Truyen3h.Co

CEO Kim

Part 6

KimFany059


#Unicode

"Damn တော်တော်လေးတာဘဲ "

Jennieမှာ File တွေ ထည့်ထားတဲ့ A4 စက္ကူပုံး နှစ်ပုံးကို သယ်ရင်း ရေရွတ်လိုက်သည်

Jisooက ထိုနှစ်ပုံးကို သယ်ပြီး Store အခန်းထဲ သွားထားဖို့ ပြောသောကြောင့် ဖြစ်သည်

Jennie ဓာတ်လှေကားဘက် ပုံးတွေသယ်ကာ မနိုင်မနင်းနဲ့ လျှောက်လာစဥ် ဓာတ်လှေကား တံခါးက ပိတ်တော့မလို ဖြစ်သောကြောင့် အထဲက လူကို ခဏစောင့်ပေးဖို့ အော်လိုက်သည်

ဘာလို့ဆို သူမ လက်နှစ်ဖက်လုံး ဓာတ်လှေကား ခလုတ်နှိပ်ဖို့ မအားဘူးလေ

"ခဏစောင့်ပါအုံး "

Jennie အော်သံကို ဓာတ်လှေကားထဲက တစ်ယောက်မှာ ကြားသွားပုံရသည်

ဓာတ်လှေကား တံခါးပြန်ပွင့်လာသောကြောင့် Jennie ဓာတ်လှေကားထဲ အမြန်ဝင်လိုက်သည်

"ကောင်းသောနေ့ပါ Jen "

ဓာတ်လှေကားထဲ ရှိနေသူက တစ်ခြား မဟုတ် Joohyun ဖြစ်နေသည်

"ကောင်းသောနေ့ပါ Joohyun. ...Geez. ...လေးလိုက်တာ "

Jennie လက်ထဲက A4 စက္ကူပုံး တစ်ပုံးကို Joohyun ယူလိုက်သည်

"Let me help you. .."

"ကျေးဇူးတင်ပါတယ် "

"ရပါတယ် Cutieလေးရ ခု ဘယ်သွားမှာလည်း"

"CEOက ဒီပုံးတွေ စတိုအခန်းထဲ သွားထားဆိုလို့လေ အာ့မို့....စတိုအခန်းထဲသွားမှာ "

Jennie စကားကြောင့် Joohyun ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်

"Aww အဲ့ CEOကတော့ ဒီလို အတွင်းရေးမှူး သေးသေးလေးကို ပုံးအလေးကြီးတွေ သယ်ခိုင်းရလား.... အရပ်ကမှပုပါတယ်ဆို ပုံးတွေကြောင့် ပိုပုတော့မှာဘဲ "

"Joohyunie "

Jennieက သူမကို ရန်လုပ်တော့ Joohyun သဘောကျပြီး ရယ်လေသည်

ထို့နောက် ဓာတ်လှေကား တံခါးပွင့်လာတော့ Jennieတို့ ဓာတ်လှေကားထဲက ထွက်လာကာ စတိုအခန်းဘက် သွားကြသည်

စတိုအခန်းထဲ ပုံးတွေ သေချာတင်ပြီးနောက် Jennieတို့ ပြန်ထွက်လာကြသည်

ဓာတ်လှေကားထဲတွင် Joohyun တစ်ယောက် သက်ပြင်းချပြီး

"ငါ Jisooကို ပြောမှဖြစ်တော့မယ် '

"ဘာကိုလည်း ...."

"သူ့ ဝန်ထမ်းတွေအပေါ် အရမ်း ရက်စက်လွန်းတယ်လေ ငါ့ အလုပ်တွေပြီးသွားရင်တော့ အန်ကယ်ကိုပြောရမယ် "

Joohyunမှာ Jisooအဖေနဲ့ ရင်းနှီးတဲ့ ပုံစံပြောနေလို့ Jennie အံ့သြသွားတယ်

"Jisooရဲ့ အဖေနဲ့ Joohyunက ဘာတော်လည်း "

"Jisooက ငါ့ညီမ ဝမ်းကွဲလေ "

Joohyun စကားကြောင့် Jennie ပါးစပ်အဟောင်းသား ဖြစ်သွားတယ်

Jisoo တစ်ခါမှ သူမတွင် အမဝမ်းကွဲ ရှိတယ်ဆိုတာ Jennieကို မပြောပြဖူးပေ....

"ဒါပေမယ့် ဒီကိုလာတိုင်း Joohyunကို မတွေ့ပါဘူး အာ..."

Jennie ရုတ်တရက် ပါးစပ်က လွှတ်ခနဲ ထွက်သွားမိလို့ အမြန်ထိန်းလိုက်ပေမယ့် Joohyun ကတော့ နားမလည်တဲ့အကြည့်နဲ့ Jennieကို ကြည့်နေသည်

"ဒီမှာ မမြင်ဖူးဘူးဆိုတာ ဘာကြီးလည်း Jenက အခုမှရောက်လာတဲ့ အသစ်မဟုတ်ဘူးလား"

"အာ အရင်က သူငယ်ချင်းက ဒီမှာလုပ်ဖူးတယ်လေ Jen သူ့ဆီ ခဏခဏလာရင်း ဒီကို ရောက်ဖူးတာ "

"Aww ငါက ဒီရောက်တာ တစ်နှစ်လောက်ဘဲ ရှိအုံးမယ် Jisooအဖေက Jisooနဲ့ Companyကို ကြည့်ပေးဖို့ အကူအညီတောင်းလို့လေ ..."

"Jisooကို ကြည့်ပေးဖို့ဆိုတာ ဘာကိုပြောတာလည်း "

Joohyunမှာ Jennieကို တစ်ချက်ကြည့်ပြီး

"အကြောင်းအရာအကုန်လုံးတော့ ငါလည်း မသိဘူး ဒါပေမယ့် Jisooကို သူ့ကောင်မလေးက ထားသွားတာတော့ ငါသိတယ် ....အဲ့ကောင်မလေးကြောင့် သူ အရူးလို စိတ်တွေတို စိတ်တွေဖောက်ပြီး ပျက်စီးသွားတာလေ...Jisooကြောင့် Companyက ရှယ်ယာတွေ ထိုးကျသွားသေးတယ် ဘာလို့ဆို Jisooက Clubတွေတက်လိုက် အရက်တွေသောက်လိုက် အကြောင်းပြချက်မရှိဘဲ ဝန်ထမ်းတွေကို အလုပ် ထုတ်ပစ်တာလေ  ....အဲ့တာကြောင့် ငါ ဒီကို ရောက်လာပြီး companyရော သူ့ကိုပါ ပြန်ပြီး ထိန်းပေးနေရတာ...."

Jennie မှာ သူ့ကြောင့် အပြစ်မရှိတဲ့ ဝန်ထမ်းတွေ အများကြီးထိခိုက်သွားလို့ အပြစ်ရှိသလို ခံစာနေရသည်

သူ့ကြောင့် ပျက်စီးသွားတဲ့ Jisooကိုပါ စိတ်မကောင်းဖြစ်မိလို့ Jennie မျက်ရည်တွေကျလာသည်

Jennie ငိုနေတာကို Joohyun သတိထားမိပြီး Jennie မျက်နှာလေးကို ကိုင်ကာ မျက်ရည်တွေ သုတ်ပေးလေသည်

"Aigoo မငိုပါနဲ့ ငါလည်း အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းတွေကို စိတ်မကောင်းဖြစ်မိပါတယ် ဒါပေမယ့် ဖြစ်သွားတာ ပြန်ပြင်လို့မှမရတာ "

Joohyunမှာ Jisooကြောင့် အလုပ်ပြုတ်သွားတဲ့ ဝန်ထမ်းတွေကို သနားလို့ Jennieက ငိုနေတာလို့ ထင်နေသည်

Jennieမှာ သူမက Jisooကို ထားသွားတဲ့ မိန်းကလေးဖြစ်ကြောင်း Joohyunကို ပြောပြ သင့်လား မပြောပြဘဲ နေရမလားဆိုတာ Joohyunကို စိုက်ကြည့်ရင်း တွေဝေနေသည်

Joohyunကို သူမပြောပြရင် Jisooက သူမကို မုန်းနေသလိုမျိုး Joohyunက မုန်းသွားမှာကိုလည်း မလိုလားပေ

ဓာတ်လှေကားက ရပ်သွားပြီး တံခါးပွင့်သွားသောအခါ ဖြတ်သွားဖြတ်လာ ဝန်ထမ်းတွေက Jennie တို့ကို ကြည့်သွားကြသည်

ဘာလို့ဆို Jennieရဲ့ မျက်နှာကို Joohyunက ကိုင်ထားပြီး Jennieက Joohyunကို စိုက်ကြည့်နေတာက နမ်းတော့မယ့်ပုံနဲ့တူနေတယ်လေ

ထိုစဥ် ကောင်မလေးတစ်ယောက်က ဖုန်းထုတ်ပြီး Jennieတို့ကို ဓာတ်ပုံရိုက်လေသည်

Flash မီးကြောင့် Jennie လန့်သွားပြီး Jisooသာ မြင်သွားရင်ဆိုတဲ့အတွေးနဲ့ ငုတ်တုတ်မေ့သွားသည်

ဓာတ်ပုံရိုက်တဲ့ ကောင်မလေးက ထွက်ပြေးသွားတော့ Joohyun ချောင်းဟန့်ပြီး

"လာ သူ့နောက် လိုက်ပြီး ပုံဖျက်ခိုင်းရအောင် ဒါ ငါတို့ရဲ့ Privacy လေ သူ ဒီလိုလုပ်တာ အဆင်မပြေဘူး "

"ဒါပေမယ့် Jenတို့မှ သူ့ကိုမသိတာ "

"ငါ သိတယ် သူက Jaeheeလေ....."

Joohyun စကားကြောင့် Jennie မျက်မှောင်ကြုတ်သွားတယ်

ဘာလို့လည်းဆိုတော့ Jaeheeဆိုတဲ့ ကောင်မလေးက Jisooကို သဘောကျနေတဲ့ ကောင်မလေးလေ

Jennieနဲ့ Jisoo ရည်းစားဖြစ်တာ သိရက်နဲ့တောင် Jennieရှေ့ Jisooကို အီစီကလီလာလုပ်ဖူးသေးတယ်

Joohyunမှာ Jaeheeနောက် လိုက်ပြီး Jaehee လက်ကို ဆောင့်ဆွဲလိုက်သည်

"Jaehee အဲ့ပုံတွေဖျက်ပေးပါ လူတွေက တစ်မျိုးထင်သွားလိမ့်မယ် "

"Ok. ..."

Jaeheeက ချက်ချင်းဘဲ ဖျက်ပေးဖို့ သဘောတူလို့ Jennieတို့ အံ့သြသွားတယ်

ထိုစဥ် အမျိုးသားတစ်ယောက်ပြေးလာပြီး စာရွက်တွေကို Jaeheeဆီ ပေးလိုက်သည်

"Jaehee ခုန နင် mailပို့ပြီး print ထုတ်ခိုင်းထားတဲ့ ပုံတွေရပြီ ...."

"ကျေးဇူး... "

Jaeheeမှာ ကျေးဇူးတင်စကားပြောပြီး စာရွက်တွေကို ယူလိုက်သည်

Jennieတို့ ထိုစာရွက်ကို ကြည့်တော့ သူမနဲ့Joohyunပုံကို တွေ့ရပြီး love teamဆိုပြီးလည်း ခေါင်းစဥ် တပ်ထားတာတွေကို တွေ့ရသည်

Joohyunနဲ့ Jennieမှာ ပြောစရာစကားတွေ ပျောက်ဆုံးနေချိန် Jaeheeကတော့ ထိုစာရွက်တွေကို ဖြတ်သွားဖြတ်လာ ဝန်ထမ်းတွေကို ဝေပေးနေသည်

Jennieမှာ စိတ်တွေတိုလာပြီး Jaeheeကို ပါးရိုက်ဖို့ လုပ်ပေမယ့် Joohyun မှာ ဝင်တားသည်

"ဘာတွေဖြစ်နေကြတာလည်း "

Jisoo အသံကြောင့် ဝန်ထမ်းတွေရော Jennieပါ အေးခဲသွားသလို ခံစားရသည်

Jennie နှလုံးခုန်မြန်လာပြီး သူမ လက်ကလည်း ရေခဲတုံးကို ကိုင်ထားသလို အေးစက်နေသည်

ဓာတ်လှေကားထဲကနေ Jisoo သူမတို့ဆီ လျှောက်လာတာ မြင်တော့ Jennieမှာ Jaeheeကိုရော သူ့လက်က စာရွက်တွေကိုပါ ပြေးပြီး မီးရှို့ချင်လာသည်

Jisooမှာ အနားက ဝန်ထမ်းတစ်ယောက်ဆီက စာရွက်ကို ဖြတ်ခနဲ ဆွဲလုပြီး ကြည့်လိုက်သည်

"Love teamဆိုပါလား "

Jisoo မဲ့ပြုံးပြုံးပြီး ပြောတဲ့စကားကြောင့် Jennieမှာ အငွေ့ဖြစ်ပြီးပျောက်ကွယ် သွားချင်စိတ်တွေ ဖြစ်လာသည်

#TBC

#zawgyi

"Damn ေတာ္ေတာ္ေလးတာဘဲ "

Jennieမွာ File ေတြ ထည့္ထားတဲ့ A4 စကၠဴပုံး ႏွစ္ပုံးကို သယ္ရင္း ေရ႐ြတ္လိုက္သည္

Jisooက ထိုႏွစ္ပုံးကို သယ္ၿပီး Store အခန္းထဲ သြားထားဖို႔ ေျပာေသာေၾကာင့္ ျဖစ္သည္

Jennie ဓာတ္ေလွကားဘက္ ပုံးေတြသယ္ကာ မနိုင္မနင္းနဲ႕ ေလွ်ာက္လာစဥ္ ဓာတ္ေလွကား တံခါးက ပိတ္ေတာ့မလို ျဖစ္ေသာေၾကာင့္ အထဲက လူကို ခဏေစာင့္ေပးဖို႔ ေအာ္လိုက္သည္

ဘာလို႔ဆို သူမ လက္ႏွစ္ဖက္လုံး ဓာတ္ေလွကား ခလုတ္ႏွိပ္ဖို႔ မအားဘူးေလ

"ခဏေစာင့္ပါအုံး "

Jennie ေအာ္သံကို ဓာတ္ေလွကားထဲက တစ္ေယာက္မွာ ၾကားသြားပုံရသည္

ဓာတ္ေလွကား တံခါးျပန္ပြင့္လာေသာေၾကာင့္ Jennie ဓာတ္ေလွကားထဲ အျမန္ဝင္လိုက္သည္

"ေကာင္းေသာေန႕ပါ Jen "

ဓာတ္ေလွကားထဲ ရွိေနသူက တစ္ျခား မဟုတ္ Joohyun ျဖစ္ေနသည္

"ေကာင္းေသာေန႕ပါ Joohyun. ...Geez. ...ေလးလိုက္တာ "

Jennie လက္ထဲက A4 စကၠဴပုံး တစ္ပုံးကို Joohyun ယူလိုက္သည္

"Let me help you. .."

"ေက်းဇူးတင္ပါတယ္ "

"ရပါတယ္ Cutieေလးရ ခု ဘယ္သြားမွာလည္း"

"CEOက ဒီပုံးေတြ စတိုအခန္းထဲ သြားထားဆိုလို႔ေလ အာ့မို႔....စတိုအခန္းထဲသြားမွာ "

Jennie စကားေၾကာင့္ Joohyun ဓာတ္ေလွကားခလုတ္ကို ႏွိပ္လိုက္သည္

"Aww အဲ့ CEOကေတာ့ ဒီလို အတြင္းေရးမႉး ေသးေသးေလးကို ပုံးအေလးႀကီးေတြ သယ္ခိုင္းရလား.... အရပ္ကမွပုပါတယ္ဆို ပုံးေတြေၾကာင့္ ပိုပုေတာ့မွာဘဲ "

"Joohyunie "

Jennieက သူမကို ရန္လုပ္ေတာ့ Joohyun သေဘာက်ၿပီး ရယ္ေလသည္

ထို႔ေနာက္ ဓာတ္ေလွကား တံခါးပြင့္လာေတာ့ Jennieတို႔ ဓာတ္ေလွကားထဲက ထြက္လာကာ စတိုအခန္းဘက္ သြားၾကသည္

စတိုအခန္းထဲ ပုံးေတြ ေသခ်ာတင္ၿပီးေနာက္ Jennieတို႔ ျပန္ထြက္လာၾကသည္

ဓာတ္ေလွကားထဲတြင္ Joohyun တစ္ေယာက္ သက္ျပင္းခ်ၿပီး

"ငါ Jisooကို ေျပာမွျဖစ္ေတာ့မယ္ '

"ဘာကိုလည္း ...."

"သူ႕ ဝန္ထမ္းေတြအေပၚ အရမ္း ရက္စက္လြန္းတယ္ေလ ငါ့ အလုပ္ေတြၿပီးသြားရင္ေတာ့ အန္ကယ္ကိုေျပာရမယ္ "

Joohyunမွာ Jisooအေဖနဲ႕ ရင္းႏွီးတဲ့ ပုံစံေျပာေနလို႔ Jennie အံ့ၾသသြားတယ္

"Jisooရဲ႕ အေဖနဲ႕ Joohyunက ဘာေတာ္လည္း "

"Jisooက ငါ့ညီမ ဝမ္းကြဲေလ "

Joohyun စကားေၾကာင့္ Jennie ပါးစပ္အေဟာင္းသား ျဖစ္သြားတယ္

Jisoo တစ္ခါမွ သူမတြင္ အမဝမ္းကြဲ ရွိတယ္ဆိုတာ Jennieကို မေျပာျပဖူးေပ....

"ဒါေပမယ့္ ဒီကိုလာတိုင္း Joohyunကို မေတြ႕ပါဘူး အာ..."

Jennie ႐ုတ္တရက္ ပါးစပ္က လႊတ္ခနဲ ထြက္သြားမိလို႔ အျမန္ထိန္းလိုက္ေပမယ့္ Joohyun ကေတာ့ နားမလည္တဲ့အၾကည့္နဲ႕ Jennieကို ၾကည့္ေနသည္

"ဒီမွာ မျမင္ဖူးဘူးဆိုတာ ဘာႀကီးလည္း Jenက အခုမွေရာက္လာတဲ့ အသစ္မဟုတ္ဘူးလား"

"အာ အရင္က သူငယ္ခ်င္းက ဒီမွာလုပ္ဖူးတယ္ေလ Jen သူ႕ဆီ ခဏခဏလာရင္း ဒီကို ေရာက္ဖူးတာ "

"Aww ငါက ဒီေရာက္တာ တစ္ႏွစ္ေလာက္ဘဲ ရွိအုံးမယ္ Jisooအေဖက Jisooနဲ႕ Companyကို ၾကည့္ေပးဖို႔ အကူအညီေတာင္းလို႔ေလ ..."

"Jisooကို ၾကည့္ေပးဖို႔ဆိုတာ ဘာကိုေျပာတာလည္း "

Joohyunမွာ Jennieကို တစ္ခ်က္ၾကည့္ၿပီး

"အေၾကာင္းအရာအကုန္လုံးေတာ့ ငါလည္း မသိဘူး ဒါေပမယ့္ Jisooကို သူ႕ေကာင္မေလးက ထားသြားတာေတာ့ ငါသိတယ္ ....အဲ့ေကာင္မေလးေၾကာင့္ သူ အ႐ူးလို စိတ္ေတြတို စိတ္ေတြေဖာက္ၿပီး ပ်က္စီးသြားတာေလ...Jisooေၾကာင့္ Companyက ရွယ္ယာေတြ ထိုးက်သြားေသးတယ္ ဘာလို႔ဆို Jisooက Clubေတြတက္လိုက္ အရက္ေတြေသာက္လိုက္ အေၾကာင္းျပခ်က္မရွိဘဲ ဝန္ထမ္းေတြကို အလုပ္ ထုတ္ပစ္တာေလ  ....အဲ့တာေၾကာင့္ ငါ ဒီကို ေရာက္လာၿပီး companyေရာ သူ႕ကိုပါ ျပန္ၿပီး ထိန္းေပးေနရတာ...."

Jennie မွာ သူ႕ေၾကာင့္ အျပစ္မရွိတဲ့ ဝန္ထမ္းေတြ အမ်ားႀကီးထိခိုက္သြားလို႔ အျပစ္ရွိသလို ခံစာေနရသည္

သူ႕ေၾကာင့္ ပ်က္စီးသြားတဲ့ Jisooကိုပါ စိတ္မေကာင္းျဖစ္မိလို႔ Jennie မ်က္ရည္ေတြက်လာသည္

Jennie ငိုေနတာကို Joohyun သတိထားမိၿပီး Jennie မ်က္ႏွာေလးကို ကိုင္ကာ မ်က္ရည္ေတြ သုတ္ေပးေလသည္

"Aigoo မငိုပါနဲ႕ ငါလည္း အလုပ္ျပဳတ္သြားတဲ့ ဝန္ထမ္းေတြကို စိတ္မေကာင္းျဖစ္မိပါတယ္ ဒါေပမယ့္ ျဖစ္သြားတာ ျပန္ျပင္လို႔မွမရတာ "

Joohyunမွာ Jisooေၾကာင့္ အလုပ္ျပဳတ္သြားတဲ့ ဝန္ထမ္းေတြကို သနားလို႔ Jennieက ငိုေနတာလို႔ ထင္ေနသည္

Jennieမွာ သူမက Jisooကို ထားသြားတဲ့ မိန္းကေလးျဖစ္ေၾကာင္း Joohyunကို ေျပာျပ သင့္လား မေျပာျပဘဲ ေနရမလားဆိုတာ Joohyunကို စိုက္ၾကည့္ရင္း ေတြေဝေနသည္

Joohyunကို သူမေျပာျပရင္ Jisooက သူမကို မုန္းေနသလိုမ်ိဳး Joohyunက မုန္းသြားမွာကိုလည္း မလိုလားေပ

ဓာတ္ေလွကားက ရပ္သြားၿပီး တံခါးပြင့္သြားေသာအခါ ျဖတ္သြားျဖတ္လာ ဝန္ထမ္းေတြက Jennie တို႔ကို ၾကည့္သြားၾကသည္

ဘာလို႔ဆို Jennieရဲ႕ မ်က္ႏွာကို Joohyunက ကိုင္ထားၿပီး Jennieက Joohyunကို စိုက္ၾကည့္ေနတာက နမ္းေတာ့မယ့္ပုံနဲ႕တူေနတယ္ေလ

ထိုစဥ္ ေကာင္မေလးတစ္ေယာက္က ဖုန္းထုတ္ၿပီး Jennieတို႔ကို ဓာတ္ပုံရိုက္ေလသည္

Flash မီးေၾကာင့္ Jennie လန့္သြားၿပီး Jisooသာ ျမင္သြားရင္ဆိုတဲ့အေတြးနဲ႕ ငုတ္တုတ္ေမ့သြားသည္

ဓာတ္ပုံရိုက္တဲ့ ေကာင္မေလးက ထြက္ေျပးသြားေတာ့ Joohyun ေခ်ာင္းဟန့္ၿပီး

"လာ သူ႕ေနာက္ လိုက္ၿပီး ပုံဖ်က္ခိုင္းရေအာင္ ဒါ ငါတို႔ရဲ႕ Privacy ေလ သူ ဒီလိုလုပ္တာ အဆင္မေျပဘူး "

"ဒါေပမယ့္ Jenတို႔မွ သူ႕ကိုမသိတာ "

"ငါ သိတယ္ သူက Jaeheeေလ....."

Joohyun စကားေၾကာင့္ Jennie မ်က္ေမွာင္ၾကဳတ္သြားတယ္

ဘာလို႔လည္းဆိုေတာ့ Jaeheeဆိုတဲ့ ေကာင္မေလးက Jisooကို သေဘာက်ေနတဲ့ ေကာင္မေလးေလ

Jennieနဲ႕ Jisoo ရည္းစားျဖစ္တာ သိရက္နဲ႕ေတာင္ Jennieေရွ႕ Jisooကို အီစီကလီလာလုပ္ဖူးေသးတယ္

Joohyunမွာ Jaeheeေနာက္ လိုက္ၿပီး Jaehee လက္ကို ေဆာင့္ဆြဲလိုက္သည္

"Jaehee အဲ့ပုံေတြဖ်က္ေပးပါ လူေတြက တစ္မ်ိဳးထင္သြားလိမ့္မယ္ "

"Ok. ..."

Jaeheeက ခ်က္ခ်င္းဘဲ ဖ်က္ေပးဖို႔ သေဘာတူလို႔ Jennieတို႔ အံ့ၾသသြားတယ္

ထိုစဥ္ အမ်ိဳးသားတစ္ေယာက္ေျပးလာၿပီး စာ႐ြက္ေတြကို Jaeheeဆီ ေပးလိုက္သည္

"Jaehee ခုန နင္ mailပို႔ၿပီး print ထုတ္ခိုင္းထားတဲ့ ပုံေတြရၿပီ ...."

"ေက်းဇူး... "

Jaeheeမွာ ေက်းဇူးတင္စကားေျပာၿပီး စာ႐ြက္ေတြကို ယူလိုက္သည္

Jennieတို႔ ထိုစာ႐ြက္ကို ၾကည့္ေတာ့ သူမနဲ႕Joohyunပုံကို ေတြ႕ရၿပီး love teamဆိုၿပီးလည္း ေခါင္းစဥ္ တပ္ထားတာေတြကို ေတြ႕ရသည္

Joohyunနဲ႕ Jennieမွာ ေျပာစရာစကားေတြ ေပ်ာက္ဆုံးေနခ်ိန္ Jaeheeကေတာ့ ထိုစာ႐ြက္ေတြကို ျဖတ္သြားျဖတ္လာ ဝန္ထမ္းေတြကို ေဝေပးေနသည္

Jennieမွာ စိတ္ေတြတိုလာၿပီး Jaeheeကို ပါးရိုက္ဖို႔ လုပ္ေပမယ့္ Joohyun မွာ ဝင္တားသည္

"ဘာေတြျဖစ္ေနၾကတာလည္း "

Jisoo အသံေၾကာင့္ ဝန္ထမ္းေတြေရာ Jennieပါ ေအးခဲသြားသလို ခံစားရသည္

Jennie ႏွလုံးခုန္ျမန္လာၿပီး သူမ လက္ကလည္း ေရခဲတုံးကို ကိုင္ထားသလို ေအးစက္ေနသည္

ဓာတ္ေလွကားထဲကေန Jisoo သူမတို႔ဆီ ေလွ်ာက္လာတာ ျမင္ေတာ့ Jennieမွာ Jaeheeကိုေရာ သူ႕လက္က စာ႐ြက္ေတြကိုပါ ေျပးၿပီး မီးရွို႔ခ်င္လာသည္

Jisooမွာ အနားက ဝန္ထမ္းတစ္ေယာက္ဆီက စာ႐ြက္ကို ျဖတ္ခနဲ ဆြဲလုၿပီး ၾကည့္လိုက္သည္

"Love teamဆိုပါလား "

Jisoo မဲ့ၿပဳံးၿပဳံးၿပီး ေျပာတဲ့စကားေၾကာင့္ Jennieမွာ အေငြ႕ျဖစ္ၿပီးေပ်ာက္ကြယ္ သြားခ်င္စိတ္ေတြ ျဖစ္လာသည္

#TBC

Bạn đang đọc truyện trên: Truyen3h.Co