးပေးခြင်း မရှိဘဲ မျက်တောင်မခတ်ဘဲ တစ်ယောက်မျက်လုံးကို တစ်ယောက် စိုက်ကြည့်နေကြသည်

"အရူးလို့ မခေါ်စေချင် အပြောမခံချင်ဘူးဆိုရင် Jenက ဘယ်လိုခေါ်ရမလည်း ...Babyလို့ ခေါ်ရမလား ဒါလင်လို့ ခေါ်ရမလား ....Honey လို့ခေါ်ရမလား "

Jennie မျက်လုံးမှိတ်ပြပြီး မေးတော့ Jisoo ထရယ်လိုက်သည်

Jisoo မဲ့ပြုံးပြုံးပြီး Jennie နားသို့ ကပ်ကာ ပြောလိုက်တဲ့ စကားကြောင့် Jennie ကြက်သီးထသွားလေသည်

"ငါ့ကို Mommyလို့ ခေါ်ရင်ရော...."

"အို.....CEOကို....Mommyလို့ Jenက ခေါ်ရင်...Jenက CEOရဲ့ baby ဖြစ်သွားပြီပေါ့နော်....Sugar Mommyရဲ့ Baby Jen. ..."

"Shit. .....CEO လို့ဘဲခေါ်..... သွား သွား ကိုယ့်အလုပ်ကိုယ် လုပ် "

Jennieက သူမကို လာ flirt နေသောကြောင့် Jisooမှာ စကားစဖြတ်ပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်....ထို့နောက် ရေဘူးကို ဖွင့်ကာ ရေသောက်လိုက်သည်

Jennieလည်း သူမ စားပွဲခုံဘက်သွားရင်း Jisoo ဘက်ကို လှည့်ပြီး

"Mineလို့ ခေါ်ရင်ရော အဆင်ပြေလား "

Jennie စကားကြောင့် Jisoo ပါးစပ်ထဲက ရေတွေ ထွက်ကျကုန်သည်

Jennieမှာ Jisooကို ကြည့်ပြီး ရယ်တော့ Jisoo မျက်မှောင်ကြုတ်ပြီး စားပွဲခုံကို ဘုန်းခနဲ ရိုက်လိုက်သည်

"စကားမများနဲ့ ကိုယ့်အလုပ်ကိုယ် လုပ်...."

"ခစ်ခစ်....."

Jisooမှာ Jennieကို မျက်စောင်းထိုးပြီး သူ့အလုပ်သူ ဆက်လုပ်နေသည်

"စကားစဖြတ်လိုက်လို့ တော်သေး မဟုတ်ရင် သူ့ အီစီကလီကြားထဲ ငါ နစ်မြောတော့မလို့....."

Jennie မကြားအောင် Jisoo တိုးတိုးလေးပြောလိုက်သည်

#TBC

#Zawgyi

Jisooရဲ႕ company မွာ Jennie အလုပ္လုပ္တာတစ္ပတ္ျပည့္သြားၿပီ .....

ဝန္ထမ္းတစ္ခ်ိဳ႕မွာလည္း Jisooလို ၾကမ္းတမ္းတဲ့ CEO အနား သည္းခံၿပီး အလုပ္လုပ္နိုင္လို႔ Jennieကို အံ့ၾသေနၾကသည္

Jennieလည္း သူ႕ကိုယ္သူ ဂုဏ္ယူေနတယ္ေလ

Jisooက သူ႕ကို ၾကမ္းတမ္းတဲ့ စကားေတြနဲ႕ တိုက္ခိုက္တိုင္း Jisooကို သူမရဲ႕အၿပဳံးေလးနဲ႕ ျပန္လည္ ခုခံနိုင္ခဲ့တယ္ေလ

ဒါနဲ႕ တစ္ေန႕က Irene ႐ုံးခန္းထဲ Jennieကို Jisoo ေတြ႕တဲ့ အခ်ိန္တုံးက ဘာဆက္ျဖစ္ၾကလည္း သိခ်င္တယ္မလား

Jisoo စကားလုံးေတြနဲ႕ မထိုးႏွက္ေတာ့ဘဲ အလုပ္ေတြ အေသအေၾကခိုင္းၿပီး Jennieကို ႏွိပ္စက္တယ္ေလ

ဥပမာ coffee ဝယ္ခိုင္းၿပီး မေတာ္တဆ ျပဳတ္က်သြားသလိုလိုနဲ႕ ေနာက္တစ္ေခါက္ ထပ္ဝယ္ခိုင္းတယ္

ဘာမွမဟုတ္တဲ့ စာ႐ြက္ေတြကို မိတၳဴဆြဲခိုင္းတယ္ ၿပီးက် ေဂ်ဒိဳးနတ္ေတြဝယ္လာၿပီး companyက လုံၿခဳံေရးကအစ မန္ေနဂ်ာေတြအဆုံး ေဂ်ဒိဳးနတ္တစ္ေယာက္တစ္ခု လိုက္ေပးခိုင္းတယ္ ၾကည့္ၾကပါအုံး CEO Kim Jisoo တစ္ေယာက္ ဘယ္ေလာက္ ကေလးဆန္ေနလည္းဆိုတာ

Jennie coffee ဝယ္လာၿပီး Jisoo စားပြဲခုံေပၚ တင္လိုက္သည္

ထို႔ေနာက္ ႐ုံးခန္းကို ရွင္းလင္းၿပီးေနာက္ ႐ုံးခန္းေထာင့္က သူမ စားပြဲခုံေလးတြင္ သြားထိုင္လိုက္သည္

ဟုတ္ပါတယ္ Jennie တစ္ေယာက္ ႐ုံးခန္းအျပင္ဘက္ မေနရေတာ့ဘဲ Jisoo ႐ုံးခန္းထဲ ေနေနရၿပီေလ

Jisoo ေျပာတာေတာ့ Jennieကို ခိုင္းခ်င္လို႔ လိုက္ရွာရင္ Irene ႐ုံးခန္းထဲေရာက္ေနတာမ်ားလို႔ ႐ုံးခန္းထဲေခၚထားတာပါတဲ့

Jennieကေတာ့ Jisooကို အခ်ိန္တိုင္း ၾကည့္ခြင့္ရေသာေၾကာင့္ Jisoo ဘာခိုင္းခိုင္း မၿငိဳျငင္ဘဲ ေပ်ာ္႐ႊင္ေနတယ္ေလ

"Good Morning CEO"

Jisoo ႐ုံးခန္းထဲ ဝင္လာေတာ့ Jennie ထရပ္ၿပီး ႏႈတ္ဆက္သည္

Jisooလည္း ျပန္မႏႈတ္ဆက္ေပမယ့္ ေခါင္းေတာ့ ညိတ္ျပၿပီး သူ႕စားပြဲခုံဘက္ သြားလိုက္သည္

"Ash Good morning လို႔ေတာင္ မႏႈတ္ဆက္ဘူး "

Jennieမွာ Jisoo မၾကားေအာင္ တိုးတိုးေလး ေရ႐ြတ္လိုက္သည္

Jisooမွာ Jennie ဝယ္ထားတဲ့ coffee ေသာက္ရင္း စာရင္းေတြ ၾကည့္ေနသည္

စာရင္းေတြ စစ္ေနရင္း Jisooမွာ တစ္ခ်က္တစ္ခ်က္ သူမကို ခိုးၾကည့္ေနတဲ့ ေၾကာင္မ်က္လုံးနဲ႕ ေကာင္မေလးအေၾကာင္းလည္း ေတြးေနမိသည္

ႏွစ္နာရီၾကာသြားၿပီးေနာက္ ႐ုံးခန္း စာရိုက္သံက လြဲလို႔ က်န္တဲ့အသံမ်ား တိတ္ဆိတ္ေနသည္

ႏွစ္ေယာက္လုံးက မိမိနဲ႕ဆိုင္တဲ့ အလုပ္ေတြကို အာ႐ုံစိုက္ လုပ္ေနၾကသည္

Jennieကေတာ့ typingရိုက္ရင္း ေညာင္းလို႔လက္ကိုဆန့္တန္းကာ အေၾကာဆန့္ေနသည္

ထို႔ေနာက္ Jisooကို လွမ္းၾကည့္လိုက္ေတာ့ မ်က္မွန္တပ္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ အလုပ္လုပ္ေနတာကို ေတြ႕ၿပီး Jennie မတ္တပ္ရပ္လိုက္သည္

ထို႔ေနာက္ Jisooဆီ ေလွ်ာက္လာသည္ Jisooကေတာ့ laptopထဲ အာ႐ုံေရာက္ေနလို႔ Jennie ကို သတိမထားမိ

Jennieမွာ Jisooေနာက္ သြားရပ္ၿပီး Jisoo အေၾကာေျပရန္အတြက္ ပခုံးေလးကို ႏွိပ္ေပးေလသည္

တစ္ဖက္က Jisooမွာလည္း Jennie အျပဳအမူေၾကာင့္ အံ့ၾသသြားရသလို တင္းေနတဲ့အေၾကာေတြေျပသြားလို႔လည္း ေနလို႔ထိုင္လို႔ေကာင္းသြားသလို ခံစားရသည္

Jisoo ဝန္မခံခ်င္ေပမယ့္ Jennie ႏွိပ္ေပးမႈေၾကာင့္ သူမ ေတာ္ေတာ္ေနလို႔ထိုင္လို႔ ေကာင္းသြားတာေတာ့ အမွန္ပင္

"ေနလို႔ထိုင္လို႔ ေကာင္းသြားၿပီလား.....ေနာက္ဆို အလုပ္ အရမ္းမလုပ္ပါနဲ႕ Chuuရယ္ "

Jennie စကားေၾကာင့္ Jisoo အသိစိတ္ျပန္ဝင္လာၿပီး သူ႕စိတ္သူျပန္ထိန္းလိုက္သည္

"ရပ္လိုက္ "

Jisoo ေခ်ာင္းဟန့္ကာ ေျပာလိုက္သည္

Jisooေျပာတာကို Jennie နားမလည္ေပ... ဆက္ႏွိပ္ေပးေနသည္

"ဟင္ "

"ငါေျပာေနတယ္ ရပ္လိုက္လို႔ "

Jisoo ေအာ္လိုက္ေသာေၾကာင့္ Jennie လန့္ၿပီး ရပ္သြားသည္

Jisoo ထရပ္ၿပီး Jennie ဘက္ လွည့္လိုက္သည္

"ငါ့အသားကို ထပ္မထိနဲ႕....."

"ပင္ပန္းေနတယ္ထင္လို႔ Jenက ႏွိပ္ေပးတာပါ....အလကားေန ထိခ်င္လြန္းလို႔ လာထိတယ္ထင္ေနတာလား အ႐ူးရဲ႕ "

Jisooက bad girlပုံစံဖမ္းၿပီး သူမ ေစတနာကို အသိအမွတ္မျပဳလို႔ Jennie စိတ္တိုလို႔ အ႐ူးလို႔ ေျပာလိုက္သည္

"ဘာ ဘာေျပာတယ္ "

Jisooမွာ Jennieရဲ႕ မ်က္လုံးကို စိုက္ၾကည့္ၿပီး ေမးလိုက္သည္

Jennieကလည္း အရႈံးမေပးဘဲ မ်က္ေတာင္မခတ္ဘဲ Jisooရဲ႕ မ်က္လုံးကို စိုက္ၾကည့္ၿပီး

"အ႐ူးလို႔ ေျပာတာေလ.... မၾကားလိုက္ဘူးလား..."

"ဘာလို႔ အ႐ူးလို႔ ေခၚရတာလည္း ေျပာပါအုံး "

ႏွစ္ေယာက္လုံးမွာ အရႈံးေပးျခင္း မရွိဘဲ မ်က္ေတာင္မခတ္ဘဲ တစ္ေယာက္မ်က္လုံးကို တစ္ေယာက္ စိုက္ၾကည့္ေနၾကသည္

"အ႐ူးလို႔ မေခၚေစခ်င္ အေျပာမခံခ်င္ဘူးဆိုရင္ Jenက ဘယ္လိုေခၚရမလည္း ...Babyလို႔ ေခၚရမလား ဒါလင္လို႔ ေခၚရမလား ....Honey လို႔ေခၚရမလား "

Jennie မ်က္လုံးမွိတ္ျပၿပီး ေမးေတာ့ Jisoo ထရယ္လိုက္သည္

Jisoo မဲ့ၿပဳံးၿပဳံးၿပီး Jennie နားသို႔ ကပ္ကာ ေျပာလိုက္တဲ့ စကားေၾကာင့္ Jennie ၾကက္သီးထသြားေလသည္

"ငါ့ကို Mommyလို႔ ေခၚရင္ေရာ...."

"အို.....CEOကို....Mommyလို႔ Jenက ေခၚရင္...Jenက CEOရဲ႕ baby ျဖစ္သြားၿပီေပါ့ေနာ္....Sugar Mommyရဲ႕ Baby Jen. ..."

"Shit. .....CEO လို႔ဘဲေခၚ..... သြား သြား ကိုယ့္အလုပ္ကိုယ္ လုပ္ "

Jennieက သူမကို လာ flirt ေနေသာေၾကာင့္ Jisooမွာ စကားစျဖတ္ၿပီး ထိုင္ခုံတြင္ ျပန္ထိုင္လိုက္သည္....ထို႔ေနာက္ ေရဘူးကို ဖြင့္ကာ ေရေသာက္လိုက္သည္

Jennieလည္း သူမ စားပြဲခုံဘက္သြားရင္း Jisoo ဘက္ကို လွည့္ၿပီး

"Mineလို႔ ေခၚရင္ေရာ အဆင္ေျပလား "

Jennie စကားေၾကာင့္ Jisoo ပါးစပ္ထဲက ေရေတြ ထြက္က်ကဳန္သည္

Jennieမွာ Jisooကို ၾကည့္ၿပီး ရယ္ေတာ့ Jisoo မ်က္ေမွာင္ၾကဳတ္ၿပီး စားပြဲခုံကို ဘုန္းခနဲ ရိုက္လိုက္သည္

"စကားမမ်ားနဲ႕ ကိုယ့္အလုပ္ကိုယ္ လုပ္...."

"ခစ္ခစ္....."

Jisooမွာ Jennieကို မ်က္ေစာင္းထိုးၿပီး သူ႕အလုပ္သူ ဆက္လုပ္ေနသည္

"စကားစျဖတ္လိုက္လို႔ ေတာ္ေသး မဟုတ္ရင္ သူ႕ အီစီကလီၾကားထဲ ငါ နစ္ေျမာေတာ့မလို႔....."

Jennie မၾကားေအာင္ Jisoo တိုးတိုးေလးေျပာလိုက္သည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co