Truyen3h.Co

CEO Kim

Part 44

KimFany059

#Zawgyi

"Jennie... ဒီမွာ ဘာထိုင္လုပ္ေနတာလည္း.... "

Bus ကားမွတ္တိုင္မွာ ထိုင္ၿပီး ငိုေနတဲ့ Jennieကို Chaeyoung မွာ ျဖတ္သြားရင္း ျမင္ေတာ့ ကားရပ္ၿပီး ေမးလိုက္သည္

"Chaeyoung. ..."

"လာ ကားေပၚတက္ အိမ္ျပန္မွာမလား လိုက္ပို႔ေပးမယ္...."

Jennieလည္း မျငင္းဘဲ Chaeyoung ရဲ႕ ကားေပၚကို တက္လိုက္သည္

"Gomawo Chaeyoung shii "

"ရပါတယ္ Jenရာ အခ်င္းခ်င္းကို ေက်းဇူးတင္စရာ မလိုပါဘူး "

Jennie သက္ျပင္းခ်ေတာ့ Chaeyoung ကားေမာင္းရင္း Jennieကို တစ္ခ်က္ၾကည့္လိုက္သည္

"စိတ္ညစ္ေနတယ္ မဟုတ္လား ေရခဲမုန့္စားရေအာင္ Jennieတို႔ ရပ္ကြက္ထဲ စတိုးဆိုင္ ရွိတယ္ မဟုတ္လား အဲ့မွာ ဝယ္စားၾကမယ္ "

"အင္း ရွိတယ္ Chaeyoung "

"Ok "

Chaeyoung လည္း Jennieတို႔ ရပ္ကြက္နားက စတိုးဆိုင္မွာ ကားရပ္လိုက္သည္

စတိုးဆိုင္ထဲတြင္ ေရခဲမုန့္ႏွစ္ခုကို Jennieတို႔ ေ႐ြးယူၾကၿပီးေနာက္ စတိုးဆိုင္နားက ခုံတန္းရွည္တြင္ ထိုင္ၿပီး ေရခဲမုန့္စားေနၾကသည္

"Weddingက ဘယ္ေတာ့လည္း Chaeyoung "

႐ုတ္တရက္ ေမးလာတဲ့ Jennie ေၾကာင့္ Chaeyoung အံ့ၾသသြားတယ္

"ဟင္ Jen ဘယ္လိုသိတာလည္း "

"လက္သန္းႂကြယ္က လက္စြပ္ေလ...."

Chaeyoungရဲ႕ လက္သန္းႂကြယ္က လက္စြပ္ေလးကို Jennie ထိုးျပလိုက္ေတာ့ Chaeyoung ၿပဳံးၿပီး ေခါင္းညိတ္လိုက္သည္

"ဘယ္ေန႕လည္းဆိုတာေတာ့ တိတိက်က်မသိေသးပါဘူး Lisaက လြန္ခဲ့တဲ့ တစ္ပတ္က လက္ထပ္ခြင့္ေတာင္းခဲ့ေပမယ့္ CEO Jisoo အားလုံးကို ျပန္သတိရလာခ်ိန္မွ လက္ထပ္ပြဲလုပ္ခ်င္တယ္လို႔ ေျပာတယ္ "

"နင္ တကယ္ ေပ်ာ္ေနတယ္ဆိုတာ ေဘးနားက ငါေတာင္ ခံစားမိတယ္ Chaeyoung နင့္အတြက္ Congratulationပါ "

Chaeyoungကို ၾကည့္ၿပီး သူ႕အတြက္ Jennie ေပ်ာ္မိသလို မနာလိုလည္း ျဖစ္မိသည္...

ယခုလို ျပႆနာေတြသာ မျဖစ္ခဲ့ရင္ Chaeyoungတို႔လိုဘဲ သူမတို႔ ေပ်ာ္႐ႊင္ေနရမွာေလ....

Jennie ေျပာၿပီး မ်က္ႏွာေလး ညွိုးသြားတာကို Chaeyoung သတိထားမိေတာ့ Jennieရဲ႕ လက္ကေလးကို Jennie ကိုင္လိုက္သည္

"ငါတို႔ၿပီးရင္ နင္နဲ႕ CEOတို႔ အလွည့္ေရာက္ၿပီ "

"Jisoo က ငါ့ကို လက္ထပ္မယ္လို႔ ထင္ေနတာလား Chaeyoung "

"ဒါေပါ့ CEOက နင့္ကို ေသခ်ာေပါက္လက္ထပ္မွာပါ တကယ္ေျပာတာ "

"သူ အရင္ကအေၾကာင္းေတြ သတိမရေတာ့ဘူးဆိုရင္ေရာ "

"သတိမရလည္း နင့္ကို သူက ထပ္ခ်စ္မွာပါ "

"Chae. .."

Jennie စကားမဆုံးေသး သူမတို႔ေရွ႕ ဗင္ကားအနက္ေရာင္တစ္စီး ေရာက္လာၿပီး ကားေပၚက ေယာက္်ားမ်ား ဆင္းလာကာ Jennieနဲ႕ Chaeyoungကို ဆြဲေခၚၿပီး ကားထဲ ထည့္လိုက္ၾကသည္

"လႊတ္ ဒါ ဘာလုပ္တာလည္း Chaeyoung... Chae. .ကယ္ၾကပါအုံး "

"Hey...မေတြ႕တာ အေတာ္ၾကာေပါ့ ငါ့သမီးေလး "

ကားအေရွ႕ခန္းကေန အေနာက္ကို လွည့္လာၿပီး သူမကို ႏႈတ္ဆက္ေနတဲ့ အမ်ိဳးသားကို ၾကည့္ၿပီး Jennie လန့္သြားသည္

"Appa "

"ဟားဟားဟား "

Jennieေရာ Chaeyoungေရာ ရယ္သံကို ၾကားၿပီးေနာက္ ႏႈတ္ခမ္းကို ေမ့ေဆးနဲ႕အုပ္ခံရလို႔ သတိေမ့သြားၾကသည္

"Come on Chaeyoungကို စိတ္ပူမေနပါနဲ႕ Jennieနဲ႕ အတူရွိေနတယ္လို႔ နင္ဘဲ ေျပာၿပီး "

Joohyun မွာ စိတ္ပူၿပီး အခန္းထဲပတ္ေလွ်ာက္ေနတဲ့ Lisaရဲ႕ ပခုံးကို ပုတ္ရင္း ေျပာလိုက္သည္

"မဟုတ္ဘူး Unnieရ...စိတ္ထဲ တစ္ခုခုျဖစ္ေနလို႔ သူ jennieနဲ႕ေရခဲမုန့္စားအုံးမယ္လို႔ စာပို႔ၿပီး ထပ္မပို႔တာ ႏွစ္နာရီရွိၿပီ... "

"Jennieနဲ႕ စကားေျပာေနလို႔ေနမွာေပါ့ သူတို႔ အတူရွိေနတာဘဲကို "

"ဖုန္းဆက္တာလည္း မကိုင္ဘူး "

"သူ ဖုန္းအားကုန္သြားလို႔ ေနမွာေပါ့ '

Joohyunနဲ႕ Lisaတို႔ေၾကာင့္ Jisoo အိပ္ေနရာက နိုးလာသည္

"ဘာျဖစ္ေနၾကတာလည္း "

"Chaeyoungဆီ ဖုန္းေခၚမရလို႔....သူ Jennieနဲ႕အတူ ေရခဲမုန့္စားေနတယ္ဆိုၿပီး message ပို႔ၿပီးကတည္းက ဆက္သြယ္မရဘူး Jisoo Unnie "

"Jennieနဲ႕ သူ အတူရွိေနတာ ဘယ္ခ်ိန္ကတည္းကလည္း "

"ညေန ေျခာက္နာရီကတည္းက "

Lisa ျပန္ေျဖေတာ့ Jisoo နံရံက နာရီကို ေမာ့ၾကည့္လိုက္သည္

ည ကိုးနာရီထိုးေနေတာ့ Jisoo စိတ္ပူၿပီး Joohyunကို Jennieဆီ ဖုန္းဆက္ခိုင္းသည္

သို႔ေသာ္ ႏွစ္ေယာက္လုံးက ဖုန္းဆက္ပိတ္ထားတယ္ေျပာေတာ့ Jisooတို႔ သုံးေယာက္ အရမ္းစိတ္ပူသြားသည္

"Fuck it. ..."

"Clam down Jisoo.... သူတို႔ ဖုန္းစက္ပိတ္ၿပီး အတူအိပ္ေနတာေနမွာပါ မနက္ထိ ဆက္သြယ္မရရင္ေတာ့ ငါတို႔ လိုက္ရွာၾကမယ္...ၿပီးေတာ့ နင္လည္း မနက္ျဖန္ ေဆး႐ုံက ဆင္းရေတာ့မွာ ေစာေစာထနိုင္ဖို႔ အိပ္လိုက္ေတာ့ "

Jisooကို စိတ္မပူဖို႔ Joohyun ေျပာေနေပမယ့္ စိတ္ထဲမွာေတာ့ ေတာ္ေတာ္ေလး စိတ္ပူေနမိသည္

#tbc

ဒီတစ္ပိုင္း ဒီေလာက္နဲ႕ ျဖတ္ေရးထားလို႔ နည္းနည္းတိုသြားတယ္ဗ်ာ့ ေနာက္တစ္ပိုင္းက် ရွည္ရွည္ေလး ေရးေပးပါမယ္ ေအာ္....ၿပီးေတာ့ CEO Kimေလး ဇာတ္သိမ္းဖို႔ သုံးပိုင္းေလာက္သာ လိုပါေတာ့တယ္ SEလား HEလားဆိုတာေတာ့.....

#Unicode

"Jennie... ဒီမှာ ဘာထိုင်လုပ်နေတာလည်း.... "

Bus ကားမှတ်တိုင်မှာ ထိုင်ပြီး ငိုနေတဲ့ Jennieကို Chaeyoung မှာ ဖြတ်သွားရင်း မြင်တော့ ကားရပ်ပြီး မေးလိုက်သည်

"Chaeyoung. ..."

"လာ ကားပေါ်တက် အိမ်ပြန်မှာမလား လိုက်ပို့ပေးမယ်...."

Jennieလည်း မငြင်းဘဲ Chaeyoung ရဲ့ ကားပေါ်ကို တက်လိုက်သည်

"Gomawo Chaeyoung shii "

"ရပါတယ် Jenရာ အချင်းချင်းကို ကျေးဇူးတင်စရာ မလိုပါဘူး "

Jennie သက်ပြင်းချတော့ Chaeyoung ကားမောင်းရင်း Jennieကို တစ်ချက်ကြည့်လိုက်သည်

"စိတ်ညစ်နေတယ် မဟုတ်လား ရေခဲမုန့်စားရအောင် Jennieတို့ ရပ်ကွက်ထဲ စတိုးဆိုင် ရှိတယ် မဟုတ်လား အဲ့မှာ ဝယ်စားကြမယ် "

"အင်း ရှိတယ် Chaeyoung "

"Ok "

Chaeyoung လည်း Jennieတို့ ရပ်ကွက်နားက စတိုးဆိုင်မှာ ကားရပ်လိုက်သည်

စတိုးဆိုင်ထဲတွင် ရေခဲမုန့်နှစ်ခုကို Jennieတို့ ရွေးယူကြပြီးနောက် စတိုးဆိုင်နားက ခုံတန်းရှည်တွင် ထိုင်ပြီး ရေခဲမုန့်စားနေကြသည်

"Weddingက ဘယ်တော့လည်း Chaeyoung "

ရုတ်တရက် မေးလာတဲ့ Jennie ကြောင့် Chaeyoung အံ့သြသွားတယ်

"ဟင် Jen ဘယ်လိုသိတာလည်း "

"လက်သန်းကြွယ်က လက်စွပ်လေ...."

Chaeyoungရဲ့ လက်သန်းကြွယ်က လက်စွပ်လေးကို Jennie ထိုးပြလိုက်တော့ Chaeyoung ပြုံးပြီး ခေါင်းညိတ်လိုက်သည်

"ဘယ်နေ့လည်းဆိုတာတော့ တိတိကျကျမသိသေးပါဘူး Lisaက လွန်ခဲ့တဲ့ တစ်ပတ်က လက်ထပ်ခွင့်တောင်းခဲ့ပေမယ့် CEO Jisoo အားလုံးကို ပြန်သတိရလာချိန်မှ လက်ထပ်ပွဲလုပ်ချင်တယ်လို့ ပြောတယ် "

"နင် တကယ် ပျော်နေတယ်ဆိုတာ ဘေးနားက ငါတောင် ခံစားမိတယ် Chaeyoung နင့်အတွက် Congratulationပါ "

Chaeyoungကို ကြည့်ပြီး သူ့အတွက် Jennie ပျော်မိသလို မနာလိုလည်း ဖြစ်မိသည်...

ယခုလို ပြဿနာတွေသာ မဖြစ်ခဲ့ရင် Chaeyoungတို့လိုဘဲ သူမတို့ ပျော်ရွှင်နေရမှာလေ....

Jennie ပြောပြီး မျက်နှာလေး ညှိုးသွားတာကို Chaeyoung သတိထားမိတော့ Jennieရဲ့ လက်ကလေးကို Jennie ကိုင်လိုက်သည်

"ငါတို့ပြီးရင် နင်နဲ့ CEOတို့ အလှည့်ရောက်ပြီ "

"Jisoo က ငါ့ကို လက်ထပ်မယ်လို့ ထင်နေတာလား Chaeyoung "

"ဒါပေါ့ CEOက နင့်ကို သေချာပေါက်လက်ထပ်မှာပါ တကယ်ပြောတာ "

"သူ အရင်ကအကြောင်းတွေ သတိမရတော့ဘူးဆိုရင်ရော "

"သတိမရလည်း နင့်ကို သူက ထပ်ချစ်မှာပါ "

"Chae. .."

Jennie စကားမဆုံးသေး သူမတို့ရှေ့ ဗင်ကားအနက်ရောင်တစ်စီး ရောက်လာပြီး ကားပေါ်က ယောက်ျားများ ဆင်းလာကာ Jennieနဲ့ Chaeyoungကို ဆွဲခေါ်ပြီး ကားထဲ ထည့်လိုက်ကြသည်

"လွှတ် ဒါ ဘာလုပ်တာလည်း Chaeyoung... Chae. .ကယ်ကြပါအုံး "

"Hey...မတွေ့တာ အတော်ကြာပေါ့ ငါ့သမီးလေး "

ကားအရှေ့ခန်းကနေ အနောက်ကို လှည့်လာပြီး သူမကို နှုတ်ဆက်နေတဲ့ အမျိုးသားကို ကြည့်ပြီး Jennie လန့်သွားသည်

"Appa "

"ဟားဟားဟား "

Jennieရော Chaeyoungရော ရယ်သံကို ကြားပြီးနောက် နှုတ်ခမ်းကို မေ့ဆေးနဲ့အုပ်ခံရလို့ သတိမေ့သွားကြသည်

"Come on Chaeyoungကို စိတ်ပူမနေပါနဲ့ Jennieနဲ့ အတူရှိနေတယ်လို့ နင်ဘဲ ပြောပြီး "

Joohyun မှာ စိတ်ပူပြီး အခန်းထဲပတ်လျှောက်နေတဲ့ Lisaရဲ့ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်

"မဟုတ်ဘူး Unnieရ...စိတ်ထဲ တစ်ခုခုဖြစ်နေလို့ သူ jennieနဲ့ရေခဲမုန့်စားအုံးမယ်လို့ စာပို့ပြီး ထပ်မပို့တာ နှစ်နာရီရှိပြီ... "

"Jennieနဲ့ စကားပြောနေလို့နေမှာပေါ့ သူတို့ အတူရှိနေတာဘဲကို "

"ဖုန်းဆက်တာလည်း မကိုင်ဘူး "

"သူ ဖုန်းအားကုန်သွားလို့ နေမှာပေါ့ '

Joohyunနဲ့ Lisaတို့ကြောင့် Jisoo အိပ်နေရာက နိုးလာသည်

"ဘာဖြစ်နေကြတာလည်း "

"Chaeyoungဆီ ဖုန်းခေါ်မရလို့....သူ Jennieနဲ့အတူ ရေခဲမုန့်စားနေတယ်ဆိုပြီး message ပို့ပြီးကတည်းက ဆက်သွယ်မရဘူး Jisoo Unnie "

"Jennieနဲ့ သူ အတူရှိနေတာ ဘယ်ချိန်ကတည်းကလည်း "

"ညနေ ခြောက်နာရီကတည်းက "

Lisa ပြန်ဖြေတော့ Jisoo နံရံက နာရီကို မော့ကြည့်လိုက်သည်

ည ကိုးနာရီထိုးနေတော့ Jisoo စိတ်ပူပြီး Joohyunကို Jennieဆီ ဖုန်းဆက်ခိုင်းသည်

သို့သော် နှစ်ယောက်လုံးက ဖုန်းဆက်ပိတ်ထားတယ်ပြောတော့ Jisooတို့ သုံးယောက် အရမ်းစိတ်ပူသွားသည်

"Fuck it. ..."

"Clam down Jisoo.... သူတို့ ဖုန်းစက်ပိတ်ပြီး အတူအိပ်နေတာနေမှာပါ မနက်ထိ ဆက်သွယ်မရရင်တော့ ငါတို့ လိုက်ရှာကြမယ်...ပြီးတော့ နင်လည်း မနက်ဖြန် ဆေးရုံက ဆင်းရတော့မှာ စောစောထနိုင်ဖို့ အိပ်လိုက်တော့ "

Jisooကို စိတ်မပူဖို့ Joohyun ပြောနေပေမယ့် စိတ်ထဲမှာတော့ တော်တော်လေး စိတ်ပူနေမိသည်

ဒီတစ်ပိုင်း ဒီလောက်နဲ့ ဖြတ်ရေးထားလို့ နည်းနည်းတိုသွားတယ်ဗျာ့ နောက်တစ်ပိုင်းကျ ရှည်ရှည်လေး ရေးပေးပါမယ် အော်....ပြီးတော့ CEO Kimလေး ဇာတ်သိမ်းဖို့ သုံးပိုင်းလောက်သာ လိုပါတော့တယ် SEလား HEလားဆိုတာတော့.....

Bạn đang đọc truyện trên: Truyen3h.Co