Part 43
#unicode
Jennie ဖုန်းပြောပြီး အခန်းထဲဝင်မယ်လုပ်တော့ သူမကို ရပ်ကြည့်နေတဲ့ Joohyunကို တွေ့ရသည်
"Joohyun. ..."
"Jennie ငါတို့ စကားပြောစရာရှိတယ် "
တစ်ခါမှ သူမကို Joohyun မကြည့်ဖူးတဲ့ စူးရှတဲ့အကြည့်တွေရယ် လေသံမာမာရယ်ကြောင့် Jennie စိတ်ထဲတစ်မျိုး ဖြစ်ပြီး လန့်သွားတယ်
"ဘာ ဘာများလည်း Joohyun "
"Jisoo နင့်ကို အလုပ်ထုတ်ရတဲ့ အကြောင်းအရင်း အမှန်ကို ပြောပါအုံး "
Joohyunရဲ့ စကားကြောင့် Jennie လန့်ပြီး တံတွေးမျိုချသွားမိသည်
"အမှန်တိုင်းပြောနော်...."
Jennie ရဲ့ နှုတ်ခမ်းတွေ တုန်ရီလာသည်
အကြောင်းအရင်းအမှန်ကို ပြောပြရင် Joohyun သူမကို စိတ်ဆိုးသွားမှာ မုန်းသွားမှာကိုလည်း ကြောက်သည်.....သူမ drama တွေကို မုန်းပေမယ့် Joohyunက သူမကို မုန်းသွားမှာကိုလည်း Jennie ကြောက်နေသည်
"ငါ ငါ...."
Jennie အတိတ်ကဖြစ်ခဲ့တာတွေကို ဘယ်ကနေ ဘယ်လိုစရှင်းရမလည်းဆိုတာ စဥ်းစားမရပေ
ပြီးတော့ Joohyunက ဘာလို့ အခုမှ ဒီကိစ္စကို မေးရသလည်းဆိုတာလည်း Jennie စဥ်းစားမရပေ
Joohyunက Jisooနဲ့ သွေးသားတော်စပ်တဲ့ အစ်မဆိုတော့.... Jisooရဲ့ companyကို ယူမယ့်အကြောင်းသာ Joohyun သိရင်.....
Joohyun တစ်ယောက် အတွေးမျိုးစုံနဲ့ တိတ်ဆိတ်နေတဲ့ Jennieကို ဒီအတိုင်းသာ စိုက်ကြည့်နေမိသည်
Jennie ရှင်းပြတာကို စောင့်နေပေမယ့် မိနစ်အနည်းငယ်ကြာတဲ့အထိ တိတ်ဆိတ်နေတဲ့Jennieကြောင့် Joohyun တစ်ယောက် တော်တော်လေး စိတ်တိုလာသည်
"နင် ...Jisooဆီ ပြန်လာရတဲ့အကြောင်းအရင်းက ပိုက်ဆံကြောင့်နဲ့ သူ့ companyကို ခိုးချင်လို့ မဟုတ်လား Jennie "
Joohyunရဲ့ စကားကြောင့် Jennie ဝမ်းနည်းသွားပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ Joohyunရဲ့ မျက်လုံးကိုစိုက်ကြည့်လိုက်သည်
"ဘယ်သူက နင့်ကို ပြောတာလည်း "
"ဘယ်သူပြောတာလည်း ဘာလည်းဆိုတာ အရေးမကြီးပါဘူး ငါပြောတာ ဟုတ်တယ်မလား "
Jennie သက်ပြင်းချပြီး ခေါင်းညိတ်လိုက်သည်
"ဘာ....နင် Jisoo အပေါ် ဘာလို့ ဒီလိုလုပ်ရက်တာလည်း Jennieရယ် "
"Joohyun. ..ငါ ရှင်းပြတာကို နားထောင်ပေးပါ....Jisooကိုတောင် ငါ ငါ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာမှမပြောပြရသေးဘူး....ဟူး....."
သက်ပြင်းချပြီး တုန်ရီနေတဲ့ အသံနဲ့ သူမကို ပြောနေတဲ့ Jennieကို Joohyun စိုက်ကြည့်လိုက်သည်
"ကောင်းပြီ ပြောပါအုံး နင့်ဘက်က ရှင်းပြချက်ကိုလည်း ငါက နားထောင်ရမှာပေါ့ "
"ငါ....တစ်နှစ်ကျော်လောက်..ဖုန်းအဆက်အသွယ်မရှိ ဘယ်သူနဲ့မှ အဆက်အသွယ်မရဘဲ အခန်းထဲ ပိတ်ခံခဲ့ရတာ..."
Joohyun ခေါင်းညိတ်ပြီး Jennie ပြောတာ နားထောင်နေသည်
"ငါ့အဖေက...အဖေအရင်း မဟုတ်ဘူး ...သူ့ companyက ဒေဝါလီခံရတော့မှာမို့ ငါ လက်မခံဘဲ ငြင်းတာတောင် ငါ့ကို သူဌေးတစ်ယောက်နဲ့ အတင်းပေးစားဖို့ ကြိုးစားခဲ့တာ ....ငါနဲ့ လက်ထပ်မယ့် တစ်ယောက်က ငါ့ကို rapeလုပ်ဖို့ထိ ကြိုးစားခဲ့တယ်...."
Jennie ပြောရင်း မျက်ရည်တွေကျလာတော့ Joohyun စိတ်တိုနေရာက စိတ်မကောင်းဖြစ်လာသည်
"ငါ အသေအလဲ ငြင်းပြီးနောက် ငါ့အဖေက ငါ့ကို ကိုရီးယားကို ပြန်လွှတ်မယ်လို့ ပြောခဲ့တယ် ဒါပေမယ့် အခြေအနေ တစ်ခုရှိတယ် ....Jisooက သူ့ companyကို ငါ့အဖေဆီ လွှဲပြောင်းတယ်ဆိုတဲ့ စာချုပ်မှာ Jisooကို ရအောင် ငါလက်မှတ်ထိုးခိုင်းရမယ်တဲ့...မလုပ်နိုင်ဘူးဆိုရင် သူ့ဆီပြန်သွားပြီး သူပေးစားတဲ့သူနဲ့ဘဲ ယူရမယ်တဲ့ ....ဒါပေမယ့် ငါ သူပြောတဲ့အတိုင်း မလုပ်ခဲ့ပါဘူး ...Jisoo ငါ့ကို ဒီအခြေအနေကနေ ကယ်နိုင်မယ်ထင်ပြီး သူ့ကိုရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်....ဒါပေမယ့် သူက အဲ့စာချုပ်ကို မြင်ပြီး ငါရှင်းပြတာကို လက်မခံခဲ့ဘူး Joohyunရယ် "
Joohyunမှာ Jennieအတွက် စိတ်မကောင်းဖြစ်တာရော စိတ်တိုတာရော ခံစားချက်တွေ ရောယှက်လာသည်
မျက်ရည်တွေကျလာတဲ့ Jennie ပါးပေါ်က မျက်ရည်တွေကို Joohyun သူမရဲ့ လက်မလေးနဲ့ သုတ်ပေးနေသည်
"ငါက တစ်ကိုယ်ကောင်းဆန်တယ်ဆိုတာ..."
"မဟုတ်တာ Jenရယ် နင့်အမှားမဟုတ်ပါဘူး အဲ့လူကြောင့် ဖြစ်ရတာ....နင့်ကိုနင် အပြစ်မတင်ပါနဲ့.....ပြီးတော့ ခုနက နင့်ကို အထင်လွဲမိတဲ့အတွက်...တောင်းပန်ပါတယ်...meetingပြီးတော့ Jaeheeက သူ Jisoo ရုံးခန်းနားက ဖြတ်အသွား နင်တို့ပြောဆိုတာတွေကြားခဲ့တယ် နင်က jisoo companyကို အပိုင်သိမ်းဖို့ ကြံတယ်...ပြောလို့ ငါစိတ်တိုသွားခဲ့တာ...တကယ်ဆို နင်ဖြေရှင်းချက်ကို စောင့်နားထောင်သင့်တာကို ငါ....ငါ နင့်ကို နာကျင်အောင်လုပ်မိပြီ...."
"မဟုတ်တာ Joohyun ရယ် ငါ ရှင်းပြတာကို နင် နားထောင်ခဲ့တယ်လေ...အဲ့အတွက်တောင် ငါကကျေးဇူးပြန်တင်ရမှာ....."
"Jisooက အဲ့စာချုပ်မှာ လက်မှတ်မထိုးခဲ့ဘူးမလား "
"သူလား မထိုးခဲ့ပါဘူး "
"အင်းပေါ့ ဘယ်ထိုးမှာလည်း သူက ဒီ companyကို ဘယ်လောက်တန်ဖိုးထားလည်းဆိုတာ အားလုံးသိတာဘဲ..."
"Jisooသာ အဲ့စာချုပ်မှာ လက်မှတ်ထိုးလိုက်ရင်....ငါလည်း ဘာလုပ်ရမလည်း မသိဖြစ်မှာ...."
Jennie တို့ စကားပြောနေစဥ် Jisooမှာ အိပ်ရာကနိုးလာပြီး အခန်းအပြင်က စကားသံတွေကြားလို့ တံခါးဖွင့်ကာ ထွက်လာသည်
"ဘာစာချုပ်လည်း "
Jisooရဲ့ အသံကြောင့် Jennieတို့ လန့်သွားကြသည်
"ဟို ဘာမှမဟုတ်ပါဘူး...သက်သာရဲ့လား Jisoo "
"ငါ့စကားကို လမ်းကြောင်းမလွှဲနဲ့ ခုန နင် ပြောနေတာ ငါ စာချူပ်မှာ လက်မှတ် ထိုးရင် ဆိုလား အဲ့တာ ဘာစာချုပ်လည်း "
Jisooရဲ့ မေးခွန်းကြောင့် Jennie ဘာဖြေရမှန်းမသိ ဖြစ်နေစဥ် Joohyun က ဝင်ဖြေလိုက်သည်
"ဟို Companyနဲ့ ပတ်သက်တဲ့ စာချုပ်ပါ Jisoo "
"နင်တို့ နှစ်ယောက်ပေါင်းပြီး ငါ့ကို လိမ်လို့ရမယ်ထင်နေတာလား Joohyun. ..."
Jisooနဲ့ Joohyunတို့ကြားထဲ အခြေအနေ တင်းမာနေစဥ် ရုတ်တရက်ရောက်လာတဲ့ Chaelisaတို့ အတွဲကြောင့် Jennie တို့ အမြန်စိတ်သက်သာရာရသွားပြီး သူတို့ကို ကျေးဇူးတင်နေမိသည်
"Jisoo Unnie သက်သာနေပြီပေါ့ "
ပန်းစည်းကြီးကိုင်ပြီး Lisaမှာ Jisooကို ပြေးဖက်လေသည်
"ဖြည်းဖြည်းဖက်ပါ ငါသေတော့မယ် Lisa "
"ဟိုတစ်ခါ Chaw လာတုံးက Unnie အိပ်နေတာများ သိုးလို့ အဲ့တာ ခေါင်းအုံးနဲ့ မျက်နှာကို ဖိကြည့်တာတောင် Unnieက မနိုးဘူး "
"Yah Lalisa ငါ့ကို သေကြောင်းကြံနေတာလား ဒီကလေးမကတော့ "
"အဟီး လာအထဲဝင်လေ...Unnie အတွက် မုန့်ဝယ်လာတယ်...."
Lisaတို့ ရောက်လာလို့ စကားစ ပြတ်သွားပေမယ့် Jisooတစ်ယောက် Joohyunတို့ပြောနေတဲ့ စာချုပ်အကြောင်းကိုတော့ အရမ်းသိချင်နေသည်
********
Lisaတို့ ပြန်သွားပြီနောက် Jisoo တရေးတမောအိပ်နေသည်
အိပ်ရာကနိုးလာတော့ ပန်းသီးကို အခွံခွာနေတဲ့ Jennieကို တွေ့ရသည်
"Jisoo နိုးလာပြီလား ပန်းသီးစားအုံးမလား "
"အင်း..."
Jennieမှာ ပန်းသီးတွေကို လှီးပြီး ပန်းကန်ပြားထဲ ထည့်ကာ Jisooကို ပေးလိုက်သည်
"ခုန နင်နဲ့ Joohyun ပြောနေတဲ့ စာချုပ်ဆိုတာ ဘာလည်း "
Jisoo ထပ်မေးပြန်သောကြောင့် Jennie ဘာဖြေရမှန်းမသိဘဲ လက်တွေတုန်လာသည်
"ဘာမှမဟုတ်ပါဘူး ဒီတိုင်းဘဲ"
Jennie လိမ်ပြောလိုက်ပြီး စိတ်ထဲတွင် Joohyun အနားမှာရှိနေဖို့ ဆုတောင်းနေမိသည်
"တစ်ခုခုဖြစ်နေတာ ငါသိတယ်နော် Jennie "
"ဘာမှမဟုတ်ဘူး စိတ်ထဲထားမနေနဲ့ "
"ငါ့ကို မလိမ်နဲ့ "
"CEO သိချင်နေတဲ့ စာချုပ်က Jennieရဲ့ အဖေဖြစ်သူက ဒီ Kim Companyကို အပိုင်စီးချင်လို့ ဥာဏ်နီဥာဏ်နက်ဆင်ထားတဲ့ စာချုပ်"
အခန်းထဲကို ရုတ်တရက်ဝင်လာတဲ့ Jaeheeကြောင့် Jensooတို့ အံ့သြသွားတယ်
Jaeheeဟာ Joohyunနောက် ခြေရာခံလိုက်ရင်း Jisoo တက်နေတဲ့ဆေးရုံနဲ့ အခန်းကို သိခဲ့တာလေ
"နင် ဒီကို ဘယ်လိုရောက်လာတာလည်း ပါးစပ်ပိတ်ထားစမ်း Jaehee "
Jisoo ဟောက်လိုက်တော့ Jaeheeမှာ ပခုံးတွန့်ပြီး
"ငါ အမှန်တိုင်း ပြောတာ မယုံရင် သူ့မေးကြည့် ဟုတ်တယ်မလား Jennie "
"ထွက်သွားစမ်း "
"အံမယ် နင်က ဘာကောင်မမို့ ငါ့ကို အခန်းထဲက နှင်ထုတ်ရတာလည်း Jennie "
"သူပြောတာ ကြားတယ်မလား ထွက်သွား Jaehee ငါ လုံခြုံရေးခေါ်ပြီး ဆွဲထုတ်ရမလား "
"ဘာလို့လည်း Jisoo ရယ်...ငါ နင့်ကို သတိရလို့ လာတွေ့တာကို "
"အခုချိန် နင့်မျက်နှာကိုမြင်ရရင် ငါပိတ်ရိုက်မိလိမ့်မယ် Jaehee "
"Jisoo. ."
Jisoo ဒေါသတွေထိန်းမရတာနဲ့ Jaeheeကို ပန်းသီးပန်းကန်နဲ့ ပေါက်လိုက်သည်
Jaeheeလည်း ရှောင်ပြီး အခန်းထဲက အမြန်ထွက်သွားသည်
" သူပြောတာ အမှန်လား Jennie "
Jennie မှာ ဘာမှမဖြေဘဲ တိတ်ဆိတ်နေသောကြောင့် Jisoo သည်းခံနိုင်စွမ်းတွေ ကုန်လာသည်
"ငါမေးတာ ဖြေစမ်း Jennie Kim ငါ စောက်စိတ်မရှည်တော့ဘူး "
"တောင်းပန်ပါတယ်....ငါ...ငါ "
"အမှန်တိုင်းပြောစမ်းပါ ဒီ companyကို ဘာလို့ လိုချင်ရတာလည်း "
"Jisoo အဲ့လိုမဟုတ် "
"နင် ဒီကို ပြန်လာတာက ငါ့ companyကို အပိုင်သိမ်းချင်လို့လား "
"နင့် companyကို အပိုင်သိမ်းချင်စိတ် ငါ့မှာမရှိပါဘူး Jisooရယ်..."
"ဘာအကြောင်းပြချက်မှ မပေး မရှင်းပြတဲ့ နင်ပြောတာကို ငါကယုံမယ်ထင်နေတာလား "
"Jisoo "
"ထွက်သွား....ငါ တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ထွက်သွားပါတော့ ဒီလောက်နဲ့ တော်လိုက်ပါတော့ ငါ့ကို စိတ်ဒုက္ခပေးတာ ရပ်ပြီး ထွက်သွားပါတော့ Jennie Kimရယ်....."
Jisooရဲ့စကားကြောင့် Jennie ရင်ဘတ်တွေ အောင့်လာသည်
"ကောင်းပြီ ငါထွက်သွားပေးပါမယ်....ပြီးတော့ နင့်ကို စိတ်ဒုက္ခပေးမိတဲ့အတွက် ငါတောင်းပန်ပါတယ် Jisoo "
Jisooကို တောင်းပန်ပြီး Jennie ဆေးရုံကနေ ထွက်လာသည်
Joohyunကလည်း အိပ်နေမှာမို့ ဖုန်းဆက်မနှိုးချင်တာနဲ့ Lisaကို ဖုန်းဆက်ပြီး Jisoo ဆီ ခဏလာစောင့်ပေးဖို့ Jennie အကူအညီတောင်းလိုက်သည်
ထို့နောက် ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ပြီး Jennie ငူငူငိုင်ငိုင်နဲ့ အနာဂတ်ပျောက်ဆုံးသွားတဲ့ လူတစ်ယောက်လို လမ်းလျှောက်နေမိသည်။
#Tbc
#zawgyi
Jennie ဖုန္းေျပာၿပီး အခန္းထဲဝင္မယ္လုပ္ေတာ့ သူမကို ရပ္ၾကည့္ေနတဲ့ Joohyunကို ေတြ႕ရသည္
"Joohyun. ..."
"Jennie ငါတို႔ စကားေျပာစရာရွိတယ္ "
တစ္ခါမွ သူမကို Joohyun မၾကည့္ဖူးတဲ့ စူးရွတဲ့အၾကည့္ေတြရယ္ ေလသံမာမာရယ္ေၾကာင့္ Jennie စိတ္ထဲတစ္မ်ိဳး ျဖစ္ၿပီး လန့္သြားတယ္
"ဘာ ဘာမ်ားလည္း Joohyun "
"Jisoo နင့္ကို အလုပ္ထုတ္ရတဲ့ အေၾကာင္းအရင္း အမွန္ကို ေျပာပါအုံး "
Joohyunရဲ႕ စကားေၾကာင့္ Jennie လန့္ၿပီး တံေတြးမ်ိဳခ်သြားမိသည္
"အမွန္တိုင္းေျပာေနာ္...."
Jennie ရဲ႕ ႏႈတ္ခမ္းေတြ တုန္ရီလာသည္
အေၾကာင္းအရင္းအမွန္ကို ေျပာျပရင္ Joohyun သူမကို စိတ္ဆိုးသြားမွာ မုန္းသြားမွာကိုလည္း ေၾကာက္သည္.....သူမ drama ေတြကို မုန္းေပမယ့္ Joohyunက သူမကို မုန္းသြားမွာကိုလည္း Jennie ေၾကာက္ေနသည္
"ငါ ငါ...."
Jennie အတိတ္ကျဖစ္ခဲ့တာေတြကို ဘယ္ကေန ဘယ္လိုစရွင္းရမလည္းဆိုတာ စဥ္းစားမရေပ
ၿပီးေတာ့ Joohyunက ဘာလို႔ အခုမွ ဒီကိစၥကို ေမးရသလည္းဆိုတာလည္း Jennie စဥ္းစားမရေပ
Joohyunက Jisooနဲ႕ ေသြးသားေတာ္စပ္တဲ့ အစ္မဆိုေတာ့.... Jisooရဲ႕ companyကို ယူမယ့္အေၾကာင္းသာ Joohyun သိရင္.....
Joohyun တစ္ေယာက္ အေတြးမ်ိဳးစုံနဲ႕ တိတ္ဆိတ္ေနတဲ့ Jennieကို ဒီအတိုင္းသာ စိုက္ၾကည့္ေနမိသည္
Jennie ရွင္းျပတာကို ေစာင့္ေနေပမယ့္ မိနစ္အနည္းငယ္ၾကာတဲ့အထိ တိတ္ဆိတ္ေနတဲ့Jennieေၾကာင့္ Joohyun တစ္ေယာက္ ေတာ္ေတာ္ေလး စိတ္တိုလာသည္
"နင္ ...Jisooဆီ ျပန္လာရတဲ့အေၾကာင္းအရင္းက ပိုက္ဆံေၾကာင့္နဲ႕ သူ႕ companyကို ခိုးခ်င္လို႔ မဟုတ္လား Jennie "
Joohyunရဲ႕ စကားေၾကာင့္ Jennie ဝမ္းနည္းသြားေပမယ့္ ဘာမွမျဖစ္သလို ဟန္ေဆာင္ကာ Joohyunရဲ႕ မ်က္လုံးကိုစိုက္ၾကည့္လိုက္သည္
"ဘယ္သူက နင့္ကို ေျပာတာလည္း "
"ဘယ္သူေျပာတာလည္း ဘာလည္းဆိုတာ အေရးမႀကီးပါဘူး ငါေျပာတာ ဟုတ္တယ္မလား "
Jennie သက္ျပင္းခ်ၿပီး ေခါင္းညိတ္လိုက္သည္
"ဘာ....နင္ Jisoo အေပၚ ဘာလို႔ ဒီလိုလုပ္ရက္တာလည္း Jennieရယ္ "
"Joohyun. ..ငါ ရွင္းျပတာကို နားေထာင္ေပးပါ....Jisooကိုေတာင္ ငါ ငါ့အေၾကာင္းနဲ႕ ပတ္သက္ၿပီး ဘာမွမေျပာျပရေသးဘူး....ဟူး....."
သက္ျပင္းခ်ၿပီး တုန္ရီေနတဲ့ အသံနဲ႕ သူမကို ေျပာေနတဲ့ Jennieကို Joohyun စိုက္ၾကည့္လိုက္သည္
"ေကာင္းၿပီ ေျပာပါအုံး နင့္ဘက္က ရွင္းျပခ်က္ကိုလည္း ငါက နားေထာင္ရမွာေပါ့ "
"ငါ....တစ္ႏွစ္ေက်ာ္ေလာက္..ဖုန္းအဆက္အသြယ္မရွိ ဘယ္သူနဲ႕မွ အဆက္အသြယ္မရဘဲ အခန္းထဲ ပိတ္ခံခဲ့ရတာ..."
Joohyun ေခါင္းညိတ္ၿပီး Jennie ေျပာတာ နားေထာင္ေနသည္
"ငါ့အေဖက...အေဖအရင္း မဟုတ္ဘူး ...သူ႕ companyက ေဒဝါလီခံရေတာ့မွာမို႔ ငါ လက္မခံဘဲ ျငင္းတာေတာင္ ငါ့ကို သူေဌးတစ္ေယာက္နဲ႕ အတင္းေပးစားဖို႔ ႀကိဳးစားခဲ့တာ ....ငါနဲ႕ လက္ထပ္မယ့္ တစ္ေယာက္က ငါ့ကို rapeလုပ္ဖို႔ထိ ႀကိဳးစားခဲ့တယ္...."
Jennie ေျပာရင္း မ်က္ရည္ေတြက်လာေတာ့ Joohyun စိတ္တိုေနရာက စိတ္မေကာင္းျဖစ္လာသည္
"ငါ အေသအလဲ ျငင္းၿပီးေနာက္ ငါ့အေဖက ငါ့ကို ကိုရီးယားကို ျပန္လႊတ္မယ္လို႔ ေျပာခဲ့တယ္ ဒါေပမယ့္ အေျခအေန တစ္ခုရွိတယ္ ....Jisooက သူ႕ companyကို ငါ့အေဖဆီ လႊဲေျပာင္းတယ္ဆိုတဲ့ စာခ်ဳပ္မွာ Jisooကို ရေအာင္ ငါလက္မွတ္ထိုးခိုင္းရမယ္တဲ့...မလုပ္နိုင္ဘူးဆိုရင္ သူ႕ဆီျပန္သြားၿပီး သူေပးစားတဲ့သူနဲ႕ဘဲ ယူရမယ္တဲ့ ....ဒါေပမယ့္ ငါ သူေျပာတဲ့အတိုင္း မလုပ္ခဲ့ပါဘူး ...Jisoo ငါ့ကို ဒီအေျခအေနကေန ကယ္နိုင္မယ္ထင္ၿပီး သူ႕ကိုရွင္းျပဖို႔ ႀကိဳးစားခဲ့ပါတယ္....ဒါေပမယ့္ သူက အဲ့စာခ်ဳပ္ကို ျမင္ၿပီး ငါရွင္းျပတာကို လက္မခံခဲ့ဘူး Joohyunရယ္ "
Joohyunမွာ Jennieအတြက္ စိတ္မေကာင္းျဖစ္တာေရာ စိတ္တိုတာေရာ ခံစားခ်က္ေတြ ေရာယွက္လာသည္
မ်က္ရည္ေတြက်လာတဲ့ Jennie ပါးေပၚက မ်က္ရည္ေတြကို Joohyun သူမရဲ႕ လက္မေလးနဲ႕ သုတ္ေပးေနသည္
"ငါက တစ္ကိုယ္ေကာင္းဆန္တယ္ဆိုတာ..."
"မဟုတ္တာ Jenရယ္ နင့္အမွားမဟုတ္ပါဘူး အဲ့လူေၾကာင့္ ျဖစ္ရတာ....နင့္ကိုနင္ အျပစ္မတင္ပါနဲ႕.....ၿပီးေတာ့ ခုနက နင့္ကို အထင္လြဲမိတဲ့အတြက္...ေတာင္းပန္ပါတယ္...meetingၿပီးေတာ့ Jaeheeက သူ Jisoo ႐ုံးခန္းနားက ျဖတ္အသြား နင္တို႔ေျပာဆိုတာေတြၾကားခဲ့တယ္ နင္က jisoo companyကို အပိုင္သိမ္းဖို႔ ႀကံတယ္...ေျပာလို႔ ငါစိတ္တိုသြားခဲ့တာ...တကယ္ဆို နင္ေျဖရွင္းခ်က္ကို ေစာင့္နားေထာင္သင့္တာကို ငါ....ငါ နင့္ကို နာက်င္ေအာင္လုပ္မိၿပီ...."
"မဟုတ္တာ Joohyun ရယ္ ငါ ရွင္းျပတာကို နင္ နားေထာင္ခဲ့တယ္ေလ...အဲ့အတြက္ေတာင္ ငါကေက်းဇူးျပန္တင္ရမွာ....."
"Jisooက အဲ့စာခ်ဳပ္မွာ လက္မွတ္မထိုးခဲ့ဘူးမလား "
"သူလား မထိုးခဲ့ပါဘူး "
"အင္းေပါ့ ဘယ္ထိုးမွာလည္း သူက ဒီ companyကို ဘယ္ေလာက္တန္ဖိုးထားလည္းဆိုတာ အားလုံးသိတာဘဲ..."
"Jisooသာ အဲ့စာခ်ဳပ္မွာ လက္မွတ္ထိုးလိုက္ရင္....ငါလည္း ဘာလုပ္ရမလည္း မသိျဖစ္မွာ...."
Jennie တို႔ စကားေျပာေနစဥ္ Jisooမွာ အိပ္ရာကနိုးလာၿပီး အခန္းအျပင္က စကားသံေတြၾကားလို႔ တံခါးဖြင့္ကာ ထြက္လာသည္
"ဘာစာခ်ဳပ္လည္း "
Jisooရဲ႕ အသံေၾကာင့္ Jennieတို႔ လန့္သြားၾကသည္
"ဟို ဘာမွမဟုတ္ပါဘူး...သက္သာရဲ႕လား Jisoo "
"ငါ့စကားကို လမ္းေၾကာင္းမလႊဲနဲ႕ ခုန နင္ ေျပာေနတာ ငါ စာခ်ဴပ္မွာ လက္မွတ္ ထိုးရင္ ဆိုလား အဲ့တာ ဘာစာခ်ဳပ္လည္း "
Jisooရဲ႕ ေမးခြန္းေၾကာင့္ Jennie ဘာေျဖရမွန္းမသိ ျဖစ္ေနစဥ္ Joohyun က ဝင္ေျဖလိုက္သည္
"ဟို Companyနဲ႕ ပတ္သက္တဲ့ စာခ်ဳပ္ပါ Jisoo "
"နင္တို႔ ႏွစ္ေယာက္ေပါင္းၿပီး ငါ့ကို လိမ္လို႔ရမယ္ထင္ေနတာလား Joohyun. ..."
Jisooနဲ႕ Joohyunတို႔ၾကားထဲ အေျခအေန တင္းမာေနစဥ္ ႐ုတ္တရက္ေရာက္လာတဲ့ Chaelisaတို႔ အတြဲေၾကာင့္ Jennie တို႔ အျမန္စိတ္သက္သာရာရသြားၿပီး သူတို႔ကို ေက်းဇူးတင္ေနမိသည္
"Jisoo Unnie သက္သာေနၿပီေပါ့ "
ပန္းစည္းႀကီးကိုင္ၿပီး Lisaမွာ Jisooကို ေျပးဖက္ေလသည္
"ျဖည္းျဖည္းဖက္ပါ ငါေသေတာ့မယ္ Lisa "
"ဟိုတစ္ခါ Chaw လာတုံးက Unnie အိပ္ေနတာမ်ား သိုးလို႔ အဲ့တာ ေခါင္းအုံးနဲ႕ မ်က္ႏွာကို ဖိၾကည့္တာေတာင္ Unnieက မနိုးဘူး "
"Yah Lalisa ငါ့ကို ေသေၾကာင္းႀကံေနတာလား ဒီကေလးမကေတာ့ "
"အဟီး လာအထဲဝင္ေလ...Unnie အတြက္ မုန့္ဝယ္လာတယ္...."
Lisaတို႔ ေရာက္လာလို႔ စကားစ ျပတ္သြားေပမယ့္ Jisooတစ္ေယာက္ Joohyunတို႔ေျပာေနတဲ့ စာခ်ဳပ္အေၾကာင္းကိုေတာ့ အရမ္းသိခ်င္ေနသည္
********
Lisaတို႔ ျပန္သြားၿပီေနာက္ Jisoo တေရးတေမာအိပ္ေနသည္
အိပ္ရာကနိုးလာေတာ့ ပန္းသီးကို အခြံခြာေနတဲ့ Jennieကို ေတြ႕ရသည္
"Jisoo နိုးလာၿပီလား ပန္းသီးစားအုံးမလား "
"အင္း..."
Jennieမွာ ပန္းသီးေတြကို လွီးၿပီး ပန္းကန္ျပားထဲ ထည့္ကာ Jisooကို ေပးလိုက္သည္
"ခုန နင္နဲ႕ Joohyun ေျပာေနတဲ့ စာခ်ဳပ္ဆိုတာ ဘာလည္း "
Jisoo ထပ္ေမးျပန္ေသာေၾကာင့္ Jennie ဘာေျဖရမွန္းမသိဘဲ လက္ေတြတုန္လာသည္
"ဘာမွမဟုတ္ပါဘူး ဒီတိုင္းဘဲ"
Jennie လိမ္ေျပာလိုက္ၿပီး စိတ္ထဲတြင္ Joohyun အနားမွာရွိေနဖို႔ ဆုေတာင္းေနမိသည္
"တစ္ခုခုျဖစ္ေနတာ ငါသိတယ္ေနာ္ Jennie "
"ဘာမွမဟုတ္ဘူး စိတ္ထဲထားမေနနဲ႕ "
"ငါ့ကို မလိမ္နဲ႕ "
"CEO သိခ်င္ေနတဲ့ စာခ်ဳပ္က Jennieရဲ႕ အေဖျဖစ္သူက ဒီ Kim Companyကို အပိုင္စီးခ်င္လို႔ ဥာဏ္နီဥာဏ္နက္ဆင္ထားတဲ့ စာခ်ဳပ္"
အခန္းထဲကို ႐ုတ္တရက္ဝင္လာတဲ့ Jaeheeေၾကာင့္ Jensooတို႔ အံ့ၾသသြားတယ္
Jaeheeဟာ Joohyunေနာက္ ေျခရာခံလိုက္ရင္း Jisoo တက္ေနတဲ့ေဆး႐ုံနဲ႕ အခန္းကို သိခဲ့တာေလ
"နင္ ဒီကို ဘယ္လိုေရာက္လာတာလည္း ပါးစပ္ပိတ္ထားစမ္း Jaehee "
Jisoo ေဟာက္လိုက္ေတာ့ Jaeheeမွာ ပခုံးတြန့္ၿပီး
"ငါ အမွန္တိုင္း ေျပာတာ မယုံရင္ သူ႕ေမးၾကည့္ ဟုတ္တယ္မလား Jennie "
"ထြက္သြားစမ္း "
"အံမယ္ နင္က ဘာေကာင္မမို႔ ငါ့ကို အခန္းထဲက ႏွင္ထုတ္ရတာလည္း Jennie "
"သူေျပာတာ ၾကားတယ္မလား ထြက္သြား Jaehee ငါ လုံၿခဳံေရးေခၚၿပီး ဆြဲထုတ္ရမလား "
"ဘာလို႔လည္း Jisoo ရယ္...ငါ နင့္ကို သတိရလို႔ လာေတြ႕တာကို "
"အခုခ်ိန္ နင့္မ်က္ႏွာကိုျမင္ရရင္ ငါပိတ္ရိုက္မိလိမ့္မယ္ Jaehee "
"Jisoo. ."
Jisoo ေဒါသေတြထိန္းမရတာနဲ႕ Jaeheeကို ပန္းသီးပန္းကန္နဲ႕ ေပါက္လိုက္သည္
Jaeheeလည္း ေရွာင္ၿပီး အခန္းထဲက အျမန္ထြက္သြားသည္
" သူေျပာတာ အမွန္လား Jennie "
Jennie မွာ ဘာမွမေျဖဘဲ တိတ္ဆိတ္ေနေသာေၾကာင့္ Jisoo သည္းခံနိုင္စြမ္းေတြ ကုန္လာသည္
"ငါေမးတာ ေျဖစမ္း Jennie Kim ငါ ေစာက္စိတ္မရွည္ေတာ့ဘူး "
"ေတာင္းပန္ပါတယ္....ငါ...ငါ "
"အမွန္တိုင္းေျပာစမ္းပါ ဒီ companyကို ဘာလို႔ လိုခ်င္ရတာလည္း "
"Jisoo အဲ့လိုမဟုတ္ "
"နင္ ဒီကို ျပန္လာတာက ငါ့ companyကို အပိုင္သိမ္းခ်င္လို႔လား "
"နင့္ companyကို အပိုင္သိမ္းခ်င္စိတ္ ငါ့မွာမရွိပါဘူး Jisooရယ္..."
"ဘာအေၾကာင္းျပခ်က္မွ မေပး မရွင္းျပတဲ့ နင္ေျပာတာကို ငါကယုံမယ္ထင္ေနတာလား "
"Jisoo "
"ထြက္သြား....ငါ ေတာင္းပန္ပါတယ္ ေက်းဇူးျပဳၿပီး ထြက္သြားပါေတာ့ ဒီေလာက္နဲ႕ ေတာ္လိုက္ပါေတာ့ ငါ့ကို စိတ္ဒုကၡေပးတာ ရပ္ၿပီး ထြက္သြားပါေတာ့ Jennie Kimရယ္....."
Jisooရဲ႕စကားေၾကာင့္ Jennie ရင္ဘတ္ေတြ ေအာင့္လာသည္
"ေကာင္းၿပီ ငါထြက္သြားေပးပါမယ္....ၿပီးေတာ့ နင့္ကို စိတ္ဒုကၡေပးမိတဲ့အတြက္ ငါေတာင္းပန္ပါတယ္ Jisoo "
Jisooကို ေတာင္းပန္ၿပီး Jennie ေဆး႐ုံကေန ထြက္လာသည္
Joohyunကလည္း အိပ္ေနမွာမို႔ ဖုန္းဆက္မႏွိုးခ်င္တာနဲ႕ Lisaကို ဖုန္းဆက္ၿပီး Jisoo ဆီ ခဏလာေစာင့္ေပးဖို႔ Jennie အကူအညီေတာင္းလိုက္သည္
ထို႔ေနာက္ ဖုန္းကို ေဘာင္းဘီအိတ္ထဲ ထည့္ၿပီး Jennie ငူငူငိုင္ငိုင္နဲ႕ အနာဂတ္ေပ်ာက္ဆုံးသြားတဲ့ လူတစ္ေယာက္လို လမ္းေလွ်ာက္ေနမိသည္။
Bạn đang đọc truyện trên: Truyen3h.Co