Truyen3h.Co

Char Tate

Part 9

KimFany059

#Unicode

Winterတို့ Ningningတို့ကို လိုက်ရှာရင်း အာတာပူစီမုန့်တွေကို တွေ့ပြီး Winterမှာ Karina လက်ကို လှမ်းဆွဲလိုက်သည်

"Wae ချာတိတ်...."

"အာတာပူစီ စားချင်လို့ "

"ဟုတ်ပါပြီ ဝယ်ကျွေးပါမယ် "

Karina လည်း အာတာပူစီဝယ်ပြီး Winterကို ပေးလေသည်

ထို့နောက် အာတာပူစီ စားရင်း Ningningတို့ကို လိုက်ရှာကြရင်း ပြိုင်ကား မောင်းနေကြတဲ့ Ningningတို့ကို တွေ့ရသည်

Karinaလည်း ခုံတန်းရှည်လေးမှာ ထိုင်ရင်း Giselleတို့ကို စောင့်နေသည်

Winterလည်း Karina ဘေးနား ဝင်ထိုင်လိုက်သည်

Winterမှာ Karinaကို စကားပြောမလို့ရှိသေး Karina ဆီက ဖုန်းမြည်သံကြားရသောကြောင့် အာတာပူစီတာ ဆက်စားနေလိုက်သည်

Karinaမှာ ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ဖုန်းခေါ်သူက သူမရဲ့ Ex ဖြစ်နေသည်

Karina ဖုန်းကို silent လုပ်လိုက်ပြီး သက်ပြင်းချလိုက်သည်

ဘာလို့ ဖုန်းဆက်နေရတာလည်း Yuu Chanရယ်

Karinaဆီက သက်ပြင်းချသံကြားတော့ တစ်ခုခုဖြစ်နေမှန်း Winterသိပြီး သူမလက်ထဲက အာတာပူစီလေးကို ဖဲ့လိုက်သည်

"အာ..."

အာတာပူစီ ပန်းရောင်လေး သူမ ပါးစပ်နားရောက်လာလို့ Karina ကြည့်လိုက်တော့ Winter က သူမကို ပြုံးပြီး အာတာပူစီလေးကို မျက်စပစ်ပြနေသည်

"စားလေ စိတ်ရှုပ်နေတာမလား အချိုစားပေးရင် ပျောက်တယ် ရော့ "

Karinaရဲ့ ပါးစပ်ထဲ အာတာပူစီ ထိုးကျွေးရင်း Winter ပြောလိုက်သည်

"ကျေးဇူးတင်ပါတယ် ချာတိတ်..."

"ရပါတယ်....စိတ်ညစ်စရာရှိရင် အချိုများများစား သက်ပြင်းချည်း လှိမ့်ချမနေနဲ့ အဘွားအိုပေါက်စဖြစ်လာမယ် "

"ဟာ ချာတိတ်နော်..."

Winter စလိုက်လို့ နှုတ်ခမ်းထော်ကာ ရန်ပြန်လုပ်တဲ့ Karinaကို ကြည့်ပြီး Winter သဘောကျလို့ ရယ်လိုက်သည်

"စတာပါ မ ရဲ့ ....မ စိတ်ညစ်နေမှန်းသိလို့ ကစားကွင်းကို ခေါ်လာပါတယ်ဆို ဘယ်သူက ဖုန်းဆက်ပြီး  စိတ်ညစ်အောင် လုပ်ပြန်တာလည်း "

"ဟူး.... တို့ရဲ့ ရည်းစားဟောင်းလေ....."

"ဟင် ပြတ်သွားပြီကို သူက ဘာလို့ဖုန်းဆက်ရတာလည်း...."

"မသိပါဘူး ချာတိတ်ရယ် ..."

"ထပ်ပြီး မကို အဆက်အသွယ်မလုပ်နိုင်အောင် မမှာ ချစ်သူရှိနေပြီလို့ ပြောလိုက် "

"ဘယ်မှာလည်း တို့ ချစ်သူက "

"ဒီမှာလေ..."

Winter တစ်ယောက် သူမရင်ဘတ်ကို သူမပုတ်ပြပြီး ပြောတော့ Karina ရှက်သွားသည်

Winter ဆက်ပြီး ပြောမလို့ရှိသေး Ningning တို့ ရောက်လာသောကြောင့် ငြိမ်လိုက်ရသည်

"သေနတ်ပစ်လို့ပြီးပြီလား Karina shii ရှင်တို့ နှစ်ယောက်တည်းတစ်မ္ဘာဖြစ်နေလို့ ကျွန်မတို့ ပြိုင်ကားလာမောင်းနေတာ "

နဂိုကမှ Winterကြောင့် Karina ရှက်နေပါသည်ဆိုမှ Giselleရဲ့ စကားကြောင့် Karina ပိုရှက်နေရပြန်သည်

"Karina နင့်မျက်နှာကလည်း နီရဲလို့ ဘာဖြစ်တာလည်း "

"ဟို နေပူတော့ မျက်နှာပူလာတာနေမယ် Giselle  "

"သူ့ဘာသာသူနေနေတဲ့ နေကို လွှဲချပြန်ပြီ "

Ningningရဲ့ စကားကြောင့် Giselleမှာ ရယ်ချင်စိတ်ကို ထိန်းထားရသည်

Winterတို့ ကစားကွင်းတွင် ဆော့ကစားပြီး နေ့လည်စာစားပြီးနောက် အိမ်ကိုပြန်လာကြသည်

"ချာတိတ် ဒီနေ့ညတော့ စာလာမလုပ်နဲ့တော့နော် အိမ်မှာဘဲ အေးဆေးနားနေလိုက်ပါ တစ်နေကုန်ပင်ပန်းထားတော့ ညကျ အိပ်ချင်နေမှာ "

"ဟုတ် မမ see youနော် "

"Ok ချာတိတ် see you "

Winrinaတို့ တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ပြီး အိမ်ထဲဝင်သွားကြသည်

"What do i call you. .you are my Starlight "

သီချင်းလေး ညည်းပြီး အိမ်ထဲ ဝင်လာတဲ့ Winterကို Taeyeon ကြည့်ရင်း ပြုံးနေသည်

"သီချင်းတွေဘာတွေ ညည်းလို့...တော်တော်ပျော်ခဲ့တဲ့ပုံဘဲ Minjeong "

"ဟုတ်တယ် ဟီး..... အခု သူ့ချစ်သူနဲ့ ပြတ်သွားပြီဆိုတော့ မမကို Chaw ရအောင်လိုက်မယ် Daddy. ..."

"Fighting Minjeong. ..."

"ကလေးကို အတက်ကောင်းတွေ သင်ပေးပြန်ပြီ Kim Taeyeon shii "

Tiffanyရဲ့ အသံကြောင့် Taeyeon လန့်သွားသည်

"အာ မဟုတ်ပါဘူး စာသေချာလုပ် Fighting လို့ ပြောတာ "

"ဟင်းဟင်း အတတ်ကောင်းတွေ သင်ပေးနေ "

Taeyeonရဲ့ လက်မောင်းကို ဆွဲလိမ်ပြီး Tiffany သူ့အခန်းထဲ ပြန်ဝင်သွားသည်

တစ်ဖက်က Karinaကလည်း ရေချိုးရင်း Winter ကို နမ်းလိုက်တဲ့ သူမရဲ့ နှုတ်ခမ်းကို ပြန်ကိုင်ကြည့်ရင်း အတွေးလွန်နေသည်

"အာ ငါ ဘာတွေလုပ်ခဲ့တာလည်း Jiminရေ စိတ်ထိန်း ရည်းစားနဲ့ပြတ်တာမကြာသေးဘူး ဘာတွေဖြစ်နေတာလည်း "

Karina သူ့ကိုယ်သူ ပြန်ရိုက်ပြီး သတိပေးလိုက်ပေမယ့် Winterနဲ့ ကစားကွင်းမှာ ပျော်ခဲ့တဲ့ အကြောင်းတွေ ပြန်တွေးမိနေသည်

"Karinaလေးရေ ဒီနေ့လည်း Winterကို ကျောင်းခေါ်သွားပေးလို့ရမလား Aunty Company meeting ရှိလို့ "

ဥာဏ်နီဥာဏ်နက်များလွန်းတဲ့ Taeyeonကို ကြည့်ပြီး Winter ဂုဏ်ယူမိနေသည်

"Gomawo Daddy.. Daddy is the best "

Winter စိတ်ထဲကနေ သူမ Daddy ကို ကျေးဇူးတင်စကားပြောလိုက်သည်

"ဟုတ် ရပါတယ် ချာတိတ်...လာ "

Karinaတို့ ရေဒီယိုက ဖွင့်တဲ့ သီချင်းတွေ လိုက်ဆိုရင်း ကျောင်းကို မောင်းလာစဥ် ကျောင်းနားကို ရောက်တော့ Karina ကားကို ဘရိတ်အုပ်လိုက်သည်

"Wae မမ ဘာဖြစ်လို့လည်း "

Karinaက မျက်မှောင်ကြုတ်ပြီး ရှေ့ကိုကြည့်နေလို့ Karinaရဲ့ မျက်နှာကို ကြည့်ရင်း သီချင်းဆိုလာတဲ့ Winterမှာ ဘာဖြစ်လို့လည်းဆိုပြီး ရှေ့ကို ကြည့်လိုက်တော့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ကားရှေ့ရပ်နေတဲ့ ကောင်မလေးကို တွေ့လိုက်ရသည်

"မမ သူက ဘယ်သူလည်း "

"တို့ ရည်းစားဟောင်း "

Karinaရဲ့ စကားကြောင့် Winter လန့်သွားတယ်

တီ...တီ...

Karinaမှာ ရှေ့ကနေ ဖယ်ပေးဖို့ ဟွန်းတီးပေမယ့် Yuu Chanမှာ ဖယ်မပေးဘဲ ပေကပ်ရပ်နေသည်

Karina သက်ပြင်းချပြီး

"ချာတိတ် ခဏနော် သူ တို့နဲ့ စကားပြောချင်နေတာထင်တယ် ဖယ်ခိုင်းလိုက်အုံးမယ် "

Karina ခါးပတ်ကိုဖြုတ်တော့ Winter မှာ Karina လက်ကို ကိုင်လိုက်သည်

"တစ်ခုခုဆို လက်လှမ်းပြလိုက် chaw ဆင်းလာခဲ့မယ် "

Karina ခေါင်းညိတ်ပြပြီး ကားပေါ်က ဆင်းသွားတော့ Winter သက်ပြင်းချလိုက်သည်

ကိုယ်ချစ်တဲ့သူကို သူချစ်ခဲ့တဲ့သူနဲ့ တွေ့လိုက်ရတာဟာ Winter ရဲ့ ရင်ထဲကို ပူလောင်စေပါတယ်....

#Tbc

ခွေးရူးတွေက မြင်သမျှလိုက်ကိုက်နေကြတာမို့ အားလုံးဘဲ အစစအရာရာ ဂရုစိုက်ကြပါ ကျွန်တော်တို့ မကြာခင် နိုင်တော့မှာပါ အားလုံးဘဲ အားတင်းထားကြပါ ကျဆုံးသွားတဲ့ သူရဲကောင်းတွေည်း ကောင်းရာဘုံကို ရောက်သွားကြမှာပါ

#Zawgyi

Winterတို႔ Ningningတို႔ကို လိုက္ရွာရင္း အာတာပူစီမုန့္ေတြကို ေတြ႕ၿပီး Winterမွာ Karina လက္ကို လွမ္းဆြဲလိုက္သည္

"Wae ခ်ာတိတ္...."

"အာတာပူစီ စားခ်င္လို႔ "

"ဟုတ္ပါၿပီ ဝယ္ေကြၽးပါမယ္ "

Karina လည္း အာတာပူစီဝယ္ၿပီး Winterကို ေပးေလသည္

ထို႔ေနာက္ အာတာပူစီ စားရင္း Ningningတို႔ကို လိုက္ရွာၾကရင္း ၿပိဳင္ကား ေမာင္းေနၾကတဲ့ Ningningတို႔ကို ေတြ႕ရသည္

Karinaလည္း ခုံတန္းရွည္ေလးမွာ ထိုင္ရင္း Giselleတို႔ကို ေစာင့္ေနသည္

Winterလည္း Karina ေဘးနား ဝင္ထိုင္လိုက္သည္

Winterမွာ Karinaကို စကားေျပာမလို႔ရွိေသး Karina ဆီက ဖုန္းျမည္သံၾကားရေသာေၾကာင့္ အာတာပူစီတာ ဆက္စားေနလိုက္သည္

Karinaမွာ ဖုန္းဝင္လာလို႔ ၾကည့္လိုက္ေတာ့ ဖုန္းေခၚသူက သူမရဲ႕ Ex ျဖစ္ေနသည္

Karina ဖုန္းကို silent လုပ္လိုက္ၿပီး သက္ျပင္းခ်လိဳက္သည္

ဘာလို႔ ဖုန္းဆက္ေနရတာလည္း Yuu Chanရယ္

Karinaဆီက သက္ျပင္းခ်သံၾကားေတာ့ တစ္ခုခုျဖစ္ေနမွန္း Winterသိၿပီး သူမလက္ထဲက အာတာပူစီေလးကို ဖဲ့လိုက္သည္

"အာ..."

အာတာပူစီ ပန္းေရာင္ေလး သူမ ပါးစပ္နားေရာက္လာလို႔ Karina ၾကည့္လိုက္ေတာ့ Winter က သူမကို ၿပဳံးၿပီး အာတာပူစီေလးကို မ်က္စပစ္ျပေနသည္

"စားေလ စိတ္ရႈပ္ေနတာမလား အခ်ိဳစားေပးရင္ ေပ်ာက္တယ္ ေရာ့ "

Karinaရဲ႕ ပါးစပ္ထဲ အာတာပူစီ ထိုးေကြၽးရင္း Winter ေျပာလိုက္သည္

"ေက်းဇူးတင္ပါတယ္ ခ်ာတိတ္..."

"ရပါတယ္....စိတ္ညစ္စရာရွိရင္ အခ်ိဳမ်ားမ်ားစား သက္ျပင္းခ်ည္း လွိမ့္ခ်မေနနဲ႕ အဘြားအိုေပါက္စျဖစ္လာမယ္ "

"ဟာ ခ်ာတိတ္ေနာ္..."

Winter စလိုက္လို႔ ႏႈတ္ခမ္းေထာ္ကာ ရန္ျပန္လုပ္တဲ့ Karinaကို ၾကည့္ၿပီး Winter သေဘာက်လိဳ႕ ရယ္လိုက္သည္

"စတာပါ မ ရဲ႕ ....မ စိတ္ညစ္ေနမွန္းသိလို႔ ကစားကြင္းကို ေခၚလာပါတယ္ဆို ဘယ္သူက ဖုန္းဆက္ၿပီး  စိတ္ညစ္ေအာင္ လုပ္ျပန္တာလည္း "

"ဟူး.... တို႔ရဲ႕ ရည္းစားေဟာင္းေလ....."

"ဟင္ ျပတ္သြားၿပီကို သူက ဘာလို႔ဖုန္းဆက္ရတာလည္း...."

"မသိပါဘူး ခ်ာတိတ္ရယ္ ..."

"ထပ္ၿပီး မကို အဆက္အသြယ္မလုပ္နိုင္ေအာင္ မမွာ ခ်စ္သူရွိေနၿပီလို႔ ေျပာလိုက္ "

"ဘယ္မွာလည္း တို႔ ခ်စ္သူက "

"ဒီမွာေလ..."

Winter တစ္ေယာက္ သူမရင္ဘတ္ကို သူမပုတ္ျပၿပီး ေျပာေတာ့ Karina ရွက္သြားသည္

Winter ဆက္ၿပီး ေျပာမလို႔ရွိေသး Ningning တို႔ ေရာက္လာေသာေၾကာင့္ ၿငိမ္လိုက္ရသည္

"ေသနတ္ပစ္လို႔ၿပီးၿပီလား Karina shii ရွင္တို႔ ႏွစ္ေယာက္တည္းတစ္မၻာျဖစ္ေနလို႔ ကြၽန္မတို႔ ၿပိဳင္ကားလာေမာင္းေနတာ "

နဂိုကမွ Winterေၾကာင့္ Karina ရွက္ေနပါသည္ဆိုမွ Giselleရဲ႕ စကားေၾကာင့္ Karina ပိုရွက္ေနရျပန္သည္

"Karina နင့္မ်က္ႏွာကလည္း နီရဲလို႔ ဘာျဖစ္တာလည္း "

"ဟို ေနပူေတာ့ မ်က္ႏွာပူလာတာေနမယ္ Giselle  "

"သူ႕ဘာသာသူေနေနတဲ့ ေနကို လႊဲခ်ျပန္ၿပီ "

Ningningရဲ႕ စကားေၾကာင့္ Giselleမွာ ရယ္ခ်င္စိတ္ကို ထိန္းထားရသည္

Winterတို႔ ကစားကြင္းတြင္ ေဆာ့ကစားၿပီး ေန႕လည္စာစားၿပီးေနာက္ အိမ္ကိုျပန္လာၾကသည္

"ခ်ာတိတ္ ဒီေန႕ညေတာ့ စာလာမလုပ္နဲ႕ေတာ့ေနာ္ အိမ္မွာဘဲ ေအးေဆးနားေနလိုက္ပါ တစ္ေနကုန္ပင္ပန္းထားေတာ့ ညက် အိပ္ခ်င္ေနမွာ "

"ဟုတ္ မမ see youေနာ္ "

"Ok ခ်ာတိတ္ see you "

Winrinaတို႔ တစ္ေယာက္ကို တစ္ေယာက္ ႏႈတ္ဆက္ၿပီး အိမ္ထဲဝင္သြားၾကသည္

"What do i call you. .you are my Starlight "

သီခ်င္းေလး ညည္းၿပီး အိမ္ထဲ ဝင္လာတဲ့ Winterကို Taeyeon ၾကည့္ရင္း ၿပဳံးေနသည္

"သီခ်င္းေတြဘာေတြ ညည္းလို႔...ေတာ္ေတာ္ေပ်ာ္ခဲ့တဲ့ပုံဘဲ Minjeong "

"ဟုတ္တယ္ ဟီး..... အခု သူ႕ခ်စ္သူနဲ႕ ျပတ္သြားၿပီဆိုေတာ့ မမကို Chaw ရေအာင္လိုက္မယ္ Daddy. ..."

"Fighting Minjeong. ..."

"ကေလးကို အတက္ေကာင္းေတြ သင္ေပးျပန္ၿပီ Kim Taeyeon shii "

Tiffanyရဲ႕ အသံေၾကာင့္ Taeyeon လန့္သြားသည္

"အာ မဟုတ္ပါဘူး စာေသခ်ာလုပ္ Fighting လို႔ ေျပာတာ "

"ဟင္းဟင္း အတတ္ေကာင္းေတြ သင္ေပးေန "

Taeyeonရဲ႕ လက္ေမာင္းကို ဆြဲလိမ္ၿပီး Tiffany သူ႕အခန္းထဲ ျပန္ဝင္သြားသည္

တစ္ဖက္က Karinaကလည္း ေရခ်ိဳးရင္း Winter ကို နမ္းလိုက္တဲ့ သူမရဲ႕ ႏႈတ္ခမ္းကို ျပန္ကိုင္ၾကည့္ရင္း အေတြးလြန္ေနသည္

"အာ ငါ ဘာေတြလုပ္ခဲ့တာလည္း Jiminေရ စိတ္ထိန္း ရည္းစားနဲ႕ျပတ္တာမၾကာေသးဘူး ဘာေတြျဖစ္ေနတာလည္း "

Karina သူ႕ကိုယ္သူ ျပန္ရိုက္ၿပီး သတိေပးလိုက္ေပမယ့္ Winterနဲ႕ ကစားကြင္းမွာ ေပ်ာ္ခဲ့တဲ့ အေၾကာင္းေတြ ျပန္ေတြးမိေနသည္

"Karinaေလးေရ ဒီေန႕လည္း Winterကို ေက်ာင္းေခၚသြားေပးလို႔ရမလား Aunty Company meeting ရွိလို႔ "

ဥာဏ္နီဥာဏ္နက္မ်ားလြန္းတဲ့ Taeyeonကို ၾကည့္ၿပီး Winter ဂုဏ္ယူမိေနသည္

"Gomawo Daddy.. Daddy is the best "

Winter စိတ္ထဲကေန သူမ Daddy ကို ေက်းဇူးတင္စကားေျပာလိုက္သည္

"ဟုတ္ ရပါတယ္ ခ်ာတိတ္...လာ "

Karinaတို႔ ေရဒီယိုက ဖြင့္တဲ့ သီခ်င္းေတြ လိုက္ဆိုရင္း ေက်ာင္းကို ေမာင္းလာစဥ္ ေက်ာင္းနားကို ေရာက္ေတာ့ Karina ကားကို ဘရိတ္အုပ္လိုက္သည္

"Wae မမ ဘာျဖစ္လို႔လည္း "

Karinaက မ်က္ေမွာင္ၾကဳတ္ၿပီး ေရွ႕ကိုၾကည့္ေနလို႔ Karinaရဲ႕ မ်က္ႏွာကို ၾကည့္ရင္း သီခ်င္းဆိုလာတဲ့ Winterမွာ ဘာျဖစ္လို႔လည္းဆိုၿပီး ေရွ႕ကို ၾကည့္လိုက္ေတာ့ လက္ႏွစ္ဖက္ကို ဆန့္တန္းၿပီး ကားေရွ႕ရပ္ေနတဲ့ ေကာင္မေလးကို ေတြ႕လိုက္ရသည္

"မမ သူက ဘယ္သူလည္း "

"တို႔ ရည္းစားေဟာင္း "

Karinaရဲ႕ စကားေၾကာင့္ Winter လန့္သြားတယ္

တီ...တီ...

Karinaမွာ ေရွ႕ကေန ဖယ္ေပးဖို႔ ဟြန္းတီးေပမယ့္ Yuu Chanမွာ ဖယ္မေပးဘဲ ေပကပ္ရပ္ေနသည္

Karina သက္ျပင္းခ်ၿပီး

"ခ်ာတိတ္ ခဏေနာ္ သူ တို႔နဲ႕ စကားေျပာခ်င္ေနတာထင္တယ္ ဖယ္ခိုင္းလိုက္အုံးမယ္ "

Karina ခါးပတ္ကိုျဖဳတ္ေတာ့ Winter မွာ Karina လက္ကို ကိုင္လိုက္သည္

"တစ္ခုခုဆို လက္လွမ္းျပလိုက္ chaw ဆင္းလာခဲ့မယ္ "

Karina ေခါင္းညိတ္ျပၿပီး ကားေပၚက ဆင္းသြားေတာ့ Winter သက္ျပင္းခ်လိဳက္သည္

ကိုယ္ခ်စ္တဲ့သူကို သူခ်စ္ခဲ့တဲ့သူနဲ႕ ေတြ႕လိုက္ရတာဟာ Winter ရဲ႕ ရင္ထဲကို ပူေလာင္ေစပါတယ္....

#Tbc

ေခြး႐ူးေတြက ျမင္သမွ်လိုက္ကိုက္ေနၾကတာမို႔ အားလုံးဘဲ အစစအရာရာ ဂ႐ုစိုက္ၾကပါ ကြၽန္ေတာ္တို႔ မၾကာခင္ နိုင္ေတာ့မွာပါ အားလုံးဘဲ အားတင္းထားၾကပါ က်ဆဳံးသြားတဲ့ သူရဲေကာင္းေတြည္း ေကာင္းရာဘုံကို ေရာက္သြားၾကမွာပါ

Bạn đang đọc truyện trên: Truyen3h.Co