Part 47
#unicode
Jisoo တစ်ယောက် သူမရဲ့အခန်းထဲတွင် Chaeyoungပေးတဲ့ Jennie ရေးထားသော ခေါက်ထားတဲ့ စာရွက်လေးကို ထိုင်ကြည့်နေမိသည်
ဖွင့်ဖတ်ဖို့အတွက်လည်း Jisoo သတ္တိမရှိပေ
"နင် ဘယ်မှာလည်း Jendeuk.... "
Jisoo တိုးတိုးလေး ရေရွတ်လိုက်မိသည် Chaeyoungကလည်း မျက်လုံးစည်းခံထားရလို့ ဘယ်နေရာကနေထွက်လာမှန်းမသိဘူး ပြောတော့ Jisooတို့ ဘယ်ကနေထပ်ပြီး ရှာရမလည်း တွေးမရဖြစ်နေသည်
"ချီးဘဲ...."
Jisoo ကျိန်ဆဲလိုက်ပြီး လက်ထဲမှာ ဆုပ်ကိုင်ထားတဲ့ စာရွက်လေးကို ဖွင့်ဖတ်ဖို့ ဆုံးဖြတ်လိုက်သည်
စာရွက်ပေါ်က ရေစက်လို အစက်လေးတွေကိုတွေ့တော့ စာရေးရင်း Jennie ငိုနေခဲ့မယ်ဆိုတာ Jisoo တန်းပြီး တွေးမိသည်
Jisoo စိတ်ကို ငြိမ်ငြိမ်ထားပြီး Jennieရေးတဲ့ စာကို ဖတ်လိုက်သည်
ချစ်ရပါသော Jisoo
နင် ဒီစာကို ဖတ်နေတဲ့အချိန်မှာ ငါလည်း ထပ်ပြီး ငိုနေလောက်တယ် ဘာလို့လည်းဆိုတော့ ငါတို့ထပ်ပြီး တွေ့ဖို့ အခွင့်အရေး နင့်ကို ချစ်တယ်ပြောဖို့ အခွင့်အရေး မရှိတော့ဘူးလေ
ပြီးတော့ ငါ့ကို လိုက်မရှာပါနဲ့နော်
ငါ အဆင်ပြေပါတယ် တကယ်ပြောတာမို့လို့ ငါ့ကို လိုက်မရှာနဲ့နော် ငါက ဒီမှာ နေခဲ့ဖို့ သဘောတူခဲ့တာမို့ နင်က ကိုယ့်ကျန်းမာရေးကိုဘဲ ဂရုစိုက်ပါနော် ပြီးတော့ နင် ငါ့ကိုမမှတ်မိတော့ဘူးဆိုတောင်မှ ငါက နင့်ကို အမြဲချစ်နေမယ်ဆိုတာ သတိရပေးပါ
ဒီတစ်ခါလေးတော့ ငါ့စကားနားထောင်ပေးပါ နင် အန္တာရာယ်ဖြစ်မှာ စိတ်ပူလို့ပါဟာနော်...
ငါတို့က မဖြစ်နိုင်တော့ဘူးဆိုပေမယ့် ငါ နင့်ကို အမြဲချစ်သွားမှာပါ...အရမ်းချစ်တယ် Kim Jisoo
Jennieရေးတဲ့ စာကိုဖတ်ပြီးနောက် Jisoo သူမမျက်ရည်တွေကို ထိန်းမရတော့ဘဲ ငိုချလေသည်
Jisoo အတိတ်ကတစ်ချို့အကြောင်းအရာတွေကို ပြန်မမှတ်မိသေးပေမယ့် သူမ Jennieကို ချစ်နေသေးတယ် အရမ်းချစ်နေတယ်ဆိုတာတော့ သေချာသိသည်
ဒီတစ်ခါတော့ Jennieကို လက်လွှတ်ပေးလို့ မဖြစ်တော့ဘူး တစ်ခုခုလုပ်ဖို့ Jisoo စဥ်းစားနေသည်
Knock Knock
တံခါးခေါက်သံကြောင့် Jisoo အတွေးတွေကို ရပ်လိုက်သည်
"What "
"မမလေး ဖုန်းပြင်ဆိုင်က ဖုန်းရပြီဆိုပြီး လာပို့လို့ပါ "
အိမ်ဖော်မလေးရဲ့ စကားကြောင့် Jisoo သူ့မျက်ရည်တွေကို သုတ်ပြီး တံခါးထဖွင့်လိုက်သည်
"သွားလို့ရပြီ "
ဖုန်းကို ယူပြီး Jisoo အခန်းတံခါးကို လော့ချလိုက်သည်
ကားမတော်တဆ ဖြစ်တုံးက ပျက်စီးသွားတဲ့ ပြင်ဆိုင်ကို ပို့ထားသောဖုန်းလေးကို Jisoo အမြန်ဖွင့်လိုက်သည်
ဆရာဝန်က အတိတ်ကိုပြန်မှတ်မိဖို့ အတင်းအကြပ်မကြိုးစားရန် ပြောပေမယ့် Jisoo ဂရုမစိုက် Jennie နဲ့ သူမပို့ထားတဲ့ စာတွေ ဖတ်ရင်း ခေါင်းတွေကိုက်လာပြီး Jisoo လဲကျသွားသည်
Jennie အချိန်အကြာကြီး အိပ်နေရာက တံခါးဖွင့်သံကြားလို့ နိုးလာသည်
အမှောင်ထဲတွင် လူတစ်ယောက်က သူမဆီလျှောက်လာတာကို တွေ့တော့ Jennie အိပ်ရာကအမြန်ထလိုက်သည်
"ဘယ်သူလည်း အနားတိုးကပ်မလာနဲ့နော်"
"Jen. ..ငါ ငါပါ Jisoo "
Jisooရဲ့ အသံကြောင့် Jennie အမြန် မီးခလုတ်ဖွင့်လိုက်တော့ သူမအရမ်းတွေ့ချင်နေတဲ့ Jisooကို တွေ့ပြီး Jennie အရမ်းပျော်သွားသည်
"Jisoo နင် ဒီကို ဘယ်လိုရောက်လာ...."
Jennie စကားမဆုံးသေး Jisooမှာ Jennieကို ပွေ့ဖက်လေသည်
Jennieလည်း Jisooကို ပြန်ဖက်ထားပြီး Jisooရဲ့ ရင်ခွင်ထဲ ငိုလေသည်
"ဒါက တကယ်လား Jisoo "
Jisoo သူမဆီရောက်လာတာကို Jennie မယုံနိုင်ဖြစ်နေသည်
"တကယ်ပေါ့ Jenရယ် "
Jisoo ပြောပြီး Jennieရဲ့ နဖူးကို နမ်းလိုက်ပေမယ့် Jennieကတော့ အိမ်မက်မက်သလိုခံစားရပြီး မယုံနိုင်သေးဘဲ ဖြစ်နေသည်
"Jisoo ဒီကနေ ထွက်သွားပါတော့ သူဖမ်းမိလိမ့်မယ် "
"ဟင့်အင်း အတူထွက်သွားမယ် ငါ နင့်ကို ဒီကနေခေါ်ထုတ်သွားမယ် "
Jisoo ပြောပြီး Jennieကို နမ်းလိုက်သည် Jennie လည်း Jisooကို ပြန်နမ်းချင်ပေမယ့် သူမအဖေ မြင်သွားမှာလည်း စိတ်ပူလို့ Jisooကို တွန်းထုတ်နေမိသည်
"Jen ငါ့ကို စိတ်ဆိုးနေတာလား ဟင် "
Jisoo ပါးပေါ်မှာ မျက်ရည်တွေကို တွေ့ရတော့ Jennie အမြန်ခေါင်းခါလိုက်သည်
"ဟင့်အင်း မဆိုးပါဘူး ဘာလို့ဆိုးရမှာလည်း "
"Ji ဒီကို ဘယ်လိုရောက်လာတာလည်း "
"ငါ့ဖုန်းထဲမှာ အသိတစ်ယောက်က Jenရဲ့ အဖေ ဖုန်းနံပါတ်ပေးထားတာရှိတယ် အဲ့အသိတစ်ယောက်ကိုဘဲ ဖုန်းနံပါတ်ကနေ တည်နေရာကို ခြေရာခံပေးဖို့ ငါအကူအညီတောင်းလိုက်တာ ပြီးတော့ အစောင့်တွေအလစ် ငါ ရအောင်ခိုးဝင်လာတာ "
"Ji ဒီမှာရှိမနေသင့်ဘူး သူမြင်ရင် အန္တရာယ် ရှိတယ် "
"အဲ့ခွေးမသား ဘယ်မှာလည်း ငါသတ်ပစ်မယ် "
"ဟင့်အင်း Jiက မိန်းကလေးလေ သူ့ကို ဘယ်လိုသတ်နိုင်မှာလည်း ပြီးတော့ သူ့မှာ တပည့်တွေအများကြီးဘဲ Jiကို တွေ့ရင် ဖမ်းပြီးနှိပ်စက်လိမ့်မယ် ဒီတိုင်းဘဲ ပြန်သွားလိုက်ပါတော့ Jenကိုလည်း တွေ့ပြီးပြီကို "
"ဟင့်အင်း နင်မပါဘဲ ငါမသွားဘူး...ငါ နင့်ကို ချစ်တယ် Jen နင်လည်း ငါ့ကိုချစ်တယ်မလား ငါအခု အားလုံးကို ပြန်မှတ်မိပြီ "
Jisooက အရာအားလုံးကို ပြန်မှတ်မိပြီပြောလို့ Jennie ပျော်ရမလား ဒါမှမဟုတ် ဝမ်းနည်းရမလားမသိ ဖြစ်နေသည်
တွေ့ဖို့တော့ အကြောင်းဖန်လာပြီး အဆုံးထိ အတူရှိဖို့တော့ ကံကြမ္မာက မျက်နှာသာမပေးခဲ့ဘူး ထင်ပါတယ်
"နင် အားလုံးကို ပြန်မှတ်မိပြီဆိုလို့ ငါဝမ်းသာပါတယ် "
"လာ ဒီကနေ အတူထွက်ပြေးပြီး အစကနေ ပြန်စရအောင် "
Jisoo ပြောပြီး Jennieရဲ့ လက်ကို တွဲလိုက်တော့ Jennie မှာ လက်ကိုဖြုတ်ချပြီး ခေါင်းခါလိုက်သည်
"ဟင့်အင်း ငါတို့ပြန်စလို့ မရတော့ဘူး "
"Jen ဘာပြောချင်တာလည်း ဘာလို့မရရမှာလည်း ငါအကုန်မှတ်မိနေပြီဘဲကို "
Jennie သက်ပြင်းချပြီး သူမ ဘယ်ဘက်လက်က လက်သန်းကြွယ်ကို ထောင်ပြလိုက်သည်
"ဟင် လက်စွပ်က ဘာလည်း "
"ငါ စေ့စပ်ပြီးသွားပြီ "
Jennie ရဲ့စကားကြောင့် Jisoo လန့်သွားတယ်
"ဘာ...ဘာပြောတယ် ငါ့ကို လျှောက်ပြောနေတာလား Jen "
"ဟင့်အင်း လျှောက်ပြောတာ မဟုတ်ဘူး ဒီစေ့စပ်ပွဲကို ငါ သဘောတူလိုက်တာ "
Jennie စကားကြောင့် Jisoo သူမဘေးနားက နံရံကို အကြိမ်ပေါင်းများစွာ ဒေါသတကြီးနဲ့ဆွဲထိုးလိုက်သည်
"နင် ငါ့ကိုချစ်နေသေးတယ်လို့ ထင်ခဲ့တာ "
"Jisoo. .."
"ဘာလို့ လွယ်လွယ်လေးနဲ့ လက်လျော့လိုက်ရတာလည်း Jen"
"Jisoo တော်တော့ နင့်လက်သွေးတွေထွက်နေပြီ "
"ငါ့ကို အဲ့လို မလုပ်ပါနဲ့ဟာ Jen ငါတောင်းပန်ပါတယ် နင့်ကို ဆိုးဆိုးရွားရွားတွေ ဆက်ဆံခဲ့မိလို့ ငါတောင်းပန်ပါတယ် "
"တောင်းပန်စရာမလိုပါဘူး Jisooရယ် ငါနင့်ကိုချစ်တယ် အရမ်းချစ်တယ် "
Jisooရဲ့ ခါးကိုဖက်ပြီး Jennieပြောရင်း ငိုလိုက်သည်
"ဒါဆို ဒီလက်က လက်စွပ်ကိုချွတ် "
"Jisoo "
"ချွတ် အခုချွတ်ကွာ "
Jennie ရုတ်တရက် ခြေသံကြားရလို့ Jisoo လက်ကို အမြန်ဆောင့်ဆွဲပြီး အဝတ်ဗီဒိုထဲထည့်လိုက်သည်
"Wae. .."
"သူ လာနေပြီ ဒီထဲခဏပုန်းနေနော် "
Jennie ပြောပြီး ဗီဒိုတံခါးပိတ်ကာ ကုတင်ပေါ်တွင် ဘာမှမဖြစ်သလို ဟန်ဆောင်ထိုင်လိုက်သည်
"ငိုနေတာလား "
အခန်းတံခါးဖွင့်ပြီး ဝင်လာတဲ့ သူမပထွေးဖြစ်သူကို Jennie မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်
"ဒီနေရာမှာ နေရတာပျော်ပါတယ်ဆိုပြီး ရယ်နေရမှာလား "
ဖြန်း!!
"ငါ့ကို ပြန်မပြောနဲ့ ကောင်မ "
အဝတ်ဘီဒိုထဲကနေ ချောင်းကြည့်နေတဲ့ Jisooမှာ Jennie အရိုက်ခံရတာကြည့်ပြီး ဒေါသထွက်လွန်းလို့ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်
"နောက် သုံးရက်နေရင် နယူးဇီလန်ကို ပြန်သွားမယ် အဲ့မှာ လက်ထပ်ပွဲကျင်းပမယ် အဲ့တာလာပြောတာ "
"မလိုက်နိုင်ဘူး...."
"မလိုက်ဘူးဆို Kim Jisooကို သတ်..."
"လိုက်မယ် သူ့ကိုတော့ လွှတ်ထားပေးပါ "
Jisoo ဗီဒိုထဲကနေ အံကိုကြိတ်ပြီး လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားသည်
"အေး အဆင်သင့်ပြင်ထား ကောင်မ "
ဝုန်း!
တံခါးပိတ်သံကြားတာနဲ့ Jisoo တစ်ယောက် အဝတ်ဗီဒိုထဲက ထွက်လာပြီး Jennieရဲ့ လက်မောင်ကိုဆုပ်ကိုင်လိုက်သည်
"Jen ဘာလို့ သူ့ကို ဒီလိုလုပ်ခိုင်းတာလည်း "
"ငါ့မှာ ရွေးချယ်စရာမှမရှိတာ "
"Jen ငါ့ကိုယုံတယ်မလား...."
"အင်း..."
"မနက်ဖြန် ငါ ပြန်လာခဲ့မယ်....စောင့်နေပါ....နော် Jen. ..အရမ်းချစ်တယ် "
"အင်း စောင့်နေမယ်...."
Jennieရဲ့ နှုတ်ခမ်းလေးကို နမ်းပြီးနောက် Jisoo အခန်းထဲက အခြေအနေကြည့်ပြီး ခိုးထွက်သွားသည်
ယခုအခြေအနေအရ Jennieနဲ့ထွက်ပြေးဖို့က မဖြစ်နိုင် မနက်ဖြန် Joohyunတို့နဲ့ plan ဆွဲပြီး Jennieကို ပြန်လာခေါ်ဖို့ Jisooဆုံးဖြတ်လိုက်သည်
Jisoo ထွက်သွားတော့ Jennie သက်ပြင်းချပြီး ကုတင်ပေါ်ထိုင်နေတုံး ရုတ်တရက် သူမပထွေး ပြန်ရောက်လာသည်
"ကောင်မလေးနဲ့ သိပ်ပျော်နေခဲ့တာပေါ့ ဟုတ်လား Jennie "
#TBC
#zawgyi
Jisoo တစ္ေယာက္ သူမရဲ႕အခန္းထဲတြင္ Chaeyoungေပးတဲ့ Jennie ေရးထားေသာ ေခါက္ထားတဲ့ စာ႐ြက္ေလးကို ထိုင္ၾကည့္ေနမိသည္
ဖြင့္ဖတ္ဖို႔အတြက္လည္း Jisoo သတၱိမရွိေပ
"နင္ ဘယ္မွာလည္း Jendeuk.... "
Jisoo တိုးတိုးေလး ေရ႐ြတ္လိုက္မိသည္ Chaeyoungကလည္း မ်က္လုံးစည္းခံထားရလို႔ ဘယ္ေနရာကေနထြက္လာမွန္းမသိဘူး ေျပာေတာ့ Jisooတို႔ ဘယ္ကေနထပ္ၿပီး ရွာရမလည္း ေတြးမရျဖစ္ေနသည္
"ခ်ီးဘဲ...."
Jisoo က်ိန္ဆဲလိုက္ၿပီး လက္ထဲမွာ ဆုပ္ကိုင္ထားတဲ့ စာ႐ြက္ေလးကို ဖြင့္ဖတ္ဖို႔ ဆုံးျဖတ္လိုက္သည္
စာ႐ြက္ေပၚက ေရစက္လို အစက္ေလးေတြကိုေတြ႕ေတာ့ စာေရးရင္း Jennie ငိုေနခဲ့မယ္ဆိုတာ Jisoo တန္းၿပီး ေတြးမိသည္
Jisoo စိတ္ကို ၿငိမ္ၿငိမ္ထားၿပီး Jennieေရးတဲ့ စာကို ဖတ္လိုက္သည္
ခ်စ္ရပါေသာ Jisoo
နင္ ဒီစာကို ဖတ္ေနတဲ့အခ်ိန္မွာ ငါလည္း ထပ္ၿပီး ငိုေနေလာက္တယ္ ဘာလို႔လည္းဆိုေတာ့ ငါတို႔ထပ္ၿပီး ေတြ႕ဖို႔ အခြင့္အေရး နင့္ကို ခ်စ္တယ္ေျပာဖို႔ အခြင့္အေရး မရွိေတာ့ဘူးေလ
ၿပီးေတာ့ ငါ့ကို လိုက္မရွာပါနဲ႕ေနာ္
ငါ အဆင္ေျပပါတယ္ တကယ္ေျပာတာမို႔လို႔ ငါ့ကို လိုက္မရွာနဲ႕ေနာ္ ငါက ဒီမွာ ေနခဲ့ဖို႔ သေဘာတူခဲ့တာမို႔ နင္က ကိုယ့္က်န္းမာေရးကိုဘဲ ဂ႐ုစိုက္ပါေနာ္ ၿပီးေတာ့ နင္ ငါ့ကိုမမွတ္မိေတာ့ဘူးဆိုေတာင္မွ ငါက နင့္ကို အၿမဲခ်စ္ေနမယ္ဆိုတာ သတိရေပးပါ
ဒီတစ္ခါေလးေတာ့ ငါ့စကားနားေထာင္ေပးပါ နင္ အႏၱာရာယ္ျဖစ္မွာ စိတ္ပူလို႔ပါဟာေနာ္...
ငါတို႔က မျဖစ္နိုင္ေတာ့ဘူးဆိုေပမယ့္ ငါ နင့္ကို အၿမဲခ်စ္သြားမွာပါ...အရမ္းခ်စ္တယ္ Kim Jisoo
Jennieေရးတဲ့ စာကိုဖတ္ၿပီးေနာက္ Jisoo သူမမ်က္ရည္ေတြကို ထိန္းမရေတာ့ဘဲ ငိုခ်ေလသည္
Jisoo အတိတ္ကတစ္ခ်ိဳ႕အေၾကာင္းအရာေတြကို ျပန္မမွတ္မိေသးေပမယ့္ သူမ Jennieကို ခ်စ္ေနေသးတယ္ အရမ္းခ်စ္ေနတယ္ဆိုတာေတာ့ ေသခ်ာသိသည္
ဒီတစ္ခါေတာ့ Jennieကို လက္လႊတ္ေပးလို႔ မျဖစ္ေတာ့ဘူး တစ္ခုခုလုပ္ဖို႔ Jisoo စဥ္းစားေနသည္
Knock Knock
တံခါးေခါက္သံေၾကာင့္ Jisoo အေတြးေတြကို ရပ္လိုက္သည္
"What "
"မမေလး ဖုန္းျပင္ဆိုင္က ဖုန္းရၿပီဆိုၿပီး လာပို႔လို႔ပါ "
အိမ္ေဖာ္မေလးရဲ႕ စကားေၾကာင့္ Jisoo သူ႕မ်က္ရည္ေတြကို သုတ္ၿပီး တံခါးထဖြင့္လိုက္သည္
"သြားလို႔ရၿပီ "
ဖုန္းကို ယူၿပီး Jisoo အခန္းတံခါးကို ေလာ့ခ်လိဳက္သည္
ကားမေတာ္တဆ ျဖစ္တုံးက ပ်က္စီးသြားတဲ့ ျပင္ဆိုင္ကို ပို႔ထားေသာဖုန္းေလးကို Jisoo အျမန္ဖြင့္လိုက္သည္
ဆရာဝန္က အတိတ္ကိုျပန္မွတ္မိဖို႔ အတင္းအၾကပ္မႀကိဳးစားရန္ ေျပာေပမယ့္ Jisoo ဂ႐ုမစိုက္ Jennie နဲ႕ သူမပို႔ထားတဲ့ စာေတြ ဖတ္ရင္း ေခါင္းေတြကိုက္လာၿပီး Jisoo လဲက်သြားသည္
Jennie အခ်ိန္အၾကာႀကီး အိပ္ေနရာက တံခါးဖြင့္သံၾကားလို႔ နိုးလာသည္
အေမွာင္ထဲတြင္ လူတစ္ေယာက္က သူမဆီေလွ်ာက္လာတာကို ေတြ႕ေတာ့ Jennie အိပ္ရာကအျမန္ထလိုက္သည္
"ဘယ္သူလည္း အနားတိုးကပ္မလာနဲ႕ေနာ္"
"Jen. ..ငါ ငါပါ Jisoo "
Jisooရဲ႕ အသံေၾကာင့္ Jennie အျမန္ မီးခလုတ္ဖြင့္လိုက္ေတာ့ သူမအရမ္းေတြ႕ခ်င္ေနတဲ့ Jisooကို ေတြ႕ၿပီး Jennie အရမ္းေပ်ာ္သြားသည္
"Jisoo နင္ ဒီကို ဘယ္လိုေရာက္လာ...."
Jennie စကားမဆုံးေသး Jisooမွာ Jennieကို ေပြ႕ဖက္ေလသည္
Jennieလည္း Jisooကို ျပန္ဖက္ထားၿပီး Jisooရဲ႕ ရင္ခြင္ထဲ ငိုေလသည္
"ဒါက တကယ္လား Jisoo "
Jisoo သူမဆီေရာက္လာတာကို Jennie မယုံနိုင္ျဖစ္ေနသည္
"တကယ္ေပါ့ Jenရယ္ "
Jisoo ေျပာၿပီး Jennieရဲ႕ နဖူးကို နမ္းလိုက္ေပမယ့္ Jennieကေတာ့ အိမ္မက္မက္သလိုခံစားရၿပီး မယုံနိုင္ေသးဘဲ ျဖစ္ေနသည္
"Jisoo ဒီကေန ထြက္သြားပါေတာ့ သူဖမ္းမိလိမ့္မယ္ "
"ဟင့္အင္း အတူထြက္သြားမယ္ ငါ နင့္ကို ဒီကေနေခၚထုတ္သြားမယ္ "
Jisoo ေျပာၿပီး Jennieကို နမ္းလိုက္သည္ Jennie လည္း Jisooကို ျပန္နမ္းခ်င္ေပမယ့္ သူမအေဖ ျမင္သြားမွာလည္း စိတ္ပူလို႔ Jisooကို တြန္းထုတ္ေနမိသည္
"Jen ငါ့ကို စိတ္ဆိုးေနတာလား ဟင္ "
Jisoo ပါးေပၚမွာ မ်က္ရည္ေတြကို ေတြ႕ရေတာ့ Jennie အျမန္ေခါင္းခါလိုက္သည္
"ဟင့္အင္း မဆိုးပါဘူး ဘာလို႔ဆိုးရမွာလည္း "
"Ji ဒီကို ဘယ္လိုေရာက္လာတာလည္း "
"ငါ့ဖုန္းထဲမွာ အသိတစ္ေယာက္က Jenရဲ႕ အေဖ ဖုန္းနံပါတ္ေပးထားတာရွိတယ္ အဲ့အသိတစ္ေယာက္ကိုဘဲ ဖုန္းနံပါတ္ကေန တည္ေနရာကို ေျခရာခံေပးဖို႔ ငါအကူအညီေတာင္းလိုက္တာ ၿပီးေတာ့ အေစာင့္ေတြအလစ္ ငါ ရေအာင္ခိုးဝင္လာတာ "
"Ji ဒီမွာရွိမေနသင့္ဘူး သူျမင္ရင္ အႏၱရာယ္ ရွိတယ္ "
"အဲ့ေခြးမသား ဘယ္မွာလည္း ငါသတ္ပစ္မယ္ "
"ဟင့္အင္း Jiက မိန္းကေလးေလ သူ႕ကို ဘယ္လိုသတ္နိုင္မွာလည္း ၿပီးေတာ့ သူ႕မွာ တပည့္ေတြအမ်ားႀကီးဘဲ Jiကို ေတြ႕ရင္ ဖမ္းၿပီးႏွိပ္စက္လိမ့္မယ္ ဒီတိုင္းဘဲ ျပန္သြားလိုက္ပါေတာ့ Jenကိုလည္း ေတြ႕ၿပီးၿပီကို "
"ဟင့္အင္း နင္မပါဘဲ ငါမသြားဘူး...ငါ နင့္ကို ခ်စ္တယ္ Jen နင္လည္း ငါ့ကိုခ်စ္တယ္မလား ငါအခု အားလုံးကို ျပန္မွတ္မိၿပီ "
Jisooက အရာအားလုံးကို ျပန္မွတ္မိၿပီေျပာလို႔ Jennie ေပ်ာ္ရမလား ဒါမွမဟုတ္ ဝမ္းနည္းရမလားမသိ ျဖစ္ေနသည္
ေတြ႕ဖို႔ေတာ့ အေၾကာင္းဖန္လာၿပီး အဆုံးထိ အတူရွိဖို႔ေတာ့ ကံၾကမၼာက မ်က္ႏွာသာမေပးခဲ့ဘူး ထင္ပါတယ္
"နင္ အားလုံးကို ျပန္မွတ္မိၿပီဆိုလို႔ ငါဝမ္းသာပါတယ္ "
"လာ ဒီကေန အတူထြက္ေျပးၿပီး အစကေန ျပန္စရေအာင္ "
Jisoo ေျပာၿပီး Jennieရဲ႕ လက္ကို တြဲလိုက္ေတာ့ Jennie မွာ လက္ကိုျဖဳတ္ခ်ၿပီး ေခါင္းခါလိုက္သည္
"ဟင့္အင္း ငါတို႔ျပန္စလို႔ မရေတာ့ဘူး "
"Jen ဘာေျပာခ်င္တာလည္း ဘာလို႔မရရမွာလည္း ငါအကုန္မွတ္မိေနၿပီဘဲကို "
Jennie သက္ျပင္းခ်ၿပီး သူမ ဘယ္ဘက္လက္က လက္သန္းႂကြယ္ကို ေထာင္ျပလိုက္သည္
"ဟင္ လက္စြပ္က ဘာလည္း "
"ငါ ေစ့စပ္ၿပီးသြားၿပီ "
Jennie ရဲ႕စကားေၾကာင့္ Jisoo လန့္သြားတယ္
"ဘာ...ဘာေျပာတယ္ ငါ့ကို ေလွ်ာက္ေျပာေနတာလား Jen "
"ဟင့္အင္း ေလွ်ာက္ေျပာတာ မဟုတ္ဘူး ဒီေစ့စပ္ပြဲကို ငါ သေဘာတူလိုက္တာ "
Jennie စကားေၾကာင့္ Jisoo သူမေဘးနားက နံရံကို အႀကိမ္ေပါင္းမ်ားစြာ ေဒါသတႀကီးနဲ႕ဆြဲထိုးလိုက္သည္
"နင္ ငါ့ကိုခ်စ္ေနေသးတယ္လို႔ ထင္ခဲ့တာ "
"Jisoo. .."
"ဘာလို႔ လြယ္လြယ္ေလးနဲ႕ လက္ေလ်ာ့လိုက္ရတာလည္း Jen"
"Jisoo ေတာ္ေတာ့ နင့္လက္ေသြးေတြထြက္ေနၿပီ "
"ငါ့ကို အဲ့လို မလုပ္ပါနဲ႕ဟာ Jen ငါေတာင္းပန္ပါတယ္ နင့္ကို ဆိုးဆိုး႐ြား႐ြားေတြ ဆက္ဆံခဲ့မိလို႔ ငါေတာင္းပန္ပါတယ္ "
"ေတာင္းပန္စရာမလိုပါဘူး Jisooရယ္ ငါနင့္ကိုခ်စ္တယ္ အရမ္းခ်စ္တယ္ "
Jisooရဲ႕ ခါးကိုဖက္ၿပီး Jennieေျပာရင္း ငိုလိုက္သည္
"ဒါဆို ဒီလက္က လက္စြပ္ကိုခြၽတ္ "
"Jisoo "
"ခြၽတ္ အခုခြၽတ္ကြာ "
Jennie ႐ုတ္တရက္ ေျခသံၾကားရလို႔ Jisoo လက္ကို အျမန္ေဆာင့္ဆြဲၿပီး အဝတ္ဗီဒိုထဲထည့္လိုက္သည္
"Wae. .."
"သူ လာေနၿပီ ဒီထဲခဏပုန္းေနေနာ္ "
Jennie ေျပာၿပီး ဗီဒိုတံခါးပိတ္ကာ ကုတင္ေပၚတြင္ ဘာမွမျဖစ္သလို ဟန္ေဆာင္ထိုင္လိုက္သည္
"ငိုေနတာလား "
အခန္းတံခါးဖြင့္ၿပီး ဝင္လာတဲ့ သူမပေထြးျဖစ္သူကို Jennie မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္
"ဒီေနရာမွာ ေနရတာေပ်ာ္ပါတယ္ဆိုၿပီး ရယ္ေနရမွာလား "
ျဖန္း!!
"ငါ့ကို ျပန္မေျပာနဲ႕ ေကာင္မ "
အဝတ္ဘီဒိုထဲကေန ေခ်ာင္းၾကည့္ေနတဲ့ Jisooမွာ Jennie အရိုက္ခံရတာၾကည့္ၿပီး ေဒါသထြက္လြန္းလို႔ လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ထားမိသည္
"ေနာက္ သုံးရက္ေနရင္ နယူးဇီလန္ကို ျပန္သြားမယ္ အဲ့မွာ လက္ထပ္ပြဲက်င္းပမယ္ အဲ့တာလာေျပာတာ "
"မလိုက္နိုင္ဘူး...."
"မလိုက္ဘူးဆို Kim Jisooကို သတ္..."
"လိုက္မယ္ သူ႕ကိုေတာ့ လႊတ္ထားေပးပါ "
Jisoo ဗီဒိုထဲကေန အံကိုႀကိတ္ၿပီး လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားသည္
"ေအး အဆင္သင့္ျပင္ထား ေကာင္မ "
ဝုန္း!
တံခါးပိတ္သံၾကားတာနဲ႕ Jisoo တစ္ေယာက္ အဝတ္ဗီဒိုထဲက ထြက္လာၿပီး Jennieရဲ႕ လက္ေမာင္ကိုဆုပ္ကိုင္လိုက္သည္
"Jen ဘာလို႔ သူ႕ကို ဒီလိုလုပ္ခိုင္းတာလည္း "
"ငါ့မွာ ေ႐ြးခ်ယ္စရာမွမရွိတာ "
"Jen ငါ့ကိုယုံတယ္မလား...."
"အင္း..."
"မနက္ျဖန္ ငါ ျပန္လာခဲ့မယ္....ေစာင့္ေနပါ....ေနာ္ Jen. ..အရမ္းခ်စ္တယ္ "
"အင္း ေစာင့္ေနမယ္...."
Jennieရဲ႕ ႏႈတ္ခမ္းေလးကို နမ္းၿပီးေနာက္ Jisoo အခန္းထဲက အေျခအေနၾကည့္ၿပီး ခိုးထြက္သြားသည္
ယခုအေျခအေနအရ Jennieနဲ႕ထြက္ေျပးဖို႔က မျဖစ္နိုင္ မနက္ျဖန္ Joohyunတို႔နဲ႕ plan ဆြဲၿပီး Jennieကို ျပန္လာေခၚဖို႔ Jisooဆုံးျဖတ္လိုက္သည္
Jisoo ထြက္သြားေတာ့ Jennie သက္ျပင္းခ်ၿပီး ကုတင္ေပၚထိုင္ေနတုံး ႐ုတ္တရက္ သူမပေထြး ျပန္ေရာက္လာသည္
"ေကာင္မေလးနဲ႕ သိပ်ပျော်ေ ခဲ့တာေပါ့ ဟုတ္လား Jennie "
#TBC
Bạn đang đọc truyện trên: Truyen3h.Co