Part 41
#Unicode
တိတ်ဆိတ်ခြင်းဟာ ဆေးရုံအခန်းထဲက အမျိုးသမီးနှစ်ယောက်ကြားသို့ ဝင်ရောက်လာသည်
တစ်ယောက်ကတော့ ဘာမှမဖြစ်ဘဲ အေးဆေးဖြစ်နေတဲ့ပုံပေါ်ပေမယ့် နောက်တစ်ယောက်ကတော့ ဒေါသတွေထွက်လွန်းလို့ အိပ်ရာခင်းစကို ခပ်တင်းတင်းဆုပ်ကိုင်ထားသည်
Joohyunမှာ Jisooကို တစ်ချက်ကြည့်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်
"ဒါပေမယ့် စိတ်မပူပါနဲ့ Jisoo "
Joohyunရဲ့ စကားကြောင့် Jisoo မျက်မှောင်ကြုတ်သွားတယ်...သူ့ရှေ့မှာတင် Jennieကို ချစ်တယ်လို့ပြောပြီး စိတ်မပူဖို့ပြောတာ ဘာသဘောလည်း?
"သူ့နှလုံးသားက နင့်ဆီမှာလေ...ဒါကြောင့်မို့ ငါသူ့ကို Respect ထားတဲ့အနေနဲ့ နင်တို့ ဆက်ဆံရေးကြား ဝင်ပြီး အနှောင့်အယှက် ပေးမှာ မဟုတ်ပါဘူး "
Joohyun နာကျင်နေပေမယ့်လည်း ရအောင်ပြုံးရင်း Jisooကို ကြည့်ကာ ပြောလိုက်သည်
Jennieက Jisooကို အရမ်းချစ်နေတဲ့အချက်ကို Joohyun လက်ခံထားတယ်လေ ပြီးတော့ Jennieကိုရော သူမညီမဖြစ်တဲ့ Jisooကိုလည်း Joohyun ချစ်တော့ သူမရဲ့ ခံစားချက်တွေကို Joohyun ထိန်းချုပ်ထားတယ်
Jensooတို့ ပျော်နေတာကိုကြည့်ပြီး Joohyun ပျော်တယ်...မဟုတ်ဘူး ပျော်အောင် ကြိုးစားနေခဲ့ရတယ်
"အင်း ကောင်းတယ် "
Joohyunရဲ့ စကားကြောင့် Jisoo နည်းနည်း စိတ်သက်သာရာရသွားပြီး Joohyun မသိအောင် သက်ပြင်းချကာ အိပ်ရာပေါ်လှဲအိပ်လိုက်သည်
"ဒါပေမယ့် နင်ကသာ..."
"Jennieကို ထိဖို့မကြိုးစားနဲ့ "
Joohyunရဲ့ ဆက်ပြောမယ့်စကားကို Jisoo ဖြတ်ပြောလိုက်သည်
Jisooရဲ့ စကားကြောင့် Joohyunရယ်လိုက်ပြီး ခုံတန်းရှည်တွင် လှဲအိပ်လိုက်ကာ မျက်နှာကြက်ကို ကြည့်လိုက်သည်
"Jennieကို ခပ်ကြမ်းကြမ်းတွေ မဆက်ဆံပါနဲ့တော့ Jisooရာ "
"She deserve it Joohyun "
"No. ...မဟုတ်ဘူး Jisoo နင်မှားနေပြီ..."
Joohyun ပြောသလို သူမှားနေတယ်ဆိုတာ သိပေမယ့်လည်း Jisoo စိတ်တွေက ရှုပ်ထွေးနေလို့ နှုတ်ခမ်းကို ဖိကိုက်ထားမိသည်
နှစ်ယောက်ကြား တိတ်ဆိတ်မှုက ငါးမိနစ်လောက် ဝင်လာခဲ့ပြီး Jisooဘက်က ချောင်းဟန့်ကာ မေးခွန်းမေးလာသည်
"သူ ဘယ်တုံးက ပြန်ရောက်တာလည်း Joohyun "
Jisoo မေးခွန်းကို Joohyun အမှန်တိုင်းဖြေရမလား ညာပြောရမလားဆိုတာ တွေဝေနေသည်
သူမ လိမ်ညာမှန်း Jisoo သိရင်လည်း Jisooဆီက အရိုက်ခံရအုံးမည်
"ငါ့ကို အမှန်တိုင်းပြောပေးပါ Joohyun. ...စိတ်ချပါ ငါ ပြန်မှတ်မိဖို့ အတင်းမကြိုးစားပါဘူး "
Jisoo သူမ အတိတ်မေ့နေတဲ့အချိန်တွင်း ဘာတွေဖြစ်ခဲ့လည်းဆိုတာ အရမ်းသိချင်နေတယ်လေ
"ငါးလ ခြောက်လလောက်တော့ ရှိပြီ "
Chaeyoung ဘယ်မှာလည်းဆိုတာ ဘာမေးတဲ့ Jennie အကြောင်းကို ပြန်တွေးမိရင်း Joohyun မှာ Jisoo မေးခွန်းကို ပြန်ဖြေလိုက်သည်
Jisoo ခေါင်းညိတ်ပြပြီး တိတ်ဆိတ်သွားတယ်
ပြီးတော့ ဒီလောက်အချိန်အကြာကြီး သူမ ဘာကြောင့်ပြန်ရောက်လာပြီး ဘာတွေဖြစ်ခဲ့လည်းဆိုတာ Jisoo သိချင်နေမိသည်
Jennie Jennie Jennie. ..
Jennieနဲ့အကြည့်ချင်းဆုံမိတိုင်း အမျိုးအမည်မသိတဲ့ ခံစားချက်တွေက Jisooရဲ့ ရင်ထဲ ဖြစ်ပေါ်လာသည်
Jisoo နောက်ဆုံးမှတ်မိတဲ့အရာက သူမတို့ anniversary နေ့ဖြစ်ပြီး နောက်ရက်ကျ Jennie ကို မတွေ့ဘဲ Jennieက သူရှေ့တွင် ပျောက်ခြင်းမလှပျောက်သွားခြင်း ဖြစ်သည်
Jennie ပြန်ရောက်လာတဲ့အချိန်မှာ ဘာတွေဖြစ်ခဲ့လည်းဆိုတာ Jisoo သေလောက်အောင် သိချင်နေသည်
"Joohyun ငါ့ဖုန်းက ဘယ်မှာလည်း သိလား "
"ဖုန်းဆိုင်မှာ ပြင်ခိုင်းထားတယ် နင် အသစ် ပြန်ဝယ်လို့လည်း ရတာဘဲ "
"မဝယ်ဘူး ဘယ်လောက်ပေးရပေးရ အဲ့ဖုန်းကို ရအောင်ပြင်ခိုင်းပေး "
"Ok Jisoo "
Joohyun ပြောပြီး သူ့ဖုန်းကိုထုတ်ကာ ဆော့နေသည်
Jisooကလည်း laptopထဲက ဂိမ်းတစ်ချို့ကိုဆော့ရင်း အိပ်ချင်လာလို့ ခဏအိပ်လိုက်သည်
Jisoo အိပ်နေရင်း တံခါးဖွင့်သံကြားလို့ ထကြည့်တော့ Jennie အခန်းထဲဝင်လာတာကို တွေ့လိုက်ရသည်
Joohyunမှာ ခုံတန်းပေါ်လှဲနေရာက ထရပ်လိုက်သည်
"ဘာလို့ ဒီကိုထပ်လာတာလည်း အိမ်ပြန်ပြီးနားနေလေ Jenရ "
Jisooမှာ နာရီကို လှမ်းကြည့်တော့ ညကိုးနာရီခွဲနေပြီ...Uniformတောင် မလဲဘဲ သူမဆီလာတဲ့ Jennie ကို ကြည့်ရင့း တော်တော်နောက်ကျနေတဲ့အချိန်ထိ သူကအလုပ်လုပ်နေတာလားလို့ Jisoo တွေးနေမိသည်....
"ငါအဆင်ပြေပါတယ် Joohyunရ... "
Joohyunကိုပြောရင်း Jisooကို Jennie လှမ်းကြည့်လိုက်သည်
"ဒါပေမယ့် နင် အခုမှ အလုပ်က ဆင်းလာတာကို အနားယူသင့်တယ် Jen "
"ငါ အဆင်ပြေပါတယ်ဆို...ဒီမှာ ခဏနားလိုက်ရင် ရတာဘဲ Joohyunရ "
"မရဘူး ငါနင့်ကို အိမ်ပြန်ပို့ပေးမယ်"
"ဘာလို့ သူ့ကို ဇွတ်နှင်နေတာလည်း သူ့ကိုဒီမှာ မရှိစေချင်တာလား အမ Joohyun... သူ့ကိုသဘောမကျလို့လား "
Joohyun သူမကို မဲ့ပြုံးပြုံးပြီး ပြောလိုက်တဲ့ Jisooကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်
"မဟုတ်ပါဘူး ငါက ဒီ Manduလေးကို စိတ်ပူလို့ရယ်....ဒီမှာနေချင်တယ်ဆိုလည်း သဘောပါနော် "
Joohyun ပြောပြီး Jennieရဲ့ ပါးဖောင်းလေးကို လက်နှစ်ဖက်နဲ့ ဆွဲညှစ်တော့ Jisoo သဝန်တိုပြီး မျက်မှောင်ကြုတ်လိုက်မိသည်
"Jisoo သက်သာရဲ့လား "
"သက်သာပါ့ ငါတို့တောင် ရန်လုပ်နိုင်သေးတာဘဲ လာပါ သူ့ကို ...အု "
Joohyun စကားကို ပြီးဆုံးအောင်မပြောရသေးခင် Jisooရဲ့ ခေါင်းအုံးက Joohyun မျက်နှာကို လာမှန်သွားသည်
"Jisoo ညရောက်နေပြီ အနားယူတော့လေ "
"သူများပြောမနေနဲ့ နင်လည်း အနားယူသင့်တယ် Jen လာ ဒီခုံတန်းရှည်မှာလာအိပ် ငါ့မှာစောင်လည်းရှိတယ် "
"Jennie Kim. ...."
Jennieမှာ Joohyun ရဲ့ ခုံတန်းရှည်ဘက် သွားမလို့ရှိသေး Jisoo အော်သံကြောင့် လန့်သွားသည်
"ဒီကိုလာ ငါ့ကုတင်ပေါ် ငါ့ဘေးနား လာအိပ် "
"နင် ကြပ်နေမှာပေါ့ Jisoo "
"နင့်ကိုမပြောဘူး Joohyun. ..Jennie နင် ငါနဲ့လာအိပ်မှာလား Joohyun နဲ့ အိပ်မှာလား ရွေး "
"ကျစ် ကလေးဆန်လိုက်တာ "
Jisooကိုကြည့်ပြီး Joohyun ခေါင်းခါရင်း ပြောလိုက်သည်
"Shut up Jisoo "
Jennie မှာ Joohyunနဲ့ Jisooကြား ရွေးရခက်နေမှန်းသိလို့ Joohyun ကဘဲ Jennie အကြပ်မရိုက်အောင် အလျော့ပေးလိုက်သည်
"ကဲပါ Jen နင် အဲ့ကလေးနဲ့ အတူအိပ်လိုက်ပါ...အိပ်ရတာအဆင်မပြေမှ ငါ့ဆီလာ ဟုတ်ပြီလား "
Joohyunပြောပြီး ခုံတန်းရှည်ပေါ် လှဲအိပ်တော့ Jennie လည်း ခေါင်းညိတ်ပြီး Jisooဘေးနား ဝင်အိပ်လိုက်သည်
"Jisoo "
"အိပ်ပြီ ဘာစကားမှလာမပြောနဲ့ "
Jisoo ပြောပြီး တစ်ဖက်ကိုလှည့်သွားတော့ Jennieလည်း ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်
#Tbc
#zawgyi
တိတ္ဆိတ္ျခင္းဟာ ေဆး႐ုံအခန္းထဲက အမ်ိဳးသမီးႏွစ္ေယာက္ၾကားသို႔ ဝင္ေရာက္လာသည္
တစ္ေယာက္ကေတာ့ ဘာမွမျဖစ္ဘဲ ေအးေဆးျဖစ္ေနတဲ့ပုံေပၚေပမယ့္ ေနာက္တစ္ေယာက္ကေတာ့ ေဒါသေတြထြက္လြန္းလို႔ အိပ္ရာခင္းစကို ခပ္တင္းတင္းဆုပ္ကိုင္ထားသည္
Joohyunမွာ Jisooကို တစ္ခ်က္ၾကည့္ၿပီး ထိုင္ခုံတြင္ ထိုင္လိုက္သည္
"ဒါေပမယ့္ စိတ္မပူပါနဲ႕ Jisoo "
Joohyunရဲ႕ စကားေၾကာင့္ Jisoo မ်က္ေမွာင္ၾကဳတ္သြားတယ္...သူ႕ေရွ႕မွာတင္ Jennieကို ခ်စ္တယ္လို႔ေျပာၿပီး စိတ္မပူဖို႔ေျပာတာ ဘာသေဘာလည္း?
"သူ႕ႏွလုံးသားက နင့္ဆီမွာေလ...ဒါေၾကာင့္မို႔ ငါသူ႕ကို Respect ထားတဲ့အေနနဲ႕ နင္တို႔ ဆက္ဆံေရးၾကား ဝင္ၿပီး အႏွောင့္အယွက္ ေပးမွာ မဟုတ္ပါဘူး "
Joohyun နာက်င္ေနေပမယ့္လည္း ရေအာင္ၿပဳံးရင္း Jisooကို ၾကည့္ကာ ေျပာလိုက္သည္
Jennieက Jisooကို အရမ္းခ်စ္ေနတဲ့အခ်က္ကို Joohyun လက္ခံထားတယ္ေလ ၿပီးေတာ့ Jennieကိုေရာ သူမညီမျဖစ္တဲ့ Jisooကိုလည္း Joohyun ခ်စ္ေတာ့ သူမရဲ႕ ခံစားခ်က္ေတြကို Joohyun ထိန္းခ်ဳပ္ထားတယ္
Jensooတို႔ ေပ်ာ္ေနတာကိုၾကည့္ၿပီး Joohyun ေပ်ာ္တယ္...မဟုတ္ဘူး ေပ်ာ္ေအာင္ ႀကိဳးစားေနခဲ့ရတယ္
"အင္း ေကာင္းတယ္ "
Joohyunရဲ႕ စကားေၾကာင့္ Jisoo နည္းနည္း စိတ္သက္သာရာရသြားၿပီး Joohyun မသိေအာင္ သက္ျပင္းခ်ကာ အိပ္ရာေပၚလွဲအိပ္လိုက္သည္
"ဒါေပမယ့္ နင္ကသာ..."
"Jennieကို ထိဖို႔မႀကိဳးစားနဲ႕ "
Joohyunရဲ႕ ဆက္ေျပာမယ့္စကားကို Jisoo ျဖတ္ေျပာလိုက္သည္
Jisooရဲ႕ စကားေၾကာင့္ Joohyunရယ္လိုက္ၿပီး ခုံတန္းရွည္တြင္ လွဲအိပ္လိုက္ကာ မ်က္ႏွာၾကက္ကို ၾကည့္လိုက္သည္
"Jennieကို ခပ္ၾကမ္းၾကမ္းေတြ မဆက္ဆံပါနဲ႕ေတာ့ Jisooရာ "
"She deserve it Joohyun "
"No. ...မဟုတ္ဘူး Jisoo နင္မွားေနၿပီ..."
Joohyun ေျပာသလို သူမွားေနတယ္ဆိုတာ သိေပမယ့္လည္း Jisoo စိတ္ေတြက ရႈပ္ေထြးေနလို႔ ႏႈတ္ခမ္းကို ဖိကိုက္ထားမိသည္
ႏွစ္ေယာက္ၾကား တိတ္ဆိတ္မႈက ငါးမိနစ္ေလာက္ ဝင္လာခဲ့ၿပီး Jisooဘက္က ေခ်ာင္းဟန့္ကာ ေမးခြန္းေမးလာသည္
"သူ ဘယ္တုံးက ျပန္ေရာက္တာလည္း Joohyun "
Jisoo ေမးခြန္းကို Joohyun အမွန္တိုင္းေျဖရမလား ညာေျပာရမလားဆိုတာ ေတြေဝေနသည္
သူမ လိမ္ညာမွန္း Jisoo သိရင္လည္း Jisooဆီက အရိုက္ခံရအုံးမည္
"ငါ့ကို အမွန္တိုင္းေျပာေပးပါ Joohyun. ...စိတ္ခ်ပါ ငါ ျပန္မွတ္မိဖို႔ အတင္းမႀကိဳးစားပါဘူး "
Jisoo သူမ အတိတ္ေမ့ေနတဲ့အခ်ိန္တြင္း ဘာေတြျဖစ္ခဲ့လည္းဆိုတာ အရမ္းသိခ်င္ေနတယ္ေလ
"ငါးလ ေျခာက္လေလာက္ေတာ့ ရွိၿပီ "
Chaeyoung ဘယ္မွာလည္းဆိုတာ ဘာေမးတဲ့ Jennie အေၾကာင္းကို ျပန္ေတြးမိရင္း Joohyun မွာ Jisoo ေမးခြန္းကို ျပန္ေျဖလိုက္သည္
Jisoo ေခါင္းညိတ္ျပၿပီး တိတ္ဆိတ္သြားတယ္
ၿပီးေတာ့ ဒီေလာက္အခ်ိန္အၾကာႀကီး သူမ ဘာေၾကာင့္ျပန္ေရာက္လာၿပီး ဘာေတြျဖစ္ခဲ့လည္းဆိုတာ Jisoo သိခ်င္ေနမိသည္
Jennie Jennie Jennie. ..
Jennieနဲ႕အၾကည့္ခ်င္းဆုံမိတိုင္း အမ်ိဳးအမည္မသိတဲ့ ခံစားခ်က္ေတြက Jisooရဲ႕ ရင္ထဲ ျဖစ္ေပၚလာသည္
Jisoo ေနာက္ဆုံးမွတ္မိတဲ့အရာက သူမတို႔ anniversary ေန႕ျဖစ္ၿပီး ေနာက္ရက္က် Jennie ကို မေတြ႕ဘဲ Jennieက သူေရွ႕တြင္ ေပ်ာက္ျခင္းမလွေပ်ာက္သြားျခင္း ျဖစ္သည္
Jennie ျပန္ေရာက္လာတဲ့အခ်ိန္မွာ ဘာေတြျဖစ္ခဲ့လည္းဆိုတာ Jisoo ေသေလာက္ေအာင္ သိခ်င္ေနသည္
"Joohyun ငါ့ဖုန္းက ဘယ္မွာလည္း သိလား "
"ဖုန္းဆိုင္မွာ ျပင္ခိုင္းထားတယ္ နင္ အသစ္ ျပန္ဝယ္လို႔လည္း ရတာဘဲ "
"မဝယ္ဘူး ဘယ္ေလာက္ေပးရေပးရ အဲ့ဖုန္းကို ရေအာင္ျပင္ခိုင္းေပး "
"Ok Jisoo "
Joohyun ေျပာၿပီး သူ႕ဖုန္းကိုထုတ္ကာ ေဆာ့ေနသည္
Jisooကလည္း laptopထဲက ဂိမ္းတစ္ခ်ိဳ႕ကိုေဆာ့ရင္း အိပ္ခ်င္လာလို႔ ခဏအိပ္လိုက္သည္
Jisoo အိပ္ေနရင္း တံခါးဖြင့္သံၾကားလို႔ ထၾကည့္ေတာ့ Jennie အခန္းထဲဝင္လာတာကို ေတြ႕လိုက္ရသည္
Joohyunမွာ ခုံတန္းေပၚလွဲေနရာက ထရပ္လိုက္သည္
"ဘာလို႔ ဒီကိုထပ္လာတာလည္း အိမ္ျပန္ၿပီးနားေနေလ Jenရ "
Jisooမွာ နာရီကို လွမ္းၾကည့္ေတာ့ ညကိုးနာရီခြဲေနၿပီ...Uniformေတာင္ မလဲဘဲ သူမဆီလာတဲ့ Jennie ကို ၾကည့္ရင့း ေတာ္ေတာ္ေနာက္က်ေနတဲ့အခ်ိန္ထိ သူကအလုပ္လုပ္ေနတာလားလို႔ Jisoo ေတြးေနမိသည္....
"ငါအဆင္ေျပပါတယ္ Joohyunရ... "
Joohyunကိုေျပာရင္း Jisooကို Jennie လွမ္းၾကည့္လိုက္သည္
"ဒါေပမယ့္ နင္ အခုမွ အလုပ္က ဆင္းလာတာကို အနားယူသင့္တယ္ Jen "
"ငါ အဆင္ေျပပါတယ္ဆို...ဒီမွာ ခဏနားလိုက္ရင္ ရတာဘဲ Joohyunရ "
"မရဘူး ငါနင့္ကို အိမ္ျပန္ပို႔ေပးမယ္"
"ဘာလို႔ သူ႕ကို ဇြတ္ႏွင္ေနတာလည္း သူ႕ကိုဒီမွာ မရွိေစခ်င္တာလား အမ Joohyun... သူ႕ကိုသေဘာမက်လိဳ႕လား "
Joohyun သူမကို မဲ့ၿပဳံးၿပဳံးၿပီး ေျပာလိုက္တဲ့ Jisooကို မ်က္ေစာင္းထိုးကာ ၾကည့္လိုက္သည္
"မဟုတ္ပါဘူး ငါက ဒီ Manduေလးကို စိတ္ပူလို႔ရယ္....ဒီမွာေနခ်င္တယ္ဆိုလည္း သေဘာပါေနာ္ "
Joohyun ေျပာၿပီး Jennieရဲ႕ ပါးေဖာင္းေလးကို လက္ႏွစ္ဖက္နဲ႕ ဆြဲညွစ္ေတာ့ Jisoo သဝန္တိုၿပီး မ်က္ေမွာင္ၾကဳတ္လိုက္မိသည္
"Jisoo သက္သာရဲ႕လား "
"သက္သာပါ့ ငါတို႔ေတာင္ ရန္လုပ္နိုင္ေသးတာဘဲ လာပါ သူ႕ကို ...အု "
Joohyun စကားကို ၿပီးဆုံးေအာင္မေျပာရေသးခင္ Jisooရဲ႕ ေခါင္းအုံးက Joohyun မ်က္ႏွာကို လာမွန္သြားသည္
"Jisoo ညေရာက္ေနၿပီ အနားယူေတာ့ေလ "
"သူမ်ားေျပာမေနနဲ႕ နင္လည္း အနားယူသင့္တယ္ Jen လာ ဒီခုံတန္းရွည္မွာလာအိပ္ ငါ့မွာေစာင္လည္းရွိတယ္ "
"Jennie Kim. ...."
Jennieမွာ Joohyun ရဲ႕ ခုံတန္းရွည္ဘက္ သြားမလို႔ရွိေသး Jisoo ေအာ္သံေၾကာင့္ လန့္သြားသည္
"ဒီကိုလာ ငါ့ကုတင္ေပၚ ငါ့ေဘးနား လာအိပ္ "
"နင္ ၾကပ္ေနမွာေပါ့ Jisoo "
"နင့္ကိုမေျပာဘူး Joohyun. ..Jennie နင္ ငါနဲ႕လာအိပ္မွာလား Joohyun နဲ႕ အိပ္မွာလား ေ႐ြး "
"က်စ္ ကေလးဆန္လိုက္တာ "
Jisooကိုၾကည့္ၿပီး Joohyun ေခါင္းခါရင္း ေျပာလိုက္သည္
"Shut up Jisoo "
Jennie မွာ Joohyunနဲ႕ Jisooၾကား ေ႐ြးရခက္ေနမွန္းသိလို႔ Joohyun ကဘဲ Jennie အၾကပ္မရိုက္ေအာင္ အေလ်ာ့ေပးလိုက္သည္
"ကဲပါ Jen နင္ အဲ့ကေလးနဲ႕ အတူအိပ္လိုက္ပါ...အိပ္ရတာအဆင္မေျပမွ ငါ့ဆီလာ ဟုတ္ၿပီလား "
Joohyunေျပာၿပီး ခုံတန္းရွည္ေပၚ လွဲအိပ္ေတာ့ Jennie လည္း ေခါင္းညိတ္ၿပီး Jisooေဘးနား ဝင္အိပ္လိုက္သည္
"Jisoo "
"အိပ္ၿပီ ဘာစကားမွလာမေျပာနဲ႕ "
Jisoo ေျပာၿပီး တစ္ဖက္ကိုလွည့္သြားေတာ့ Jennieလည္း ၿပဳံးၿပီး ေခါင္းညိတ္ျပလိုက္သည္
Bạn đang đọc truyện trên: Truyen3h.Co