Truyen3h.Co

Char Tate

Part 3

KimFany059

#unicode

ကောလိပ်က ပြန်လာပြီးနောက် Winter တစ်ယောက် အိမ်တွင် action ကား ကြည့်ဖို့ ဇာတ်ကားရွေးနေသည်

ဇာတ်ကားရွေးပြီးနောက် မုန့်စားဖို့ မုန့် ဘီဒိုကို ဖွင့်ကြည့်တော့ သူမကြိုက်တဲ့ ချောကလက်တွေ ကုန်နေတာကို တွေ့လိုက်ရသည်

ထို့ကြောင့် လမ်းထိပ်က စတိုးဆိုင်တွင် ချောကလက် သွားဝယ်ဖို့ အောက်ထပ်ကို ဆင်းလာသည်

"Mommy Chaw ချောကလက် သွားဝယ်အုံးမယ် ဘာမှာအုံးမလည်း "

"မမှာတော့ဘူး သမီး သေချာဂရုစိုက်သွားနော် "

Fany ညစာချက်ရင်း လှမ်းအော်ပြောလိုက်သည်

"Nae. ....Daddyရော ဘာမှာအုံးမလည်း...."

Winter ဧည့်ခန်းထဲ ဂိမ်းဆော့နေတဲ့ Taeyeonကို လှမ်းမေးလိုက်သည်

"မမှာတော့ဘူး သမီး ..."

"ဒါဆို မုန့်သွားဝယ်ပါအုံးမယ်...."

Winter ခြံထဲကနေ ထွက်လာပြီး လမ်းထိပ်က စတိုးဆိုင်ကို သွားလိုက်သည်

စတိုးဆိုင်ကို သွားတဲ့လမ်းတွင် Winter တစ်ယောက် သူမရှေ့တွင် ကောင်မလေးတစ်ယောက် လမ်းကို အာရုံစိုက်မလျှောက်ဘဲ ဖုန်းကိုကြည့်ပြီး လျှောက်နေတာကို တွေ့ရသည်

နောက်ကျောဘဲ မြင်ရလို့ ဘယ်သူမှန်းမသိပေမယ့် လမ်းမပေါ်ကို အန္တရာယ် ရှိနေတာကို ဂရုမစိုက်ဘဲ ဖုန်းဆော့နေတဲ့ ကောင်မလေးကို စိတ်ထဲမှာတော့ အမြင်မကြည် ဖြစ်နေသည်

ထိုစဥ် တစ်ဖက်က အမြန်မောင်းလာတဲ့ ဆိုင်ကယ်ကြောင့် ဖုန်းကြည့်နေတဲ့ ကောင်မလေးကို တိုက်မိမှာဆိုးလို့ Winterမှာ အမြန် ပြေးသွားပြီး ဆွဲလေသည်

"Omma.  ..."

ကောင်မလေးမှာ လန့်ပြီး Winter ရင်ခွင်ထဲရောက်သွားသည်

Winter သူ့ရင်ခွင်ထဲက ကောင်မလေးကို ငုံ့ကြည့်တော့

"ချာတိတ်..."

"မမ...."

"ပိုက်ဆံကျပျောက်.."

"Yah မမကို ဆိုင်ကယ်တိုက်မှာဆိုးလို့ လှမ်းဆွဲပေးတဲ့သူဆို ထပ်ပြီး စပြန်ပြီလား "

ခြေဆောင့်ပြီး သူမကို ရန်လုပ်နေတဲ့ Winterကို ကြည့်ရင်း Karina ရယ်မိသွားသည်

"ကဲပါ တို့က စတာပါ "

Karinaမှာ Winterရဲ့ ခေါင်းလေးကို ပုတ်ပြီး ပြောလိုက်သည်

"နောက်တစ်ခါ လမ်းပေါ်ထွက်ရင် ဖုန်းကို အာရုံစိုက်ကြည့်မနေပါနဲ့ Chawသာ မကယ်ရင် မမ ဆေးရုံရောက်နေမှာ "

"ဟုတ်ပါပြီကွယ်  ဗိုက်ဆာလို့ မုန့်ထွက်ဝယ်ရင်း message ဝင်လာလို့ ကြည့်မိတာပါ ဒါနဲ့ ချာတိတ်က ဒီရပ်ကွက်ကလား "

"ဟုတ်တယ် မမ "

"Aww ဒါဆိုအတော်ဘဲ တို့ကို စတိုးဆိုင်လိုက်ပို့ပေးပါလားဟင် တို့က ဒီနေ့မှ ဒီရပ်ကွက်ကို ပြောင်းလာတာ ဘယ်နေရာဘာရှိတယ်ဆိုတာမသိဘူး Ommaက စတိုးဆိုင်နေရာပြောပြပေမယ့် ထွက်လာရင်း မေ့သွားလို့ "

"ဖြစ်ရမယ် လာ Chawလည်း မုန့်သွားဝယ်မှာရယ် Chawနောက် လိုက်ခဲ့ "

ဒီလိုနဲ့ Winter တစ်ယောက် Karina ကို စတိုးဆိုင်သို့ ခေါ်သွားသည်

Karinaနဲ့ Winterတို့ မုန့်တွေဝယ်ပြီးနောက် ပိုက်ဆံရှင်းမည့်အချိန်တွင် Karinaမှာ Winter ကို တားပြီး ပိုက်ဆံအမြန်ရှင်းလိုက်သည်

"နေ နေ တို့ ရှင်းလိုက်မယ် "

"အာ မရှင်းပါနဲ့ Chaw ဝယ်ထားတာ အများကြီးကို "

"တို့ကို ခုနက ကယ်ပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ဝယ်ကျွေးတာပါ... လက်မခံရင် တို့က စိတ်ဆိုးမှာနော် ချာတိတ် "

"အင်းပါ ဒါဆိုလည်း လက်ခံလိုက်ပါမယ်.... "

Winterတို့ စတိုးဆိုင်က ထွက်လာတော့ စတိုးဆိုင်ဘေးနားတွင် ကြောင်ပေါက်လေး နှစ်ကောင်ကို တွေ့တော့ Karinaမှာ အထုပ်တွေကို Winterဆီ ခဏပေးပြီး ကြောင်လေးတွေကို သွားကိုင်ကာပွတ်ပေးလေသည်

"ချစ်စရာလေးတွေ...."

"မမက ကြောင်ချစ်တတ်တာလား "

Winterက မေးတော့ Karinaမှာ ကြောင်လေးကို ပွေ့ချီရင်း Winterကို မော့ကြည့်ကာ ခေါင်းညိတ်ပြသည်

"ချာတိတ်ရော ကြောင်ချစ်တတ်လား "

ကြောင်မချစ်တဲ့ Kim Winterလေးမှာ ကြောင်မချစ်သော်လည်း သူချစ်သော မမက Cat person ဖြစ်သောကြောင့် လိမ်ပြောလိုက်သည်

"ဒါပေါ့ ကြောင်လေးတွေကို ချစ်တယ် "

"ဒါဆို ဒီကြောင်လေးတွေကို နာမည်ပေးရအောင်
အညိုလေးက Myoung "

"အမဲလေးက Myang "

Winter ပေးတဲ့ နာမည်ကို Karinaမှာ သဘောကျပြီး လက်မထောင်ပြလိုက်သည်

"ကဲ တာ့တာနော် ကလေးတွေရေ နောက်ခါမှ မုန့်တွေနဲ့လာတွေ့ပါမယ် "

Karinaမှာ ကြောင်လေးတွေကို နှုတ်ဆက်ပြီး Winterနဲ့အတူ အိမ်ပြန်လာသည်

"မမရဲ့ အိမ်က ဘယ်ဘက်မှာလည်း "

"ဒီကနေ တည့်တည့်သွားရင် ရောက်ပြီရယ် "

"Aww "

Winrinaတို့ ဘာမှမပြောဘဲ တိတ်ဆိတ်စွာနဲ့ လမ်းလျှောက်ကြရင်း

"ကဲ ဒါက တို့အိမ်ဘဲ ချာတိတ် ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် "

Karinaရဲ့ အိမ်ကို ကြည့်ပြီး Winter အံ့သြသွားတယ်

"ဟင် မမက Chawတို့ ဘေးအိမ်ကဘဲ '

"ဟုတ်လား ဒါဆို ဒီဘက်က ချာတိတ်ရဲ့ အိမ်ပေါ့ '

"ဟုတ်တယ် ဒါဆို နောက်ကျ လာလည်လို့ရတယ်မလား အိမ်နီးနားချင်းဘဲကို "

"ရတာပေါ့ ချာတိတ်ရ စာတွေနားမလည်တာရှိရင်လည်း တို့ကို လာမေးလေ ရှင်းပြမယ် "

"ဟုတ်ပြီ မမ ကျေးဇူးတင်ပါတယ် "

"ဒါဆို တို့ အိမ်ထဲဝင်ပြီနော် "

"Bye bye "

Winter မှာ Karinaကို နှုတ်ဆက်ပြီး သူ့အိမ်ထဲ ဝင်သွားလေသည်

Karinaဆီက သူ့အိမ်လာလည်ဖို့ ခွင့်ပြုချက်ရသွားလို့ နောက်ပိုင်း ပိုပြီး ရင်းနှီးမယ့် အခွင့်အရေးရပြီဆိုပြီး Winter တစ်ယောက် ပျော်နေသည်

"Daddy Mommy ပြန်ရောက်ပြီနော် "

"အံမယ် ပျော်လို့ ရွှင်လို့ပါလား ဘာတွေဖြစ်လာတာလည်း မုန့်ဆိုင်က အလကား မုန့်ကျွေးလိုက်လို့လား "

Taeyeonမှာ ဧည့်ခန်းထဲ  သတင်းစာဖတ်ရင်း Winterကို မေးလိုက်သည်

"ဟုတ်ပါဘူး အာ ဒါနဲ့ Daddy ခုမှ သတိရတယ် Chawကိုလေ PUBG ပစ်နည်း သင်ပေးပါလား "

Winterရဲ့ စကားကြောင့် Taeyeon အံ့သြသွားတယ်

"အံမယ် ဂိမ်းဆော့တာ စိတ်မဝင်စားတဲ့ ငါ့သမီးက ထူးထူးဆန်းဆန်း သင်ခိုင်းနေပါလားဟေ့ တစ်ခုခုတော့ တစ်ခုခုဘဲ "

"အဟီး အဲ့လိုဟုတ်ပါဘူး သူများတွေလည်း ဆော့နေကြတာဆိုတော့ Chawလည်း ဆော့ကြည့်ချင်လို့ "

"ဟုတ်ပါပြီ ညကျ သင်ပေးမယ်လေ "

"Nae Daddyသာ အကောင်းဆုံး "

Winter တစ်ယောက် သူ့Daddyကို နမ်းကာ ကလေးတစ်ယောက်လို ခုန်ပေါက်ပြီး အိမ်ပေါ်တက်သွားသည်

"Yuu Chan. ...ငယ် အိမ်ပြန်ရောက်ပြီနော် "

Karina သူ့အခန်းထဲက ကုတင်ပေါ်တွင် လှဲအိပ်လိုက်ရင်း နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ခရီးထွက်နေတဲ့ သူ့ချစ်သူဆီ message ပို့လိုက်သည်

ခုနကလည်း သူ့ချစ်သူနဲ့ စာပို့နေသောကြောင့် ဆိုင်ကယ်လာတာကို Karina မတွေ့ခဲ့တာလေ

Yuu Chan နဲ့ Karinaမှာ ချစ်သူတွေ ဖြစ်နေတာ တစ်နှစ်ကျော်ကြာပါပြီ ....

Yuu Chanဆိုတဲ့ တစ်ယောက်ဟာ Karina ထက် အသက် ၂နှစ်ကြီးပါသည်  ....

Karina ကောလိပ်ကို စတတ်တဲ့ ပထမနှစ်မှာဘဲ Yuu Chanနဲ့ တွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြတာလေ

Karinaမှာ ချစ်သူရှိမှန်းမသိသေးတဲ့ Kim Winterလေးကတော့ Karinaနဲ့ နီးစပ်ဖို့ သူမ Daddyဆီမှာ PUBGဆော့နည်း ကြိုးစားသင်ယူနေလေရဲ့

#Tbc

အားလုံးဘဲ မနက်ဖြန် အပြင်ထွက်မယ်ဆို သေနတ်,ရေကား,မျက်ရည်ယိုဗုံးတွေကို သတိထားပြီး ထွက်ကြပါနော် ပေတေမနေပါနဲ့ တစ်ခုခုဆို အရင်ပြေးပါနော် နောက်ရက်တွေအတွက်လည်း သူရဲကောင်းအဖြစ် တိုက်ပွဲဝင်ရမယ်လေ အားရှိစေမယ့် အစားအသောက်တွေစားကြပါနော် Fighting

#zawgyi

ေကာလိပ္က ျပန္လာၿပီးေနာက္ Winter တစ္ေယာက္ အိမ္တြင္ action ကား ၾကည့္ဖို႔ ဇာတ္ကားေ႐ြးေနသည္

ဇာတ္ကားေ႐ြးၿပီးေနာက္ မုန့္စားဖို႔ မုန့္ ဘီဒိုကို ဖြင့္ၾကည့္ေတာ့ သူမႀကိဳက္တဲ့ ေခ်ာကလက္ေတြ ကုန္ေနတာကို ေတြ႕လိုက္ရသည္

ထို႔ေၾကာင့္ လမ္းထိပ္က စတိုးဆိုင္တြင္ ေခ်ာကလက္ သြားဝယ္ဖို႔ ေအာက္ထပ္ကို ဆင္းလာသည္

"Mommy Chaw ေခ်ာကလက္ သြားဝယ္အုံးမယ္ ဘာမွာအုံးမလည္း "

"မမွာေတာ့ဘူး သမီး ေသခ်ာဂ႐ုစိုက္သြားေနာ္ "

Fany ညစာခ်က္ရင္း လွမ္းေအာ္ေျပာလိုက္သည္

"Nae. ....Daddyေရာ ဘာမွာအုံးမလည္း...."

Winter ဧည့္ခန္းထဲ ဂိမ္းေဆာ့ေနတဲ့ Taeyeonကို လွမ္းေမးလိုက္သည္

"မမွာေတာ့ဘူး သမီး ..."

"ဒါဆို မုန့္သြားဝယ္ပါအုံးမယ္...."

Winter ၿခံထဲကေန ထြက္လာၿပီး လမ္းထိပ္က စတိုးဆိုင္ကို သြားလိုက္သည္

စတိုးဆိုင္ကို သြားတဲ့လမ္းတြင္ Winter တစ္ေယာက္ သူမေရွ႕တြင္ ေကာင္မေလးတစ္ေယာက္ လမ္းကို အာ႐ုံစိုက္မေလွ်ာက္ဘဲ ဖုန္းကိုၾကည့္ၿပီး ေလွ်ာက္ေနတာကို ေတြ႕ရသည္

ေနာက္ေက်ာဘဲ ျမင္ရလို႔ ဘယ္သူမွန္းမသိေပမယ့္ လမ္းမေပၚကို အႏၱရာယ္ ရွိေနတာကို ဂ႐ုမစိုက္ဘဲ ဖုန္းေဆာ့ေနတဲ့ ေကာင္မေလးကို စိတ္ထဲမွာေတာ့ အျမင္မၾကည္ ျဖစ္ေနသည္

ထိုစဥ္ တစ္ဖက္က အျမန္ေမာင္းလာတဲ့ ဆိုင္ကယ္ေၾကာင့္ ဖုန္းၾကည့္ေနတဲ့ ေကာင္မေလးကို တိုက္မိမွာဆိုးလို႔ Winterမွာ အျမန္ ေျပးသြားၿပီး ဆြဲေလသည္

"Omma.  ..."

ေကာင္မေလးမွာ လန့္ၿပီး Winter ရင္ခြင္ထဲေရာက္သြားသည္

Winter သူ႕ရင္ခြင္ထဲက ေကာင္မေလးကို ငုံ႕ၾကည့္ေတာ့

"ခ်ာတိတ္..."

"မမ...."

"ပိုက္ဆံက်ေပ်ာက္.."

"Yah မမကို ဆိုင္ကယ္တိုက္မွာဆိုးလို႔ လွမ္းဆြဲေပးတဲ့သူဆို ထပ္ၿပီး စျပန္ၿပီလား "

ေျခေဆာင့္ၿပီး သူမကို ရန္လုပ္ေနတဲ့ Winterကို ၾကည့္ရင္း Karina ရယ္မိသြားသည္

"ကဲပါ တို႔က စတာပါ "

Karinaမွာ Winterရဲ႕ ေခါင္းေလးကို ပုတ္ၿပီး ေျပာလိုက္သည္

"ေနာက္တစ္ခါ လမ္းေပၚထြက္ရင္ ဖုန္းကို အာ႐ုံစိုက္ၾကည့္မေနပါနဲ႕ Chawသာ မကယ္ရင္ မမ ေဆး႐ုံေရာက္ေနမွာ "

"ဟုတ္ပါၿပီကြယ္  ဗိုက္ဆာလို႔ မုန့္ထြက္ဝယ္ရင္း message ဝင္လာလို႔ ၾကည့္မိတာပါ ဒါနဲ႕ ခ်ာတိတ္က ဒီရပ္ကြက္ကလား "

"ဟုတ္တယ္ မမ "

"Aww ဒါဆိုအေတာ္ဘဲ တို႔ကို စတိုးဆိုင္လိုက္ပို႔ေပးပါလားဟင္ တို႔က ဒီေန႕မွ ဒီရပ္ကြက္ကို ေျပာင္းလာတာ ဘယ္ေနရာဘာရွိတယ္ဆိုတာမသိဘူး Ommaက စတိုးဆိုင္ေနရာေျပာျပေပမယ့္ ထြက္လာရင္း ေမ့သြားလို႔ "

"ျဖစ္ရမယ္ လာ Chawလည္း မုန့္သြားဝယ္မွာရယ္ Chawေနာက္ လိုက္ခဲ့ "

ဒီလိုနဲ႕ Winter တစ္ေယာက္ Karina ကို စတိုးဆိုင္သို႔ ေခၚသြားသည္

Karinaနဲ႕ Winterတို႔ မုန့္ေတြဝယ္ၿပီးေနာက္ ပိုက္ဆံရွင္းမည့္အခ်ိန္တြင္ Karinaမွာ Winter ကို တားၿပီး ပိုက္ဆံအျမန္ရွင္းလိုက္သည္

"ေန ေန တို႔ ရွင္းလိုက္မယ္ "

"အာ မရွင္းပါနဲ႕ Chaw ဝယ္ထားတာ အမ်ားႀကီးကို "

"တို႔ကို ခုနက ကယ္ေပးလို႔ ေက်းဇူးဆပ္တဲ့အေနနဲ႕ ဝယ္ေကြၽးတာပါ... လက္မခံရင္ တို႔က စိတ္ဆိုးမွာေနာ္ ခ်ာတိတ္ "

"အင္းပါ ဒါဆိုလည္း လက္ခံလိုက္ပါမယ္.... "

Winterတို႔ စတိုးဆိုင္က ထြက္လာေတာ့ စတိုးဆိုင္ေဘးနားတြင္ ေၾကာင္ေပါက္ေလး ႏွစ္ေကာင္ကို ေတြ႕ေတာ့ Karinaမွာ အထုပ္ေတြကို Winterဆီ ခဏေပးၿပီး ေၾကာင္ေလးေတြကို သြားကိုင္ကာပြတ္ေပးေလသည္

"ခ်စ္စရာေလးေတြ...."

"မမက ေၾကာင္ခ်စ္တတ္တာလား "

Winterက ေမးေတာ့ Karinaမွာ ေၾကာင္ေလးကို ေပြ႕ခ်ီရင္း Winterကို ေမာ့ၾကည့္ကာ ေခါင္းညိတ္ျပသည္

"ခ်ာတိတ္ေရာ ေၾကာင္ခ်စ္တတ္လား "

ေၾကာင္မခ်စ္တဲ့ Kim Winterေလးမွာ ေၾကာင္မခ်စ္ေသာ္လည္း သူခ်စ္ေသာ မမက Cat person ျဖစ္ေသာေၾကာင့္ လိမ္ေျပာလိုက္သည္

"ဒါေပါ့ ေၾကာင္ေလးေတြကို ခ်စ္တယ္ "

"ဒါဆို ဒီေၾကာင္ေလးေတြကို နာမည္ေပးရေအာင္
အညိုေလးက Myoung "

"အမဲေလးက Myang "

Winter ေပးတဲ့ နာမည္ကို Karinaမွာ သေဘာက်ၿပီး လက္မေထာင္ျပလိုက္သည္

"ကဲ တာ့တာေနာ္ ကေလးေတြေရ ေနာက္ခါမွ မုန့္ေတြနဲ႕လာေတြ႕ပါမယ္ "

Karinaမွာ ေၾကာင္ေလးေတြကို ႏႈတ္ဆက္ၿပီး Winterနဲ႕အတူ အိမ္ျပန္လာသည္

"မမရဲ႕ အိမ္က ဘယ္ဘက္မွာလည္း "

"ဒီကေန တည့္တည့္သြားရင္ ေရာက္ၿပီရယ္ "

"Aww "

Winrinaတို႔ ဘာမွမေျပာဘဲ တိတ္ဆိတ္စြာနဲ႕ လမ္းေလွ်ာက္ၾကရင္း

"ကဲ ဒါက တို႔အိမ္ဘဲ ခ်ာတိတ္ ဒီေန႕အတြက္ ေက်းဇူးတင္ပါတယ္ "

Karinaရဲ႕ အိမ္ကို ၾကည့္ၿပီး Winter အံ့ၾသသြားတယ္

"ဟင္ မမက Chawတို႔ ေဘးအိမ္ကဘဲ '

"ဟုတ္လား ဒါဆို ဒီဘက္က ခ်ာတိတ္ရဲ႕ အိမ္ေပါ့ '

"ဟုတ္တယ္ ဒါဆို ေနာက္က် လာလည္လို႔ရတယ္မလား အိမ္နီးနားခ်င္းဘဲကို "

"ရတာေပါ့ ခ်ာတိတ္ရ စာေတြနားမလည္တာရွိရင္လည္း တို႔ကို လာေမးေလ ရွင္းျပမယ္ "

"ဟုတ္ၿပီ မမ ေက်းဇူးတင္ပါတယ္ "

"ဒါဆို တို႔ အိမ္ထဲဝင္ၿပီေနာ္ "

"Bye bye "

Winter မွာ Karinaကို ႏႈတ္ဆက္ၿပီး သူ႕အိမ္ထဲ ဝင္သြားေလသည္

Karinaဆီက သူ႕အိမ္လာလည္ဖို႔ ခြင့္ျပဳခ်က္ရသြားလို႔ ေနာက္ပိုင္း ပိုၿပီး ရင္းႏွီးမယ့္ အခြင့္အေရးရၿပီဆိုၿပီး Winter တစ္ေယာက္ ေပ်ာ္ေနသည္

"Daddy Mommy ျပန္ေရာက္ၿပီေနာ္ "

"အံမယ္ ေပ်ာ္လို႔ ႐ႊင္လို႔ပါလား ဘာေတြျဖစ္လာတာလည္း မုန့္ဆိုင္က အလကား မုန့္ေကြၽးလိုက္လို႔လား "

Taeyeonမွာ ဧည့္ခန္းထဲ  သတင္းစာဖတ္ရင္း Winterကို ေမးလိုက္သည္

"ဟုတ္ပါဘူး အာ ဒါနဲ႕ Daddy ခုမွ သတိရတယ္ Chawကိုေလ PUBG ပစ္နည္း သင္ေပးပါလား "

Winterရဲ႕ စကားေၾကာင့္ Taeyeon အံ့ၾသသြားတယ္

"အံမယ္ ဂိမ္းေဆာ့တာ စိတ္မဝင္စားတဲ့ ငါ့သမီးက ထူးထူးဆန္းဆန္း သင္ခိုင္းေနပါလားေဟ့ တစ္ခုခုေတာ့ တစ္ခုခုဘဲ "

"အဟီး အဲ့လိုဟုတ္ပါဘူး သူမ်ားေတြလည္း ေဆာ့ေနၾကတာဆိုေတာ့ Chawလည္း ေဆာ့ၾကည့္ခ်င္လို႔ "

"ဟုတ္ပါၿပီ ညက် သင္ေပးမယ္ေလ "

"Nae Daddyသာ အေကာင္းဆုံး "

Winter တစ္ေယာက္ သူ႕Daddyကို နမ္းကာ ကေလးတစ္ေယာက္လို ခုန္ေပါက္ၿပီး အိမ္ေပၚတက္သြားသည္

"Yuu Chan. ...ငယ္ အိမ္ျပန္ေရာက္ၿပီေနာ္ "

Karina သူ႕အခန္းထဲက ကုတင္ေပၚတြင္ လွဲအိပ္လိုက္ရင္း နိုင္ငံျခားကို အလုပ္ကိစၥနဲ႕ ခရီးထြက္ေနတဲ့ သူ႕ခ်စ္သူဆီ message ပို႔လိုက္သည္

ခုနကလည္း သူ႕ခ်စ္သူနဲ႕ စာပို႔ေနေသာေၾကာင့္ ဆိုင္ကယ္လာတာကို Karina မေတြ႕ခဲ့တာေလ

Yuu Chan နဲ႕ Karinaမွာ ခ်စ္သူေတြ ျဖစ္ေနတာ တစ္ႏွစ္ေက်ာ္ၾကာပါၿပီ ....

Yuu Chanဆိုတဲ့ တစ္ေယာက္ဟာ Karina ထက္ အသက္ ၂ႏွစ္ႀကီးပါသည္  ....

Karina ေကာလိပ္ကို စတတ္တဲ့ ပထမႏွစ္မွာဘဲ Yuu Chanနဲ႕ ေတြ႕ၿပီး ခ်စ္သူေတြ ျဖစ္ခဲ့ၾကတာေလ

Karinaမွာ ခ်စ္သူရွိမွန္းမသိေသးတဲ့ Kim Winterေလးကေတာ့ Karinaနဲ႕ နီးစပ္ဖို႔ သူမ Daddyဆီမွာ PUBGေဆာ့နည္း ႀကိဳးစားသင္ယူေနေလရဲ႕

#Tbc

အားလုံးဘဲ မနက္ျဖန္ အျပင္ထြက္မယ္ဆို ေသနတ္,ေရကား,မ်က္ရည္ယိုဗုံးေတြကို သတိထားၿပီး ထြက္ၾကပါေနာ္ ေပေတမေနပါနဲ႕ တစ္ခုခုဆို အရင္ေျပးပါေနာ္ ေနာက္ရက္ေတြအတြက္လည္း သူရဲေကာင္းအျဖစ္ တိုက္ပြဲဝင္ရမယ္ေလ အားရွိေစမယ့္ အစားအေသာက္ေတြစားၾကပါေနာ္ Fighting

Bạn đang đọc truyện trên: Truyen3h.Co