Truyen3h.Co

CEO Kim

Part 7

KimFany059

#Unicode

"New love team ဟုတ်လား "

Jisoo မကျေနပ်တဲ့ လေသံနဲ့ Jennieကို ကြည့်ပြီး မေးလိုက်သည်

"Ji "

"အဲ့စာရွက်တွေ အကုန် လွှင့်ပစ် တစ်ရွက်လေးတောင် မကျန်စေနဲ့ တစ်ရွက်လေး ထပ်တွေ့ရရင် မင်းတို့ အားလုံးကို အလုပ်ဖြုတ်ပစ်မယ် "

Jisoo စကားကြောင့် ဝန်ထမ်းတွေမှာ လန့်သွားလေသည်

Jennieကို Jisoo ကြည့်တော့ Jennieမှာ ခေါင်းငုံ့ပြီး ကြမ်းပြင်ကိုသာ ကြည့်နေသည်

Jisoo ဘာမှဆက်မပြောတော့ဘဲ လှည့်ထွက်သွားတော့ အနီးအနားက ဝန်ထမ်းတွေမှာ အလုပ်ဖြုတ်ခံရမှာဆိုးလို့ ထိုစာရွက်တွေကို အမှိုက်ပုံးထဲ ပြေးပစ်ကြသည်

Jennieမှာလည်း Jisooကို ဘယ်လိုရှင်းပြရမလည်းဆိုတာ တွေးရင်း ခေါင်းတွေပူလာသည်

Joohyunနဲ့ သူမက သူငယ်ချင်းတွေဆိုတာ Jisoo ယုံအောင် ရှင်းပြရမယ်လေ ဘာလို့ဆို ခုနပုံကို မြင်ထားတဲ့ Jisooက သူမတို့ကို အထင်လွဲမှာဆိုးလို့ပါ

Jennie သူမကို ပြုံးပြီး ကြည့်နေတဲ့ Jaeheeကို ပြေးရိုက်ချင်စိတ်တွေ ထိန်းထားရသည်

သို့သော်လည်း Jaeheeကို မဲ့ပြုံးပြုံးပြီး Jaehee ပခုံးကို အားပြင်းပြင်းနဲ့  ဝင်တိုက်ကာ ဓာတ်လှေကားထဲသို့ Jennie ဝင်သွားသည်

ဓာတ်လှေကားထဲတွင် Jisoo အထင်မလွဲအောင် Joohyunကိုပါ ရှောင်သင့်လား မရှောင်သင့်လား Jennie တွေးနေသည်

"အာ ဘာလို့ Joohyunie ကို ရှောင်ရမှာလည်း သူက ဘာမှလုပ်တာမှမဟုတ်တာ...."

တစ်ဖက်က Jisooကလည်း ရုံးခန်းထဲတွင် တင်ပြချက်စာရွက်စာတမ်းတွေကို လက်မှတ်ထိုးပေးရင်း Joohyun နဲ့ Jennieပုံဘဲ မြင်ယောင်လာလို့ စိတ်တိုပြီး စာရွက်တွေကို လွှင့်ပစ်လိုက်သည်

"Ahh fuck itttt "

Jisoo ပြောပြီး မွန်းကြပ်လာလို့ သူမ အင်ကျီကြယ်သီးတစ်လုံးကို ဆွဲဖြုတ်လိုက်သည်

Jisoo သူ့ဒေါသတွေကို PUBGထဲ အသုံးချဖို့ တွေးလေသည်

PUBGဆော့ရင်း သူ့ဒေါသတွေကို Gameထဲက လူတွေဆီ ပုံချနေသည်

တံခါးဖွင့်သံကြားရပေမယ့် Jisoo မော့မကြည့် ဂိမ်းထဲ  တစ်ဖက်ကို ပစ်ရဖို့ဘဲ အာရုံစိုက်နေသည်

"Jisoo "

Jennie ရဲ့ ချိုသာတဲ့ အသံကြောင့် Jisoo ဖုန်းကို ခပ်တင်းတင်းဆုပ်ကိုင်ထားမိသည်

"ဘာလည်း "

Jisoo ပြန်ဖြေရင်း Joohyunနဲ့  Jennieပုံကို မြင်ယောင်လာပြန်သည်

"Fuck ငါ့အမ ဝမ်းကွဲနဲ့သူက ဘာလို့အရမ်းနီးကပ်နေတာလည်း "

Jisoo စိတ်ထဲ ကျိန်ဆဲနေသည်

"ခုနတုံးကလေ အဲ့တာ နားလည်မှုလွဲတာသိလား Jenနဲ့ သူက ဒီတိုင်း "

Jennie စကားမဆုံးသေး Jisoo သူ့လက်က ဖုန်းကို ချပြီး Jennieကို ကြည့်လိုက်သည်

"ငါ့ကို ဘာလို့ စိတ်အနှောင့်အယှက်ပေးနေတာလည်း မင်း love teamဆီ သွားနေလေ "

Jisooရဲ့ စကားကြောင့် Jennie မျက်မှောင်ကြုတ်သွားတယ် အစက Jisoo ဘာလို့ အဲ့လိုပြောလည်း Jennie နားမလည်ပေမယ့် နောက်တော့ တစ်ခုခုကို သဘောပေါက်ပြီး Jennie ပြုံးလာသည်

"သဝန်တိုနေတာလား Kim Jisoo shii "

"ဘာ..သဝန်တိုတယ် ငါကလား လျှောက်တွေးမနေနဲ့ ငါက မင်းအကြောင်း စိတ်ကိုမဝင်စားတာ "

Jisoo ထိုသို့ပြောပေမယ့် စိတ်ထဲ ရှက်သလို ခံစားရလို့ စားပွဲခုံပေါ်က ဝိုင်ပုလင်းကို ဖောက်ကာ ဝိုင်တွေကို ခွက်ထဲထည့်လိုက်သည်

"Oh Jisooလေးက သဝန်တိုနေပါတယ် Ji Jiလေးက သဝန်တိုနေပါတယ် Kim Jisooလေးဟာ သဝန်တွေတိုနေပါတယ်ကွယ် "

Jennie သီချင်းလုပ်ဆိုပြီး Jisooကို စနေသည်

"ပါးစပ်ပိတ်ထား "

Jisoo အော်လိုက်ပေမယ့် Jennieကတော့ ပြုံးပြီး Jisooဆီ လျှောက်လာသည်

"Oh come on သဝန်တိုမနေပါနဲ့ Jenက Chuuကိုဘဲ ချစ်တာလို့ ပြောပြီးသားလေ မဟုတ်ဘူးလား ....Jenအတွက် Chuu တစ်ယောက်တည်း ရှိတာ...."

Jennieပြောပြီး မျက်စိမှိတ်ပြတော့ Jisoo တံတွေးမျိုချမိသည်

Jennie သူမနား ကပ်လာပြီး အင်ကျီ ကြယ်သီး တပ်ပေးတော့ Jisoo မှာ ဘာမှမပြောနိုင်ဘဲ Jennieကိုသာ စိုက်ကြည့်နေမိသည်

"နောက်တစ်နာရီဆို marketing meeting ရှိတယ်နော် မေ့နေမှာဆိုးလို့..."

Jennieမှာ Jisoo နားနားလေး ကပ်ပြောပြီး လှည့်ထွက်သွားသည်

"အဲ့ဒီ meetingကို မင်းလည်း လိုက်ခဲ့ "

Jisooပြောပြီး သူ့ထိုင်ခုံတွင် ထိုင်လိုက်ကာ အလုက်ဆက်လုပ်နေသည်

Marketing meetingတွင် Jennieတစ်ယောက် စိတ်တွေတိုနေတယ်လေ

ဘာလို့လည်းဆို Jaeheeက Marketing ပိုင်းကမို့ Jisooဘေးနား ထိုင်နေရလို့လေ

Jaeheeက Jisooဆီက Attention ရဖို့ ကြိုးစားလေ Jennie ဒေါသထွက်ပြီး မျက်နှာတွေ နီရဲလာလေ

Jisooကလည်း စိတ်တိုနေတဲ့ Jennieကို ကြည့်ပြီး ဘာဖြစ်နေလည်းဆိုတာ...Jennie သဝန်တိုနေတယ်ဆိုတာ သိနေတယ်လေ

Jennieနဲ့ သူတွဲတုံးက Jaehee လာချဥ်းကပ်တာကို Jennie မကြိုက်လို့ Jisoo ငြင်းခဲ့ပေးရတယ်လေ

Jisooကတော့ သူ့အလုပ်ဝန်ထမ်းမို့ အားနာလို့ မျက်နှာပျက်စရာဖြစ်မှာဆိုးလို့ ဘာမှမပြောဘဲနေပေမယ့် Jennie သဝန်တိုနေတာ သိလို့ Jaeheeကို ညီမလေးလိုဘဲ သဘောထားခဲ့ကြောင်း ပြောခဲ့ဖူးသည်

Jisoo အတိတ်ကို ပြန်တွေးရင်း တစ်ခုခုလုပ်ဖို့ idea ရပြီး devil smileဖြင့် ပြုံးလိုက်သည်

ထို့နောက် Jaehee နားလေးကပ်ပြီး Jisoo စကားပြောလိုက်သည် ထို့အပြင် Jaehee ဆံပင်လေးကိုပါ လက်နဲ့သပ်ပေးတော့ Jennie ဒေါသထွက်လွန်းလို့ လက်ထဲက ခဲတံကိုတောင် ချိုးမိသွားသည်

Meeting ပြီးတော့ Jennieမှာ စိတ်တိုလွန်းလို့ အမြန် အိမ်သာထဲ ပြေးငိုရသည်

Jaeheeကလည်း Jennieကို ခနဲ့ဖို့ သန့်စင်ခန်းရှေ့ ရပ်စောင့်နေသည်

Jennie ငိုပြီးနောက် သန့်စင်ခန်းထဲတွင် သူမငိုထားတာ မသိသာအောင် မျက်နှာသစ်လိုက်သည်

Jennie သန့်စင်ခန်းထဲက ထွက်လာတော့ Jaehee မှာ လက်ပိုက်ပြီး

"နင် ငါ့ကို မနာလိုနေမှာဘဲနော် Jennie ဒါပေမယ့် ငါဂရုမစိုက်ဘူး.. ဘာလို့လည်း သိလား Jisooက ငါ့အပိုင်ဖြစ်လာမှာမို့ "

Jaehee စကားကြောင့် Jennie ရယ်လိုက်သည်

"စိတ်ကူးသိပ်ယဥ်မနေနဲ့ ....အာ နင်က စိတ်ကူးယဥ်ရမယ့် အခြေအနေမှာဘဲ ရှိတာမို့ ဆက်ပြီး စိတ်ကူးယဥ်နေလိုက်နော် ငါ သွားပြီ "

Jennie ရဲ့ စကားကြောင့် Jaeheeမှာ စပ်ပြီး ကျန်ခဲ့သည်

Jennieကတော့ နေ့လည် ၂နာရီခှဲပွိီမို့ Jisooအတွက် မုန့်သွားဝယ်လေသည်

မုန့်သွားဝယ်ပြီး companyထဲ ဝင်လာတော့ သူမကို တစ်စုံတစ်ယောက်က အားနဲ့ ဝင်တိုက်လိုက်သည်

အတိုက်ခံရတဲ့ အရှိန်ကြောင့် Jennie လက်ထဲက ကော်ဖီဗူးပြုတ်ကျသွားသည်

ဝင်တိုက်တဲ့သူကို ကြည့်တော့ Jaehee ဖြစ်နေသည်

"ဒီသောက်ကောင်မကတော့.... "

Jennie သူ့ဒေါသတွေကို သူ ပြန်ထိန်းပြီး companyအပြင်ဘက် ပြန်သွားကာ coffee သွားဝယ်လေသည်

"Jisoo မုန့်ရပြီ "

Jennie ရုံးခန်းထဲ ဝင်ဝင်ချင်း မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဒေါသတွေထောင်းခနဲ ထွက်လာသည်

Jisooမှာ မုန့်စားနေပြီး Jaeheeကတော့ Jisooဘေးနားရပ်ပြီး Jennie ကို မျက်ခုံးပင့်ပြနေသည်

"မင်းဘာလို့ မုန့်သွားဝယ်တာ ကြာနေရတာလည်း....."

Jennieလည်း Jisooရှေ့တွင် သူမဝယ်လာတဲ့ မုန့်တွေကို အမှိုက်ပုံးထဲ ပစ်ထည့်ပြီး ရုံးခန်းထဲက ထွက်လာသည်

"Hey bitch. ..ငါနဲ့ Jisoo ကြည့်ကောင်းတယ် မဟုတ်လား "

Jaehee အနောက်ကနေ ပြေးလိုက်လာပြီး ခနဲ့စကားပြောလို့ Jennie စိတ်မထိန်းနိုင်ဘဲ အနောက်ကိုလှည့်ကာ Jaeheeကို ပါးရိုက်လိုက်သည်

ဖြန်း

Jennie ပါးရိုက်သံကြောင့် ဖြတ်သွားဖြတ်လာ ဝန်ထမ်းတွေမှာ အံ့သြပြီး လန့်ကုန်ကြသည်

"ငါ နင့်ကို ခုနကတည်းက ပါးရိုက်ချင်နေတာ ခုမှ ရိုက်ခွင့်ရတော့တယ် "

Jennie ဘေးနားကရပ်ကြည့်နေတဲ့ ဝန်ထမ်းတွေကို လည်း ဂရုမစိုက်နိုင်တော့ပေ

"သောက်ကောင်မ နင်က ငါ့ကို ပါးရိုက်တယ်ပေါ့"

Jaeheeပြောပြီး Jennieကို ပါးပြန်ရိုက်သည်

"စနှိုက်ကြော်မ.... "

Jennie ပြန်ဆဲပြီး Jaehee ဆံပင်ကို ဆောင့်ဆွဲသည်

Companyထဲ ဝန်ထမ်းတွေ ရှေ့တွင် Jennieနဲ့ Jaeheeမှာ Jisoo ကြောင့် တစ်ယောက်ဆံပင်တစ်ယောက်ဆောင့်ဆွဲ တစ်ယောက်ကိုတစ်ယောက်ကုတ်ဖဲ့ရင်း လုံးသတ်နေကြသည်

"CEO Kim CEO. ..."

Jisoo သူမရုံးခန်းတံခါးခေါက်သံကြောင့် ဝင်လာခိုင်းလိုက်သည်

"ဝင်ခဲ့ပါ...."

"CEO Kim ပြဿနာတော့ တက်နေတယ် "

"ဟမ် ဘာဖြစ်တာလည်း '

"အပြင်ဘက်မှာ CEOရဲ့ အတွင်းရေးမှူး ရန်ဖြစ်နေတယ် "

"ဘာ..."

Jisooမှာ လုပ်လက်စ အလုပ်ကို ထားခဲ့ပြီး ရုံးခန်းထဲက အမြန်ပြေးထွက်သွားသည်

#TBC

#Zawgyi

"New love team ဟုတ္လား "


"Ji "












"Ahh fuck itttt "





"Jisoo "


"ဘာလည်း "













"ပါးစပ်ပိတ်ထား "

























Jennieကတော့ နေ့လည် ၂နာရီခှဲပှီမို့ Jisooအတွက် မုန့်သွားဝယ်လေသည်




"ဒီသောက်ကောင်မကတော့.... "


"Jisoo မုန့်ရပြီ "







ဖြန်း






"စနှိုက်ကြော်မ.... "



"CEO Kim CEO. ..."


"ဝင်ခဲ့ပါ...."


"ဟမ် ဘာဖြစ်တာလည်း '


"ဘာ..."


Bạn đang đọc truyện trên: Truyen3h.Co