Part 46
#Unicode
Jennieမှာ Chaeyoungရှိတဲ့ အခန်းကို ပြန်ရောက်လာသောအခါ
"Unnie အဆင်ပြေရဲ့လား "
"ပြေတယ် Chaeyoung. ..နင့်ကို Appaက ပြန်လွှတ်ပေးမယ်တဲ့ ...."
"ဟင် တကယ်လား သူက ဘာလို့ Chaeတို့ကို ပြန်လွှတ်ပေးရတာလည်း ဘာကြောင့်လည်း "
"ငါ သူနဲ့ အပေးအယူလုပ်လိုက်တာလေ "
Jennie မှာ Chaeyoungနဲ့ အကြည့်ချင်းဆုံပြီး မပြောရဲသောကြောင့် အကြည့်ချင်းလွှဲပစ်လိုက်သည်
Chaeyoung မှာလည်း Jennieရဲ့ အပြုအမူကို ကြည့်ပြီး မသက်ာဖြစ်လာသည်
"Chaeကို ပြောပါ Unnie. ..ဘာလုပ်လိုက်လို့ သူက Chaeတို့ကို ပြန်လွှတ်ဖို့ သဘောတူရတာလည်း "
Chaeyoungမေးပေမယ့် Jennieမှာ ခေါင်းငိုက်စိုက်ထားသောကြောင့် Chaeyoung တစ်ယောက် Jennie ရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ဆွဲမော့လိုက်သည်
"ဘာလုပ်လိုက်တာလည်းလို့ Jennie Unnieeeeee. ...."
ဒီတစ်ခါတော့ Jennie တစ်ယောက် မြိုသိပ်မထားနိုင်မထိန်းနိုင်တော့ဘဲ မျက်ရည်တွေ ကျလာသည်
"ငါ ဘာအပေးအယူလုပ်ခဲ့လည်းဆိုတာ အရေးမကြီးပါဘူး အဓိကက Chaeyoung ဒီကနေ လွတ်ဖို့ မဟုတ်ဘူးလား "
"Unnie ဘာကိုဆိုလိုတာလည်း....ဘာပြောချင်တာလည်း... Chae တစ်ယောက်တည်းလား Unnieကရော...နှစ်ယောက်လုံး မဟုတ်ဘူးလား "
"ငါ တောင်းပန်ပါတယ်..."
"ဘာအပေးအယူလုပ်ခဲ့လည်းဆိုတာ ပြောပါ Unnieရာ "
Chaeyoung မျက်မှောင်ကြုတ်ပြီး ပြောတော့ Jennie တစ်ယောက် သက်ပြင်းချလိုက်သည်
"လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးပေးလိုက်ရင် Chaeyoungကို လွှတ်ပေးမယ်ပြောလို့ ငါထိုးပေးလိုက်ပြီ...ပြီးတော့ ငါ လက်မှတ်ထိုးပေးလိုက်လို့ ဒီမှာနေခဲ့ရမှာ "
Jennie ပြောရင်း ထိုင်ငိုချလိုက်တော့ Chaeyoung သူ့မျက်နှာကို သူပွတ်ချပြီး သက်ပြင်းချလိုက်သည်
"ကျစ် ဘာလို့ Chaeကို မတိုင်ပင်ဘဲ ကိုယ့်သဘောနဲ့ကိုယ် လုပ်ရတာလည်း "
"Unnieကို စိတ်မပူပါနဲ့ ဒီဆုံးဖြတ်ချက်က Unnie သေချာစဥ်းစားပြီးမှ... "
"Jisoo Unnieကို ပြောမှဖြစ်မယ် "
"ပြောလည်း ဘာထူးလာမှာလည်း Chaeyoungရယ် သူ့ဘာသာသူနေပါစေ ငါ သူ့ကို ဒုက္ခ ထပ်မပေးချင်ဘူး "
"Jennie Unnie ရာ..."
Jennie ထိုင်ရာက ထရပ်ပြီး အခန်းထဲကို တစ်ချက်ကြည့်တော့ စားပွဲခုံပေါ်တွင် စာရွက်တစ်ချို့နဲ့ဘောပင်ကို တွေ့ရသည်
Jennie ထိုစာရွက်ကို ကောက်ယူပြီး တစ်ခုခုချရေးလိုက်သည်
Jennie စာရေးနေရင်းနဲ့ မျက်ရည်တွေကျလည်း ထိန်းမရအောင်ကျနေပြီး စာရွက်ပေါ်မှာလည်း မျက်ရည်တွေ စိုရွဲနေသည်
"Chae. ..ငါတို့ မခွဲခင် တစ်ခု အကူအညီတောင်းလို့ရလားဟင် "
Jennie ပြောပြီး မျက်နှာငယ်လေးနဲ့ Chaeyoungကို ကြည့်လိုက်သည်
"နင် ဒီကနေ လွတ်တဲ့အခါ ဒီစာလေးကို Jisooကို ပေးပေးပါနော်.....ငါ့ဆီကလို့ ပြောပြီး ပေးပေးပါ....ငါ အဆင်ပြေတာမို့ လိုက်မရှာဖို့ ရယ်...ငါ သူ့ကို အရမ်းချစ်ပေမယ့် သူ့ဆီက ခွင့်လွှတ်မှုကို ရတော့မယ်မထင်ပါဘူး....ငါ သူနဲ့ အစကနေ ပြန်စခွင့်မရတော့ဘူးရယ်...."
Jennie ငိုနေရင်း ပြုံးပြတော့ Chaeyoung အရမ်းစိတ်မကောင်းဖြစ်သွားသည်
"Unnie... "
"လာပါအုံး မခွဲခင် ငါ့ကိုဖက်ထားပေးပါအုံး "
Chaeyoung မှာ ထိန်းမရတော့ဘဲ Jennie ကို ဖက်ကာငိုလိုက်သည်
"Unnieရယ် ဘာလို့.... ဘာလို့ Unnieကျမှ ခုလိုကံဆိုးနေရတာလည်း "
"Chaeyoung ရာ...."
ကားပေါ်တက်သွားတဲ့ Chaeyoungရဲ့ ကျောပြင်ကို ပြတင်းပေါက်ကနေ Jennie ကြည့်ရင်း အသက်ရှုရပ်မတတ် ငိုနေမိသည်
"ငါ သေသွားရင် ကောင်းမှာဘဲ...."
Jennie တိုးတိုးလေးရေရွတ်လိုက်မိသည်
"ကောင်မ ဆင်းစမ်း "
Mr. Kimရဲ့ တပည့်တွေမှာ Chaeyoung မျက်လုံးကို အဝတ်စည်းပြီး လမ်းဘေးတွင် ဆင်းခိုင်းသည်
Chaeyoungလည်း ကားပေါ်က ဆင်းပြီးနောက် မျက်လုံးအဝတ်ကို ဖြည်လိုက်တော့ သူမ မရင်းနှီးတဲ့နေရာတစ်ခုကို ရောက်နေမှန်းသိလိုက်ရသည်
Chaeyoung တစ်ယောက် ဘာလုပ်ရမှန်းမသိဖြစ်နေစဥ် အမျိုးသမီး တစ်ဦး စီးလာတဲ့ ဆိုင်ကယ်ကို မြင်ပြီး တားလိုက်သည်
"စိတ်မရှိပါနဲ့နော် ဒါက ဘယ်နေရာလည်းဟင် "
"ဒယ်ဂီမြို့ပါ "
"ရှင် Seoul မြို့နဲ့ နီးလာဟင် အားနာပေမယ့် ဖုန်းတစ်ခါလောက် ဆက်လို့ရလားဟင် "
"ဒီက တစ်ယောက်က ဒုက္ခရောက်နေတဲ့ပုံဘဲ လာ အနားက coffeeဆိုင်ကို သွားရအောင် အဲ့ရောက်မှ ဆက်ချင်တဲ့ဖုန်းကိုဆက်လေနော် ဒီလမ်းမပေါ်ကျ အန္တရာယ်များလို့ "
"ဟုတ် တကယ် ကျေးဇူးတင်ပါတယ် "
"လာ ဆိုင်ကယ်ပေါ်တက် "
Chaeyoungလည်း စိတ်ကောင်းရှိတဲ့ အမျိုးသမီးကို ကျေးဇူးတင်စကားပြောပြီး ဆိုင်ကယ်ပေါ် တက်လိုက်သည်
"Hello ဘယ်သူလည်း မသိဘူး "
Lisaမှာ တစ်မြို့လုံးအနှံ့ Chaeyoungတို့ကို လိုက်ရှာပေမယ့် မတွေ့လို့ စိတ်ပျက်လက်ပျက်နဲ့ Jisoo အိမ်တွင်ထိုင်နေတုံး ဖုန်းစိမ်း ဝင်လာသောကြောင့် ကိုင်လိုက်သည်
"Lisa ငါ...."
Lisa တစ်ယောက် Chaeyoungရဲ့ အသံကို ကြားလိုက်ရတော့ အရမ်းပျော်သွားသည်
"Chae နင်လား နင်အခု ဘယ်မှာလည်း ပြော ငါအခုချက်ချင်းလာခဲ့မယ် "
"ဒယ်ဂီမြို့က ဆွစ် ကော်ဖီဆိုင်မှာ "
"ငါအခုချက်ချင်းလာခဲ့မယ် နင် ဘယ်မှမသွားနဲ့ နော် ငါ့ကိုစောင့်နေ Jisoo Unnie. ..Joohyun Unnie. ...Chaeyoung ဖုန်းဆက်တယ် သူရှိတဲ့နေရာကို သွားကြစို့ အမြန် အမြန် "
Lisaရဲ့ အော်သံကြောင့် Jisoo အခန်းထဲက အမြန်ပြေးထွက်လာသလို Joohyunကလည်း အိမ်သာထဲက အမြန်ပြေးထွက်လာသည်
ထို့နောက် သုံးယောက်သား ကားပေါ်တက်ကြပြီး Chaeyoungဆီကို သွားကြလေသည်
Jisooမှာ အကြောင်းစုံကို မသိဘဲ Jennieနဲ့ တွေ့ရဖို့ အရမ်း စိတ်လှုပ်ရှားနေသည်....
Chaeyoungကို ကူညီပေးတဲ့အမျိုးသမီးမှာ Lisaရဲ့ ကားလည်းရောက်လာရော Chaeyoung ကို နှုတ်ဆက်ပြီး ထွက်သွားသည်
"Chaeng. ......"
Lisaမှာ Chaeyoungကို တွေ့တော့ ပျော်ပြီး ပြေးဖက်လေသည်
Jisooကတော့ coffeeဆိုင်ထဲတွင် Jennieကို လိုက်ရှာနေပေမယ့် မတွေ့ရသောကြောင့် စိတ်တိုလာသည်
"Chaeyoung. ...Jennie ဘယ်မှာလည်း "
Jisoo တစ်ယောက် နောက်ဆုံးမနေနိုင်တော့ဘဲ အလွမ်းသယ်နေကြတဲ့ Chaeyoungတို့ကို မေးပစ်လိုက်သည်
"Jennie Unnieက အဲ့မှာနေခဲ့တယ်...."
Chaeyoung ငိုပြီး ပြောတော့ Jisoo လန့်သွားသည်
"ဘာ ဘာဖြစ်တယ် ငါ့ကို ရှင်းရှင်းလင်းလင်း ပြောစမ်း Chaeyoung. ..."
"Jennie အဖေက Chaeတို့ကို ပြန်ပေးဆွဲပြီး Jennieကို အမျိုးသား တစ်ယောက်နဲ့လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးခိုင်းတယ်...အဲ့လိုထိုးပေးမှ Chaeကို လွှတ်ပေးမယ်ပြောလို့ သူ....."
Chaeyoungရဲ့ စကားကိုနားထောင်ရင်း Jisooတစ်ယောက် ဒေါသတွေထွက်လွန်းလို့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်
"CEO. ..တစ်ကိုယ်ကောင်းမဆန်တော့ဘဲ....ထပ်ပြီး အမှားမလုပ်ပါနဲ့တော့.....Jennieကို သူ့အဖေ လက်ထဲကနေ ကယ်တင်ပေးပါ....အချိန်မှီပါသေးတယ်....နော်....ပြီးတော့ Jennieက ဒီစာလေး ပေးခိုင်းလိုက်တယ်..."
Jisooမှာ Chaeyoungပေးတဲ့စာကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဒူးထောက်လဲကျသွားတယ်...
Joohyunမှာ Jisooကို ဆွဲထူပြီး ကားပေါ်ကို ပြန်ခေါ်လာခဲ့သည်
"စိတ်ဓာတ်မကျပါနဲ့ သူ ဒီနားတစ်ဝိုက်မှာဘဲ ရှိမှာပါ ငါတို့ သူ့ကို ရှာတွေ့မှာပါ Jisoo...."
Jisooရဲ့ ပခုံးကို ပုတ်ကာ Joohyun အားပေးစကားပြောလိုက်ပေမယ့် သူမရင်ထဲမှာလည်း ဗလောင်ဆူနေသည်
#TBC
#zawgyi
Jennieမွာ Chaeyoungရွိတဲ့ အခန္းကို ျပန္ေရာက္လာေသာအခါ
"Unnie အဆင္ေျပရဲ႕လား "
"ေျပတယ္ Chaeyoung. ..နင့္ကို Appaက ျပန္လႊတ္ေပးမယ္တဲ့ ...."
"ဟင္ တကယ္လား သူက ဘာလို႔ Chaeတို႔ကို ျပန္လႊတ္ေပးရတာလည္း ဘာေၾကာင့္လည္း "
"ငါ သူနဲ႕ အေပးအယူလုပ္လိုက္တာေလ "
Jennie မွာ Chaeyoungနဲ႕ အၾကည့္ခ်င္းဆုံၿပီး မေျပာရဲေသာေၾကာင့္ အၾကည့္ခ်င္းလႊဲပစ္လိုက္သည္
Chaeyoung မွာလည္း Jennieရဲ႕ အျပဳအမူကို ၾကည့္ၿပီး မသက္ာျဖစ္လာသည္
"Chaeကို ေျပာပါ Unnie. ..ဘာလုပ္လိုက္လို႔ သူက Chaeတို႔ကို ျပန္လႊတ္ဖို႔ သေဘာတူရတာလည္း "
Chaeyoungေမးေပမယ့္ Jennieမွာ ေခါင္းငိုက္စိုက္ထားေသာေၾကာင့္ Chaeyoung တစ္ေယာက္ Jennie ရဲ႕ မ်က္ႏွာကို လက္ႏွစ္ဖက္နဲ႕ ဆြဲေမာ့လိုက္သည္
"ဘာလုပ္လိုက္တာလည္းလို႔ Jennie Unnieeeeee. ...."
ဒီတစ္ခါေတာ့ Jennie တစ္ေယာက္ ၿမိဳသိပ္မထားနိုင္မထိန္းနိုင္ေတာ့ဘဲ မ်က္ရည္ေတြ က်လာသည္
"ငါ ဘာအေပးအယူလုပ္ခဲ့လည္းဆိုတာ အေရးမႀကီးပါဘူး အဓိကက Chaeyoung ဒီကေန လြတ္ဖို႔ မဟုတ္ဘူးလား "
"Unnie ဘာကိုဆိုလိုတာလည္း....ဘာေျပာခ်င္တာလည္း... Chae တစ္ေယာက္တည္းလား Unnieကေရာ...ႏွစ္ေယာက္လုံး မဟုတ္ဘူးလား "
"ငါ ေတာင္းပန္ပါတယ္..."
"ဘာအေပးအယူလုပ္ခဲ့လည္းဆိုတာ ေျပာပါ Unnieရာ "
Chaeyoung မ်က္ေမွာင္ၾကဳတ္ၿပီး ေျပာေတာ့ Jennie တစ္ေယာက္ သက္ျပင္းခ်လိဳက္သည္
"လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးေပးလိုက္ရင္ Chaeyoungကို လႊတ္ေပးမယ္ေျပာလို႔ ငါထိုးေပးလိုက္ၿပီ...ၿပီးေတာ့ ငါ လက္မွတ္ထိုးေပးလိုက္လို႔ ဒီမွာေနခဲ့ရမွာ "
Jennie ေျပာရင္း ထိုင္ငိုခ်လိဳက္ေတာ့ Chaeyoung သူ႕မ်က္ႏွာကို သူပြတ္ခ်ၿပီး သက္ျပင္းခ်လိဳက္သည္
"က်စ္ ဘာလို႔ Chaeကို မတိုင္ပင္ဘဲ ကိုယ့္သေဘာနဲ႕ကိုယ္ လုပ္ရတာလည္း "
"Unnieကို စိတ္မပူပါနဲ႕ ဒီဆုံးျဖတ္ခ်က္က Unnie ေသခ်ာစဥ္းစားၿပီးမွ... "
"Jisoo Unnieကို ေျပာမွျဖစ္မယ္ "
"ေျပာလည္း ဘာထူးလာမွာလည္း Chaeyoungရယ္ သူ႕ဘာသာသူေနပါေစ ငါ သူ႕ကို ဒုကၡ ထပ္မေပးခ်င္ဘူး "
"Jennie Unnie ရာ..."
Jennie ထိုင္ရာက ထရပ္ၿပီး အခန္းထဲကို တစ္ခ်က္ၾကည့္ေတာ့ စားပြဲခုံေပၚတြင္ စာ႐ြက္တစ္ခ်ိဳ႕နဲ႕ေဘာပင္ကို ေတြ႕ရသည္
Jennie ထိုစာ႐ြက္ကို ေကာက္ယူၿပီး တစ္ခုခုခ်ေရးလိုက္သည္
Jennie စာေရးေနရင္းနဲ႕ မ်က္ရည္ေတြက်လည္း ထိန္းမရေအာင္က်ေနၿပီး စာ႐ြက္ေပၚမွာလည္း မ်က္ရည္ေတြ စို႐ြဲေနသည္
"Chae. ..ငါတို႔ မခြဲခင္ တစ္ခု အကူအညီေတာင္းလို႔ရလားဟင္ "
Jennie ေျပာၿပီး မ်က္ႏွာငယ္ေလးနဲ႕ Chaeyoungကို ၾကည့္လိုက္သည္
"နင္ ဒီကေန လြတ္တဲ့အခါ ဒီစာေလးကို Jisooကို ေပးေပးပါေနာ္.....ငါ့ဆီကလို႔ ေျပာၿပီး ေပးေပးပါ....ငါ အဆင္ေျပတာမို႔ လိုက္မရွာဖို႔ ရယ္...ငါ သူ႕ကို အရမ္းခ်စ္ေပမယ့္ သူ႕ဆီက ခြင့္လႊတ္မႈကို ရေတာ့မယ္မထင္ပါဘူး....ငါ သူနဲ႕ အစကေန ျပန္စခြင့္မရေတာ့ဘူးရယ္...."
Jennie ငိုေနရင္း ၿပဳံးျပေတာ့ Chaeyoung အရမ္းစိတ္မေကာင္းျဖစ္သြားသည္
"Unnie... "
"လာပါအုံး မခြဲခင္ ငါ့ကိုဖက္ထားေပးပါအုံး "
Chaeyoung မွာ ထိန္းမရေတာ့ဘဲ Jennie ကို ဖက္ကာငိုလိုက္သည္
"Unnieရယ္ ဘာလို႔.... ဘာလို႔ Unnieက်မွ ခုလိုကံဆိုးေနရတာလည္း "
"Chaeyoung ရာ...."
ကားေပၚတက္သြားတဲ့ Chaeyoungရဲ႕ ေက်ာျပင္ကို ျပတင္းေပါက္ကေန Jennie ၾကည့္ရင္း အသက္ရႈရပ္မတတ္ ငိုေနမိသည္
"ငါ ေသသြားရင္ ေကာင္းမွာဘဲ...."
Jennie တိုးတိုးေလးေရ႐ြတ္လိုက္မိသည္
"ေကာင္မ ဆင္းစမ္း "
Mr. Kimရဲ႕ တပည့္ေတြမွာ Chaeyoung မ်က္လုံးကို အဝတ္စည္းၿပီး လမ္းေဘးတြင္ ဆင္းခိုင္းသည္
Chaeyoungလည္း ကားေပၚက ဆင္းၿပီးေနာက္ မ်က္လုံးအဝတ္ကို ျဖည္လိုက္ေတာ့ သူမ မရင္းႏွီးတဲ့ေနရာတစ္ခုကို ေရာက္ေနမွန္းသိလိုက္ရသည္
Chaeyoung တစ္ေယာက္ ဘာလုပ္ရမွန္းမသိျဖစ္ေနစဥ္ အမ်ိဳးသမီး တစ္ဦး စီးလာတဲ့ ဆိုင္ကယ္ကို ျမင္ၿပီး တားလိုက္သည္
"စိတ္မရွိပါနဲ႕ေနာ္ ဒါက ဘယ္ေနရာလည္းဟင္ "
"ဒယ္ဂီၿမိဳ႕ပါ "
"ရွင္ Seoul ၿမိဳ႕နဲ႕ နီးလာဟင္ အားနာေပမယ့္ ဖုန္းတစ္ခါေလာက္ ဆက္လို႔ရလားဟင္ "
"ဒီက တစ္ေယာက္က ဒုကၡေရာက္ေနတဲ့ပုံဘဲ လာ အနားက coffeeဆိုင္ကို သြားရေအာင္ အဲ့ေရာက္မွ ဆက္ခ်င္တဲ့ဖုန္းကိုဆက္ေလေနာ္ ဒီလမ္းမေပၚက် အႏၱရာယ္မ်ားလို႔ "
"ဟုတ္ တကယ္ ေက်းဇူးတင္ပါတယ္ "
"လာ ဆိုင္ကယ္ေပၚတက္ "
Chaeyoungလည္း စိတ္ေကာင္းရွိတဲ့ အမ်ိဳးသမီးကို ေက်းဇူးတင္စကားေျပာၿပီး ဆိုင္ကယ္ေပၚ တက္လိုက္သည္
"Hello ဘယ္သူလည္း မသိဘူး "
Lisaမွာ တစ္ၿမိဳ႕လုံးအႏွံ႕ Chaeyoungတို႔ကို လိုက္ရွာေပမယ့္ မေတြ႕လို႔ စိတ္ပ်က္လက္ပ်က္နဲ႕ Jisoo အိမ္တြင္ထိုင္ေနတုံး ဖုန္းစိမ္း ဝင္လာေသာေၾကာင့္ ကိုင္လိုက္သည္
"Lisa ငါ...."
Lisa တစ္ေယာက္ Chaeyoungရဲ႕ အသံကို ၾကားလိုက္ရေတာ့ အရမ္းေပ်ာ္သြားသည္
"Chae နင္လား နင္အခု ဘယ္မွာလည္း ေျပာ ငါအခုခ်က္ခ်င္းလာခဲ့မယ္ "
"ဒယ္ဂီၿမိဳ႕က ဆြစ္ ေကာ္ဖီဆိုင္မွာ "
"ငါအခုခ်က္ခ်င္းလာခဲ့မယ္ နင္ ဘယ္မွမသြားနဲ႕ ေနာ္ ငါ့ကိုေစာင့္ေန Jisoo Unnie. ..Joohyun Unnie. ...Chaeyoung ဖုန္းဆက္တယ္ သူရွိတဲ့ေနရာကို သြားၾကစို႔ အျမန္ အျမန္ "
Lisaရဲ႕ ေအာ္သံေၾကာင့္ Jisoo အခန္းထဲက အျမန္ေျပးထြက္လာသလို Joohyunကလည္း အိမ္သာထဲက အျမန္ေျပးထြက္လာသည္
ထို႔ေနာက္ သုံးေယာက္သား ကားေပၚတက္ၾကၿပီး Chaeyoungဆီကို သြားၾကေလသည္
Jisooမွာ အေၾကာင္းစုံကို မသိဘဲ Jennieနဲ႕ ေတြ႕ရဖို႔ အရမ္း စိတ္လႈပ္ရွားေနသည္....
Chaeyoungကို ကူညီေပးတဲ့အမ်ိဳးသမီးမွာ Lisaရဲ႕ ကားလည္းေရာက္လာေရာ Chaeyoung ကို ႏႈတ္ဆက္ၿပီး ထြက္သြားသည္
"Chaeng. ......"
Lisaမွာ Chaeyoungကို ေတြ႕ေတာ့ ေပ်ာ္ၿပီး ေျပးဖက္ေလသည္
Jisooကေတာ့ coffeeဆိုင္ထဲတြင္ Jennieကို လိုက္ရွာေနေပမယ့္ မေတြ႕ရေသာေၾကာင့္ စိတ္တိုလာသည္
"Chaeyoung. ...Jennie ဘယ္မွာလည္း "
Jisoo တစ္ေယာက္ ေနာက္ဆုံးမေနနိုင္ေတာ့ဘဲ အလြမ္းသယ္ေနၾကတဲ့ Chaeyoungတို႔ကို ေမးပစ္လိုက္သည္
"Jennie Unnieက အဲ့မွာေနခဲ့တယ္...."
Chaeyoung ငိုၿပီး ေျပာေတာ့ Jisoo လန့္သြားသည္
"ဘာ ဘာျဖစ္တယ္ ငါ့ကို ရွင္းရွင္းလင္းလင္း ေျပာစမ္း Chaeyoung. ..."
"Jennie အေဖက Chaeတို႔ကို ျပန္ေပးဆြဲၿပီး Jennieကို အမ်ိဳးသား တစ္ေယာက္နဲ႕လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ထိုးခိုင္းတယ္...အဲ့လိုထိုးေပးမွ Chaeကို လႊတ္ေပးမယ္ေျပာလို႔ သူ....."
Chaeyoungရဲ႕ စကားကိုနားေထာင္ရင္း Jisooတစ္ေယာက္ ေဒါသေတြထြက္လြန္းလို႔ လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္ထားမိသည္
"CEO. ..တစ္ကိုယ္ေကာင္းမဆန္ေတာ့ဘဲ....ထပ္ၿပီး အမွားမလုပ္ပါနဲ႕ေတာ့.....Jennieကို သူ႕အေဖ လက္ထဲကေန ကယ္တင္ေပးပါ....အခ်ိန္မွီပါေသးတယ္....ေနာ္....ၿပီးေတာ့ Jennieက ဒီစာေလး ေပးခိုင္းလိုက္တယ္..."
Jisooမွာ Chaeyoungေပးတဲ့စာကို က်စ္က်စ္ပါေအာင္ ဆုပ္ထားရင္း ဒူးေထာက္လဲက်သြားတယ္...
Joohyunမွာ Jisooကို ဆြဲထူၿပီး ကားေပၚကို ျပန္ေခၚလာခဲ့သည္
"စိတ္ဓာတ္မက်ပါနဲ႕ သူ ဒီနားတစ္ဝိုက္မွာဘဲ ရွိမွာပါ ငါတို႔ သူ႕ကို ရွာေတြ႕မွာပါ Jisoo...."
Jisooရဲ႕ ပခုံးကို ပုတ္ကာ Joohyun အားေပးစကားေျပာလိုက္ေပမယ့္ သူမရင္ထဲမွာလည္း ဗေလာင္ဆူေနသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co