Truyen3h.Co

Char Tate

Part 5

KimFany059

#unicode

Karina သူ့မိဘတွေနဲ့ Winterအိမ်မှာ Dinner အတူ စားပြီးနောက် အိမ်သို့ ပြန်လာသည်

အဝတ်အစားလဲပြီး ကုတင်ပေါ်မှာ ပစ်လှဲရင်း Winter အကြောင်းကို တွေးမိသွားသည်

စတွေ့ကတည်းက ကုန်းကုန်းကွကွနဲ့ ပိုက်ဆံပျောက်လို့ ရှာနေတဲ့ အကောင်ပေါက်လေးကို ကြည့်ပြီး Karina အသည်းယားမိသည်

ပိုက်ဆံကျပျောက်တဲ့ တစ်ယောက်လို စတဲ့အခါကျ စူပုပ်သွားတဲ့ မျက်နှာလေးကိုလည်း Karina အရမ်း သဘောကျမိသည်

"အာ မဟုတ်သေးပါဘူး ငါ့မှာ Yuu Chan ရှိနေတာကို....ဘာလို့ Winter အကြောင်းတွေးမိပြီး သဘောကျနေတာလည်း ... သူ့ကို သစ္စာဖောက်သလို ဖြစ်နေပြီ....မတွေးနဲ့ မတွေးနဲ့ "

Karina သူ့ကိုယ်သူ သတိပေးပြီး အိပ်ရာက ထကာ စာကြည့်စားပွဲတွင် ထိုင်လိုက်သည်

Winter အကြောင်း မတွေးမိအောင် Yuu Chanကို သစ္စာမဖောက်မိအောင် စာထဲကို အာရုံစိုက်လိုက်သည်

Winterကတော့ အိပ်မပျော်ဘဲ မနက်ဖြန် Karinaနဲ့ စာအတူ သင်ရမှာကို တွေးပြီး စိတ်လှုပ်ရှားနေသည်

"Finally မမနဲ့ နီးစပ်တော့မယ်....အား ဘယ်လိုစပြီး နီးစပ်အောင်လုပ်ရမလည်း တွေးစမ်း ကြံစမ်း..... .ဟူး မနက်ဖြန်အတွက် တကယ် ရင်ခုန်နေပြီ "

Winter အခန်းထဲမှာ တစ်ယောက်တည်း စကားပြောနေချိန် Taeyeonမှာ သူ့သမီး အခန်းရှေ့ ရပ်ပြီး Winter ပြောတဲ့စကားတွေ နားထောင်ပြီး ပြုံးနေသည်

**********

"Daddy Mommy chaw ဟိုဘက်အိမ်ကို သွားတော့မယ်နော် "

Winter ထမင်းစားပြီးနောက် သွားတိုက် အဝတ်အစားလဲပြီး Karinaဆီ သွားဖို့ အိမ်ပေါ်က ဆင်းလာသည်

"နေအုံး Minjeong... "

Taeyeon သူ့အခန်းထဲကနေ ထွက်လာပြီး ရေမွှေးပုလင်းယူလာကာ သူ့သမီးကို ဆွတ်ပေးလေသည်

"ရပြီ သွား လုပ်စရာရှိတာ သေချာလုပ် Daddyပြောတာက စာသေချာလုပ်ခဲ့နော်လို့ ပြောတာနော် "

"ဟုတ် အဟီး စာသေချာလုပ်ခဲ့ပါမယ်.... "

Winterမှာ သူ့Daddyတို့ကို နှုတ်ဆက်ပြီး အိမ်ထဲက ထွက်လာခဲ့သည်

Ting Tong

တံခါး bell သံကြောင့် Jessica ရုပ်ရှင်ကြည့်နေရာက သွားကြည့်တော့ Winterကို တွေ့ရသည်

"Jiminရေ Winter လာပြီနော် "

Jessica သူ့သမီး ကြားအောင် အော်ပြောပြီး တံခါးဖွင့်ပေးလိုက်သည်

"Annyeonghasayo aunty Jessica ညစာစားပြီးပြီလား "

"စားပြီပြီ Winter လေးရေ သမီးရော "

"ဟုတ် စားပြီးပြီ aunty. ..."

"သမီးရဲ့ အမက သူ့အခန်းထဲ ရှိတယ် လှေကားပေါ်က တက်သွားပြီး ညာဘက်က အခန်းက သူ့အခန်းဘဲ သမီး "

"ဟုတ် aunty ကျေးဇူးတင်ပါတယ် "

Jessicaကို ကျေးဇူးတင်စကားပြောပြီး Winter အိမ်ပေါ်ကို တက်လာသည်

Karinaမှာ သူ့ချစ်သူ Yuu Chanဆီက ဖုန်းအဆက်အသွယ်မရသလို Yuu Chanကို ဖုန်းဆက်သော်လည်း တစ်ဖက်က မကိုင်သောကြောင့် စိတ်ရှုပ်နေသည်

Knock Knock

ထိုစဥ် အခန်း တံခါးခေါက်သံကြားလို့ ဖုန်းကို ချပြီး တံခါးသွားဖွင့်ပေးသောအခါ

"ချာတိတ်...ရောက်လာပြီလား ဝင်ခဲ့လေ "

"ဟုတ် မမ "

အခန်းထဲဝင်သွားတဲ့ Winterကို ကြည့်ပြီး ခုနစိတ်ရှုပ်စရာတွေကို မေ့သွားပြီး Karina ပြုံးမိသွားတယ်

တကယ်ကို Winterက Karinaအတွက် အကြည်ဓာတ်လေးပါလား....

"စားပွဲခင်းထားတယ် ချာတိတ်က အဲ့ဘက်မှာထိုင်...တို့က ဒီမှာ ထိုင်မယ် "

"ဟုတ်...မမ "

Winterလည်း Karina ထိုင်ခိုင်းတဲ့ဘက်တွင် ထိုင်လိုက်သည်

"တွက်စာတွေ နားမလည်တာရှိရင် တို့ကို မေးလို့ရတယ်နော် ချာတိတ် အဆင်မပြေရင် ကျက်စာလည်း ကူကျက်ပေးမယ် တို့ကို အားမနာနဲ့နော် "

"ဟုတ်..."

"လိမ်မာတယ် ချာတိတ်က "

Winterရဲ့ ခေါင်းလေးကို ပွတ်ပေးပြီး Karina ပြောတော့ Winterမှာ ရင်တွေခုန်နေသည်

Winter တစ်ယောက် စာလုပ်နေပေမယ့် Karina ကတော့ စိတ်ထဲမှာ အလိုမကျဖြစ်နေသည်

ဒီနေ့ တနဂ်နွေနေ့  Yuu Chan အလုပ်ပိတ်ရက် ခါတိုင်းဆို အားလပ်ရက်ရောက်တိုင်း မနက်ကတည်းက Yuu Chanက ဖုန်းဆက်နေကျ ညဆိုလည်း ဖုန်းပြောနေကျကို အခု Yuu Chan က အဆက်အသွယ်မလုပ်ဘဲ ဖြတ်ထားတော့ စိတ်ထဲ ဘဝင်မကျဖြစ်နေသည်

သက်ပြင်းခဏခဏချနေတဲ့ Karinaကို Winter စာလုပ်နေရာက ကြည့်ပြီး တစ်ခုခုဖြစ်နေမှန်း ရိပ်မိနေသည်

Winter စာလုပ်နေရာက ရပ်ပြီး သူ့ကျောပိုးအိတ်ကို ဖွင့်လိုက်သည်

"ရော့ မမ...."

Karina မေးထောက်ပြီး စာအုပ်ကြည့်ကာ ဘဝင်မကျဖြစ်နေတုံး သူမ ရှေ့ ရောက်လာတဲ့ ချောကလက်လေးကြောင့် အံ့သြသွားတယ်

"ဒါက....."

"မမ စိတ်ရှုပ်နေတာမလား သက်ပြင်းတွေလည်း ခဏခဏချနေတာ သတိထားမိတယ် ဒါကြောင့်မို့ ချောကလက်ကျွေးတာ...စိတ်ရှုပ်တဲ့အချိန် အချိုစားပေးရင် စိတ်ကြည်တယ်တဲ့ "

သူမကို ကြည့်ပြီး ချောကလက်ပေးကာ စကားပြောနေတဲ့ Winterကို Karina အူယားလာလို့ စချင်စိတ်ဖြစ်လာသည်

"ချာတိတ်ရဲ့ အသားက ချိုလားဟင် "

Karinaရဲ့ မေးခွန်းကြောင့် Winter မှာ နားမလည်ဘဲ အူကြောင်ကြောင် ဖြစ်သွားတယ်

"ဟင် ဘာကိုလည်း "

"စိတ်ညစ်ရင် အချိုစားပေးရတယ်ဆို "

"ဟုတ်တယ်လေ "

"အဲ့တာကြောင့်မို့ တို့က ချာတိတ်ရဲ့ အသားချိုလားလို့ မေးတာ ချောကလက်ထက် ဟန်းစတားလို သေးသေးလေးနဲ့ အူယားစရာကောင်းတဲ့ ချာတိတ်ကို စားချင်တာ "

Karinaရဲ့ စကားကြောင့် Winter မှာ ရှက်ပြီး မျက်နှာလေး နီရဲလာသည်

"အာ...."

"ဟားဟား ချာတိတ်က ရှက်နေတာဘဲ "

Winter ရှက်နေတာလေး ကြည့်ပြီး Karina သဘောကျလို့ ရယ်လိုက်သည်

"တကယ်ဘဲ ချာတိတ်ကြောင့် စိတ်ရှုပ်တာတွေ ပျောက်သွားပြီ "

"မမက ဘာကြောင့် စိတ်ညစ်နေတာလည်း "

Winterကမေးတော့ Karinaမှာ ဖြေသင့်မဖြေသင့် စဥ်းစားနေသည်

ထိုစဥ် အခန်းတံခါးခေါက်သံကြောင့် ထဖွင့်ပေးတော့ သစ်သီးပန်းကန်ကိုင်ထားတဲ့ သူမ အဖေ Yulyulk ကို တွေ့ရသည်

"Appa "

"သမီးတို့ စာလုပ်ရင်း စားရအောင် အသီးတွေခွဲပြီး လာပို့တာ "

"ကျေးဇူးတင်ပါတယ်.... "

Winterမှာ မတ်တပ်ထရပ်ပြီး ဦးညွှတ်ကာ ကျေးဇူးတင်စကားသေချာပြောလိုက်သည်

"ရပါတယ် စာသေချာလုပ်ကြနော်...."

"Nae. .."

Winrinaတို့မှာ စကားဆက်မပြောတော့ဘဲ စာသာဆက်လုပ်နေကြသည်

တကယ်တော့ Winter ရင်ထဲ Karina စကားကြောင့် ရင်ခုန်မြန်နေသလို Karinaကလည်း ချစ်သူရှိရက်နဲ့ ဘာလို့ Winterကို အီစီကလီစကားတွေ ပြောမိသွားလည်းဆိုတာ စဥ်းစားရင်း တိတ်ဆိတ်နေကြသည်

"ပြန်တော့မယ်နော် မမ Good nightပါ...."

"အင်း good night ချာတိတ် အိမ်ပြန်ရောက်တာနဲ့ အိပ်တော့ see ya "

"Nae. ......Aunty တို့ အိပ်ပြီထင်တယ် မနက်ကျ Chawက နှုတ်ဆက်သွားတယ်လို့ ပြောပေးနော်"

"Ok ချာတိတ်...."

ည ဆယ်နာရီထိုးပြီမို့ Winter အိမ်ပြန်ဖို့ ဆုံးဖြတ်လိုက်သည်

Winter အိမ်ကို ပြန်ရောက်သောအခါ ဧည့်ခန်းထဲတွင် သူမကို စောင့်နေတဲ့ Taeyeonကို တွေ့ရသည်

"Daddy မအိပ်သေးဘူးလား "

"သမီးကို စောင့်နေတာ အခြေအနေ ဘယ်လိုလည်း Minjeong. ..."

"မမ Karinaက စာရှင်းပြတာ တော်တယ် နားလည်လွယ်တယ်..."

Winter လျှောက်ပြောလိုက်ပေမယ့် Taeyeonကတော့ သူ့သမီးကို ကြည့်ပြီး ပြုံးနေသည်

"ဟုတ်ပါပြီ ငါ့သမီး အဆင်ပြေရင် ပြီးရော... သြော် ဒါနဲ့ PUBGဆော့နည်းအပြင် တခြားသိချင်တာရှိရင် Daddyကို လာမေး အကုန်ဖြေပေး သင်ပေးမယ် ဟုတ်ပြီလား "

"ဟုတ် Daddy "

"ကဲ ဒါဆို Daddy သွားအိပ်တော့မယ်နော် Good night "

Winterလည်း အိမ်တံခါးကို သေချာပိတ်ပြီး အိမ်ပေါ်သို့ တက်လာခဲ့သည်

ကုတင်ပေါ် ပစ်လှဲရင်း Karinaပြောတဲ့ စကားကို ပြန်ကြားယောင်ပြီး ပျော်လို့ လူးလှိမ့်နေသည်

Karina မှာတော့ မျှော်နေတဲ့သူဆီက ဖုန်းဝင်လာမလားဆိုပြီး ဖုန်းလေးကို ကြည့်ရင်း အိပ်ပျော်သွားသည်

#Tbc

တကယ်ဆို ဒီနေ့ author တစ်ညနေလုံး Mandalay က အခြေအနေတွေကြည့်ပြီး Mandalay သူတစ်ယောက်အနေနဲ့ ခံပြင်းဝမ်းနည်းမိလို့ ဘာ ficမှမရေးနိုင်ခဲ့ပါဘူး ဒါလေးက မနေ့ညက ကင်းစောင့်ရင်း ရေးထားတာလေးမို့ အားလုံး ခဏတဖြုတ် စိတ်ပင်ပန်းတာလေး လျော့အောင် တင်ပေးလိုက်တာပါ အားလုံးဘဲ အထိအခိုက်မရှိဘဲ ဒီအ​ခြေအနေဆိုးကြီးကို အတူဖြတ်ကျော်ရအောင်ဗျာ Fighting

#zawgyi

Karina သူ႕မိဘေတြနဲ႕ Winterအိမ္မွာ Dinner အတူ စားၿပီးေနာက္ အိမ္သို႔ ျပန္လာသည္

အဝတ္အစားလဲၿပီး ကုတင္ေပၚမွာ ပစ္လွဲရင္း Winter အေၾကာင္းကို ေတြးမိသြားသည္

စေတြ႕ကတည္းက ကုန္းကုန္းကြကြနဲ႕ ပိုက္ဆံေပ်ာက္လို႔ ရွာေနတဲ့ အေကာင္ေပါက္ေလးကို ၾကည့္ၿပီး Karina အသည္းယားမိသည္

ပိုက္ဆံက်ေပ်ာက္တဲ့ တစ္ေယာက္လို စတဲ့အခါက် စူပုပ္သြားတဲ့ မ်က္ႏွာေလးကိုလည္း Karina အရမ္း သေဘာက်မိသည္

"အာ မဟုတ္ေသးပါဘူး ငါ့မွာ Yuu Chan ရွိေနတာကို....ဘာလို႔ Winter အေၾကာင္းေတြးမိၿပီး သေဘာက်ေနတာလည္း ... သူ႕ကို သစၥာေဖာက္သလို ျဖစ္ေနၿပီ....မေတြးနဲ႕ မေတြးနဲ႕ "

Karina သူ႕ကိုယ္သူ သတိေပးၿပီး အိပ္ရာက ထကာ စာၾကည့္စားပြဲတြင္ ထိုင္လိုက္သည္

Winter အေၾကာင္း မေတြးမိေအာင္ Yuu Chanကို သစၥာမေဖာက္မိေအာင္ စာထဲကို အာ႐ုံစိုက္လိုက္သည္

Winterကေတာ့ အိပ္မေပ်ာ္ဘဲ မနက္ျဖန္ Karinaနဲ႕ စာအတူ သင္ရမွာကို ေတြးၿပီး စိတ္လႈပ္ရွားေနသည္

"Finally မမနဲ႕ နီးစပ္ေတာ့မယ္....အား ဘယ္လိုစၿပီး နီးစပ္ေအာင္လုပ္ရမလည္း ေတြးစမ္း ႀကံစမ္း..... .ဟူး မနက္ျဖန္အတြက္ တကယ္ ရင္ခုန္ေနၿပီ "

Winter အခန္းထဲမွာ တစ္ေယာက္တည္း စကားေျပာေနခ်ိန္ Taeyeonမွာ သူ႕သမီး အခန္းေရွ႕ ရပ္ၿပီး Winter ေျပာတဲ့စကားေတြ နားေထာင္ၿပီး ၿပဳံးေနသည္

**********

"Daddy Mommy chaw ဟိုဘက္အိမ္ကို သြားေတာ့မယ္ေနာ္ "

Winter ထမင္းစားၿပီးေနာက္ သြားတိုက္ အဝတ္အစားလဲၿပီး Karinaဆီ သြားဖို႔ အိမ္ေပၚက ဆင္းလာသည္

"ေနအုံး Minjeong... "

Taeyeon သူ႕အခန္းထဲကေန ထြက္လာၿပီး ေရေမႊးပုလင္းယူလာကာ သူ႕သမီးကို ဆြတ္ေပးေလသည္

"ရၿပီ သြား လုပ္စရာရွိတာ ေသခ်ာလုပ္ Daddyေျပာတာက စာေသခ်ာလုပ္ခဲ့ေနာ္လို႔ ေျပာတာေနာ္ "

"ဟုတ္ အဟီး စာေသခ်ာလုပ္ခဲ့ပါမယ္.... "

Winterမွာ သူ႕Daddyတို႔ကို ႏႈတ္ဆက္ၿပီး အိမ္ထဲက ထြက္လာခဲ့သည္

Ting Tong

တံခါး bell သံေၾကာင့္ Jessica ႐ုပ္ရွင္ၾကည့္ေနရာက သြားၾကည့္ေတာ့ Winterကို ေတြ႕ရသည္

"Jiminေရ Winter လာၿပီေနာ္ "

Jessica သူ႕သမီး ၾကားေအာင္ ေအာ္ေျပာၿပီး တံခါးဖြင့္ေပးလိုက္သည္

"Annyeonghasayo aunty Jessica ညစာစားၿပီးၿပီလား "

"စားၿပီၿပီ Winter ေလးေရ သမီးေရာ "

"ဟုတ္ စားၿပီးၿပီ aunty. ..."

"သမီးရဲ႕ အမက သူ႕အခန္းထဲ ရွိတယ္ ေလွကားေပၚက တက္သြားၿပီး ညာဘက္က အခန္းက သူ႕အခန္းဘဲ သမီး "

"ဟုတ္ aunty ေက်းဇူးတင္ပါတယ္ "

Jessicaကို ေက်းဇူးတင္စကားေျပာၿပီး Winter အိမ္ေပၚကို တက္လာသည္

Karinaမွာ သူ႕ခ်စ္သူ Yuu Chanဆီက ဖုန္းအဆက္အသြယ္မရသလို Yuu Chanကို ဖုန္းဆက္ေသာ္လည္း တစ္ဖက္က မကိုင္ေသာေၾကာင့္ စိတ္ရႈပ္ေနသည္

Knock Knock

ထိုစဥ္ အခန္း တံခါးေခါက္သံၾကားလို႔ ဖုန္းကို ခ်ၿပီး တံခါးသြားဖြင့္ေပးေသာအခါ

"ခ်ာတိတ္...ေရာက္လာၿပီလား ဝင္ခဲ့ေလ "

"ဟုတ္ မမ "

အခန္းထဲဝင္သြားတဲ့ Winterကို ၾကည့္ၿပီး ခုနစိတ္ရႈပ္စရာေတြကို ေမ့သြားၿပီး Karina ၿပဳံးမိသြားတယ္

တကယ္ကို Winterက Karinaအတြက္ အၾကည္ဓာတ္ေလးပါလား....

"စားပြဲခင္းထားတယ္ ခ်ာတိတ္က အဲ့ဘက္မွာထိုင္...တို႔က ဒီမွာ ထိုင္မယ္ "

"ဟုတ္...မမ "

Winterလည္း Karina ထိုင္ခိုင္းတဲ့ဘက္တြင္ ထိုင္လိုက္သည္

"တြက္စာေတြ နားမလည္တာရွိရင္ တို႔ကို ေမးလို႔ရတယ္ေနာ္ ခ်ာတိတ္ အဆင္မေျပရင္ က်က္စာလည္း ကူက်က္ေပးမယ္ တို႔ကို အားမနာနဲ႕ေနာ္ "

"ဟုတ္..."

"လိမ္မာတယ္ ခ်ာတိတ္က "

Winterရဲ႕ ေခါင္းေလးကို ပြတ္ေပးၿပီး Karina ေျပာေတာ့ Winterမွာ ရင္ေတြခုန္ေနသည္

Winter တစ္ေယာက္ စာလုပ္ေနေပမယ့္ Karina ကေတာ့ စိတ္ထဲမွာ အလိုမက်ျဖစ္ေနသည္

ဒီေန႕ တနဂ္ႏြေေန႕  Yuu Chan အလုပ္ပိတ္ရက္ ခါတိုင္းဆို အားလပ္ရက္ေရာက္တိုင္း မနက္ကတည္းက Yuu Chanက ဖုန္းဆက္ေနက် ညဆိုလည္း ဖုန္းေျပာေနက်ကိဳ အခု Yuu Chan က အဆက္အသြယ္မလုပ္ဘဲ ျဖတ္ထားေတာ့ စိတ္ထဲ ဘဝင္မက်ျဖစ္ေနသည္

သက္ျပင္းခဏခဏခ်ေနတဲ့ Karinaကို Winter စာလုပ္ေနရာက ၾကည့္ၿပီး တစ္ခုခုျဖစ္ေနမွန္း ရိပ္မိေနသည္

Winter စာလုပ္ေနရာက ရပ္ၿပီး သူ႕ေက်ာပိုးအိတ္ကို ဖြင့္လိုက္သည္

"ေရာ့ မမ...."

Karina ေမးေထာက္ၿပီး စာအုပ္ၾကည့္ကာ ဘဝင္မက်ျဖစ္ေနတုံး သူမ ေရွ႕ ေရာက္လာတဲ့ ေခ်ာကလက္ေလးေၾကာင့္ အံ့ၾသသြားတယ္

"ဒါက....."

"မမ စိတ္ရႈပ္ေနတာမလား သက္ျပင္းေတြလည္း ခဏခဏခ်ေနတာ သတိထားမိတယ္ ဒါေၾကာင့္မို႔ ေခ်ာကလက္ေကြၽးတာ...စိတ္ရႈပ္တဲ့အခ်ိန္ အခ်ိဳစားေပးရင္ စိတ္ၾကည္တယ္တဲ့ "

သူမကို ၾကည့္ၿပီး ေခ်ာကလက္ေပးကာ စကားေျပာေနတဲ့ Winterကို Karina အူယားလာလို႔ စခ်င္စိတ္ျဖစ္လာသည္

"ခ်ာတိတ္ရဲ႕ အသားက ခ်ိဳလားဟင္ "

Karinaရဲ႕ ေမးခြန္းေၾကာင့္ Winter မွာ နားမလည္ဘဲ အူေၾကာင္ေၾကာင္ ျဖစ္သြားတယ္

"ဟင္ ဘာကိုလည္း "

"စိတ္ညစ္ရင္ အခ်ိဳစားေပးရတယ္ဆို "

"ဟုတ္တယ္ေလ "

"အဲ့တာေၾကာင့္မို႔ တို႔က ခ်ာတိတ္ရဲ႕ အသားခ်ိဳလားလို႔ ေမးတာ ေခ်ာကလက္ထက္ ဟန္းစတားလို ေသးေသးေလးနဲ႕ အူယားစရာေကာင္းတဲ့ ခ်ာတိတ္ကို စားခ်င္တာ "

Karinaရဲ႕ စကားေၾကာင့္ Winter မွာ ရွက္ၿပီး မ်က္ႏွာေလး နီရဲလာသည္

"အာ...."

"ဟားဟား ခ်ာတိတ္က ရွက္ေနတာဘဲ "

Winter ရွက္ေနတာေလး ၾကည့္ၿပီး Karina သေဘာက်လိဳ႕ ရယ္လိုက္သည္

"တကယ္ဘဲ ခ်ာတိတ္ေၾကာင့္ စိတ္ရႈပ္တာေတြ ေပ်ာက္သြားၿပီ "

"မမက ဘာေၾကာင့္ စိတ္ညစ္ေနတာလည္း "

Winterကေမးေတာ့ Karinaမွာ ေျဖသင့္မေျဖသင့္ စဥ္းစားေနသည္

ထိုစဥ္ အခန္းတံခါးေခါက္သံေၾကာင့္ ထဖြင့္ေပးေတာ့ သစ္သီးပန္းကန္ကိုင္ထားတဲ့ သူမ အေဖ Yulyulk ကို ေတြ႕ရသည္

"Appa "

"သမီးတို႔ စာလုပ္ရင္း စားရေအာင္ အသီးေတြခြဲၿပီး လာပို႔တာ "

"ေက်းဇူးတင္ပါတယ္.... "

Winterမွာ မတ္တပ္ထရပ္ၿပီး ဦးၫႊတ္ကာ ေက်းဇူးတင္စကားေသခ်ာေျပာလိုက္သည္

"ရပါတယ္ စာေသခ်ာလုပ္ၾကေနာ္...."

"Nae. .."

Winrinaတို႔မွာ စကားဆက္မေျပာေတာ့ဘဲ စာသာဆက္လုပ္ေနၾကသည္

တကယ္ေတာ့ Winter ရင္ထဲ Karina စကားေၾကာင့္ ရင္ခုန္ျမန္ေနသလို Karinaကလည္း ခ်စ္သူရွိရက္နဲ႕ ဘာလို႔ Winterကို အီစီကလီစကားေတြ ေျပာမိသြားလည္းဆိုတာ စဥ္းစားရင္း တိတ္ဆိတ္ေနၾကသည္

"ျပန္ေတာ့မယ္ေနာ္ မမ Good nightပါ...."

"အင္း good night ခ်ာတိတ္ အိမ္ျပန္ေရာက္တာနဲ႕ အိပ္ေတာ့ see ya "

"Nae. ......Aunty တို႔ အိပ္ၿပီထင္တယ္ မနက္က် Chawက ႏႈတ္ဆက္သြားတယ္လို႔ ေျပာေပးေနာ္"

"Ok ခ်ာတိတ္...."

ည ဆယ္နာရီထိုးၿပီမို႔ Winter အိမ္ျပန္ဖို႔ ဆုံးျဖတ္လိုက္သည္

Winter အိမ္ကို ျပန္ေရာက္ေသာအခါ ဧည့္ခန္းထဲတြင္ သူမကို ေစာင့္ေနတဲ့ Taeyeonကို ေတြ႕ရသည္

"Daddy မအိပ္ေသးဘူးလား "

"သမီးကို ေစာင့္ေနတာ အေျခအေန ဘယ္လိုလည္း Minjeong. ..."

"မမ Karinaက စာရွင္းျပတာ ေတာ္တယ္ နားလည္လြယ္တယ္..."

Winter ေလွ်ာက္ေျပာလိုက္ေပမယ့္ Taeyeonကေတာ့ သူ႕သမီးကို ၾကည့္ၿပီး ၿပဳံးေနသည္

"ဟုတ္ပါၿပီ ငါ့သမီး အဆင္ေျပရင္ ၿပီးေရာ... ေၾသာ္ ဒါနဲ႕ PUBGေဆာ့နည္းအျပင္ တျခားသိခ်င္တာရွိရင္ Daddyကို လာေမး အကုန္ေျဖေပး သင္ေပးမယ္ ဟုတ္ၿပီလား "

"ဟုတ္ Daddy "

"ကဲ ဒါဆို Daddy သြားအိပ္ေတာ့မယ္ေနာ္ Good night "

Winterလည္း အိမ္တံခါးကို ေသခ်ာပိတ္ၿပီး အိမ္ေပၚသို႔ တက္လာခဲ့သည္

ကုတင္ေပၚ ပစ္လွဲရင္း Karinaေျပာတဲ့ စကားကို ျပန္ၾကားေယာင္ၿပီး ေပ်ာ္လို႔ လူးလွိမ့္ေနသည္

Karina မွာေတာ့ ေမွ်ာ္ေနတဲ့သူဆီက ဖုန္းဝင္လာမလားဆိုၿပီး ဖုန္းေလးကို ၾကည့္ရင္း အိပ္ေပ်ာ္သြားသည္

#Tbc

တကယ္ဆို ဒီေန႕ author တစ္ညေနလုံး Mandalay က အေျခအေနေတြၾကည့္ၿပီး Mandalay သူတစ္ေယာက္အေနနဲ႕ ခံျပင္းဝမ္းနည္းမိလို႔ ဘာ ficမွမေရးနိုင္ခဲ့ပါဘူး ဒါေလးက မေန႕ညက ကင္းေစာင့္ရင္း ေရးထားတာေလးမို႔ အားလုံး ခဏတျဖဳတ္ စိတ္ပင္ပန္းတာေလး ေလ်ာ့ေအာင္ တင္ေပးလိုက္တာပါ အားလုံးဘဲ အထိအခိုက္မရွိဘဲ ဒီအေျခအေနဆိုးႀကီးကို အတူျဖတ္ေက်ာ္ရေအာင္ဗ်ာ Fighting

Bạn đang đọc truyện trên: Truyen3h.Co