Truyen3h.Co

CEO Kim

Part 8

KimFany059

#Unicode

Jennieတို့ ရန်ဖြစ်နေတဲ့နေရာကို ရောက်တော့ Jaeheeရဲ့ ဆံပင်ကိုဆွဲနေတဲ့ Jennie ကို Jisoo တွေ့ရသည်

Jisooမှာ လူအုပ်ထဲ ဝင်သွားပြီး

"တော်သင့်ပြီ "

Jisoo အသံကြောင့် တစ်ယောက်ကိုတစ်ယောက် ဆံပင်ဆောင့်ဆွဲနေကြတဲ့ ကောင်မလေးနှစ်ယောက်မှာ ရပ်သွားသည်

Jaehee မှာ Jisooကိုလည်း မြင်ရော စပြီး ငိုပါလေရော....Jennie ကတော့ ဒီတိုင်းရပ်ပြီး Jisoo ကို ကြည့်နေသည်

"ဘာဖြစ်နေကြတာလည်း "

Jisoo စိတ်ထိန်းပြီး ဖရိုဖရဲနဲ့ ဖြစ်နေကြတဲ့ နှစ်ယောက်ကို မေးလိုက်သည်

"တို့ တို့က သူ့ကို ဒီတိုင်းလေး စကားပြောတာကို သူက ပါးလာရိုက်တာ သူ ဘာလို့ အဲ့လိုလုပ်တာလည်းမသိဘူး တို့ကို ခွေးမလို့လည်း ခေါ်သေးတယ် "

Jaeheeက ငိုပြီးပြောပေမယ့် Jennie ကတော့ ခပ်တည်တည်ပင်

Jisooမှာ Jaeheeပြောတာကို ယုံသင့်မယုံသင့် စဥ်းစားနေသည်

Jisoo စိတ်ရှုပ်လာလို့ အနားမှာ ရှိတဲ့ ဝန်ထမ်းတွေကို မေးလိုက်သည်

"ဘယ်သူအရင် စလုပ်တာလည်း တွေ့လိုက်ကြလား "

Jisoo မေးခွန်းကြောင့် ဝန်ထမ်းတွေမှာ ဖြေသင့်မဖြေသင့် ကြောက်နေကြသည်

"ကျွန်... ကျွန်တော် မြင်လိုက်ပါတယ် Miss Jaeheeက ဒီတိုင်းလေး စကားပြောတာကို Miss Jennieက ပါးရိုက်လိုက်တာပါ "

ဝန်ထမ်းတစ်ယောက်ရဲ့ စကားကြောင့် Jisooမှာ Jennieကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်

"သူပြောတာ ဟုတ်လား "

Jisoo မေးပေမယ့် Jennieက ဘာမှမဖြေဘဲ တိတ်ဆိတ်နေသည်

"သူပြောတာ မှန်လားလို့ ငါ မင်းကို မေးနေတယ်လေ "

တိတ်ဆိတ်နေတဲ့ Jennieကြောင့် Jisoo စိတ်တိုလာပြီး Jennieရဲ့ လက်မောင်းကို ဆောင့်ဆွဲလိုက်သည်

"အာ့...  "

Jennie နာပြီး အော်လိုက်ပေမယ့် Jisooက ဂရုမစိုက်ပေ

ဝန်ထမ်းတွေမှာလည်း အရမ်း စိတ်တိုနေတဲ့
Jisooကို ကြည့်ပြီး ကြောက်နေကြသည်

Jaeheeကတော့ Jennieကို မဲ့ပြုံးပြုံးပြီး ကြည့်နေသည်

Jennie မျက်လုံးကနေ မျက်ရည်ကျလာတာ မြင်လိုက်ရတော့ Jisoo သူ့ကိုယ်သူ စိတ်တိုသွားပြန်သည်

"CEO ယုံချင်တဲ့စကားသာ ယုံလိုက်တော့ ...."

Jennie စကားကြောင့် Jisoo ပိုစိတ်ရှုပ်ပြီး Jennieရဲ့ လက်မောင်းကို ပိုလို့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်

"အဲ့တာကြောင့် ငါ မင်းကို သောက်မေးခွန်းတွေ မေး...."

Jisoo စကားမဆုံးသေး တစ်စုံတစ်ယောက်က သူမကို Jennie ဆီကနေ အဝေးကို တွန်းလိုက်သည်

"တော်သင့်ပြီ....."

Jennieမှာ သူမကို ညင်ညင်သာသာနဲ့ လာတွဲတဲ့ သူကိုကြည့်လိုက်သောအခါ

"Joo joohyunie. ..."

Jennie ပြောရင်း Joohyun လက်ထဲ လဲကျသွားလေသည်

"Mandu... Jennie. ....Jennie "

Jennie လဲကျသွားလို့ Joohyun စိတ်ပူပြီး အမြန်ပွေ့ထူလိုက်သည်

Jisooကလည်း သူ့ရှေ့တွင် လဲကျသွားသော Jennie ကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်

Joohyunမှာ Jisooကို မျက်စောင်းထိုးပြီး Jennieကို တွဲကာ Company နားက ဆေးခန်းသို့ ခေါ်သွားလေသည်

"သူ အဆင်ပြေရဲ့လား ဆရာ "

"ပြေပါတယ်....ခဏအနားယူလိုက်ရင် သက်သာသွားမှာပါ "

Jennie သတိရလာလာချင်း Joohyun က သူမဘေးနားရပ်နေတာကို တွေ့ရလေသည်

Jennie အိပ်ရာက ထမယ်လုပ်တော့ Joohyunက ကူညီပေးသည်

"Hey ဂရုစိုက်လေ ဖြေးဖြေး "

Jennieမှာ Joohyun စကားကြောင့် ရယ်လိုက်မိသည်

"Jen အဆင်ပြေပါတယ် Joohyunရ "

Jennieပြောရင်း ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်တော့ သူမ ဆေးခန်းတစ်ခုကို ရောက်နေမှန်း သိလိုက်ရသည်

"Jen ဘာလို့ ဒီရောက်နေတာလည်း "

Jennie မှာ ဘာဖြစ်သွားမှန်း မသိပေ သူမ မှတ်မိတာက Jaeheeနဲ့ ရန်ဖြစ်ပြီး Jisoo ရောက်လာပြီး သူမကို အော်တဲ့ အကြောင်းပင်....

"မင်း သတိမေ့သွားတာလေ "

Joohyun စကားကြောင့် Jennie အံ့သြသွားတယ်

"ဟင် ဟုတ်လား အခု ဘယ်အချိန် ရှိပြီလည်း "

Jennie ဆေးခန်းက နာရီကို ကြည့်လိုက်သည် သူမ အခုထိ အလုပ်ချိန်မပြီးသေးဘူးလေ

"ညနေ ခြောက်နာရီခွဲပြီ Jen. ...မင်း နှစ်နာရီကျော်လောက် အိပ်ပျော်သွားတာ  "

Joohyunရဲ့ စကားကြောင့် Jennie မျက်လုံးပြူးသွားသည်

"ဟင် မဟုတ်သေးပါဘူး Jen ပြန်သွားရမယ် "

Jennie ကုတင်ပေါ်က ဆင်းမယ်လုပ်တော့ Joohyunက Jennie ကို တားသည်

"ဘာမှမဖြစ်ပါဘူး Jennieရယ် ငါ Jisooကို ပြောပြီးပြီ သူကလည်း မင်းကို အေးဆေးနားခိုင်းပါတယ် "

Joohyunပြောပြီး ထိုင်လိုက်ကာ ကုတင်ပေါ်တွင် မြေကြီးနဲ့မထိဘဲ တွဲလောင်းကျနေတဲ့ Jennie ခြေထောက်လေးကို ကိုင်ပြီး ဖိနပ်စီးပေးလိုက်သည်

"ဒါပေမယ့်...."

"ဒါပေမယ့်တွေ မလိုချင်ဘူး လာ အိမ်ပြန်ရအောင် ငါလိုက်ပို့ပေးမယ် "

Jennieမှာ Joohyunကို အားနာပေမယ့် Joohyunက ဇွတ်ကားပေါ် ဆွဲခေါ်လို့ ပါသွားသည်

"နင်လေ ငါ့လက်ထဲ လဲကျသွားတော့ အရမ်းစိတ်ပူသွားတာ သေမလိုဘဲ.....ငါ့မယ် အမြန်တွဲပြီး company အနီးနားက ဆေးခန်းကို ခေါ်သွားရတယ်"

Joohyunက ကားမောင်းရင်း ပြောနေသလို Jennieကလည်း ညနေက ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြန်တွေးနေသည်

ရုတ်တရက် Jennie ဝမ်းနည်းလာသည်....ဘာလို့ဆို Jisooက ဝန်ထမ်းတွေ အားလုံးရှေ့မှာ သူမကို အော်ခဲ့တာလေ .....

Jisooက သူမကို စိတ်တိုပြီး စိတ်ပျက်တဲ့အကြည့်တွေနဲ့ ကြည့်နေတုံး Joohyunရောက်လာလို့ တော်သေးသည်

"Jen ပြောတဲ့နေရာ ရောက်ပြီ "

Joohyun ပြောပြီး ကားရပ်လိုက်သည်

"ကျေးဇူးတင်ပါတယ် Joohyunie ...Joohyunie အပေါ် အကြွေးတွေ အများကြီး တင်သွားပြီ "

"ရပါတယ် Jen ရ.....အကယ်၍ မနက်ဖြန် မသက်သာဘူးဆို အလုပ်မလာနဲ့လေ ငါ Jisooကို ပြောပေးမယ် "

"ရပါတယ် Jen လာမှာပါ "

"ကောင်းပြီလေ ဒါဆိုလည်း မနက်ဖြန်ကျမှ တွေ့မယ်နော် bye Jen "

Jennieကို နှုတ်ဆက်ပြီး Joohyun ထွက်သွားသည်

Jennie အိမ်ထဲ ဝင်ပြီး ရေချိုးကာ အဝတ်အစားလဲနေသည်

Night cream လိမ်းနေရင်း သူမ မျက်နှာတွင် လက်သည်းခြစ်ရာကို တွေ့ရတဲ့အပြင် Jaehee လက်ချက်ကြောင့် သူမ ပါးတစ်ဖက်က ယောင်ကိုင်းနေတာကို တွေ့လိုက်ရသည်

"သောက်ကောင်မကတော့ အဲ့နေရာမှာဘဲ သူ့ကို အသေသတ်လိုက်ရမှာ...."

Jennie ကျိန်ဆဲပြီး ညစာစားဖို့ ခေါက်ဆွဲပြုတ်လေသည်

#Tbc

#zawgyi



"တော်သင့်ပြီ "



"ဘာဖြစ်နေကြတာလည်း "










"သူပြောတာ ဟုတ်လား "




"အာ့...  "









"တော်သင့်ပြီ....."


"Joo joohyunie. ..."


"Mandu... Jennie. ....Jennie "




"သူ အဆင်ပြေရဲ့လား ဆရာ "










"မင်း သတိမေ့သွားတာလေ "










"ဒါပေမယ့်...."











"ရပါတယ် Jen လာမှာပါ "







#Tbc

Bạn đang đọc truyện trên: Truyen3h.Co