Part 4
#unicode
"Kim Minjeong ကတော့ ခွေးဖြစ်မယ့် ဂိမ်းတွေ ဆော့နေပြန်ပြီ "
ကောလိပ်ပိတ်ရက်မှာ စာမလုပ်ဘဲ Taeyeon နဲ့အတူ PUBGဆော့နေတဲ့ Winterကို Tiffany တစ်ယောက် ဆူနေသည်
"ဟဲ့ ဟဲ့ ဘာလို့ လေယာဉ်ပေါ်က ခုန်ချသွားရတာလည်း Daddy က ဆင်းလို့ပြောမှ ဆင်းပါဆို ဒီကလေးကတော့.."
Tiffany တစ်ယောက် Winterကို ဆူနေချိန် ထအော်တဲ့ Taeyeonကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်
"Kim Taeyeon. ..ရှင်က ကလေး ကို စာလုပ်ဖို့ မဆုံးမတဲ့အပြင် အတတ်ကောင်းတွေ သင်ပေးနေတာဘဲ "
"Mommy ကလည်း ဒီတစ်ပွဲပြီးရင် စာလုပ်ပါမယ် ခဏ "
"အေးနော် အိမ်မှာ မွေးထားတဲ့ ခွေးလေးကောင်နဲ့တင် အလုပ်များနေတာ ထပ်ပြီး ခွေးမမွေးနိုင်ဘူးနော် "
"ဟုတ် ကတိ ဒါပြီးရင် စာလုပ်မှာ "
Winterမှာ သူ့အမေ ပွစပွစိ ထပ်မပြောဖို့ ကတိအမြန်ပေးပြီး ဂိမ်းထပ်ဆော့နေသည်
Tiffanyလည်း ပြောမနိုင်တဲ့ သားအဖနှစ်ယောက်ကို ထပ်မပြောတော့ဘဲ အိမ်အောက်ထပ်ကို ဆင်းလာပြီး ဧည့်ခန်းထဲတွင် companyက စာရင်းတွေ ထိုင်စစ်နေသည်
Ting Tong
တံခါး bellသံကြောင့် Tiffany သွားဖွင့်ပေးသောအခါ
"Hey girl Jessi "
"Stephanie..... "
Tiffanyမှာ အိမ်တံခါးဖွင့်ပြီး ဘယ်သူလည်းကြည့်လိုက်တော့ သူမ ငယ်သူငယ်ချင်း Jessicaကို တွေ့ရသည်
Tiffany မှာ သူမ ငယ်သူငယ်ချင်းကို တွေ့လိုက်ရလို့ ပျော်ပြီး ဖက်လိုက်သည်
"Girl နင် ဘယ်လိုလုပ် ဒီကို ရောက်လာတာလည်း "
"နင်က ဒီမှာနေတာလား Stephanie.... ငါက နင်တို့ ဘေးအိမ်ကို ပြောင်းလာတဲ့ လူသစ်လေ.... "
"ဟယ် ဟုတ်လား "
"ဟုတ်တယ် အခုမှ ပြောင်းလာတာမို့ ငါ့သမီး ကောလိပ်ပိတ်ရက်မှာ ဆန်မုန့်လုပ်ပြီး အိမ်နီးချင်းတွေကို လိုက်ဝေနေတာ "
"Omo ဒါက နင့်သမီးလေးလား ချောလိုက်တာ "
"ဟုတ်ပါ့ ငါ့သမီးလေး ...Aunty ကို နှုတ်ဆက်လိုက်ပါအုံး Jiminလေး "
"Annyeonghasayo Kwon Jiminပါ Karinaလို့လည်း ခေါ်လို့ရပါတယ် တွေ့ရတာ ဝမ်းသာပါတယ် Aunty Stephanie "
"လိမ်မာလိုက်တဲ့ သမီးလေး တွေ့ရတာဝမ်းသာပါတယ်ကွယ် ...ဒါနဲ့ Yulရော အိမ်မှာဘဲလား "
"သူက Companyမှာ meetingရှိလို့ ခဏသွားတယ် Taeyeonကေရာ.... "
"ရှိပါ့ ခုထိ သူ့သမီးနဲ့ ပြိုင်ပြီး ဂိမ်းဆော့နေတယ် ခေါ်ပေးမယ် Tae Tae. ...Tae Taeရေ Jessica ရောက်နေတယ် ထွက်လာ ခဲ့အုံး "
အိမ်အောက်ထပ်က Tiffany အသံကြောင့် Taeyeon ဂိမ်းဆော့ရာမှ ရပ်လိုက်သည်
"အာ Jessica ရောက်နေတာတဲ့ Minjeong ရေ Daddy ခဏထွက်မယ်နော် "
"ဟာ Daddyကလည်း ပွဲကောင်းနေတာကို ဒါနိုင်ရင် ကြက်သားစားရပြီလေ "
"ကြက်သားက နောက်မှစားမယ် မတွေ့တာကြာပြီဖြစ်တဲ့ ခု Daddy ရဲ့ ex ရောက်နေလို့ သွားတွေ့အုံးမယ်...."
Taeyeonမှာ ဖုန်းကိုချပြီး အိမ်အောက်ဆင်းသွားသောကြောင့် Winterမှာလည်း သူ့အဖေရဲ့ Exကို တွေ့ချင်တာနဲ့ ဂိမ်းထဲကထွက်ပြီး အောက်ကို ဆင်းလိုက်သွားသည်
"Jessica. ..."
"Taengoo "
"မမ? "
"ချာတိတ် "
Taenyနဲ့ Jessicaမှာ သူတို့သမီးတွေက အချင်းချင်းသိနေကြလို့ အံ့သြနေကြသည်
Winterမှာ သူ့အဖေ Exကို စပ်စုချင်လို့ အိမ်အောက်ဆင်းလာပေမယ့် သူ့မမကို တွေ့ပြီး အရမ်း ပျော်သွားသည်
"သမီးတို့က အချင်းချင်းသိနေကြတာလား သူငယ်ချင်းတွေလား "
"ဟုတ်တယ် Omma Chawနဲ့သူက ကောလိပ်တူတယ်လေ "
Karinaကပြောတော့ Jessica မှာ ခေါင်းညိတ်လိုက်သည်
"ကဲ ဒါဆို Jessiရေ နင့် seobang ပြန်ရောက်လာရင် အိမ်လာခဲ့ Dinner အတူစားရအောင် ငါ ချက်ကျွေးမယ် "
"ကောင်းပြီလေ ဒါဆို ည ၇နာရီကြ လာခဲ့မယ် ခုတော့ တခြားအိမ်တွေကို ဆန်မုန့်လိုက်ဝေအုံးမယ် "
"Ok See you ..."
"တာ့တာ ချာတိတ် ညမှ တွေ့မယ်နော် "
Jessica တို့ သားအမိ ထွက်သွားသောအခါ Tiffanyမှာ ချောင်းဟန့်လိုက်သည်
"အဟမ်း သားအဖနှစ်ယောက်လုံး မျက်လုံးတွေ ကျွတ်ထွက်သွားအုံးမယ် "
"ဟီး...သူက Mommyရဲ့ သူငယ်ချင်းလား "
Winterမှာ သူ့အမေစကားကြောင့် ရှက်ပြီး ခေါင်းကုတ်ကာ မေးလိုက်သည်
"အင်း ဟုတ်တယ် Mommy အခင်ဆုံး သူငယ်ချင်း ဖြစ်သလို သမီး Daddyရဲ့ ရည်းစားဟောင်းလေ "
"Aww ...Mommyတို့ ဇာတ်လမ်းတွေက ရှုပ်တယ်နော် အဟီး "
"အဟီးတွေ အဟဲတွေ လုပ်မနေနဲ့ စာသွားလုပ်ချေ သွား ညကျ ဧည့်သည်လာအုံးမှာ "
"ဟုတ် Mommy "
Winterမှာ ညကျ Karinaကို တွေ့ရမှာမို့ သူ့အမေစကားကို အထွန့်မတက်ဘဲ အိမ်ပေါ်တက်သွားသည်
"Kim Taeyeon ရှင်ကတော့ ကျွန်မနဲ့ စကားပြောဖို့ အခန်းထဲလိုက်ခဲ့ "
Taeyeonမှာ Tiffanyရဲ့ ဆုံးမသြဝါဒတွေ နားထောင်ရဖို့ အခန်းထဲလိုက်သွားရသည်
Winter မှာ ရေချိုးပြီး ဘီဒိုထဲ ခေါင်းစိုက် အဝတ်ရှာရင်း အလုပ်ရှုပ်နေသည်
Karinaရှေ့မှာ သူမ ကြည့်ကောင်းနေမှ ဖြစ်မှာလေ
ညနေ ငါးခွဲကနေ အဝတ်အစားတွေရှာနေတာ ခြောက်ခွဲမှ စိတ်ကျေနပ်တဲ့ အဝတ်အစားရှာတွေ့သွားသည်
"ဟဲ့ Minjeong ဘယ်သွားမလို့လည်း ဧည့်သည်တွေလည်း လာတော့မယ်ဟာကို "
Tiffanyမှာ ဝတ်ကောင်းစားလှတွေ ဝတ်လာတဲ့ သူ့သမီးကို ကြည့်ပြီး တအံ့တသြနဲ့ မေးလိုက်သည်
"ဘယ်မှမသွားပါဘူး ညစာ စားဖို့ ဆင်းလာတာလေ "
"အမလေး ညစာစားဖို့ ဝတ်ထားတာလည်း ကြည့်ပါအုံး "
"ဧည့်သည်လာမှာမို့ စုတ်စုတ်ပြတ်ပြတ်ဝတ်မထားချင်လို့ပါ.... "
Taeyeonမှာတော့ Tiffanyကို ကူပေးရင်း သူ့သမီးအခြေအနေကို သဘောပေါက်နေပြီလေ
Ting Tong
တံခါး bellသံကြောင့် Winter ခြေမကိုင်မိလက်မကိုင်မိ ဖြစ်သွားတယ်
သူမရဲ့ မကြာခင် တော်ရတော့မယ့် ချစ်သူနဲ့ ယောက္ခမတွေကို တွေ့ရတော့မှာမို့ Winter ရင်တွေ အရမ်းခုန်နေသည်
"Hey.... "
Tiffany မှာ တံခါးဖွင့်လိုက်ပြီး Jessicaတို့ လင်မယားကို ဖက်ကာ ကြိုဆိုလိုက်သည်
Winterမှာလည်း ခပ်တည်တည်နဲ့ Karinaကို ဖက်လိုက်သောကြောင့် Karinaမြာ အူကြောင်ကြောင် ဖြစ်သွားတယ်
Taeyeon ကတော့ အနောက်ကနေ လက်သွက်တဲ့ သူ့သမီးကို ကြည့်ပြီး စိတ်ထဲ သဘောကျနေသည်
ထမင်းစားဝိုင်းတွင်
"မမ စားနော် အားမနာနဲ့.... "
Karinaထဲ ဟင်းတွေထည့်ပေးနေတဲ့ Winterကို ကြည့်ပြီး Taeyeonမြာ ရယ်ချင်စိတ်ကို ထိန်းထားရသည်
"Minjeong က Karinaလေးကို တော်တော်ခင်ရှာတယ်နော် အတန်းတူတာလား "
Tiffany ထမင်းစားရင်းမေးတော့ Karinaမှာ ခေါင်းခါပြသည်
"အာ မဟုတ်ဘူး Aunty Chawက Finalရောက်နေပြီရယ် "
Karina စကားကြောင့် Tiffany မျက်ခုံးပင့်သွားတယ်
"အယ် မဟုတ်ဘူးလား Minjeong က တော်တော်ခင်လို့ အတန်းတူတယ်ထင်နေတာ သူ့အမေတောင် သူက ဟင်းတွေထည့်ပေးတာ မဟုတ်ဘူးလေ "
Tiffanyရဲ့ စကားကြောင့် Winter ရှက်သွားတယ်
"အာ Mommyကလည်း...ဒီလိုလေ မမနဲ့ chawကဒီလိုတွေ့တာ "
Winterမှာ သူနဲ့ Karina တွေ့တဲ့အကြောင်းကို ပြောပြတော့ အားလုံးက စိတ်ဝင်တစားနားထောင်နေကြသည်
"Minjeongလေးက အသွက်လေးဟေး သူ့အဖေ Taeyeon အတိုင်းဘဲ "
Yulyulk မှာ Winter ပြောတာ နားထောင်ပြီး သဘောကျလို့ ရယ်လိုက်သည်
"ချွတ်စွပ် တစ်ပုံစံတည်း Yulရေ နောက်ဆုံးကလေးမို့ ရှိသမျှ ပိုးတွေ သူ့ထဲအကုန်ရောက်နေလားမသိပါဘူး ရှေ့က သူ့အမ နှစ်ယောက်က ငြိမ်ပြီး စာတော်သလောက် အေးဆေးသလောက် ဒင်းကတော့ သူ့အဖေအတိုင်းဘဲ စာလည်းသေချာမလုပ်ဘူး ဆိုးတာပြောမနေနဲ့ "
Tiffany စကားကြောင့် Jessica တို့မှာ ရယ်ကြပေမယ့် Winterကတော့ သူ့မမရှေ့ အရှက်ခွဲရလားဆိုပြီး သူ့အမေကို နှုတ်ခမ်းစူပြီး ကြည့်နေသည်
"ဒါကတော့ ကလေးအပြစ်လည်း မဟုတ်ပါဘူး Booရယ် သူ့အမတွေက နိုင်ငံခြားရောက်နေတော့ သူ့ကို အနီးကပ်ထိန်းပြီး ဂိုက်လုပ်ပေးမယ့်သူလည်း မရှိဘူးလေ ကိုယ်တို့ကလည်း အလုပ်နဲ့ companyနဲ့ဆိုတော့.... "
"ရှင်ကလည်း အလိုလိုက်တာပါတယ်လေ "
Taeyeonကို မျက်စောင်းထိုးပြီး Tiffany ပြောလိုက်သည်
"ထားပါတော့ ဒီတော့ သမီး Karinaကို အကူအညီတောင်းလို့ရလားဟင် "
လူကြီးတွေ စကားပြောတဲ့ဝိုင်းထဲ ဝင်မပါဘဲ ထမင်းအေးဆေးစားနေတဲ့ Karina မှာ Taeyeon စကားကြောင့် ထမင်းစားနေရာက ရပ်သွားသည်
"ဟုတ် Chaw ဘာကူညီပေးရမလည်းရှင့် "
"သမီးက Final year မလား "
"ဟုတ် "
"သမီး စာလုပ်တဲ့အချိန် Winterကို ခေါ်ပြီး တူတူလုပ်လို့ရမလား ဒါမှ Winterလည်း အဖော်ရှိတော့ သမီးကို မေးလို့ရမှာ သင်ရိုးတွေကပြောင်းကုန်တော့ တစ်ချို့ဟာတွေကျ auntyတို့က မသိတော့လို့လေ "
Taeyeon စကားကြောင့် Karinaမှာ သူမ မိဘတွေ
ကို ဘာဖြေရမလည်းဆိုတဲ့ မေးခွန်းနဲ့ ကြည့်နေသည်
Winterကတော့ စိတ်ထဲကနေ သူမေအဖ Taeyeonကို ကျေးဇူးတင်နေမိသည် သူ့မမနဲ့ နီးစပ်ဖို့ လမ်းကြောင်း ခင်းပေးတဲ့အတွက်လေ
"လုပ်ပေးလိုက်ပါ သမီးရယ် သမီးလည်း အဖော်ရတာပေါ့ ရတယ် Winter လာခဲ့နော် သမီးရဲ့ အမက ည ခုနှစ်နာရီကနေ ဆယ့်နှစ်နာရီထိ စာလုပ်တယ် သမီး စာလုပ်ရင်း သူနဲ့ အိပ်လို့လည်းရတယ် "
Yulyulkရဲ့ စကားကြောင့် Karinaမှာ မျက်လုံးပြူးသွားသည်
"Appa "
"ဟုတ် ကျေးဇူးတင်ပါတယ် ဟီး ညတော့ မအိပ်ပါဘူး ဒါဆို မနက်ဖြန်ကစပြီး စာလုပ်ဖို့လာခဲ့မယ်နော် "
"လာခဲ့ပါ သမီးလေးရေ "
"Karinaတော့ မျောက်ထိန်းရတော့မယ် "
Tiffany စကားကြောင့် Jessicaတို့မှာ ရယ်နေကြပေမယ့် Winterကေတာ့ စိတ်ထဲမှာ အရမ်းပျော်လွန်းလို့ ထခုန်ချင်စိတ်ကို ထိန်းထားရသည်
#tbc
နောက်အပိုင်းတွေကနေစပြီး Winrina အပိုင်းတွေလာတော့မယ်နော် ခုက ဇာတ်လမ်းစဖို့ နှစ်ဖက်မိဘတွေပါ ထည့်ရေးပြီး လမ်းကြောင်းနေတာပါ xD
အခုအချိန်မှာ အားလုံး အစစအရာရာ ဂရုစိုက်ကြပါ ဒီအခြေအနေဆိုးကြီးကို အားလုံး စည်းစည်းလုံးလုံးနဲ့ တိုက်ထုတ်နိုင်မှာပါ Fighting
#zawgyi
"Kim Minjeong ကေတာ့ ေခြးျဖစ္မယ့္ ဂိမ္းေတြ ေဆာ့ေနျပန္ၿပီ "
ေကာလိပ္ပိတ္ရက္မွာ စာမလုပ္ဘဲ Taeyeon နဲ႕အတူ PUBGေဆာ့ေနတဲ့ Winterကို Tiffany တစ္ေယာက္ ဆူေနသည္
"ဟဲ့ ဟဲ့ ဘာလို႔ ေလယာဥ္ေပၚက ခုန္ခ်သြားရတာလည္း Daddy က ဆင္းလို႔ေျပာမွ ဆင္းပါဆို ဒီကေလးကေတာ့.."
Tiffany တစ္ေယာက္ Winterကို ဆူေနခ်ိန္ ထေအာ္တဲ့ Taeyeonကို မ်က္ေမွာင္ၾကဳတ္ကာ ၾကည့္လိုက္သည္
"Kim Taeyeon. ..ရွင္က ကေလး ကို စာလုပ္ဖို႔ မဆုံးမတဲ့အျပင္ အတတ္ေကာင္းေတြ သင္ေပးေနတာဘဲ "
"Mommy ကလည္း ဒီတစ္ပြဲၿပီးရင္ စာလုပ္ပါမယ္ ခဏ "
"ေအးေနာ္ အိမ္မွာ ေမြးထားတဲ့ ေခြးေလးေကာင္နဲ႕တင္ အလုပ္မ်ားေနတာ ထပ္ၿပီး ေခြးမေမြးနိုင္ဘူးေနာ္ "
"ဟုတ္ ကတိ ဒါၿပီးရင္ စာလုပ္မွာ "
Winterမွာ သူ႕အေမ ပြစပြစိ ထပ္မေျပာဖို႔ ကတိအျမန္ေပးၿပီး ဂိမ္းထပ္ေဆာ့ေနသည္
Tiffanyလည္း ေျပာမနိုင္တဲ့ သားအဖႏွစ္ေယာက္ကို ထပ္မေျပာေတာ့ဘဲ အိမ္ေအာက္ထပ္ကို ဆင္းလာၿပီး ဧည့္ခန္းထဲတြင္ companyက စာရင္းေတြ ထိုင္စစ္ေနသည္
Ting Tong
တံခါး bellသံေၾကာင့္ Tiffany သြားဖြင့္ေပးေသာအခါ
"Hey girl Jessi "
"Stephanie..... "
Tiffanyမွာ အိမ္တံခါးဖြင့္ၿပီး ဘယ္သူလည္းၾကည့္လိုက္ေတာ့ သူမ ငယ္သူငယ္ခ်င္း Jessicaကို ေတြ႕ရသည္
Tiffany မွာ သူမ ငယ္သူငယ္ခ်င္းကို ေတြ႕လိုက္ရလို႔ ေပ်ာ္ၿပီး ဖက္လိုက္သည္
"Girl နင္ ဘယ္လိုလုပ္ ဒီကို ေရာက္လာတာလည္း "
"နင္က ဒီမွာေနတာလား Stephanie.... ငါက နင္တို႔ ေဘးအိမ္ကို ေျပာင္းလာတဲ့ လူသစ္ေလ.... "
"ဟယ္ ဟုတ္လား "
"ဟုတ္တယ္ အခုမွ ေျပာင္းလာတာမို႔ ငါ့သမီး ေကာလိပ္ပိတ္ရက္မွာ ဆန္မုန႔္လုပ္ၿပီး အိမ္နီးခ်င္းေတြကို လိုက္ေဝေနတာ "
"Omo ဒါက နင့္သမီးေလးလား ေခ်ာလိုက္တာ "
"ဟုတ္ပါ့ ငါ့သမီးေလး ...Aunty ကို ႏႈတ္ဆက္လိုက္ပါအုံး Jiminေလး "
"Annyeonghasayo Kwon Jiminပါ Karinaလို႔လည္း ေခၚလို႔ရပါတယ္ ေတြ႕ရတာ ဝမ္းသာပါတယ္ Aunty Stephanie "
"လိမ္မာလိုက္တဲ့ သမီးေလး ေတြ႕ရတာဝမ္းသာပါတယ္ကြယ္ ...ဒါနဲ႕ Yulေရာ အိမ္မွာဘဲလား "
"သူက Companyမွာ meetingရွိလို႔ ခဏသြားတယ္ Taeyeonေကရာ.... "
"ရွိပါ့ ခုထိ သူ႕သမီးနဲ႕ ၿပိဳင္ၿပီး ဂိမ္းေဆာ့ေနတယ္ ေခၚေပးမယ္ Tae Tae. ...Tae Taeေရ Jessica ေရာက္ေနတယ္ ထြက္လာ ခဲ့အုံး "
အိမ္ေအာက္ထပ္က Tiffany အသံေၾကာင့္ Taeyeon ဂိမ္းေဆာ့ရာမွ ရပ္လိုက္သည္
"အာ Jessica ေရာက္ေနတာတဲ့ Minjeong ေရ Daddy ခဏထြက္မယ္ေနာ္ "
"ဟာ Daddyကလည္း ပြဲေကာင္းေနတာကို ဒါနိုင္ရင္ ၾကက္သားစားရၿပီေလ "
"ၾကက္သားက ေနာက္မွစားမယ္ မေတြ႕တာၾကာၿပီျဖစ္တဲ့ ခု Daddy ရဲ႕ ex ေရာက္ေနလို႔ သြားေတြ႕အုံးမယ္...."
Taeyeonမွာ ဖုန္းကိုခ်ၿပီး အိမ္ေအာက္ဆင္းသြားေသာေၾကာင့္ Winterမွာလည္း သူ႕အေဖရဲ႕ Exကို ေတြ႕ခ်င္တာနဲ႕ ဂိမ္းထဲကထြက္ၿပီး ေအာက္ကို ဆင္းလိုက္သြားသည္
"Jessica. ..."
"Taengoo "
"မမ? "
"ခ်ာတိတ္ "
Taenyနဲ႕ Jessicaမွာ သူတို႔သမီးေတြက အခ်င္းခ်င္းသိေနၾကလို႔ အံ့ၾသေနၾကသည္
Winterမွာ သူ႕အေဖ Exကို စပ္စုခ်င္လို႔ အိမ္ေအာက္ဆင္းလာေပမယ့္ သူ႕မမကို ေတြ႕ၿပီး အရမ္း ေပ်ာ္သြားသည္
"သမီးတို႔က အခ်င္းခ်င္းသိေနၾကတာလား သူငယ္ခ်င္းေတြလား "
"ဟုတ္တယ္ Omma Chawနဲ႕သူက ေကာလိပ္တူတယ္ေလ "
Karinaကေျပာေတာ့ Jessica မွာ ေခါင္းညိတ္လိုက္သည္
"ကဲ ဒါဆို Jessiေရ နင့္ seobang ျပန္ေရာက္လာရင္ အိမ္လာခဲ့ Dinner အတူစားရေအာင္ ငါ ခ်က္ေကြၽးမယ္ "
"ေကာင္းၿပီေလ ဒါဆို ည ၇နာရီကြ လာခဲ့မယ္ ခုေတာ့ တျခားအိမ္ေတြကို ဆန္မုန႔္လိုက္ေဝအုံးမယ္ "
"Ok See you ..."
"တာ့တာ ခ်ာတိတ္ ညမွ ေတြ႕မယ္ေနာ္ "
Jessica တို႔ သားအမိ ထြက္သြားေသာအခါ Tiffanyမွာ ေခ်ာင္းဟန႔္လိုက္သည္
"အဟမ္း သားအဖႏွစ္ေယာက္လုံး မ်က္လုံးေတြ ကြၽတ္ထြက္သြားအုံးမယ္ "
"ဟီး...သူက Mommyရဲ႕ သူငယ္ခ်င္းလား "
Winterမွာ သူ႕အေမစကားေၾကာင့္ ရွက္ၿပီး ေခါင္းကုတ္ကာ ေမးလိုက္သည္
"အင္း ဟုတ္တယ္ Mommy အခင္ဆုံး သူငယ္ခ်င္း ျဖစ္သလို သမီး Daddyရဲ႕ ရည္းစားေဟာင္းေလ "
"Aww ...Mommyတို႔ ဇာတ္လမ္းေတြက ရႈပ္တယ္ေနာ္ အဟီး "
"အဟီးေတြ အဟဲေတြ လုပ္မေနနဲ႕ စာသြားလုပ္ေခ် သြား ညက် ဧည့္သည္လာအုံးမွာ "
"ဟုတ္ Mommy "
Winterမွာ ညက် Karinaကို ေတြ႕ရမွာမို႔ သူ႕အေမစကားကို အထြန႔္မတက္ဘဲ အိမ္ေပၚတက္သြားသည္
"Kim Taeyeon ရွင္ကေတာ့ ကြၽန္မနဲ႕ စကားေျပာဖို႔ အခန္းထဲလိုက္ခဲ့ "
Taeyeonမွာ Tiffanyရဲ႕ ဆုံးမၾသဝါဒေတြ နားေထာင္ရဖို႔ အခန္းထဲလိုက္သြားရသည္
Winter မွာ ေရခ်ိဳးၿပီး ဘီဒိုထဲ ေခါင္းစိုက္ အဝတ္ရွာရင္း အလုပ္ရႈပ္ေနသည္
Karinaေရွ႕မွာ သူမ ၾကည့္ေကာင္းေနမွ ျဖစ္မွာေလ
ညေန ငါးခြဲကေန အဝတ္အစားေတြရွာေနတာ ေျခာက္ခြဲမွ စိတ္ေက်နပ္တဲ့ အဝတ္အစားရွာေတြ႕သြားသည္
"ဟဲ့ Minjeong ဘယ္သြားမလို႔လည္း ဧည့္သည္ေတြလည္း လာေတာ့မယ္ဟာကို "
Tiffanyမွာ ဝတ္ေကာင္းစားလွေတြ ဝတ္လာတဲ့ သူ႕သမီးကို ၾကည့္ၿပီး တအံ့တၾသနဲ႕ ေမးလိုက္သည္
"ဘယ္မွမသြားပါဘူး ညစာ စားဖို႔ ဆင္းလာတာေလ "
"အမေလး ညစာစားဖို႔ ဝတ္ထားတာလည္း ၾကည့္ပါအုံး "
"ဧည့္သည္လာမွာမို႔ စုတ္စုတ္ျပတ္ျပတ္ဝတ္မထားခ်င္လို႔ပါ.... "
Taeyeonမွာေတာ့ Tiffanyကို ကူေပးရင္း သူ႕သမီးအေျခအေနကို သေဘာေပါက္ေနၿပီေလ
Ting Tong
တံခါး bellသံေၾကာင့္ Winter ေျခမကိုင္မိလက္မကိုင္မိ ျဖစ္သြားတယ္
သူမရဲ႕ မၾကာခင္ ေတာ္ရေတာ့မယ့္ ခ်စ္သူနဲ႕ ေယာကၡမေတြကို ေတြ႕ရေတာ့မွာမို႔ Winter ရင္ေတြ အရမ္းခုန္ေနသည္
"Hey.... "
Tiffany မွာ တံခါးဖြင့္လိုက္ၿပီး Jessicaတို႔ လင္မယားကို ဖက္ကာ ႀကိဳဆိုလိုက္သည္
Winterမွာလည္း ခပ္တည္တည္နဲ႕ Karinaကို ဖက္လိုက္ေသာေၾကာင့္ Karinaျမာ အူေၾကာင္ေၾကာင္ ျဖစ္သြားတယ္
Taeyeon ကေတာ့ အေနာက္ကေန လက္သြက္တဲ့ သူ႕သမီးကို ၾကည့္ၿပီး စိတ္ထဲ သေဘာက်ေနသည္
ထမင္းစားဝိုင္းတြင္
"မမ စားေနာ္ အားမနာနဲ႕.... "
Karinaထဲ ဟင္းေတြထည့္ေပးေနတဲ့ Winterကို ၾကည့္ၿပီး Taeyeonျမာ ရယ္ခ်င္စိတ္ကို ထိန္းထားရသည္
"Minjeong က Karinaေလးကို ေတာ္ေတာ္ခင္ရွာတယ္ေနာ္ အတန္းတူတာလား "
Tiffany ထမင္းစားရင္းေမးေတာ့ Karinaမွာ ေခါင္းခါျပသည္
"အာ မဟုတ္ဘူး Aunty Chawက Finalေရာက္ေနၿပီရယ္ "
Karina စကားေၾကာင့္ Tiffany မ်က္ခုံးပင့္သြားတယ္
"အယ္ မဟုတ္ဘူးလား Minjeong က ေတာ္ေတာ္ခင္လို႔ အတန္းတူတယ္ထင္ေနတာ သူ႕အေမေတာင္ သူက ဟင္းေတြထည့္ေပးတာ မဟုတ္ဘူးေလ "
Tiffanyရဲ႕ စကားေၾကာင့္ Winter ရွက္သြားတယ္
"အာ Mommyကလည္း...ဒီလိုေလ မမနဲ႕ chawကဒီလိုေတြ႕တာ "
Winterမွာ သူနဲ႕ Karina ေတြ႕တဲ့အေၾကာင္းကို ေျပာျပေတာ့ အားလုံးက စိတ္ဝင္တစားနားေထာင္ေနၾကသည္
"Minjeongေလးက အသြက္ေလးေဟး သူ႕အေဖ Taeyeon အတိုင္းဘဲ "
Yulyulk မွာ Winter ေျပာတာ နားေထာင္ၿပီး သေဘာက်လိဳ႕ ရယ္လိုက္သည္
"ခြၽတ္စြပ္ တစ္ပုံစံတည္း Yulေရ ေနာက္ဆုံးကေလးမို႔ ရွိသမွ် ပိုးေတြ သူ႕ထဲအကုန္ေရာက္ေနလားမသိပါဘူး ေရွ႕က သူ႕အမ ႏွစ္ေယာက္က ၿငိမ္ၿပီး စာေတာ္သေလာက္ ေအးေဆးသေလာက္ ဒင္းကေတာ့ သူ႕အေဖအတိုင္းဘဲ စာလည္းေသခ်ာမလုပ္ဘူး ဆိုးတာေျပာမေနနဲ႕ "
Tiffany စကားေၾကာင့္ Jessica တို႔မွာ ရယ္ၾကေပမယ့္ Winterကေတာ့ သူ႕မမေရွ႕ အရွက္ခြဲရလားဆိုၿပီး သူ႕အေမကို ႏႈတ္ခမ္းစူၿပီး ၾကည့္ေနသည္
"ဒါကေတာ့ ကေလးအျပစ္လည္း မဟုတ္ပါဘူး Booရယ္ သူ႕အမေတြက နိုင္ငံျခားေရာက္ေနေတာ့ သူ႕ကို အနီးကပ္ထိန္းၿပီး ဂိုက္လုပ္ေပးမယ့္သူလည္း မရွိဘူးေလ ကိုယ္တို႔ကလည္း အလုပ္နဲ႕ companyနဲ႕ဆိုေတာ့.... "
"ရွင္ကလည္း အလိုလိုက္တာပါတယ္ေလ "
Taeyeonကို မ်က္ေစာင္းထိုးၿပီး Tiffany ေျပာလိုက္သည္
"ထားပါေတာ့ ဒီေတာ့ သမီး Karinaကို အကူအညီေတာင္းလို႔ရလားဟင္ "
လူႀကီးေတြ စကားေျပာတဲ့ဝိုင္းထဲ ဝင္မပါဘဲ ထမင္းေအးေဆးစားေနတဲ့ Karina မွာ Taeyeon စကားေၾကာင့္ ထမင္းစားေနရာက ရပ္သြားသည္
"ဟုတ္ Chaw ဘာကူညီေပးရမလည္းရွင့္ "
"သမီးက Final year မလား "
"ဟုတ္ "
"သမီး စာလုပ္တဲ့အခ်ိန္ Winterကို ေခၚၿပီး တူတူလုပ္လို႔ရမလား ဒါမွ Winterလည္း အေဖာ္ရွိေတာ့ သမီးကို ေမးလို႔ရမွာ သင္ရိုးေတြကေျပာင္းကုန္ေတာ့ တစ္ခ်ိဳ႕ဟာေတြက် auntyတို႔က မသိေတာ့လို႔ေလ "
Taeyeon စကားေၾကာင့္ Karinaမွာ သူမ မိဘေတြ
ကို ဘာေျဖရမလည္းဆိုတဲ့ ေမးခြန္းနဲ႕ ၾကည့္ေနသည္
Winterကေတာ့ စိတ္ထဲကေန သူေမအဖ Taeyeonကို ေက်းဇူးတင္ေနမိသည္ သူ႕မမနဲ႕ နီးစပ္ဖို႔ လမ္းေၾကာင္း ခင္းေပးတဲ့အတြက္ေလ
"လုပ္ေပးလိုက္ပါ သမီးရယ္ သမီးလည္း အေဖာ္ရတာေပါ့ ရတယ္ Winter လာခဲ့ေနာ္ သမီးရဲ႕ အမက ည ခုႏွစ္နာရီကေန ဆယ့္ႏွစ္နာရီထိ စာလုပ္တယ္ သမီး စာလုပ္ရင္း သူနဲ႕ အိပ္လို႔လည္းရတယ္ "
Yulyulkရဲ႕ စကားေၾကာင့္ Karinaမွာ မ်က္လုံးျပဴးသြားသည္
"Appa "
"ဟုတ္ ေက်းဇူးတင္ပါတယ္ ဟီး ညေတာ့ မအိပ္ပါဘူး ဒါဆို မနက္ျဖန္ကစၿပီး စာလုပ္ဖို႔လာခဲ့မယ္ေနာ္ "
"လာခဲ့ပါ သမီးေလးေရ "
"Karinaေတာ့ ေမ်ာက္ထိန္းရေတာ့မယ္ "
Tiffany စကားေၾကာင့္ Jessicaတို႔မွာ ရယ္ေနၾကေပမယ့္ Winterေကတာ့ စိတ္ထဲမွာ အရမ္းေပ်ာ္လြန္းလို႔ ထခုန္ခ်င္စိတ္ကို ထိန္းထားရသည္
#tbc
ေနာက္အပိုင္းေတြကေနစၿပီး Winrina အပိုင္းေတြလာေတာ့မယ္ေနာ္ ခုက ဇာတ္လမ္းစဖို႔ ႏွစ္ဖက္မိဘေတြပါ ထည့္ေရးၿပီး လမ္းေၾကာင္းေနတာပါ xD
အခုအခ်ိန္မွာ အားလုံး အစစအရာရာ ဂ႐ုစိုက္ၾကပါ ဒီအေျခအေနဆိုးႀကီးကို အားလုံး စည္းစည္းလုံးလုံးနဲ႕ တိုက္ထုတ္နိုင္မွာပါ Fighting
Bạn đang đọc truyện trên: Truyen3h.Co