Part 45
#unicode
"သောက်ဖုန်းကို ကိုင်စမ်းပါ.... "
Jisoo ကျိန်ဆဲပြီး Jennieရဲ့ ဖုန်းကို ထပ်ခေါ်လိုက်သည်
"The number you have dail .."
"Fuck it "
Jisoo ထပ်ပြီး ကျိန်ဆဲရင်း အခန်းထဲက ပန်းအိုးတွေကို လွှင့်ပစ်လိုက်သည်
Jisoo ဆေးရုံကနေ မနက်အစောကြီးကတည်းက အိမ်ကို ပြန်ရောက်လာပြီး ပြန်ရောက်ကတည်းက Jennieဆီ ဖုန်းခေါ်နေခြင်း ဖြစ်သည်
Jennie ဆီ ဖုန်းခေါ် စာတွေပို့နေပေမယ့် Jennie ဆီက ဖုန်းကိုင်ခြင်း replyကို မရသောကြောင့် Jisoo စိတ်ပူလာပြီး စိတ်တွေတိုလာခြင်း ဖြစ်သည်
Jisoo ကုတင်ပေါ် ပစ်ထိုင်ချပြီး သူမရဲ့ ဆံပင်တွေကို သပ်တင်ပစ်လိုက်သည်
ထိုစဥ် ရုတ်တရက် ဖုန်းဝင်လာလို့ Jisoo ကိုင်လိုက်တော့ Lisaဆီက ဖြစ်နေသည်
"ဘာ သတင်းထူးလည်း Lisa ..."
"ဘာ သတင်းမှမထူးဘူး Unnie. ...Chaw စောက်စိတ်မရှည်တော့ဘူး ရဲကို သွားတိုင်တော့မယ် အဲ့တာလှမ်းပြောတာ "
Lisaလည်း ဖုန်းချလိုက်ရော Jisoo စိတ်တိုပြီး ခေါင်းအုံးကို နံရံဘက် ပစ်ပေါက်လိုက်သည်
Jisooမှာ အိမ်မှာနားနားနေနေ နေဖို့ ဆရာဝန်ရဲ့အကြံပေးချက်ကို နားမထောင်ဘဲ ကားသော့ကို ကောက်ယူကာ အိမ်ထဲကနေ ထွက်လာခဲ့သည်
အိမ်ထဲမှာ နေရင်း Jennieရဲ့ သတင်းကို စောင့်နေရတာ စိတ်မရှည်တော့ပေ
Jisoo ကားပေါ်တွင် ထိုင်ရင်း ဘယ်သွားရမလည်းမသိဖြစ်နေသည်
Joohyun နဲ့ Lisaကလည်း Jennie တိုက်ခန်းရော Chaeyoumg အိမ်ကိုပါ သွားရှာပေမယ့် အိမ်တံခါးတွေ သော့ခတ်ထားတာကိုသာ တွေ့ရတယ်လို့ ပြောကြသည်
"ကျေးဇူးပြုပြီး သူတို့ ဘာမှမဖြစ်ပါစေနဲ့ Jennieလေး လုံခြုံပါစေ ဘုရား "
Jisoo ကားစီယာတိုင်ကို တဘုန်းဘုန်းနဲ့ထုရင်း ဆုတောင်းနေမိသည်
Jennie မျက်လုံးကို ဖွင့်ဖွင့်ချင်း မရင်းနှီးတဲ့ နေရာတစ်ခုက သူမကို ကြိုဆိုနေသည်
Jennie နာကျင်ကိုက်ခဲတဲ့ကြားက ထဖို့ကြိုးစားနေစဥ် သူမနဲ့ မျက်နှာချင်းဆိုင် ကြမ်းပြင်မှာ လဲနေတဲ့ တစ်ယောက်ကို တွေ့တော့ အမြန်ထရပ်မိသည်
"Chaeyoung.... Chae. ..."
ကြမ်းပြင်ပေါ် လဲနေတဲ့ Chaeyoungဆီ ပြေးသွားပြီး ဆွဲပွေ့ချီကာ Jennie လှုပ်နှိုးလိုက်သည်
"Chaeyoung. ..ထပါအုံး Chae. ..."
Jennie ရဲ့အသံကြောင့် Chaeyoung သတိရလာသည်
"Ugh. ..."
"Chaeyoung သတိရလာပြီလား "
"Jennie ..Chae တို့ ဘယ်ရောက်နေတာလည်း "
Chaeyoung သူမ မရင်းနှီးတဲ့ နေရာတစ်ခုရောက်နေမှန်းသိပြီး Jennieကို မေးလိုက်သည်
"ငါလည်း မသိဘူး ဒီကနေ အမြန်ထွက်ရအောင် "
Jennie ပြောပြီး ထရပ်ကာ တွေ့တဲ့တံခါးကို ဖွင့်ကြည့်သည် သို့သော် အပြင်ကနေ ပိတ်ထားမှန်းလည်းသိရော Jennie ကျိန်ဆဲမိသွားသည်
"ကြည့်ရတာ Chaeတို့ ပြန်ပေးဆွဲခံရတာ ထင်တယ် "
Chaeyoung ထရပ်ပြီး အခန်းတစ်ခုလုံးကို ကြည့်ရင်း ပြောလိုက်သည်
Chaeyoung ရဲ့ စကားကြောင့် Jennie တစ်ခုခုကို သတိရသွားသည်
"Chae. ...ငါ သတိမမေ့ခင်က.... ငါတို့ကို ပြန်ပေးဆွဲတဲ့သူကို မြင်ခဲ့တယ် ...."
"ဘယ်သူလည်း Unnie. ..."
"ငါ့အဖေဘဲ "
"ဟင်..."
"တောင်းပန်ပါတယ် Chae. ...Unnieကြောင့် Chae ပါ အခုလို အဖမ်းခံရတာ "
Jennie မျက်နှာငယ်လေးနဲ့ တောင်းပန်တော့ Chaeyoungမှာ ခေါင်းခါပြသည်။
"မဟုတ်တာ Unnie ရယ်...Unnieနဲ့ မဆိုင်ပါဘူး....စိတ်မပူပါနဲ့ Lisaတို့က Chaeတို့ကို လိုက်ရှာနေကြမှာပါ မကြာခင် ဒီကလွတ်မှာပါ "
"လွတ်မယ်ထင်လို့လား.... "
ရုတ်တရက် တံခါးဖွင့်ပြီး ဝင်လာတဲ့ Mr. Kimကြောင့် Jennie တို့ လန့်သွားသည်
"Chawတို့ကို လွှတ်ပေးပါ "
"အို.. ငါ့သမီးလေးနဲ့ ပြောစရာတွေ အများကြီး ရှိတာ လွတ်ပေးလို့ ဘယ်ဖြစ်မလည်း "
"ဒါဆိုလည်း Chaeyoungကို လွှတ်ပေးလိုက်ပါ Appaက Chawနဲ့ စကားပြောချင်တာမလား သူနဲ့ဘာမှမဆိုင်ပါဘူး "
"အို စိတ်ထားကောင်းလိုက်တာ Jennie လေးရယ်....သူ့ဘက်ကတွေးပေးသလို ငါ့ဘက်ကိုလည်း ထည့်တွေးပေးအုံးလေ သူ့ကို လွှတ်ပေးလိုက်လို့ သူက ရဲကို တိုင်လိုက်ရင် ဘယ်လိုလုပ်မလည်း "
"Appa "
"အို....ဒါဆို ငါနဲ့ ညည်း နှစ်ယောက်တည်း စကားပြောမယ်.....ပြီးလို့ အခြေအနေအရ သူ့ကိုလွှတ်ပေးမယ်လေ ဘယ်လိုလည်း "
Mr. Kimက ပြောတော့ Chaeyoungမှာ မလိုက်ဖို့ ခေါင်းခါပြသည်
သို့သော် Jennie မှာ ခေါင်းညိတ်ပြီး
"ကောင်းပြီလေ ဘယ်မှာ ပြောမလည်း "
"Unnie "
"Chae ရတယ်....ငါ ဘာမှမဖြစ်ဘူးရယ် "
Chaeyoungကို စိတ်မပူဖို့ ပြောပြီး Mr. Kimနောက် လိုက်သွားသည်
"Appa.... chawတို့ကို လွှတ်ပေးပါလားဟင် "
Mr. Kim ခေါ်သွားတဲ့အခန်းထဲ ရောက်တော့ Jennie မှာ မျက်နှာငယ်လေးနဲ့ တောင်းပန်လေသည်
"ညည်း တစ်ခုမေ့နေသလားလို့....ငါ့ companyက ဒေဝါလီခံနေကြောင်းကိုလေ.....မမှတ်မိတော့ဘူးလား "
". ..."
"အခု Mr. Dong က ငါ့ကို ကမ်းလှမ်းလာတယ် သူ့သားအကြီးက ညည်းကို သဘောကျပြီး လက်ထပ်ချင်လို့.....ညည်းဘက်က သဘောတူရင် ငါ့ကို ကူညီပေးမယ်တဲ့ "
"Chaw မချစ်တဲ့သူနဲ့ လက်မထပ်ချင်ဘူး...."
"ခေါင်းမာနေပြန်ပြီလား Jennie"
"Chawရဲ့ အနာဂတ်ကို ဝင်ပြီး မစွက်ဖက်ပါနဲ့တော့ "
"ဒါဆိုရင်တော့ ညည်းအမေရဲ့ အုတ်ဂူကို ဖြိုပစ်ရမှာဘဲ "
ဆုံးသွားတဲ့ သူမအမေကိုပါ ဆွဲထည့်လာလို့ Jennie ဒေါသထွက်ပြီး နှုတ်ခမ်းတွေ တုန်လာသည်
"ငါ့မှာ ဘာမှမရှိတော့ဘူး Jennie Kimရဲ့ ညည်းအမေရဲ့ အုတ်ဂူနေရာဖိုးလည်း မပေးနိုင်တော့ဘူး ဒီတော့ ညည်းအမေကို လေးစားရင် "
"အခုက အမေ့ကို ဗန်းပြပြီး Chawကို ခြိမ်းခြောက်နေတာလား "
"ငါ့မှာ ရွေးချယ်စရာမရှိဘူးလေ "
"ဟင့်အင်း Chawကို ထပ်ပြီး ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့ "
"လက်ထပ်မလား ဒါမှမဟုတ် ညည်းသူငယ်ချင်းကို အသေခံမလား နှစ်ခုထဲက တစ်ခုရွေး "
Mr. Kimရဲ့ စကားကြောင့် Jennie နှုတ်ခမ်းကို ဖိကိုက်ရင်း မငိုမိအောင် ကြိုးစားနေသည်
Jisooကလည်း အတိတ်မေ့ပြီး သူမကို နာကျည်းနေတဲ့အတူတူ.....Jennie သက်ပြင်းချရင်း ဆုံးဖြတ်ချက်ပါ ချလိုက်သည်
"ကောင်းပြီ Appaဘက်က တစ်ခုလုပ်ပေးရင် လက်ထပ်ဖို့ သဘောတူမယ်...."
"ဘာများလည်း "
"Chawနဲ့အတူ ပါလာတဲ့ တစ်ယောက်ကို လွှတ်ပေးလိုက်ပါ "
"သူက ရဲတိုင်ရင်ရော..."
"သူမတိုင်အောင် Chaw ပြောထားပါမယ်....နော် သူ့ကို လွှတ်ပေးလိုက်ပါ "
"ဒါဆို လွှတ်ပေးလိုက်မယ် ပြီးတော့ ညည်းကလည်း သဘောတူလိုက်ပြီဆိုတော့ တစ်ဖက်က အခန်းထဲမှာ Mr. Dongရဲ့ သားရှိတယ် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရအောင် Jennie "
Mr. Kimရဲ့ စကားကြောင့် Jennie လန့်သွားသည်
စာချုပ်တွင် လက်မှတ်ထိုးရင်း Jisooအကြောင်း တွေးရင်း Jennie ပြုံးလိုက်မိသည်
Kim Jisoo ဘာတွေဘယ်လိုဖြစ်နေနေ ငါနင့်ကို အမြဲချစ်နေမှာပါ....
ငါ...နင့်ဘေးနားမှာမရှိနိုင်တော့ပေမယ့် ငါတစ်ခြား အမျိုးသားတစ်ယောက်ဘေးနား ရှိနေရပေမယ့် ငါ့စိတ်နဲ့ ငါ့နှလုံးသားကတော့ နင့်ဘေးနားမှာ အမြဲရှိနေမှာပါ.......
#Tbc
#zawgyi
"Fuck it "
"ဘာ သတင်းထူးလည်း Lisa ..."
"Chaeyoung.... Chae. ..."
"Ugh. ..."
"ဘယ်သူလည်း Unnie. ..."
"ငါ့အဖေဘဲ "
"ဟင်..."
"လွတ်မယ်ထင်လို့လား.... "
"Appa "
"Unnie "
". ..."
"ဘာများလည်း "
"သူက ရဲတိုင်ရင်ရော..."
#Tbc
Bạn đang đọc truyện trên: Truyen3h.Co