Part 42
#zawgyi
ည ၁၂နာရီ ေက်ာ္သြားေသာ္လည္း Jisoo တေယာက္ အိပ္မေပ်ာ္ေသးဘဲ ျဖစ္ေနသည္
အိပ္ရတာ သက္ေတာင့္သက္သာ မရွိလို႔လား တစ္ခုခုေၾကာင့္မ်ားဘဲ Jisoo အိပ္မေပ်ာ္ဘဲ ျဖစ္ေနသလား
Jennieဆီက အႏြေးဓာတ္ကို Jisoo သေဘာက်ေပမယ့္ သူမ ဘာေၾကာင့္ အိပ္မေပ်ာ္နိုင္ေသးလည္းဆိုတာ Jisoo ေတြးမရေပ
Jisoo မွာ အသံမထြက္ေအာင္ သူမေက်ာေပးအိပ္ထားတဲ့ Jennie ဘက္ကို လွည့္လာသည္
ပင္ပန္းမႈေတြေၾကာင့္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနတဲ့ Jennieကို Jisoo စိုက္ၾကည့္ေနမိသည္
Jennie မ်က္ႏွာေပၚက ဆံပင္ေလးေတြကို ဖယ္ေပးရင္း Jisooမွာ Jennieရဲ႕ ပါးေဖာင္းေဖာင္းေလးကို ခပ္ဖြဖြေလး ကိုင္ေနမိသည္
ဦးႏွောက္ထက္ ႏွလုံးသားက ေျပာတဲ့အတိုင္း ေ႐ြးခ်ယ္လိုက္တဲ့အခါ အဆင္ေျပေျပ ျဖစ္ေနတာကိုလည္း Jisoo သတိထားမိသည္
"နင့္ကို ၾကည့္ရတာ ပင္ပန္းေနပုံဘဲ ...နင့္အေပၚ အရမ္းရက္စက္သလို ျဖစ္သြားရင္ ငါ ေတာင္းပန္ပါတယ္ ....ဘာေတြျဖစ္ေနမွန္း ငါမသိေတာ့ဘူး "
Jisoo တိုးတိုးေလးေျပာရင္း သူမရဲ႕အသည္းပုံႏႈတ္ခမ္းေလးကို ဖိကိုက္လိုက္သည္
"ငါ့ရဲ႕ လက္ရွိ attitude ကို သီးခံေပးၿပီး အားလုံးျပန္မွတ္မိတဲ့အခ်ိန္ထိ ေစာင့္ေပးနိုင္မလား Jen ...ငါ့ကို ထားမသြားနဲ႕ေနာ္ ငါနင့္ကို လိုအပ္္တယ္ Jen "
Jisoo ေျပာၿပီး Jennieရဲ႕ ပါးေဖာင္းေဖာင္းေလးကို နမ္းၿပီး Jennie ကို ဆြဲဖက္လိုက္သည္
Jennieကေတာ့ အလုပ္မွာ ပင္ပန္းခဲ့တာေၾကာင့္ ဘာမွမသိဘဲ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေနေလရဲ႕
Jennie အိပ္ရာက နိုးနိုးခ်င္း သူမေရွ႕မွာ Jisooရဲ႕ မ်က္ႏွာေလးကို ျမင္လိုက္ရေတာ့ စိတ္ခ်မ္းသာၿပီး ၿပဳံးလိုက္မိသည္
Jisooရဲ႕ ႏႈတ္ခမ္းေလးကို Jennie ခပ္ဖြဖြေလး ခိုးနမ္းရင္း Joohyunမ်ား ေတြ႕သြားမလားဆိုၿပီး လွည့္ၾကည့္ေတာ့ Joohyunကို မေတြ႕ရေပ
Joohyun တစ္ေယာက္ companyကို သြားလိုက္ၿပီဆိုတာ Jennie ေတြးရင္း သူမကို ဖက္ထားတဲ့ Jisoo ရဲ႕ ရင္ခြင္ထဲ ေခါင္းေလးတိုးေဝွ႕လိုက္သည္
Jennie အျပဳအမူေၾကာင့္ Jisoo နိုးလာေပမယ့္ ေနရခက္လို႔ အိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္
"ဘယ္အခ်ိန္က်မွ ငါ့ကို အေဝးကို တြန္းေနရာက ရပ္မွာလည္း... ငါလည္း... ငါလည္း နင့္ကို အေဝးတြန္းခဲ့ေပမယ့္ ငါ ေနာင္တရတယ္ အရမ္း နာက်င္ရတယ္.... "
Jennieရဲ႕ စကားေၾကာင့္ အိပ္ခ်င္ေယာင္ေဆာင္ေနတဲ့ Jisoo အံံ့ၾသသြားတယ္
Jennieက ဘာလို႔ သူ႕ကို အေဝးကို တြန္းခဲ့တာလည္း ဘာေတြျဖစ္ခဲ့တာလည္းဆိုတာ Jisoo မမွတ္မိေတာ့လို႔ သိခ်င္လြန္းတာနဲ႕ အရမ္းစိတ္လႈပ္ရွားလာတယ္
"ငါ့အေပၚ သစၥာေဖာက္ခဲ့တဲ့ နင့္ကို ခြင့္မလႊတ္နိုင္ခဲ့ဘူး "
Jennieရဲ႕ စကားနဲ႕အတူ သူမ အင္က်ီမွာ မ်က္ရည္ေတြ ႐ြဲလာတာကို Jisoo သတိထားမိသည္
ထို႔အျပင္ သူမက Jennie အေပၚ ဘယ္လို သစၥာေဖာက္ခဲ့တယ္ဆိုတာလည္း Jisoo သိခ်င္လာသလို Jennieရဲ႕ ငိုသံေၾကာင့္ Jisooရင္ထဲ နာက်င္သလိုလည္း ခံစားေနရသည္
Jisoo ငါ ေနာက္ဆုံးအေနနဲ႕ ေမးခြန္းတစ္ခုေမးမယ္
ေမးေလ
႐ုတ္တရက္ Jisooတစ္ေယာက္ မွတ္ဥာဏ္တစ္ခ်ိဳ႕ကို ျပန္မွတ္မိလာသည္
သူမ ကိုယ္ခႏၶာေပၚက မိန္းမတစ္ေယာက္... Jennie ရဲ႕ မ်က္ရည္ေတြ..... ငိုရွိုက္သံေတြ ညည္းၫူသံေတြၾကား Jisoo ႐ုတ္တရက္ ေခါင္းေတြ ထိုးကိုက္ၿပီး နာလာသည္
အား.....
Jisooရဲ႕ ေအာ္သံေၾကာင့္ Jennie လန့္သြားၿပီး ငိုေနရာမွ ရပ္လိုက္သည္
"Jisoo ဘာျဖစ္လို႔လည္း "
Jennie ေမးေပမယ့္ Jisooမွာ ျပန္မေျဖနိုင္ဘဲ ေအာ္ဟစ္ေနေသာေၾကာင့္ Jennie စိတ္ပူၿပီး ဆရာဝန္ကို အျမန္သြားေခၚေလသည္
ဆရာဝန္က စမ္းသပ္ၿပီးေနာက္ စိတ္ၿငိမ္ေဆးထိုးေပးထားလို႔ Jisoo တစ္ေယာက္ အိပ္ေပ်ာ္သြားေလသည္
"Doctor... သူ ဘာျဖစ္တာလည္းဟင္ "
"တျခားေတာ့ မဟုတ္ပါဘူး ဦးႏွောက္က အရင္က မွတ္ဥာဏ္တစ္ခ်ိဳ႕ကို သတိရသြားပုံေပၚပါတယ္ ဒါေၾကာင့္ ႐ုတ္တရက္ ေခါင္းကိုက္လာေတြ ျဖစ္လာတာ ဒါနဲ႕ ဒီက ညီမက သူ႕ကို တစ္ခုခုမ်ားေျပာခဲ့သလား "
"မေျပာခဲ့..."
ဆရာဝန္က ေမးလို႔ Jennie ေခါင္းခါလိုက္ေပမယ့္ ႐ုတ္တရက္ Jisoo အိပ္ေပ်ာ္ေနတယ္ထင္ၿပီး သူမ ေျပာခဲ့တဲ့ စကားေတြကို ျပန္သတိရသြားသည္
"Aww ဒါဆိုလည္း သူတျဖည္းျဖည္း သတိရလာပုံေပၚပါတယ္ သူ႕အေျခအေနၾကည့္ၿပီး မၾကာခင္ ေဆး႐ုံကဆင္းလို႔ရေၾကာင္း အသိေပးပါမယ္ "
"ဟုတ္ Doctor... "
ဆရာဝန္ ထြက္သြားေတာ့ Jennie တစ္ေယာက္ အိပ္ေပ်ာ္ေနတဲ့ Jisooကို ၾကည့္ၿပီး မ်က္ရည္ေတြက်လာသည္
"ငါ့ေၾကာင့္ သူ အခုလို နာက်င္ရတာ ငါ သူ႕အနားမွာ ရွိေနလို႔မျဖစ္ေတာ့ဘူးထင္တယ္....."
Jennie ေတြးေနတုံး ဖုန္းျမည္လာလို႔ ၾကည့္လိုက္ေတာ့ သူမအေဖဆီက ျဖစ္ေနသည္
ဖုန္းမကိုင္မခ်င္း ေခၚေနေသာေၾကာင့္ Jisoo နိုးမွာဆိုးလို႔ Jennie သက္ျပင္းခ်ၿပီး အခန္းအျပင္ဘက္သို႔ ထြက္လာခဲ့သည္။
#tbc
#Unicode
ည ၁၂နာရီ ကျော်သွားသော်လည်း Jisoo တယောက် အိပ်မပျော်သေးဘဲ ဖြစ်နေသည်
အိပ်ရတာ သက်တောင့်သက်သာ မရှိလို့လား တစ်ခုခုကြောင့်များဘဲ Jisoo အိပ်မပျော်ဘဲ ဖြစ်နေသလား
Jennieဆီက အနွေးဓာတ်ကို Jisoo သဘောကျပေမယ့် သူမ ဘာကြောင့် အိပ်မပျော်နိုင်သေးလည်းဆိုတာ Jisoo တွေးမရပေ
Jisoo မှာ အသံမထွက်အောင် သူမကျောပေးအိပ်ထားတဲ့ Jennie ဘက်ကို လှည့်လာသည်
ပင်ပန်းမှုတွေကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတဲ့ Jennieကို Jisoo စိုက်ကြည့်နေမိသည်
Jennie မျက်နှာပေါ်က ဆံပင်လေးတွေကို ဖယ်ပေးရင်း Jisooမှာ Jennieရဲ့ ပါးဖောင်းဖောင်းလေးကို ခပ်ဖွဖွလေး ကိုင်နေမိသည်
ဦးနှောက်ထက် နှလုံးသားက ပြောတဲ့အတိုင်း ရွေးချယ်လိုက်တဲ့အခါ အဆင်ပြေပြေ ဖြစ်နေတာကိုလည်း Jisoo သတိထားမိသည်
"နင့်ကို ကြည့်ရတာ ပင်ပန်းနေပုံဘဲ ...နင့်အပေါ် အရမ်းရက်စက်သလို ဖြစ်သွားရင် ငါ တောင်းပန်ပါတယ် ....ဘာတွေဖြစ်နေမှန်း ငါမသိတော့ဘူး "
Jisoo တိုးတိုးလေးပြောရင်း သူမရဲ့အသည်းပုံနှုတ်ခမ်းလေးကို ဖိကိုက်လိုက်သည်
"ငါ့ရဲ့ လက်ရှိ attitude ကို သီးခံပေးပြီး အားလုံးပြန်မှတ်မိတဲ့အချိန်ထိ စောင့်ပေးနိုင်မလား Jen ...ငါ့ကို ထားမသွားနဲ့နော် ငါနင့်ကို လိုအပ််တယ် Jen "
Jisoo ပြောပြီး Jennieရဲ့ ပါးဖောင်းဖောင်းလေးကို နမ်းပြီး Jennie ကို ဆွဲဖက်လိုက်သည်
Jennieကတော့ အလုပ်မှာ ပင်ပန်းခဲ့တာကြောင့် ဘာမှမသိဘဲ နှစ်ခြိုက်စွာ အိပ်ပျော်နေလေရဲ့
Jennie အိပ်ရာက နိုးနိုးချင်း သူမရှေ့မှာ Jisooရဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ စိတ်ချမ်းသာပြီး ပြုံးလိုက်မိသည်
Jisooရဲ့ နှုတ်ခမ်းလေးကို Jennie ခပ်ဖွဖွလေး ခိုးနမ်းရင်း Joohyunများ တွေ့သွားမလားဆိုပြီး လှည့်ကြည့်တော့ Joohyunကို မတွေ့ရပေ
Joohyun တစ်ယောက် companyကို သွားလိုက်ပြီဆိုတာ Jennie တွေးရင်း သူမကို ဖက်ထားတဲ့ Jisoo ရဲ့ ရင်ခွင်ထဲ ခေါင်းလေးတိုးဝှေ့လိုက်သည်
Jennie အပြုအမူကြောင့် Jisoo နိုးလာပေမယ့် နေရခက်လို့ အိပ်ချင်ယောင်ဆောင်နေလိုက်သည်
"ဘယ်အချိန်ကျမှ ငါ့ကို အဝေးကို တွန်းနေရာက ရပ်မှာလည်း... ငါလည်း... ငါလည်း နင့်ကို အဝေးတွန်းခဲ့ပေမယ့် ငါ နောင်တရတယ် အရမ်း နာကျင်ရတယ်.... "
Jennieရဲ့ စကားကြောင့် အိပ်ချင်ယောင်ဆောင်နေတဲ့ Jisoo အံံ့သြသွားတယ်
Jennieက ဘာလို့ သူ့ကို အဝေးကို တွန်းခဲ့တာလည်း ဘာတွေဖြစ်ခဲ့တာလည်းဆိုတာ Jisoo မမှတ်မိတော့လို့ သိချင်လွန်းတာနဲ့ အရမ်းစိတ်လှုပ်ရှားလာတယ်
"ငါ့အပေါ် သစ္စာဖောက်ခဲ့တဲ့ နင့်ကို ခွင့်မလွှတ်နိုင်ခဲ့ဘူး "
Jennieရဲ့ စကားနဲ့အတူ သူမ အင်ကျီမှာ မျက်ရည်တွေ ရွဲလာတာကို Jisoo သတိထားမိသည်
ထို့အပြင် သူမက Jennie အပေါ် ဘယ်လို သစ္စာဖောက်ခဲ့တယ်ဆိုတာလည်း Jisoo သိချင်လာသလို Jennieရဲ့ ငိုသံကြောင့် Jisooရင်ထဲ နာကျင်သလိုလည်း ခံစားနေရသည်
Jisoo ငါ နောက်ဆုံးအနေနဲ့ မေးခွန်းတစ်ခုမေးမယ်
မေးလေ
ရုတ်တရက် Jisooတစ်ယောက် မှတ်ဥာဏ်တစ်ချို့ကို ပြန်မှတ်မိလာသည်
သူမ ကိုယ်ခန္ဓာပေါ်က မိန်းမတစ်ယောက်... Jennie ရဲ့ မျက်ရည်တွေ..... ငိုရှိုက်သံတွေ ညည်းညူသံတွေကြား Jisoo ရုတ်တရက် ခေါင်းတွေ ထိုးကိုက်ပြီး နာလာသည်
အား.....
Jisooရဲ့ အော်သံကြောင့် Jennie လန့်သွားပြီး ငိုနေရာမှ ရပ်လိုက်သည်
"Jisoo ဘာဖြစ်လို့လည်း "
Jennie မေးပေမယ့် Jisooမှာ ပြန်မဖြေနိုင်ဘဲ အော်ဟစ်နေသောကြောင့် Jennie စိတ်ပူပြီး ဆရာဝန်ကို အမြန်သွားခေါ်လေသည်
ဆရာဝန်က စမ်းသပ်ပြီးနောက် စိတ်ငြိမ်ဆေးထိုးပေးထားလို့ Jisoo တစ်ယောက် အိပ်ပျော်သွားလေသည်
"Doctor... သူ ဘာဖြစ်တာလည်းဟင် "
"တခြားတော့ မဟုတ်ပါဘူး ဦးနှောက်က အရင်က မှတ်ဥာဏ်တစ်ချို့ကို သတိရသွားပုံပေါ်ပါတယ် ဒါကြောင့် ရုတ်တရက် ခေါင်းကိုက်လာတွေ ဖြစ်လာတာ ဒါနဲ့ ဒီက ညီမက သူ့ကို တစ်ခုခုများပြောခဲ့သလား "
"မပြောခဲ့..."
ဆရာဝန်က မေးလို့ Jennie ခေါင်းခါလိုက်ပေမယ့် ရုတ်တရက် Jisoo အိပ်ပျော်နေတယ်ထင်ပြီး သူမ ပြောခဲ့တဲ့ စကားတွေကို ပြန်သတိရသွားသည်
"Aww ဒါဆိုလည်း သူတဖြည်းဖြည်း သတိရလာပုံပေါ်ပါတယ် သူ့အခြေအနေကြည့်ပြီး မကြာခင် ဆေးရုံကဆင်းလို့ရကြောင်း အသိပေးပါမယ် "
"ဟုတ် Doctor... "
ဆရာဝန် ထွက်သွားတော့ Jennie တစ်ယောက် အိပ်ပျော်နေတဲ့ Jisooကို ကြည့်ပြီး မျက်ရည်တွေကျလာသည်
"ငါ့ကြောင့် သူ အခုလို နာကျင်ရတာ ငါ သူ့အနားမှာ ရှိနေလို့မဖြစ်တော့ဘူးထင်တယ်....."
Jennie တွေးနေတုံး ဖုန်းမြည်လာလို့ ကြည့်လိုက်တော့ သူမအဖေဆီက ဖြစ်နေသည်
ဖုန်းမကိုင်မချင်း ခေါ်နေသောကြောင့် Jisoo နိုးမှာဆိုးလို့ Jennie သက်ပြင်းချပြီး အခန်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။
#tbc
Bạn đang đọc truyện trên: Truyen3h.Co