Truyen3h.Co

Char Tate

Part 6

KimFany059

"Karina နင် မျက်နှာလည်း မကောင်းပါလား ဘာဖြစ်နေတာလည်း အိမ်နဲ့ ရန်ဖြစ်လာတာလား "

ကန်တင်းတွင် မုန့်စားနေရင်း Karina တစ်ယောက် မျက်နှာမကောင်းဖြစ်နေတာကို Giselle သတိထားမိသည်

"မဟုတ်ပါဘူးဟာ..."

"ဒါဆို ဘာဖြစ်လို့လည်း "

"Yuu Chanလေ မနေ့က ဖုန်းလည်းမဆက်သလို ငါဖုန်းဆက်တာလည်း မကိုင်ဘူး...."

"Aww သူ အလုပ်များနေလို့နေမှာပါ နင့် Yuu Chanက သူတို့ Company ရဲ့ ဒုဥက္ကဌဆိုတာ မေ့နေတာလား "

"မဟုတ်ဘူးလေ မနေ့က Sunday ကွာ ဘယ်လောက် အလုပ်များများ သူက Sunday တစ်ရက်ဆို အေးဆေး နားနားနေနေ အနားယူတာ သူ့အကျင့် ငါသိပြီးသား အဲ့တာ ဖုန်းမကိုင်လို့ စိတ်လေးနေတယ် "

"အရေးပေါ် meeting ရှိလို့နေမှာပေါ့ Karinaရ တအားဆိုးဆိုးရွားရွားတွေ တွေးမနေပါနဲ့ နင်ဘဲ စိတ်ပင်ပန်းလိမ့်မယ် သူလည်း နင့်ကို ချစ်တဲ့ဟာကို "

"မသိပါဘူး ငါ့စိတ်ထဲ တစ်မျိုးဖြစ်နေတယ်....."

Karina သက်ပြင်းချပြီး အအေးကို ယူသောက်လိုက်သည်

"အံမယ် Kim Winterတစ်ယောက် အူမြူးနေပါလား နင့် Daddyက မုန့်ဖိုးအများကြီး ပေးလိုက်လို့လား "

သူမဆီကို ခုန်ပေါက်ပြီး လာတဲ့ Winterကို Ningning မေးလိုက်သည်

ဒီနေ့တော့ Ningning တစ်ယောက် Jisooက ကျောင်းကို လိုက်ပို့ပေးမယ်ဆိုလို့ ကျောင်းကို စောရောက်နေခြင်း ဖြစ်သည်

"မဟုတ်ပါဘူး ငါ့မမကြောင့် ပျော်နေတာ "

"အံမယ် ဘာများလည်း ပြောပါအုံး "

"ဒီလိုကွာ မမက တစ်နေ့က ငါတို့ အိမ်ဘေးနားပြောင်းလာတာဟ အဲ့တာအပြင် သူ့မိဘတွေနဲ့ ငါ့မိဘတွေက ငယ်သူငယ်ချင်းတွေတဲ့ ပြီးတော့ မနေ့ကစပြီး မမရဲ့အိမ်မှာ ငါက စာလုပ်ရတာ ဟိဟိ "

"အမလေး အသက်လေးရှူပြီး ဖြည်းဖြည်းပြောပါ Kim Winterရယ် "

Ningningမှာ Winterကို မျက်စောင်းထိုးပြီး ပြောတော့ Winterမှာ စပ်ဖြဲဖြဲနဲ့ Ningningကို ရယ်ပြလေသည်

"ဗိုက်ဆာတယ် ကန်တင်းသွားရအောင် Ningning..... "

"Ok သွားမယ်လေ...."

Winterနဲ့ Ningningတို့လည်း စကားပြောရင်း ကန်တင်းကို ထွက်လာကြသည်

"ဟိုမှာ ဟိုမှာ နင့်မမ...."

Winterမှာ မနေ့က သူကြည့်ခဲ့တဲ့ ရုပ်ရှင်အကြောင်းကို Ningningကို အားပါးတရ ပြောပြနေစဥ် Ningningရဲ့ စကားကြောင့် အမြန်ကြည့်လိုက်တော့ အအေးသောက်နေတဲ့ Karinaကို တွေ့ရသည်

"ဟာ ဟုတ်ပါ့....အယ် သူ့မျက်နှာလည်း မကောင်းပါလား ဘာဖြစ်တာလည်းမသိဘူး..."

Karina မျက်နှာမကောင်းဖြစ်နေတာကို Winter မှာ သတိထားမိပြီး စိတ်ပူသွားသည်

"နေမကောင်းလို့လား ဒါမှမဟုတ် အိမ်ကနေ ဆူခံရလို့လားမသိဘူး "

"သိချင်ရင် သွားမေးလိုက်ပါလား Winter ရ နင်တို့ စာအတူတောင်လုပ်ရတယ်ဆိုတော့ ရင်းနှီးနေပြီဘဲကို... "

"ငါ..."

"ဘာမှ မငါနဲ့ သွား "

Ningningမှာ Winter ကို Karinaတို့ စားပွဲဘက်ကို တွန်းလွှတ်လိုက်သည်

"Hello Good Morning မမ "

သူတို့ရှေ့ ဖရိုဖရဲနဲ့ ရောက်လာတဲ့ Winterကို Karinaတို့ တအံ့တသြနဲ့ ကြည့်လိုက်ကြသည်

"Good Morning ချာတိတ် မုန့်လာစားတာလား "

"ဟုတ်တယ် မမ ဒီမှာ ထိုင်လို့ရတယ်မလား "

"ရပါတယ် ထိုင်လေ ချာတိတ် "

"ကျေးဇူးပါ မမ "

Winter ပြောပြီး ကယောင်ခြောက်ခြားနဲ့ Giselle ဘေးနား ဝင်ထိုင်မလို့လုပ်ပေမယ့် Ningningမှာ Giselleရဲ့ ဘေး ဝင်ထိုင်လိုက်သောကြောင့် Karina ဘေးနားသို့ Winterမှာ ဝင်ထိုင်လိုက်ရသည်

"မမ မျက်နှာလည်း မကောင်းပါလား နေမကောင်းလို့လား "

Winter မေးတော့ Karinaမှာ ခေါင်းခါပြသည်

"မဟုတ်ပါဘူး ဒီတိုင်း Personal case ကြောင့်ပါ "

"Aww အင်းပါ စိတ်ညစ်စရာရှိတောင် အမြဲ ပြုံးနေနော် မမက ပြုံးလိုက်ရင် ပါးချိုင့်လေးနဲ့ အရမ်းလှတာ သိလား "

Winterရဲ့ စကားကြောင့် Karinaမှာ ရှက်သွားပေမယ့် Ningningကတော့ Winter အစား ရှက်ပြီး ကောင်းကင်ကို မော့ကြည့်နေသည်

Giselle မှာတော့ သောက်လက်စအအေးတောင် သီးသွားရှာသည်

"အင်းပါ ချာတိတ်ရ...."

"ညကျ ဘာစားချင်လည်း ဝယ်လာမယ်လေ "

"ရပါတယ် ဘာမှမစားချင်ပါဘူး.. ဝယ်မလာပါနဲ့ အလကားနေ ချာတိတ်ရဲ့ ပိုက်ဆံတွေကုန်လိမ့်မယ် "

"ရပါတယ် အချိုတွေ ဝယ်ခဲ့မယ် လက်တလော မမက စိတ်ညစ်နေတော့ အချိုစားပေးမှ ဖြစ်မယ်...."

Winrinaတို့ ပြောနေတာကို အကြောင်းစုံသိတဲ့ Ningningက ငြိမ်နေပေမယ့် ဘာမှမသိသေးတဲ့ Giselleက နားမလည်လို့ ဝင်မေးလိုက်သည်

"နေပါအုံး နင်တို့က အတူတူနေကြတာလား "

"အာ မဟုတ်ပါဘူး ငါ အိမ်အသစ်ပြောင်းသွားတယ်လို့ နင့်ကို ပြောပြဖူးတယ် အဲ့အိမ်က ချာတိတ်ရဲ့ အိမ်ဘေးနားလေ ပြီးကျ ချာတိတ်ရဲ့ မိဘတွေနဲ့ ငါ့မိဘတွေက ငယ်သူငယ်ချင်းတွေဆိုတော့ ချာတိတ်က စာမလုပ်ဘဲ ဂိမ်းဆော့တာများနေလို့ဆိုပြီး သူ့အမေက ငါနဲ့စာလုပ်ဖို့ ပို့လိုက်တာ "

"Aww. .."

"ဒါဆို အတန်းတက်တော့မှာမို့ တို့တွေ အရင်သွားနှင့်မယ်နော် ချာတိတ်...ချာတိတ်တို့ စားတာတွေပါ တို့ဘဲ ရှင်းပေးလိုက်မယ် ညမှတွေ့မယ်နော် bye "

Winterတို့ကို နှုတ်ဆက်ပြီး Karinaမှာ အတန်းတက်ဖို့ ထွက်လာသည်

"ဟင်း Karina. ..နင်နော် Winterဆိုတဲ့ ကလေးမနဲ့ စာအတူလုပ်တဲ့အကြောင်း ငါ့ကို မပြောပြဘူး လျိုထားတာ သူများပြောမှ သိရတယ် "

အတန်းထဲတွင် Giselleမှာ Karinaကို မျက်စောင်းထိုးကာ ရန်လုပ်သည်

"မဟုတ်ပါဘူးဟာ ငါ Yuu Chanကြောင့် စိတ်ညစ်နေတာနဲ့ ပြောဖို့ မေ့သွားတာ "

"ကြည့်ရတာ အဲ့ကလေးက နင့်ကို သဘောကျနေတဲ့ပုံဘဲ Karina. ...Yuu Chanနဲ့ အဆင်မပြေရင် နင် သူနဲ့ တွဲလိုက်ပါလား "

"ဟာ နင်ကလည်း ဘယ်လိုစကားကြီး ပြောလိုက်တာလည်း "

"ငါ တကယ် ပြောတာဟ နင်နဲ့တွေ့ရင် သူ့မှာ စိတ်လှုပ်ရှားနေတာ ကြည့်ရင် နင့်ကို သဘောကျနေမှန်းသိသာတယ် "

"တော်တော့ မနေ့က ပေးလိုက်တဲ့ အိမ်စာပြီးပြီလား "

Karinaမှာ စကားဆက်မပြောချင်တာနဲ့ စကားလမ်းကြောင်းလွှဲလိုက်သည်

ကျောင်းဆင်းတော့ Winterမှာ အိမ်မပြန်သေးဘူး စတိုးဆိုင်ကို ဝင်ပြီး ချောကလက်နဲ့ ချိုချဥ်တွေ ဝယ်နေသည်

Karinaကတော့ ရေချိုးပြီး ဖုန်းခနသုံးစဥ် Giselleဆီက message ဝင်လာလို့ ဖတ်ကြည့်လိုက်သည်

"တောက်...."

Giselle ပို့တဲ့ စာတွေနဲ့ ပုံကို ကြည့်ပြီး Karina တောက်ခေါက်မိသွားသည်

Giselle ပို့လိုက်တဲ့ ပုံမှာ တစ်ခြားမဟုတ် Karinaရဲ့ ချစ်သူ Yuu Chanက ကောင်မလေးတစ်ယောက်ရဲ့ ခါးကိုဖက်ထားပြီး ပြုံးရယ်နေတဲ့ပုံပင် ဖြစ်သည်

"Karinaရေ မပို့ချင်ပေမယ့် ပို့မှ ဖြစ်မယ်ထင်လို့ ငါ အင်တာနက်သုံးရင်း ငါ့သူငယ်ချင်းရဲ့ အမတစ်ယောက် တင်ထားတာတွေ့လို့ ကြည့်ရတာ မနေ့က သူတို့ Clubတစ်ခုမှာ party လုပ်တယ်ထင်တယ် Yuu Chanကိုပါ mentionခေါ်ထားလို့ ဝင်ကြည့်တာ ဒီပုံတွေ့တာဘဲ နင့်လူကို နင် သေချာ မေးသင့်ပြီ Karinaရေ "

Giselleရဲ့ စာကိုဖတ်ပြီး Karina ဒေါသထွက်လို့ သူ့ချစ်သူဆီ ဖုန်းဆက်လိုက်သည်

သို့သော် တစ်ဖက်မှာ ဖုန်းမကိုင်ပေ

"Yuu Chan ခင်ဗျား ဘာစောက်ချိုးချိုးနေတာလည်း "

Karinaမှာ တစ်ဖက်က မကိုင်တဲ့ ဖုန်းကို ထပ်တလဲလဲခေါ်ရင်း စိတ်တိုနေသည်

ညရောက်တော့ Winterမှာ တက်တက်ကြွကြွနဲ့ Karinaရဲ့ အိမ်ကို ရောက်လာသည်

"Winterလေး ရောက်လာပြီလား "

"ဟုတ် ရောက်လာပါပြီ Aunty Jessica"

"ဒါနဲ့ လမ်းကြုံလို့ တစ်ခု အကူအညီတောင်းအုံးမယ် "

"ဟုတ် Aunty ပြောပါ chaw ဘာကူညီပေးရလည်း "

"သမီးရဲ့ အမ Jimin တစ်ယောက် ဘာဖြစ်နေတယ်မသိပါဘူး ညစာထွက်မစားလို့ ဒီညစာလေးတွေ ယူသွားပေးပြီး သူ့ကို ကျွေးပေးပါလား "

"ဟုတ် Aunty စိတ်ချပါ Chaw သူ့ကို ချော့ကျွေးလိုက်ပါမယ် "

Jessicaဆီက ထမင်းဟင်းပန်းကန်တွေ ပါတဲ့ လင်ဗန်းကို ယူပြီး Karina အခန်းဘက်သို့ Winter ထွက်လာသည်

"မမရေ Chaw ရောက်နေပြီ တံခါးဖွင့်ပေးပါအုံး "

အခန်းအပြင်က Winterရဲ့ အသံကြောင့် Karinaမှာ ဖုန်းကို ပစ်ချပြီး တံခါးထဖွင့်ပေးလိုက်သည်

Winterမှာ လင်ဗန်းကို စားပွဲပေါ် တင်ပြီး ကျောပိုးအိတ်ကို ပစ်ချလိုက်သည်

"စိတ်ညစ်စရာ ရှိတောင် ထမင်းတော့ အချိန်မှန်စားရမှာပေါ့ မရယ်....လာပါ auntyက မကို ထမင်းကျွေးဖို့ အကူအညီတောင်းလို့ မစားချင်တောင် နှစ်ဇွန်းလောက်တော့ စားလိုက်ပါ "

Karinaရဲ့ လက်ကိုဆွဲပြီး စားပွဲခုံရှေ့တွင် ထိုင်ခိုင်းလိုက်သည်

ထို့နောက် Winterမှာ Karina ကို ထမင်းခွံ့ကျွေးလေသည်

Karinaမှာ သူမကို ထမင်းခွံ့ကျွေးနေတဲ့ Winter ကို ကြည့်ရင်း Giselleရဲ့ စကားတွေ ပြန်ကြားယောင်လာသည်

"အဲ့ကလေးက နင့်ကို သဘောကျနေတဲ့ပုံဘဲ.....အဲ့ကလေးက နင့်ကို သဘောကျနေတဲ့ပုံဘဲ "

Karinaမှာ အာရုံမလွှင့်အောင် ခေါင်းခါလိုက်သည်

"မမ ဘာဖြစ်လို့လည်း မစားချင်တော့လို့လား "

Winter မှာ စိုးရိမ်တကြီးမေးတော့ Karinaမှာ ဘာဖြေရမှန်းမသိ ဖြစ်သွားသည်

ထိုစဥ် Karinaရဲ့ ဖုန်းမြည်သံကြောင့် နှစ်ယောက်လုံး လန့်သွားသည်

Winterမှာ ဖုန်းကို လှမ်းကြည့်တော့ My Honeyဆိုပြီး အသည်းပုံနဲ့ contact ကို မြင်ပြီး လက်ထဲက ဇွန်းမှာ ပြုတ်ကျသွားသည်

"မမမှာ ရည်းစားရှိနေတာလား "

Karinaမှာ ဖုန်းအမြန်ကိုင်ပြီး ရေချိုးခန်းထဲ ဝင်သွားသည်

Winterကတော့ ငူငူငိုင်ငိုင်နဲ့ ကျောက်ရုပ်လိုသာ ကျန်ခဲ့လေသည်

#tbc

#zawgyi

"Karina နင္ မ်က္ႏွာလည္း မေကာင္းပါလား ဘာျဖစ္ေနတာလည္း အိမ္နဲ႕ ရန္ျဖစ္လာတာလား "

ကန္တင္းတြင္ မုန့္စားေနရင္း Karina တစ္ေယာက္ မ်က္ႏွာမေကာင္းျဖစ္ေနတာကို Giselle သတိထားမိသည္

"မဟုတ္ပါဘူးဟာ..."

"ဒါဆို ဘာျဖစ္လို႔လည္း "

"Yuu Chanေလ မေန႕က ဖုန္းလည္းမဆက္သလို ငါဖုန္းဆက္တာလည္း မကိုင္ဘူး...."

"Aww သူ အလုပ္မ်ားေနလို႔ေနမွာပါ နင့္ Yuu Chanက သူတို႔ Company ရဲ႕ ဒုဥကၠဌဆိုတာ ေမ့ေနတာလား "

"မဟုတ္ဘူးေလ မေန႕က Sunday ကြာ ဘယ္ေလာက္ အလုပ္မ်ားမ်ား သူက Sunday တစ္ရက္ဆို ေအးေဆး နားနားေနေန အနားယူတာ သူ႕အက်င့္ ငါသိၿပီးသား အဲ့တာ ဖုန္းမကိုင္လို႔ စိတ္ေလးေနတယ္ "

"အေရးေပၚ meeting ရွိလို႔ေနမွာေပါ့ Karinaရ တအားဆိုးဆိုး႐ြား႐ြားေတြ ေတြးမေနပါနဲ႕ နင္ဘဲ စိတ္ပင္ပန္းလိမ့္မယ္ သူလည္း နင့္ကို ခ်စ္တဲ့ဟာကို "

"မသိပါဘူး ငါ့စိတ္ထဲ တစ္မ်ိဳးျဖစ္ေနတယ္....."

Karina သက္ျပင္းခ်ၿပီး အေအးကို ယူေသာက္လိုက္သည္

"အံမယ္ Kim Winterတစ္ေယာက္ အူျမဴးေနပါလား နင့္ Daddyက မုန့္ဖိုးအမ်ားႀကီး ေပးလိုက္လို႔လား "

သူမဆီကို ခုန္ေပါက္ၿပီး လာတဲ့ Winterကို Ningning ေမးလိုက္သည္

ဒီေန႕ေတာ့ Ningning တစ္ေယာက္ Jisooက ေက်ာင္းကို လိုက္ပို႔ေပးမယ္ဆိုလို႔ ေက်ာင္းကို ေစာေရာက္ေနျခင္း ျဖစ္သည္

"မဟုတ္ပါဘူး ငါ့မမေၾကာင့္ ေပ်ာ္ေနတာ "

"အံမယ္ ဘာမ်ားလည္း ေျပာပါအုံး "

"ဒီလိုကြာ မမက တစ္ေန႕က ငါတို႔ အိမ္ေဘးနားေျပာင္းလာတာဟ အဲ့တာအျပင္ သူ႕မိဘေတြနဲ႕ ငါ့မိဘေတြက ငယ္သူငယ္ခ်င္းေတြတဲ့ ၿပီးေတာ့ မေန႕ကစၿပီး မမရဲ႕အိမ္မွာ ငါက စာလုပ္ရတာ ဟိဟိ "

"အမေလး အသက္ေလးရႉၿပီး ျဖည္းျဖည္းေျပာပါ Kim Winterရယ္ "

Ningningမွာ Winterကို မ်က္ေစာင္းထိုးၿပီး ေျပာေတာ့ Winterမွာ စပ္ၿဖဲၿဖဲနဲ႕ Ningningကို ရယ္ျပေလသည္

"ဗိုက္ဆာတယ္ ကန္တင္းသြားရေအာင္ Ningning..... "

"Ok သြားမယ္ေလ...."

Winterနဲ႕ Ningningတို႔လည္း စကားေျပာရင္း ကန္တင္းကို ထြက္လာၾကသည္

"ဟိုမွာ ဟိုမွာ နင့္မမ...."

Winterမွာ မေန႕က သူၾကည့္ခဲ့တဲ့ ႐ုပ္ရွင္အေၾကာင္းကို Ningningကို အားပါးတရ ေျပာျပေနစဥ္ Ningningရဲ႕ စကားေၾကာင့္ အျမန္ၾကည့္လိုက္ေတာ့ အေအးေသာက္ေနတဲ့ Karinaကို ေတြ႕ရသည္

"ဟာ ဟုတ္ပါ့....အယ္ သူ႕မ်က္ႏွာလည္း မေကာင္းပါလား ဘာျဖစ္တာလည္းမသိဘူး..."

Karina မ်က္ႏွာမေကာင္းျဖစ္ေနတာကို Winter မွာ သတိထားမိၿပီး စိတ္ပူသြားသည္

"ေနမေကာင္းလို႔လား ဒါမွမဟုတ္ အိမ္ကေန ဆူခံရလို႔လားမသိဘူး "

"သိခ်င္ရင္ သြားေမးလိုက္ပါလား Winter ရ နင္တို႔ စာအတူေတာင္လုပ္ရတယ္ဆိုေတာ့ ရင္းႏွီးေနၿပီဘဲကို... "

"ငါ..."

"ဘာမွ မငါနဲ႕ သြား "

Ningningမွာ Winter ကို Karinaတို႔ စားပြဲဘက္ကို တြန္းလႊတ္လိုက္သည္

"Hello Good Morning မမ "

သူတို႔ေရွ႕ ဖရိုဖရဲနဲ႕ ေရာက္လာတဲ့ Winterကို Karinaတို႔ တအံ့တၾသနဲ႕ ၾကည့္လိုက္ၾကသည္

"Good Morning ခ်ာတိတ္ မုန့္လာစားတာလား "

"ဟုတ္တယ္ မမ ဒီမွာ ထိုင္လို႔ရတယ္မလား "

"ရပါတယ္ ထိုင္ေလ ခ်ာတိတ္ "

"ေက်းဇူးပါ မမ "

Winter ေျပာၿပီး ကေယာင္ေျခာက္ျခားနဲ႕ Giselle ေဘးနား ဝင္ထိုင္မလို႔လုပ္ေပမယ့္ Ningningမွာ Giselleရဲ႕ ေဘး ဝင္ထိုင္လိုက္ေသာေၾကာင့္ Karina ေဘးနားသို႔ Winterမွာ ဝင္ထိုင္လိုက္ရသည္

"မမ မ်က္ႏွာလည္း မေကာင္းပါလား ေနမေကာင္းလို႔လား "

Winter ေမးေတာ့ Karinaမွာ ေခါင္းခါျပသည္

"မဟုတ္ပါဘူး ဒီတိုင္း Personal case ေၾကာင့္ပါ "

"Aww အင္းပါ စိတ္ညစ္စရာရွိေတာင္ အၿမဲ ၿပဳံးေနေနာ္ မမက ၿပဳံးလိုက္ရင္ ပါးခ်ိဳင့္ေလးနဲ႕ အရမ္းလွတာ သိလား "

Winterရဲ႕ စကားေၾကာင့္ Karinaမွာ ရွက္သြားေပမယ့္ Ningningကေတာ့ Winter အစား ရွက္ၿပီး ေကာင္းကင္ကို ေမာ့ၾကည့္ေနသည္

Giselle မွာေတာ့ ေသာက္လက္စအေအးေတာင္ သီးသြားရွာသည္

"အင္းပါ ခ်ာတိတ္ရ...."

"ညက် ဘာစားခ်င္လည္း ဝယ္လာမယ္ေလ "

"ရပါတယ္ ဘာမွမစားခ်င္ပါဘူး.. ဝယ္မလာပါနဲ႕ အလကားေန ခ်ာတိတ္ရဲ႕ ပိုက္ဆံေတြကုန္လိမ့္မယ္ "

"ရပါတယ္ အခ်ိဳေတြ ဝယ္ခဲ့မယ္ လက္တေလာ မမက စိတ္ညစ္ေနေတာ့ အခ်ိဳစားေပးမွ ျဖစ္မယ္...."

Winrinaတို႔ ေျပာေနတာကို အေၾကာင္းစုံသိတဲ့ Ningningက ၿငိမ္ေနေပမယ့္ ဘာမွမသိေသးတဲ့ Giselleက နားမလည္လို႔ ဝင္ေမးလိုက္သည္

"ေနပါအုံး နင္တို႔က အတူတူေနၾကတာလား "

"အာ မဟုတ္ပါဘူး ငါ အိမ္အသစ္ေျပာင္းသြားတယ္လို႔ နင့္ကို ေျပာျပဖူးတယ္ အဲ့အိမ္က ခ်ာတိတ္ရဲ႕ အိမ္ေဘးနားေလ ၿပီးက် ခ်ာတိတ္ရဲ႕ မိဘေတြနဲ႕ ငါ့မိဘေတြက ငယ္သူငယ္ခ်င္းေတြဆိုေတာ့ ခ်ာတိတ္က စာမလုပ္ဘဲ ဂိမ္းေဆာ့တာမ်ားေနလို႔ဆိုၿပီး သူ႕အေမက ငါနဲ႕စာလုပ္ဖို႔ ပို႔လိုက္တာ "

"Aww. .."

"ဒါဆို အတန္းတက္ေတာ့မွာမို႔ တို႔ေတြ အရင္သြားႏွင့္မယ္ေနာ္ ခ်ာတိတ္...ခ်ာတိတ္တို႔ စားတာေတြပါ တို႔ဘဲ ရွင္းေပးလိုက္မယ္ ညမွေတြ႕မယ္ေနာ္ bye "

Winterတို႔ကို ႏႈတ္ဆက္ၿပီး Karinaမွာ အတန္းတက္ဖို႔ ထြက္လာသည္

"ဟင္း Karina. ..နင္ေနာ္ Winterဆိုတဲ့ ကေလးမနဲ႕ စာအတူလုပ္တဲ့အေၾကာင္း ငါ့ကို မေျပာျပဘူး လ်ိဳထားတာ သူမ်ားေျပာမွ သိရတယ္ "

အတန္းထဲတြင္ Giselleမွာ Karinaကို မ်က္ေစာင္းထိုးကာ ရန္လုပ္သည္

"မဟုတ္ပါဘူးဟာ ငါ Yuu Chanေၾကာင့္ စိတ္ညစ္ေနတာနဲ႕ ေျပာဖို႔ ေမ့သြားတာ "

"ၾကည့္ရတာ အဲ့ကေလးက နင့္ကို သေဘာက်ေနတဲ့ပုံဘဲ Karina. ...Yuu Chanနဲ႕ အဆင္မေျပရင္ နင္ သူနဲ႕ တြဲလိုက္ပါလား "

"ဟာ နင္ကလည္း ဘယ္လိုစကားႀကီး ေျပာလိုက္တာလည္း "

"ငါ တကယ္ ေျပာတာဟ နင္နဲ႕ေတြ႕ရင္ သူ႕မွာ စိတ္လႈပ္ရွားေနတာ ၾကည့္ရင္ နင့္ကို သေဘာက်ေနမွန္းသိသာတယ္ "

"ေတာ္ေတာ့ မေန႕က ေပးလိုက္တဲ့ အိမ္စာၿပီးၿပီလား "

Karinaမွာ စကားဆက္မေျပာခ်င္တာနဲ႕ စကားလမ္းေၾကာင္းလႊဲလိုက္သည္

ေက်ာင္းဆင္းေတာ့ Winterမွာ အိမ္မျပန္ေသးဘူး စတိုးဆိုင္ကို ဝင္ၿပီး ေခ်ာကလက္နဲ႕ ခ်ိဳခ်ဥ္ေတြ ဝယ္ေနသည္

Karinaကေတာ့ ေရခ်ိဳးၿပီး ဖုန္းခနသုံးစဥ္ Giselleဆီက message ဝင္လာလို႔ ဖတ္ၾကည့္လိုက္သည္

"ေတာက္...."

Giselle ပို႔တဲ့ စာေတြနဲ႕ ပုံကို ၾကည့္ၿပီး Karina ေတာက္ေခါက္မိသြားသည္

Giselle ပို႔လိုက္တဲ့ ပုံမွာ တစ္ျခားမဟုတ္ Karinaရဲ႕ ခ်စ္သူ Yuu Chanက ေကာင္မေလးတစ္ေယာက္ရဲ႕ ခါးကိုဖက္ထားၿပီး ၿပဳံးရယ္ေနတဲ့ပုံပင္ ျဖစ္သည္

"Karinaေရ မပို႔ခ်င္ေပမယ့္ ပို႔မွ ျဖစ္မယ္ထင္လို႔ ငါ အင္တာနက္သုံးရင္း ငါ့သူငယ္ခ်င္းရဲ႕ အမတစ္ေယာက္ တင္ထားတာေတြ႕လို႔ ၾကည့္ရတာ မေန႕က သူတို႔ Clubတစ္ခုမွာ party လုပ္တယ္ထင္တယ္ Yuu Chanကိုပါ mentionေခၚထားလို႔ ဝင္ၾကည့္တာ ဒီပုံေတြ႕တာဘဲ နင့္လူကို နင္ ေသခ်ာ ေမးသင့္ၿပီ Karinaေရ "

Giselleရဲ႕ စာကိုဖတ္ၿပီး Karina ေဒါသထြက္လို႔ သူ႕ခ်စ္သူဆီ ဖုန္းဆက္လိုက္သည္

သို႔ေသာ္ တစ္ဖက္မွာ ဖုန္းမကိုင္ေပ

"Yuu Chan ခင္ဗ်ား ဘာေစာက္ခ်ိဳးခ်ိဳးေနတာလည္း "

Karinaမွာ တစ္ဖက္က မကိုင္တဲ့ ဖုန္းကို ထပ္တလဲလဲေခၚရင္း စိတ္တိုေနသည္

ညေရာက္ေတာ့ Winterမွာ တက္တက္ႂကြႂကြနဲ႕ Karinaရဲ႕ အိမ္ကို ေရာက္လာသည္

"Winterေလး ေရာက္လာၿပီလား "

"ဟုတ္ ေရာက္လာပါၿပီ Aunty Jessica"

"ဒါနဲ႕ လမ္းႀကဳံလို႔ တစ္ခု အကူအညီေတာင္းအုံးမယ္ "

"ဟုတ္ Aunty ေျပာပါ chaw ဘာကူညီေပးရလည္း "

"သမီးရဲ႕ အမ Jimin တစ္ေယာက္ ဘာျဖစ္ေနတယ္မသိပါဘူး ညစာထြက္မစားလို႔ ဒီညစာေလးေတြ ယူသြားေပးၿပီး သူ႕ကို ေကြၽးေပးပါလား "

"ဟုတ္ Aunty စိတ္ခ်ပါ Chaw သူ႕ကို ေခ်ာ့ေကြၽးလိုက္ပါမယ္ "

Jessicaဆီက ထမင္းဟင္းပန္းကန္ေတြ ပါတဲ့ လင္ဗန္းကို ယူၿပီး Karina အခန္းဘက္သို႔ Winter ထြက္လာသည္

"မမေရ Chaw ေရာက္ေနၿပီ တံခါးဖြင့္ေပးပါအုံး "

အခန္းအျပင္က Winterရဲ႕ အသံေၾကာင့္ Karinaမွာ ဖုန္းကို ပစ္ခ်ၿပီး တံခါးထဖြင့္ေပးလိုက္သည္

Winterမွာ လင္ဗန္းကို စားပြဲေပၚ တင္ၿပီး ေက်ာပိုးအိတ္ကို ပစ္ခ်လိဳက္သည္

"စိတ္ညစ္စရာ ရွိေတာင္ ထမင္းေတာ့ အခ်ိန္မွန္စားရမွာေပါ့ မရယ္....လာပါ auntyက မကို ထမင္းေကြၽးဖို႔ အကူအညီေတာင္းလို႔ မစားခ်င္ေတာင္ ႏွစ္ဇြန္းေလာက္ေတာ့ စားလိုက္ပါ "

Karinaရဲ႕ လက္ကိုဆြဲၿပီး စားပြဲခုံေရွ႕တြင္ ထိုင္ခိုင္းလိုက္သည္

ထို႔ေနာက္ Winterမွာ Karina ကို ထမင္းခြံ႕ေကြၽးေလသည္

Karinaမွာ သူမကို ထမင္းခြံ႕ေကြၽးေနတဲ့ Winter ကို ၾကည့္ရင္း Giselleရဲ႕ စကားေတြ ျပန္ၾကားေယာင္လာသည္

"အဲ့ကေလးက နင့္ကို သေဘာက်ေနတဲ့ပုံဘဲ.....အဲ့ကေလးက နင့္ကို သေဘာက်ေနတဲ့ပုံဘဲ "

Karinaမွာ အာ႐ုံမလႊင့္ေအာင္ ေခါင္းခါလိုက္သည္

"မမ ဘာျဖစ္လို႔လည္း မစားခ်င္ေတာ့လို႔လား "

Winter မွာ စိုးရိမ္တႀကီးေမးေတာ့ Karinaမွာ ဘာေျဖရမွန္းမသိ ျဖစ္သြားသည္

ထိုစဥ္ Karinaရဲ႕ ဖုန္းျမည္သံေၾကာင့္ ႏွစ္ေယာက္လုံး လန့္သြားသည္

Winterမွာ ဖုန္းကို လွမ္းၾကည့္ေတာ့ My Honeyဆိုၿပီး အသည္းပုံနဲ႕ contact ကို ျမင္ၿပီး လက္ထဲက ဇြန္းမွာ ျပဳတ္က်သြားသည္

"မမမွာ ရည္းစားရွိေနတာလား "

Karinaမွာ ဖုန္းအျမန္ကိုင္ၿပီး ေရခ်ိဳးခန္းထဲ ဝင္သြားသည္

Winterကေတာ့ ငူငူငိုင္ငိုင္နဲ႕ ေက်ာက္႐ုပ္လိုသာ က်န္ခဲ့ေလသည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co